သင်္ဘော၏ ရှုပ်ထွေးမှုများ
Vol. 107 Ch. 1486
ဝမ်ဝေ့က သစ်သားဆောင်ပန်းကမ္ဘာ၏ သမိုင်းကြောင်းကို လေ့လာပြီး ထူးကဲသည့် အချိန်စက်ဝန်းတချို့ကို သွားရောက်လည်ပတ်ခြင်းဖြင့် ရောက်ရှိလာမည့် ကိစ္စရပ်အကြောင်း သဲလွန်စရလိမ့်မည်ဟု တွေးမိသွားသည်။ ဂိုဏ်း၏ စာကြည့်တိုက်ထဲတွင် တခြားနယ်ခြားကမ္ဘာများ၏ သမိုင်းကြောင်း၊ ဗဟုသုတနှင့် သတင်းအချက်အလက်များကို သိုလှောင်ထားသည့် နေရာတစ်ခု ရှိလေ၏။ သူက ထိုသတင်းအချက်အလက်ကို သုံးသပ်ပြီးသည်နှင့် တစ်စုံတယောက်ကို စေလွှတ်ဖို့ သို့မဟုတ် သူကိုယ်တိုင်လုပ်ဆောင်ဖို့ လိုအပ်လာလိမ့်မည်။
“ခေါင်းဆောင် ဒါကို ကြည့်ပါဦး” ရုတ်ခြည်းဆိုသလို မီးခိုရောင်မုတ်ဆိတ်မွှေးနှင့် အသက်ကြီးကြီးလူက ကြမ်းပြင်ကို ထိလိုက်ရင်း ပြောလိုက်သည်။ သို့သော်လည်း ထိုသူ၏ အနက်ရောင်ဝတ်ရုံနှင့် ရွှေရောင်ယပ်တောင်တို့က သူ့အား ပညာရှိဆန်ဆန်လေထုမျိုးကို ပေးထားလေသည်။ သို့သော်လည်း အာရုံခံကောင်းသည့်သူတိုင်းက ထိုပညာရှိနှင့်တူသည့် အငွေ့အသက်သည် တမင်ဖန်တီးထားခြင်းဖြစ်ကြောင်း ပြောနိုင်လေ၏။
“ဘာဖြစ်လို့လဲ” ဝမ်ပေါ်က မေးလိုက်သည်။
“ဒီသင်္ဘောပေါ်က စွမ်းအင်လက္ခဏာနဲ့ ပုံစံသင်္ကေတတွေက လုံးဝ တပြေးညီဖြစ်နေတယ်” လီဝမ်က ရှင်းပြလိုက်သည်။
“ဒီသင်္ဘောရဲ့ ပုံစံက အများအပြားထုတ်လုပ်ဖို့အတွက် ဖန်တီးထားတာပဲ” ဝမ်ပေါ်က အကြည့်များ တောက်ပလာကာ သဘောပေါက်သွားလေ၏။
“အတိအကျပဲ” လီဝမ်က ယပ်တောင်ခတ်ရင်း ခေါင်းညိတ်လိုက်သည်။
“အမြောက်အများ ထုတ်လုပ်ဖို့အတွက်လား” ဝမ်ဝေ့က မေးလိုက်လေသည်။
“ဒီပုံကြမ်းပိုင်ရှင်က ခက်ခဲနှုန်းကို လျော့ချဖို့အတွက် ပြုပြင်မွမ်းမံရေးဖြစ်စဉ်ကို စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားတာ။ အဲဒါကြောင့် သင်္ဘောတွေကို တတ်နိုင်သမျှ များများဖန်တီးနိုင်လိမ့်မယ်” ဝမ်ပေါ်က ရှင်းပြလိုက်သည်။
သူက လျှာကို သပ်ကာ ထပ်ပြောလိုက်သည်။
“တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ ဒီလိုသင်္ဘောတွေအများကြီး ရှိနိုင်တယ်။ ဖြစ်နိုင်တာက တပ်ဖွဲ့လောက်တောင် ရှိနေနိုင်တာပဲ”
“ဟုတ်တယ်” ဝမ်ပေါ်က နောက်ထပ် ခေါင်းညိတ်ကာ ထပ်ပြောလိုက်လေသည်။
