← Chapters

ဝမ်ပေါ်

Vol. 107 Ch. 1485

ဝမ်ပေါ်

Vol. 107 Ch. 1485

“ဘာလို့ အဲ့လောက်ကြာနေရတာလဲ” ဝမ်ဝေ့က ဂိုဏ်းထဲရှိ အမည်မသိသုသာန်မြေဟု ခေါ်ဆိုသည့် တစ်နေရာသို့ ရောက်ရှိလာလေသည်။ ထိုနေရာကို နာမည်ပေးထားခြင်းမှာ ခေါင်းတလားများဖြင့် ပြည့်နှက်နေပြီး ကြက်သီးထဖွယ်လေထုမျိုးကို ဖန်တီးနေ၍ ဖြစ်၏။

“ပင်မစည်းတံဆိပ်ကို ဖယ်ရှားနေလို့ပါ။ အဲဒါက ကျွန်မထင်ထားတာထက် ပိုပြီးတော့ ခက်ခဲနေတယ်” ယန်းပုဟိုင်က ရှင်းပြလိုက်သည်။ သူမ၏ မျက်နှာက သူမဆံပင်လိုမျိုး နီရဲနေလေ၏။ ဤသည်က ရှေးဦးမျိုးစေ့ တောင်းဆိုသည့် ပထမဦးဆုံးအလုပ်ဖြစ်သော်လည်း သူမက ကျရှုံးခဲ့လေသည်။

“ပင်မစည်းတံဆိပ်လား။ ဪ မင်း ပြောနေတာက နေမင်းရဲ့ စည်းတံဆိပ်ပဲ” ဝမ်ဝေ့က မေးရင်း ပြန်ပြောလိုက်သည်။ ထိပ်သီးအင်အားစုအားလုံးက သူတို့၏ အင်အား အားလုံးကို ဝှက်ထားရလေသည်။ ဆိုလိုသည်မှာ အကြွင်းမဲ့တားမြစ်ချက်အတွင်း စံပြအားလုံး မပါဝင်ခဲ့ပေ။ အချိန်စားသုံးသူနှင့် အခြားသော လမင်းများ၊ မေတ္တယျနှင့် အန္တိမသဟဇာတို့က ကမ္ဘာကို ရှင်းလင်းပြီးသည့်နောက်ပိုင်းတွင် သူတို့က အင်အားစုများ၏ အတွင်းပိုင်းကို မထိုးဖောက်နိုင်သရွေ့ လူအားလုံးကို မရှင်းထုတ်နိုင်ပေ။

အန္တိမသဟဇာက ထိုသူအားလုံးကို ရှင်းထုတ်ပစ်လိုသော်လည်း မေတ္တယျကမူ လက်မလွန်အောင် ဝင်ထိန်းခဲ့သည်။ ထို့ကြောင့် သူတို့သည် အပေးအယူလုပ်ကာ ထိုတည်ရှိမှုများကို စည်းပိတ်ခဲ့ပြီး ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှု မရှိစေရန် ကာကွယ်ခဲ့သည်။

“ငါ တစ်ချက်ကြည့်ကြည့်မယ်” ဝမ်ဝေ့က ပြောရင်း ချဉ်းကပ်လာ၏။ ထို့နောက် ကောင်းကင်ယံ၌ မမြင်နိုင်ဖွယ် မှော်စက်ဝန်းတစ်ခု‌ ပေါ်ထွက်လာကာ မြေကြီးအပေါ်တွင်ရှိနေသည့် ခေါင်းတလားအားလုံးအပေါ် သက်ရောက်မှု ရှိသွားသည်။

“ဒီစည်းတံဆိပ်က ပဉ္စမကောင်းကင်ဘုံ စံပြတွေပဲ ချိုးဖောက်နိုင်ဖို့လုပ်ထားတာ။ ဒါပေမဲ့ ဖြစ်စဉ်က နှေးကွေးနေလိမ့်မယ်”

“အရှင်က ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲလိုတယ်ဆိုလို့ ကျွန်မ သူတို့အပေါ် ပစ်မှတ်ထားခဲ့တာ။ အဲလိုဆို အချိန်က သိသိသာသာလျော့သွားစေပါတယ်” ယန်းပုဟိုင်က ရှင်းပြလိုက်သည်။

