← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

အချိန်က ဆယ့်နှစ်နာရီလောက်ရှိနေပြီဖြစ်ပြီး လူတိုင်းက ညစာစားသောက်ပြီး ပန်းကန်တွေ ဆေးကြောနေတဲ့အချိန်မှာ လီမင်ပေ ဝမ်ကျယ်ဟိုက်ကို အပြင်သို့ ထွက်လာခဲ့ဖို့ ခေါ်လိုက်တယ်။

မြောက်ဘက်မှာ လေကြမ်းတွေတိုက်ခတ်မှုကို ရင်ဆိုင်ရင်း လီမင်ပေက ခေါင်းငုံ့ပြီး ပြောလိုက်တယ်။

“ငါ ငါ့အစ်ကို့ဆီက ရခဲ့တဲ့ ဘောပင်ကို ပြန်ဝယ်ချင်လို့ပါ”

ဝမ်ကျယ်ဟိုက်က နှစ်ကြိမ်လောက် ရယ်မောပြီးလီမင်ပေကို လှောင်ပြောင်သရော်ပြီးပြောလာတယ်။

“ဘာလဲ၊ နောင်တရနေတာလား? မင်းရဲ့ ရင်ဘတ်ကို ပုတ်ပြီး ဘယ်တော့မှ နောင်တ ရမှာမဟုတ်ဘူးလို့ ကတိပေးခဲ့တာ မဟုတ်ဘူးလား”

လီမင်ပေက စကားတစ်ခွန်းမှ မပြောခဲ့ဘူး။

ခဏလောက်ကြာပြီးမှ သူကပြောလာတယ်။

“ငါနောင်တရတယ်၊ ကျေးဇူးပြုပြီး.. ငါ မင်းကို ပိုက်ဆံပေးပါ့မယ်”

ဝမ်ကျယ်ဟိုက်က သူ့ရဲ့ခြေထောက်အောက်က နှင်းတွေကို ကန်ချလိုက်ပြီး လီမင်ပေဘက်ကို ခေါင်းလှည့်လိုက်တယ်။

“ငါးယွမ်ပဲ၊ စျေးကြီးတယ်လို့ထင်ရင် မင်း ဒီအမျိုးအစားတစ်ခုတည်းကို ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမမှာ ကိုယ်တိုင်သွားဝယ်နိုင်တယ်၊ အသစ်က ရှစ်ယွမ်ရှိတယ်”

“ငါ့ရဲ့ တစ်ခုကိုပဲ ပြန်ဝယ်ချင်တယ်”

လီမင်ပေက တုံ့ဆိုင်းမှုမရှိဘဲ သူ့ရဲ့အိတ်ကပ်ထဲက ပိုက်ဆံကို ထုတ်ပြီး ငါးယွမ် ရေတွက်လိုက်ကာ ဝမ်ကျယ်ဟိုက်ကိုပေးလိုက်တယ်။

“ဒါက ငါ့အစ်ကို ငါ့အတွက် ဝယ်လာခဲ့တာပဲ၊ အသစ်နဲ့ မတူတဲ့ အဓိပ္ပါယ်ရှိတယ်၊ ငါလည်း အမှတ်တရပစ္စည်းကို သိမ်းထားရမယ်”

ဝမ်ကျယ်ဟိုက်က ပိုက်ဆံကိုယူပြီး လီမင်ပေကိုကြည့်ကာ လှောင်ရယ်လိုက်တယ်။ ထို့နောက် နှစ်ယွမ်ကို ရေတွက်ပြီး သူ့ဆီကို ပြန်ပေးခဲ့တယ်။

“အတန်းဖော်၊ ငါ မင်းကို အခွင့်ကောင်းယူတာလျှော့ပြီး မင်းကို နှစ်ယွမ် ပြန်ပေးမယ်၊ ဒါပေမယ့် မင်းငါ့ရဲ့ ဘောပင်ဟောင်းကို ပြန်ပေးရမယ်”

