နတ်ဘုရား-ယောင်၏ လျှို့ဝှက်ဆန်းကြယ်မှု
Vol. 69 Ch. 1110
အက်ဂ်လက်စ် ယခု အမှောင်လဆီသို့ လာရခြင်း၏ အဓိကမှာ လာလာရီယာနှင့် အိုလီဖီးယက်စ်ကို လာရောက်တွေ့ဆုံရန် ဖြစ်သည်။ သူ၏သမီး နှစ်ယောက်က ပင်လယ်သေ ရတနာ ရှာပုံတော်တွင် သေလုနီးပါး ဖြစ်ခဲ့ရသည်ကို ကြားရာ သူ ချွေးစေးများပင် ပြန်သွားခဲ့သည်။
ထိုရတနာမြေပုံက အမှန်စင်စစ် သူ၏ စုဆောင်းမှုများထဲမှ တစ်ခု ဖြစ်သည်။ ၎င်းက ရှေးခေတ် ပင်လယ်သတ္တဝါမျိုးနွယ် တိုင်းပြည်တစ်ခု၏ ရတနာတည်နေရာကို မှတ်တမ်းတင်ထားသည်ဟု ဆိုကြသည်။ အမှန်စင်စစ်မူ မသေချာပေ။ နောက်ပိုင်း လာလာရီယာက ခိုးယူသွားခဲ့ပြီး အိုလီဖီးယက်စ်ကိုပါ ရတနာရှာရန် ခေါ်ဆောင်သွားခဲ့သည်။ အကယ်၍ ချန်လွေ့သာ အချိန်မီ ရောက်မလာခဲ့ပါက သူတို့က ကြောက်မက်ဖွယ် ကောင်းသော အသူရာချောက်နက် အဓိကယဇ်ပလ္လင်၌ သေဆုံးသွားကြမည် ဖြစ်သည်။
ထိုရတနာမြေပုံက အသူရာချောက်နက် အရှင်သခင်များ တမင်တကာ ချန်ခဲ့ခြင်း မဟုတ်ကြောင်းကို ချန်လွေ့ သိသည်။ ထိုမြေပုံက တကယ့် ရတနာသိုက်ကို မှတ်ထားခြင်း ဖြစ်နိုင်သော်လည်း အချိန်များစွာ ကြာမြင့်သွားရာ ပင်လယ် သတ္တဝါ မျိုးနွယ်စုသည် အသူရာ ချောက်နက်တို့၏ အဓိကယဇ်ပလ္လင်အဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူက ဗက်ဇယ်နာနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်ကို ခံစားမိခဲ့သည်။ သို့မဟုတ်ဘဲ ခြေတစ်လှမ်း နောက်ကျခဲ့ပါက အကျိုးဆက်များမှာ ဆိုးရွားသွားပေလိမ့်မည်။
အက်ဂ်လက်စ်က တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။ “ချန်လွေ့။ မင်း ခုနကက ပြောတာ အဲဒီအမျိုးသမီးရဲ့ နာမည်က ဖိုက်သွန် ဟုတ်လား။”
“ဟုတ်ပါတယ်။ အရှင်မင်းကြီးက သူ့အကြောင်း ကြားဖူးလို့လား။”
“သူတော့ မဖြစ်နိုင်ဘူး… နာမည် တူတာများလား။” အက်ဂ်လက်စ်က တစ်ယောက်တည်း တိုးတိုးရေရွတ်နေရင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ “နေဦး။ သူက နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းကို ပြန်ရောက်အောင် လုပ်နေတယ်လို့ ပြောတယ် ဟုတ်လား။ ဒါဆိုရင်တော့ သူပဲ ဖြစ်ရမယ်။”
“ခင်ဗျား ခန့်မှန်းတာ မှန်နိုင်တယ်။” ချန်လွေ့က ပခုံးကို တွန့်ပြလိုက်သည်။ “ဖိုက်သွန်ရဲ့ စွမ်းအားက နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်ပါ။ အခြေအနေ တချို့ကြောင့် သူ့ရဲ့စွမ်းအား ကျဆင်းသွားပြီးတော့ အခု တစ်ဆင့်ချင်း ပြန်ရလာအောင် လုပ်နေတာ။”
