← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

လီမင်တုန်က သူ့ရဲ့သားနှစ်ယောက်က သူ့မိဘနှင့်အဖွားတို့ဆီမှာ အိပ်စက်မဲ့အကြောင်းကို ကြားတော့ ဒီရက်အနည်းငယ်အတွင်းမှာ စိတ်လွတ်လက်လွတ် အနားယူဖို့အတွက် မစောင့်နိုင်တော့ဘူး။ နံနက်ခင်း အိပ်ရာက စောစောမထရင် တံခါးခေါက်မဲ့ကောင်ဆိုးလေးတွေ မရှိတော့ဘူးလေ။

ဝမ်စုဖန်းက အလည်အပတ်ရောက်လာတဲ့ သားဖြစ်သူရဲ့မျက်နှာပေါ်မှ ဖုံးကွယ်လို့ မရနိုင်တဲ့ လျှို့ဝှက်ပျော်ရွှင်မှုကို မြင်တဲ့ သူ့အတွက် ခြေတစ်လှမ်းစာ ချန်ပေးလိုက်ရုံသာ တတ်နိုင်တော့တယ်။

“မင်းတို့တွေ အပြင်မှာ တစ်နေကုန်အလုပ်လုပ်ခဲ့ရတာဆိုတော့ ဒီအားလပ်ရက်အတွက်ရောက်လာတဲ့လမှာ ကောင်းကောင်းအနားယူလိုက်ကြလေ၊ ကလေးတွေ အိမ်ထဲမှာ အိပ်နေတာကို စိတ်ပူစရာမလိုဘူး၊ မနက်ခင်းမှာ ပိုပြီး ကောင်းကောင်းမွန်မွန်အိပ်ရင်း အနားယူလိုက်ကြ”

“ကောင်းပါပြီ”

လီမင်တုန်ရဲ့ ပါးစပ်က နားရွက်ကိုချိတ်လုမတတ် မြောက်တက်နေခဲ့ပြီးသူ့ရဲ့ ဇနီးသည်ကို ဆွဲခေါ်ကာ အပြင်ကို ထွက်သွားခဲ့တယ်။

ဝမ်စုဖန်းက လူငယ်စုံတွဲရဲ့ နောက်ကျောကို ကြည့်လိုက်ရင်း ရုတ်တရက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိရမိသွားခဲ့တယ်။

“ အိုး၊ အနောက်ဘက်အိမ်ခန်းထဲမှာ သန့်ရှင်းရေးသုံးတစ်သျှူးထည့်ပေးထားဖို့ မေ့သွားတယ်၊ မင်တုန် မြန်မြန်လေး တစ်လိပ်သွားယူလိုက်ဦး”

ဝမ်စုဖန်းရဲ့စကားကြောင့် ကွေ့ဟွားတစ်ယောက် တုန်ယင်ပြီး လဲကျလုနီးပါးဖြစ်သွားတာကိုမြင်တော့ မဒမ်လီက ရယ်မောသွားရတယ်။

*

လီမင်ပေက ပညာတတ်လူငယ်နေရပ်မှာ ရက်ပေါင်း ၂၀ ဆက်တိုက် နေထိုင်ခဲ့တယ်။ တရုတ်နှစ်သစ်ကူးကာလကိုရောက်ဖို့က လဝက်လောက်သာ ကျန်တော့တဲ့အချိန်မှာတော့ ပညာတတ်လူငယ်နေရပ်က သူတို့ကို တစ်လကျော် ခွင့်ပေးလာကာ လူနာပြင်္ကဒိန်ရဲ့ပထမလ ၊ ၂၀ရက်မြောက်နေ့မှာ ပညာတတ်လူငယ်နေရပ်ဆီသို့ ပြန်လည်အရောက်လာဖို့ ပြောခဲ့တယ်။

လီမင်ပေက သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို ထုပ်ပိုးပြီး အိပ်ယာလိပ်ကို နောက်ကျောပေါ်မှာထမ်းသယ်ကာ အိမ်သို့ပြန်လာခဲ့တယ်။ တချို့သော ပညာတတ်လူငယ်တွေက အားလပ်ရက်ရထားတဲ့အကြောင်းကို အိမ်ကို ကြိုပြောထားခဲ့တာကြောင့် သူတို့ရဲ့အိမ်က မနက်အစောကြီးကတည်းက စက်ဘီးနှင့် လာကြိုခဲ့ကြတယ်။

