← Chapters

သော့ခလောက်ကို တိုက်ခိုက်ခြင်း

Vol. 107 Ch. 1492

သော့ခလောက်ကို တိုက်ခိုက်ခြင်း

Vol. 107 Ch. 1492

ဝမ်ဝေ့က ဒေါသအနေနှင့် သူ့ကို သခင်မှ စွန့်ပစ်ခံလိုက်ရသည့် ခွေးလေးလိုမျိုးပြုမူကာ သနားစဖွယ်ကြည့်လာသည်ကို လျစ်လျူရှုထားလိုက်၏။ မော့ယွမ်က သူ့အား သူမကို စောင့်ရှောက်ပေးဖို့အတွက် သူ့လက်နက်နှင့် သတင်းလဲလှယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်နက်တစ်ခုက တခြားတစ်ယောက်၏အပိုင် ဖြစ်နေပြီး နောက်တစ်ခုကမူ ကောင်းကင်စာအုပ်စံပြက ယူဆောင်သွားလေသည်။ ဆိုလိုသည်မှာ ဝမ်ဝေ့က ဤကိစ္စရပ်၌ ဘာမှမရရှိခဲ့ပေ။ ထိုအချက်ကို သိထားသော်လည်း သူက သူမကို ကူညီပေးခဲ့သည့်အတွက် မည်သူ့အပေါ်မှ အပြစ်ရှိစိတ်ခံစားမနေတော့ပေ။ တကယ်တော့ သူသည် လက်နက်ကို ပြန်လည်ပေးပြီး သူမ ဘေးကင်းသည်နှင့် သူတို့၏ကံဆက်နွယ်မှုကို ဖြတ်တောက်ဖို့ပင် စီစဉ်ထားလေ၏။

သူက ဖြည်းဖြည်းချင်း အနက်ရောင်သတ္တုလုံးကို လေ့လာကြည့်ပြီး အထဲတွင် ပါဝင်နေသည့်စွမ်းအားကို ခံစားကြည့်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲ သတင်းစကားတစ်ခု ဝင်ရောက်လာလေ၏။ ထိုအရာက ကောင်းကင်မြွေနဂါးဧကရီက သူ့အား ထိုလက်နက်၏ စွမ်းအားကို ငှားယူဖို့သင်ပေးခဲ့ခြင်း ဖြစ်သည်။

သူမက သတိထားသားပဲ …

ဝမ်ဝေ့က တွေးလိုက်သည်။

သူမ၏ ‌သော့မရှိဘဲ သူက သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် ထိုအရာကို ထိန်းချုပ်ဖို့ သုံးရလိမ့်မည်။ ဆိုလိုသည်မှာ သူက ဧကရီနှင့် သေဆုံးသွားပြီးတော့ မော့ယွမ်တို့၏ ထိန်းချုပ်နည်းလမ်းများဖြင့် တိုက်ခိုက်ရမည် ဖြစ်၏။

ဝမ်ဝေ့က လက်နက်အပေါ်၌ ယာယီဝိညာဉ်အမှတ်အသားတစ်ခု ထားရှိခဲ့ပြီး ဧကရီ၏သော့ကို အသုံးပြုကာ အသက်သွင်းခဲ့သည်။ သတ္တုလုံးက သူ့ရှေ့ မျောလွင့်လာပြီး သူ့အတွေးအောက်တွင် လက်နက်မျိုးစုံအဖြစ် ပြောင်းလဲသွားသည်။

ပစ္စည်းတွေအားလုံးကတော့ စုံပြီ။ အခု လှုပ်ရှားရတော့မဲ့ အချိန်ပဲ …

ဝမ်ဝေ့က ထိုသို့ပြောလိုက်သော်လည်း ချက်ချင်း မလှုပ်ရှားသေးပေ။ ထိုအစား သူက အားဖြည့်ဖို့ အိမ်သို့ပြန်လာလိုက်၏။