ဝမ်ကျယ်ဟိုက်က လက်ကို ဆန့်တန်းလာတာကို မြင်တော့ လီမင်ပေ အနည်းငယ် မင်သက်အံ့သြသွားခဲ့တယ်။ ဝမ်ကျယ်ဟိုက်က စိတ်မရှည်စွာနှင့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလာတယ်။

“မြန်မြန်လုပ်၊ ဒီလိုအေးခဲတဲ့နေ့မျိုးမှာ ငါ့လက်ကို အေးခဲသွားအောင်လုပ်နေတာလား”

လီမင်ပေ သတိပြန်ဝင်လာပြီး ပိုက်ဆံကို အမြန်ယူလိုက်တယ်။ ဝမ်ကျယ်ဟိုက်က သူ့ရဲ့ ရယ်မလို ငိုမလိုဖြစ်နေတဲ့ အမူအရာကို မြင်လိုက်ရတာကြောင့် ပါးစပ်ထောင့်က လှုပ်ယမ်းသွားခဲ့ကာ အိမ်ထဲသို့ ပြန်လှည့်သွားခဲ့လေတယ်။

လီမင်ပေ ပိုက်ဆံတွေကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး နံရံခြေရင်းမှာ ထိုင်ချလိုက်တယ်။ ထူထဲတဲ့နှင်းတွေပေါ်မှာ လရောင်တွေဖြာကျလာတာကြောင့် အဖြူရောင်အလင်းရောင်တွေတောက်ပနေခဲ့တယ်။

လီမင်ပေ သူ့ရဲ့အိမ်ဘက်ကို လှမ်းကြည့်ရင်း သူ့မျက်လုံးတွေက နီရဲနေလာခဲ့တယ်။

“အမေ၊ ကျွန်တော် အိမ်ကိုလွမ်းတယ်”

ထိုအခိုက်မှာ တံခါးက အတွင်းဘက်ကနေ တွန်းဖွင့်ခံလိုက်ရတာကြောင့် လီမင်ပေ ထိတ်လန့်သွားရတယ်။ သူက သူ့ရဲ့မျက်ရည်တွေကို အလျှင်အမြန် သုတ်လိုက်ပြီး တံခါးဘက်ကို လှမ်းကြည့်လိုက်တော့ အခန်းပေါက်ဝနားမှာ ရပ်နေတဲ့ ဝမ်ကျယ်ဟိုင်ကို တွေ့လိုက်ရတယ်။

သူက လီမင်ပေရဲ့ငိုနေတဲ့မျက်နှာကို မမြင်သလိုဟန်ဆောင်ပြီး ဗလာသက်သက်မျက်နှာနှင့်ပြောလာတယ်

။

“အိမ်ထဲကို အမြန်ဝင်ပြီး ငါ့ဘောပင်ကိုပြန်ပေးစမ်းပါ၊ ငါ တစ်ခုခုရေးစရာရှိသေးတယ်”

လီမင်ပေ အသံတိုးတိုးနှင့် တုံ့ပြန်လိုက်ပြီး အမြန်ထရပ်ကာ အခန်းထဲကို ဝင်လိုက်တယ်။ ပြီးနောက် ပလပ်စတစ်နှင့် ထပ်ထားတဲ့ တံခါးကိုပြန်ပိတ်လိုက်တော့ အပြင်ဘက်ကလာတဲ့ အအေးဓာတ်က ချက်ချင်းပိတ်ဆို့ခံလိုက်ရတယ်။

အခန်းအလယ်မှာရှိနေတဲ့ မီးဖိုက အလွန်ပြင်းထန်စွာ တောက်လောင်နေခဲ့တာကြောင့် အအေးနှင့် အပူတို့ရဲ့ရုတ်တရက်အကူးအပြောင်းကြောင့် လီမင်ပေ ရုတ်တရက် နှာချေလိုက်မိတယ်။

