← Chapters

အခန်း (၁၅၈)

Vol. 16 Ch. 158

အခန်း (၁၅၈)

Vol. 16 Ch. 158

“ဘွားဘွား၊ အဘွား ၊ အန်တီ သားတို့ ပြန်လာပြီ”

ကွေ့ဟွားက တံခါးဖွင့်လိုက်တာနှင့် အသားမုန့်လုံးနှင့် ပဲမုန့်လုံးတို့က အိမ်ထဲသို့ ပြေးဝင်သွားခဲ့ကြပြီး ညီအစ်ကိုနှစ်ယောက်က မီးဖိုချောင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့ကာ ဝမ်စုဖန်းရဲ့ ပေါင်ကို ပွေ့ဖက်လိုက်ကြတယ်။

ဝမ်စုဖန်းက သူမဆီကို ပြေးဝင်လာကြတဲ့ ဝဝကစ်ကစ် မြေးလေးနှစ်ယောက်ကို ကြည့်ပြီး ပါးစပ်ကို မစေ့နိုင်တော့ဘူး။

“အိုး၊ အဘွားရဲ့ကလေးတွေ ပြန်လာကြပြီလား”

သူမက ကလေးတွေကိုပွေ့ဖက်ပြီး နောက်ကလိုက်လာတဲ့ လီမင်တုန်နှင့်ကွေ့ဟွားကိုကြည့်ပြီး မျက်နှာက ပျော်ရွှင်မှုတွေပြည့်နေခဲ့တယ်။

“ဒီနေ့လာမှာကို ဘာလို့ကြိုမပြောတာလဲ၊ မင်းအဖေကို လှည်းနှင့် လာကြိုခိုင်းလိုက်မှာပေါ့”

လီမင်တုန်က ရယ်မောပြီး သူ့အမေကို ပြန်ပြောလိုက်တယ်။

“ကျွန်တော် ထွက်လာတာနဲ့ ဦးလေးချန်နှင့် တိုးတယ်လေ၊ ဒါကြောင့် မပင်ပန်းပါဘူး”

မဒမ်လီနှင့် ကျန်းကျန်းတို့ကလည်း လှုပ်ရှားသံတွေကို ကြားလိုက်ရပြီး အပြင်ကို ထွက်လာခဲ့ကြတယ်။

မုန့်လုံးအသေးလေးနှစ်ယောက်က ကျန်းကျန်းကိုမြင်တွေ့လိုက်ရတာနှင့် ဝမ်စုဖန်းကို ချက်ချင်း လွှတ်ပေးလိုက်ပြီး ကျန်းကျန်းရဲ့ဘေးကို အပြေးအလွှားသွားကြတော့တယ်။

“အန်တီ၊ အန်တီ၊ အန်တီ့ကို အရမ်းလွမ်းတယ်”

သူတို့တွေက အန်တီနှင့် တူတွေလို့ ပြောနေကြပေမယ့် တကယ်တမ်းမှာ အကြီးတစ်ယောက်က သူမနှင့် အသက်နှစ်နှစ်လောက်သာ ကွာခြားတယ်။

သူတို့တွေ မဒမ်လီကို နှုတ်ဆက်ပြီးနောက် ကျန်းကျန်းက သူတို့ရဲ့ အပေါ်ထပ်အဝတ်အစားတွေကို ချွတ်ပြီး လက်ဆေးဖို့ ခေါ်သွားခဲ့ကာ သူမရဲ့အခန်းထဲမှ ဘီစကစ်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်တယ်။

ဒါကို မြို့တော်မှာရှိတဲ့ ရှော့ပင်းမောလ်ကနေ ဝယ်လာခဲ့တာပဲ။ မုန့်ထဲမှာ နို့မှုန့် နှင့် သကြားတွေ ပေါင်းထည့်ထားတာကြောင့် တစ်ကိုက်ကိုက်တာနှင့် မွှေးပြီး ကြွပ်ဆတ်နေတာကို တွေ့ရလိမ့်မယ်။

ကောင်လေးနှစ်ယောက်က ပါးစပ်ထဲကို မုန့်အပြည့်ထည့်လိုက်ကြတယ်။ အသားမုန့်လုံးကတော့ စားနေရင်းနှင့် ခန်ပေါ်မှာ ရှိနေတဲ့ လူတိုင်းရဲ့လက်ထဲကို ဘီစကစ်တွေ လိုက်ထည့်ပေးဖို့ မမေ့ခဲ့ကြဘူး။

မဒမ်လီက မပြုံးဘဲမနေနိုင်တော့ဘဲ ဖောင်းကားနေတဲ့ အသားမုန့်လုံးရဲ့ ပါးပြင်ကို ဖြစ်ညှစ်လိုက်တယ်။