အကောင်းဆုံးဝိညာဉ်ဆေးလုံးဖြင့်ပင် ဝမ်ဝေ့၏ ဝိညာဉ်က နှစ်တစ်သန်းခွဲကြာမြင့်ပြီးသည့်နောက်မှသာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာလေသည်။ ထိုစဉ်အချိန်အတွင်း သူက ပစ္စည်းအား ဘိုးဘေးဝမ်‌ပေါ်နှင့် တခြားသူများကို လေ့လာဖို့ပေးထားပြီး တတ်နိုင်သမျှ သတင်းအချက်အလက်များကို မှတ်တမ်းယူခဲ့သည်။ သူ ပြီးသွားသည်နှင့် ယွီချိုက်အား ဆက်သွယ်လိုက်ပြီး အကောင်းဆုံးဉာဏ်အလင်းပွင့်ဆေးလုံးကို ရယူခိုင်းလိုက်သည်။ စံပြအဆင့်ဟူသော ဆေးလုံးမျိုးက တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လှ၏။ သို့သော် ဝမ်ဝေ့က ထွက်မသွားခင် ငါးလုံး ယူဆောင်သွားခဲ့သည်။ သူ၏နောက်ဦးတည်ရာက ကောင်းကင်အလှတရားနန်းတော် ဖြစ်၏။

“မင်း ရောက်လာပြီပဲ”

ရှောင်ထျန်းတိက ထူးထူးဆန်းဆန်း ပြောလိုက်သည်။ ဝမ်ဝေ့က သူ့အား လေ့လာရင်းဖြင့် ခေါင်းညိတ်လိုက်၏။ သူက သူတို့ ထျန်းရွှမ်နှင့် မေးမြန်းပြီးသည့်နောက်တွင် ရှောင်ထျန်းတိ၏အပြောင်းအလဲကို လေ့လာဖို့ အခွင့်အရေးမရခဲ့ပေ။

သူက သူ့ရုပ်ခန္ဓာ တတိယအကြိမ်နိုးထခြင်းကို အောင်မြင်သွားပြီးတော့ ကောင်းကင်ဘုံတားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်သွားပြီပဲ။ သူက စွမ်းရည်တချို့လည်း နိုးထလာသေးတယ် …

ဝမ်ဝေ့က တွေးလိုက်လေသည်။ ထိုအသွင်ကူးပြောင်းမှုက အဓိပ္ပါယ်ရှိပေသည်။ အကြောင်းကမူ ထျန်းရွှမ်၏ ရုပ်ခန္ဓာက ပင်ကိုယ်မဟာတာအိုရုပ်ခန္ဓာမှ ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်၏။ ပို၍အရေးကြီးသည်က သူသည် ဝမ်ဝေ့၏ သတိပေးချက်ကိုလိုက်နာက သွေးကို တိုက်ရိုက်မစုပ်ယူခဲ့ပေ။

“မင်းကြည့်ရတာ ငါနဲ့ မတွေ့ချင်တဲ့ပုံပဲ” ဝမ်ဝေ့က မေးလိုက်သည်။

“မင်းရဲ့ အစီအစဉ်က အန္တရာယ်များတယ်မလား” ရှောင်ထျန်းတိက မေးလိုက်၏။

“ဘယ်လိုထင်လဲ”

“သူမက ပါဝင်ဖို့ လိုတာလား”

“သူမ ဖြစ်မှကို ရမှာ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“သူမရဲ့ ဘေးကင်းမှုကိုကော အာမခံပေးနိုင်လား”

“ငါ့ကိုယ်ငါတောင် အာမမခံနိုင်ဘူး။ တခြားသူတွေဆို ပြောဖို့တောင်မလိုတော့ဘူး။ ဒါပေမဲ့ မင်း စိတ်ပါတယ်ဆိုရင်တော့ ငါ့နေရာကို ဝင်လို့ရတယ်” ဝမ်ဝေ့က မျက်လုံးဝေ့ကာ ပြောလိုက်သည်။

