← Chapters

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

Vol. 16 Ch. 152

ကျန်းကျန်း တောင်ထဲမှ ထွက်လာပြီးတဲ့နောက် နေရာလွတ်ထဲကို ပြန်ဝင်လိုက်ခဲ့ကာ မတိုင်ခင်က ပြင်ဆင်ထားတဲ့ သိုးမွှေးထည်တွေနှင့် ဒီနေ့ သူမဝယ်ခဲ့တဲ့ ပစ္စည်းအသစ်တွေကို အဝတ်အိတ်နှင့် ထုပ်ပိုးလိုက်တယ်။

ထို့နောက် သူမရဲ့ အိမ်နားမှ လူမရှိတဲ့နေရာကိုအသိစိတ်နှင့် ရှာဖွေကာ ပြန်ထွက်လာခဲ့လေတယ်။

ကြီးမားတဲ့ အထုပ်အပိုးတွေကိုသယ်ပြီး အိမ်သို့ပြန်လာတာကိုမြင်တော့ မဒမ်လီ အံ့သြသွားရပြီး ဝမ်စုဖန်းကို သွားသယ်ခိုင်းလိုက်တယ်။

“မင်းဘယ်ကို သွားနေတာလဲ၊ ဒီအိတ်ထဲမှာ ဘာတွေယူလာတာလဲ”

ကျန်းကျန်း မဒမ်လီ ပြင်ဆင်ပေးထားတဲ့ ရေနွေးခွက်ကို ကောက်ယူလိုက်ပြီး တစ်ဝက်ကျော်လောက်သောက်ကာ ပါးစပ်ကို သုတ်လိုက်တယ်။

“လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က တတိယအစ်ကိုရဲ့ မင်္ဂလာဆောင်အတွက် အဝတ်အစားတွေ၊ အိပ်ယာခင်းတွေ၊ မျက်နှာသုတ်ပုဝါတွေအတွက် စိတ်ပူခဲ့ရတယ်လေ၊ လွန်ခဲ့တဲ့နှစ်ရက်က သမီး မီးရထားလမ်းရဲ့ မြောက်ဘက်ကိုသွားတော့ လူနှစ်ယောက်လျို့ဝှက်ပြီးစကားပြောနေတာကို ကြားခဲ့ရတယ်၊

လူတစ်ယောက်က သူ့အိမ်မှာ နေမကောင်းတဲ့လူရဲ့အသက်ကို ကယ်တင်ဖို့အတွက် ဂျင်းဆင်းကောင်းတာလိုချင်နေတယ်တဲ့ ၊ သူ့အိမ်မှာ အဝတ်အထည်ကောင်းတွေအများကြီးရှိတယ်လို့ပြောတယ်၊

သူက လဲလှယ်ဖို့ ဆန္ဒရှိပေမယ့် ဒီလိုမျိုး ကိစ္စကြီးကို အသံကျယ်ကျယ်နှင့်လည်း မပြောရဲတော့ လျို့ဝှက်ပြီးတော့ပဲ အကူအညီ တောင်းနိုင်တယ်၊ သမီးက ငယ်လည်းငယ်တော့ သူတို့နှင့် အနီးမှာ ရှိနေခဲ့ပေမဲ့ သတိမထားမိခဲ့ကြဘူးလေ”

ကျန်းကျန်း မဒမ်လီရဲ့မျက်နှာကို အပြစ်ရှိစိတ်နှင့် ကြည့်လိုက်တယ်။

“တောင်ပေါ်မှာ တစ်ခုခုရှိနေသရွေ့ သမီးရှာလို့ရတယ်၊ အဲဒါကြောင့် သမီး အနှစ် 20သက်တန်းရှိတဲ့ ဂျင်ဆင်းကို ရှာတွေ့ခဲ့ပြီး အဲဒီလူရဲ့အိမ်ကို တိုက်ရိုက်သွားပြီး အထည်တွေနှင့် လဲလာခဲ့တာ”

