← Chapters

အခန်း (၁၅၀)

Vol. 15 Ch. 150

အခန်း (၁၅၀)

Vol. 15 Ch. 150

လီမင်ပေတစ်ယောက် တောင်ပေါ်မှာ သစ်ပင်များကို ခုတ်လှဲနေတုန်းမှာ အိမ်မှာရှိနေတဲ့ ဝမ်စုဖန်းကတော့ အနည်းငယ် စိတ်ပူပန်နေခဲ့တယ်။

သူမက မီးဖိုချောင်ကို မကြာခဏ လှည့်ပတ်ကြည့်ရင်းနှင့် အဆုံးမှာတော့ မနေနိုင်တော့ဘဲ မဒမ်လီကိုမေးမြန်းလိုက်တယ်။

“အမေ၊ ကျွန်မတို့ မင်ပေဆီကို ဟင်းတွေတော့မပို့ပေးဘူးလေ၊ ဒါပေမယ့် အရွက်ချဥ်တွေလိုမျိုး တစ်ခုခုပေးလို့ရမလား၊ ဒါဆို သူ အစာစားရင် နည်းနည်းလောက်တော့ အရသာရှိရှိစားနိုင်တာပေါ့”

မဒမ်လီက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်တယ်။

“အရွက်ချဉ်တွေကတော့ ပေးလို့ ရပါတယ်၊ ဒါပေမယ့် သဘောတူထားရအောင်၊ သူ ဘန်းမုန့်ပေါင်းနဲ့ ဘီစကစ်တွေ လိုချင်တယ်လို့ပြောလာရင် ယူသွားခွင့် မပေးရဘူး၊

ဒီပညာတတ်လူငယ်တွေက လုပ်အားခနဲ့ တစ်ခုခုစားသောက်လို့ ရနေတာ မဟုတ်ဘူးလား၊ သူ့ရဲ့ကိုယ်ပိုင်ငွေနှင့် ဝယ်ယူစားသောက်ပါစေ၊ တကယ်လို့ သူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံနှင့် သုံးစွဲရတာ မဟုတ်ရင် ငွေရှာရတာ ဘယ်လောက်ထိခက်ခဲမှန်းကို သိလာမှာမဟုတ်ဘူး၊ ဒီလိုအသစ်စက်စက် ဘောပင်ကို ခုံနေရာတစ်ခုအတွက် ပေးလွှတ်လိုက်တယ်....”

မဒမ်လီက ထိုဘောပင်ကို တွေးလိုက်မိတိုင်း သူမရဲ့နှလုံးသားက နာကျင်လာပြီး ဆေးတံကို ခန်ပေါ်မှာ ခေါက်ချလိုက်တယ်။ ဘန်းခနဲမြည်သံက သူမ ဘယ်လောက်ထိ စိတ်မသက်မသာ ခံစားရလဲဆိုတာကို သိရှိနိုင်တယ်။

ဝမ်စုဖန်းလည်း ဘောပင်ဆိုတဲ့အသံကိုကြားတော့ သူမ လီမင်ပေအတွက် ဝက်ဆီဖတ်ကြော်ပေးချင်နေတဲ့ အတွေးကို ချက်ချင်းထုတ်လိုက်မိတယ်။

“သူက တကယ်ကို ဆိုးလွန်းတယ်၊ သူရဲ့ပိုက်ဆံနှင့်ပဲ ကိုယ်တိုင် ဝယ်ခိုင်းထားလိုက်တော့မယ်၊ အိမ်ပြန်ရောက်ရင်တောင် သူ့အတွက် ချက်ပေးတော့မှာ မဟုတ်ဘူး၊ ဂျုံယာဂုပဲ စားပါစေ”

မဒမ်လီက ရယ်မောလိုက်ပြီး ဆေးတံကို ခန်ပေါ်သို့ပစ်ချလိုက်တယ်။ အခန်းက တိတ်ဆိတ်နေတာကြောင့် မြေးမလေးကို သတိရသွားပြန်တယ်။

“ကျန်းကျန်း ဘယ်အချိန်ကတည်းက ထွက်သွားခဲ့တာလဲ”

ဝမ်စုဖန်း အတတ်နိုင်ဆုံး ကြိုးစားပြီး စဥ်းစားလိုက်တယ်။

“မနက်စာစားပြီးတာနဲ့ မင်နန်ရဲ့ မင်္ဂလာဝတ်စုံအတွက် သွားယူမယ်ဆိုပြီး ထွက်သွားတာပဲ”