“အဲဒါက အားကောင်းတဲ့ ပစ္စည်းတစ်ခုပဲ။ လူတစ်ယောက်က စံနှုန်းသတ်မှတ်ထားဖို့အတွက်ဆိုရင် သူတို့ရဲ့ အရည်အချင်းကို မှန်းဆကြည့်လို့တောင် မရဘူး”
“အချိန်စားသုံးသူက ဒီပစ္စည်းကို သုံးပြီးတော့ အချိန်မြစ်ကြောင်းကို ကြိုးကိုင်လှုံ့ဆော်ခဲ့တာ။ ဒီပုံစံအရဆိုရင်တော့ အဓိကအသုံးပြုမှုက လမ်းညွှန်မှုအတွက်ပဲ။ အတိအကျပြောရမယ်ဆိုရင်တော့ အချိန်မြစ်ကြောင်းကနေ သွားလာဖို့အတွက်ပေါ့” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“တကယ်လို့ သူ့နောက်ကွယ်က လူတွေက တပ်ဖွဲ့ရှိနေမယ်ဆိုရင် သူတို့က တခြားဟွင်သွမ်းကမ္ဘာတွေ ဒါမှမဟုတ် တခြားအချိန်စက်ဝန်းတွေကို စိတ်အေးလက်အေးသွားလာနိုင်တာပေါ့။ အဲ့လိုဆိုရင် ကျူးကျော်မှုအတွက် သေချာကို ပြင်ဆင်ထားတဲ့ အင်အားစုတစ်ခုဖြစ်လာမှာပဲ”
သူ့စကားက အခန်းကို တိတ်ဆိတ်သွားစေသည်။ အားလုံးက ကောင်းကင်ယံ၌ ထိုသင်္ဘောများဖြင့် ပြည့်နှက်နေသည့် မြင်ကွင်းကို စိတ်ကူးကြည့်လိုက်ကြသည်။
“အကြောက်တရားကို ထည့်သွင်းနေဖို့ လိုလို့လား။ သေချာကြီး မသိသေးပါဘူး” တစ်စုံတယောက်က ပြောလိုက်လေသည်။
“ဟုတ်တယ်။ တပ်ဖွဲ့တွေ ကျူးကျော်ဖို့ဆိုတာက သက်သေမရှိသေးဘူး”
“သက်သေရှိတယ်” ဝမ်ပေါ်က သူတို့ကို ဖြတ်ပြောလိုက်သည်။
“ဒီပြုပြင်မွမ်းမံမှုအတွက် အဓိကအသုံးပြုထားတဲ့ သင်္ကေတက လမ်းညွှန်မှုအတွက်ပဲ။ အတိအကျပြောရမယ်ဆိုရင်တော့ အချိန်မြစ်ကြောင်းအတွက်ပေါ့”
ကမ္ဘာဦးဟွင်သွမ်းက ကျယ်ပြောလွန်းလှပြီး စံပြများကသာ အချိန်မြစ်ကြောင်းအတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ဆိုလိုသည်မှာ ကမ္ဘာများရှိ အကွာအဝေးကို သူတို့အနေဖြင့် ချုံ့ကာ သွားလာနိုင်ပေ၏။ မဟုတ်ပါက ဧကရာဇ် သို့မဟုတ် ကောင်းကင်ဘုံအရှင်များကမူ ကမ္ဘာဦးဟွင်သွမ်းများကို အနီးဆုံးကမ္ဘာရှာမတွေ့ဘဲ ဖြတ်သန်းသွားဖို့ ယွမ်ခေတ်ကာလသန်းထောင်ချီ ကြာမြင့်သွားနိုင်သည်။
“ကောင်လေး … မင်းက ဒီအခြေအနေသိထားပြီဆိုတော့ ငါတို့ကို ဘာလုပ်စေချင်လဲ” ဝမ်ပေါ်က မေးလိုက်သည်။
“အကြီးအကဲတို့ကို သင်္ဘောရဲ့ ပုံစံကို ပြန်ပြီးတော့ ပြုပြင်ဖို့လိုအပ်တယ်” ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။