သူက သူဝတ်ထားတဲ့ဂွမ်းကတ်အင်္ကျီကို ချွတ်လိုက်ပြီး အိပ်ယာပေါ်မှာ တင်လိုက်တယ်။ ပြီးနောက် သူ့ရဲ့ကျောင်းလွယ်အိတ်ကို အမြန်ဖွင့်လိုက်ပြီး သူ့အစ်ကိုရဲ့ဘောပင်နှင့်လဲထားတဲ့ ဝမ်ကျယ်ဟိုက်ဆီက ဘောပင်ဟောင်းကို ပြန်ပေးလိုက်ကာ လီမင်တုန်ရဲ့ဘောပင်ကို ပြန်ယူလိုက်တယ်။

လီမင်ပေ ဒါကို ဒီနှစ်နွေရာသီအားလပ်ရက်အပြီးမှာတုန်းက လဲလှယ်ခဲ့တယ်။ ထိုအချိန်မှာတုန်းက သူ့ရဲ့စိတ်ထဲမှာ နောက်ဆုံး စာသင်နှစ်တစ်ခုသာကျန်တော့တယ်လို့တွေးခဲ့ပြီး သူသာ ပိုပြီး မကြိုးစားရင် အနာဂတ်မှာ တကယ်ကို အခွင့်အရေး မရှိနိုင်တော့ဘူးလို့ ထင်မြင်ခဲ့တယ်။ ဒါကြောင့် ဘောပင်ကို တုံးအတဲ့နည်းနဲ့ လဲလှယ်ခဲ့တယ်။

လီမင်ပေက ဒီဘောပင်ရဲ့ အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး။ သူ့ရဲ့ ပင်ကိုယ်စရိုက်က တုံးအခဲ့ပြီး ဘောပင်ကိုလည်း ဖြစ်ကတတ်ဆန်းထားခဲ့တယ်။

ဒီဘောပင်က ဝမ်ကျယ်ဟိုက်ရဲ့လက်ထဲမှာ ရှိနေတဲ့အချိန်မှာ ညစ်ပတ်နေတဲ့အရာတွေအားလုံးကို ရှင်းလင်းထားပြီး ဘောပင်က ပထမဆုံး လဲလှယ်ခဲ့တဲ့အချိန်ကထက်စာရင် ပိုပြီးအသစ်စက်စက်ပုံစံရှိပြီး တောက်ပနေတဲ့ပုံရတယ်။

လီမင်ပေ ဘောပင်ကို ထိကိုင်နေရင်းနှင့် သူ့နှလုံးသားထဲမှာ အနည်းငယ်ဝမ်းနည်းသွားရတယ်။ အခုချိန်မှာတော့ သူ့ရဲ့အဖွားက ဘာကြောင့် သူ့ကို ဆေးတံနှင့် ရိုက်ရလဲဆိုတာကို နားလည်နေခဲ့ပြီ။

အကြောင်းရင်းက သူတွေးခဲ့သလိုမျိုး ဘောပင်ရဲ့စျေးနှုန်းကြောင့် မဟုတ်ဘူး။ သူက လီမင်တုန်ရဲ့ မျှော်လင့်ချက်တွေနှင့် ရည်ရွယ်ချက်တွေကို ဖျက်ဆီးပစ်ခြင်းကြောင့်ပဲ။

သူ့မျက်လုံးများကိုမှိတ်လိုက်မိတယ်။ လီမင်ပေက လီမင်တုန် ပြန်ပို့လိုက်တဲ့ ပစ္စည်းထုပ်နှင့်စာတစ်စောင်ကို မှတ်မိနေသေးတယ်။ လီမင်တုန်က ပစ္စည်းတွေကို အိမ်သို့ လူကိုယ်တိုင် လာမပို့နိုင်ပေမဲ့လည်း ထိုအချိန်တုန်းက ရေးထားခဲ့တဲ့စာကြောင်းတစ်ကြောင်းချင်းစီကို ထိုစာကိုဖတ်ပြခဲ့တဲ့ လီမင်ပေက မှတ်မိနေတုန်းပဲ။