လီမင်ပေကတော့ ဒီအချိန်မှာ သူ့ရဲ့မိသားစုဝင်တွေ အလုပ်များနေမှာဖြစ်ကြောင်းကို သိနေခဲ့တာကြောင့် အိမ်သို့ စာမပို့ဘဲ ခေါင်းငိုက်စိုက်နှင့်သာ လမ်းလျှောက်လာခဲ့တယ်။

သုံးမိုင်အကွာလောက်ကို လမ်းလျှောက်လာပြီးနောက် ရုတ်တရက် “ခလင် ခလင်” လို့မြည်တဲ့ စက်ဘီးခေါင်းလောင်းသံကို ကြားလိုက်ရတယ်။

လီမင်ပေက ထိုစက်ဘီးမှာ လမ်းတောင်းလာခဲ့တယ်လို့ ထင်မှတ်ပြီး ခေါင်းမထောင်ဘဲ ဘေးသို့ရွှေ့ကာ ရှေ့ကို ဆက်လျှောက်သွားခဲ့တယ်။

ထိုအခိုက်မှာ ရုတ်တရက် သူ့နားထဲသို့ ရင်းနှီးကျွမ်းဝင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“မင်ပေ မင်းဘာလို့ ခေါင်းငုံ့ပြီး လမ်းလျှောက်နေရတာလဲ၊ လူတွေကို ဘယ်လိုမော့ကြည့်ရမလဲဆိုတာမသိဘူးလာ”

လီမင်ပေ ရုတ်တရက် ခေါင်းမော့ပြီး ကြည့်လိုက်တော့ စက်ဘီးကိုတွန်းရင်း ပြုံးပြနေတဲ့ လီမင်တုန်ကို တွေ့လိုက်ရတယ်။

သူ့ရဲ့မျက်လုံးတွေက ချက်ချင်းပဲ နီရဲလာခဲ့ပြီး အိပ်ယာလိပ်ကို နှင်းတွေပေါ်သို့ ပစ်ချလိုက်ကာ လျှင်မြန်စွာပြေးသွားခဲ့ပြီး လီမင်တုန်ကို မလွှတ်တမ်း ပွေ့ဖက်ထားလိုက်မိတယ်။

လီမင်တုန်တစ်ယောက် သူ့ထက်အရပ်ရှည်နေပြီဖြစ်တဲ့ ညီငယ်လေးကို တုံ့ဆိုင်းစွာ ပုတ်ပေးလိုက်ပြီး ရယ်ရမလို ၊ ငိုရမလိုနှင့် ပြောလိုက်မိတယ်။

“မင်း ဘာလို့ ငိုနေသေးတာလဲ၊ အိမ်က ဘယ်သူမှ မင်းကို လာမကြိုဘဲ ဒုက္ခခံခိုင်းထားမယ်လို့ ထင်နေတာလား”

“မဟုတ်ပါဘူး”

လီမင်ပေက သူ့ရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး သူ့ရဲ့ အစ်ကိုကြီးဖြစ်သူဆီကို သူ့ရဲ့ ဖြူဖွေးနေတဲ့ သွားတွေကို လှစ်ဟပြလိုက်တယ်။

“အစ်ကိုကြီးကို မတွေ့ရတာကြာလို့ စိတ်လှုပ်ရှားသွားတာ၊ ကျွန်တော် အစ်ကိုကြီးကို အရမ်းလွမ်းတယ်!”

“ မတွေ့တာကြာလို့ ပိုပြီး တုံးအလာတာလား”

လီမင်တုန် ရယ်မောလိုက်တယ်။

“ကောင်းပြီ ပြောစရာရှိတာကို အိမ်ပြန်ရောက်မှ ဆက်ပြောရအောင်၊ မင်းရဲ့ အိပ်ယာလိပ်ကို မြန်မြန်ယူလိုက်၊ ခဏနေ နှင်းတွေနှင့် စိုသွားလိမ့်မယ်”

လီမင်ပေက ချက်ချင်း တုံ့ပြန်လိုက်ပြီး အိပ်ယာလိပ်ကို သူ့ရဲ့နောက်ကျောမှာ ပြန်လွယ်လိုက်တယ်။ လီမင်တုန်က တခြားပစ္စည်းတွေကို လက်ကိုင်ပေါ်မှာ ချိတ်ထားပေးလိုက်တယ်။

ပစ္စည်းတွေက များလွန်းတာကြောင့် လီမင်တုန်က ညီဖြစ်သူပြုတ်ကျမှာကို စိုးရိမ်တာကြောင့် စက်ဘီးရဲ့နောက်ခုံမှာ အရင်ဆုံး ထိုင်ခိုင်းလိုက်တယ်။ ပြီးမှသာ သူလည်း စက်ဘီးပေါ်ကို တက်လိုက်ကာ စက်ဘီးကို နင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။