“မင်းအန်တီရဲ့ ပစ္စည်းတွေကို ယူပြီး လူကောင်းတစ်ယောက် လုပ်နေတယ်ပေါ့”

သားတွေ၊ မြေးတွေ ပြန်လာတာကြောင့် ညနေဘက်မှာ ညစာကို ကောင်းကောင်းချက်ဖို့ပြင်ဆင်ခဲ့ကြတယ်။ ဝမ်စုဖန်းက ခြံထဲသို့သွားကာ ဝက်သားတစ်ပိုင်းနှင့် သမင်သားသားတစ်ပိုင်းကို ပြန်ယူလာခဲ့တယ်။

ထို့နောက် အိမ်ထဲသို့ဝင်သွားခဲ့ပြီးနောက် ကျန်းကျန်းကို မေးခဲ့တယ်။

“ဒီည ဒီအသားကို ဘယ်လိုစားကြမလဲ”

ကျန်းကျန်းက အသားစားတာနဲ့ ပတ်သက်ပြီး အကြံဥာဏ်တွေ အများကြီး ပေးတတ်တယ်။ အဓိက ကတော့ တစ်ခုခုချက်စားတိုင်းမှာ အရသာရှိနေဖို့အတွက်ပဲ။

သူမရဲ့ အကြံအစည်ကို လိုက်နာပြီး ပြုလုပ်မယ်ဆိုရင် အချပ်အပြားလေးတွေ လှီးဖြတ်ပြီး ကင်ရင်တောင် အကောင်းဆုံးအရသာရရှိစေနိုင်တယ်။ ဒါပေမယ့် ထိုအသားကင်စားက ကောင်လေးနှစ်ယောက်ရဲ့ အစာခြေစနစ်ကို အလွယ်တကူ ထိခိုက်နိုင်တယ်လေ။

ကျန်းကျန်း: “ သမီးတို့ အဲဒါကို အရသာအစုံနှင့် ဆီပြန်နှပ်စားရင်ရော ဘယ်လိုလဲ အသားတွေကို အာလူး၊ မုန်လာဥနီတွေထည့်နှပ်ပြီး ထမင်းနဲ့စားမယ်လေ”

ကွေ့ဟွား ခန်ပေါ်ကနေ အမြန်ထပြီး ပြောလိုက်တယ်။

“ဒါဆို ကျွန်မ ထမင်းချက်လိုက်မယ်”

ဝမ်စုဖန်းက သူမကို ဒေါသတကြီးဟန်ပန်နှင့် စိုက်ကြည့်ရင်း ပြောလိုက်တယ်။

“မင်းအမေရဲ့အိမ်ကိုရောက်နေတာကို အပြင်လူလိုမျိုး လုပ်မနေစမ်းနှင့် ရထားအကြာကြီး စီးလာရတာကို ကောင်းကောင်း အနားယူသင့်တယ်၊ ဟင်းချက်ဖို့အတွက်ကို စိတ်ပူမနေနဲ့၊ မင်းအမေပြောတာကို နားထောင်၊ ခန်ပေါ်မှာ ထိုင်ပြီး မင်းရဲ့ အဖွားနှင့် အန်းပေက အကြောင်းတွေကို စကားပြောနေလိုက်၊ မင်ရဲ့အဖွားက အဲဒါတွေ နားထောင်ရတာ ကြိုက်တယ်”

ကွေ့ဟွားက ပြုံးပြီး ပြောလိုက်တယ်။

“အမေ၊ မီးဖိုခန်းထဲမှာ အရမ်းအလုပ်များလာရင် ကျွန်မကိုလှမ်းခေါ်ရမယ်နော်”

“ကောင်းပြီ ငါသိပါတယ်၊ စိတ်မပူပါနဲ့”

ဝမ်စုဖန်းက ပြန်ဖြေလိုက်ပြီး မုန့်လုံးလေးနှစ်ယောက်ကို ခေါ်ကာ ထွက်သွားခဲ့တယ်။

သူတို့လေးယောက် ပြန်ရောက်လာတာကြောင့် မိသားစုထဲမှ လေထုက ချက်ချင်း တက်ကြွလာခဲ့တယ်။ မဒမ်လီရဲ့ မျက်နှာက အပြုံးမပြတ်တော့ဘူး။

သူမက ဖရဲစေ့တွေ၊ လိမ္မော်သီးတွေနှင့် သကြားလုံးတွေကို ခန်ပေါ်မှာ အစုံအလင် ခင်းကျင်းထားခဲ့တယ်။