“ကောင်လေး ငါ အရှင်းဆုံး ပြောမယ်။ မင်းက လက်နက်ဝိဇ္ဇာအရှင်ကို မတောင်းဆိုသရွေ့ ဒါမှမဟုတ် သင်္ကေတဝိဇ္ဇာအရှင်ကို မတောင်းဆိုသရွေ့ ဒီဟွင်သွမ်းစကြဝဠာထဲမှာ ဒီဟာကို ပြန်ပြီး ပြုပြင်နိုင်တဲ့သူ မရှိလောက်ဘူး” ဝမ်ပေါ်က ပြောလာ၍ ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနှစ်ဦးသားက ပြုပြင်မွမ်းမံရေးနှင့် သင်္ကေတာအိုအတွက် မဟာတာအိုဇစ်မြစ် ရာထူးကို ဆုပ်ကိုင်ထားကြသည်။ သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ မဟုတ်ကြပေ။ သူက မည်သို့အကူအညီတောင်းခံရမည်နည်း။
“ခဏလေးနေဦး။ ပြုပြင်နိုင်မဲ့ တစ်စုံတယောက်ကို သိတယ်”
“အိုး ဘယ်သူလဲ”
“ဧကရီဝူ” ဝမ်ဝေ့က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။
“ဘယ်သူလဲ” ဝမ်ပေါ်က ဆက်မေးလိုက်သည်။
“ဪ အဲ့ဒီမြင့်တက်လာကာစ ကြယ်ပွင့်လေးလား။ သူမက ငါ အိပ်စက်နေတုန်း အဲ့လောက်တောင် အံ့ဩဖို့ကောင်းလာပြီလား” လီဝမ်က မေးလိုက်သည်။
“သူ ပြောတာဟုတ်တယ်။ ဧကရီဝူက စည်းတံဆိပ်ဇစ်မြစ်ရာထူးကို ကိုင်ဆောင်ထားတာဆိုပေမဲ့ သင်္ကေတအပေါ်မှာ သူ့နားလည်နိုင်စွမ်းက သင်္ကေတဝိဇ္ဇာအရှင်ထက်တော့ မနိမ့်ကျဘူး”
“ဒါက ရဲတင်းတဲ့ စကားတွေပဲ” ဝမ်ပေါ်က ပြောလိုက်သည့်သူအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“အဲ့လို မဟုတ်ဘူး။ ကျုပ် သိထားသလောက်ဆိုရင် သူတို့က ဒုတိယမူလစစ်ပွဲမှာ တွေ့ပြီးတော့ ဆွေးနွေးမှုတစ်ခု ရှိခဲ့ကြတယ်။ သူတို့တွေ ယှဉ်ပြိုင်ခဲ့ပြီးတော့ ဝိဇ္ဇာအရှင်က အဲ့အကြောင်းပြောရတာ မကြိုက်ပုံထောက်ရင် သူမက သူ့ကို နိုင်ခဲ့တဲ့ပုံပဲ”
“ဒီလိုပါရမီရှင်မျိုးကို ပေါ်ထွက်လာတာ မသိလိုက်ဘူး” ဝမ်ပေါ်က ရေရွတ်လိုက်သည်။ သူ့ဘဝ၌ ရည်ရွယ်ချက်တစ်ခုသာ ရှိခဲ့လေ၏။ ဤသည်က သင်္ကေဇစ်မြစ်မဟာရာထူးကို ပိုင်ဆိုင်ဖို့ရာ ဖြစ်၏။ ကံဆိုးစွာဖြင့် သူက ကျရှုံးခဲ့ပြီး သူ့အိမ်မက်ကို သူ့တပည့်ဖြစ်သည့် အထွေထွေသောင်းပြောင်းဆီ လွှဲပြောင်းခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုသူ၏ တာအိုကမူ အရာများစွာကို လေ့လာဖို့ပါဝင်နေပြီး သင်္ကေတကမူ သူတို့ထဲက တစ်ခုသာ ဖြစ်၏။ ထို့ကြောင့် ဝမ်ပေါ်၏ အိမ်မက်က သူ့ဒုတိယမြောက်တပည့်ဖြစ်သည့် ယန်းရှစ်ရုန်ဆီ လွှဲပြောင်းထားလိုက်သည်။
ဒီကောင်စုတ်လေး အဆင်ပြေနေဖို့ မျှော်လင့်ပါရဲ့ …