“မင်းက ငါ့ကို အဲ့နေရာဝင်စေချင်တာလား” ရှောင်ထျန်းတိက မေးလိုက်သည်။

“ဘာလို့လဲ”

“တော်ပါပြီ။ ငါ ငြင်းဆန်ရလိမ့်မယ်”

“ဘာလို့လဲ” ဝမ်ဝေ့က မေးလိုက်သည်။

“မင်း ‌နောက်ဆုတ်ချင်တယ်ဆိုတော့ အန္တရာယ်ကြီးကြီးမားမားရှိတာပဲ ဖြစ်ရမယ်” ရှောင်ထျန်းတိက ပြန်ပြောလိုက်၏။

“မင်း တာဝန်ယူမှ ပိုပြီး စိတ်အေးသွားမှာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ဒါက မင်း ချစ်ရတဲ့အမျိုးသမီးပဲလေ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“မင်း ဘာတွေပြောနေတာလဲ” ရှောင်ထျန်းတိက ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း အလျင်အမြန် ငြင်းဆန်လိုက်သည်။

“ဒီနေရာမှာ အဲ့လိုအဓိပ္ပါယ်မရှိတာမျိုး မပြောနဲ့”

“ချစ်ခြင်းမေတ္တာဆိုတာက စိတ်ကူးယဉ်ဆန်ဖို့ မလိုပါဘူး။ ကောင်းပြီလေ ငါ မင်းကို မစတော့ဘူး။ ရှေ့ကနေ လမ်းပြ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

ရှောင်ထျန်းတိက သူ့အား ရှုကျင်းယောင်တစ်ယောက် မျှော်နန်းဆောင်တစ်ခုအတွင်း အဖန်ရည်သောက်နေသည့်နေရာသို့ ခေါ်ဆောင်သွား၏။

“ကြိုဆိုပါတယ်” ရှုကျင်းယောင်က ပြောလိုက်လေသည်။ ဝမ်ဝေ့က သူ့မအား လေ့လာရင်းဖြင့် သူမသည် သူ့ကဲ့သို့ ထူးကဲသာလွန်မှုအုတ်မြစ်မှုတဆင့် တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ရောက်ထားကြောင်း သဘောပေါက်သွား၏။

ထျန်းရွှမ်က သူ့ရဲ့မိုးမြေနည်းစနစ်ကို ပေးခဲ့တာလား …

ထျန်းရွှမ်က ပြီးပြည့်စုံသည့်အုတ်မြစ်ကို အသုံးမပြုခဲ့သော်လည်း မိုးမြေအုတ်မြစ်ဟု ခေါ်ဆိုသည့် တူညီသည့်သက်ရောက်မှုရှိသည့်အရာမျိုးကို အသုံးပြုခဲ့သည်။ ရှုကျင်းယောင်ကို လေ့လာပြီးသည့်နောက်တွင် ဝမ်ဝေ့က သူမ၏ခန္ဓာကိုယ်အတွင်းရှိပြီးသားဖြစ်သည့် ပြီးပြည့်စုံသည့်အနှစ်သာရကို သုံးကာ သူ၏ ပြီးပြည့်စုံသည့်အုတ်မြစ်နှင့် တူညီမှုရှိအောင် လုပ်ဆောင်ခဲ့ကြောင်း သတိထားမိခဲ့သည်။

သူမ ထူးကဲသာလွန်မှုအဆင့်ဖြစ်လာမဲ့ အခွင့်အရေးက ပိုပြီးတော့ မြင့်မားလာပြီ။

ဝမ်ဝေ့က တွေးလိုက်လေသည်။ ထူးကဲသာလွန်မှုအုတ်မြစ်၏သက်ရောက်မှုက ထင်ထားသည့်အတိုင်း အတူတူပဲ ဖြစ်၏။ သူနှင့်ထျန်းရွှမ်ကဲ့သို့ သက်ရောက်မှုမရှိသော်လည်း ထိုအုတ်မြစ်မရှိသူများထက် သာလွန်နေသည်။