“ မင်းကို အပြစ်မတင်ပါဘူး” ဝမ်ဝေ့က ဖျောင်းဖျလိုက်၏။ သူ့စကားများက ယန်းပုဟိုင်အား အနည်းငယ် စိတ်အေးသွားစေသည်။ ထို့နောက် ဝမ်ဝေ့က သူမကို ကူညီပြီး စည်းတံဆိပ်ကို ချိုးဖောက်ပေးခဲ့သည်။

အနာဂတ်ဇနီးလောင်းလေးက မေတ္တယျကို ဒေါသထွက်နေတဲ့အကြောင်းကို နားလည်တယ်။ ဒါပေမဲ့ သူမရဲ့ တည်ရှိမှုအတွက်တော့ ငါက ကျေးဇူးတင်မိတုန်းပဲ …

ဝမ်ဝေ့က မှော်စက်ဝန်းများ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်းတွေးလိုက်မိသည်။ ထိုမုန်းစရာကောင်းလှသည့် တာအိုသူတော်စင်ကို ဆန့်ကျင်ဖို့ မေတ္တယျ၏ တည်ရှိမှုမရှိဘဲ တစ်ကမ္ဘာလုံးက မည်မျှထိခိုက်သွားမည်ကို မပြောနိုင်ပေ။ ဆက်တိုက်ဆိုသလို မေတ္တယျက အောင်မြင်မှုရဖို့ရာ ကျင့်ဝတ်များစွာကို ကျော်ဖြတ်ခဲ့ရသည်။

“တခြားလိုအပ်တာ တစ်ခုခုများရှိလို့လား” ဝမ်ဝေ့က မေးလိုက်သည်။

“မဟုတ်ပါဘူး” ယန်းပုဟိုင်က တစ်စုံတခုကို အမှတ်ရသွားကာ ပြန်ပြောလိုက်သည်။

“တာဝန်ယူဖို့ နောက်ထပ်လူတချို့ကို နိုးပေးရမလား”

သူမက အထွတ်အထိပ်အကြီးအကဲတချို့သည် တိတ်တဆိတ် ချိတ်ပိတ်ကာ လိုအပ်လာသည့်အခါ ခေါ်ထုတ်နိုင်ကြောင်း ဂိုဏ်းချုပ်ဆီမှ သိထားလေ၏။

“မလိုဘူး။ ပါရမီရှိပြီးတော့ ကျွမ်းကျင်အတတ်ပညာရှင်တွေ ရှိရင် ရပြီ” ဝမ်ဝေ့က ပြန်ပြောလိုက်လေ၏။ အကယ်၍ အထွတ်အထိပ်အကြီးအကဲများသာ နိုးထလာပါက ဝမ်ဝေ့အနေဖြင့် အာဏာလုပ်ပိုင်ခွင့်အသစ်ကြောင့် ပြန်လည်ဖြေရှင်းနေရဦးမည် ဖြစ်၏။ သူက ထိုသို့အချိန်မရှိပေ။ သော့ခလောက်ကို ဖယ်ရှားပြီးသည်နှင့် ဘိုးဘေးများက အသက်ပြန်ရှင်လာမည်ဖြစ်ကာ သူတို့ တာဝန်ယူလိမ့်မည်။

“ကောင်းပါပြီ” ယန်းပုဟိုင်က ကောင်းမွန်စွာဖုံးကွယ်ထားသော အပြုံးဖြင့် ပြောလိုက်သည်။ ဂိုဏ်းထဲတွင် သက်ဝင်လှုပ်ရှားနေသည့် စံပြတစ်ဦးအနေဖြင့် သူမတွင် လုပ်ပိုင်ခွင့် အာဏာများစွာ ရှိနေသည်။ အကယ်၍ သူမက ဘိုးဘေးများ ပြန်မရောက်မလာခင် မြန်မြန်အသုံးချပါက သူမသည် အနာဂတ်ကျင့်ကြံရေးကို အထောက်အကူပြုဖို့ အကျိုးအမြတ်များစွာကို ရယူနိုင်လိမ့်မည်။

