← Chapters

စတုတ္ထမြောက်အစိတ်အပိုင်း

Vol. 107 Ch. 1487

စတုတ္ထမြောက်အစိတ်အပိုင်း

Vol. 107 Ch. 1487

ဝမ်ဝေ့က သူ့အခန်းအတွင်း တင်ပျဉ်ခွေထိုင်ကာ ဝမ်ပေါ်နှင့် တခြားသောအတတ်ပညာရှင်များ ပြောခဲ့သည့် စကားဝိုင်းကို ပြန်လည်စဉ်းစားနေပြီး တစ်စုံတစ်ခု လွဲချော်သွားသည်လား အဖြေထုတ်နေသည်။

ဝမ်ပေါ်က လီကျွင်းနှင့် ယန်းလီလင်း တက်လှမ်းလာမှုအတွက် ပြင်ဆင်ထားမှု လိုအပ်တယ်လို့ သတိပေးခဲ့တယ် …

သူက ထိုသူများအတွက် ကောင်းကင်ဘုံထိပ်သီးအဆင့်သို့ တတ်နိုင်သမျှ မြန်မြန်ရောက်ဖို့ရာ ကျင့်ကြံနိုင်မည့် အရင်းအမြစ်များကို ပြင်ဆင်ထားဖို့ လိုအပ်ပေမည်။ ထို့နောက် စစ်ဆေးမှု၏ အမှတ်အသားပြားတစ်ခုကို သူတို့ဆီ ပေးအပ်နိုင်လိမ့်မည်။

ယန်းလီလင်းက ဝမ်ပေါ်ရဲ့အမွေအနှစ်ကို စမ်းကြည့်လို့ရတယ် …

ဝမ်ဝေ့က တွေးလိုက်လေ၏။ ဝမ်ပေါ်က တပည့်ရွေးချယ်ဖို့ရာ စမ်းသပ်ချက်တစ်ခု ချန်ထားခဲ့ပြီး ယခုအထိတိုင် လူနှစ်ယောက်သာ အောင်မြင်ခဲ့လေသည်။ ထိုလူများက အထွေထွေသောင်းပြောင်းနှင့် ယန်းရှစ်ရုန်တို့ ဖြစ်၏။ ထိုသူများက ဝမ်ပေါ်နှင့် လူချင်း မတွေ့ဆုံဖူးသလို တစ်ခါမှ စကားမပြောဖူးကြသော်လည်း သူတို့က သူ့တပည့်များ ဖြစ်ကြလေသည်။

ဝမ်ပေါ်ရဲ့ ဝါစဉ်နဲ့အောင်မြင်မှုတွေက ဂိုဏ်းထဲမှာရှိတဲ့ အာဏာနဲ့ ချီယွမ်အပေါ်မှာ လွှမ်းမိုးမှု တော်တော်လေးရှိတယ်။ ယန်းလီလင်းက သူ့တပည့်ဖြစ်သွားမယ်ဆိုရင် ကောင်းလိမ့်မယ်။ အဲ့လိုဆိုရင် သူမရဲ့ ရာထူးကိုလည်း အာမခံပြီးသားဖြစ်သွားလိမ့်မယ် …

ဝမ်ဝေ့က တွေးလိုက်လေ၏။ အာဏာနှင့် လွှမ်းမိုးမှုများဖြင့် သူမသည် အရင်းအမြစ်များကို ရယူနိုင်ပြီး ပိုမိုမြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်လိမ့်မည်။

ဝမ်ဝေ့က သေမျိုးဘဝစစ်ဆေးမှုမှ ရရှိထားသည့် အရင်းအမြစ်များမှ အလုံးစုံပြုစုပျိုးထောင်ရေး အသုံးအဆောင်ကို ဖန်တီးရာ၌ တိုးတက်မှုရှိဖို့ရာ မျှော်လင့်နေမိသည်။ သူ အောင်မြင်သွားသည်နှင့် သူသည် စံပြများကို ပြုစုပျိုးထောင်ဖို့အချိန်များကို သိသိသာသာ လျော့ချပေးနိုင်လိမ့်မည် ဖြစ်၏။ သို့သော် သူ ထူးကဲသာလွန်မှုအဆင့် မဖြစ်လာခင်အထိ စစ်ဆေးမှုနှင့်ယှဉ်နိုင်လိမ့်မည် မဟုတ်သေးပေ။