“သူပဲ သေချာတယ်။” အက်ဂ်လက်စ်က ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည်။ “ငါ နဂါးကျွန်းကနေ လေ့ကျင့်ဖို့ ထွက်လာတုန်းက ငါ့အဖေ ခရူစီယာက ဘယ်တော့မှ မငြိသင့်တဲ့ လူအနည်းငယ် ရှိတယ်လို့ သတိပေးဖူးတယ်။ အဲဒီနာမည် တွေထဲမှာ စေတန်နဲ့ ဖိုက်သွန်တို့ ပါဝင်တယ်။ ကံဆိုးချင်တော့ အဲဒီတုန်းက ငါက လူငယ်သဘာဝ မာနကြီးခဲ့တယ်။ တိုးတက်မှုတစ်ခု ရပြီးတော့ စေတန်ကို စိန်ခေါ်ချင်စိတ် ပေါက်သွားပြီး နောက်ဆုံး အလွယ်လေး ရှုံးနိမ့်ခဲ့ရတယ်။ စေတန်က ငါ့အဘိုး စီရှောင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိခဲ့ရင် အခုချိန်လောက်ဆို ငါ ပြာမှုန် ဖြစ်သွားလောက်ပြီ။”
“ရှင့်အဘိုး စီရှောင်ကြောင့် မဟုတ်ဘူး။ ရှင့်အဘိုးရဲ့ အဘိုး မီအာ့စ်တိုကြောင့်ပဲ။” ဖိုက်သွန်၏ ခံစားချက်ကင်းမဲ့သော အသံ ထွက်ပေါ်လာသည်။ “ရှင် တွေ့ခဲ့တာ စေတန်ရဲ့ ကိုယ်ပွားပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီကောင်က ဘယ်တော့မှ ခင်မင်မှုကို တန်ဖိုးထားတဲ့ကောင် မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပွား ငွေရောင်သေတ္တာရဲ့ စွမ်းအားကို နားလည်ဖို့ ကြိုးစားရင်း အိပ်စက်နေတာ ဖြစ်လောက်တယ်။ ဒါကြောင့် ပြင်ပ အကြောင်းအရာတွေက သူ့ကို မထိခိုက် စေချင်တာ။ မဟုတ်ရင် ရှင်က သမိုင်းရဲ့ ပြာမှုန် ဖြစ်သွားပြီ။ နဂါးနက်လေး။”
“ဟမ့်..” အက်ဂ်လက်စ်က ဖိုက်သွန်ကို တစ်ချက်ကြည့်လိုက်သည်။ အမှန်စင်စစ် အသက်အရ ဖိုက်သွန်နှင့် စေတန်တို့က သူ့ထက် အသက်များစွာ ကြီးမားသော တစ်ခေတ်တည်းက စွမ်းအားရှင်များ ဖြစ်လင့်ကစား ‘နဂါးနက်လေး’ ဟူသော အခေါ်အဝေါ်က နဂါးဧကရာဇ်အတွက် နားထဲတွင် ကသိကအောက် ဖြစ်စေ၏။
“နဂါးတွေ အပေါ်မှာ ကျွန်မရဲ့ သုံးသပ်ချက်ကို ရှင် မကျေနပ်ဘူးလား။ အဲဒီတုန်းက မီအာ့စ်တိုကိုလည်း ကျွန်မ ဒီအတိုင်းပဲ ပြောခဲ့တာ။” ဖိုက်သွန်က ခနဲ့လိုက်၏။ “မကြိုက်ရင် နောက်တစ်ခါ ထပ်ချလို့ရတယ်။ ရှင့်ရဲ့ နတ်ဘုရား-ယောင် ဘဝက ခုမှ ပုံပေါ်ခါစ ရှိသေးတာ။ ယုံကြည်မှုနဲ့ သက်တမ်းတောင် လုံးဝ ပေါင်းစပ်နိုင်တာ မရှိသေးဘူး။ ရှင် ဘယ်လို နည်းနဲ့မှ ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ အဲဒီ ‘နဂါးနတ်ဘုရားမျက်လုံး’ ရှိနေရင်တောင် အသုံးမဝင်ဘူး။ ရှင့်ရဲ့ အခုလက်ရှိ ‘နဂါးနတ်ဘုရားမျက်လုံး’က အရည်အသွေးနိမ့် အဆောင်ပစ္စည်းပဲ။ အဲဒီတုန်းက ပျက်စီးသွားပြီးတော့ လုံးဝ ပြန်မကောင်းတော့ဘူး။”
