← Chapters

လက်တွေ့စစ်ဆေးကြည့်ခြင်း

Vol. 107 Ch. 1490

လက်တွေ့စစ်ဆေးကြည့်ခြင်း

Vol. 107 Ch. 1490

စစ်မိန်ဟွေ့က ခဏရပ်လိုက်ပြီး သူ့ကို ပြုံးပြရင်း မေးလိုက်သည်။

"ငါက စစ်မိန်ဟွေ့မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ"

"ခင်ဗျားက ကျောက်မြွေနဂါး ဧကရီ လုချွန်းထောင်ပါ။ ဒါပေမဲ့ ဒါက ခင်ဗျားရဲ့ တစ်ခုတည်းသော ကိုယ်ပိုင်ဇစ်မြစ် မဟုတ်ဘူးမလား" ဝမ်ဝေ့က မေးလိုက်သည်။

"ဆက်ပြောပါဦး" သူမ၏ အပြုံးက ပိုမိုပီပြင်လာသည်။

"ခင်ဗျားက ကျုပ် မြင်ဖူးသမျှ ကျင့်ကြံသူတွေထဲမှာ အထူးခြားဆုံး တစ်ယောက် ဖြစ်နိုင်ပါတယ်" ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

"ကောင်းကင်ငရဲနဂါးက မကောင်းဆိုးဝါးနတ်ဘုရားတွေနဲ့ တန်းတူယှဉ်နိုင်ပြီးတော့ ဟိုးကတည်းက မျိုးတုန်းပျောက်ကွယ်သွားခဲ့တဲ့ ရှေးကျတဲ့ သက်ရှိတစ်မျိုးပဲ။ သူ့ကောင်းချီးက လူတွေ သူတို့ရဲ့ အုတ်မြစ်ကို ပြုပြင်ပြီး ထာဝရလမ်းစဉ်လျှောက်လှမ်းဖို့ ဒါမှမဟုတ် တာအို ပြောင်းလဲဖို့အတွက် ဘာပြစ်ဒဏ်၊ ဘေးထွက်ဆိုးကျိုးမှ မရှိဘဲ ခဏတာ အနားယူနေရသလိုမျိုးနဲ့ တူညီတဲ့ သံသရာပုံစံကို တွေ့ကြုံခံစားခွင့်ပေးထားတယ်။ ခင်ဗျားဟာ ကောင်းကင်ငရဲနဂါးရဲ့ အကြွင်းအကျန်ကို ရှာတွေ့ပြီး ခင်ဗျားရဲ့ မြွေနဂါးကိုးကောင် သွေးမျိုးဆက်နဲ့ ပေါင်းစပ်ထားတယ်"

"မင်းက ဒါကိုတောင် သတိထားမိတယ်ပေါ့"

"ကျုပ်က မြွေနဂါးကိုးကောင် သွေးမျိုးဆက်ရှိတဲ့ တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ ဒါကြောင့် ကျုပ် ရင်းနှီးပါတယ်" ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူသည် ဒိုင်မေးရှင်းအနိမ့်၌ ယဲ့တာဖူ၏ ဇနီး မြင့်မြတ်မြွေနဂါး ဧကရီကို လျှို့ဝှက်စောင့်ကြည့်ပြီး လေ့လာခဲ့ဖူးသည်။

"တခြားဘာတွေ တွေ့ခဲ့သေးလဲ" လုချွန်းထောင်က မေးလိုက်ပြီး သူမအပြုံးက မပြောင်းလဲသေးပေ။