သူ့ရည်ရွယ်ချက်က ယွမ်ခေတ်ကာလ သန်းပေါင်းများစွာမှ သိန်းဂဏန်းလောက်အထိ လျော့ချနိုင်ဖို့ရာ ဖြစ်၏။ ကပ်ဘေးက မည်မျှကြာမြင့်မည်မှန်းမသိသော်လည်း တိုတောင်းမည်မဟုတ်ကြောင်း သိထားလေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတို့က စံပြများကို ပြုစုပျိုးထောင်နိုင်မည့် နည်းလမ်း တစ်ခုရှိထားသည်ဆိုပါက သူတို့သည် အဆင့်မြင့်တိုက်ခိုက်သူများကို ဆုံးရှုံးသွားရသည့်အခါ ပြန်လည်ဖြည့်တင်းနိုင်ပြီး ကပ်ဘေးအတွင်း ကြာကြာရပ်တည်နိုင်လိမ့်မည်။

ဝမ်ဝေ့က ထိုအတွေးများကို ခေါင်းရမ်းကာ ဖယ်ရှားလိုက်၏။

ထို့နောက် သူက ရေရွတ်လိုက်သည်။

“ရှောင်ကျွင်းနဲ့ လင်းအာတို့က ဒိုင်မေးရှင်းအနိမ့်မှာ ဘယ်လိုနေလဲ မသိဘူး … ”

သူက သူတို့အကြောင်း တွေးမိသွားလေသည်။ သို့သော်လည်း ဝမ်ဝေ့က ဤသည်က ပြန်လည်တွေးတောနေရမည့်အချိန်မဟုတ်ကြောင်း သိသည့်အတွက် အတွေးများကို ပြန်လည်စုစည်းလိုက်၏။

သူက မျက်လုံးကို မှိတ်ကာ အချိန်စားသုံးသူနှင့် တိုက်ပွဲကို ပြန်လည်သုံးသပ်တော့မည့်ဆဲဆဲတွင် ခေါင်းဆောင်ရှဲ့ဟွမ်းက သူ့အား အရေးတကြီး လိုအပ်သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး အဆောင်တစ်ခု ပေးပို့လာလေသည်။

“ဘာကိစ္စလဲ”

“မိစ္ဆာလေလွင့်ကျင့်ကြံသူတစ်ဦးက ကျွန်မတို့ပိုင်နက်ရဲ့ အဆုံးမှာရှိတဲ့ သေမျိုးတိုင်းပြည်တစ်ခုကို ဖျက်ဆီးခဲ့ပါတယ်” ရှဲ့ဟွမ်းက တင်ပြလိုက်သည်။

“အဲ့ဒီကျင့်ကြံသူနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာလား”

“သတင်းကို ရရှိပြီးတဲ့နောက်မှာ တစ်စုံတခုမှားယွင်းတာကို ခံစားမိလို့ သွားပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီမှာ သူတို့ရဲ့ဝိညာဉ်ထဲမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ယုံကြည်မှုအငွေ့အသက်တချို့ကို တွေ့ရှိခဲ့တယ်”

“အဲ့ဆိုတော့ အံ့ဖွယ်ယုံကြည်မှုဘုံက ငါ လုပ်ခဲ့တဲ့ကိစ္စအတွက် ပြန်ပြီး တုန့်ပြန်တယ်လို့ ထင်တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“သက်သေတော့မရှိဘူးဆိုပေမယ့် အဲ့လိုတော့ဖြစ်တဲ့ပုံပါပဲ”

ဝမ်ဝေ့က ခေါင်းကို ကုတ်ကာ ထိုစကားများကို ရေရွတ်လိုက်သည်။

“သူတို့က စည်းတံဆိပ်ဆီ ကောင်းကင်ဘုံအဆင့်တစ်ယောက်ကိုပဲ စေလွှတ်ခဲ့တာမလား”

