အထူးဆုလာဒ်
Vol. 69 Ch. 1105
“ရှင် ထွက်လာတာ နှစ်လကျော်ပြီ။ လူသား လောကမှာနေခဲ့တဲ့ အချိန်နဲ့ ပေါင်းရင်ပေါ့။” ကတ်သရင်း ခေါင်းပေါ်မှ လနှစ်စင်းကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ပြန်ဖို့ အချိန်တန်ပြီ။”
ချန်လွေ့က ရယ်မောလိုက်လေသည်။ “ကိုယ့်ရဲ့ ဧကရီက ကိုယ့်ကို အသုံးချ ပြီးတော့ ပထုတ်တော့ မလို့လား။ မင်းရဲ့ အစွမ်းက ခုထိ...”
“သူတို့ကို မလွမ်းဘူးလား။” ကတ်သရင်းက ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “အရင်တစ်နေ့က ရှင် ငိုင်နေတုန်းက ကျွန်မအကြောင်း စဉ်းစားနေတာလို့တော့ မပြောနဲ့နော်။”
ချန်လွေ့ တုန်လှုပ်သွားပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ အခု ကိုယ် ကိုယ့်ကိုယ်ကို လူယုတ်မာ တစ်ယောက်လို ခံစားနေရတယ်။”
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မမှာ မတူညီတဲ့အမြင် ရှိတယ်။” ကတ်သရင်း လေးနက်စွာ ခေါင်းခါလိုက်၏။ “‘အခု’မှ မဟုတ်ဘူး။ ရှင်က ‘အမြဲတမ်း’ လူယုတ်မာ တစ်ယောက် ဖြစ်ခဲ့တာ။”
ချန်လွေ့က ခါးသီးစွာ ပြုံးလိုက်၏။ “ကိုယ် ဝန်ခံပါတယ်။”
“အရူးမ တစ်ယောက်က ဒီလူယုတ်မာ မရှိဘဲ မနေနိုင်တာ တစ်ခုပဲ။” ကတ်သရင်း သူ၏ပါးကို နမ်းလိုက်သည်။ “ဘယ်သူက ဒီလူယုတ်မာကို သူ့ရဲ့ ယောကျာ်း၊ သူ့သမီးရဲ့ အဖေ ဖြစ်ခိုင်းတာလဲ။”
“ကတ်သရင်း...”
“အရူးမက ကျွန်မတစ်ယောက်တည်းမှ မဟုတ်တာ။ ဟုတ်တယ် မဟုတ်လား။ ကြင်ရာတော် မင်းသားက ဂုဏ်ယူနေ သင့်တယ်။” ကတ်သရင်း အနည်းငယ် ပြုံးလိုက်၏။ “ဒါပေမဲ့ အခု ရှင့်အတွက် အရေးအကြီးဆုံးက အသီနာနဲ့ အတူ ရှိနေဖို့ပဲ။ သူက ရှင့်ကို အလိုအပ်ဆုံး အမျိုးသမီးပဲ။ ရှင် သူ့ကို လွမ်းနေမှန်း ကျွန်မ သိတယ်။ ပြီးတော့ သူတို့ကိုလည်း လွမ်းနေမှန်း သိတယ်။ ကျွန်မ နည်းနည်း မနာလိုဖြစ်ပေမဲ့ ကျွန်မရဲ့ဘေးနားမှာ ရှင် မရှိတဲ့အခါ ကျွန်မကိုလည်း ရှင် ဒီလိုပဲ လွမ်းနေမှာပဲလို့ စိတ်ကူးကြည့်လို့ရတယ်။ ဒီလိုဆိုတော့ ကျွန်မရဲ့ စိတ်ထဲမှာ ပိုပြီး မျှတသွားတာပေါ့။”
ချန်လွေ့ ခေါင်းညိတ်ပြီး အရိပ်နက် အင်ပါယာ ဧကရီ၏ ခါးကို ညင်သာစွာ ဖက်ထားလိုက်၏။ “တောင်းပန်ပါတယ်။ မင်း သူ့ကို အလိုအပ်ဆုံး အချိန်တုန်းက ဒီအသိတရားမဲ့တဲ့ လူယုတ်မာက ဘေးမှာ မရှိခဲ့ဘူး။”