"ခင်ဗျား ဒီစွမ်းအားတွေကို ပေါင်းစပ်လိုက်တဲ့ နည်းလမ်းက အံ့မခန်းပဲ။ ခင်ဗျားက နာမည်တွေမှာ စွမ်းအားရှိတယ်ဆိုတဲ့ သဘောတရားကို သုံးပြီး နာမည်တာအိုကို ပျိုးထောင်ခဲ့တယ်။ ခင်ဗျား ရွေးချယ်လိုက်တဲ့ နာမည်တစ်ခုစီဟာ မတူညီတဲ့ ပင်ကိုယ်စရိုက်၊ တစ်ဦးချင်းစီရဲ့ ဘဝအတွေ့အကြုံနဲ့ ကောင်းကင်ငရဲနဂါးရဲ့ ထူးခြားတဲ့ သံသရာကနေ ဖန်တီးထားတဲ့ ထူးကဲတာအိုမျိုး ရှိတယ် … ခင်ဗျားက ထူးကဲတဲ့ သွေးမျိုးဆက်ကိုလည်း ရွေးချယ်ခဲ့တယ်။

လုချွန်းထောင်က ကမ္ဘာဦးမြေဓာတ်မြွေနဂါးကနေ ဖန်တီးခဲ့တာဖြစ်ပြီး မြေဓာတ်ရဲ့ တာအို ကို အသုံးပြုတယ်။ စစ်မိန်ဟွေ့က ကာမဂုဏ်ရဲ့ တာအိုကို ကျင့်ကြံထားတဲ့ ပင်ကိုယ်စရိုက်ဖြစ်ရမယ်။ ကျုပ် မှန်အောင် ခန့်မှန်းရမယ်ဆိုရင် သူမဟာ ချီယွီလျို့ချင်နဂါးမျိုးနွယ်စုကနေ (လိုအင်ဆန္ဒ ခြောက်မျိုး၊ စိတ်ခံစားမှု ခုနှစ်မျိုး) ဆင်းသက်လာတဲ့ ကမ္ဘာဦးကာမဂုဏ် မြွေနဂါးသွေးမျိုးနွယ်ကို ပိုင်ဆိုင်ထားရမယ်"

"မင်းက ဒီအချက်အလက်အားလုံးကို တိုက်ခိုက်နေတုန်း စက္ကန့်အနည်းငယ်အတွင်းမှာပဲ သင်ယူပြီး တွေးတောနိုင်ခဲ့တယ်ပေါ့။ မင်းရဲ့ ထက်မြက်တဲ့စိတ်က ငါ့အတွက် မင်းကို ပိုပြီး မက်မောလာစေတယ်" လုချွန်းထောင်က တောင့်တမှု ပြင်းပြနေသည့် အကြည့်များဖြင့် ပြောလိုက်သည်။

"မင်းအတွက် ကံဆိုးသွားတာက ပိုပြီး ညှိနှိုင်းလို့ကောင်းတဲ့ ငါ့ပင်ကိုယ်စရိုက်ဆီ တိတ်တဆိတ် လွှမ်းမိုးဖို့ ကြိုးစားတာက အလကားပဲ …သူတို့အားလုံးက ငါပဲ

… ငါက သူတို့ပဲ။ သူတို့က ကွဲပြားနေတဲ့ ပင်ကိုယ်စရိုက်တွေ မဟုတ်ဘူး။ ဒါက ရည်ရွယ်ချက်တစ်ခု … ဝိညာဉ်တစ်ခု ရှိထားတဲ့ ငါ့ရဲ့ နောက်ပုံစံကွဲတွေလိုပါပဲ"

"ကောင်းပြီလေ … ကျုပ် ကြိုးစားကြည့်ရမှာပဲ" ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူ့အနေနှင့် သူမကို ရှေးဦးစံပြတစ်ယောက်ဟု ယူဆထားသည့်အတွက် သူသည် ဤတိုက်ပွဲကို တခြားသူများဖြင့် တိုက်ခိုက်သကဲ့သို့ မချဉ်းကပ်ခဲ့ပေ။ ထို့ကြောင့် သူသည် မဆွေးမြေ့ခန္ဓာဆေးလုံးကို သောက်လိုက်ပြီး မီးတောက်ပန်းပဲဆရာနှင့် အဆိပ်နတ်ဆိုးမတို့က သူ့အတွက် ပြုလုပ်ပေးထားသည့် ခရမ်းရောင် လှံကို ထုတ်လိုက်သည်။ ထို့အပြင် သူသည် သူ၏ မဟာယန္တရားများဖြစ်ရာ အရင်းအမြစ်ချီ နေရာလွတ်၊ သံသရာ၊ အချိန်မြစ်ကြောင်း၊ ကံကြမ္မာမြစ်ကြောင်းတို့နှင့်လည်း ချိတ်ဆက်လိုက်သည်။