သူက အံ့ဖွယ်ယုံကြည်မှုဘုံ၏ ပါဝင်ဆင်နွဲသူသည် စံပြအားလုံးအနက် အကောင်းဆုံးကြိုးစားခဲ့ကြောင်း မှတ်မိလေသည်။

“ဟုတ်ပါတယ်။ သူမက စံပြအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူလာတယ်ဆိုပေမယ့် ကောင်းကင်ဘုံအဆင့်တစ်ယောက်ပါ”

“သူတို့ရဲ့အင်အားစုက ရန်သူဆီ အညံ့ခံပြီးတော့ သော့ခလောက်ကို ဖျက်ဆီးပစ်ဖို့ အစီအစဉ်ကို နှောင့်နှေးစေတယ်ဆိုတာကို ပြောလိုက်။ အဲဒါကြောင့် သူတို့က စံပြတစ်ယောက်ကို မစေလွှတ်ခဲ့တာပဲ” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။

“အဲဒါက ဘာများအကျိုးရှိမှာလဲ။ သူတို့က သူတို့ဆီမှာ သက်ဝင်လှုပ်ရှားနေတဲ့ စံပြမရှိကြောင်း ထုတ်ဖော်လိုက်တာနဲ့ နာမည်ကို ရှင်းလင်းပြီးသားဖြစ်သွားလိမ့်မယ်လေ။ အဲ့လိုဝန်ခံမှုမျိုးက သူတို့ကို နည်းနည်းမျက်နှာပျက်စေတယ်ဆိုပေမယ့်လဲ … သိသာတဲ့သက်ရောက်မှုမျိုးတော့ ရှိလာမှာမဟုတ်ဘူး” ရှဲ့ဟွမ်းက ပြောလိုက်သည်။

“အဲ့ဒီလေလွင့်ကျင့်ကြံသူတွေက စွမ်းအားရရှိပြီးတဲ့နောက်မှာ အတော်လေးကို ပြင်းထန်လာကြတာ။ ဘိုးဘေးတွေ ပြန်ရောက်လာမှာကို သိထားပြီးတော့ သော့ခလောက် ပျောက်ကွယ်သွားပြီးတာနဲ့ ပုံမှန်ပြန်ဖြစ်သွားဖို့ သိပ်မကြာဘူးဆိုတာကို သိထားကြတယ်။ သူတို့က သိပ်နောက်မကျခင် အခြေအနေကို အခွင့်ကောင်းယူဖို့ လိုအပ်တယ်လေ။ အဲ့ဆိုတော့ အံ့ဖွယ်ယုံကြည်မှုဘုံက သူတို့မှာ စံပြမရှိဘူးဆိုတာကို ဝန်ခံလိုက်ရင် ဘာလုပ်ကြမယ်လို့ထင်လဲ။ သူတို့က ဘာမှဝန်မခံရင်တောင် ကောလဟလတွေက ပြန့်နှံ့သွားဦးမှာပဲ”

ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သူက ထုံရို့ပင်းသည် တောင်ပိုင်းချူးတိုင်းပြည်ကို ဖျက်ဆီးခဲ့ပြီး ဤသို့လူသိရှင်ကြားဖြစ်ခဲ့ရသည့်အကြောင်းအရင်းကို နားလည်ပေသည်။ အားနည်းသည့် အာဏာရှင်များက တိုက်ခိုက်ခံရနိုင်ခြေမြင့်ပြီး ဝမ်ဝေ့၏ အပြုအမူများက သူတို့အား ပစ်မှတ်တစ်ခု ရှာပေးလိုက်ခြင်းသာ ဖြစ်၏။

“ကျွန်မ နားလည်ပါပြီ” ရှဲ့ဟွမ်းက ဦးညွှတ်ပြီးနောက် အရိပ်ထဲ ပျောက်ကွယ်သွားလေသည်။ ဝမ်ဝေ့က သူ့သီးသန့်ကျင့်ကြံရေးကို ပြန်လည်ဝင်ရောက်လိုက်၏။ သူ့ဒဏ်ရာအများစုက မဆွေးမြေ့ခန္ဓာဆေးလုံး၏ ကာကွယ်မှုကြောင့် အသေးအဖွဲ့ ဖြစ်သော်လည်း သူ့ဝိညာဉ်ကမူ အတော်လေး ဝန်ပိသွားခဲ့သည်။ ထို့ကြောင့် သူက ထိုပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေ၏။ သူက ဆေးလုံးတချို့ကို သောက်သုံးပြီး နှစ် နှစ်သိန်းခွဲလောက် ကြာပြီးသည့်နောက်တွင် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိသွားသည်။