သူက ကတ်သရင်း ကိုယ်ဝန် ဆောင်နေချိန်ကို ပြောနေခြင်းဖြစ်သည်။ ထိုအချိန်က ကတ်သရင်း သော်သော်ကို ကိုယ်ဝန်လွယ်ထားမှန်းပင် သူ မသိခဲ့ဘဲ ကတ်သရင်းနှင့် ရိုင်ဇန်ကို အနိုင်ယူရန်သာ စဉ်းစားနေခဲ့သည်။
“ကျွန်မတို့ ဒီနေ့ ဒီအခြေအနေကို ရောက်လာရတဲ့ အကြောင်းရင်းက ရှင်နဲ့ ကျွန်မသမီးလေးကြောင့်ပဲ... ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ နောင်တရမှာ မဟုတ်ဘူး။ ရှင်လည်း နောင်တ မရသင့်ဘူး” ကတ်သရင်းက ခေါင်းကို သူ၏ပခုံးပေါ်သို့ ညင်သာစွာ မှီလိုက်၏။ “အနာဂတ်မှာ ရှင် ခက်ခဲတဲ့ တိုက်ပွဲတွေ အများကြီး ရင်ဆိုင်ရမှာကို သိတယ်။ ကျွန်မတို့က ရှင့်ကို မကူညီနိုင်ရင်တောင် ဝန်ထုပ်ဝန်ပိုးတော့ ဘယ်တော့မှ ဖြစ်စေမှာ မဟုတ်ဘူး။ ရှင် အများကြီး တွေးနေစရာ မလိုပါဘူး။ လုပ်သင့်တယ်လို့ ထင်ရင် လုပ်သာလုပ်လိုက်ပါ။”
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး စကား မပြောတော့ပေ။ သူက ကတ်သရင်းကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်၏။ ထို့သို့သော အမျိုးသမီးအား သူ ဘာများ ထပ်ပြောနိုင်ဦးမည်နည်း။
“မကြာသေးခင်က ရှင့်ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ထောက်ရှုပြီးတော့...” ကတ်သရင်းက ရုတ်တရက် လျှို့ဝှက် ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူ၏နားနား ကပ်ကာ တီးတိုးပြောလိုက်သည်။ “ကျွန်မ ရှင့်ကို အထူးဆုလာဘ်တစ်ခု ပေးမယ်။”
“ဘယ်လို အထူး ဆုလာဘ်မျိုးလဲ။” ချန်လွေ့၏ မျက်လုံးများ အရောင်တောက် သွားသည်။ ဧကရီအရှင်မ၏ နောက်ဆုံး ‘အထူးဆုလာဘ်’မှာ သူ အမြဲတမ်း တပ်မက်ခဲ့သော အပျိုစင် ဘဝကို ပေးအပ်ခြင်း ဖြစ်ခဲ့သည်။
“ဒီတစ်ခါတော့ ကျွန်မရဲ့ စကားကို နားထောင်ပြီးတော့ အမွေခံ စကြဝဠာထဲ အရင်သွားကြရအောင်။ ဟုတ်ပြီလား။”
“မင်း ဆိုလိုတာက... အဲဒီမှာ လုပ်... လုပ်ဖို့လား။” ချန်လွေ့က ထိုကဲ့သို့သော အကြံပြုချက်ကြောင့် အံ့အားသင့်သွား၏။ ‘ဉာဏ်ပညာနတ်ဘုရားမ’ ဖြစ်ပြီးနောက် ကတ်သရင်း၏ ဝိညာဉ်တစ်စက စူပါစနစ် ကြယ်စင်စု နတ်ဘုရားရုပ်တုတွင် ထာဝရ တည်ရှိနေမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းက စူပါစနစ် ကြယ်စင်စု