အခန်း (၁၆၀)
Vol. 16 Ch. 160
လီမင်ပေဆီမှာ ဒီလိုအသိစိတ်ရှိနေတာကိုမြင်တော့ မဒမ်လီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။
“ဒီကိစ္စအတွက်တော့ နှစ်အနည်းငယ်လောက် နှောင့်နှေးလိုက်ရအောင်၊ ဒါပေမယ့် ငါတို့တွေ သဘောတူထားကြမယ်၊ အနာဂတ်မှာ မင်းလက်ထပ်ပြီးသွားပြီဆိုရင် မင်းရဲ့မိဘတွေကို ပင်စင်ငွေပေးရမယ်၊ မင်းရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကြောင့် ဆင်းရဲတယ်ဆိုရင် ဆင်းရဲသလောက်၊ ချမ်းသာတယ်ဆိုရင် ချမ်းသာသလောက်ပေါ့၊ ငါတို့တွေ ဒါကို ငါတို့တွေ ဘာမှ ပြောမှာမဟုတ်ဘူး”
အိမ်ထောင်ပြုမဲ့အကြောင်းကိုပြောတော့ လီမင်ပေက သူပညာတတ်လူငယ်နေရပ်ဆီသို့ မသွားခင်တုန်းကလိုမျိုး စိတ်လှုပ်ရှားမနေတော့ဘူး။
သူက ခဏလောက်ကြာအောင် တိတ်ဆိတ်သွားပြီး မဒမ်လီဆီကို ပြုံးပြလာတယ်။
“ကျွန်တော် ဘယ်အချိန်ကျမှ လက်ထပ်နိုင်မလဲဆိုတာ မသိတော့ဘူး”
ဒီစကားလုံးတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဓိပ္ပါယ်ကိုကြားပြီးနောက် မဒမ်လီက တစ်ဖက်မိန်းကလေးမှ လီမင်ပေကို မချစ်ဘူးဆိုတာကို နားလည်သွားခဲ့တယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ သူမ မသိတာကြောင့် နှစ်သိမ့်လိုစွာနှင့်သာ ပြောခဲ့တယ်။
“မင်းက ငယ်ပါသေးတယ်၊ လက်ထပ်တာ စောလွန်းရင်လည်း မကောင်းဘူး၊ မင်းရဲ့မိသားစုကို ထောက်ပံ့နိုင်တဲ့အချိန်ကျမှ အိမ်ထောင်ပြုရင်လည်း နောက်မကျသေးပါဘူး”
လီမင်ပေက ခေါင်းညိတ်ပြလိုက်တော့ ဘေးမှာရှိနေတဲ့ လီမင်တုန်က ပြုံးပြီးပြောလာတယ်။
“အဲဒါကို ပြောရရင် ကျွန်တော်က တကယ်ကို အခွင့်ကောင်းယူခဲ့တာပဲ၊ ကျွန်တော်က လက်ထပ်ပြီးချိန်မှာတောင် ကွေ့ဟွားနှင့် အသားမုန့်လုံးကို အိမ်မှာထားပြီး ပြုစုစောင့်ရှောက်ဖို့ ခိုင်းမိခဲ့တယ်”
မဒမ်လီ: “ဒါက မတူဘူးလေ၊ ကွေ့ဟွားက ငါတို့မိသာ့စုထဲမှာ ကြီးပြင်းလာခဲ့ပြီး ငါတို့ရဲ့ကိုယ်ပိုင်ကလေးလိုမျိုးပဲ၊ မင်းနှင့် လက်ထပ်တာဖြစ်ဖြစ်၊လက်မထပ်တာဖြစ်ဖြစ် ဘာမှ ထူးခြားမသွားဘူး”
“ဘာကြောင့် ကွာခြားမှု မရှိရမှာလဲ၊ ကျွန်တော်နှင့်သာ လက်မထပ်ရင် အသားမုန့်လုံးနဲ့ ပဲမုန့်လုံးကို ရနိုင်ပါ့မလား”
လီမင်တုန်က ပြုံးဖြဲဖြဲနှင့် ပြောလာတယ်။
မဒမ်လီက အော်ရယ်လိုက်တယ်။
“အသားမုန့်လုံးနဲ့ ပဲမုန့်လုံးတို့ရှိရုံလောက်နှင့် မလုံလောက်သေးဘူးနော်၊ မင်းနှစ်ယောက်က ငါ့မြေးမလေးတစ်ယောက် ပေးဖို့အတွက် အလုပ်ကြိုးစားရဦးမယ်၊ သူကို သကြားမုန့်လုံးလို့ ခေါ်မယ်”
ကျန်းကျန်းက ချက်ချင်းလက်မထောင်ပြပြီး ထောက်ခံလိုစွာနှင့် ခေါင်းညိတ်ပြလိုက်တယ်။