ဝမ်ဝေ့က ထိုသူများနှင့် တွေ့ဖို့ နောက်ထပ်တစ်နာရီ ထပ်စောင့်ခဲ့ရ၏။ အများစုကမူ ရှည်ကြာလှသည့် အိပ်စက်မှုမှ နေသားကျဖို့ အချိန်လိုအပ်နေလေ၏။ သူ ပေါ်ထွက်လာသည်နှင့် အကြည့်အားလုံးက သူ့ဆီ ကျရောက်လာပြီး သူ့ကို လေ့လာကာ အကဲခတ်နေကြသည်။

ဝမ်ဝေ့က သူ့သဘာဝအငွေ့အသက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူ လိုအပ်သည့်နောက်ဆုံးသောအရာက ထိုသူများသည် သူ့ကိုအထင်သေးခြင်း သို့မဟုတ် သူတို့၏ဝါစဉ်ကို အသုံးပြုကာ သူ့ကို တိုက်ခိုက်လာခြင်းတို့ ဖြစ်၏။ ကျင့်ကြံရေးလောကတွင် စွမ်းအားကြီးခြင်းကသာ လေးစားခံရနိုင်သည်။ ထို့ကြောင့် သူတို့ရင်ဆိုင်နေရသည့် အရာကို သဘောပေါက်ပြီးသည့်နောက်တွင် မည်သူကမှ မပြောကြပေ။

“ကမ္ဘာကြီးက မမြင်တွေ့ဖူး၊ မဖြစ်သေးဖူးတဲ့အရာလိုမျိုး ကပ်ဘေး တွေ့ကြုံရတော့မှာ။ ကျုပ်က အဲ့ဒီကပ်ဘေးရဲ့ သဲလွန်စကို တွေ့ထားတယ်။ အဲဒါကို သုံးသပ်ဖို့ ခင်ဗျားတို့ရဲ့ အကူအညီကို လိုအပ်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

ထိုကျင့်ကြံသူ လူအိုကြီးများက သူ့စကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် သူတို့က အမှန်တရားကောက်ချက်ချဖို့ စတင်တွက်ချက်ကြည့်လိုက်သည်။

ဝမ်ဝေ့က လက်ဖျောက်တီးလိုက်ပြီး သူတို့အားလုံးကို တားဆီးလိုက်သည်။ ထို့နောက် သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ဗဟုသုတနှင့် သော့ခလောက်အကြောင်း အခြေအနေ သတင်းပြောပြခဲ့သည်။ သူတို့က သော့ခလောက်ကို စူးစမ်းရှာဖွေဖို့ ကြိုးစားသည့်အခါ မရပ်တန့်ခဲ့ပေ။

“တကယ့်ကို ဆိုးရွားတဲ့ ခေတ်ကာလပဲ” အသက်ကြီးကြီး အမျိုးသားတစ်ဦးက ရေရွတ်လိုက်လေ၏။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူနှင့်ပတ်သက်ပြီး ထူးကဲနေသည့်အရာက သူ့ရှေ့သွား ပျောက်ဆုံးနေခြင်း ဖြစ်၏။

“ကောင်လေး မင်းက ဘယ်လိုသက်သေမျိုးကို ပြောနေတာလဲ”

“ခင်ဗျားက… “ ဝမ်ဝေ့က မေးလိုက်သည်။

“ဝမ်ပေါ် “

“ခင်ဗျားက ဝိဇ္ဇာမူလသင်္ကေတပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့တာက ချီယွမ်ကောင်စုတ်လေး ငါ့ကိုအတင်းအကြပ် ပေးထားတဲ့ တုံးအအ နာမည်တစ်ခုပဲ” ဝမ်ပေါ်က နှာခေါင်းနှိုက်ရင်း ပြန်ပြောလိုက်သည်။

“ဘိုး‌ဘေးနဲ့ တွေ့ရလို့ ဝမ်းသာပါတယ်” ဝမ်ဝေ့က ဦးညွှတ်လိုက်ကာ ပြောလိုက်လေ၏။ ထိုသူက နာမည်မကြီးသည်မှာ ကျော်ကြားမှုကို သဘောမကျခြင်းကြောင့် ဖြစ်၏။ သို့သော်လည်း ဒိုင်မေးရှင်းအနိမ့်တွင်ပင် သူက တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ဒဏ္ဍာရီသဖွယ် ဖြစ်၏။