“အိုး ငါ့မိသားစုက မိန်းကလေးကကတော့ တကယ်ကို စိုးရိမ်စရာတွေများလွန်းတာပဲ”

မဒမ်လီက ခေါင်းခါလိုက်တယ်။

“သူမက အရာအားလုံးကို ပါဝင်ချင်နေတာ”

ထိုအချိန်မှာ ကျန်းကျန်းတစ်ယောက်ကတော့ တော်ဝင်မြို့တော်ရှိ ရန်မင် ရှော့ပင်းမောလ်မှာရောက်နေခဲ့တယ်။

ဒီခေတ်ကာလမှာ လူတိုင်းက တစ်နှစ်ပတ်လုံး အလွန်အလုပ်များကြပေမဲ့လည်း နှစ်သစ်ကူးအချိန်အခါမှာတော့ အနည်းငယ်လောက် အနားယူ အပန်းဖြေကြပြီး ဆိုင်တွေမှာ ရောင်းချတဲ့ ပစ္စည်းအမျိုးအစားကလည်း ပိုလို့ ပေါများလာတယ်။

ခက်ခဲတဲ့နှစ်တစ်နှစ်ပြီးသွားချိန်မှာ အိမ်ထောင်စုတိုင်းမှာ အပိုငွေတချို့ရှိလာကြတယ်။ ဒါကြောင့် ရှော့ပင်းမောထဲမှာ စျေးဝယ်ရန် လာရောက်တဲ့လူတွေ အများအပြားရှိနေခဲ့တယ်။

ကျန်းကျန်းတစ်ယောက် သူမရဲ့အိတ်ကပ်ထဲမှ ပိုက်ဆံတွေနှင့် ရှုပ်ပွနေတဲ့ လက်မှတ်တွေကို စမ်းကိုင်ကြည့်လိုက်ပြီး စင်ပေါ်မှ ပစ္စည်းတွေကို ပတ်ကြည့်နေခဲ့တယ်။

မကြာသေးခင်နှစ်တွေအတွင်းမှာ တောင်ကြားထဲမှာရှိနေတဲ့ လူတွေက ရံဖန်ရံခါမှာ ကျန်းကျန်းကို အသားတွေ ဒါမှမဟုတ် အစားအစာတွေဝယ်ပေးရန်တောင်းဆိုခဲ့ကြပြီး သူတို့အားလုံးက ခေတ်ကာလပေါက်စျေးအရ ပိုက်ဆံနှင့် လက်မှတ်တွေကိုပေးတတ်ကြတယ်။

ဒါကြောင့် ဒီနှစ်တွေထဲမှာ ကျန်းကျန်းတစ်ယောက် အတော်များများစုဆောင်းနိုင်ခဲ့တယ်။

အဝတ်အထည်ရောင်းတဲ့ နေရာကိုရောက်တော့ ကျန်းကျန်း ရပ်တန့်လိုက်တယ်။ သူမအနေနဲ့ မုန်ရှောင်ရှီရဲ့ မင်္ဂလာဝတ်စုံအတွက် ပစ္စည်းတွေဝယ်ဖို့ဆိုပြီး အင်ပါယာမြို့တော်ကို ရောက်လာတာဆိုပေမဲ့ တကယ်တမ်းမှာ သူမရဲ့ နေရာလွတ်ထဲမှာ သိုးမွှေးထည်တွေ အမျိုးမျိုးရှိနေပြီးသားပဲ။

ဒါကြောင့် သူမက နွေရာသီအဝတ်အစားတွေနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်ဖို့ အဝတ်အထည်တွေကိုသာ ကြည့်နေခဲ့တယ်။

ဒီခေတ်ကာလမှာ ရွေးချယ်စရာအဝတ်အထည်တွေကတော့ အများကြီးမရှိဘူး။ နောက်နှစ်အနည်းငယ်ကွာပြီး နိုင်ငံက သင်ကြားရေးတွေတည်ငြိမ်ကောင်းမွန်လာချိန်မှသာ ထင်ရှားပေါ်လွင်တဲ့အရောင်တွေ ရှိလာနိုင်လိမ့်မယ်။ လက်ရှိအချိန်မှာတော့ အဝတ်အထည်စတွေက အဓိကအားဖြင့် အပြာရောင်၊ အရောင်ကြားနှင့် မီးခိုးရောင်တို့သာ ရှိသေးတယ်။

သူမက ကောင်တာကို လှမ်းခေါ်ပြီး အရောင်းဝန်ထမ်းကိုပြောလိုက်တယ်။

“အောက်ခံမှာ အနီနက်ရောင် ပန်းပွင့်ပါတဲ့ အထည်စကို ပြပေးနိုင်မလား”

“အနီနက်ရောင်ပန်းလား?”