"ဒီတော့ မင်းက တကယ် တိုက်ချင်တာပေါ့ ဟုတ်လား။ ငါ့အတွက် ကိစ္စမရှိဘူး" လုချွန်းထောင်က ခန္ဓာကိုယ်ကို ပြောင်းလဲရင်း ပြောသည်။ သူမ၏ သံချပ်ကာက အနက်ရောင်ဝတ်ရုံအဖြစ် ပြောင်းလဲသွားပြီး သူမ၏ သုံးခွခရင်းခွက ဓားတစ်ချောင်းအဖြစ် ပြောင်းသွားလေသည်။ ထို့နောက် သူမ၏ မျက်ဝန်းမှ လျှပ်စီးများ ထွက်ပေါ်လာသည်။

"မင်းကို လိန်အာဟွမ်းနဲ့ ဆော့ကစားခိုင်းလိုက်ရင် ဘယ်လိုလဲ" သူမက ရယ်သည်။ သူမဟာ လျှပ်စီးကြောင်းတစ်ခုကို နောက်မှာထားခဲ့ပြီး ပျောက်ကွယ်သွားသည်။ လိန်အာဟွမ်းက ဝမ်ဝေ့ဆီ ရောက်လာသည်နှင့် ဓားဖြင့် ခုတ်လိုက်တာကြောင့် ဝမ်ဝေ့သည် သူ့လှံတံကို လက်နှစ်ဖက်လုံးနှင့် ကိုင်ပြီး ပိတ်ဆို့တားဆီးလိုက်ရသည်။

သူ့ခန္ဓာကိုယ်က ကောင်းကင်ထဲ မီတာအနည်းငယ်အကွာအထိ အတင်းအကျပ် တွန်းပို့ခံလိုက်ရသော်ငြား တောင့်ခံထားနိုင်ခဲ့သည်။

ဝါးမျိုရေးလျှပ်စီးမြွေနဂါး သွေးမျိုးဆက် …

ဝမ်ဝေ့က ညည်းညူလိုက်သည်။ ထိုအရာက ကမ္ဘာဦးဟွင်သွမ်းထဲ မွေးဖွားခဲ့သည့် ကမ္ဘာဦးသက်ရှိတစ်မျိုးဖြစ်ပြီး ကမ္ဘာဦးလျှပ်စီးနှင့် အနည်းငယ်သော ဝါးမျိုရေးတာအို စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုတိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဝမ်ဝေ့သည် ခွန်အားအနည်းငယ် စားသုံးခံလိုက်ရသလို ခံစားလိုက်ရပြီး အနည်းငယ် အားနည်းသွားသည်။

ဒါက ရှေးဦးစံပြတစ်ယောက်ရဲ့ ခွန်အားလား …

သူ တွေးလိုက်သည်။

လိန်အာဟွမ်းက သူ့လို တခြားသော မဟာယန္တရားများနှင့် ကိုယ်တိုင် ချိတ်ဆက်ဖို့ မလိုအပ်ဘူးဆိုတာကို သူ သတိထားမိလိုက်သည်။

သူမအတွက် သဘာဝပဲ …

ထို့အပြင် သူသည် လေးခုနှင့် ချိတ်ဆက်ထားသော်လည်း သူမသည် နှစ်ခုကိုသာ ရယူသုံးစွဲနိုင်သည်။

