အခန်း (၁၄၉)
Vol. 15 Ch. 149
ပညာတတ်လူငယ်နေရာရဲ့ မီးဖိုချောင်ထဲမှာ အာလူး၊ ကြွက်နားရွက်မှိုခြောက်တွေနဲ့ ပြောင်းဖူးမှုန့်အိတ်တွေ တစ်ဒါဇင်လောက်ရှိတယ်။ ဆီ ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့လို ဟင်းချက်အမွှေးအကြိုင်တွေကတော့ ဘာတစ်ခုမှမပါရှိဘူး။
အာလူးတွေကိုအတုံးတွေတုံးပြီး ကြွက်နားရွက်မှိုခြောက်တွေနှင့်ရောချက်တာက ဟင်းပွဲတစ်ခုလို့ ယူဆနိုင်တယ်။
လီမင်ပေက ဟင်းသီးဟင်းရွက်ပန်းကန်တစ်လုံးနှင့် ပန်ကိတ်လေးခုကို ရရှိခဲ့ပြီး နားနေစရာအိမ်သို့ပြန်လာခဲ့ကာ ခန်အစွန်းမှာထိုင်ရင််း အသီးအရွက်တစ်ဇွန်း စားကြည့်လိုက်တယ်။
ဆီက တစ်စက်လောက်တောင်မပါသလို ဆားကလည်းနည်းနည်းလောက်တောင် မရှိဘူး၊ ဒါ့အပြင် ကြွက်နားရွက်မှိုကလည်း သန့်စင်အောင်မဆေးထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ပြင်းထန်တဲ့ မြေရနံ့ကို ရရှိနေရင်တောင် မင်ပေတစ်ယောက် ပြန်လည်မထွေးထုတ်နိုင်ခဲ့ဘူး။
သူ့ရဲ့ပါးစပ်ထဲမှ ကြွက်နားရွက်မှိုတစ်ပိုင်းကို ကိုက်ဝါးရင်း ခါးသီးတဲ့မျက်နှာနှင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပေမဲ့ တခြားပညာတတ်လူငယ်တွေက ထိုအရသာမတည့်တဲ့ အသီးအရွက်ဟင်းကို အေးအေးဆေးဆေးစားနေတာကို တွေ့လိုက်ရတယ်။
လီမင်ပေ သူ့ပါးစပ်ထဲက ကြွက်နားရွက်မှိုကို မျိုချလိုက်ပြီး သူ့ဘေးနားက အတန်းဖော်ကို တံတောင်ဆစ်နဲ့ တို့လိုက်တယ်။
“ကျိုးချင်း၊ ဟင်းက အရသာမရှိဘူးလို့ မထင်ဘူးလား၊ ဆီတွေရေတွေလည်း လုံးဝမရှိဘူး”
ကျိုးချင်းက သူ့ကို ကြည့်ပြီးပြတ်ပြတ်သားသား ပြောလာတယ်။
“ဒါပေမယ့် ငါတို့အိမ်မှာလည်း ဟင်းပွဲအားလုံးကို ဆီမထည့်ဘူးလေ”
လီမင်ပေက ခဏလောက်ကြောင်အမ်းသွားခဲ့ပြီး သူတို့ရဲ့အိမ်မှာဆိုရင် ဟင်းချက်ရန် ဒါမှမဟုတ် ဖက်ထုပ်လုပ်ရန်အတွက် ဆီတွေအများကြီး ထည့်လေ့ရှိတာကို သတိရမိသွားခဲ့တယ်။ ကျန်းကျန်းက တစ်ခါတစ်ရံမှာ ပုစွန်အစပ်နှင့် ငါးနှပ်တွေချက်ဖို့အတွက် ဆီအိုးတစ်ဝက်စာလောက် ထည့်လေ့ရှိတာကို ထည့်မပြောနှင့်ဦး။