အရောင်းဝန်ထမ်းက အချိန်အတော်ကြာအောင် ငုံ့ကြည့်ရင်း အထည်စတစ်ပိုင်းကို ဆွဲထုတ်ကာ ကောင်တာပေါ်ကို တင်လိုက်တယ်။

“ဒါလား?”

ကျန်းကျန်း အထည်ကို လှုပ်ခါကြည့်လိုက်တယ်။ အပြင်ကိုထုတ်လိုက်ချိန်မှာ ဒါက အပြာရောင်ပန်းပွင့်တွေဖြစ်နေတာကိုတွေ့လိုက်ရပြီး အရောင်က အနည်းငယ်လောက် မှောင်နေပေမယ့် အပေါ်မှာရှိနေတဲ့ ရိုးရိုးအစတွေထက် အများကြီး ပိုမိုကြည့်ကောင်းနေခဲ့တယ်။

ကျန်းကျန်း အထည်စကို ပြန်ချလိုက်ပြီး လေးနက်စွာပြောလိုက်တယ်။

“ ကျေးဇူးပြုပြီး ကျွန်မအတွက် ဒါကို သုံးပေဖြတ်ပေးပါ၊ ပြီးရင် မျက်နှာသုတ်ပုဝါအနီ၊ အိပ်ယာခင်းအနီနဲ့ ခေါင်းအုံးစွပ်အနီ နှစ်ခုကိုလည်း ယူလာပေးပါဦး”

အရောင်းဝန်ထမ်းက သူမကို လှမ်းကြည့်ကာ မေးလာခဲ့တယ်။

“မင်း ပိုက်ဆံနဲ့ အဝတ်အထည်လက်မှတ်တွေ ယူလာခဲ့လား၊ မင်း အခုလို အဝတ်အထည်ဝယ်ဖို့ ထွက်လာတာကို မင်းရဲ့မိသားစုက သိရဲ့လား”

“သိတယ်!”

ကျန်းကျန်းက ချိုသာစွာ ပြုံးပြလိုက်တယ်။

“ ကျွန်မအမေက အိမ်မှာ ကျွန်မအစ်ကိုအတွက် စောင်လုပ်ပေးနေလို့ အပြင်မထွက်နိုင်ဘူး “

အရောင်းဝန်ထမ်းက ကျန်းကျန်းပေးလာတဲ့ လက်မှတ်နှင့် ပိုက်ဆံကို ယူပြီး မရေရွက်ဘဲ မနေနိုင်တော့ဘူး။

“ကလေးတစ်ယောက်ကို ဒီလောက်ထိကြီးမားတဲ့ကိစ္စကို လုပ်ခွင့်ပေးတာ မိဘတွေက တကယ်ကို သဘောထားကြီးလွန်းတာပဲ”

ထိိ့နောက် သူက ကျန်းကျန်းကို ခပ်မေးပြန်တယ်။

“အခုနောက်ပိုင်းမှာ လက်ထပ်ဖို့ စစ်အရောင်အထည်တွေက ရေပန်းစားနေပြီ၊ ဒီလိုအနီရောင်အထည်တွေက မရောင်းရသေးတာ သုံးနှစ်တောင်ရှိပြီ၊ မင်းဒါကို ဝယ်ချင်တာ သေချာလား”

ကျန်းကျန်း တခြားအရောင်တွေကို လှမ်းကြည့်လိုက်ပြီး ခိုင်မာစွာနှင့် ခေါင်းညိတ်လိုက်တယ်။