ကမ္ဘာဦးဟွင်သွမ်းနှင့် မဟာတာအိုအရင်းအမြစ် …

လိန်အာဟွမ်း၏ လုပ်ဆောင်ပုံက ဓားသမားတစ်ယောက်လိုပဲ ပြင်းထန်လှသည်။ ဝမ်ဝေ့ဘက်က ခုခံနေရသည်နှင့်အမျှ သူမက အရှိန်အဟုန်ကို အခွင့်ကောင်းယူလိုက်သည်။

ဝမ်ဝေ့သည် ပထမဆုံး တိုက်ခိုက်မှုကနေ သင်ယူခဲ့ပြီး သူ၏ အာရုံကြောများကို ကံကြမ္မာမြစ်ကြောင်းမှ ကြိုးမျှင်များနှင့် အစားထိုးခြင်းအားဖြင့် သူ့အရှိန်နဲ့ တုံ့ပြန်ချိန်ကို တိုးမြှင့်လိုက်သည်။

ထို့ကြောင့် ဓားက သူ့ဆီ ရောက်လာသည့်အခါ သူ့တိုက်ခိုက်မှုကို ထုတ်လွှတ်ဖို့ အချိန်အများကြီး ရခဲ့သည်။

မရဏပိုင်နက် …

ကံမကောင်းစွာဖြင့် လိန်အာဟွမ်း၏ ခရမ်းရောင် လျှပ်စီးက သူမအား ရစ်ပတ်ထားသည့် အတုအယောင် မရဏပိုင်နက်ကို ဆုတ်ဖြဲပစ်လိုက်သည်။

ဝမ်ဝေ့သည် လှံဖြင့် ထိုးလိုက်ပြီး လိန်အာဟွမ်း ပိုင်နက်ထဲကနေ ထွက်လာမည့် အချိန်နှင့် အံဝင်ခွင်ကျဖြစ်အောင် တိုက်ခိုက်လိုက်သည်။ သူသည် သူမ၏ သွေးမျိုးဆက်ပေါ်မှာ ကံကြမ္မာကြိုးမျှင်ကို ချည်နှောင်ထားလိုပြီး တခြားသူတွေဆီမှ ရယူသုံးစွဲမှုကို ကန့်သတ်ထားလိုသည်။ ကံမကောင်းစွာနှင့် သူမပတ်ပတ်လည်တွင် နဂါးခေါင်းတစ်ခု ပေါ်လာပြီး သူ့ ကြိုးမျှင်များကို မျိုချလိုက်လေ၏။

ထို့နောက် လိန်အာဟွမ်းက ဖမ်းဆုပ်သည့် ပုံစံလုပ်လိုက်သည့်အခါ ဝမ်ဝေ့သည် သူ့ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားကာ သူမဆီကို ပျံသန်းသွားလေသည်။

ဘာတွေဖြစ်နေတာလဲ။ လျှပ်စစ်သံလိုက်ဓာတ်လား …

သူသည် သူမ၏တိုက်ခိုက်မှုအရ သူ့ခန္ဓာကိုယ်အတွင်းက လျှပ်စစ်စွမ်းအင်နှင့် ပဲ့တင်ထပ်စေပြီး ထိန်းချုပ်လိုက်ခြင်းနှင့် ဆင်တူကြောင်း ချက်ချင်း သိလိုက်သည်။ သို့သော် ကမ္ဘာဦးလျှပ်စီးသည် သန့်စင်သော အဖျက်စွမ်းအားအဖြစ် ပိုမို လုပ်ဆောင်နိုင်သောကြောင့် သူမသည် ထိုသို့သော အောင်မြင်မှုကို ရရှိရန်အတွက် နူးညံ့သိမ်မွေ့သော ထိန်းချုပ်မှုနှင့် အသုံးချမှု လိုအပ်မည် ဖြစ်သည်။ ပိုအရေးကြီးသည်မှာ သူမသည် ဝမ်ဝေ့ခန္ဓာကိုယ်၏ ကာကွယ်မှုအားလုံးကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့သည်။

