မသက်မသာတွေ့ဆုံမှု
Vol. 107 Ch. 1488
“ကျွန်မကို အမျိုးသမီရွှင်းလို့ ခေါ်လို့ရပါတယ်” ကောက်ကြောင်းလှလှနှင့်အမျိုးသမီးက ပြောလိုက်သည်။ သူမက ဖြူဖျော့ပိန်လျသည့် ကျင့်ကြံရေးလောက၏ စံနှုန်းအတိုင်း မကိုက်ညီပေ။ သူမက ဝနေခြင်းမဟုတ်ဘဲ အစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးနေခြင်းသာ ဖြစ်၏။
ဝမ်ဝေ့က သူမကို ခြုံငုံကြည့်ပြီးသည့်နောက်တွင် သူမ၏ဝတ်ရုံကို အာရုံစိုက်မိလိုက်သည်။
လီကျွင်းသာ ဒီမှာရှိရင် သူက သူမရဲ့ဝတ်ရုံကို အားကျတယ်လို့ ပြောလိမ့်မယ် ...
ဝမ်ဝေ့က တွေးလိုက်မိ၏။
“အမျိုးသမီးရွှင်း တွေ့ရတာ ဝမ်းသာပါတယ်”
“နောက်ကျသွားတဲ့အတွက်လည်း ကျွန်မဘက်က တောင်းပန်ပါတယ်။ ဒါပေမဲ့ အရှင်မက အရေးကြီးတာတစ်ခု လုပ်စရာရှိနေတာနဲ့ ကျွန်မတို့တွေ အပြင်ကနေ အဆက်အသွယ် ပြတ်တောက်သွားတယ်လေ” အမျိုးသမီးရွှင်းက သူမ၏ ဖြူလွလွ သွားများကို ထုတ်ဖော်ပြသရင်း ပြုံးကာပြောလိုက်၏။
“ကျွန်မတို့ရဲ့ အမှားအတွက် ဒီအပြစ်ကြွေးမြို့တော်ကို နှစ်တစ်သန်းအခမဲ့ ဖြတ်သန်းခွင့်ပေးပါ့မယ်”
အမျိုးသမီးရွှင်းက ဆက်ပြောလိုက်လေသည်။ အပြစ်ကြွေးမြို့တော်ဆိုသည်မှာ လူအများသည် သူတို့၏အရိုင်းဆန်ဆုံး လိုအင်ဆန္ဒများကို အကဲဖြတ်ခံရခြင်းမရှိဘဲ ပြုလုပ်ခံစားနိုင်လေ၏။ သူတို့၏ရှည်ကြာလှသည့် သက်တမ်းကို ငြီးငွေ့နေကြသည့်လူများ သို့မဟုတ် တဏှာကို ကျင့်ကြံရေးအနေဖြင့် အသုံးချသည့်သူများအတွက် ဤနေရာသည် ကောင်းကင်ဘုံသဖွယ် ဖြစ်၏။
သို့သော်လည်း အလကား မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် သာမန်ကျင့်ကြံသူများက ဤနေရာတွင် တစ်နှစ်မျှပင် နေထိုင်ခွင့်မတတ်နိုင်ကြပေ။ ထို့ကြောင့် နှစ်တစ်သန်းနေထိုင်ခွင့်ဆိုသည်က ဆုလာဘ်ကြီးကြီးမားမားဟု မှတ်ယူနိုင်ပေ၏။
“ကျုပ် လက်ခံပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ သူက အမျိုးသမီးရွှင်းဆီမှ အံ့အားသင့်မှုကို ခံစားမိလိုက်သည်။
“ကျုပ် လက်ခံမယ်လို့ ထင်မထားဘူးလား”
“ကျွန်မ ထင်မထားမိတာကိုတော့ ဝန်ခံရလိမ့်မယ်။ အပြင်ကလူအများစုက ဒီနေရာကို ရွံ့ဖို့ကောင်းတယ်လို့ ထင်ကြတာလေ။ ဒီနေရာကို နာမည်တွေ၊ ဇစ်မြစ်တွေအမျိုးမျိုး ဖုံးကွယ်ပြီး လာရောက်ကြတယ်ဆိုပေမဲ့ ...” အမျိုးသမီးရွှင်းက ဝန်ခံလိုက်လေသည်။