ညနေပိုင်း လီမင်နန် အလုပ်မှ ပြန်လာချိန်မှာတော့ လီမင်တုန်ရဲ့မိသားစုကိုမြင်တွေ့ခဲ့ရပြီး အလွန်အမင်း ပျော်ရွှင်နေခဲ့တယ်။

ညီအစ်ကိုတွေက ခန်ပေါ်မှာ စားပွဲနှစ်ခုကို ပေါင်းပြီး ဝမ်စုဖန်း ပြင်ဆင်ထားတဲ့ ဟင်းလျာတွေကို စားပွဲသို့ ယူဆောင်လာရန် ကူညီခဲ့ကြတယ်။

ထမင်းဝိုင်းကို ပြင်ဆင်ပြီးတဲ့နောက်မှာ ခန်ရဲ့စားပွဲတွေက လူတွေနှင့် ချက်ချင်းပြည့်သွားခဲ့တယ်။ မဒမ်လီ၊ လီမူဝူ၊ ဝမ်စုဖန်းနှင့် လီမင်နမ်တို့က ဝိုင်ခွက်တွေကို ကိုယ်စီကိုယ်စီကိုင်ပြီး ဝိုင်ခွက်တစ်ခွက်စီ လောင်းထည့်ခဲ့ကြတယ်။

လီမိသားစုက အစားအသောက်နှင့် ပတ်သက်ပြီး ဂရုစိုက်ခြင်းမရှိဘူး။ ကွေ့ဟွား နဲ့ ကလေးတွေအားလုံးက ထမင်းဖြူနဲ့ ဟင်းတွေကို အလျံအပယ်စားသောက်နိုင်တယ်။

လီမင်တုန်က ထမင်းရဲ့ရနံ့ကို ရှူရှိုက်ရင်း စပ်စုမေးလာတယ်။

“အဖွား၊ ကျွန်တော်တို့ မိသားစုကထင်းတွေက အရသာ အရမ်းကောင်းပြီး အထွက်နှုန်းလည်း များနေတယ်၊ ကျွန်တော် ထွက်သွားရင် မျိုးစေ့တွေ ပေးလိုက်လို့ရမလား၊ နောက်နှစ် ကျောင်းရဲ့ စမ်းသပ်ရေးကွင်းမှာ ကျွန်တော် စမ်းကြည့်ချင်လို့ ၊ အဲဒီဘက်က မြေတွေမှာ အထွက်နှုန်း ဘယ်လိုဖြစ်မလဲ သိချင်တယ်”

ဝမ်စုဖန်းက မသိစိတ်အရ ကျန်းကျန်းဘက်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကျန်းကျန်းက ချက်ချင်းပဲပြုံးပြီးဝင်ပြောလိုက်တယ်။

“ဒီလိုကိစ္စမျိုးနှင့်ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးနေစရာ လိုနေလို့လဲ? အမေက နောက်နှစ်မှာ နောက်ထပ်စိုက်ကွင်းတွေ ထပ်ချဲ့ဖို့ဆိုပြီး မျိုးစေ့တချို့ ချန်ထားခဲ့တယ်လေ၊ ညီမက ပင်ပန်းလွန်းတယ်လို့ ပြောနေတာတောင် နားမထောင်ချင်ဘူး၊ အကြီးဆုံးအစ်ကို လိုချင်ရင်အဲဒီ ပိုလျှံနေတဲ့ မျိုးစေ့တွေကို ယူသွားလို့ရတာပဲ”

“ဟုတ်တယ်!”

ဝမ်စုဖန်းကလည်း ဝင်ပြောလာတယ်။

“ဒါဆို ယူသွားလိုက်လေ၊ ဒါပေမယ့် ထွက်ပါ့မလားဆိုတာတော့ ငါလည်း အာမမခံနိုင်ဘူး”

သူတို့မိသားစုရဲ့မြေယာတွေအားလုံးကို ကျန်းကျန်းက သဘာဝလွန်စွမ်းအားတွေကိုသုံးပြီး စိုက်ပျိုးထားတာပဲ။ ဒီတော့ ဝမ်စုဖန်းက ဒီမျိုးစေ့တွေကို သာမာန်မြေမှာ မပေါက်နိုင်တော့မှာကို အမှန်တကယ်စိုးရိမ်နေခဲ့တယ်။

