← Chapters

လွတ်မြောက်စေခြင်း

Vol. 107 Ch. 1493

လွတ်မြောက်စေခြင်း

Vol. 107 Ch. 1493

အချိန်မြစ်ကြောင်းမှ ပြင်းထန်သည့်စွမ်းအားတစ်ခု ထုတ်လွှတ်လာလေသည်။ မိုးမြေကြားတွင် အရာအားလုံးကို ချုပ်နှောင်ထားဟန်ပေါ်သည့် ဧရာမသော့ခလောက်ကြီးက စတင်က ပုံရိပ်ယောင်သဖွယ် ဖြစ်လာလေ၏။ ထိုသော့ခလောက်က ပြန်လည်တိုက်ခိုက်လာသည့်အတွက် သံကြိုးသံများ တချွမ်ချွမ် မြည်လာလေသည်။ ထိုအသံကို နားထောင်နေကြသည့် လူအားလုံးက သတင်းကောင်းလား သတင်းဆိုးလားဟု စဉ်းစားနေကြလေ၏။ သိပ်မကြာခင် အဖြေက ပေါ်ထွက်လာသည်။

မီးတောင်များက စတင်ပေါက်ကွဲလာကာ ကမ္ဘာတဝှမ်းကပ်ဘေးများ ဖြစ်လာစေသည်။ ရေများက ဖုံးလွှမ်းလာကာ အဆောက်အဦးများကို ဖုံးလွှမ်းသွားသည်။

ထို့နောက် လေဟာနယ်ဇုန်များကလည်း ကြုံရာကျပန်း ပေါ်ထွက်လာလေ၏။ မြေကြီးက တုန်ခါသွားကာ လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးခဲ့သည်။ တောအုပ်က အသက်ဓာတ်ကို ဆုံးရှုံးသွားရပြီး ကျတ်တီးမြေ ဖြစ်သွား၏။ သတ္တုတွင်းများက မြေကြီးမှအထိန်းအချုပ်ကင်းမဲ့စွာ စတင်ကြီးမားလာကြပြီး လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ကမ္ဘာကြီးက မိခင်သဘာဝတရားကြီး၏ ဒေါသတရားကို စတင်ခံစားနေရပြီး ဓာတ်ငါးပါးက ထိန်းချုပ်မှု လွတ်သွားကာ မျှခြေကို ဆုံးရှုံးသွားလေသည်။ သို့သော် အရာအားလုံးက အစမျှသာ ဖြစ်ပေသည်။ ဓာတ်ငါးပါး စည်းမျဉ်းသာ သက်ရောက်ခံရခြင်း မဟုတ်ပေ။ လမင်းနှင့်နေမင်းတို့က ထွက်ပေါ်လာကာ ယင်ယန် စည်းမျဉ်းများကလည်း ကျိုးပျက်သွားလေသည်။ စမ်းသပ်ချက်နှင့်နတ်ဘုရားအပြစ်ဒဏ်များကလည်း ကြုံရာကျပန်း ထွက်ပေါ်လာပြီး မိုးကြိုးစည်းမျဉ်းများကလည်း တုန်ခါသွားလေသည်။ သံသရာမှ ဂိတ်ပေါက်ကလည်း ပွင့်ဟသွားကာ တစ္ဆေနှင့်အမည်မသိ ယင်သက်ရှိများ ထွက်‌ပေါ်လာပြီး သေခြင်းရှင်ခြင်း စည်းမျဉ်းကလည်း နောက်ထပ်ပစ်မှတ်တစ်ခု ဖြစ်လာလေ၏။

လူများက ကံကြမ္မာ၏လျှို့ဝှက်ချက်ကို မြင်ရသည့်အတွက် မချောင်းကြည့်ဘဲ မနေနိုင်ကြပေ။ ထို့ကြောင့် သူတို့၏သက်တမ်းကို အလျင်အမြန်ဆုံးရှုံးသွားကြ၏။ တချို့သောနေရာများကမူ ရှေးခေတ်အချိန်သို့ ပြောင်းလဲသွားကြပြီး အာကာသမုခ်ပေါက်များလည်း ပွင့်လာကာ ကြုံရာကျပန်းနယ်မြေ သို့မဟုတ် ပိုင်နက်များဖြင့် ဆက်နွယ်သွားလေသည်။ ထိုကပ်ဘေးအားလုံးက ကျင့်ကြံသူများအတွက် ကပ်ဘေးများသဖွယ် ဖြစ်နေသော်လည်း အခံစားရဆုံးသူများကမူ အမြဲတမ်း သေမျိုးများသာ ဖြစ်လေ၏။