“ကျုပ်က ကျုပ်ကို ပေးအပ်လာတဲ့ အဖိုးတန်အရာမျိုးကို ငြင်းဆန်နေမဲ့လူမျိုး မဟုတ်ဘူး။ ပြီးတော့ ကျုပ်ကိုယ်တိုင်မသုံးရင်တောင် တခြားတန်ကြေးနဲ့ လဲလှယ်လို့ရသေးတယ်လေ” ဝမ်ဝေ့က ပြောလိုက်လေသည်။
“ရှင့်သဘောပါပဲ” အမျိုးသမီးရွှင်းက သူ့အား နှစ်တစ်သန်းဟု ရေးသားထားသည့် အမှတ်အသားကတ်တစ်ခုကို ပေးလိုက်လေသည်။
“အခု ကျွန်မနောက်ကို လိုက်ခဲ့ပါ။ ဧကရီက စောင့်နေပါတယ်”
ဝမ်ဝေ့က ဖြည်းဖြည်းချင်း ထရပ်ကာ မုခ်ပေါက်ကို ဝင်ရောက်လိုက်၏။ သူက တိုင်းပြည်နှင့်တူသည့် နန်းတော်တစ်ခုကို တွေ့ရှိလိုက်ရသည်။
သူ ပထမဦးဆုံး သတိထားမိသည့်အရာက အမျိုးသားနှင့်အမျိုးသမီး မျှခြေညီနေခြင်း ဖြစ်၏။ နန်းတော်အများစု၌ အမျိုးသမီးအများစုက အစေခံဖြစ်ကာ ရှားပါးပြီး နည်းလေသည်။ သို့သော် ဤနေရာတွင် မျှခြေညီနေလေ၏။ သို့သော်လည်း ဝမ်ဝေ့ သတိထားမိသည်က ကုန်းကုန်းဝတ်ရုံနှင့် လူအားလုံးကမူ အမျိုးသားများသာ ဖြစ်ပေသည်။
သမိုင်းကြောင်းတလျှောက် ကုန်းကုန်းများသည် သူတို့သစ္စာဖောက်သည့် အနေအထားအတွက် ပလ္လင် လုပ်ပိုင်ခွင့်ကို မရရှိစေရန် သင်းကွပ်ခံခဲ့ရသည်။ သို့မဟုတ် ဧကရာဇ်၏ဇနီးများ၊ ကိုယ်လုပ်တော်များနှင့် အိပ်စက်ခြင်းမှ ကာကွယ်ဖို့ သင်းကွပ်ခံခဲ့ရသည်။
အဲဒါကြောင့် သူက အမျိုးသားတွေကို ရွေးချယ်ခဲ့တာလား။ သူက သူမရဲ့ ခင်ပွန်းတွေနဲ့ အမျိုးသားတွေကို တစ်စုံတယောက် တပ်မက်တာကို မလိုချင်တာမျိုးလား။
ဒီကောင်းကင်မြွေနဂါးဧကရီက တစ်ခုခုတော့ တစ်ခုခုပဲ …
ဝမ်ဝေ့က တွေးရင်း အမျိုးသမီးရွှင်းနောက်မှ လိုက်ပါသွားလေသည်။
သူက ဤနန်းတော်၏ အရောင်သည် ခရမ်းရောင်ဖြစ်နေကြောင်း သတိထားမိခဲ့၏။
သူမ သဘောကျတဲ့အရောင်က ခရမ်းရောင်လား။ အဲ့လိုဆိုရင်တော့ ဒါကို သုံးပြီးစကားဝိုင်းစလို့ရပြီ …
ဝမ်ဝေ့က တွေးလိုက်သည်။ သူတို့ ငါးမိနစ်ခန့်လျှောက်ရင်း ရောက်ရှိသွားလေ၏။
အမျိုးသမီးရွှင်းက အခန်းငယ်တစ်ခုကို လက်ညှိုးထိုးကာ ဝမ်ဝေ့က ထူးထူးဆန်းဆန်း ကြည့်လိုက်လေသည်။ ထို့နောက် သူမ ခေါင်းညိတ်ပြပြီးသည့်နောက်တွင် သူက အထဲကို ဝင်ရောက်ခဲ့၏။