ယန်းရှစ်ရုန်သည် အကြွင်းမဲ့တားမြစ်ချက် ရောက်ရှိလာသည့်အချိန် နဝမမြောက်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူက ပါဝင်ဆင်နွဲခဲ့လေသည်။ ဝမ်ပေါ်က ဘာသတင်းမှ မကြားရသည့်အတွက် အနည်းငယ် စိုးရိမ်နေမိ၏။
“ဒီလိုအရည်အချင်းနဲ့ သူက ရှိတာ ကောင်းပေမဲ့ သူမက ငါတို့ကို ကူညီပေးပါ့မလား” ဝမ်ပေါ်က မေးလိုက်သည်။
“ကမ္ဘာရဲ့ ကံကြမ္မာက မျှခြေညီရမှာဆိုတော့ သူမက ကူညီပေးမှာပါ” လီဝမ်က ပြောလိုက်လေသည်။
“သူမက အဲ့လိုတွေ လုပ်စရာမလိုပါဘူး။ မင်းတို့တွေ တုံးအအအရာတွေ မပြောသင့်ဘူး။ ကျင့်ကြံသူတွေရဲ့ အနှစ်သာရက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက်ပဲ ဖြစ်ခဲ့တာ။ ငါ မေးခွန်းကို ပြန်ပြီးပြောရမယ်ဆိုရင် သူမရဲ့ အကူအညီအတွက် ငါတို့က ဘယ်လိုတန်ကြေးကို ပေးမှာလဲ။ သူမဘက်က ငြင်းဆန်မယ်ဆိုရင်ကော ငါတို့က ငါတို့လိုချင်တဲ့အရာအတွက် ဘယ်လောက်အထိလုပ်မှာလဲဆိုတာပဲ”
“မစိုးရိမ်ပါနဲ့။ သူမက ပြဿနာမရှိဘဲ အကူအညီပေးမှာပါ” ဝမ်ဝေ့က ပြုံးလျက် ပြောလိုက်သည်။
“ကောင်လေး မင်းဆီ ဘယ်က ယုံကြည်ချက်တွေ ရောက်နေတာလဲ” ဝမ်ပေါ်က ပြောပြီးသည့်နောက်တွင် တစ်စုံတခုကို သဘောပေါက်သွားလေသည်။ သူက သူ့နားထင်ကြောကို ဖိရင်းပြောလိုက်လေ၏။
“ငါ အဲ့ဒီအကြည့်တွေကို မှတ်မိတယ်။ မင်းက သူမကို ဇနီးအဖြစ်နဲ့ ယူဖို့စီစဉ်နေတာလား”
ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။
“မင်းက အချစ်တွေ့သွားလို့ တော်သေးတာပေါ့။ ငါတော့ ဟိုကောင်လေးချီယွမ်ကို သူ့ရဲ့ ကောင်းမွန်တဲ့ သွေးမျိုးဆက်ကို လက်ဆင့်ကမ်းဖို့ ပြောတာကို ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူးလေ။ ပြီးတော့ အဲ့ဒီ မိန်းကလေးယန်းကလည်း အတူတူပဲ။ ဟိုလီကောင်လေးကတော့ မိန်းကလေးတစ်ယောက်ကို သဘောကျပြီးတော့ အဲ့ဒီမိန်းကလေးက တခြားသူကို ရွေးသွားခဲ့တာလေ။ အဲ့ဒီလူငယ်လေတွေ သူတို့ရဲ့ အားကောင်းတဲ့ သွေးမျိုးဆက်ကို မဖြန့်ဝေနိုင်တာ နှမြောစရာပဲ”
ဝမ်ဝေ့က သူ့ကိုယ်သူ ပြုံးလိုက်သည်။ သူက ဘိုးဘေးများ၏ ချစ်မှုရေးရာအကြောင်းများစွာ သိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့ထက်ဝါစဉ်ကြီးသည့်သူနှင့် တွေ့ဆုံရသည်က အမှန်တကယ်ကို ကောင်းမွန်လှ၏။ အထူးသဖြင့် သူတို့၏ ငယ်ရွယ်စဉ်နှင့် မျက်နှာပူဖွယ် အဖြစ်အပျက်များကို သိထားသည့်သူ ဖြစ်သည်။