လီမင်ပေက အာလူးတစ်ပိုင်းကို ပါးစပ်ထဲကိုထည့်လိုက်ပြီး ကျိုးချင်းကိုမေးလိုက်တယ်။
“မင်းတို့မိသားစုအတွက် ဆီအလုံအလောက်မရှိဘူးလား၊ မင်တို့အိမ်က ပဲပိစပ်ကို စိုက်ပြီး ဆီတွေမညှစ်ထားဘူးလား”
ကျိုးချင်းက ပန်ကိတ်ကြီးကို တစ်ကိုက်ကိုက်လိုက်တယ်။
“လယ်ကွက်တွေက စားသောက်ဖို့ကောက်နှံမျိုးစုံစိုက်ရတာလေ၊ စိုက်ထားတဲ့ ပဲပုပ်တွေက ဘယ်တော့မှ မလောက်ငှဘူး၊ ငါတို့အမေက ဟင်းချက်ရင် ပဲပုပ်စေ့အရွယ်လောက်ရှိတဲ့ ဆီစက်လေးလောက်ပဲ လောင်းထည့်တတ်တယ်”
သူက ပါးစပ်ထဲကို နောက်ထပ်ဟင်းတစ်ဇွန်းထည့်လိုက်ပြီး ခေါင်းကိုလှည့်မေးလာတယ်။
“ဘာလို့လဲ မင်းတို့မိသားစုမှာ ဆီအလုံအလောက်ရှိနေလို့လား”
လီမင်ပေက တုံးအ,ပေမဲ့လည်း သူတို့ ငယ်စဉ်ကတည်းက မဒမ်လီက မိသားစုရဲ့ အရေးကိစ္စတွေကို အပြင်သို့ ထုတ်ပြောခွင့်မရှိကြောင်း၊ မိသားစု နောက်ခံကို ထုတ်ပြောခွင့် မရှိကြောင်း သင်ကြားပေးထားတာကြောင့် ချက်ချင်းပဲခေါင်းရမ်းလိုက်တယ်။
“မလုံလောက်ပါဘူး၊ ဒါပေမယ့် ငါက ဒီမှာ ပိုပြီးကောင်းကောင်းစားရမယ်ထင်ထားတာလေ၊ အိမ်ထက်ပိုကောင်းမလားလို့”
ကျိုးချင်းက သူ့ကို လှောင်ပြောင်တဲ့ အကြည့်နဲ့ကြည့်လာတယ်။
“မင်း အိပ်မက်မက်နေတာလား”
သူက ဘေးပတ်ပတ်လည်ကို လှမ်းကြည့်ကာအသံတိုးတိုးနှင့်ဆက်ပြောခဲ့တယ်။
“မင်းက ငါတို့တွေ ပျော်ပျော်ရွှင်ရွှင်နေလို့ရအောင် ခေါ်လာတယ်လို့ ထင်နေတာလား၊ ငါတို့က ဒီကို အလုပ်လုပ်ဖို့ ခေါ်လာတာကို ခံထားရတာ”
လီမင်ပေက စကားဆက်မပြောတော့ဘူး။ မြန်မြန်စားနေတဲ့လူတစ်ယောက်က စားသောက်လို့ပြီးလုနီးပါးဖြစ်နေတာကိုမြင်တော့ စကားပြောတာကိုရပ်တန့်လိုက်တယ်။ ထို့နောက်မျက်လုံးစုံမှိတ်ပြီး ပန်ကိတ်ကြီးတစ်လုံးနဲ့ အသီးအရွက်ဟင်းအားလုံးကို စားလိုက်ကာ ခန်ပေါ်မှာ ငေးငိုင်နေခဲ့မိတယ်။
လီမုန်ဝေ့က ဒီပညာတတ်လူငယ်တွေကို အနားယူခွင့်မပေးဘူး။ လူတွေအားလုံးထမင်းစားပြီးတာနှင့် သူက ပညာတတ်လူငယ်အားလုံးကို စုဝေးစေလိုက်တယ်။ လူများလွန်းတာကြောင့် အခန်းထဲမှာ သိပ်ပြီး မဆန့်ချင်ဘူး။