အမျိုးသမီးက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး အနက်ရောင်ခန်းစီးစများဖြင့် လွှမ်းခြုံထားလေသည်။ ငါးမီတာအကွာတွင် အစားအစာနှင့်သေရည်စားပွဲ ရှိနေ၏။ ကောင်းကင်မြွေနဂါးဧကရီက ဖြည်းဖြည်းချင်း ကုတင်ပေါ်မှ ဆင်းလာကာ သူမ၏ရှည်လျားသည့်ခြေထောက်နှင့် ကျောက်စိမ်းကဲ့သို့အသားအရေကို ထုတ်ဖော်ပြသလာ၏။
အကယ်၍ ဝမ်ဝေ့တွင် ခိုင်မာသည့်စိတ်ဆန္ဒသာ မရှိလျှင် နှာခေါင်းသွေးယိုသွားလိမ့်မည်။ ဧကရီက ဟန်ဖုကို ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ … ဖော်ညွှန်းရမည်ဆိုလျှင် အမည်မသိပိုးသားဖြင့် ပြုလုပ်ထားသည့် ကြည်လင်ထိုးဖောက်လုမတတ် မြင်နေရသည့်အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားခြင်း ဖြစ်၏။ သူမ၏အနက်ရောင် လက်သည်းများကို ကောင်းမွန်စွာ အချောသတ်ထားပြီး အနီရောင်ဝတ်စုံနှင့် ခရမ်းရောင်ဆံပင်တို့က ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေပြီး သူမ၏အလှတရားကို ပိုမိုဆွဲဆောင်မှုရှိသွားသည်။
ဝမ်ဝေ့က ကြည့်နေရုံဖြင့် မရှက်ပေ။ သူက မြင်ကွင်းကို သဘောကျနေပေ၏။ သူက လေ့လာအကဲခတ်နေမိသည်။ ထင်ထားသည့်အတိုင်း သူမကို ကာကွယ်ပေးထားသည့် ထူးကဲသာလွန်မှုစွမ်းအားအနည်းငယ် ရှိနေလေသည်။
မဟုတ်ဘူး။ အဲဒါက သူမရဲ့တကယ့်စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ပေးထားတာပဲ …
“ရှင် ချောင်းကြည့်နေတဲ့ ကိစ္စကို ဖုံးတောင်မဖုံကွယ်တော့ဘူးလား” ကောင်းကင်မြွေနဂါးဧကရီက မေးလိုက်သည်။
“အရှင်မက ပြသချင်မှတော့ ကျုပ်ကလည်း သဘောတကျ ကြည့်ပေးရမှာပေါ့”
“မင်းက အတော်လေး သတ္တိကောင်းတာပဲ” သူမက ရယ်မောလိုက်လေသည်။
“ကျုပ်ကို အဲ့လိုပြောကြပါတယ်”
“မင်း ကြည့်တဲ့ပုံအရ မင်းက ငါ့ရဲ့ အဝတ်တွေကိုတောင် ထိုးဖောက်မြင်နေရတဲ့ပုံပဲ” ကောင်းကင်မြွေနဂါးဧကရီ၏ မျက်ဝန်းနှင့်ပါးစပ်တို့က ပြုံးနေဟန်ပေါ်သည်။