သို့သော်လည်း ဝမ်ဝေ့က ဤအခြေအနေကို ဂရုစိုက်နိုင်မည့်အနေအထား မဟုတ်ပေ။ ထိုဓားကို ဝေ့ယမ်းပြီးသည်‌နောက်တွင် သူ့သက်လုံနှင့်စွမ်းအားတို့က ကြောက်ခမန်းလိလိနှုန်းထားဖြင့် ကျဆင်းသွားကြောင်း ခံစားမိလေသည်။ ကံကောင်းစွာဖြင့် သူက ခန္ဓာကိုယ်ကို ထိုလက်နက်အသုံးပြုရခြင်း၏ ဆိုးကျိုးအားလုံးကို တောင့်ခံထားဖို့ ‌ရွေးချယ်ထားလေ၏။ မဟုတ်ပါက သူ့ဝိညာဉ်သည် ပေါက်ကွဲထွက်သွားနိုင်သည်။ သူသည် အခြေအနေအားလုံးကို အာရုံအပြည့်အဝစိုက်ကာ စောင့်ကြည့်လိုက်၏။

ဝမ်ဝေ့၏ အစီအစဉ်က အတိတ်မှ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းဖြင့် အချိန်အမှတ်အသားကို ပိုင်းခြားသည့်အခါ စကြဝဠာ၏ဖြေရှင်းပုံအပေါ် အခြေခံထားလေသည်။ သူက အချိန်သားရဲ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ သော့ခလောက်အား တခြားအချိန်စက်ဝန်းတစ်ခုကို သက်ရောက်မှုရှိစေဖို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်၏။ သွေးနှင့်ဓားတို့၏ အဓိကရည်ရွယ်ချက်ကမူ သူ့စွမ်းအားကို ထိုအနေအထားထိ တိုးမြှင့်ပြီး အချိန်သားရဲ၏စွမ်းအားကို အားဖြည့်ပေးဖို့ရန်အတွက် ဖြစ်သည်။

သူက အချိန်မြစ်ကြောင်းကို သုံးဖို့ရွေးချယ်ခဲ့သည်မှာ ဤသည်က မေတ္တယျနှင့်အန္တိမသဟဇာတို့သည် လုပ်ပိုင်ခွင့်အနည်းဆုံးရှိထားသည့် ကဏ္ဍတစ်ခုဖြစ်၍ ဖြစ်၏။ ဝမ်ဝေ့က အာရုံစိုက်ထားလိုက်ပြီး သူ့ဓားကို ထပ်မံစွမ်းအားထောက်ပံ့ပေးလိုက်သည်။ အချိန်က မရှိတော့သော်လည်း သော့ခလောက်က လုံလုံလောက်လောက် အားနည်းလာသည်နှင့် မေတ္တယျက အချိန်မြစ်ကြောင်းမှ သူမ၏လုပ်ပိုင်ခွင့်ကို အသုံးပြုကာ အရှိန်ကို မြင့်တင်ပေးမည်ဖြစ်ကြောင်း သိလေ၏။ ထို့ကြောင့် တစ်ခုတည်းသောပြဿနာက သူသည် ထိုအနေအထားထိရောက်ဖို့ ကြာရှည်ခံမည်လားဟူ၍ ဖြစ်ပေသည်။