ဝမ်ဝေ့သည် ထိုဖမ်းဆုပ်မှုကနေ လွတ်မြောက်ဖို့အတွက် သူ၏အာကာသတာအိုကို အဆုံးစွန်အထိ တွန်းအားပေးလိုက်သည်။ သို့သော် အချည်းနှီးသာ ဖြစ်နေ၏။ လိန်အာဟွမ်းက သူ့ဝမ်းဗိုက်ကို ထိုးချလိုက်ပြီး သူ့အား အဝေးကို လွှင့်ထွက်သွားစေသည်။ သို့သော် သူ အဝေးကို လွှင့်ထွက်မသွားခင် သူ၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုကို အသုံးပြုပြီး သူမဆီသို့ သူ့လှံဖြင့် ပစ်ခွင်းလိုက်သည်။

ကံကြမ္မာတာအို -သန့်စင်သော ဖျက်ဆီးမှု

သူသည် ထျန်းရွှမ်ဆီမှ စိတ်ကူးရပြီး ဖျက်ဆီးခြင်းတာအိုကို ထိန်းချုပ်ရန်အတွက် ကံကြမ္မာတာအိုကို အသုံးပြုကာ ဤထူးခြားသည့် နည်းစနစ်ကို ဖန်တီးခဲ့သည်။ ထို့နောက် သူသည် ရှုပ်ထွေးသော ပေါင်းစပ်မှုတစ်ခုကို ဖျက်ဆီးမှုပုံစံအဖြစ် အသုံးပြုပြီး ဖျက်ဆီးခြင်း စွမ်းအားကို မြှင့်တင်ဖို့အတွက် သူ၏ အခြားတာအို အားလုံးကို ဖျက်ဆီးခြင်း စွမ်းအားထဲကို ထည့်လိုက်သည်။

လိန်အာဟွမ်းက တိုက်ခိုက်မှုကို ပိတ်ဆို့ရန် လက်ကို မြှောက်လိုက်သည်။

သူမ၏ အရေပြားအပေါ်၌ သံချပ်ကာအဖြစ် လုပ်ဆောင်ပေးနေသည့် သိပ်သည်းသော လျှပ်စီး အလွှာတစ်ခုဖြင့် ကာကွယ်ထားသည်။ လိန်အာဟွမ်းက အနိုင်မရခင် စက္ကန့်ပိုင်းကြား ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ သူမက လှံကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူမလက်ဖဝါးကို စစ်ဆေးပြီး သွေးအနည်းငယ်ကို မြင်ကာ ပြုံးလိုက်မိသည်။

"မင်းက မဆိုးဘူး။ မင်းရဲ့ ကျင့်ကြံမှုက ၉၅% ပဲ ရှိသေးပေမဲ့ မင်းက အတုအယောင် ထူးကဲစွမ်းရည်တွေ၊ အတုအယောင် ထူးကဲ တာအိုဆန္ဒအရည်အချင်းတွေကို အများကြီး ဖန်တီးထားခဲ့ပြီး မင်းရဲ့ အချိန်စိတ်ဝိညာဉ်အပေါ် ကာကွယ်နိုင်စွမ်းကလည်း သတ်မှတ်ချက်ကို ရောက်နေပြီ" သူမက မှတ်ချက်ပေးသည်။