ငွေပေးချေပြီးတဲ့နောက်မှာ ကျန်းကျန်းတစ်ယောက် စက္ကူအိတ်ကြီးတစ်လုံးကိုသယ်ကာ ဆိုင်ထဲမှထွက်သွားခဲ့ လမ်းသွယ်လေးတစ်ခုသို့ ဝင်သွားပြီးနောက် ဘေးတစ်ဖက်တစ်ချက်စီမှာ ဘယ်သူတစ်ယောက်မှမရှိတာကိုတွေ့တော့ ပစ္စည်းတွေကို နေရာလွတ်ဆီသို့ သယ်သွားလိုက်တယ်။

ထို့နောက် အစောပိုင်းလောက်က သူမရွေးချယ်ထားတဲ့ သိုးမွှေးအထည်တွေကို အိတ်ထဲမှာ ပေါင်းထည့်လိုက်ပြန်တယ်။

အချိန်က မနက်အစောကြီးပဲ ရှိသေးတာကိုမြင်တော့ သူမ အိမ်ကိုပြန်သွားဖို့ အလျင်လိုမနေခဲ့ဘဲ လူသူကင်းမဲ့တဲ့တောင်ခြေမှာ ပေါ်လာခဲ့တယ်။

ရှည်လျားပြီး လျှို့ဝှက်ထားတဲ့လမ်းကို ဖြတ်ကျော်ပြီးတဲ့နောက် ကျန်းကျန်းတစ်ယောက် လူတိုင်း ပုန်းအောင်းနေတဲ့ နေရာကို ရောက်လာခဲ့တယ်။

ဒီအချိန်က နေဆာလှုံဖို့အတွက် အကောင်းဆုံးအချိန်ပဲ။ အပူချိန်က နည်းနည်းလောက်နိမ့်နေသေးပေမယ့် လူတိုင်းက စံအိမ်ကြီးထဲကနေ အပြင်ကို ထွက်နေခဲ့ကြတယ်။

တချို့က နေဆာလှုံနေကြပြီး တစ်ချို့က လေ့ကျင့်ခန်းလုပ်နေကြတယ်။

ပီကင်းအော်ပရာမာစတာ ရှဲ့ရှူးရန်နှင့် သူ့ရဲ့ ရှစ်ကျဲ ယန်ပေါင်ကျူးတို့ကတော့ စံအိမ်ကြီးဘေးမှာ ရပ်ကာ “ပန်းဥယျာဥ်ထဲမှ အိပ်မက်” သီချင်းကို သီဆိုနေခဲ့ကြတယ်။

ကျန်းကျန်း ရောက်လာတာကိုမြင်တော့ လူတိုင်းက သူမရဲ့အနီးမှာ ဝိုင်းအုံလာကြပြီး ရယ်မောရင်း နှုတ်ဆက်လာကြတယ်။

“မင်း ရောက်လာပြီလား၊ မင်းကို မတွေ့ရတာ လက်ဝက်ကျော်လောက်တောင် ကြာပြီ”

ကျန်းကျန်းက သူမရဲ့မျက်နှာကို ပွတ်သပ်ပြီး အပြုံးလေးနှင့်ပြောလိုက်တယ်။

“ကျွန်မရဲ့ တတိယအစ်ကို နောက်နှစ် မှာ လက်ထပ်ပွဲလုပ်တော့မှာလေ၊ မိသားစုက သူ့ကိစ္စအတွက် အလုပ်ရှုပ်နေကြတော့ ကျွန်မလည်း တစ်ခါတလေ လိုက်ပါပြီး ကူပေးနေတာ”

အခုလိုမျိုး ထိုင်းမှိုင်းလောက်စိတ်ညစ်စရာ အချိန်မျိုးမှာ လက်ထပ်ပွဲလိုမျိုး ပျော်ရွှင်စရာကောင်းတဲ့ ပွဲအခန်းအနားအကြောင်းကို ကြားလိုက်ရတော့ လူတိုင်းရဲ့ မျက်လုံးတွေက တောက်ပလာခဲ့တယ်။

“ဒါက ကြီးကျယ်ခမ်းနားတဲ့ ပွဲအခမ်းအနားကြီးပဲ၊ လက်ဆောင်တစ်ခုလောက်တော့ ရှိသင့်တယ်၊ ဒါပေမယ့် အခုချိန်မှာတော့ ငါတို့ဆီမှာ တန်ဖိုးကြီးတဲ့ လက်ဆောင်တော့ တစ်ခုမှ မရှိတော့ဘူး”