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးသည့်နောက်တွင် သူ မရှိခဲ့စဉ်က ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်လည်စစ်ဆေးကြည့်လိုက်၏။ ခုံက ဝမ်ဝေ့သည် သူ့ကို ဂရုမစိုက်ကြောင်း သတိထားမိပြီးသည့်နောက်တွင် ပိုမိုရဲတင်းလာ၏။ လွန်ခဲ့သည့်နှစ်ငါးသောင်းခန့်က ကျင့်ကြံသူအုပ်စုတစ်စုသည် အံ့ဖွယ်ယုံကြည်မှုဖွယ်ဘုံကို ကျူးကျော်ပြီး တစ်စုံတယောက် ဒဏ်ရာအပြင်းအထန်ရရှိကာ ကျန်သူများက အသေးအဖွဲဒဏ်ရာများဖြင့် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သူတို့၏ကြိုးပမ်းမှုက မအောင်မြင်သည်ဟု ထင်ရသော်လည်း သူတို့၏ကြိုးပမ်းမှုသည် အာဏာရှင်တစ်ယောက်ဆီမှ အောင်မြင်စွာလွတ်မြောက်ခဲ့သည့် အကြောင်းက တခြားလေလွင့်ကျင့်ကြံသူဆီ ရောက်ရှိသွားကာ တခြားသောအင်အားစုများကိုလည်း စမ်းသပ်ကြည့်ဖို့ လှုံ့ဆော်သလို ဖြစ်သွားလေ၏။ လွန်ခဲ့သည့်နှစ်ငါးသောင်းအတွင်း ကမ္ဘာတဝှမ်း မတော်တဆဖြစ်ရပ်များစွာ ဖြစ်ပေါ်လာပြီး လေလွင့်ကျင့်ကြံသူများ၏ အပြုအမူက ပိုမိုပြင်းထန်လာပြီး အားလုံးအပေါ် သက်ရောက်မှုရှိလာသည်။ ဝမ်ဝေ့က ထိုကိစ္စများအပေါ် များစွာ အာရုံမစိုက်ပေ။ ထိုအစား သူက ဒေါသကို ဆင့်ခေါ်လိုက်သည်။

“မင်း အသင့်ဖြစ်ပြီလား”

“ကျွန်မ အသင့်ပါပဲ” ဒေါသက ခေါင်းညိတ်လိုက်သည်။

“မင်း စွန့်စားရမှာကို သိတယ်မလား”

“ကျွန်မကို မစိုးရိမ်ပါနဲ့” သူမက ဖျောင်းဖြလိုက်၏။

“ကောင်းပြီလေ။ သွားလိုက်ကြရအောင်”

ဒေါသက ဗလာနတ္ထိစွမ်းအားကို အသက်သွင်းပြီး ကိုယ်ပျောက်သဖွယ် ဖြစ်သွားလေသည်။ ထို့နောက် သူမက အမှုန်တစ်ခုထက်ပင် သေးငယ်အောင် ချုံ့လိုက်ပြီး ဝမ်ဝေ့အပေါ် ကပ်တွယ်လိုက်သည်။

ဝမ်ဝေ့က ယွီချိုက်အား နောက်ထပ် မဆွေးမြေ့ခန္ဓာဆေးလုံးကို ရယူခိုင်းလိုက်ပြီး သူ့အစီအစဉ်၏ စတုတ္ထမြောက် အစိတ်အပိုင်းဖြစ်ရာ မိစ္ဆာဘိုးဘေး၏ ထူးကဲသာလွန်မှုအဆင့် ပစ္စည်းပျက်ကို ရယူဖို့ ထွက်ခွာလာလိုက်သည်။ သူက ကောင်းကင်မြွေနဂါးဧကရီ၏ ပိုင်နက်အတွင်းသို့ သူ လာရောက်မည့်အကြောင်း တောင်းဆိုချက်တစ်ခု ပို့ဆောင်ခဲ့ပြီး တုံ့ပြန်ချက်ကို စောင့်နေရလေသည်။