တချို့လူတွေက တကယ့်ကိုကောင်းချီးနဲ့မွေးဖွားလာကြတာပဲ …

ဝမ်ဝေ့က သူ့ကိုယ်သူတွေးမိသွားလေ၏။ သူသည် ဤအုတ်မြစ်ကို တည်ဆောက်ဖို့ရာ မည်မျှစွန့်စားပြီး မည်မျှအချိန်ယူခဲ့ရသနည်း။

ဤသည်က ထျန်းရွှမ်အတွက်လည်း အတူတူပင် ဖြစ်သော်ငြား ရှုကျင်းယောင်ကမူ ထိုအုတ်မြစ်အတွက် ပါဝင်ပစ္စည်းအဖြစ် မွေးဖွားလာပြီး အတွေးအခေါ် သို့မဟုတ် ဦးတည်ချက်က လိုအပ်ပေသည်။

“အသင့်ဖြစ်ပြီလား” ဝမ်ဝေ့က မေးလိုက်လေ၏။

“လာရင်းကိစ္စကို တန်းပြောတာပဲ”

“အချိန်မရှိတော့ဘူးလေ” ဝမ်ဝေ့က လက်နက်ကိုဆင့်ခေါ်ပြီး အနက်ရောင်ဓားအဖြစ် ပြောင်းလဲလိုက်သည်။

“ကျွန်မ နားလည်ပါတယ်” ရှုကျင်းယောင်က ခေါင်းညိတ်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမက သူ့တပည့်အား ဖျောင်းဖျသည့်အကြည့်မျိုး ပေးကာ မန္တန်တစ်ခုကို ရွတ်ဖတ်လိုက်သည်။ ထို့‌နောက် သူမက အလင်းစက်များအဖြစ်‌ ပျောက်ကွယ်သွားကာ လက်နက်အတွင်း ဝင်ရောက်သွားပြီး လက်နက်၏ယာယီအစိတ်အပိုင်း ဖြစ်လာခဲ့သည်။

“မှတ်ထား။ မင်းက လက်နက်ရဲ့ ပြစ်ချက်ကို ပြီးပြည့်စုံအောင်လုပ်ပေးဖို့ပဲ လိုတာ။ ဒါပြီးတာနဲ့ မင်းလုပ်ပေးခဲ့တဲ့ တိုးတက်မှုအားလုံးကို ဖယ်ရှားပစ်လိုက်”

သူ၏ကပ်စေးနှဲသည့် သဘာဝက စစ်မိန်ဟွေ့အား ပိုမိုကောင်းသည့်လက်နက်ကို ပေးမည် မဟုတ်ပေ။ ဝမ်ဝေ့က အရှုံးယူရခြင်းကို စိတ်ထဲမထားသော်လည်း ထိုအပေးအယူတစ်ခုလုံး၌ စနောက်ခံနေရခြင်းကို သဘောမကျပေ။

“နောက်ဆုံးအနေနဲ့ ဒါက အခွင့်အရေးပဲ။ မင်းက လက်နက်ရဲ့ စွမ်းအားကို လေ့လာ ဒါမှမဟုတ်ဘူးဆိုရင် မှတ်ထား။ ဒါက ထူးကဲသာလွန်မှုလမ်းစဉ်အတွက် အတော်လေး အကျိုးကျေးဇူးရှိလိမ့်မယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ကျွန်မ နားလည်ပါပြီ” ရှုကျင်းယောင်က တုန့်ပြန်လာ၏။

ဒီဖြစ်ရပ်ပြီးသွားရင် ငါတို့ရဲ့ ကံကြမ္မာကြိုးမျှင်မှာ သေးသေးလေးပဲ ကျန်တော့မှာ။ ဒီလိုဆိုတော့ အဲဒါကို ဖယ်ရှားပြီးတာနဲ့ ငါ ဒီအနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်ပြီ။