သော့ခလောက်က ဆက်လက် တိုက်ခိုက်နေသည့်အတွက် ကမ္ဘာတဝှမ်း အပြောင်းအလဲများစွာ ဖြစ်ပေါ်လာလေသည်။ လူတချို့က မဟာတာအိုအရင်းအမြစ်နှင့် တခြားသောမဟာယန္တရားများဖြင့် ဆက်နွယ်မှု ရှိလာလေ၏။ ထာဝရလမ်းစဉ်ကျင့်ကြံသူများကလည်း သူတို့သည် ထာဝရဘုရင်လမ်းစဉ်အတွက် မျှော်လင့်ချက်ကို မြင်လိုက်ရသည့်အတွက် ငိုကြွေးလုနီးပါး စိတ်လှုပ်ရှားကြသည်။ တခြားသောသူများကမူ သူတို့၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ကြပေ။ ကံဆိုးစွာဖြင့် အားနည်းသည့် ကျင့်ကြံသူများကမူ ထိုသို့သောအရာများကို ဂရုစိုက်နိုင်ဖို့မဆိုထားနှင့် … အသက်ရှင်ဖို့ရာ ကြိုးပမ်းနေရသည့်အတွက် အလုပ်ရှုပ်နေလေသည်။

ရောက်ခါနီးပြီ …

ဝမ်ဝေ့က သူ့နဖူးမှ ချွေးများစီးကျလာရင်း တွေးလိုက်သည်။ သို့သော်လည်း ကိစ္စများက မချောမွေ့ခဲ့ပေ။ သော့ခလောက်မှ အော်သံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် အေးစက်စက်မျက်ဝန်း ရှိထားသည့် ပုံရိပ်တစ်ခု ထွက်‌‌ပေါ်လာလေ၏။ ဝမ်ဝေ့က ထိုအေးစက်စက်မျက်ဝန်းကို ကြည့်နေရင်း တွေးလိုက်မိသည်။

ဒါက နောက်ဆုံး သူ့ရဲ့ကာကွယ်ရေးနည်းလမ်းပဲ။

“ဝိဇ္ဇာလင်းချီ ဒါက ခင်ဗျားရဲ့နောက်ဆုံးအချိန်ပဲ”

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် အငွေ့များမှ ရွှေရောင်စာလိပ်တစ်ခု ပေါ်ထွက်လာပြီး မိနစ်စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် ရွှေရောင်တော်ဝင်အလင်းတန်းကို ထုတ်လွင့်လာကာ ညင်သာစွာ ကြင်နာတတ်သည့် ဝိဇ္ဇာလင်းချီ အသွင်ပြောင်းလဲသွားသည်။ ထိုသူက ဝမ်ဝေ့ကို ခေါင်းညိတ်ပြီးသည့်နောက်တွင် သော့ခလောက်၏ စိတ်ဝိညာဉ်နှင့် ရင်ဆိုင်ဖို့ပြည့်သွားလေ၏။

တိုက်ပွဲက ပြင်းထန်လာသော်လည်း ဝမ်ဝေ့က ဝိဇ္ဇာလင်းချီတွင် အခွင့်အရေး မရှိကြောင်း ချက်ချင်းသိလိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်မိ၏။ ဤအချိန်စက်ဝန်းပယ်ဖျောက်ရေးမန္တန်က တဝက်တပျက် ပယ်ဖျက်ထားသည့် ထူးကဲသာလွန်မှုလက်နက်နှင့် အတုအယောင်ထူးကဲသာလွန်မှုစွမ်းအားကို အသုံးပြုထားသည့်အတွက် သူ့အား အတော်လေး အားနည်းစေသည်။ အကယ်၍ ရှုကျင်းယောင်၏ စိတ်ဝိညာဉ်က သူ့အား ကူညီပေးနေသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူသည် ၁၀စက္ကန့်ထက်ပင် ကြာရှည်ခံမည် မဟုတ်ပေ။ သို့သော် ထိုအရာများအပြင် သူက တခြားသောအရာများကို စိုးရိမ်ဖို့လိုအပ်နေသေး၏။

ဝမ်ဝေ့၏ စိတ်ထဲ အလျင်အမြန် တွက်ချက်နေလေပြီး အခြေအနေကို ဖြေရှင်းဖို့ စဉ်းစားနေလေသည်။ သို့သော် သူက ဖြေရှင်းနည်းမစဉ်းစားနိုင်ခင် မြောက်ဖက်ပိုင်းမှ ကုသိုလ်ရွှေခန္ဓာက ပျံသန်းလာကာ ဝိဇ္ဇာလင်းချီနှင့် ပေါင်းစည်းသွားလေသည်။