“ဒီနာမည်က အရမ်းကောင်းတယ်၊ ကြားလိုက်ရုံနှင့်ကို အရသာရှိမှန်းသိသာတယ်”
မွန်းတည့်ချိန်မှာတော့ ဝမ်စုဖန်းနှင့်ကွေ့ဟွားတို့က အရသာရှိတဲ့ဟင်းပွဲတွေကို ချက်ပြုတ်ခဲ့ကြတယ်။
ဒီနေ့မှာ လီမင်နန်ကလည်း မုန်ရှောင်ရှီကို ခေါ်လာခဲ့လေတယ်။ မုန်ရှောင်ရှီက ကွေ့ဟွားကို ပထမဆုံးမြင်ဖူးတာ ဖြစ်လို့ အနည်းငယ် စိမ်းသက်နေဆဲဖြစ်ပြီး သူမရဲ့ လှပတဲ့မျက်နှာလေးက ရှက်ရွံ့မှုကြောင့်နီရဲနေခဲ့ကာ’ယောက်မ’ဆိုပြီး အသံတိုးတိုးနှင့် နှုတ်ဆက်လာတယ်။
“ရှောင်ရှီလား”
ကွေ့ဟွားက ပြုံးလိုက်ပြီး သူမရဲ့လက်ကို ဆုပ်ကိုင်ထားရင်း ပြောလိုက်တယ်။
“မင်း အရမ်းကြည့်ကောင်းတာပဲ၊ ဒီနှစ်ရက်လောက်အတွင်းမှာ မင်နန်ဆီကနေ မင်းအကြောင်းတွေကို ငါ အတော်လေး နားထောင်လိုက်ရတယ်”
မုန်ရှောင် ထိုစကားကိုကြားတော့ လီမင်နန်ရဲ့ မျက်နှာကို ပျော်ရွှင်မှုအပြည့်နှင့် ပြန်ကြည့်လိုက်တယ်။
“မင်နန်ကလည်း အကြီးဆုံးအစ်ကိုနဲ့ ယောက်မတို့ရဲ့အကြောင်းကို မကြာခဏ ပြောတတ်ပါတယ်”
ဝမ်စုဖန်းက သူမရဲ့ချွေးမနှစ်ယောက်က လိုက်လျောညီထွေရှိနေတဲ့အတွက် ပျော်ရွှင်နေပြီး လှမ်းပြောခဲ့တယ်။
“ ကွေ့ဟွား၊ ရှောင်ရှီနှင့် စကားပြောဖို့ အိမ်ထဲကို ဝင်သွားလိုက်လေ ၊ ဒီကအလုပ်တွေကို ငါတစ်ယောက်တည်း လုပ်လိုက်လို့ရတယ်၊ ဒီမှာ မင်းကူညီစရာ မလိုဘူး”
မုန်ရှောင်ရှီက ရှက်ရွံ့နေတာကို မြင်နေခဲ့တာကြောင့် ကွေ့ဟွားက လီမင်နန်ငယ်ငယ်က အဖြစ်အပျက်ကို ပြောပြဖို့အတွက်ဆိုတဲ့အကြောင်းပြချက်နှင့် သူမကို အိမ်ထဲသို့ခေါ်သွားပြီး ခန်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။
မုန်ရှောင်ရှိ ရောက်လာတာကြောင့် လီမိသားစုဟောင်းက ထမင်းစားချိန်မှာ ခန်ပေါ်ကို မသွားတော့ဘဲ စားပွဲဝိုင်းကြီးတစ်ခု ချလိုက်ကြတယ်။
လီမင်ပေက ရက်ပေါင်းနှစ်ဆယ်ကြာအောင် ကန်စွန်းဥပန်ကိတ်တွေကိုသာ စားခဲ့ရပြီး သူ့ရဲ့ပါးစပ်ထဲမှာ မြေကြီးရနံ့နှင့် ပြည့်နေခဲ့ပြီ။
သူ စားပွဲကို ကြည့်လိုက်တော့ ဂေါ်ဖီထုပ်နှင့် ချက်ထားတဲ့ ဝက်ဗိုက်သား၊ ပဲငံပြုဝုရညာနှင့် နှပ်ထားတဲ့ အာလူးတွေ၊ ငံပြာရည်နဲ့ ပေါင်းထားတဲ့ ငါးကြင်းဖြူ၊ မုန်လာဥနီနှပ်နှပ်ထားတဲ့ အသားဟင်းတွေအားလုံးက သူ့မျက်လုံးရှေ့မှာရှိခဲ့တယ်။
သူက ပန်ကိတ်ကို တစ်ကိုက် ကိုက်လိုက်ပြီး အသားတစ်ပိုင်းကို ပါးစပ်ထဲသို့ထည့်လိုက်ကာ မျက်ရည်တွေ ကျဆင်းလာရတော့တယ်။
“ကျွန်တော်တို့မိသားစု အစားအစာတွေက အရသာရှိနေတုန်းပဲ”
မုန်ရှောင်ရှီက လီမင်ပေရဲ့ မျက်ရည်တွေနှင့်စားသောက်နေတာကို မြင်တော့ အသာ ပြောလိုက်မိတယ်။