“ကျုပ်က လူတွေအပေါ်မှ အဲ့လိုမျိုးသက်ရောက်မှု ရှိတယ်လေ။ အထူးသဖြင့် အမျိုးသမီးတွေဆီပေါ့။ အဲဒါကြောင့် အရမ်းကြီးစိတ်ထဲမထားပါနဲ့” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ရဲတင်းပြီးတော့ ဟာသဉာဏ်ရှိတာပဲ။ ပြောဦး မင်းက သတ္တိရော ကောင်းရဲ့လား” သူမက ဆွဲဆောင်မှုရှိရှိ ပြောလိုက်သည်။
“ကျုပ်ကတော့ သတ္တိကောင်းတယ်လို့ ထင်ပါတယ်”
“အဲ့လိုဆို ပြလေ။ မင်းရဲ့ အလိုလိုသိစိတ်က မလှုပ်ရှားခင် ငါ့ရဲ့အဝတ်တွေကို လာပြီးတော့ စုတ်ဖြဲလှည့်”
ဝမ်ဝေ့က စက္ကန့်ပိုင်းခန့် ပါးစပ်ဟပြီး ဘာပြောရမည်မှန်း မသိတော့ပေ။ ထို့နောက် သူက မလုံမလဲပြုံးလိုက်၏။
“ဒါက တပ်မက်ဖို့ကောင်းတယ်ဆိုပေမဲ့လည်း ကျုပ်က အပေးအယူကို ငြင်းဆန်ရလိမ့်မယ်”
“မင်းက မင်းပြောသလိုမျိုး သတ္တိမကောင်းဘူးလား”
“အဲ့လောက်အထိတော့ မဟုတ်ဘူးပေါ့”
ကောင်းကင်မြွေနဂါးဧကရီ၏ အကြည့်က ပိုမိုညင်သာလာလေသည်။
“အမျိုးသားတစ်ယောက်က သူ့အမှားကို ဝန်ခံတယ်တဲ့လား။ ငါ မင်းကို ပိုပြီး သဘောကျသွားပြီ။ လာ ... ထိုင်လေ။ စကားပြောရအောင်”
ဝမ်ဝေ့က သူမ၏ကမ်းလှမ်းမှုကို လက်ခံကာ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်လေ၏။ ကောင်းကင်မြွေနဂါးဧကရီက သူ့အား သေရည်တချို့ လောင်းထည့်ပေးပြီး သူမခွက်ထဲ လောင်းထည့်လိုက်သည်။
“မင်းက ဝမ်ဝေ့မလား”
“ဟုတ်ပါတယ် အရှင်မ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“သက်တောင့်သက်သာပဲ ခေါ်ပါ။ ငါ့ကို စစ်မိန်ဟွေ့ ဒါမှမဟုတ် ဟွေ့အာလို့လည်း ခေါ်လို့ရတယ်” သူမက ညင်သာစွာ ပြောလိုက်လေသည်။
သူမရဲ့ နာမည်က လုချွင်းထောင်မှတ်နေတာ။ သူမက ယခင်ခေတ်ဟောင်းက ဇစ်မြစ်ကို ဖုံးကွယ်ဖို့ကြိုးစားနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူမက မကြာခဏနာမည်တွေ ပြောင်းလေ့ရှိတာလား …
ဝမ်ဝေ့က တွေးလိုက်လေသည်။
“ဘယ်လိုလုပ် တရင်းတနှီးခေါ်ရဲပါ့မလဲ။ မိန်းကလေးစစ်လို့ ခေါ်ရင်ကော”
“မိန်းကလေးစစ်တဲ့လား။ ငါ တစ်ခါမှ အဲ့လိုအခေါ်မခံဖူးဘူး။ ငါ သဘောကျတယ်” သူမက သေရည်တစ်ငုံ သောက်သုံးရင်း ပြန်ပြောလိုက်သည်။
“အဲ့ဆိုတော့ ဝေ့အာ … ငါ့ရဲ့အပြစ်ကြွေးတိုင်းပြည်ကို ဘယ်လိုထင်လဲ”
ဝမ်ဝေ့၏ နှုတ်ခမ်းက ရှုံ့မဲ့သွားလေသည်။ ထိုအမျိုးသမီးက ဤထက် အရှက်မဲ့နိုင်ဦးမည်လား။
မည်သို့ပင်ဆိုစေကာမူ သူက တုန့်ပြန်လိုက်လေ၏။