အက်ဂ်လက်စ်က “မကြိုက်ရင် နောက်တစ်ခါ ထပ်ချလို့ရတယ်” ဟူသော စကားကို ကြားရာ ဒေါသပေါက်ကွဲမတတ် ဖြစ်သွားသော်လည်း နောက်ဆက်တွဲ စကားများကို ကြားရာ စိတ်ငြိမ်သွားသည်။ “ကျုပ် နတ်ဘုရား-ယောင် အဆင့်ကို တက်လှမ်းနိုင်တာက သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ရဲ့ နဂါးစွမ်းအားအမြုတေကြောင့်ပါ၊ အဲဒါက အမှန်တော့ နတ်ဘုရား-ယောင်ဘဝ တစ်ခုပါပဲ။ ဒါပေမဲ့ ယုံကြည်မှုနဲ့သက်တမ်း ပေါင်းစပ်တဲ့နေရာ တစ်ခုခု လွဲနေတယ်။ အဲဒါကို အကြံဉာဏ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
အက်ဂ်လက်စ်က ထိုစကားများကို အမှန်စင်စစ် ချန်လွေ့ထံ ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ သူ၏ အမြင်တွင် ချန်လွေ့က နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ သူ့အား သင့်တော်သော အကြံဉာဏ်များ ပေးနိုင်မည်ဟု ယူဆ၏။ ကံဆိုးစွာပင် ချန်လွေ့ ‘နတ်ဘုရား-ယောင်’က သာမန် လေ့ကျင့်သူများနှင့် လုံးဝ ကွဲပြားသည်။ သူ့တွင် နတ်ဘုရား-ယောင်ဘဝပင် မရှိ။ ထို့ကြောင့် သူက အဖြေကို မပေးနိုင်ဘဲ ဖိုက်သွန်ထံသို့ အကြည့်လွှဲလိုက်ရသည်။
“ရှင် လူမှား မေးနေပြီ။ နဂါးနက်လေး။” ဖိုက်သွန်က အက်ဂ်လက်စ်ကို မဲ့ပြုံး တစ်ဝက်ဖြင့် ကြည့်လိုက်၏။ “သူက အခု ဘာမှ မမှတ်မိတော့ဘူး။ ဒါကြောင့် ကျွန်မပဲ ပြောပြမယ်။”
အက်ဂ်လက်စ်က ချန်လွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ဖိုက်သွန် လိမ်မပြောမှန်း သိလိုက်သည်။ ထိုသူက တကယ်ပင် မသိခြင်း (သို့မဟုတ် မမှတ်မိ) ဖြစ်ပုံရသည်။ သူက ဖိုက်သွန်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး လေးနက်စွာ ဆိုလိုက်၏။ “အကြံပေးပါဦး...”
ထိုအမူအရာကြောင့် ဖိုက်သွန်က ခေါင်းညိတ်လိုက်သည်။ “နတ်ဘုရား-ယောင်နဲ့ နတ်ဘုရား တစ်ပိုင်းကြားက အခြေခံအကျဆုံး ကွာခြားချက်က သာမန် ဥပဒေသတွေ စွမ်းအား အဆင့်အထိ မြင့်တက်သွားတာ မဟုတ်ဘူး။ တိုင်းပြည်၊ ယုံကြည်မှုနဲ့ သက်တမ်း ပေါင်းသွားတာ။ နတ်ဘုရားတစ်ပိုင်း တကယ့်တိုင်းပြည်ကို ဝိညာဉ်ထဲ တစ်ဆင့်ချင်း ထည့်သွင်းပြီး ယုံကြည်မှုနဲ့ သက်တမ်းရဲ့ အမြုတေအဖြစ် ဖွဲ့စည်းရတယ်။ ဝိညာဉ် မသေနေသရွေ့ အမြုတေ ပျောက်သွားမှာ မဟုတ်ဘူး။ ဒါကို ‘နတ်ဘုရား-ယောင်ဘဝ’ လို့ ခေါ်တယ်။”