ထုံရို့ပင်းလား …

ဝမ်ဝေ့က ထိုရွှေရောင်ခန္ဓာကို သတိထားမိကာ တွေးမိလိုက်သည်။ သူမ၏အပြုအမူများနောက်တွင် ဝိဇ္ဇာလင်းချီအား နောက်ထပ်အကူအညီပေးမည့် နောက်ထပ်ရွှေခန္ဓာများ ထွက်ပေါ်လာလေသည်။ ဆိုလိုသည်မှာ ယခင်က ဝမ်ဝေ့၏အကူအညီတောင်းဆိုမှုကို မဖြေကြားကြဘဲ ပုန်းအောင်းနေသည့်သူများက ရှိနေသေး၏။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးအထိ ဝင်မပါဘဲ နေတာထက်စာရင်တော့ ကောင်းပါသေးတယ်

ဝမ်ဝေ့က တိတ်တဆိတ်ငြီးတွားရင်း တွေးလိုက်မိသည်။ သူက လုပ်လက်စကိုသာ အာရုံစိုက်ထားပြီး ဝိဇ္ဇာလင်းချီသည် တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ ကံဆိုးစွာဖြင့် သူ့စိတ်သက်သာရာရမှုက ကြာရှည်မခံခဲ့ပေ။ ထို့နောက် မိုးမြေကြားတွင် ပဲ့တင်ထပ်သွားစေမည့် ထူးထူးဆန်းဆန်း တုန်ခါမှုတစ်ခုကို ထုတ်လွင့်လာခဲ့၏။ ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံခံစားမိကာ ယွမ်ထီမူလဗိမာန်ဆီ လှမ်းကြည့်လိုက်မိသည်။ ထို့နောက် ဗိမာန်ဆီမှ အဆင့် ၁၂ ဖြစ်သည့် အရှိန်အဝါများစွာ ထွက်‌ပေါ်လာလေ၏။

“ကောင်းကင်ယွမ်ထီ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ယွမ်ထီများက ကောင်းကင်တာအို၏ ချစ်မျက်ရှုလေးများဖြစ်ပြီး သူတို့၏ကောင်းချီးကြောင့် စံပြများနှင့် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ အန္တိမသဟဇာတက ယခုအခါ ကောင်းကင်တာအိုကို ထိန်းချုပ်ထားသည့်အတွက် ထိုယွမ်ထီများအား သူ့ထံ ခစားစေဖို့ ဆင့်ခေါ်ရင်းဖြင့် သူ့ဝှက်ဖဲကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

ဒီသစ္စာဖောက်တွေကတော့

ဝမ်ဝေ့က လူများစွာ ပေါ်ထွက်လာသည်ကိုမြင်သည့်အခါ ရေရွတ်လိုက်မိသည်။ ပြောရလျှင် နတ်ဆိုးမျိုးနွယ်က ဒုတိယအကြီးမားဆုံးအရေအတွက် ဖြစ်ပေ၏။ ဝမ်ဝေ့က ကမ္ဘာတစ်ဝှမ်း ကြားနိုင်လောက်သည့် အသံမျိုးကို ထုတ်လွင့်ကာ အော်ပြောလိုက်လေသည်။

“ကုသိုလ်လိုချင်တဲ့သူတွေအားလုံး ဒီသစ္စာဖောက်တွေကို ချက်ချင်း တားဆီးဖို့လိုတယ်”