ရှေးဦးစံပြတစ်ယောက်ဖြစ်လာဖို့အတွက် အခြေခံ လိုအပ်ချက် သုံးခု ရှိပေသည်။ ပထမတစ်ခုက တစ်ကြိမ်တည်းဖြင့် ထိပ်သီးစံပြတစ်ယောက်ကို ချက်ချင်း သတ်နိုင်သည့် ထူးကဲစွမ်းရည် ဒါမှမဟုတ် နည်းစနစ် တစ်ခု ဖြစ်၏။ ဒုတိယ လိုအပ်ချက်က ထိပ်သီးစံပြ၏ ကိုယ်ခန္ဓာအတွင်းမှာ အနည်းဆုံး ၁၀ မိနစ်ကြာအောင် မဖယ်ရှားနိုင်ဘဲ ရှိနေနိုင်သည့် ထူးကဲတာအိုဆန္ဒ ဖြစ်ပေသည်။ နောက်ဆုံးအနေနဲ့ သူတို့ သေဆုံးပြီးနောက် ၂၄ နာရီအတွင်းမှာ ထိပ်သီးစံပြ၏ အချိန်အမှတ်အသားကို ရှာနိုင်ပြီး သူတို့ကို လုံးဝ ဖယ်ရှားပစ်နိုင်ရမည်။ ထိုလိုအပ်ချက်တွေအားလုံး ပြည့်မီပြီဆိုသည်နှင့် စံပြများက သူတို့၏ အဆင့်အတန်းကို ထူထောင်ကာ အကျိုးကျေးဇူးအချို့အတွက် မိုးမြေ၏ ကောင်းချီးကို ရရှိလိမ့်မည်။

ထိုလိုအပ်ချက်တွေအားလုံးဟာ ရှေးဦးစံပြတစ်ဦး ဖြစ်လာဖို့အတွက် အနိမ့်ဆုံး လိုအပ်ချက်များ ဖြစ်သည်။ ရှေးဦးစံပြများကြား၌ပင် ခြားနားမှု ရှိနေသေးသည်။ သူတို့တွင် ထူးကဲစွမ်းရည် ဘယ်နှစ်ခု ပိုင်ဆိုင်ထားပုံ၊ သူတို့ ဘယ်လို အသုံးပြုပုံ၊ မဟာယန္တရားများအပေါ် ထိန်းချုပ်မှု အစရှိသည်တို့က သူတို့ တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်သည့်အခါ မည်မျှ အစွမ်းထက်လဲဆိုတာကို ဆုံးဖြတ်ပေးနိုင်သည်။

"ကံမကောင်းစွာနဲ့ပဲ မင်းမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်" လိန်အာဟွမ်းက ခေါင်းခါလိုက်သည်။

"မင်းရဲ့ ဝိညာဉ်က မပြည့်စုံဘူး … ဆိုလိုတာက ဒီလို အစွမ်းထက်တဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတဲ့အခါ မင်း အားနည်းသွားလိမ့်မယ်။ မင်းရဲ့ ဝိညာဉ်က ပြည့်စုံခဲ့ရင်တောင်မှ ရှေးဦးစံပြဂုဏ်ပုဒ်အတွက် မိုးမြေရဲ့ အားဖြည့်မှု မရှိရင် မင်းက တိုက်ကွက် ၁၀ ခုထက် ပိုပြီး မသုံးနိုင်လောက်ဘူး။ မဆွေးမြေ့ခန္ဓာ ဆေးလုံးက ငါ့ရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒကို မင်းအပေါ်ကနေ မိနစ်အနည်းငယ်လောက်ပဲ ကာကွယ်ပေးနိုင်မှာ… မင်းရဲ့ အချိန်အမှတ်အသားကို ကာကွယ်တာမှာ အလွန်ကောင်းမွန်ပေမဲ့ တခြားသူတွေကို ရှာဖွေတဲ့ ထူးခြားတဲ့ နည်းစနစ်ကို ကျွမ်းကျင်ဖို့ အများကြီး လိုနေသေးတယ်"

"လှံက ရှေးဦးအဆင့် လက်နက်တစ်ခုဖြစ်ပြီး မင်းရဲ့ နည်းစနစ်တွေကို မြှင့်တင်ပေးသင့်တယ်။ ဒါပေမဲ့ မင်းက တိုက်ခိုက်ဖို့အတွက် လက်နက်တွေကို အသုံးပြုတာ အကျင့်မဖြစ်သေးဘူးဆိုတာ ထင်ရှားတယ် … ဒါကြောင့် သူ့ရဲ့ စွမ်းအားအပြည့်အဝကို အသုံးမပြုနိုင်ဘူး။