ချန်လွေ့က ထိုသို့သော သီတရီကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ရာ မေးလိုက်သည်။ “တကယ့် တိုင်းပြည်ကို ဝိညာဉ်ထဲ ဘယ်လို ထည့်သွင်းရမလဲ။”
“ပထမဆုံး အနေနဲ့ ရှင့်မှာ တကယ့် တိုင်းပြည်တစ်ခုနဲ့ မင်းအပေါ် လုံးဝ သစ္စာရှိတဲ့ သတ္တဝါတွေ အများကြီး လိုအပ်တယ်။ ဒါတွေက အမှန်တော့ နတ်ဘုရားတစ်ပိုင်း အဆင့်မှာ အခြေခံ ချထားရတဲ့ အရာတွေ။ ပြီးရင် ဝိညာဉ်ထဲ နေရာလွတ်တစ်ခု ဖန်တီးသလိုမျိုး တိုင်းပြည်ထဲက တကယ့်အရာအားလုံးကို အဲဒီထဲ ပေါင်းထည့်ရတယ်။ ဒီလိုမျိုး ပေါင်းစပ်မှုက ဥပဒေသကို အရည်အသွေး အရ ပြောင်းလဲစေပြီးတော့ အရှိန်အဝါ ဖြစ်လာစေတယ်။”
“နေရာလွတ်တစ်ခု ဖန်တီးတာလား။” ချန်လွေ့က တစ်စုံတစ်ခုကို ခပ်ရေးရေး တွေးမိသွားသည်။ “ဒါဆို တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ရဲ့ တိုင်းပြည်က စွမ်းအင်နဲ့ တည်ဆောက်ထားတာ။ နယ်မြေကနေ တိုင်းပြည် ပြောင်းတာက အရည်အသွေး ပြောင်းလဲမှုရဲ့ ယေဘုယျ ဘောင်တစ်ခုနဲ့ တူတယ်။ နတ်ဘုရား တစ်ပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်ရဲ့ တိုင်းပြည်ကတော့ စိတ်ကူးယဉ် စွမ်းအင် တိုင်းပြည်ကနေ ပြောင်းလာတဲ့ တကယ့် အရာဝတ္ထုတစ်ခုပဲ။ တိုက်ပွဲမှာ အကူအညီ ပေးဖို့ တိုင်းပြည်ရဲ့ ကိုယ်ပွားကို သုံးနိုင်ပေမယ့် တိုင်းပြည်က ကိုယ်နဲ့ သီးခြားဖြစ်နေတုန်းပဲ။ နတ်ဘုရား-ယောင် အဆင့်မှာတော့ တိုင်းပြည်က နတ်ဘုရား-ယောင်ဘဝထဲ ပေါင်းစပ်သွားပြီး ကိုယ့်ရဲ့ အစိတ်အပိုင်း လုံးဝ ဖြစ်သွားတာလား။”
၎င်းမှာ ဗုဒ္ဓဘာသာ၏ အချို့သော တရားတော်များမှ ကျင့်ကြံ သိမြင်မှု အဆင့်နှင့်တူနေသကဲ့သို့ပင်။ တိုင်းပြည် ဖန်တီးခြင်းက တောင်ကို တောင်ဟုမြင် ရေကိုရေဟုမြင်ခြင်းနှင့် တူနေ၏။
နတ်ဘုရားတစ်ပိုင်းအဆင့်က တောင်ကိုတောင်ဟုမမြင် ရေကိုရေဟုမမြင်ခြင်းနှင့် တူသည်။
နတ်ဘုရား-ယောင် အဆင့်က မူလ နေရာသို့ ပြန်ရောက်သွားခြင်းနှင့် တူ၏။ - တောင်ကိုတောင်ဟုမြင်၊ ရေကိုရေဟုမြင် ခြင်းပင်။ သို့သော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက လုံးဝကို ကွဲပြားသော အရည်အသွေးပြောင်းလဲမှုတစ်ခု ရှိနေ၏။
“ဒါကတော့ အခြေခံပဲလေ။ မင်း ဒါကို မမေ့သေးဘူး မလား။” အက်ဂ်လက်စ် ချန်လွေ့ကို သိလိုစိတ်ဖြင့် မေးသော်လည်း ဆက်မမေးတော့ဘဲ ဖိုက်သွန်ဘက်သို့ လှည့်လိုက်သည်။ “ကျုပ် အခု တိုင်းပြည်ကို ပေါင်းစပ်တဲ့ နေရာမှာ အခက်အခဲတချို့နဲ့ ကြုံနေရတယ်။”