ဆောင်းရာသီအတွင်းမှာ လေပြင်းတွေလည်း တိုက်ခတ်ပြီး နှင်းတွေကလည်း အပြင်းအထန်ကျဆင်းနေခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ မျက်နှာကို မာဖလာနှင့် တင်းတင်းကြပ်ကြပ် အုပ်ထားခဲ့ရတယ်။

လမ်းတစ်လျှောက်မှာ ဘယ်သူကမှ စကားမပြောဖြစ်ခဲ့ကြဘူး။ သူတို့တွေ အိမ်ကိုပြန်ရောက်တော့ လီမင်ပေက သူ့ရဲ့မာဖလာကို ချွတ်လိုက်ပြီး အရှေ့ဘက်ခန်းပေါ်မှ ခန်ပေါ်မှာ တင်ကာ ကင်ထားလိုက်တယ်။

ကွေ့ဟွားက ထိုမာဖလာပေါ်မှာ ဆီးနှင်းတွေ ထူထပ်စွာရှိနေတာကို မြင်လိုက်ရတာကြောင့် လှမ်းပြောလာတယ်။

“အရင်ဆုံး မကင်ထားနှင့်ဦး၊ သတ်သတ် ဖယ်ထားလိုက်လေ၊ ငါ အဲဒါကို နောက်မှမင်းအတွက် လျှော်ပေးမယ်”

လီမင်ပေ ပြုံးပြီး ပြောလိုက်တယ်။

“ရပါတယ်၊ ဒါက ရက်နှစ်ဆယ်ပဲ သုံးထားသေးတာလေ၊ မညစ်ပတ်သေးပါဘူး”

“ချသာချထားလိုက်စမ်းပါ၊ မင်းတို့ရဲ့အခန်းထဲမှာ လူတွေအများကြီးနေတာမလား၊ နောက်ပြီး မီးခိုးနံ့တွေ၊ ဟင်းနံ့လို အနံ့အသက်တွေလည်း စွန်းထင်းလိမ့်မယ်၊ ကောင်းပြီ၊ မင်းအစ်ကိုနဲ့ စကားသွားပြောလိုက်ဦး၊ မာဖလာကို ဒီမှာထားလိုက်တော့”

ကွေ့ဟွားက ထိုမာဖလာကို ကောက်ယူလိုက်ပြီး နေ့လည်စာစားပြီးတဲ့နောက်မှာ လျှော်ဖွတ်ဖို့အတွက် ခန်ရဲ့ အစွန်းနားမှာ တင်ထားလိုက်တယ်။

လီမင်ပေက ပညာတတ်လူငယ် စခန်းကို သွားရပြီးတဲ့နောက်မှာ ဒါက ပထမဆုံးအကြိမ်အိမ်ကို ပြန်လာခဲ့တာပဲ။ ဝမ်စုဖန်းက မဒမ်လီပြောထားတာကို သတိရမိသေးတယ်။

သူမအနေနှင့် လီမင်ပေရဲ့ ကြိုးစားအားထုတ်မှုတွေကို ကြားရတော့မှာကို ကြောက်ရွံ့နေခဲ့တာကြောင့် ဘာကိုမှ မေးခွန်းမထုတ်ခဲ့ဘဲ မီးဖိုချောင်ထဲကိုပဲ တိုက်ရိုက်ဝင််ကာ ချက်ပြုတ်နေခဲ့တယ်။

မဒမ်လီ၊ လီမင်ပေ၊ လီမင်တုန်နှင့် ကျန်းကျန်းတို့ကတော့ အရှေ့ဘက်မှခန်ပေါ်မှာထိုင်ပြီး ပညာတတ်လူငယ်နေရပ်အကြောင်းကို ပြောနေခဲ့ကြတယ်။

လီမင်ပေ သူ့ခေါင်းကို ကုတ်လိုက်ပြီး မေးခွန်းတွေကို ပြန်ဖြေလိုက်တယ်။

“တကယ်တော့ ဘာမှ ထွေထွေထူးထူးလုပ်ရတာ မရှိဘူး၊ တောင်ပေါ်ကနေ သစ်ပင်တွေခုတ်ပြီး သစ်တွေကို ပြန်သယ်ပေးရတာပါပဲ၊