“ဒါက အတွေးကောင်းပါ။ ကျင့်ကြံသူတွေက လိင်ပိုင်းဆိုင်ရာအရ ဖိနှိပ်ခံထားရပြီးတော့ ဒီလိုမျိုး သူတို့ရဲ့စိတ်ကူးကို ထုတ်ဖော်ပြသလို့ရတဲ့နေရာမျိုးရှိတာ တကယ်ကိုကောင်းပါတယ်။ မဟုတ်ရင် အဲ့လူတွေက ဘာလုပ်ကြမလဲဆိုတာ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်”
“ဒါက အစကတည်းက ငါ့ရဲ့ရည်ရွယ်ချက် ဖြစ်ခဲ့တာ။ ဒါပေမဲ့ အားလုံးက ရွံ့ရှာကြတယ်လေ။ ပညာရှင်တချို့က ငါ့ကို မိစ္ဆာလို့တောင် နာမည်တပ်သွားကြသေးတယ်။ ငါတို့တွေ တူလို့တော်သေးတာပေါ့” ကောင်းကင်မြွေနဂါးဧကရီက ပြုံးကာ ပြောလိုက်၏။
“စာပေရေးရာသဘာဝက ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး ထိခိုက်စေခဲ့တယ်လေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ကွန်ဖြူးရှပ်က တရုတ်၏ ဇစ်မြစ်ထဲ နှစ်ပေါင်းထောင်ချီကြာ စိမ့်ဝင်နေခဲ့ပြီး ဤကမ္ဘာတွင်လည်း ထိုစာပေရေးရာက တူညီစွာ လုပ်ဆောင်ခဲ့လေသည်။
“ကြည့်ရတာ မင်း သိတဲ့ပုံပဲ” ကောင်းကင်မြွေနဂါးဧကရီက သူမ၏ဆံပင်ကို နားနောက်သပ်ကာ ပြောလိုက်လေသည်။
“လာရင်းကိစ္စပြောရမယ်ဆိုရင် မင်း လာတုန်း မင်းအာရုံဖမ်းစားမိတာ တစ်ခုခု တွေ့ခဲ့လား။ မင်း ကြိုးစားကြည့်ချင်တဲ့ အရာမျိုးပေါ့”
ဝမ်ဝေ့က အဖန်ရည်တငုံ သောက်သုံးကာ သူ့ဘဝ၏ တည်ရှိမှုကိုသာ ကျိန်ဆဲလိုက်သည်။ ဤစကားဝိုင်းက ဇာတ်လိုက်များ၏ အိမ်မက်ဖြစ်သင့်သော်လည်း သူက မဆုံးဖြတ်ရသေးသည့် ဆက်ဆံရေးတစ်ခုကြောင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်နေရပေသည်။
ဝမ်ဝေ့ မင်းရဲ့အမေက မင်းကို ကောင်းကောင်းပြုစုပျိုးထောင်ခဲ့တာ။ မင်းကိုယ်မင်း ထိန်းချုပ်ထား … ဖောက်ပြန်တာက ဆက်ဆံရေးတစ်ခုမှာ မဖြစ်သင့်ဆုံးအချက်ပဲ …
“ကျုပ်ကို စိတ်ဝင်စားစေတဲ့ အရာတချို့တော့ ရှိတယ်။ ကျုပ်ဇနီးကို ဖျားယောင်းပြီးတော့ စမ်းဖို့ မျှော်လင့်နေတာ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“အိုး ... အဲဒါက အလုပ်ဖြစ်မယ်လို့ ထင်လား” ကောင်းကင်မြွေနဂါးဧကရီက အနည်းငယ် လှောင်ပြုံးဖြင့် မေးလိုက်လေသည်။
“သူမက ကျုပ်လိုမျိုးအရာအားလုံးကို ပွင့်လင်းမြင်သာမရှိပေမဲ့ အတော်လေးတော့ ပွင့်လင်းပါတယ်”