ကောင်လေး … မင်းက သာမန် ရှေးဦးစံပြ တစ်ယောက်နဲ့တောင် ယှဉ်လို့မရသေးဘူး။ ငါနဲ့ဆို ပိုလို့တောင် မရနိုင်ဘူး"

လိန်အာဟွမ်းက နောက်မှ အစွမ်းထက်လာသူ ဖြစ်တယ်ဆိုတာကို ဝန်ခံခဲ့သည်။ သူမဟာ ဒုတိယမူလစစ်ပွဲ အဆုံးပိုင်းမှာ ရှေးဦးစံပြဖြစ်လာခဲ့ပြီး သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် အမှန်တရားကို ဖုံးကွယ်ထားခဲ့သည်။

သို့သော် လမင်းခုနှစ်စင်းခေတ်ကာလအတွင်း သူမက အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့သည်။ အစောပိုင်း အဆင့်တွေမှာ သူမ၏ ကျင့်ကြံဆင့် လျော့ကျသွားပေမဲ့ သူမသည် နောက်ဆုံး သံသရာပုံစံကို တွေ့ကြုံခံစားခဲ့ရပြီး ရှေးဦးစံပြများကြားမှာ သူမ၏ ခွန်အားကို တိုးမြှင့်ဖို့ ထူးကဲနည်းစနစ်တွေကို ဖန်တီးဖို့ ရည်ရွယ်ထားသည့် ပင်ကိုယ်စရိုက်တစ်ခုကို တည်ဆောက်ဖို့ ထိုအခွင့်အရေးကို အသုံးပြုခဲ့သည်။

ဝမ်ဝေ့သည် လှံကို ကြည့်လိုက်သည်။ မီးတောက် ပန်းပဲဆရာဟာ ထိုလက်နက်မျိုးကို တည်ဆောက်နိုင်သည့် အနေအထားကို မရောက်သေးပေမဲ့ စစ်ဆေးမှုကနေ အားဖြည့်ပေးသည့် စွမ်းအားဖြင့် အောင်မြင်ခဲ့သည်။ သို့သော် လိန်အာဟွမ်း၏ စကားများက အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်း မှန်ကန်နေခဲ့သည်။

"နောက်တစ်ခု ရှိသေးတယ်" လိန်အာဟွမ်းက ပျော်ရွှင်စွာ ပြောသည်။

"မင်းက ငါ့ကို အဆိပ်ခတ်နိုင်တယ်လို့ တကယ်ပဲ ထင်နေတာလား" သူမ၏ ဝတ်ရုံက အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားပြီး သူမရဲ့ နှုတ်ခမ်းနီနဲ့ လက်သည်းနီတို့က ပန်းရောင်ဖျော့ဖျော့ကနေ ခရမ်းရင့်ရောင်သို့ ပြောင်းသွားသည်။ လိန်အာဟွမ်း … မဟုတ်သေးဘူး ယခု အဆိပ်ကိုယ်လုပ်တော်က သူမ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး သူမခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်မှာရှိနေပြီး မမြင်နိုင်သလို မဖော်ထုတ်နိုင်သည့် အဆိပ်ကို မျိုချလိုက်သည်။

"ဟင်း ဒီအဆိပ်ကို ဖန်တီးထားသူက ပါရမီရှိပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုက အားနည်းပြီး အစွမ်းအထက်ဆုံးအနေအထားကို မြှင့်တင်ဖို့အတွက် ပြင်ပစွမ်းအားတွေပေါ်မှာ မှီခိုနေရတယ်။ ကံမကောင်းစွာနဲ့ ပြင်ပစွမ်းအားအပေါ် သူတို့ရဲ့ နားလည်မှုကလည်း အကန့်အသတ်ရှိနေတယ်"

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ရှေးဦးစံပြများက မည်မျှ အစွမ်းထက်သည်ကို ယခု သူ နားလည်သွားပြီဖြစ်ကြောင်း ဝန်ခံရပေမည်။

အဲဆိုတော့ ဒုတိယအစီအစဉ် အလုပ်ဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့ …

All Chapters