ဘိုးဘေးချီယွမ်က ဂိုဏ်းကို စတင်စဉ်အခါ ဝမ်ပေါ်က ဂိုဏ်း၏ကျွမ်းကျင်အတတ်ပညာအားလုံး၏ အုတ်မြစ်ကို တည်ဆောက်ဖို့တာဝန်ရှိသူ ဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် သူက ဆေးဝါးခန်းမ၊ လက်နက်တောင်တန်းနှင့် အစရှိသည်တို့ကို တည်ဆောက်သွားလေသည်။ ချီယွမ် အထက်ဘုံတက်လှမ်းသွားသည့်အခါ ဝမ်ပေါ်ကို အတူခေါ်ဆောင်သွားလေ၏။ ပထမဦးဆုံးက သူ ပြန်လည်ဝင်စားပြီး ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းကာ စံပြအဆင့်ထိ ရောက်ရှိလာပြီး ဒိုင်မေးရှင်းအမြင့်ရှိ ဂိုဏ်းအတွင်းလည်း တူညီစွာ လုပ်ဆောင်ခဲ့သည်။

ကံဆိုးစွာဖြင့် ဝမ်ပေါ်၏ ပါရမီက လိုအပ်နေခဲ့၏။ ပထမမူလစစ်ပွဲအတွင်း လုပ်ကြံခံရပြီးသည့်နောက်တွင် သူသည် တာအိုဒဏ်ရာ ရရှိခဲ့ပြီး တည်ရှိမှုအတွက် ထာဝရဒဏ်ရာ ဖြစ်သွားစေသည်။ ထို့ကြောင့် သူက စံပြလမ်းစဉ်ကို ဖြတ်တောက်လိုက်သလို ဖြစ်သွားသည်။ ရလဒ်အနေဖြင့် သူသည် တတိယကောင်းကင်ဘုံအဆင့်ထက် ကျော်လွန်၍ မတက်လှမ်းနိုင်သည့်အတွက် သူ့ကိုယ်သူ ချိတ်ပိတ်နေဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

“မင်းက အတော်လေး ယဉ်ကျေးတာပဲ” ဝမ်‌ပေါ်က ရယ်မောလိုက်သည်။

“မင်းရဲ့ အပြုအမူနဲ့ မျက်နှာထားနဲ့ဆိုရင် မင်းက သဘောထားဆိုးတဲ့ ကောင်စုတ်လေးဖြစ်မယ် ထင်နေတာ”

“ကျုပ်က ပုံစံအမျိုးမျိုးရှိပါတယ်။ လက်ရှိအနေအထားအတွက် အဲ့လိုအဓိပ္ပါယ်မရှိတဲ့ အချိန်မျိုး မဟုတ်လို့ပါ။ မဟုတ်ရင် ကျွန်တော်က ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမျိုးပါ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ဟုတ်ပြီလေ” ဝမ်‌ပေါ်က မျက်ခုံးပင့်ကာ ပြောလိုက်၏။

“မင်းအ‌ပေါ်မှာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကို မြင်နေရတယ်။ အဲ့ဒီချီယွမ်ကောင်စုတ်လေးလိုမျိုး … ခေါင်းဆောင်ဟောင်းလိုမျိုးပေါ့။ ကောင်းကင်တာအိုက ငါတို့မျိုးနွယ်အပေါ် ဝန်ထုပ်ဝန်ပိုးပေးနေတာကို ရပ်တန့်သင့်ပြီ”

ဂိုဏ်း၏သမိုင်းကြောင်းက ထိုလူအိုကြီးသည် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ခေတ်ကာလအတွင်း အသက်ရှင်ခဲ့သည်ဟု ပြောထားခြင်း မရှိပေ။

“ကောင်းပြီလေ … ကံကြမ္မာရဲ့ ကောင်းချီးပေးခံရတာလည်း အားသာချက်တချို့တော့ ရှိပါတယ်” ဝမ်ဝေ့က ရေရွတ်လိုက်လေ၏။