ကျန်းကျန်း ပြုံးပြီးပြောခဲ့တယ်။

“အနှစ်တစ်ရာ ပေါင်းသင်းဆက်ဆံရေးက အကောင်းဆုံးလက်ဆောင်ပဲလို့ ပြောကြတယ်မဟုတ်ဘူးလား၊ တကယ်လို့ လောင်ရှစ်တို့သာ တစ်ခုခုပေးရင် ကျွန်မ လူပြိန်းတစ်ယောက်လိုခံစားရလိမ့်မယ်”

လက်ရေးလှနှင့် ပန်းချီဆရာကြီးဖြစ်တဲ့ စုဝေ့ရန်က စနောက်ခြင်းတစ်ဝက် အတည်တစ်ဝက်နှင့် ပြောလာတယ်။

“အရင်ကတော့ ငါ မင်းကို ပန်းချီကားတစ်ချပ်ကို လက်ဆောင်အနေနဲ့ပေးချင်နေတာ၊ ဒါပေမယ့် မင်းက တစ်ခုခု ပေးမယ်ဆိုရင် အဲလိုမျိုးဖြစ်သွားလိမ့်မယ်လို့ ပြောလာမှတော့ ငါ့ရဲ့လက်ဆောင်ကို ပြန်ဝှက်ထားပြီး မပေးတော့ဖို့ လုပ်ရတော့မှာပဲ”

ကျန်းကျန်းတစ်ယောက် ထိုစကားတွေကို ကြားလိုက်ရတော့ အတော်လေး စိတ်ပူပန်သွားရတယ်။ စုဝေ့ရန်ဆိုတာက နိုင်ငံတော် ရတနာအဆင့် ပန်းချီဆရာတစ်ဦးပဲလေ။

နောက်ပိုင်းမျိုးဆက်တွေမှာ သူ့ရဲ့ပန်းချီလက်ရာတွေကို လေလံပွဲတွေမှာ သန်းရာနဲ့ချီတဲ့ စျေးတွေနှင့် ရောင်းချနိုင်လိမ့်မယ်။ ဒီလိုလက်ဆောင်မျိုးက သေချာပေါက် လက်ခံရမယ်။

သူမ ချက်ချင်းထရပ်လိုက်ပြီး လက်ဖဝါးနှစ်ဘက်နဲ့ တောင်းရမ်းတဲ့ အမူအရာလုပ်ကာ ကပြာကယာပြောလိုက်တယ်။

“လူပြိန်းဖြစ်ရတာက အရမ်းကောင်းတယ်! ကျွန်မတို့တွေ တစ်ခါတလေမှာ လူပြိန်းတစ်ယောက်လိုနေတာက ပိုပြီးကောင်းမွန်လိမ့်မယ်၊ စုလောင်ရှစ်.. လောင်ရှစ် ကျွန်မကို ပေးမဲ့ ပန်းချီကားကို ကြည့်ခွင့်ပေးပါ”

စုန်ဝေ့ရန်တစ်ယောက် ကျန်းကျန်းရဲ့ ချော့မော့လိုတဲ့ အသွင်အပြင်ကြောင့် သဘောကျသွားခဲ့ပြီး ကျန်းကျန်းနှင့်အတူ အိမ်ထဲသို့ ဝင်ငွားရင်း ပြောလာတယ်။

“မကြာခင်တုန်းက ငါ ‘တောင်တန်းတစ်နေရာမှ ခမ်းနားထည်ဝါသော စံအိမ်’ဆိုတဲ့နာမည်နှင့် ပန်းချီကားတစ်ချပ်ကို ရေးဆွဲထားခဲ့တယ်လေ၊ အဲဒီပန်းချီကားက ဒီနေရာကို ရေးဆွဲထားခဲ့တာ၊ ငါ မင်းကိုပေးဖို့ တွေးထားခဲ့တယ်”

ကျန်းကျန်းက ခေါင်းကို အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး နောက်ကလိုက်သွားခဲ့တယ်။

“ဒါဆို အဲဒီအိမ်ထဲမှာ ကျွန်မ ရှိ၊မရှိကြည့်ရမယ်!”