ဝမ်ဝေ့က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရင်း တွေးလိုက်လေသည်။ ထို့နောက် သူ့လက်ဖဝါးထဲ သစ်သားသေတ္တာတစ်လုံး ပေါ်ထွက်လာသည်။ သူက တုန့်ဆိုင်းခြင်းမရှိဘဲ အနက်ရောင်သွေးကို သူ့ခန္ဓာကိုယ်အတွင်း ထိုးသွင်းလိုက်၏။

ဝမ်ဝေ့၏ အရှိန်အဝါက ချက်ချင်းဆိုသလို မြင့်တက်လာသော်လည်း သူက အာရုံမစိုက်ပေ။ ထိုအစား သူက သူ့ဝိညာဉ်အတွင်း ထားရှိထားသည့် ပုံရိပ်ယောင် သို့မဟုတ် သီးခြားပိုင်းခြားမှုတစ်ခုကိုသာ အာရုံစိုက်လိုက်သည်။ ထိုအရာက သွေးအား သူ့ဝိညာဉ်ထဲ ဝင်ရောက်ခြင်းမှ တားဆီးဖို့ အစောင့်ထားထားခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် သူ ရေးထိုးထားသည့် မှော်စက်ဝန်းအားလုံးကို အသုံးပြုထားရုံမကဘဲ သူ့အပေါ်တည်ရှိမှု တိုက်စားခြင်းမှ ကာကွယ်ဖို့ရာ ဆုံမှတ်များကို အသုံးပြုထားရသည်။

ဝမ်ဝေ့၏ အာရုံစိုက်မှုက နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေ၏။ သူက အံ့အားသင့်သွားသည်။

ဒါက စတုတ္ထမြောက် ဂိတ်ပေါက်လား …

ယခင်ဂိတ်ပေါက်သုံးခုက ဂိတ်ပေါက်အသစ်အဖြစ် ပေါင်းစည်းသွားသော်လည်း ဤသည်က ပုံရိပ်ယောင်အဖြစ် ဖြစ်နေသည်။

သို့သော် လက်ရှိအနေအထား၌ ဝမ်ဝေ့က ပိုမိုစိတ်လှုပ်ရှားနေမိ၏။

အသူရာချောက်နက်သက်ရှိ၏ သွေးအဆီအနှစ်က ထူးကဲသာလွန်မှုအဆင့်ဖြစ်ပြီး ထိုအရာကိုသန့်စင်ကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းခြင်းဖြင့် ဝမ်ဝေ့၏အနေအထားက ယာယီထိုအနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ပို၍အရေးကြီးသည်က ထိုသို့သောအနေအထားသည် သူ့အား ထိုအဆင့်ကို စောစီးစွာ‌ ချောင်းကြည့်ဖို့ ခွင့်ပြုပေးထားသည့်အတွက် သူအသင့်ဖြစ်လာသည့်အခါ ပြင်ဆင်ဖို့ အခွင့်အရေးပေးထားသည်။

သူက တုန့်ဆိုင်းခြင်းမရှိဘဲ ဉာဏ်အလင်းပွင့်ဆေးလုံးငါးလုံးကို သောက်သုံးလိုက်ပြီး စိတ်ဝိညာဉ်အမှုန်တချို့ကို ခွဲကာ လမ်းစဉ်သုံးခု ကိုယ်သုံးခု ပညာရပ်ကို အသုံးပြုခဲ့သည်။

“မင်းတို့ရဲ့ အလုပ်ကို သိတယ်မလား” ဝမ်ဝေ့က တခြားကိုယ်ကို မေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ မင်းကို စိတ်မပျက်စေရပါဘူး”