ကျန်းကျန်း ခဏလောက်ရပ်လိုက်ပြီး ချက်ချင်းပဲ ပြောလိုက်တယ်။

“သမီး မျက်နှာကိုလည်း တမင် အုပ်ပြီး ဦးထုပ်လည်းဆောင်းထားတယ်၊ နေောက်ပြီး စကားပြောတော့လည်း ခေါင်းကိုငုံ့ထားတာပါ၊ တကယ်လို့ သမီးကို ထပ်တွေ့မယ်ဆိုရင်တောင် မမှတ်မိနိုင်လောက်တော့ဘူး”

မဒ်လီက ခန်ပေါ်မှ အထုပ်အပိုးတွေကို မကြည့်ဘဲ ကျန်းကျန်းကိုသာ သူမရဲ့အနားကို ဆွဲခေါ်လိုက်တယ်။

“မင်း ဒီလိုမျိုး ထပ်လုပ်ရင် အနာဂတ်မှာ ငါ မင်းကို ဘာမှ ထပ်မပြောတော့ဘူး”

ကျန်းကျန်း ငေးမောမိသွားကာ “ အာ”ခနဲအသံပြုလိုက်မိတယ်။

မဒမ်လီက အိမ်ထဲကို ဝင်သွားခဲ့ပြီး ကျန်းကျန်းကို ခန်ပေါ်မှာထိုင်ခိုင်းလိုက်တယ်။ ထို့နောက် ဝမ်စုဖန်းကိုပါခေါ်လိုက်တယ်။

“ဒီနေ့ ငါတို့သုံးယောက်ပဲ အိမ်မှာရှိတယ်၊ ဒီတော့ စကားပြောကြတာပေါ့”

ဝမ်စုဖန်းက ခေါင်းညိတ်တုံ့ပြန်ပြီး အေးခဲထားတဲ့သစ်တော်သီးတွေနှင့် အေးခဲထားတဲ့ တည်သီးတွေကို ခန်ပေါ်မှာ တင်လိုက်တယ်။

“အမေ၊ မင်းစားရင်းနှင့် စကားပြောလို့ရတယ်”

မဒမ်လီက ကျန်းကျန်းဆီကို အေးခဲထားတဲ့ တည်သီးတစ်လုံးကို ပေးလိုက်တယ်။

“ပေါင်ပေ့၊ မင်းပြောနေတဲ့ အဝတ်အစားတွေကို လဲလှယ်ဖို့ အပြင်ထွက်တာ ဘယ်လောက်ထိ အန္တရာယ်ရှိလဲဆိုတာကို မသိဘူးလား၊ မင်းက ဘာလို့ ဒီလောက်တောင် သွေးရဲနေရတာလဲ”

ကျန်းကျန်း စကားပြောခါနီးမှာ မဒမ်လီက သူမ စကားပြောလာတာကို မစောင့်ဘဲ ပြောလာတယ်။

“မင်းမှာ တချို့ စွမ်းရည်တွေရှိနေလို့ တခြားသူတွေထက် ပိုပြီးစွမ်းဆောင်နိုင်တဲ့ အရည်အချင်းတယ်လို့ ထင်နေတာလား”

ကျန်းကျန်း လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။

“သမီးက အတော်လေး လုပ်နိုင်တယ်လို့ ထင်တယ်”

သူမက စကားပြောရင်းနဲ့ တည်သီးရဲ့အရေခွံကို ဖယ်ထုတ်လိုက်ပြီး အေးမြပြီး ချိုမြိန်တဲ့ တည်သီးရဲ့အရည်ကို စုပ်သောက်လိုက်ပြီး စိတ်သက်သာရာရစွာနှင့် မျက်လုံးတွေပို မှေးကျဥ်းလိုက်မိတယ်။

မဒမ်လီက ကျန်းကျန်းရဲ့စကားကိုကြားတော့ ခေါင်းကို အသာညိတ်လိုက်ပြီး ကျန်းကျန်းကို ချစ်မြတ်နိုးတဲ့လေသံနှင့် ပြောလာတယ်။