“ကောင်းပြီလေ။ မင်းက သူမနဲ့ ဆက်ဆံရေးတစ်ခု ရှိထားတယ်ဆိုတော့ တော်သေးတာပေါ့။ အဲ့ဆိုတော့ သူမဆီကနေ ဘယ်အချိန် အကူအညီတောင်းမှာလဲ” ဝမ်ပေါ်က ခေါင်းညိတ်ကာ မေးလိုက်လေ၏။
“သူမက လက်ရှိ ဒီမှာ မရှိဘူး။ အဲ့ဆိုတော့ သူမ မပါဘဲနဲ့ အရင်စတင်ထားဖို့ လိုတယ်။ ဒီတာဝန်တွေကို ပြီးမြောက်အောင် အရင်ဆုံးကြိုတင်စီစဉ်ထားကြပေါ့။ တကယ်လို့ သင်္ဘောရဲ့ပုံကြမ်းကို ပြန်လည်မပြောင်းနိုင်ဘူးဆိုရင် သူတို့ကို ဖြေရှင်းဖို့ နည်းလမ်းကိုရှာရမယ်”
“တန်ပြန်တုံ့ပြန်ဖို့ နည်းလမ်းလား”
“သူတို့တွေက ပြီးပြည့်စုံနေဖို့ မလိုဘူး။ ကပ်ဘေးက ရောက်လာတယ်ဆိုပေမဲ့ ပြင်ဆင်ထားဖို့ အချိန်ရှိပါသေးတယ်” ဝမ်ဝေ့က ပြောပြလိုက်သည်။
“ငါတို့ ဒါကိုလုပ်နိုင်ပါတယ်” ဝမ်ပေါ်က ခေါင်းညိတ်လိုက်၏။
“ဘိုးဘေးတို့က ဈေးပေါပေါ ပုံကြမ်းတစ်ခုကိုပါ တည်ဆောက်ကြည့်လိုက်ပေါ့။ ကပ်ဘေးက တစ်လောကလုံး ဖြေရှင်းရမဲ့အရာပဲ။ ကျွန်တော်တို့က အဲ့ဒီဈေးပေါပေါအရာတွေကို တခြားသူဆီမှာ တန်ကြေးတင်ပြီး ရောင်းလို့ရတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
ဝမ်ပေါ်က ထိုစကားများကို ရယ်မောလိုက်၏။
“မင်းက ချီယွမ်နဲ့ မျိုးနွယ်ခေါင်းဆောင်ထက်တောင် ပိုပြီး လောဘကြီးနေတာပဲ။ ငါ သဘောကျတယ်”
“လောဘဆိုတာက ကျွန်တော်ရဲ့ အကျင့်တစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် ဘိုးဘေးတို့ စထားလိုက်တော့။ ပြီးတော့ ဒီကိစ္စအတွက် လိုအပ်တဲ့အရာတွေကို လိုချင်တာ တောင်းလို့ရတယ်”
“ငါတို့ သိပါတယ်” ဝမ်ပေါ်က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူ့အား နှင်ထုတ်လိုက်၏။
ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် လှည့်ထွက်သွားလိုက်သည်။ ထို့နောက် သူ ရုတ်ခြည်းဆိုသလို ရပ်တန့်ကာ မျက်နှာကို ရိုက်လိုက်သည်။
“ငါ ဘာလို့ အဲ့လောက်တောင် တုံးအနေပါလိမ့်”
လူအားလုံးက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သော်လည်း သူက လျစ်လျူရှုထားလိုက်သည်။ သူက ရှေးဦးမျိုးစေ့အမှတ်အသားပြားကို ယူကာ အသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်လိုက်၏။
“ဒါက ....”