အက်ဂ်လက်စ် ကြုံတွေ့နေရသော အခက်အခဲများကို ဖိုက်သွန် ကြားရာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “အကြောင်းရင်းက ရှင်းရှင်းလေးပါ။ ရှင့်ရဲ့ တိုင်းပြည် ယုံကြည်မှု စွမ်းအားက အရည်အသွေးရော အရေအတွက် မလုံလောက်လို့ပဲ။ ယုံကြည်မှုကို တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းလို့ ပြောလို့ရတယ်။ ယုံကြည်မှု ပိုသန့်စင်ပြီး ကြီးမားလေ၊ နတ်ဘုရား-ယောင်ဘဝက ပိုခိုင်မာလေ၊ စွမ်းအား ပိုကြီးမားလေ၊ သက်တမ်း ပိုကျယ်ပြန့်လေပဲ။ ဥပမာတစ်ခု ပြောရရင် ရှင့်ရဲ့ လက်ရှိ နတ်ဘုရား-ယောင်ဘဝရဲ့ သက်တမ်းက ကျွန်း တစ်ကျွန်းဆိုရင် စေတန်နဲ့ ကျွန်မက ပင်လယ်တစ်ခုပဲ။”
အက်ဂ်လက်စ် တုန်လှုပ်သွားခဲ့သည်။ ဖိုက်သွန်၏ နက်နဲလှသော ရှင်းပြချက် များကြောင့် နားမလည်နိုင် ခက်ခဲသော အချက်များ ဖြေရှင်းပြီးသား ဖြစ်သွား၏။
ယုံကြည်မှုစွမ်းအားကို လေ့ကျင့်ခြင်းနှင့် ခံစားသိရှိခြင်းက တစ်ညတည်းနှင့် ပြီးမြောက်နိုင်သော အလုပ် မဟုတ်ပေ။ အချိန်ကြာမြင့်စွာနှင့် စွမ်းအင်များစွာ လိုအပ်သည်။ အသုံး အများဆုံး အခြေအနေမှာ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အနိမ့်ဆုံး အခြေအနေတွင် ထားရှိနိုင်သော အိပ်စက်ခြင်း အခြေအနေ တစ်မျိုးသို့ ဝင်ရောက်ခြင်း ဖြစ်ပြီး ထိုသို့ဖြင့် ဝိညာဉ်က တိုင်းပြည်ထဲတွင် ယုံကြည်မှုကို လွတ်လပ်စွာ နားလည် ခံစားနိုင်မည် ဖြစ်သည်။
ဖိုက်သွန်က နတ်ဘုရား-ယောင်၏ ယုံကြည်မှု အသုံးပြုပုံ အချို့နှင့် အိပ်စက်ခြင်း အခြေအနေ၏ လျှို့ဝှက် ပညာရပ်များကိုလည်း ရှင်းပြခဲ့သည်။ အက်ဂ်လက် အာရုံစိုက် နားထောင် နေမိသည်။ ဘေးမှ နားထောင်နေသော ချန်လွေ့က အဘယ်ကြောင့် ကောင်းကင် တမန်သုံးပါးနှင့် ဆာရီရယ်၊ စေတန်၊ ဖိုက်သွန် (ငွေရောင်သေတ္တာထဲတွင်) အပါအဝင် အထွတ်အထိပ် နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်များအားလုံးက ရှည်လျားသော‘အိပ်စက်ခြင်း’သို့ မကြာခဏ ဝင်ရောက်ကြကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
နတ်ဘုရား-ယောင်၏ သက်တမ်းက အလွန် ရှည်လျားသော်လည်း အဆုံးမရှိ မဟုတ်ပေ။ အိပ်စက်ခြင်းက ယုံကြည်မှုကို နားလည်လေ့ကျင့်ရန် နတ်ဘုရား-ယောင် တိုင်းပြည်ကို ချဲ့ထွင်အားကောင်းစေရန် သာမက သက်တမ်း ကုန်ဆုံးနှုန်းကိုလည်း များစွာ လျှော့ချပေးသည်။