အိမ်မှာ ထင်းဆွဲတာမျိုးနဲ့တော့ မတူဘူး၊ သစ်တွေသယ်ဖို့အတွက် စည်းကမ်းတွေ ရှိတယ်၊ တောင်ပေါ်က ဆင်းရတာ မလွယ်ဘူးဆိုတော့ အစတုန်းကတော့ ကျွန်တော် တစ်ခေါက်ကို သစ်တစ်တုံးပဲ သယ်သွားနိုင်ခဲ့တာ၊

ဒါပေမဲ့ အဲလောက်နှင့်ဆိုရင် အလုပ်တာဝန်တွေမပြီးပြတ်နိုင်ခဲ့ဘူးလေ၊ ဒါကြောင့် နောက်တော့ ကျွန်တော် နှစ်တုံးတစ်ခါတည်းပေါင်းပြီး သယ်ခဲ့တယ်၊

ပထမပိုင်းရက်တော်တော်များများတုန်းကတော့ ကျွန်တော်ရဲ့ပုခုံးတွေ၊ လက်မောင်းတွေက အတော်လေး နာနေသေးတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ကျွန်တော် နေသားကျသွားလို့ အဆင်ပြေလာပါပြီ “

လီမင်တုန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့တယ်။

“မင်းရဲ့ ပုခုံးပေါ်ကို ထမ်းသယ်ရတာလား? ဖောင်နှင့် ဆွဲဖို့ ဘာလို့ မလုပ်တာလဲ”

ကျန်းကျန်း :”သစ်လုံးဆိုတော့ ကောက်ရိုးကြိုးနဲ့ ချည်ပြီး ဆွဲချလိုက်ရင် ပိုကောင်းမယ်”

လီမင်ပေ ခဏလောက် အံ့အားသင့်သွားခဲ့တယ်။

“အဲဒီတုန်းက ကျွန်တော်တို့မှာ ကောက်ရိုးကြိုးမရှိဘူးလေ၊ နောက်ပြီး တောင်ပေါ်တက်တဲ့လမ်းက ကွေးကောက်နေတယ်၊ အဲဒီသစ်သားတွေ နှစ်မီတာ သုံးမီတာလောက်ရှည်တာဆိုတော့ ဆွဲရတာမလွယ်ဘူး”

လီမင်တုန် သူ့ကို ကြည့်ပြီး ရယ်ရမလား ငိုရမလား မသိတော့ဘူး။

“ဒါဆို မင်း တောင်ပေါ်မှာဆိုရင် သယ်ပြီး မြေပြန့်ပေါ်ကိုရောက်ရင် ဆွဲသွားလို့ရတယ်လေ၊ ဒီလို နှင်းတွေထူထပ်တဲ့အချိန်မှာ နှင်းတွေက ချောနေတဲ့အတွက် မင်းကို ဒုက္ခတွေသက်သာ စေလိမ့်မယ်၊ ရာသီဥတု ပူလာပြီး နှင်းတွေ အရည်ပျော်ကျသွားရင်တော့ မင်း ဆွဲသွားလို့ မရဘူး”

ဒီအချိန်ကျမှ လီမင်ပေတစ်ယောက် သဘောပေါက်သွားခဲ့တယ်။

“အစ်ကိုကြီးက တကယ်ကို ဥာဏ်ရည်ထက်မြက်တာပဲ၊ ကျွန်တော် ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ”

သူက ကျန်းကျန်းတစ်ယောက် ရယ်မောနေတာကိုကြည့်ပြီး အလျှင်အမြန်ပဲ ထပ်ပေါင်းပြောလိုက်တယ်။

“ကျွန်တော်တင်မကဘူး၊ ကျွန်တော်တို့ လူငယ်နေရပ်က ဘယ်သူကမှ ဒါကို မတွေးတောမိခဲ့ကြဘူး၊ ကျွန်တော်ကမှ ပြီးခဲ့တဲ့ အားလပ်ရက်တုန်းက အိမ်ကို မပြန်ခဲ့ဘူး၊

ဒါပေမဲ့ တခြားအိမ်ကနေ ပြန်လာတဲ့သူတွေ အကုန်လုံးက ဘီစကစ်၊ အသားဆော့စ်၊ အရွက်ချဉ် ၊ ပန်ကိတ်အဲလိုအရာတွေကိုပဲ ပြန်ယူလာခဲ့ကြတယ်၊ ဘယ်သူကမှ လျှော်ကြိုးကို ယူမလာခဲ့ကြဘူး”

လီမင်တုန်က ခေါင်းညိတ်ပြီး ပြောလာတယ်။

“အင်း၊ မင်းနဲ့အတူတူပဲပေါ့၊ မင်းက မျက်လုံးနည်းနည်းလောက် ပိုကောင်းရုံပဲ”