သူ့ရဲ့ ပထမဆုံးလစာနှင့်ပေးခဲ့တဲ့ မိသားစုအတွက် ပထမဆုံးလက်ဆောင်ဖြစ်ပြီး လီမင်တုန်ရဲ့ ဝမ်းသာပီတိဖြစ်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ပါနေခဲ့တယ်။ တကယ်တော့ ဒါက လီမင်တုန်အတွက် ထူးခြားပြီး အရေးကြီးလွန်းတယ်။

လီမင်ပေ ဘောပင်ကို သူ့ကျောင်းလွယ်အိတ်ထဲက သစ်သားသေတ္တာထဲမှာ ထည့်လိုက်ပြီး ခုတင်အောက်ဘက်မှာ ဂရုတစိုက်နှင့် အသေအချာထည့်လိုက်တယ်။ ပြီးနောက် ဝတ်ထားတဲ့ အင်္ကျီကိုချွတ်လိုက်ပြီး ပူပြင်းနေတဲ့ စောင်ထဲသို့ ၀င်သွားခဲ့လေတယ်။

ဒီနေ့မှာ သူ သစ်တွေကို တစ်ရက်လုံးထမ်းသယ်ထားရတာကြောင့် သူ့ရဲ့ပခုံးတွေ အလွန်နာကျင်နေခဲ့တယ်။ သူ့အနေနဲ့ မနက်ဖြန်မှာ အလုပ်လုပ်ဖို့တောင် မတတ်လောက်နိုင်ဘူးလို့ ခန့်မှန်းမိခဲ့ပေမယ့် ဒီနေ့အတွက် အလုပ်တာဝန်တစ်ခုလုံးကို မပြီးပြတ်ခဲ့တာကြောင့် ခုနစ်မှတ်ခွဲသာ ရရှိခဲ့တယ်။ တစ်နည်းဆိုရရင် ဒီနေ့မှာ နှစ်ဆင့်တောင် မရရှိခဲ့ဘူး။

လီမင်ပေ သက်ပြင်းချလိုက်ပြီး သူ့မျက်နှာက ဝမ်းနည်းမှုတွေ ပြည့်နေခဲ့တယ်။ သူ တစ်နေ့တာ ထမင်းစားဖို့ လက်မှတ်ကို ပြန်တွက်ကြည့်ပြန်တယ်။ တစ်လစာ ကုန်ကျစရိတ်အားဖြင့် ငါးယွမ်၊ ခြောက်ယွမ်လောက် ပေးဆောင်ရမှာဖြစ်ပြီး အခြေခံအားဖြင့် စားရိတ်ကလွဲရင် သူ့လက်ထဲမှာ ဘာမှ မကျန်လောက်တော့ဘူး။

တကယ်တော့ ပညာတတ်လူငယ်နေရာကို တည်ဆောက်ခြင်းဆိုတာက သူတို့အတွက် ငွေရှာနိုင်ဖို့နေရာ လုပ်ပေးတာမဟုတ်ကြောင်း နားလည်ရန် လွယ်ကူပါတယ်။ ဒီနေရာက အလုပ်မရှိတဲ့ လူငယ်တွေကို ပြဿနာဖြေရှင်းစရာ နေရာတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာပဲ။

လီမင်ပေ သူ့အိတ်ကပ်ထဲမှ ပိုက်ဆံတွေကို မစမ်းကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီနေ့မှာ သူ ညစာစားဖို့အတွက် နှစ်ဆင့်သုံးခဲ့ပြီး ဝမ်ကျယ်ဟိုက်ကို သုံးယွမ်ပေးခဲ့တယ်။

ဒီတော့သူ့လက်ထဲမှာ သုံးယွမ်ပဲ ကျန်တော့တယ်။ လီမင်ပေရဲ့ စားချင်စိတ်နှင့် တွက်ချက်ကြည့်မယ်ဆိုရင် ဆယ့်ငါးရက်စာလောက်ပဲ လုံလောက်လိမ့်မယ်။