ချန်လွေ့က မေးလိုက်မိ၏။ “ခင်ဗျားရဲ့ လက်ရှိ နတ်ဘုရား-ယောင် ဘဝက ဘယ်လို အခြေအနေရှိလဲ။”
“အဲဒီတုန်းက အပြင်းအထန် ထိခိုက် သွားခဲ့လို့” သိဒ္ဓိအလင်းတောင်၌ ဖိုက်သွန် ချန်လွေ့နှင့် တိုက်ခိုက်ခဲ့သည့် အချိန်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ “ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ ဝိညာဉ် ပေါင်းစပ်နိုင်တဲ့ ရုပ်ခန္ဓာက လုံးဝနီးပါး သန့်စင်လို့ ငါ့ရဲ့ ဝိညာဉ် ပေါင်းစပ်မှုက တော်တော်လေး ပြည့်စုံတယ်။ ငါ့ရဲ့ တိုင်းပြည်စွမ်းအားကို ကောင်းကောင်း လက်ခံနိုင်တယ်။ ပြီးတော့ အဲဒီနေရာမှာ ငါ့ရဲ့ အရင် လေ့ကျင့်မှုကြောင့် ပြန်ကောင်းမွန်မှုက အခြေအနေတွေ ကောင်းနေတယ်။ အခု လောလောဆယ်တော့ နတ်ဘုရား-ယောင် ကနဦးပိုင်း အဆင့်ကို ပြန်ရောက်ဖို့က ရေတို ကန့်သတ်ချက်ပဲ။ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်ကို အမြန်ဆုံး ပြန်ရောက်ဖို့အတွက် ငါ ဖြတ်လမ်းနည်း တစ်ခုခု သုံးရမယ်။”
“ခင်ဗျားပြောတဲ့ ဖြတ်လမ်းနည်းက…” ချန်လွေ့က ဖိုက်သွန်၏ အက်ဂ်လက်စ်နှင့် အရင်တိုက်ပွဲတွင် ပြောခဲ့သော စကားကို သတိရသွားသည်။ “တခြားသူတွေရဲ့ တိုင်းပြည်ကို ဝါးမျိုတာလား။”
“နတ်ဘုရား-ယောင်ဘဝ ဝါးမျိုတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ လူတိုင်းမှာ ဒီလိုစွမ်းရည်မျိုး မရှိဘူး။ နတ်ဘုရား-ယောင်ဘဝမှာ ကြီးမားတဲ့ စွမ်းအား ရှိတယ်။ သတိမထားရင် တစ်ပါတည်း ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ ကျွန်မမှာ ဒီပါရမီ ရှိနေတယ်။ ရလာတဲ့ စွမ်းအားက ကိုယ်တိုင်လေ့ကျင့်ထားတာ လိုပြီးတော့ သန့်စင်ပြီး အားကောင်းမှာ မဟုတ်ဘူး။ လိုချင်တဲ့ အာနိသင်ရဖို့ အတွက် ချေဖျက် ပေါင်းစပ်ဖို့ အချိန်ပိုကြာတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စွမ်းအားကို အလျင်အမြန် ချဲ့ထွင်ဖို့ တစ်ခုတည်းသော ဖြတ်လမ်းပဲ။”
“ပြိုင်ဘက်ရဲ့ နတ်ဘုရား-ယောင် ဘဝအဆင့် ပိုမြင့်လေ ကျွန်မအတွက် အကျိုးကျေးဇူး ပိုများလေပဲ။ ဥပမာ ဒီနဂါးနက်လေးလိုပေါ့။ ဝါးမျိုပြီးရင် နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းကို ပြန်ရောက်ဖို့ ဒါမှမဟုတ် ‘တက်လှမ်း’ တယ်လို့ ခေါ်လို့ရတဲ့ အခြေအနေကို ကြိုးစားကြည့်လို့ရတယ်။” ဖိုက်သွန်က ဘေးမှ ‘နဂါးနက်လေး’ အက်ဂ်လက်စ်ကို ကြည့်လိုက်သည်။ သူက နားလည် ခံစားမှုထဲ နစ်မြုပ်နေပြီး ထိုအချိန်တွင် အခြေအနေ တစ်မျိုးသို့ လုံးဝကို ဝင်ရောက်နေပြီဖြစ်ရာ အခြားအရာများကို သတိမထားမိတော့ပေ။