တကယ်တော့ ဒီစိုးရိမ်မှုက မလိုအပ်ဘူး။ နှစ်အတော်ကြာအောင် သဘာဝလွန်စွမ်းအားတွေကို မျိုးစေ့တွေဆီမှာ ထည့်သွင်းစိုက်ပျိုးပြီး ထိုအပင်မှရတဲ့မျိုးစေ့တွေက သာမန်ထက်ပိုပြီးကောင်းမွန်နေခဲ့ပြီ။ မြေပြန့်မှာ စိုက်နယ်ဆိုရင် အထွက်နှုန်းက ကျန်းကျန်းစိုက်ပျိုးတာလောက် အများကြီးမရနိုင်လောက်ပေမယ့် အရသာကတော့ အကောင်းဆုံးဖြစ်နေတုန်းပါပဲ။

ကောင်းပြီ၊ ပြောရရင်တော့ ကျန်းကျန်းရဲ့ ပါးစပ်က အရသာကို ပိုပိုပြီး သိတတ်လာတယ်။

လီမင်တုန်: “ရပါတယ်၊ ကျွန်တော်တို့က စမ်းသပ်တဲ့စိုက်ခင်းတွေမှာ စိုက်မှာလဆ၊ အထွက်နှုန်းတွေ ပိုပြီးတိုးလာစေဖို့အတွက် လေ့လာလို့ရတယ်”

မဒမ်လီကလည်း ခေါင်းညိတ်လာတယ်။

“သေသေချာချာလေ့လာလိုက်၊ အဲဒါက တကယ်ပဲ ထုတ်လုပ်မှုကို တိုးပေးနိုင်ရင် အကောင်းဆုံးပဲ၊ ဒါဆို မင်းကို အထက်က မင်းကို ဒီအတွက် ဆုကြေးတွေပေးလိမ့်မယ်”

“ သူတို့တွေက ဆုတွေ ပေးပေး၊ မပေးပေး အရေးမကြီးပါဘူး၊ ဒါက ကျွန်တော့်ရဲ့အလုပ်ပဲ”

လီမင်တုန်က ပြုံးပြီး သူတို့ရဲ့အိမ်မှာ စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေကို အထွက်တိုးအောင် ဘယ်လို စိုက်ပျိုးရမလဲ ဆိုတာတွေကိုပါ ပြောပြလာခဲ့တယ်။

အန်းပေကနေ သူတို့ရဲ့ မွေးရပ်မြေ ပေရှားကို ပြန်ရောက်လာတဲ့အချိန်မှာ မင်တုန်နှင့်ကွေ့ဟွားတို့ နှစ်ယောက်လုံး စိတ်ပြေလက်ပျောက်ဖြစ်ကာ သက်သောင့်သက်သာရှိဘာရုံတင်မကဘဲ ကလေးနှစ်ယောက်တောင်မှ အလွန် ပျော်ရွှင်နေခဲ့ကြတယ်။

အန်းပေမှာရှိနေတုန်းက လီမင်တုန်နှင့် ကွေ့ဟွားတို့က နေ့ခင်းဘက်တွေမှာ အလုပ်သွားလုပ်ကြရတယ်။

ကလေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ မူကြိုအတန်းမှာနေပြီး နောက်တစ်ယောက်ကတော့ ကလေးထိန်းအတန်းမှာနေရကာ လုံးဝ မကစားခဲ့ရဘူးလေ။

ဒီတစ်ကြိမ် အိမ်ကိုပြန်ရောက်ပြီးချိန်မှာတော့ သူတို့တွေ တောင်ပေါ်ကိုလည်း သွားလို့ရသလို မြစ်နားကိုလည်း သွားကစားနိုင်တယ်။

ဒီတော့ နောက်နေ့မနက်စောစောမှာကလေးနှစ်ယောက်က ကျန်းကျန်း ကို မြစ်ထဲမှာ ဆော့ကစားဖို့ ဆွဲခေါ်သွားခဲ့ကြတယ်။ သူတို့တွေက နှင်းတွေကို နှင်းဘောလုံးတွေလုပ်ပြီး ဆော့ကစားလိုက်၊ လှေကားထစ်တွေ လုပ်ပြီး ကစားလိုက်နှင့် ဆော့ကစားနေကြတယ်။ သူတို့ သုံးယောက်က ရေခဲပြင်ထဲမှာ မွေးဖွားကြီးပြင်းလာသလိုဖြစ်နေခဲ့ကာ အိမ်နဲ့ တနေကုန် ဝေးကွာနေခဲ့တယ်။

ကျန်းကျန်းက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နိုင်ငံအနှံ့ ခရီးထွက်ခဲ့တယ်။ သူမက ပစ္စည်းအများအပြားဝယ်ယူခြင်းအပြင်၊ နေရာအသီးသီးက ရှေးဟောင်းရတနာတွေဖြစ်တဲ့ လက်ရေးလှတွေနှင့် ပန်းချီကားများစွာကိုလည်း ပြန်လည်ယူဆောင်လာခဲ့သေးတယ်။ အဆောက်အဦးကြီးတွေကလည်း ပစ္စည်းတွေနှင့် ပြည့်နှက်နေခဲ့ပြီ။