ပညာတတ်လူငယ်တွေက ဖိနပ်ကို ချွတ်ကာ ခန်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေကြရပြီး အချင်းချင်း ဘေးချင်းကပ်ပြီး ထပ်ထိုင်နေရတယ်။ လီမုန်ဝေ့က တံခါးဆီသို့ ဆုတ်သွားခဲ့ပြီး ခိုင်မြဲစွာရပ်နေခဲ့တယ်။
“ငါ အခုဒီလူငယ်နေရာအတွက် စည်းကမ်းချက်တွေကို ပြောပြမယ်”
လီမုန်ဝေ့က မှတ်စုစာအုပ်ကိုဖွင့်လိုက်တယ်။
“ဒီနေ့က လူတိုင်းအတွက် ပထမဆုံးစရောက်တဲ့နေ့ဆိုတော့ စက်ရုံက လူတိုင်းအတွက် ယာယီအလုပ်အစီအစဉ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးထားခဲ့တယ်၊
ဒါပေမဲ့ မနက်ဖြန်ကစပြီး ဒီလူငယ်နရာက အလုပ်ရမှတ်စနစ်ကို စတင်ပြီး အကောင်အထည်ဖော်တော့မှာပါ၊ ရရှိမဲ့အလုပ်ရမှတ်တွေက မတူညီတဲ့အလုပ်တွေအတွက် ကွဲပြားနေလိမ့်မယ်၊ ဥပမာ တောင်ပေါ်ကိုသွားပြီး သစ်တွေသယ်မယ်ဆိုရင် တစ်နေ့တာ အတွက်အလုပ်မှတ်က ရှစ်မှတ်ဖြစ်ပြီး စုစုပေါင်း ဆင့် ၂၀ ရရှိလိမ့်မယ်၊
အိမ်မှာချက်ပြုတ်တဲ့အလုပ်အတွက်တော့ သုံးမှတ်ရမှာဖြစ်ပြီး ခုနစ်ဆင့်ခွဲတန်ဖိုးရှိတယ်၊ ကျန်တဲ့ အလုပ်မှတ်တွေရရှိနိုင်ဖို့ အလုပ်ခုနှစ်မျိုးရှိတယ်၊ မင်းတို့ ဘယ်လိုအလုပ်မျိုးကို ရွေးချယ်နိုင်လဲဆိုတာ စဥ်းစားနိုင်တယ်၊
ဒီနေ့က နောက်ကျသွားလို့ စားလို့ရပေမယ့် မနက်ဖြန်ကစပြီး မင်းတို့ရတဲ့ပိုက်ဆံနဲ့ ငါ့ဆီကဝယ်ရလိမ့်မယ်၊ မင်းတို့ အလုပ်နည်းနည်းလောက်ပဲ လုပ်မယ်ဆိုရင်လည်းရတယ်၊ အိမ်ထဲမှာပဲနေမယ် အလုပ်မလုပ်ဘူးဆိုရင်လည်းရတယ်၊
ဒါပေမယ့် မင်းတို့ဗိုက်ဆာနေတဲ့အချိန် အစာမကျွေးဘူးဆိုပြီး ငါ့ကိုတော့ အပြစ်မတင်ပါနဲ့”
အခန်းထဲတွင် တိတ်ဆိတ်နေခဲ့ပြီး ပညာတတ်လူငယ်တွေကခေါင်းငုံ့ကာ တိတ်တဆိတ်နှင့် ကိုယ်ပိုင်တွက်ချက်မှုတွေ ပြုလုပ်နေခဲ့ကြတယ်။
လီမုန်ဝေ့က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲမှ စာအုပ်ထဲက စာမျက်နှာတစ်ခုကို လှန်လိုက်တယ်။
“ပြီးခဲ့တဲ့လက ငါတို့ ပညာတတ်လူငယ်တချို့က အိမ်ဆောက်ဖို့ ချိန်းထားတဲ့ လူငယ်ဆိုဒ်ကို ရောက်လာကြတယ်၊ စက်ရုံထဲမှာ ဆွေးနွေးတိုင်ပင်ပြီးသွားတဲ့နောက် မင်းတို့ရဲ့အလုပ်အတွက် တစ်နေ့ကို အလုပ်ရှစ်မှတ်အဖြစ် တန်းတူ သတ်မှတ်ပေးထားတယ်