“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်ပြီး ထိုပိုင်းခြားထားသည့် ဝိညာဉ်ကို သူ့အသိစိတ်ပင်လယ်အတွင်း ထားရှိလိုက်သည်။ အစီအစဉ်၏နောက်အဆင့်က အချိန်သားရဲကို အသုံးချဖို့ ဖြစ်၏။ ဝမ်ဝေ့က ထိုအရာကို အချိန်အမြုတေအဖြစ် ပြောင်းလဲထားပြီး အချိန်မြစ်ကြောင်းမှ မွေးဖွားလာသည့် အချိန်သားရဲ၏ လုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် ထူးကဲသည့်ကောင်းချီးများကို ယာယီပေါင်းစည်းထားလေသည်။ ထိုကောင်းချီး သို့မဟုတ် အာဏာက အချိန်တစ္ဆေလောက် မမြင့်မားသော်လည်း အချိန်တာအိုကျင့်ကြံသူများ၏ ၉၉%ထက် ပိုမိုသာလွန်နေသည်။

ထိုအမြုတေက အစိမ်းရောင်ဖြစ်ပြီး အတွေးတစ်ချက်ဖြင့် ထိုအရာသည် ထူးကဲသာလွန်မှုလက်နက်အနား ဝေ့ပတ်ကာ အတုအယောင်ကပ်ပါးဆက်ဆံရေးတစ်ခု ဖွဲ့စည်းထားလေသည်။ ဝမ်ဝေ့က အသက်ပြင်းပြင်းရှုပြီး ကောင်းကင်ယံဆီ သွားပြီး သော့ခလောက်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ သော့ခလောက်နှင့် ပတ်သက်သည့် ဗဟုသုတများဖြင့် ပြည့်နှက်နေလေ၏။ သူက ထိုအရာကို နှစ်များစွာ လေ့လာခဲ့လေသည်။ ကံကောင်းစွာဖြင့် မေတ္တေယျက ထိုပစ္စည်းနှင့်ပတ်သက်ပြီး ဗဟုသုတများကို ထောက်ပံ့ပေးလာသည့်အတွက် သူ့အား အချိန်နှင့် အားစိုက်ထုတ်မှုများစွာကို သက်သာသွားစေသည်။

နောက်ဆုံးအဆင့်ပဲ …

ဝမ်ဝေ့က တွေးလိုက်လေ၏။ သူ့အစီအစဉ်၏ နောက်ဆုံးသောအဆင့်က အောင်မြင်မှုနှုန်းကို သေချာစေဖို့ရာ လိုအပ်နေသည့် ကံကောင်းမှု ဖြစ်ပေသည်။ ထိုကြောင့် သူသည် သူ့ထူးကဲသာလွန်မှု ကံကောင်းမှုကို အသက်သွင်းဖို့ တုန့်ဆိုင်းမနေတော့ပေ။ ဝမ်ဝေ့က သူ့အောက်တွင်ရှိနေသည့် ကမ္ဘာကို ကြည့်လိုက်၏။ သူက အရာများစွာ ပြင်ဆင်ထားပြီး အရာအားလုံးဆုံးရှုံးသွားလျှင်ပင် သူက ကောင်းကောင်းလုပ်ထားသည့်အတွက် ငြီးတွားနေမည် မဟုတ်ပေ။

ငါ သေသွားရင် သူမက ငိုကြွေးနေလောက်တယ် …

သူက အပြုံးဖြင့် တွေးလိုက်သည်။

အခုဒီလိုလုပ်နေရမဲ့အချိန် မဟုတ်သေးဘူး …

ဝမ်ဝေ့၏အကြည့်များက ပိုမိုပြတ်သားလာကာ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ဝင်ရောက်လာလေသည်။ သူက ဓားကို မြှောက်လိုက်ပြီး အစိမ်းရောင်အမြုတေက တောက်ပလာလေသည်။ ဓားတစ်ချက်အဝေ့ဖြင့် အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်က ပေါ်ထွက်လာပြီး ထိုအရာ၏ ပစ်မှတ်က သော့ခလောက်ဆီ ဖြစ်ပေသည်။

All Chapters