“အဲ့အကြောင်းမပြောဘဲ နေရအောင်။ ကျုပ် တွေ့လာတဲ့အရာကို ကြည့်ပါဦး” သူက လက်ကိုဝေ့ယမ်းပြီး သင်္ဘောကို ထုတ်ဖော်လိုက်သည်။ ထို့နောက် တိတ်တဆိတ် နားထောင်နေသည့် ဝမ်ပေါ်နှင့် လူအားလုံးက ချက်ချင်း အာရုံစိုက်လိုက်၏။ သူတို့က သင်္ဘောနားဝိုင်းလာပြီး ချက်ချင်းဆွေးနွေးလိုက်ကြသည်။

“အဲဒါက နှလုံးသားနက်ဝါးလား”

“မဟုတ်ဘူး အဲ့တာက ထိပ်သီးအမွှာကမ္ဘာက အရင်းအမြစ်သံမဏိဝါးနဲ့တူတယ်”

တစ်စုံတယောက်က သင်္ဘောကို တံတွေးဖြင့် ပွတ်ပြီး လေ့လာကြည့်လိုက်သည်။

“အဲဒါက အရင်းအမြစ်သံမဏိဝါး မဟုတ်ဘူး”

“ဆုံးဖြတ်မစောနဲ့ဦး။ ဒါက တစ်စုံတခုနဲ့ ရောနှောထားပြီးတော့ သင်္ကေတတွေနဲ့ ဆင့်ကဲပြောင်းလဲထားတာ ဖြစ်နိုင်တယ်”

သူတို့က ဖြစ်နိုင်ချေများစွာကို ဆွေးနွေးကြသော်လည်း တစ်ယောက်ချင်းစီကမူ လေ့လာပြီးသည့်နောက်တွင် ငြင်းဆန်ခံလိုက်ရသည်။ နောက်ဆုံးတွင် လူတစ်ယောက်က ဒေါသထွက်လာပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ဒီဟာက ဒီစကြဝဠာကလို့ မထင်ဘူး”

“မင်းက ငတုံးလား။ အကြာကြီး အိပ်လိုက်ရလို့ မင်းရဲ့စိတ်တွေ ထုံထိုင်းသွားတာလား”

“ဟုတ်တယ်။ ဘာတွေအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ ငါတို့စကြဝဠာက မဟုတ်ရင် ဘယ်ကဖြစ်မှာလဲ”

“ကျစ် ကောင်စုတ်တွေ … ငါက ငါတို့အချိန်စက်ဝန်းက မဟုတ်ဘူးလို့ပြောတာ”

“အဲ့ဆိုလည်း ဘာလို့ရှင်းရှင်းလင်းလင်း မပြောလဲ”

“ငါ စကားမဆုံးခင် မင်းတို့တွေက ဝိုင်းပြောကြတာလေ”

“မင်းက စကားနှေးနှေးလေး ပြောတာ ငါတို့အပြစ်မှ မဟုတ်တာ။ မင်းရဲ့ ဦးနှောက်က စကားပြောပုံလိုမျိုး နှေးကွေးသွားပြီလို့ထင်နေတာ”

“ကျစ် ငါ မင်းတို့အားလုံးကို တိုက်ခိုက်ပြမယ်။ မင်းတို့တွေက လုံလုံလောက်လောက် ငါ့ကို မလေးစားကြဘူး။ မင်းတို့ ငါက အကောင်းဆုံးမှန်း သိနေတာတောင် … ”

“အကောင်းဆုံးတဲ့လား။ အခု ငါ မင်းရဲ့ ဦးနှောက်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို တကယ်သိသွားပြီ”

“‌ကောင်းပြီလေ။ ငါတို့တွေ ရှေးဦးမျိုးစေ့ကို သက်သေအနေနဲ့ ထားပြီး တိုက်ခိုက်ကြတော့ပေါ့”

“ဟေ့လူတွေ အာရုံစိုက်ထား။ လုပ်လက်စကို မမေ့နဲ့” တစ်စုံတယောက်က အော်ပြောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်။ ယန်းကျီ ပြောတာမှန်တယ်။ အဲ့ဒီပစ္စည်းတွေက တခြားအချိန်စက်ဝန်းက ဖြစ်နေနိုင်တယ်။ တခြားသူတွေကကော ဒီကိစ္စကို ဘယ်လိုခန့်မှန်းပေးကြလဲ”