ချန်လွေ့ ဖိုက်သွန်နှင့် သဘောတူမည် မဟုတ်သည်မှာ သေချာပေသည်။ “တခြားနည်းလမ်း မရှိဘူးလား။”
“ဒါဆို တခြား တစ်ယောက်ကို ပြောင်းလိုက်လေ။ အခု စေတန်ကို ဝါးမျိုဖို့ ကျွန်မကိုပေး။ ကျွန်မ နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်ကို တစ်ခါတည်း ပြန်ရောက်သွားနိုင်တယ်။ အပြည့်အဝ ချေဖျက်ဖို့ အချိန်ရရင် ကျွန်မ စွမ်းအားက အရင်ထက်တောင် ပိုကြီးလာလိမ့်မယ်။”
“ဒါကတော့ ခက်လွန်းတယ်။” ချန်လွေ့ ခါးသီးစွာ ပြုံးလိုက်သည်။ “ကျုပ်က ခင်ဗျားရဲ့ စွမ်းအား အမြန်ပြန်ကောင်း လာတာကို အားကိုးပြီးတော့ သူ့ကို ရင်ဆိုင်ချင်တာ။ ဒါကြောင့် အရင်ကလိုပဲ အဲဒီ အထူးလောကထဲက ‘ကြယ်အဆင့် တိုးမြှင့်ခြင်း’ကိုပဲ စမ်းကြည့်လေ။ ကျုပ် မိတ်ဆွေတွေရဲ့ အခြေအနေအရတော့ တော်တော်လေး ကောင်းပါတယ်။”
“ကောင်းပြီလေ။ ဒါပေမဲ့ အရင်က နဂါးနက်လေးနဲ့ ပေးခဲ့တဲ့ ဥပမာအရဆိုရင် ကျွန်မ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်ကို ပြန်ရောက်ရင်တောင် ကျွန်မရဲ့ တိုင်းပြည်က ပင်လယ် တစ်ခုစာပဲ ရှိမှာ။ တစ်ကမ္ဘာလုံး ပါရင်တောင် ဘာဖြစ်လဲ။ ဒဏ္ဍာရီထဲက နတ်ဘုရား တိုင်းပြည်က ကောင်းကင်က ကြယ်စင်စုတွေလိုမျိုး ကျယ်ပြန့်တယ်။ အဲဒီထဲမှာ မရေမတွက် နိုင်တဲ့ သက်ရှိတွေ ရှိတယ်။ အဲဒါမှ တကယ့် နတ်ဘုရားဘဝပဲ။”
ထိုသို့ပြောပြီးနောက် ဖိုက်သွန်၏ ချန်လွေ့ကို ကြည့်သော အကြည့်မှာ အနည်းငယ် ပို၍ နက်နဲသွားခဲ့သည်။ “ပုံမှန်ဆိုရင် နတ်ဘုရားသွေး ဒါမှမဟုတ် နတ်ဘုရားဘဝ အပိုင်းအစတွေကို သယ်ဆောင်ထားတဲ့ နတ်ဘုရား မျိုးဆက်တွေ တနည်းအားဖြင့် တကယ့် နတ်ဘုရားတစ်ပိုင်းတွေတောင် အခက်အခဲကို ကျော်ဖြတ်ပြီး တကယ့် နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်ကြဘူး။ ဒါပေမဲ့ တခြားသူတွေ မမီနိုင်တဲ့ အမြင့်ကို ထိတွေ့နိုင်ပြီး တကယ့် နတ်ဘုရား ဖြစ်နိုင်မယ့်လမ်းကို လျှောက်လှမ်းနိုင်တဲ့ ပါရမီရှင် တချို့တော့ ရှိနိုင်တယ်။”
ချန်လွေ့ သက်ပြင်းချလိုက်သည်။ ဟုတ်ပြီလေ။ ဘာပဲဖြစ်ဖြစ် ပိုပိုပြီးတော့ နက်နဲလာတာပဲ။ ကျုပ်က အဲဒီလူပဲလို့ ပြောလိုက်ပါတော့လား။