ကျန်းကျန်းက ဒီအတောအတွင်းမှာ တစ်နေ့တာလုံး ရှေးဟောင်းပစ္စည်း၊ လက်ရေးလှ၊ ပန်းချီစာအုပ်တွေကို ဘယ်လို သိမ်းဆည်းရမလဲဆိုတဲ့စိတ်တွေနှင့်သာ ပြည့်နေခဲ့ပြီး တစ်ခါတစ်ရံမှာဆိုရင် ညဘက် ခန္ဓာကိုယ်က အိပ်ပျော်သွားတဲ့တိုင်အောင် အသိစိတ်ကိုတော့ လှည့်ပတ်စစ်ဆေးဖို့ ထုတ်လွှတ်ထားခဲ့ရတယ်။

ဒါကြောင့် သူမရဲ့ အာရုံကြောတွေက အလွန်တင်းကြပ်နေခဲ့တယ်လို့ဆိုနိုင်တယ်။ အခုတော့ သူမရဲ့ တူလေးနှစ်ယောက်နဲ့အတူ ရေခဲပြင်ပေါ်မှာ ဆော့ကစားရင်း ကျန်းကျန်းတစ်ယောက် ရုတ်တရက် အလွန်လွတ်လပ်သလို ခံစားနေခဲ့ရတယ်။

တူလေးနှစ်ယောက်က ပြေးထွက်သွားတာကိုမြင်လိုက်ရတော့ ကျန်းကျန်းက ထူထပ်တဲ့ရေခဲပြင်ပေါ်မှာ တစ်ယောက်တည်း လှဲလျောင်းချလိုက်တယ်။ သူမ လက်နှစ်ဖက်ကို ခေါင်းအုံးကာ အပြာရောင်ကောင်းကင်ကိာ ကြည့်ရင်းနှင့် အသက်ကို ပြင်းပြင်းရှူရှိုက်နေခဲ့တယ်။ လက်ရှိမှာ သူမရဲ့တစ်ကိုယ်လုံးက အလွန်သက်တောင့်သက်သာရှိနေသလိုမျိုး ခံစားနေခဲ့ရတယ်။

အသားမုန့်လုံးက ပြေးလွှားနေရင်းနှင့် အဝေးကနေ ကျန်းကျန်း လှဲနေတာကိုမြင်တော့ နှင်းလုံးတစ်လုံးကောက်ယူကာ ကျန်းကျန်းရဲ့မျက်နှာကို ပစ်ချလိုက်လေတယ်။

ကျန်းကျန်း သူ့ဘက်ကိုလှည့်ကြည့်လိုက်တော့ သူက ရယ်မောပြီး ထွက်ပြေးသွားခဲ့တယ်။ ကျန်းကျန်း မျက်နှာပေါ်က နှင်းတွေကို ပြန်သုတ်လိုက်ပြီး ရေခဲပြင်ပေါ်ကနေ ပြန်ထလာကာ နှင်းဘောလုံးလေးတွေလုံးကာ အသားမုန့်လုံးဆီကို ပစ်ပေါက်လိုက်ပြီး သူ့ရဲ့ခေါင်းနောက်ဘက်ကို ထိသွာ့တာကြောင့် ဂုဏ်ယူစွာ ရယ်မောလိုက်လေတယ်။

ကောင်လေးနှစ်ယောက်က နေ့ခင်းဘက်မှာလည်း ရူးလောက်အောင် ဆော့ကစားထားခဲ့ကြပြီး ညဘက်ကို ရောက်ချိန်မှာလည်း ကွေ့ဟွားတို့နှင့်အတူ အနောက်ခန်းထဲမှာ မအိပ်ချင်ကြဘူး။

တစ်ယောက်က မဒမ်လီကို ပွေ့ဖက်ထားခဲ့ပြီး နောက်တစ်ယောက်ကတော့ ဝမ်စုဖန်းကို ပွေ့ဖက်ကာ အရှေ့ဘက်အခန်းမှာ အတူအိပ်ဖို့အတွက် ပူဆာနေခဲ့ကြတယ်။

နောက်ဆုံးမှာတော့ လူကြီးတွေကလည်း သဘောတူခဲ့တာကြောင့် စိတ်ကျေနပ်စွာနှင့် အရှေ့ဘက်အိမ်မှာ ပျော်ရွှင်စွာ အိပ်စက်နိုင်ခဲ့ကြတော့တယ်။

All Chapters