ထိုပိုင်နက်၏ နာမည်အကြီးဆုံးနေရာက အပြစ်ကြွေးမြို့တော်ဖြစ်ပြီး ကမ္ဘာတစ်ခု ဖြစ်နေသော်လည်း မြို့ဟု ခေါ်ဆိုလေသည်။ ထိုကောင်းကင်မြွေနဂါးဧကရီ၏ အဓိကနေထိုင်ရာနေရာလည်း ဖြစ်၏။

ဝမ်ဝေ့ ရောက်ရှိလာသည်နှင့် သူ မြင်လိုက်ရသည့်အရာက ပန်းရောင်များဖြင့် ပြည့်နှက်နေသည့်နေရာတစ်ခု ဖြစ်၏။ သူက လူများသည် ထိုနေရာအား အလှပဆုံး သို့မဟုတ် စိတ်ထဲမှ တွေးနိုင်သည့်အရာအားလုံး ရရှိနိုင်သည့်နေရာအဖြစ် အဘယ်ကြောင့် သတ်မှတ်ကြကြောင်း နားလည်သွားလေသည်။

ဝမ်ဝေ့က မြို့အတွင်း ဖြည်းဖြည်းချင်း ရောက်ရှိလာပြီး သူ မြင်တွေ့ခဲ့ရသည့်အရာကို မဖော်ပြတတ်တော့ပေ။ သူက ခေတ်သစ်လူတစ်ယောက်အနေဖြင့် အတော်လေး ပွင့်လင်းလှသည်ဟု ထင်ထားခဲ့သော်လည်း သူ မြင်လိုက်ရသည့်အရာက ထိုစကားကို ပြန်လည်တွေးတောမိသွားစေသည်။ အင်တာနက် မရှိသည့်အခါတွင်ပင် လိင်စိတ်ပြင်းထန်နေသူများ ရှိတတ်ကြသည်။ ထို့အပြင် ကျင့်ကြံသူများ၏နတ်ဘုရားစွမ်းအားကို ထည့်ပေါင်းလိုက်သည့်အခါ ကပ်ဘေး၏ ပြယုဂ် ဖြစ်သွားလေသည်။

လမ်းမ၏ ထောင့်တစ်နေရာတွင် တစ်ဦးနှင့်တစ်ဦး ကဗျာများဖွဲ့ကာ ချိုမြိန်စွာ တီးတိုးပြောဆိုနေသည့် အတွဲတစ်တွဲကို တွေ့လိုက်ရ၏။ သို့သော်လည်း အနည်းငယ် လျှောက်လှမ်းပြီးသွားသည့်နောက်တွင်ပင် လိင်ပိုင်းဆိုင်ရာကိစ္စများကို ပြုလုပ်နေသည့်လူများကိုပင် မြင်လိုက်ရသည်။ တချို့က လေထဲတွင် ပျံသန်းနေကြပြီး တချို့ကမူ ကွဲပြားသည့်တိရစ္ဆာန်နှင့်မျိုးနွယ်များအသွင် ပြောင်းလဲကာ အမျိုးမျိုး စမ်းသပ်ကြည့်နေကြ၏။

ဤနေရာမှ သိပ်မဝေးကွာသည့်တစ်နေရာတွင် ဧကရာဇ်ငယ်လေးတစ်ယောက်က မီးတောက်ငယ်လေးဖြစ်သည့် သူ့လက်တွဲဖော်ကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကြည့်နေလေသည်။ ဝမ်ဝေ့က သူတို့သည် လက်တွဲဖက်ဖြစ်ကြောင်းသိသည်မှာ ထိုအမျိုးသမီးက စိတ်လှုပ်ရှားစွာ ဆက်တိုက်မေးနေ၍ ဖြစ်၏။

“လောင်ကုန်း ကျွန်မကို မြင်လား”

ထိုလူငယ်လေးက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“လူကြီးမင်း ... လူကြီးမင်း ခဏလောက်စောင့်ပါဦး” တစ်စုံတစ်ယောက်က အော်ကာ သူ့ကို တားဆီးလာလေ၏။