အထင်လွဲခြင်းကို တမင်တကာ ပိုမို နက်ရှိုင်းစေပြီးနောက် ထိုပုဂ္ဂိုလ်၏ စိတ်က ပိုမိုရှင်းလင်းလာသည်။ “ကျုပ် အခုတော့ နားလည်သွားပြီ။ မိုက်ကယ်နဲ့ တခြား သူတွေ ယုံကြည်မှုကို ခိုးယူရတဲ့ အကြောင်းရင်းက မရေမတွက်နိုင်တဲ့ အလင်းယုံကြည်သူတွေရဲ့ ယုံကြည်မှု စွမ်းအားကို သုံးပြီးတော့ သူတို့ရဲ့ တိုင်းပြည်ကို အဆက်မပြတ် ချဲ့ထွင်ဖို့ပဲ။ သူတို့က ‘အရေအတွက်ပြောင်းလဲမှု’ကို သုံးပြီးတော့ နတ်ဘုရား-ယောင်ဘဝရဲ့ တကယ့် ‘အရည်အသွေးပြောင်းလဲမှု’ကို ဖြစ်စေချင်နေတာ။ အဲဒီကနေ နတ်ဘုရား လမ်းစဉ်ကို လိုက်ချင်တာပဲ။ ပြီးတော့ ခင်ဗျား ပြောခဲ့တဲ့ ဖန်တီးခြင်းဇစ်မြစ်နဲ့ ပျက်စီးခြင်းဇစ်မြစ် နားလည်ခံစားတာက နောက်တစ်နည်းပဲ။ အရည်အသွေး ပြောင်းလဲမှု ရှုထောင့်ကနေ တိုက်ရိုက် စတင်တာ။ ဘာလို့လဲဆို ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းက စကြဝဠာရဲ့ အခြေခံ အကျဆုံး ဥပဒေသတွေ ဖြစ်လို့ပဲ...”
“တကယ်တော့ ဒီသီဝရီကို ကျွန်မ ပြောခဲ့တာ မဟုတ်ဘူး။” ဖိုက်သွန်က ချန်လွေ့၏ မျက်လုံးကို တည့်တည့် ကြည့်လိုက်သည်။ “ပြီးတော့ ဒါက သီဝရီ သက်သက်လည်း မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ဒီလမ်းကို ကိုယ်တိုင် လျှောက်လှမ်းခဲ့ဖူးတယ်။ အဲဒီတုန်းက သူ နောက်ဆုံးအဆင့်ကို ထိလုနီးပါး ဖြစ်ခဲ့တယ်လို့ ပြောလို့ရတယ်။ အခုတော့ သူ အောင်မြင်သွားလား ရှုံးနိမ့် သွားလား ကျွန်မ မသေချာဘူး။”
ချန်လွေ့က ထိုသီဝရီကို စေတန်အား ပြောပြခဲ့စဉ် စေတန်၏တုံ့ပြန်မှုမှာ သူ့တွင် ‘မိတ်ဆွေဟောင်း’တစ်ဦး ရှိခဲ့ကြောင်းဟူ၍ ဖြစ်သည်။ စေတန်၏ အမြင်တွင် ထိုမိတ်ဆွေဟောင်းမှာ ဖိုက်သွန် မဟုတ်ဘဲ ချန်လွေ့ဟု အမြဲပင် အထင်မှား ခံနေရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်၏။
“ကျုပ် ဘယ်လို အထင်လွဲမှားမှုကိုမှ ရှင်းပြချင်စိတ် မရှိတော့ဘူး။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ခင်ဗျားက တစ်စုံတစ်ယောက်ကို တစ်ခုခု ပြန်ပြီး သတိရအောင် ကြိုးစားနေမယ် ဆိုရင် သိသိသာသာကို ကျရှုံးနေပြီ။ ဘာလို့လဲ ဆိုတော့ ဒါက နွားအရှေ့မှာ စောင်းတီးပြ နေသလိုပါပဲ… အဲ… ဒီစကားက အဆင့် အနိမ့်ဆုံး နတ်ဆိုးသားရဲ တစ်ကောင်ကို ဂီတသီဝရီ နားလည်အောင် တီးပြနေ သလိုမျိုးပါပဲ။ နားလည်ရဲ့လား...”
“နားလည်ပါပြီ။” ဖိုက်သွန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။ “ဆာ-အဆင့်အနိမ့်ဆုံး နတ်ဆိုးသားရဲ...”
ချန်လွေ့ - “…”