လီမုန်ဝေ့ရဲ့ ပြောစကားအရ အလုပ်မှတ်တွေကို တစ်လမှာတစ်ကြိမ်သာ လဲလှယ်ရလိမ့်မယ်။ ဆိုလိုတာက လရဲ့ ဒုတိယနှစ်ဝက်စာအတွက် အကြွေးတင်နေလိမ့်မယ်လို့ ခန့်မှန်းရတယ်။

နောက်တစ်နေ့မှာတော့ လီမင်ပေ နံနက်အရုဏ်တက်ချိန်ကတည်းက အိမ်ယာကထခဲ့တယ်။ သေချာတာပေါ့။ သူ့ရဲ့ ညာဘက်ပခုံးက နာကျင်ကိုက်ခဲလွန်းနေပြီး သူ နည်းနည်းလောက်လှုပ်မိတာနှင့် အံကိုတင်းတင်းကြိတ်လိုက်မိတယ်။

လီမင်ပေ သူ့ပခုံးတွေကို ပွတ်သပ်ရင်း သူ့ရဲ့ဘယ်ဘက်လက်ကို သုံးပြီး ဂွမ်းကပ်အင်္ကျီကို လှမ်းယူလိုက်ပြီး အဝတ်အစားကို ခက်ခက်ခဲခဲ ဝတ်လိုက်တယ်။

သူ့ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်တော့လည်း သူတို့တွေက အခြေခံအားဖြင့် သူနဲ့ ပုံစံတူအတိုင်းရှိနေကြပြီး မနက်အစောကြီး အခန်းထဲမှာ အော်ညည်းသံတွေ အများကြီး ထွက်နေခဲ့တယ်။

သူ ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာစားဖို့အတွက် မီးဖိုခန်းဘက်ကို သွားခဲ့တယ်။ လီမင်ပေက အိုးထဲမှာ ဘာရှိသလဲဆိုတာကို ကြည့်ဖို့ လည်ပင်းကို ဆန့်ခုတ်လိုက်ပေမဲ့လည်း ရင်းနှီးကျွမ်းဝင်တဲ့ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်က ရုတ်တရက် ဆွဲဆောင်သွားခဲ့ပြန်တယ်။

ယွီဝမ်ရှိ့က အစားအသောက် လက်မှတ်တွေကို သိမ်းယူပြီး ယာဂုကို တစ်ပန်းကန်ပြီး တစ်ပန်းကန် ထည့်ပေးနေခဲ့တယ်။ နောက်ဆုံး လီမင်ပေရဲ့ အလှည့်ကိုရောက်လာခဲ့တော့ သူက ပန်းကန်ကို လွှဲပေးရင်းနှင့် နူးညံ့စွာမေးလိုက်တယ်။

“ဒီနေ့ မီးဖိုချောင်ကို ရောက်နေတာလား ၊ တောင်ပေါ်ကိုမတက်တော့ဘူးလား ?

ယွီဝမ်ရှို့က အသံတိုးတိုးနှင့် “အမ်” ခနဲတုံ့ပြန်ပြီး ဇွန်းတစ်ချောင်းနှင့် အိုးအောက်ခြေမှ ယာဂုကိုခပ်လိုက်ကာ လီမင်ပေရဲ့ ပန်းကန်တစ်လုံးကို လှမ်းယူလိုက်ပြီး ထည့်ပေးလိုက်တယ်။ ထို့နောက်လီမင်ပေပေးတဲ့ အစားအသောက်လက်မှတ်ကို ယူကာ ဗလာသက်သက်မျက်နှာနှင့် ပြောလာတယ်။

“နောက်တစ်ယောက်”

လီမင်ပေက လက်ထဲမှာ ပန်းကန်လုံးတစ်လုံးကိုကိုင်ပြီးပြီး အိမ်သို့ပြန်လာခဲ့တယ်။ သူ့အနေနဲ့ ယွီဝမ်ရှို့ရဲ့ သူ့အပေါ် သဘောထားကို ကျင့်သားရနေပြီ။