ဒုတိယထပ်မှာရှိတဲ့ စာကြည့်ခန်းကို လူများစွာက အမြဲတမ်းမျှဝေသုံးစွဲလေ့ရှိပေမဲ့လည်း စုဝေ့ရန်က ဒီနေရာမှာ အချိန်အကြာဆုံးနေတတ်သူဖြစ်တာကြောင့် သူ့ရဲ့စာအုပ်နှင့် စာရွက်တွေ အများဆုံးရှိနေခဲ့တယ်။

စုဝေ့ရန်က သူ တစ်ဝက်လောက်ဖတ်ပြီးသား စာအုပ်ကို စာအုပ်စင်ပေါ်မှာတင်လိုက်ပြီး တစ်ခုခုကို သတိရကာ မေးမြန်းလာခဲ့တယ်။

“ဒါနဲ့ ဝမ်မင်တစ်ယောက် နိုဘယ်လ်ဆုရသွားတဲ့အကြောင်း သတင်းစာထဲမှာ ပါလာပြီလား”

ကျန်းကျန်း ခေါင်းခါရမ်းလိုက်ပြီး ဖနေခဲ့တယ်။

“ကျွန်မ ဒီတလော သတင်းတွေကို မကြာခဏ ရှာကြည့်ပေမဲ့ သတင်းစာကြီးတွေမှာ ဖော်ပြခဲ့တာကို မတွေ့မိသေးဘူး”

စုဝေ့ရန်က ကုလားထိုင်မှာ အတွေးနက်စွာ ထိုင်ချလိုက်တယ်။

“ဒီကိစ္စကို ကြေညာမလား၊ မကြေညာဘူးလားဆိုတဲ့ ရလဒ်ကို ဆွေးနွေးလို့မပြီးသေးဘူးထင်တယ်”

ဒ

ီနေ့ခေတ်ကာလမှာ စာပေတတ်မြောက်သူတွေရဲ့ လူမှုအဆင့်အတန်းက အလွန် မှုန်မှိုင်းနေခဲ့တယ်။ ဝမ်မင်ရဲ့ ဆုပေးပွဲသတင်းကိုသာ လူသိရှင်ကြား ထုတ်ပြန်လိုက်မယ်ဆိုရင် တပ်ဖွဲ့ဝင်အချို့ရဲ့ အစီအစဉ်ကို ဆန့်ကျင်သလို ဖြစ်သွားလိမ့်မယ်။

သို့ပေမယ့် ဝမ်မင်ကို ထောက်ခံအားပေးတဲ့ ခေါင်းဆောင်ပိုင်းတွေလည်း အများကြီးရှိတယ်။ အဆုံးမှာ တော်ဝင်မြို့တော်မှာရှိတဲ့ ဝမ်မင်ရဲ့ နေအိမ်က ခေါင်းဆောင်တစ်ဦး စီစဉ်ပေးထားတာဖြစ်လေတယ်။

စုဝေ့ရန်က ကျန်းကျန်းအတွက် ရေတစ်ခွက်လောင်းထည်းပေးနေပေမယ့် သူ့မျက်နှာပေါ်က စိတ်ပျက်တဲ့အမူအရာတွေကတော့ ရှိနေတုန်းပဲ။

“ဒီဆုက တရုတ်နိုင်ငံအတွက် အရမ်းအရေးပါတယ်၊ တချို့လူတွေက ဒါကို ဖုံးကွယ်ဖို့ အစွမ်းကုန်ကြိုးစားရင်တောင်မှ ဖုံးကွယ်ထားလို့ မရဘဲ လူတိုင်းသိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”

“ လောင်ရှစ် ပြောတာမှန်ပါတယ်”

ကျန်းကျန်းက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီ ရေတစ်ငုံသောက်လိုက်တယ်။ ထို့နောက် သူမရဲ့ဘေးနားက ပန်းချီ စာလိပ်တွေကို မျှော်လင့်တကြီးနှင့် လှမ်းကြည့်လိုက်တယ်။

“လောင်ရှစ်၊ ကျွန်မကိုပေးမှာက ဘယ်ပန်းချီကားလဲ”

စုဝေ့ရန်တစ်ယောက် သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေကိုမြင်တော့ ပြုံးလိုက်တယ်

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ငါ မင်းကို ပန်းချီကားတွေ မနည်းပေးဖူးပါတယ်၊ ဒါကို ငါ့ပန်းချီကားတွေကို မြင်တဲ့အချိန်တိုင်း ဘာလို့ လောဘကြီးတဲ့ကြောင်တစ်ကောင်လို ဖြစ်နေရတာလဲ”

All Chapters