ခဏကြာရင် လူတိုင်း ငါ့ဆီကိုလာပြီး ပိုက်ဆံလာထုတ်နိုင်တယ်၊ ဒီနေ့ ချက်ပြုတ်တဲ့လူတွေအတွက်လည်း အလုပ်မှတ်ရဲ့တစ်ဝက်အဖြစ်မှတ်တမ်းတင်ထားတယ်၊ မနက်ဖန်ကစပြီး အလုပ်မှတ်တွေနဲ့ စတင်တွက်ချက်တော့မှာဆိုတော့ မင်းတို့တွေ ဘယ်အလုပ်ကိုလုပ်နိုင်မလဲဆိုတာ စပြီးရွေးချယ်နိုင်တယ်”
ပညာတတ်လူငယ်တွေ မရှိတော့တဲ့နောက်မှာ လီမင်ပေက လီမုန့်ဝေ့ဆီမှ ရရှိထားတဲ့ ခြောက်ယွမ်နှင့် နှစ်ဆင့်ကို လက်ခံရရှိပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တယ်။
သူ့အနေနဲ့ မိုးမလင်းခင် သွားရပြီး ညမမှောင်ခင်လောက်မှ အိမ်ကို ပြန်ခဲ့ရတယ်။ သူတို့တွေ မြောက်ဘက်မှလေပြင်းတွေ တိုက်ခတ်နေချိန်မှာ တစ်နေ့လုံး အုတ်ခဲတွေကို ထမ်းနေခဲ့ရတယ်။
သို့ပေမယ့် သူ့အဖေ ကောက်နှံစတိုးဆိုင်မှာ အလွန်လေးလံတဲ့ ကောက်နှံအိတ်တွေကိုသယ်ရတာက သူ့အလုပ်က ပိုပြီး ပင်ပန်းမမှာပဲ။
ဒါပေမယ့် သူက တစ်လမှာ ခြောက်ယွမ်သာ ရရှိချိန်မှာ သူ့အဖေကတော့ ယွမ် ၄၀ ကျော်တောင် ဘယ်လိုရှာနိုင်ခဲ့တာလဲ။
လီမင်ပေက အနည်းငယ် ငေးမောနေချိန်မှာ ဆန့်ကျင်ဘက် ခန်မှာ အိပ်စက်တဲ့ ဝမ်ကျစ်ဟိုင်က မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ တစ်စုံတစ်ခုကို မှတ်တမ်းတင်ရန်အတွက် လွယ်အိတ်ထဲမှ အလွန်လှပတဲ့ ဘောပင်တစ်ချောင်းကို ထုတ်ယူလိုက်တယ်။
လီမင်ပေ နီရဲနေတဲ့မျက်လုံးတွေနှင့် သူရဲကောင်း အမှတ်တံဆိပ်ဘောပင်ကို ကြည့်နေမိတယ်။ လီမင်တုန်က သူ့ရဲ့အလုပ်မှ ပထမလစာအဖြစ် 52 ယွမ် ရရှိခဲ့ပြီး တစ်မိသားစုလုံးအတွက် လက်ဆောင်ပစ္စည်းတွေဝယ်ပေးခဲ့မယ်။ လီမင်ရှီ၊ လီမင်နန်နှင့် လီမင်ပေတို့ရတဲ့လက်ဆောင်က တူညီကြပြီး တန်ဖိုးကလည်း အတူတူပဲ။
ရှစ်ဒေါ်လာတန် သူရဲကောင်းအမှတ်တံဆိပ်ဘောပင်လေးတွေ။
လီမင်ရှီရဲ့ ဘောပင်က စစ်တပ်ထဲသို့ သူနှင့်အတူ ယူဆောင်သွားခဲ့တယ်။ လီမင်နန်က ထိုဘောပင်ကို အသုံးပြုနေဆဲပဲ။
လီမင်ပေတစ်ယောက်တည်းကသာ သူ့ရဲ့ မျက်လုံးတွေနှင့် တခြားလူတစ်ယောက်က ဒိုင်ယာရီရေးနေတာကို ကြည့်နေခဲ့ရတယ်..