သူ အနည်းငယ်လောက်စိတ်ပျက်နေပေမဲ့လည်း သူ့ရဲ့စိတ်ခံစားချက်ကို မထိခိုက်စေတော့ဘူး။ လက်ရှိမှာ လီမင်ပေက ပညာတတ်လူငယ်နေရာမှာ အစားအသောက်လက်မှတ်တွေ အကြွေးမတင်ရစေဖို့အတွက်ကိုပဲ စိတ်ထဲမှာ တွေးနေမိတော့တယ်။

ဒီပညာတတ်လူငယ်တွေက အများအားဖြင့် ရေအားလျှပ်စစ်စက်ရုံမှ ဝန်ထမ်းတွေရဲ့ ကလေးတွေပဲ။ ဒါ့အပြင် ရထားသံလမ်းတွေကလည်း ပြုပြင်မွမ်းမံထားပြီးပြီ။

ဒါကြောင့် ရေအားလျှပ်စစ်စက်ရုံက သူတို့ကို ဆယ်ရက်တစ်ကြိမ် အားလပ်ရက် နှစ်ရက်ပေးပြီး အိမ်ကိုပြန်ပြီးအနားယူရန် ခွင့်ပေးလာတယ်။

ပညာတတ်လူငယ်တွေက ထို အားလပ်ရက်ကို အသည်းအသန် စောင့်မျှော်နေကြတာပဲ။ ဒီတော့ ခွင့်ရက်ရတာနှင့် မနက်အစောကြီး မနက်စာစားပြီးတာနဲ့ သူတို့တွေက ပစ္စည်းတွေကို ကျောပေါ်တင်ပြီး ပြန်သွားခဲ့ကြတယ်။

လီမင်ပေက ဝင်လိုက် ထွက်လိုက်နှင့် အကြိမ်အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့ပေမဲ့ အိမ်ပြန်ဖို့ စာရင်းသွင်းတာကို မလုပ်သေးဘူး။

လီမုန်ဝေ့က လက်ထဲက မှတ်တမ်းစာအုပ်ကို ကိုင်ထားရင်းနှင့် အသက်မရှိသလို ဖြစ်နေတဲ့ လီမင်ပေကိုမြင်တော့ မနေနိုင်ဘဲ မေးလိုက်တယ်။

“မင်းဘာလို့ ခုထိ အိမ်မပြန်သေးတာလဲ”

လီမင်ပေက ခဏတုံ့ဆိုင်းသွားပြီးနောက် လီမုန်ဝေ့ဆီကို လျှောက်သွားပြီး မေးလိုက်တယ်။

“အားလပ်ရက်မှာ အိမ်မပြန်ဘဲ တောင်ပေါ်တက်ပြီး သစ်တွေသယ်မယ်ဆိုရင် အလုပ်အမှတ်တွေပေးမှာလား”

လီမုန်ဝေ့က ခေါင်းမမော့ဘဲ ပြောလာတယ်။

“အလုပ်မှတ်တွေ ပေးတယ်၊ တကယ်လို့ မင်း အိမ်မပြန်ဘူးဆိုရင် ရင် တောင်ပေါ်ကို မြန်မြန်တက်သွားလိုက်၊ မင်း နောက်ကျနေရင် အလုပ်တွေ နှောင့်နှေးနိုင်တယ်”

လီမင်ပေက ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့တယ်။ သူက လေးလေးနက်နက် သဘောတူလိုက်ပြီး ခန်ပေါ်ကို ကျောင်းလွယ်အိတ် အမြန်တင်လိုက်တယ်။ ထို့နောက် အိမ်မပြန်သေးတဲ့ ပညာတတ်လူငယ်တချို့ကိုလည်း တောင်ပေါ်အတူတက်ဖို့ ခေါ်လိုက်သေးတယ်။

All Chapters