ယုံကြည်မှုကို အလိုအလျောက် လက်ခံပြီး အသက် စွမ်းအားကို သူ၏ မူလ ခန္ဓာကိုယ်သို့ ပြန်လည် ပို့ဆောင်ပေးသည်။ ချန်လွေ့က လုံလောက်သော ခွင့်ပြုချက် ပေးထားသည့် အခြေအနေအောက်တွင် သူ၏ အသိစိတ်က စူပါစနစ်ထဲသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်ပြီး ထိုဝိညာဉ် တစ်စနှင့် ပေါင်းစည်းကာ ကိုယ်ပိုင် အသိစိတ်ကို ရရှိနိုင်ပေသည်။
“မရဘူးလား။” ကတ်သရင်း၏ ကြယ်တာရာကဲ့သို့ အနက်ရောင် မျက်လုံးများက ဉာဏ်ပညာအလင်းရောင် တစ်ချက် လက်သွား၏။
“ရတာပေါ့။”
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ နှစ်ဦးက ကြယ်စင်စု နတ်ဘုရား ကျောင်းတော်သို့ ရောက်ရှိသွားကြသည်။
“အတော်လေး လှပတဲ့ နန်းတော်ပဲ၊ ဒီကိုရောက်တာ ပထမဆုံး အကြိမ် မဟုတ်ပေမဲ့ပေါ့။”
ကတ်သရင်းက ချန်လွေ့၏ လက်ကို ဆွဲကာ နန်းတော် အဆောက်အအုံစု အတွင်းရှိ အိပ်ခန်းသို့ လျှောက်သွားသည်။ ထိုအရာမှာ ကတ်သရင်း၏ ‘ဉာဏ်ပညာ နန်းတော်’ ဖြစ်ပြီး အရာအားလုံးကို ကတ်သရင်း၏ ဆန္ဒအတိုင်း စီစဉ် ပြောင်းလဲနိုင်ပေသည်။
“ဒီလို နေရာမျိုးမှာ ကိုယ်တို့က ဝိညာဉ် အခြေအနေနဲ့ ရှိနေတာက...” ချန်လွေ့က ဧကရီမင်းမြတ်၏ သွယ်လျသည့် ခါးကို ဖက်လိုက်ပြီး မျက်စိ မှိတ်ပြလိုက်သည်။ “မင်း သိပါတယ်။”
ဝိညာဉ် အခြေအနေဟု ဆိုလိုက်ရာ ချန်လွေ့က သိဒ္ဓိအလင်းတောင်ထိပ်တွင် ဖိုက်သွန်နှင့် ဝိညာဉ်ချင်း ပေါင်းစည်း ခဲ့သည်ကို သတိရသွားမိလေသည်။ ထိုအရသာက အလွန်အမင်း သာယာ ကြည်နူးဖွယ်ကောင်းသော်လည်း တစ်ဦးကို တစ်ဦး လှည့်စားရန် ကြိုးပမ်းနေသည့် အခြေအနေအောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖိုက်သွန်က ယခုအခါတွင် သူ၏ လက်အောက်ငယ်သား ဖြစ်နေလေပြီ။ အပိုအတွေးများ မရှိသော်လည်း သူ၏ ဝိညာဉ်ထဲမှ ထူးခြားသော ခံစားချက်မှာမူ မေ့မရနိုင်စရာပင်။
ဝိညာဉ် အခြေအနေဟု ဆိုလျှင် ယခုအချိန် ဗာရိုနီကာတစ်ဦးတည်းသာ အမှန်တကယ် ပြည့်စုံသော ဝိညာဉ်ခန္ဓာ ဖြစ်လေသည်။