“မင်းဘာတွေလုပ်နိုင်တာလဲဆိုတာကို ငါသိပါတယ်၊ မင်းက တိရစ္ဆာန်နဲ့ ကောက်ပဲသီးနှံတွေကို ထိန်းချုပ်နိုင်တယ်၊ မင်းက အရမ်းသန်မာတယ်၊ လူအများစုက မင်းကို အနိုင်မယူနိုင်ဘူး၊ ဒါပေမယ့် ပေါင်အာ၊ ဒီလိုသန်မာမှုက မင်းရဲ့မိသားစုအတွက် စျေးဝယ်ထွက်ဖို့ စွန့်စားရမယ်ဆိုတဲ့ အကြောင်းရင်းမဟုတ်ဘူး”

ကျန်းကျန်းတစ်ယောက် တည်စားနေရင်းကနေ လမ်းတစ်ဝက်မှာ ရပ်တန့်သွားပြီး မဒမ်လီကို ဗလာဖြစ်စွာနှင့် စိုက်ကြည့်ရင်း အနည်းငယ်လောက်လည်း တုန်လှုပ်သွားရတယ်။

မဒမ်လီက သူမရဲ့ စိတ်ထိခိုက်သွားပုံရတဲ့မျက်နှာလေးကိုမြင်တော့ အလျှင်အမြန်ပွေ့ဖက်လိုက်ပြီး လက်ကိုင်ပုဝါကိုထုတ်ကာ သူမရဲ့မေးစေ့ပေါ်က တည်သီးအရည်ကို သုတ်ပေးလိုက်တယ်။

“ပေါင်အာ ၊ ဒါက မင်းကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘူး၊ မင်းအတွက်အန္တရာယ်များလို့ ပြောနေတာ၊ မင်းက မင်းရဲ့အစ်ကို လက်ထပ်တဲ့အချိန်မှာ ကောင်းကောင်းမဝတ်စားရမှာကို စိတ်ပူပြီးသွားလုပ်ပေးခဲ့တယ်၊

သူ့အတွက် အိမ်ကလူတွေ ဝယ်ပေးလို့ရတယ်လေ၊ မင်းက အိမ်မှာ သကြားလုံးတွေစားရင်း စောင့်နေရင်ရတယ်လေ၊ ဘာလို့ အတ္တရာယ်များတဲ့ကိစ္စတွေကိုလူကြီးလေးတစ်ယောက်လို ဖြေရှင်းပေးချင်နေရတာလဲ၊ တကယ်လို့ မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

ကျန်းကျန်း တည်သီးကို အကိုက်ရေအနည်းငယ်လောက်နဲ့ လက်စသတ်လိုက်ပြီး လက်နှင့် ပါးစပ်ကို သန့်ရှင်းစေရန် လက်ကိုင်ပုဝါနှင့် သုတ်လိုက်ပြီး မဒမ်လီရဲ့လက်မောင်းကိာ ပွေ့ဖက်လိုက်တယ်။

“သမီးက အဖွားနဲ့အမေကို သနားလို့ပါ၊ ဒီအရာတွေအတွက် တစ်နေကုန် ပင်ပန်းနေရတာကို မကြည့်ချင်ဘူး၊ ဒါကြောင့် သမီး လုပ်နိုင်သမျှ လုပ်ပေးမယ်လို့ တွေးခဲ့တာ၊ အဖွားနှင့် အမေကို စိတ်ပူပန်စရာတွေကို လျှော့ချပေးပြီး ကျန်းမာရေးကိုပဲ ဂရုစိုက်စေချင်တယ်”

မဒမ်လီရဲ့ မျက်နှာပေါ်မှ လှုပ်ရှားမှုတွေကို မြင်တော့ ကျန်းကျန်း ဆက်ပြောလိုက်တယ်။

“အဖွား ဒီအဝတ်အထည်စတွေ၊ အိပ်ယာခင်းတွေက ပိုက်ဆံသက်သက်နဲ့ဝယ်လို့မရဘူးလေ၊ သမီးရဲ့အဖေ လတိုင်းရတဲ့လစာနှင့် ထုတ်ပေးတဲ့အထည်လက်မှတ်က တစ်နှစ်လောက်စုဆောင်းရင်တောင် အထည်အသစ်တွေဝယ်ဖို့ မလုံလောက်ဘူးဆိုတာ သမီးသိတယ်၊