“တခြားအချိန်စက်ဝန်းကို သွားဖို့ တစ်ခုတည်းသော အရာက ကျုပ်တို့အချိန်စက်ဝန်းမှာ ရှားပါးနေတဲ့အရာကို ရှာဖွေဖို့ပဲ။ ကျုပ်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်သတ္တုရှိလား မရှိဘူးလားဆိုတာကိုတော့ မလေ့လာခဲ့ဖူးဘူး”

“ကျုပ်ရောပဲ”

“ကျုပ်လည်း တခြားအချိန်စက်ဝန်းကို မရောက်ဖူးဘူး”

“ဟုတ်တယ်။ ကျုပ်လည်း အဲ့ဒီဟာကို တခါမှမမြင်ဖူးဘူး”

“ကျုပ်က ကျုပ်ရဲ့ချစ်မြတ်နိုးရတဲ့ ဖင်းအာကို ကယ်ဖို့ သွားရောက်ခဲ့ပေမယ့် သူမကို ဒုတိယအကြိမ် ဆုံးရှုံးလိုက်ရတယ်လေ”

“သတ္တုအကြောင်းတောင် မသိဘူးဆိုတော့ သန့်စင်ရေးကိုပဲ အာရုံစိုက်ရအောင်”

“ကျုပ် တစ်ခုပြောစရာရှိတယ်။ အသုံးပြုထားတဲ့ မီးတောက်က ကျုပ်တို့ကမ္ဘာနဲ့ သစ်သားဆောင်ပန်းကမ္ဘာရဲ့ နည်းစနစ်ကို ပေါင်းစပ်ထားတာပဲ။ အဲဒါက ဆေးလုံးဝိဇ္ဇာအရှင် နေတဲ့နေရာ မဟုတ်ဘူးလား”

“အခု ခင်ဗျားပြောတော့မှပဲ ကျုပ်က ဆေးလုံးဝိဇ္ဇာအရှင် ဆေးလုံးဖော်စပ်တာကို မြင်တွေ့ခဲ့ဖူးတော့ ဒီသင်္ဘာမှာ သုံးထားတဲ့ မီးတောက်နည်းစနစ်နဲ့ အတော်လေး ဆင်တူနေတာကို သတိထားမိတယ်”

“ခင်ဗျား ပြောချင်တာက အဲ့ဒီလူက ဒါနဲ့ ဆက်နွယ်နေတယ်လို့ ပြောချင်တာလား”

“သူ မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေပေါ့”

“အဲ့လိုပြောဖို့ နည်းနည်း မစောလွန်းဘူးလား”

“အဲ့လိုမဟုတ်လောက်ဘူး။ ဒီသင်္ဘောသုံးထားတဲ့ သင်္ကေတအများစုက ကျုပ်တို့အချိန်စက်ဝန်းနဲ့ မတူဘူး။ ဒါပေမဲ့ သေချာအနီးကပ်ကြည့်မယ်ဆိုရင်တော့ သူတို့က သစ်သားဆောင်ပန်းကမ္ဘာနဲ့ တူညီတဲ့ နည်းစနစ်ရှိနေတာကို မြင်ရလိမ့်မယ်”

“အဲ့ဒီသင်္ဘောပေါ်မှာ သုံးထားတဲ့နည်းစနစ်က သစ်သားဆောင်ပန်းကမ္ဘာရဲ့ နောက်ထပ်ကမ္ဘာကွဲတစ်ခုရဲ့ နည်းစနစ်လို့ ပြောချင်တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“အတိအကျပဲ။ တစ်ခုတစ်ခုကြောင့် ကျုပ်တို့အချိန်စက်ဝန်းက နည်းစနစ်ကို လမ်းကြောင်းပြောင်းလဲပစ်ခဲ့တာ။ ဒါပေမဲ့ သူတို့ရဲ့ နည်းစနစ်ကတော့ အတူတူပဲ” ဝမ်‌ပေါ်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ” ဝမ်ဝေ့ကပြောရင်း မျက်မှောင်ကြုတ်လိုက်၏။

All Chapters