မဒမ်လီက ဇလုံထဲမှ ဆေးကြောထားသော တည်သီးတစ်လုံးကို လှမ်းယူပြီး ကိုက်လုက်တယ်။

လီမင်ပေက ထိုနေရာမှာ စားသောက်ဖို့အစားအစာတွေအကြောင်းကို ပြောလာတဲ့မဲ့အရိပ်အယောင်တွေကိုမြင်တော့ သူမက စကားကို ပိတ်ပြီး ပြောလိုက်တယ်။

“မင်ပေ မင်းအမေနဲ့ ငါ စကားပြောပြီး ဆုံးဖြတ်ထားတယ်၊ မင်းပညာတတ်လူငယ်နေရပ်ကို ပြန်တဲ့အချိန်ကျရင် အရွက်ချဉ်နဲ့ ဆော့စ်တွေ ယူသွားလို့ရတယ်၊ နှမ်းကိတ်မုန့်နဲ့ ဘန်းမုန့်တွေ ယူချင်ရင်တော့ ကောက်နှံဆိုင်ကို သွားကြည့်လိုက်လေ၊ မင်းလည်း အခု ပိုက်ဆံရှာနိုင်နေပြီ၊ အခုပဲ ကိုယ့်ဘာသာကိုယ် အားကိုးရလိမ့်မယ်၊

အိမ်မှာနေတဲ့အချိန်မှာ စားဖို့သောက်ဖို့ကို ငါတို့တွေ ဂရုစိုက်စောင့်ရှောက်ပေးမယ်၊ အပြင်ဘက်မှာတော့ မင်းတို့တွေ ကိုယ့်ဘာသာကိုယ် အားကိုးရလိမ့်မယ်၊ ဒါက မင်းတစ်ယောက်တည်းအတွက်မဟုတ်ဘူး၊ မင်းတို့ ညီအစ်ကို သုံးယောက်လုံးအတွက်ပဲ”

လီမင်တုန်က ပါးစပ်ဖွင့်ပြီး တစ်ခုခုကို ပြောချင်ခဲ့တယ်။ အဆုံးမှာ ပညာတတ်လူငယ်နေရပ်မှ ရရှိခဲ့တဲ့ အလုပ်အမှတ်တွေနှင့် သူတို့တွေရရှိတဲ့လုပ်အားခတွေကြားမှာ ကွာဟချက်ကြီးကြီးမားမားရှိနေတယ်လေ။ ဒါပေမယ့် မဒမ်လီရဲ့ လေးနက်တဲ့အမူအရာကိုမြင်တော့ သူ မသိသေးတဲ့ အရာတစ်ခုခုရှိနေလောက်တယ်ဆိုတာကို နားလည်သွားခဲ့တာကြောင့် ပါးစပ်ကိုပြန်ပိတ်လိုက်ကာ ဘာကိုမှမပြောခဲ့တော့ဘူး။

လီမင်ပေ ခဏလောက် စဉ်းစားပြီး တွေးကြည့်ခဲ့တယ်။

သူ့ရဲ့အစ်ကိုသုံးယောက်လုံးက အိမ်ကို ပိုက်ဆံတွေ ပြန်ပို့ပေးကြတယ်။ လီမင်ပေ သူ့ရဲ့ တစ်လအတွက်ရရှိတဲ့ပိုက်ဆံကို တိတ်တဆိတ်ရေတွက်ကြည့်လိုက်တော့ စားစရာကလွဲရင် အပိုအလျံကျန်တာ အမှန်တကယ်ကို မရှိကြောင်း ဝမ်းနည်းစွာတွေ့ရှိခဲ့ရလေတယ်။

ဒါ့အပြင် သူက ဘောပင်တစ်ချောင်းနှင့် လဲလှယ်ရန် သုံးယွမ်ကို သုံးစွဲခဲ့ရပြီး ပညာတတ်လူငယ်နေရပ်မှာ အစားအသောက်အတွက် အကြွေးတင်နေတုန်းပဲ။

လီမင်ပေ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်မိတယ်။

“မိသားစုဆီက ကျွန်တော် မတောင်းပါဘူး၊ အဲဒါ...”

သူ့မျက်နှာက အနည်းငယ် နီရဲနေခဲ့တယ်။

“ကျွန်တော်တို့မှာ အလုပ်ရမှတ်တွေ တော်တော်နည်းနေတော့ အခု မိသားစုကို ပြန်ပေးလို့ မရနိုင်ဘူး”

All Chapters