တကယ်တော့ ဒါကမဖြစ်နိုင်ဘူးမလား၊ အခုက သမီးတို့မိသားစုသက်သက်တင်မကဘူးလေ၊ တခြားလူတွေရဲ့မိသားစုလည်း ရှိသေးတယ် ဟုတ်တယ်မလား၊

ဒါကြောင့် သမီးသွားဖို့ တွေးလိုက်တာပါ၊ ဒါပေမယ့် သူ့မိသားစုက အရမ်းကို ပုန်းကွယ်နေတာဆိုတော့ အပြင်ကို မပြောရဲပါဘူး”

ဒါကိုကြားတော့ မဒမ်လီက ခေါင်းပြန်မော့ကာ ကျန်းကျန်းရဲ့ပေါင်ကို ပုတ်လိုက်တယ်။

“ဒါက အဓိကလား?”

ကျန်းကျန်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်တယ်။

“နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်တော့ဘူးလို့ ကတိပေးပါတယ်၊ နောက်ပိုင်းမှာ ဘာပဲလုပ်ချင်လုပ်ချင် အဖွားနှင့် တိုင်ပင်ဆွေးနွေးပြီး အဖွား သဘောတူမှ လုပ်မယ်လို့ ကတိပေးပါတယ်”

ဝမ်စုဖန်းက ကျန်းကျန်းကို မရှင်းလင်းစွာကြည့်လိုက်ပြီး မဒမ်လီကးရဲ့မျက်နှာကို ပြန်ကြည့်လိုက်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။

“အမေ၊ ကျန်းကျန်း လုပ်တာ မမှားဘူး မဟုတ်ဘူးလား”

မဒမ်လီ သက်ပြင်းချလိုက်တယ်။

“ဒါက နည်းနည်းအန္တရာယ်များတယ်၊ တကယ်တော့ မင်းပစ္စည်းတွေကို လဲလှယ်ချင်တယ်ဆိုရင် မင်နန်ကိုပြောပြီး သူ့ကို တစ်ယောက်တည်း သွားခိုင်းနိုင်တယ်လေ၊ ဒါက မလုံလောက်ဘူးလား၊

မင်နန်က အန္တရာယ်ရှိလာမယ်ဆိုရင် သူ့ကိုယ်သူ ဂရုစိုက်တတ်တယ်၊ နောက်ပြီးတော့ သူက ယောင်္ကျားလေးပဲ၊ နောက်ပြီး ခန္ဓာကိုယ်သန်စွမ်းပြီး အသားအရည်လည်းရှိတယ်၊ သူ့ကိုဆိုရင် ဘယ်သူကမှ အရှုအထွေးမလုပ်ရဲဘူး၊

ဒါပေမယ့် ငါတို့မိသားစုက ကျန်းကျန်းက တစ်ယောက်တည်းသွားဖို့ ဘယ်လောက်တောင် သတ္တိရှိနေသလဲဆိုတာကို ကြည့်လိုက်ဦး၊ သူဒီအကြောင်းတွေပြောလာတာကို ကြားတော့ ငါတကယ် ရင်တုန်သွားရတယ်”

ကျန်းကျန်းက ပြုံးရယ်လိုက်ပြီး မဒမ်လီရဲ့ လက်ကိုအနည်းငယ် ဆွဲကာ ပြောလိုက်တယ်။

“ရိုးရိုးသားသား ပြောရရင် ၊ အဖွားက သွက်လက်မြန်ဆန်ပြီး စွမ်းအင်ပြည့်တဲ့အကြောင်းကို ပြောနေတာဆိုရင် သမီးအစ်ကိုက သမီးနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဒါဆိုရင်တောင် မင်း သူတို့ကို လုပ်ခွင့်ပေးရမယ်၊ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ ရှိသမျှတာဝန်တွေကို အကုန်မတင်ထားနဲ့၊ မင်းအစ်ကိုတွေက မကြာခင် အိမ်ထောင်ကျတော့မှာ၊ မင်း အရင်တုန်းကလို အစစအရာရာ ကူညီပေးနေလို့မရဘူး မင်း နားလည်လား”