“ခင်ဗျား ကြည့်ရတာ နာကျင်မှုကနေ ဆင်းသက်လာတဲ့ သာယာမှုကို နားလည်မဲ့သူနဲ့ တူတယ်။ ကျွန်တော်တို့ရဲ့ ရမ္မက်နှိပ်စက်ရေးတည်းခိုဆောင်ကို စိတ်ဝင်စားလား။ ‌ရွေးချယ်မှုက ခင်ဗျားလက်ထဲမှာပါပဲ။ နာကျင်စေချင်တာလား ဒါမှမဟုတ် နာကျင်ရတာကို ကြိုက်တာလား … တကယ်လို့ ရှေ့တစ်ခုကို ရွေးချယ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကောင်မလေးတွေကို မသတ်မိဖို့ စာချုပ်ချုပ်ပေးရမယ်။ ကျွန်တော်တို့က သူတို့ကို လေ့ကျင့်ဖို့ အများကြီးအရင်းအနှီး စိုက်ထုတ်ထားခဲ့ရတာလေ။ ဒါပေမဲ့ ကိုယ်ပိုင်လက်တွဲဖော် ခေါ်လာမယ်ဆိုလည်း ကိစ္စမရှိဘူးနော်”

ကျင့်ကြံရေးလောကမှာပါ BDSM ရှိနေတာလား။ ငါ တရားဝင်မြင်ဖူးခဲ့ပြီပဲ …

ဝမ်ဝေ့က အံ့ဩစွာ တွေးလိုက်မိသည်။

“မလိုပါဘူး … ကျေးဇူးပါ”

“သေချာရဲ့လား” ထိုအမျိုးသားက သူ့အား ထူးထူးဆန်းဆန်းကြည့်ကာ မေးလာလေ၏။ ဝမ်ဝေ့က သူ့ကို ဘာမှမပြောဘဲ ထွက်ခွာလာလိုက်သည်။ သူက ထိုလူစားမျိုးကို ကောင်းကောင်းသိထားသည့်အတွက် ကိစ္စမရှိပေ။

ငါ ဟုန်အာကို တစ်ရက် ဒီခေါ်လာရမယ် …

ဝမ်ဝေ့က တွေးရင်း လျှောက်လှမ်းသွားလိုက်၏။

ငါနဲ့ မတူဘဲ သူမက အဲ့လိုမျိုးပြရတာကို မကြိုက်ဘူးဆိုတော့ ဒါကို ငြင်းဆန်လောက်တယ်။ ဒါပေမဲ့ ဒီနေရာကို ပြန်လည်ဖန်တီးလိုက်ရင်တော့ ဖျောင်းဖျလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေလုပ်ဖို့အတွက် ကိုယ်ပွားတွေကို သုံးလို့ရတာပဲလေ …

ဝမ်ဝေ့က ပြုံးပြီး အနာဂတ်အကြောင်း တွေးမိသွားလေသည်။ သူက တည်းခိုဖို့ရန် သာမန်တည်းခိုခန်းတစ်ခုကို ရှာဖွေရမည် ဖြစ်၏။ အကြောင်းအရင်းကမူ သူက ဧကရီဆီက သတင်းရောက်မလာသေး၍ ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် သူသည် တစ်စုံတစ်ယောက် ဆက်သွယ်မလာခင်အချိန်အထိ ၁၀ရက် စောင့်ဆိုင်းခဲ့ရလေသည်။

အာဏာပြနေတာလား …

ဝမ်ဝေ့က တွေးလိုက်လေသည်။ ထိုသို့သော မလေးစားမှုမျိုးက များစွာ ထုတ်ဖော်ပြသပြီးဖြစ်သည့်အတွက် ဤအစည်းအဝေးကို မကောင်းသောအနေအထားနှင့် စတင်နေသည်ဟု ဆိုရပေမည်။ သူက သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကို တည်ငြိမ်စွာ ကြည့်လိုက်လေ၏။

“ဒါနဲ့ ခင်ဗျားရဲ့ နာမည်က ဘယ်သူလဲ”

All Chapters