ဗာရိုနီကာအပေါ်တွင် သူက အမြဲတမ်း အပြစ်ရှိသလို ခံစားရသည်။ ‘အာသာ’ ၏ အသိစိတ်ကို လုံးဝ ပေါင်းစည်းနိုင်ရန် သူက ထိုဇာတ်ကောင်ထဲတွင် နှစ်မြှုပ်ခဲ့ပြီး နောက်ဆုံးတွင် ခီလီယာနာ၏ စိတ်ဆန္ဒကို ဖယ်ရှားကာ လက်ဇ်နှင့် ဆက်ဆံရေးကို ဖြေရှင်းခဲ့သဖြင့် ‘အာသာ’ နောင်တမရှိဘဲ လုံးဝ ပျောက်ကွယ် သွားနိုင်ခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ချန်လွေ့က ‘အာသာ’ နေရာကို အစားထိုးခဲ့ပြီး ဗာရိုနီကာ၏ နှလုံးသားထဲတွင် မေ့ဖျောက် မရသော အမှတ်အသား တစ်ခုကို ကျန်ရစ်စေခဲ့သည်။
သူက ဒုတိယလူကို ဘယ်တော့မှ ကြိုက်နှစ်သက်တော့မည် မဟုတ်ပေ။
သူ ပြန်မွေးဖွားနိုင်လျှင်ပင် ထိုနေရာမှ ထွက်ခွာသွားမည် မဟုတ်ပေ။
....
ထိုအရာများမှာ ဖိုက်သွန်၏ အကဲဖြတ်ချက်များသာ ဖြစ်သည်။ ၎င်းမှာ ၎င်းမှာ တိကျမှန်ကန်ကြောင်း ချန်လွေ့ ဝန်ခံရပေမည်။
“ဘာတွေ စဉ်းစားနေတာလဲ။” ထိုကဲ့သို့ အာရုံပျံ့လွင့်နေသည်ကို ဧကရီအရှင်မ၏ မျက်လုံးများမှ ဖုံးကွယ်ထား၍ မရပေ။ “တခြားမိန်းမတွေ အကြောင်းလား။”
“မင်း အတွေးလွန်နေပြီ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ချန်လွေ့က လျင်မြန်စွာ ခေါင်းခါလိုက်သည်။ မိန်းမတစ်ယောက်၏ ရှေ့တွင် အခြား မိန်းမတစ်ယောက် အကြောင်း ပြောခြင်းက ရှောင်ကြဉ်ရမည့် အရာဖြစ်ပြီး အခြားမိန်းမများအကြောင်း စဉ်းစားခြင်းမှာမူ ပို၍ပင် ဆိုးလေသည်။
အကယ်၍ ယခု ဝန်ခံလိုက်ပါက သူ လူယုတ်မာ တစ်ဦး မဟုတ်တော့ဘဲ လူမိုက်တစ်ဦးနှင့် ငတုံးတစ်ဦး ဖြစ်သွား ပေလိမ့်မည်။
“ဟွန်း!” ကတ်သရင်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။ သူ စကား ပြောတဲ့အခါ ဘယ်ဘက်လက်သန်းက လှုပ်သွားတယ်။ ဒါက လိပ်ပြာမလုံတဲ့ စိတ်ကို ဖော်ပြနေတဲ့ လက္ခဏာပဲ။ သူ ခုနက စိတ်ထဲတွင် မလုံမလဲရှိနေတာ သေချာတယ်။
ဒါပေမဲ့... ထားလိုက်ပါတော့လေ။ သူ အရိပ်နက်အင်ပါယာမှာ အချိန်အကြာကြီး နေခဲ့ပြီးပြီပဲ။ သူက တကယ် နှလုံးသား မရှိတဲ့သူဆိုလျှင် သူ မဟုတ်တော့ဘူး။ အခုက ဖော်ထုတ်ဖို့ မလိုပါဘူးလေ။
“တခြားဘာမှ မစဉ်းစားဘဲ မင်းနဲ့ စကားစမြည် ပြောကြတာပေါ့...” ချန်လွေ့က အနည်းငယ် အပြစ်ရှိသော စိတ်ဖြင့် ကတ်သရင်းကို ဖက်လိုက်ပြီး နှုတ်ခမ်းများကို နမ်းလိုက်သည်။ ထိုအချိန် သူ ရုတ်တရက် သတိဝင်သွားသည်။ လှည့်ကြည့်လိုက်ရာ သူ၏ နောက်တွင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရပြီး ထိုသူက ချန်လွေ့ကို မှင်တက်စွာ စိုက်ကြည့်နေ၏။
ဗာရိုနီကာ...