ပိုက်ဆံရှာဖို့အတွက် အုတ်ခဲတွေသယ်ပြီး တစ်လလုံးပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပေမဲ့ ထိုဘောပင်မဝယ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူက ထိုဘောပင်ကို ထိုင်ခုံနေရာအတွက် လဲလှယ်ခဲ့တယ်။
လီမင်ပေ သူရလာတဲ့ ပိုက်ဆံတွေကို သူ့ရဲ့အိတ်ကပ်ထဲ ထည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်တွေးတောလာခဲ့တယ်။
ထိုခြောက်ယွမ်ကြောင့် လီမင်ပေကတစ်ယောက် အတွေးတွေနက်နေခဲ့ရပြီး အိပ်မပျော်ဘဲ ညတစ်ဝက်လောက် အိပ်ယာထဲမှာ အချိန်အတော်ကြာ လူးလဲနေခဲ့မိတယ်။
နောက်နေ့မနက်မှာတော့ လီမုန်ဝေ့က လူတိုင်းကို နှိုးဖို့အတွက် အိမ်တိုင်းကိုတံခါးခေါက်လာခဲ့တယ်။
မနက်စာအတွက် လူတစ်ဦးကို ယာဂုပန်းကန်လုံးတစ်လုံးနှင့် ပန်ကိတ်ကြီးနှစ်ခုကို ရရှိခဲ့ပြီး သူတို့စားထားသမျှကို လကုန် အလုပ်ရမှတ်တွေကနေ တိုက်ရိုက်နုတ်ယူလိမ့်မယ်။
လီမင်ပေက မနက်စာစားပြီးနောက် ဗလာဖြစ်စွာနှင့် ငေးမောနေခဲ့မိပြီး သူ့ရဲ့အာရုံတွေ ပြန်ရောက်လာချိန်မှာ လီမုန်ဝေ့က ပညာတတ်လူငယ်တွေကို တောင်ပေါ်သို့တက်ရန် တိုက်တွန်းနေပြီ။
ပညာတတ်လူငယ်တွေက လာမဲ့နှစ် နွေဦးရာသီမှာ မြေယာတွေဖွင့်ပြီး လယ်မြေတွေကို ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးကြမှာဖြစ်တဲ့အတွက်ကြောင့် ပညာတတ်လူငယ်တွေအတွက်နေရာ ဆောက်တဲ့အချိန်မှာ ပြန့်ပြူးတဲ့ မြေနေရာကို ရွေးချယ်ပြီးဆောက်ခဲ့ရတယ်။ ထိုပြန့်ပြူးတဲ့မြေနေရာက ထင်းရှူးတောနှင့် အနည်းငယ်ဝေးနေခဲ့တာကြောင့် တောင်ပေါ်ကိုသွားဖို့အတွက်ကလည်း ဝေးဝေးသွားရလိမ့်မယ်။
လီမုန်ဝေ့က လူတိုင်းအတွက် ပုဆိန်တစ်ချောင်း အသီးသီးထုတ်ပေးပြီး တောင်ပေါ်တက်လမ်းကို ဦးဆောင်ခဲ့တယ်။ အချိန်က ဆယ့်နှစ်လမြောက်လကို နီးကပ်လာတာနှင့်အမျှ အအေးဆုံးအချိန်လည်းဖြစ်နေခဲ့တယ်။
ထင်းရှူးတောကို သွားတဲ့လမ်းက နှင်းတွေထူထပ်ပြီး ပေါင်အရင်းအနားအထိတောင် နှင့်တွေနှင့် နစ်မြုပ်နေခဲ့တယ်။ ပညာတတ်လူငယ်တွေက တောင်ပေါ်သို့မရောက်ခင် ဆယ်မိုင်အကွာအဝေးအတွက် နှစ်နာရီခန့် လမ်းလျှောက်ခဲ့ကြရတယ်။
အပေါ်ကိုရောက်တော့ လီမုန်ဝေ့က လူတိုင်းကို သူ့နံဘေးကို ခေါ်လိုက်ပြီး အသံကျယ်ကျယ်နဲ့ အော်ပြောခဲ့တယ်။
“အချင်း ဆယ့်ငါးစင်တီမီတာလောက်ရှိတဲ့ သစ်ပင်လေးကို ရဖို့ လိုတယ်၊ မင်းတို့တွေအဲဒီအပင်တွေကို ခုတ်လှဲပြီး လူငယ် နေရာဆီကို ပြန်သယ်သွားရမယ် ခုတ်နိုင်တဲ့အရေအတွက်ကို အလုပ်မှတ်အဖြစ် မှတ်ယူလိမ့်မယ်”
ထိုစကားလုံးတွေကို ကြားလိုက်ရပြီးနောက် လူတိုင်းက ခါးသီးတဲ့မျက်နှာထားတွေ ဖြစ်သွားကြရတယ်။ တစ်ဖက်ကို သစ်လုံးတွေထမ်းပြီး လျှောက်ဖို့နေနေသာသာ အလွတ်ပြန်သွားမယ်ဆိုရင်တောင် နှစ်နာရီနီးပါးကြာအောင်လျှောက်ရလိမ့်မယ်။
သူတို့ ဘယ်လိုပဲ တွေးနေပါစေ။ ဒီအလုပ်က မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။