ဤတလျှောက်လုံးတွင် တိတ်ဆိတ်နေခဲ့သည့် ကောင်းကင်တာအိုသည် ရုတ်ခြည်းဆိုသလို အမြင်ရုပ်လွှာကို ချက်ချင်းထုတ်ဖော်လာခဲ့၏။ ထို့နောက် ရုပ်လွှာပြီးသည့်နောက်တွင် ဧရာမစာရင်းတစ်ခု ပေါ်ထွက်လာကာ တစ်မှငါးအထိ နံပါတ်စဉ်တပ်ထားပြီး ကုသိုလ်မျှဝေရေးစာရင်းကို ထုတ်ဖော်ပြထားလေသည်။ ထိုအရာက ‌ကောင်းကင်တာအို၏ သတင်းစကားမှန်း သိသည့်အတွက် မည်သူကမှတုံးအမနေပေ။ ကမ္ဘာတစ်ဝှမ်းရှိ စံပြများအားလုံး ကောင်းကင်ယွမ်ထီများဆီ ပြေးသွားပြီး တတ်နိုင်သမျှ မြန်မြန်သတ်နိုင်ဖို့ ကြိုးစားနေကြ၏။ ယွမ်ထီမူလဗိမာန် သို့မဟုတ် မျိုးနွယ်အထွတ်အမြတ်တောင်မှ လူများကပင် သူတို့၏ကိုယ်ပိုင်မျိုးနွယ်များအား စွန့်ပစ်ကာ ထိုယွမ်ထီများကို ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ကြသည်။

ဝမ်ဝေ့က အာရုံထွေပြားခြင်းမရှိဘဲ သူ့တာဝန်ကိုသာ အာရုံစိုက်ထားလေ၏။ သူက သော့ခလောက်၏ အားနည်းချက်ကို အခွင့်အရေးယူကာ အရင်းအမြစ်ချီနေရာလွတ်ကို ဝင်ရောက်ပြီး ဝူဟုန်၏ လုံခြုံရေးသေတ္တာမှ စွမ်းအားကို ရယူခဲ့လေသည်။

“ဘိုးဘေးတို့ ကျွန်တော့်ကို စွမ်းအားပေးပါ”

ဝမ်ဝေ့က အော်ပြောလိုက်လေသည်။ စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူ့ထံစွမ်းအားတချို့ ခံစားမိလေ၏။ သူက သူတို့၏စွမ်းအားများကို သုံးပြီး ဓားဖြင့် သူ့မန္တန်ကိုသုံးဖို့ တုန့်ဆိုင်းခြင်းမရှိပေ။

သော့ခလောက် ပျောက်ကွယ်သွားသည့် နှုန်းက အရှိန်ပိုမြင့်လာပြီး ၆၀ရာခိုင်နှုန်း အထိရောက်ရှိလာပြီဖြစ်၏။ ထိုအရာက အမည်မသိအချိန်စက်ဝန်းတစ်ခုကို နှင်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို့နောက် မိုးမြေကြားတွင် ရွှေရောင်လက်ဝါးတစ်ခု ပေါ်ထွက်လာကာ သော့ခလောက်ဆီ ဦးတည်လာလေ၏။

“အခုကစပြီး ငါ ကိုင်တွယ်လိုက်မယ်”

မေတ္တယျ၏အသံက ကမ္ဘာကို လွှမ်းခြုံသွားလေသည်။ ထို့နောက် သူမနှင့်မျက်နှာချင်းဆိုင်တွင် အနက်ရောင်နှင့် အဖြူရောင်လက်ဝါးတစ်ခု ပေါ်ထွက်လာပြီး သူမအား တားဆီးဖို့ ကြိုးစားနေလေ၏။ သို့သော်လည်း သူတို့က ထိပ်တိုက်ရင်ဆိုင်တော့မည့်ဆဲဆဲတွင် အနက်ရောင်လက်ဝါးက ပျောက်ကွယ်သွားပြီး ဝမ်ဝေ့၏ခန္ဓာကိုယ်အထက် ရောက်ရှိလာကာ သူ့အား တိုက်ခိုက်လာသည်။

“ခင်ဗျားလိုလူတစ်ယောက်က အရေးမပါဘူးလို့ ထင်ထားတဲ့လူတစ်ယောက်ဆီကနေ ခင်ဗျား အစီအစဉ်တွေ ဖျက်ဆီးတာကို လက်မခံနိုင်ဘူးဆိုတာကို သိတယ်” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်မိသည်။