ဝမ်ပေါ်က ရေရွတ်လိုက်သည့်အခါ တခြားသူများကလည်း တူညီစွာ အံ့အားသင့်သည့်အမူအရာ ဖြစ်သွားကြလေသည်။
“ဟုတ်တယ် အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းရဲ့ တာအိုလမ်းစဉ်ကျောက်ပြားပဲ။ ကျွန်တော် အစက အထွေထွေသောင်းပြောင်းအရှင် ရောက်လာတဲ့အထိ စောင့်နေခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့လည်း ဒါကို လုပ်နိုင်တယ်မလား။ အနည်းဆုံးတော့ ခင်ဗျားတို့တွေ စထားပြီးတော့ သူ့ကို အဆုံးသတ်ခိုင်းလိုက်ပေါ့”
ဝမ်ပေါ်က လက်ကိုမြှောက်ကာ ကျောက်ပြားကို ဖမ်းယူလိုက်သည်။ သူက အလှလေးတစ်ယောက်ကို မြင်နေရသလိုမျိုး ဖြစ်နေလေ၏။
“ဒါက ငါတို့တွေ ....”
“ဘိုးဘေးတို့ ကြိုက်သလို သုံးလို့ရတယ်။ ဒါပေမဲ့ ပုံပွားအတွက်ကိုတော့ လျစ်လျူမရှုမိစေနဲ့ပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကျေးဇူးပါ” ဝမ်ပေါ်က အလေးအနက် ပြောလိုက်လေသည်။ ဤပစ္စည်းဖြင့် သူ့အတွက် မျှော်လင့်ချက်ရှိလာမည် ဖြစ်သည်။
ဝမ်ဝေ့က သူ့ကို ပေးပြီးသည့်နောက်တွင် ခေါင်းသာညိတ်လိုက်သည်။ သူက ထိုသူ၏ တာအိုဒဏ်ရာအကြောင်း သိထားသော်လည်း ဆုံမှတ်နည်းစနစ်က သူ့ကို ကယ်တင်နိုင်မည်လား မပြောတတ်သေးသည့်အတွက် စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ ပြောရမည်ဆိုလျှင် သူ့အနေဖြင့် မျှော်လင့်ချက်အတုအယောင်ကို မပေးနိုင်ပေ။ သူ အချိန်ရှိလာသည့်အခါ ကြိုးစားကြည့်မည် ဖြစ်၏။ သို့သော်လည်း မည်သည့်ကတိစကားမှ မဆိုနိုင်ပေ။
ဝမ်ဝေ့က အိမ်သို့ ပြန်လာခဲ့လိုက်ပြီး ယွီချိုက်က သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့ရှိသွားလေသည်။
“ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
“အချိန်စားသုံးသူ ရတနာသိုက် … အဲဒါ ယူသွားတယ်မလား။ အဲဒါကို ဘာအတွက် သုံးမှာလဲ”
“ကွေ့ပတ်ပြီး မေးနေစရာမလိုဘူး။ ငါ့ရဲ့ နဂိုအစီအစဉ်က လွှဲပြောင်းပေးဖို့ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“မဟုတ်ပါဘူး ...”
“မစိုးရိမ်နဲ့။ သော့ခလောက်ကို ဖယ်ရှားပြီးတာနဲ့ အားလုံးက ကျင့်ကြံနိုင်လိမ့်မယ်။ အဲ့ဆိုတော့ ငါတို့က စစ်ပွဲအနေအထား ဖြစ်လာလိမ့်မယ်”
“တကယ် ပြောတာလား” ယွီချိုက်က မေးလိုက်လေသည်။ စစ်ပွဲအနေအထားဆိုသည်မှာ အရင်းအမြစ်အားလုံးက ပိုပြီးဈေးချိုလာပြီး ပိုပြီး ရယူနိုင်မည် ဖြစ်၏။
“အချိန်အခါကောင်းကို စောင့်။ ငါတို့တွေ အားလုံး ဆွေးနွေးကြတာပေါ့” ဝမ်ဝေ့က ပြောလိုက်လေ၏။ ယွီချိုက်က ရတနာသိုက်နှင့်အတူ ထွက်မသွားခင် ခေါင်းညိတ်လိုက်သည်။