ဗာရိုနီကာက ဉာဏ်ပညာနန်းတော်သို့ ဘယ်လိုရောက်လာတာလဲ။ ဒီအချိန်ကြီး မှာလား။
“တောင်းပန်ပါတယ်!” ဗာရိုနီကာ ကိုယ်တိုင်လည်း ကတ်သရင်းနှင့် ချန်လွေ့တို့ ‘အကြည်စိုက်’ နေသည့် မြင်ကွင်းကို တွေ့ရမည်ဟု မမျှော်လင့် ထားပေ။ သူ၏ မျက်နှာက ရုတ်တရက် နီရဲသွားပြီး လှည့်ထွက်သွားသည်။
တံခါးနားသို့ မရောက်ခင်မှာပင် ခန်းမဆောင် တံခါးက အလိုအလျောက် ပိတ်သွား၏။ ကတ်သရင်း လုပ်လိုက်ခြင်း ဖြစ်သည်။
“တကယ်တော့...” ကတ်သရင်းက ပြုံး၍ ပြောလိုက်သည်။ “ကျွန်မက မစ်-နတ်ဝင်သည်ကို ဒီကိုလာဖို့ စိတ်နဲ့ ‘အမိန့်’ ပေးလိုက်တာ။ အရေးပေါ် အခြေအနေ ရှိတယ်လို့ သူ့ကို ပြောလိုက်တယ်။ ယောက်ျား တစ်ယောက်ရဲ့ ရာဂကြီးတဲ့ ဘက်ကို ပြခဲ့မိတဲ့အတွက် တောင်းပန် ပါတယ် ဗာရိုနီကာ။”
ဗာရိုနီကာ၏ မျက်နှာ နီမြန်းနေ၏။ သူက ဘာပြောရမှန်း မသိသောကြောင့် “တောင်းပန်ပါတယ်” ဟူ၍သာ ထပ်မံ ပြောလိုက်လေသည်။
“တောင်းပန်သင့်တာက ကျွန်မပါ။” ကတ်သရင်း ခေါင်းခါလိုက်ပြီး ချန်လွေ့ကို လက်ညှိုးထိုးလိုက်ပြန်သည်။ “ပြီးတော့ ဒီလူပေါ့။”
ချန်လွေ့က နစ်နာသလို ခံစားလိုက် ရသည်။ ဒါက အသေအချာကို မင်းပဲ စီစဉ်ခဲ့တာပဲ ဟုတ်ပြီလား။ ဒါက ဗာရိုနီကာကို သူရဲ့ ပိုင်ဆိုင်မှု ပြဖို့လား။
“အပြစ်ကင်းချင်ယောင် ဆောင်နေတာလား။ အတောင်းပန်သင့်ဆုံးက ရှင်ပဲ။”
ကတ်သရင်းက ချန်လွေ့၏ ခါးကို အားဖြင့် ဆွဲလိမ်လိုက်သည်။ “ဗာရိုနီကာ ရှင့်အပေါ် ဘယ်လို ခံစားနေရလဲဆိုတာ ကျွန်မတောင် မြင်နိုင်သေးတာပဲ။ ရှင် ဘာမှ မခံစားရဘူးလို့တော့ မပြောနဲ့။ ရှင့်အပေါ် ထားထားတဲ့ ခံစားချက်ကို အခွင့်ကောင်းယူပြီး သူ့ကို အလဟဿ စောင့်ခိုင်းထားမလို့လား။ ဒါမှမဟုတ် ရှင်က တကယ်ပဲ လူတွေကို ရှင့်အမိန့် နာခံရမယ့် နတ်ဝင်သည်လို့ သဘောထား နေတာလား။”
ချန်လွေ့က ကတ်သရင်း ထိုသို့သော စကားကို ပြောလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ခေါင်းငုံ့ကာ ဘာမှမပြောဘဲ နေနေသော ဗာရိုနီကာကို ကြည့်လိုက်ရာ သူက အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်။”