မဒမ်လီက ကျန်းကျန်းရဲ့ ခေါင်းကို ပွတ်သပ်လိုက်တယ်။

“မင်းနဲ့ မင်းအစ်ကိုတွေက ဆက်ဆံရေးကောင်းပြီး ဆွေမျိုးတွေအကုန်လုံးကိုလည်း မင်း သံယောဇဥ်ကြီးတယ်ဆိုတာ အဖွားသိတယ်၊ မင်းက သူတို့ ဆင်းရဲပင်ပန်းနေတာကို မကြည့်နိုင်ဘူး၊ ဒါပေမယ့် သူတို့မှာလည်း ကိုယ်ပိုင်နေ့ရက်တွေရှိလာလိမ့််မယ်၊

သူတို့ရဲ့ ကိုယ်ပိုင်မိသားစုကို ထောက်ပံ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်ကလေးတွေကို ကျွေးမွေးပြုစုပျိုးထောင်ဖို့ သင်ယူရမယ်၊

ဆင်းရဲဒုက္ခတွေ ပင်ပန်းမှုကို တချိန်လုံးရှောင်ပြေးနေလို့မရဘူး၊ တစ်မိသားစုလုံးသာ အလုပ်ကြိုးစားနေသရွေ့ သူတို့လည်း အနှေးနဲ့အမြန် ဘဝကို ကောင်းကောင်းမှာနေနိုင်လိမ့်မယ်”

“သမီး သိပါပြီ အဖွား”

ကျန်းကျန်း မဒမ်လီရဲ့ လည်ပင်းကို သိုင်းဖက်ပြီး မျက်နှာကို နမ်းလိုက်တယ်။

“အဖွား၊ အဖွားက အသက်ကြီးနေပြီဆိုတော့ မိသားစုမှာ အတွေးတောတတ်ဆုံးလူပဲ”

“ပါးစပ်ကတော့ အတော်လေး ချိုတာပဲ”

မဒမ်လီက ကျန်းကျန်းရဲ့ နူးညံ့တဲ့မျက်နှာကို နမ်းလိုက်ပြီး အေးခဲထားသော သစ်တော်သီးတစ်လုံးကို ပန်းကန်လုံးအား ကောက်ယူလိုက်ကာ ဝမ်စုဖန်းကိုပြောလိုက်တယ်။

“ခန် ကိုသုတ်ဖို့ အဝတ်စုတ်တစ်ထည်ကို ယူလိုက်ဦး၊ ကျန်းကျန်းယူလာတာ ဘာတွေလဲ ကြည့်ရအောင်”

ဝမ်စုဖန်းက အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်ပြီး ချက်ချင်းထရပ်ကာ ခန်ကို သုတ်လိုက်တယ်။ ပြီးနောက် ကျန်းကျန်းယူလာတဲ့ အထုပ်အပိုးအိတ်ကြီးတစ်လုံးကိုယူကာ ခန်ပေါ်မှာ ဒူးထောက်ရင်း ကြိုးနှစ်ခုကို ဖြည်လိုက်တော့ အထဲမှ ပစ္စည်းတွေက ချက်ချင်း ပြုတ်ကျလာခဲ့တယ်။

မဒမ်လီက အပေါ်မှ အနီရောင်ပုဝါကြီးကို ကောက်ကိုင်လိုက်ပြီး ရွှင်လန်းမှုအပြည့်ဖြင့် သူမရဲ့မျက်နှာရှေ့မှာ ခါရမ်းလိုက်တယ်။

“ဒီအနီရောင်ပုဝါက တကယ့်မင်္ဂလာရောင်အစစ်ပဲ၊ ထိတွေ့ရတာလည်း နူးညံ့တယ်၊ ငါတို့ရဲ့ အထောက်အပံ့နဲ့ စျေးကွက်ရှာဖွေရေး သမဝါယမမှာ ဒီလောက်ကောင်းတဲ့ မျက်နှာသုတ်ပုဝါမျိုး မရှိဘူး”