ထိုလက်ဝါး‌ ‌ပေါ်ထွက်လာသည်နှင့် သူက ဆုံမှတ်နည်းစနစ်ကို အသက်သွင်းပြီး သူ နားမလည်နိုင်သည့် သို့မဟုတ် သံသယဖြစ်ဖွယ်ကောင်းသည်ဟု ထင်သည့် သူ့တည်ရှိမှု၏အစိတ်အပိုင်းအား ထားရှိလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်၏။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ခရမ်းရောင်သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် လက်ဝါးက ပျောက်ကွယ်သွားလေ၏။ သို့သော်လည်း သူက ထိုအရာသည် ပြဿနာဖြစ်နိုင်လောက်မည်လား မသိပေ။ သူက ကောင်းကင်ယံကို မော့ကြည့်ရင်း ထင်ထားသည့်အတိုင်း အနှောင့်အယှက်မရှိသည့်အခါ မေတ္တယျက သော့ခလောက်အား အချိန်မြစ်ကြောင်းအတွင်း ဆွဲယူကာ ထာဝရပျောက်ကွယ်သွားစေသည်။

ဝမ်ဝေ့က မျက်လုံးကို မှိတ်ထားလိုက်ရင်း မဟာတာအိုအရင်းအမြစ်နှင့် ဆက်သွယ်လိုက်၏။ စစ်ဆေးမှုအတွင်း ဤသည်က ပုံမှန်ကိစ္စတစ်ခု ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ခံစားချက်ကွဲပြားနေလေသည်။ သူက အသက်ပြင်းပြင်းရှူကာ တွေးလိုက်မိ၏။

ဒါက လွတ်မြောက်ရခြင်းရဲ့ အရသာလား။ ငါ သဘောကျတယ် …

သူ့မျက်နှာထက် မြင်သာသည့်အပြုံးတစ်ခု ပေါ်ထွက်လာလေ၏။ ထိုအချိန်လေးအတွင်း သူက ကမ္ဘာကြီးသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း ပျော်ရွှင်နေမိသည်။

ဝမ်ဝေ့က သူ့စိတ်ဝိညာဉ်အမှုန်ကို ဆက်သွယ်ကာ မေးလိုက်လေ၏။

“ဘယ်လိုလဲ”

“အား ငါ စိတ်မကောင်းဘူး။ ၁၃ရာခိုင်နှုန်းပဲ ပြီးလိုက်တယ်”

“၁၃ ရာခိုင်နှုန်း က အတော်လေး ကောင်းနေပါပြီ” ဝမ်ဝေ့က ပြန်ဖြေလိုက်လေ၏။ ဝမ်ဝေ့က စတုတ္ထမြောက် ဂိတ်ပေါက်အား လေ့လာပြီးသုံးသပ်ကာ နည်းစနစ်တစ်ခုကို ပုံတူပွားဖို့ တာဝန်ပေးထားခဲ့သည်။ ထိုနည်းစနစ်က ၁၃ ရာခိုင်နှုန်းမျှသာ ပြီးမြောက်သေးသော်လည်း သူ့ထူးကဲသာလွန်မှုအစပိုင်းနှင့်ယှဉ်လိုက်သည့်အခါ သိသာသည့်ာ အောင်မြင်မှုမျိုး ဖြစ်ပေ၏။ လူအများစုက ထိုအဆင့်၏ ထိုလမ်းစဉ်ကို တွေးနေကြစဉ် သူကမူ ၁၃ ရာခိုင်နှုန်းပြီးမြောက်ထားသည့် ကျင့်စဉ်တစ်ခု ရှိနေလေပြီ။ သူက ထိပ်သီးစံပြတစ်ယောက်ပင် မဖြစ်သေးပေ။

“ကောင်းပြီ။ ငါတို့မှာ ရှေ့ဆက်ရမဲ့လမ်းအရှည်ကြီး ရှိနေသေးတယ်။ ဒါက အစပဲရှိသေးတယ်” စိတ်ဝိညာဉ်အမှုန်က ခေါင်းညိတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ တွေးလိုက်၏။

ငါ့ရဲ့အလုပ်ကတော့ ပြီးပြီ။ အခု သူတို့အလှည့်ပဲ …

All Chapters