“တကယ်တော့... တောင်းပန်ရမှာက ကျွန်မပါ။” ကတ်သရင်း သက်ပြင်းချပြီး ပြောသည်။ “ဘာလို့လဲဆိုတော့ ကျွန်မ ခုနက ပြောခဲ့တာတွေက အပေါ်ယံ ဖုံးကွယ်ထားတာ။ တကယ့်အကြောင်းရင်း အမှန်ကတော့ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှာ မစ်-ဆယ်လီ တနည်းအားဖြင့် ဖိုက်သွန်က ကျွန်မကို သီးသန့် ချဉ်းကပ်ပြီး ဗာရိုနီကာအကြောင်း ပြောပြခဲ့လို့ပဲ။”
“ဖိုက်သွန်လား။” ချန်လွေ့ အံ့အားသင့် သွားခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ဖိုက်သွန်က ရှင့်လို လူမျိုးကို စိတ်မဝင်စားဘူး။” ကတ်သရင်းက ချန်လွေ့ကို မျက်စောင်းထိုးလိုက်၏။ “သူ စဉ်းစားနေတာက ရှင့်ရဲ့အစွမ်းကို ဘယ်လို အမြန်ဆုံး တိုးမြှင့်ပေးမလဲဆိုတာပဲ။ ဒါမှ ရှင် နောက်၁၀နှစ်အကြာမှာ ကြောက်စရာ ကောင်းတဲ့ စေတန်ကို ရင်ဆိုင်နိုင်မှာ။ အခု အကြီးဆုံး အကျပ်အတည်းက နောက်ထပ် ၁၀နှစ်မှာ ရင်ဆိုင်ရမယ့် စေတန် မဟုတ်တော့ဘူး။ နောက်၃နှစ်မှာ ရင်ဆိုင်ရမယ့် ကောင်းကင်တမန် ၃ပါး ဖြစ်နေပြီ! နောက်၃နှစ်အတွင်းမှာ ရှင်က စေတန်နဲ့ ယှဉ်နိုင်တဲ့ ရန်သူ ၃ယောက်ကို ရင်ဆိုင်ရတော့မှာ!”
ဗာရိုနီကာ တုန်လှုပ်သွားခဲ့လေသည်။ သူက တိမ်စီးနင်းအင်ပါယာ၏ တိုက်ရိုက် မျိုးဆက်ဖြစ်ပြီး ခီလီယာနာ၏ ဝိညာဉ် မျိုးကွဲခန္ဓာကိုယ်နှင့် လျှို့ဝှက်ဆန်းကြယ် ဘာသာရေးဂိုဏ်းဝင် တစ်ဦးလည်း ဖြစ်၏။ ကောင်းကင်တမန် ၃ပါး၏ စွမ်းအားကို သူ အသေအချာ သိသည်။ ချန်လွေ့က နောက် ၃နှစ်အတွင်း ထိုသို့ ကြောက်မက်ဖွယ် ကောင်းသော ရန်သူများကို ရင်ဆိုင်ရမည်ဟု မထင်ထားခဲ့ပေ။
“ဖိုက်သွန်က ကျွန်မကို ပြောတယ်။ ဗာရိုနီကာရဲ့ ဝိညာဉ် စွမ်းအားက အတော်လေး ထူးခြားတယ်တဲ့။ ရှင်က သူ့နဲ့ ဝိညာဉ် ပေါင်းစပ်လိုက်ရင် အစွမ်း တိုးတက်မှုအတွက် အတော်လေး အကျိုး ရှိလိမ့်မယ်တဲ့။”