ဝမ်စုဖန့်ကလည်း ကောက်ကိုင်ကာ သေသေချာချာကြည့်လိုက်တယ်။

“တကယ် မဆိုးဘူးပဲ၊ နွေရာသီမှာတုန်းက ကျွန်မ သမဝါယမမှာ တစ်ကြိမ်တွေ့ဖူးတယ်၊ အလျားကလည်း ပိုတိုပြီး ဒီထက်အများကြီးပိုပါးတယ်၊ ကိုင်ရတာလည်း မာကြောသေးတယ်။ အဲဒီတုန်းက စျေးကို မေးကြည့်တော့ အရမ်းစျေးကြီးသေးတယ်”

ကျန်းကျန်း ထိုစကားကိုကြားတော့ အနည်းငယ် စိတ်ဆင်းရဲသွားရပြီး သူမ နောက်ထပ် အနည်းငယ်လောက် ပြင်ဆင်ခဲ့ရင် ပိုကောင်းမယ်လို့ တွေးလိုက်မိတယ်။ ဒီအချိန်ကျမှ အဖွားနှင့် အမေအတွက် တစ်ထည်စီရအောင် သွားလဲဖို့ ပြောခဲ့ရင် သေချာပေါက် ငြင်းဆိုခံရလိမ့်မယ်။

ကျန်းကျန်း သူမရဲ့လက်ထဲက မျက်နှာသုတ်ပုဝါတွေကိုကြည့်ပြီး မဒမ်လီနှင့် ဝမ်စုဖန်းတို့ရဲ့လက်ထဲကို တစ်ထည်စီထည့်ပေးလိုက်တယ်။

“ဒါဆို တတိယအစ်ကိုကို ဒါမပေးတော့ဘူး၊ အဖွားတစ်ထည် အမေတစ်ထည်ယူလိုက်တော့”

“ငါ့ကလေးက အဖွားနဲ့အမေအတွက် အမြဲတွေးပေးတယ်၊ ငါ မင်းကို ဂရုစိုက်ခဲ့တာ အချည်းနှီးမဖြစ်ခဲ့ဘူး”

ဝမ်စုဖန်းက မျက်လုံးများပိတ်ဆို့တော့မတတ်ပြုံးပြီး ပြောလာတယ်။

မဒမ်လီကလည်း ခေါင်းညိတ်ပြီးသဘောတူလာတယ်။

“တကယ်ကို လိမ္မာတယ်၊ ငါတို့မိသားစုရဲ့ရတနာလေးက အရမ်းအသုံးဝင်တယ်၊ ဒါပေမယ့် အဖွားက ဒီအနီရောင်မျက်နှာသုတ်ပုဝါကိုတော့ မသုံးနိုင်တော့ဘူး၊ ဒါကြောင့် မင်းအတွက် ငါသိမ်းထားလိုက်မယ်၊ မင်းလက်ထပ်တဲ့အချိန်မှာ သုံးကြမယ်”

ကျန်းကျန်းရဲ့မျက်နှာပေါ်မှာ အနက်ရောင်မျဉ်းကြောင်းတွေ ပေါ်ထွက်လာခဲ့ရတယ်။

“အဖွား ဒီအကြောင်းကိုစဉ်းစားဖို့စောလွန်းသေးတယ်နော်”

မဒမ်လီ: “ သိပ်မစောတော့ဘူး၊ အဖွားက မင်းမွေးလာကတည်းက မင်းရဲ့အိမ်ထောင်ရေးအကြောင်းကို စဉ်းစားနေတာ”

ကျန်းကျန်း မဒမ်လီကို အားကိုးရာမဲ့စွာကြည့်ပြီး မျက်ရည်ကျတော့မဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

“အဖွားက သမီးအပေါ် အမြဲတမ်း အကောင်းဆုံးဖြစ်နေလို့သာ မဟုတ်ရင် သမီးကို မကြိုက်လို့ ပြောနေတာပဲလို့တောင် တွေးမိလိမ့်မယ်”

All Chapters