“အတော်လေးကို ပွင့်လင်းတယ်လို့ ပြောလိုက်တာလား။ အဲ့ဆိုရင် မင်းရဲ့ အိပ်ခန်းမှာ တခြားအမျိုးသမီးတစ်ယောက်ကို ထည့်လောက်အောင် ပွင့်လင်းတာလား” သူမက အဖန်ရည်တစ်ငုံ သောက်သုံးရင်း ပြောလိုက်လေသည်။
“သူမက အဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ အတော်လေး တင်းကြပ်တယ်လေ။ သူမက ကျုပ်ကို တခြားအမျိုးသမီးနဲ့ တပူးတတွဲတွဲ မဖြစ်ဖို့ အဆုံးစွန်ထိ လုပ်လိမ့်မယ်” ဝမ်ဝေ့က အလျင်အမြန် ပြောလိုက်လေသည်။
“မင်းက ဦးဆောင်နေရတဲ့သူ မဟုတ်ဘူးလား။ ဒါလေးတောင် မလုပ်နိုင်ဘူးလား” ကောင်းကင်မြွေနဂါးဧကရီက ဖျောင်းဖျလိုက်၏။
“နှမြောဖို့ကောင်းတာက သူမက ဦးဆောင်နေတဲ့သူလေ။ ကျုပ်က ကျုပ်ရဲ့ ယောက်ျားဂုဏ်ရည်ကို ထိန်းသိမ်းနေရတာ။ ဒါပေမဲ့ ရှေ့ဆက်ရမဲ့ လမ်းအရှည်ကြီး ရှိနေပါသေးတယ်” ဝမ်ဝေ့က ဖြူစင်သည့် အကြည့်များဖြင့် ဝန်ခံလိုက်လေရာ ကောင်းကင်မြွေနဂါးဧကရီ၏ ခန္ဓာကိုယ် တုံ့ဆိုင်းသွားလေ၏။
သူမက ချိုမြိန်စွာ ရယ်မောပြီး ပြောလိုက်လေသည်။
“မင်းကို အထင်သေးရမလား ဒါမှမဟုတ် ဝန်ခံတဲ့အတွက်ကြောင့် လေးစားရမလားဆိုတာတောင် မသိတော့ဘူး”
“အဲဒါကို လေးစားသင့်တယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် ရိုးသားမှုက ဘဝမှာ နေထိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲလေ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“တကယ်လို့ ဒီလိုသာအမှန်ဖြစ်မယ်ဆိုရင်တော့ မင်းက ငါနဲ့ အချိန်အတူတူကုန်ဆုံးရတာကို စိတ်မဝင်စားတဲ့ပုံပဲ။ မင်းက မင်းဘဝရဲ့ အမှတ်တရဖြစ်ဆုံး ညတစ်ညကို ဆုံးရှုံးသွားရတာဆိုတော့ မင်းရဲ့ ဆုံးရှုံးမှုပဲ”ဧကရီက ပြုံးကာ ပြောလိုက်လေသည်။
“အဲ့လိုဖြစ်မှာ သေချာပါတယ်” ဝမ်ဝေ့က ပြောလိုက်လေသည်။
“ပြောပါဦး မင်းက ဘာလို့ဒီကို ရောက်လာတာလဲ” ကောင်းကင်မြွေနဂါးဧကရီက သူ့အား တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်။ သို့သော်လည်း သူမ၏ ဆွဲဆောင်မှုက ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် အုပ်ချုပ်သူတစ်ယောက်၏ ကြီးမြတ်မှုမျိုးဖြင့် အစားထိုးသွားလေသည်။