ကတ်သရင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အရင် စေတန်ရဲ့ တိုက်ပွဲစာချုပ်က နောက်၁၀နှစ်မှလေ။ အမျိုးသမီးတစ်ယောက် မနာလိုမှုကြောင့် ကျွန်မ ချက်ချင်း ဖြစ်မြောက်အောင် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ အခု ရှင်က နောက် ၃ နှစ်မှာ ကောင်းကင်တမန်၃ပါးကို ရင်ဆိုင် ရတော့မှာဆိုတော့ ကျွန်မ နောက်ဆုံး စိတ်ပိုင်းဖြတ်လိုက်ပြီ။ ဒီရှင်းပြချက်ကို ကျေနပ်ရဲ့လား။”
ဗာရိုနီကာကို ပေါ်တင်ကြီး အသုံးချ တာလား။
ချန်လွေ့ လက်သီးကို ဆုပ်လိုက်သည်။ ရုတ်တရက် ကတ်သရင်း၏ အသံက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ “ဖိုက်သွန်က ကျွန်မကို နောက်ထပ် စကားတစ်ခုလည်း ပြောခဲ့သေးတယ်။ အဲဒီစကားကို သူက ရှင့်ကို ပြောခိုင်းခဲ့တယ်။”
ချန်လွေ့ တုန်လှုပ်သွား၏။ ဖိုက်သွန် ဘာပြောခဲ့သည်ကို သူ ခန့်မှန်းမိနေပြီ ဖြစ်သည်။
တိတ်ဆိတ်နေစဉ် ကတ်သရင်း၏ ပုံရိပ်က စတင် မှေးမှိန်လာခဲ့သည်။
“ဉာဏ်ပညာ နတ်ဘုရားမရဲ့ အမည်နာမနဲ့ အမိန့်ပေးတယ်။ ဗာရိုနီကာ... အစွမ်းကုန် ထုတ်သုံး...”
ကတ်သရင်း၏ အသံ တဖြည်းဖြည်း တိုးဝင်သွားလေသည်။ ခဏအကြာတွင် ပုံရိပ်တစ်ခုလုံးက လေထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဉာဏ်ပညာ နန်းတော်ထဲတွင် ချန်လွေ့နှင့် ဗာရိုနီကာ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
ပျောက်ကွယ်သွားသော ကတ်သရင်းကို ကြည့်ရင်း ဗာရိုနီကာက ရှုပ်ထွေးသော အမူအရာကို ပြသနေသည်။ သူ၏ မျက်လုံးများက ချန်လွေ့အပေါ်သို့ ကျရောက်သောအခါ သူ၏ မျက်နှာက ထပ်မံ နီရဲသွားခဲ့လေသည်။ သူ ထွက်သွား ချင်သော်လည်း မလှုပ်ရှားနိုင်ပေ။
အမြင့်ဆုံး ထိန်းချုပ်သူ အနေဖြင့် ချန်လွေ့က ဉာဏ်ပညာ နန်းတော်၏ ချုပ်နှောင်မှုကို အလွယ်တကူ ဖျက်သိမ်း နိုင်သော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။
“ဒီလိုအထိ ရောက်လာမှတော့...” ဗာရိုနီကာက စိတ်ပိုင်းဖြတ်လိုက်သည့် အလား သက်ပြင်းချလိုက်သည်။
“ဗာရိုနီကာ။ တကယ်တော့ ကတ်သရင်းက...”
“ကျွန်မ နားလည်ပါတယ်။ ကျွန်မ နှလုံးသားထဲမှာ အမုန်းတရား မရှိပါဘူး။ ဒါကြောင့် ကတ်သရင်းရဲ့ ရည်ရွယ်ချက် အမှန်ကို သေသေချာချာ ခံစားမိပါတယ်။” ဗာရိုနီကာက ရုတ်တရက် ပြုံးလိုက်၏။ “ကျွန်မ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ သိချင်တာက... ရှင့်ရဲ့ ရည်ရွယ်ချက်ကိုပါပဲ။”
အမှန်တကယ်တွင် ထိုမေးခွန်းသည် ချန်လွေ့၏ စိတ်ထဲတွင် အမြဲပင် ရှိနေခဲ့သော်လည်း ထိုမျှလောက် မြန်မြန်ဆန်ဆန် ရင်ဆိုင်ရမည်ဟု သူ မထင်ထားခဲ့ပေ။
ချန်လွေ့က ခဏမျှ တိတ်ဆိတ် သွားခဲ့သည်။ သူက ပင့်သက်ရှိုက်လိုက်ပြီး ပင်လယ်ကဲ့သို့ ပြာလဲ့သော မျက်လုံးကို တည့်တည့်စိုက်ကြည့် လိုက်လေသည်။ “ကျုပ် ကြိုက်ဖို့ မလိုတဲ့ ချစ်ဖို့ မလိုတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်။ ကျုပ် သူ့ကို နာကျင်စေမိနိုင်တယ်။ ဒါပေမဲ့ ကျုပ်ကို ပျော်ရွှင်စေချင်တဲ့ သူ့ရဲ့ ဆန္ဒကိုတော့ တားလို့မရဘူး။ သူက ကျုပ်ရဲ့ ပျော်ရွှင်မှုကို အဝေးကနေပဲ မြင်နေရရင်တောင်မှ...”
ဗာရိုနီကာ တုန်လှုပ်သွားပြီး သူ၏ မျက်ဝန်းထောင့်မှ မျက်ရည် တစ်စက် ဖြည်းညှင်းစွာ ကျဆင်းလာ၏။ ၎င်းက နဂါးလင်းလက် အင်ပါယာ နန်းတော်တွင် ချန်လွေ့ သူကို ပြောခဲ့သည့်စကား ဖြစ်သည်။ ကွာခြားချက်မှာ ထိုအရာက ‘အာသာလေး’၏ သူ့အပေါ် ခံစားချက် ဖြစ်ခဲ့ခြင်းပင်။ သို့သော် ယခုအခါတွင်မူ ၎င်းက သူ ပြန်လည် မွေးဖွားပြီးနောက် စစ်မှန်သော ပုံဖော်ပြမှု ဖြစ်နေသည့် အလားပင်။
အဝေးက ကြည့်နေရရင်တောင်မှ။
“ခင်ဗျားက ကျုပ်ရဲ့ နှလုံးသားထဲမှာ မရှိဘူးလို့ ပြောရင် လိမ်ရာကျလိမ့်မယ်။ အတိတ်က ‘အာသာလေး’ အနေနဲ့ မဟုတ်ဘဲ လက်ရှိ ‘ချန်လွေ့’ အနေနဲ့ပေါ့။ ဒီလို အမျိုးသမီးတစ်ယောက်ကို တန်ဖိုး ထားရမှန်းမသိရင် ကျုပ်က တကယ့်ကို လူယုတ်မာပဲ။”
ချန်လွေ့ ခေါင်းခါလိုက်ပြီး ရှေ့သို့ တိုးကာ သူ၏ လက်ကို ဆုပ်ကိုင် လိုက်သည်။ “ကျုပ်က လူယုတ်မာ တစ်ယောက် ဖြစ်နှင့်နေပြီးသားပါ။ ဒီလို ပွေလီပြီး မျက်နှာပြောင်တိုက်တဲ့ လူမျိုးကို ခင်ဗျားက ဆက်ပြီး စောင့်ကြည့်နေချင် သေးလား။ အဖော်ပြုပြီးတော့ အတူတူ လျှောက်လှမ်းပေးချင်သေးလား။”
ဗာရိုနီကာ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာသော်လည်း သူက လက်လှမ်းကာ ချန်လွေ့မျက်နှာကို ညင်သာစွာ ပွတ်သပ် လိုက်လေသည်။ “ထာဝရလား အတွက်လား။”
“ထာဝရအတွက်ပေါ့။”