ဧကရီ၏ စွမ်းပကား
Vol. 107 Ch. 1494
ဝမ်ဝေ့က ကောင်းကင်တာအို၏ စာရင်းကို ကြည့်လိုက်လေသည်။ ထိုအရာက အချိန်တိုမျှသာရှိသေးသော်လည်း ကျင့်ကြံသူများက အကောင်းဆုံးကြိုးစားကာ ကောင်းကင်ယွမ်ထီများကို သတ်ဖြတ်ကြ၏။ ခုံက ပထမနေရာတွင် ရှိနေပြီး သူ့နောက်တွင် ကျန့်ဝူရွှမ်း၊ ဟို့ဖုန်းဟွမ်၊ ဝမ်ဖူရွှမ်းနှင့် လင်းဖန်တို့ ရှိနေလေသည်။ သူက ပထမနေရာတွင် ပဉ္စမနေရာတွင်ရှိနေသည့် ခုံနှင့် လင်းဖန်တို့၏ နာမည်ကို ကြည့်နေရင်း သူ့အကြည့်၌ ထူးထူးဆန်းဆန်း အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
ကောင်းကင်က ရုတ်ချည်းဆိုသလိုပြောင်းလဲသွားပြီး မိုးမြေကို ဖုံးလွှမ်းသွားသည့် အမြင်ရုပ်လွှာတစ်ခု ပေါ်ထွက်လာလေ၏။ ထို့နောက် ရွှေရောင်ကုသိုလ်က ကောင်းကင်မှ ဆင်းသက်လာသည်။ ပထမဦးဆုံး ဆုချီးမြှင့်ခံရသည့်သူများက စာရင်းရှိသည့်သူများ မဟုတ်ဘဲ ယခင်က ဝမ်ဝေ့ကို ကူညီပေးခဲ့ကြသည့် ဝိဇ္ဇာများ ဖြစ်၏။ ထိုသူများကို ချီးမြှင့်ပေးပြီးသည်နှင့် သော့ခလောက်၏ ဖျက်ဆီးမှုအတွက် အကျိုးပြုခဲ့သည့် လူအားလုံးက ဆုလာဘ် ရရှိခဲ့ကြသည်။ ထိုသူများထဲတွင် အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းနှင့် ရှုကျင်းယောင်ပင် အပါအဝင် ဖြစ်သည်။
နောက်ဆုံးတွင် စာရင်းပေါ်ရှိလူများက သူတို့၏ဆုလာဘ်များကို လက်ခံရရှိခဲ့သည်။ သို့သော်လည်း အားလုံးက ထူးဆန်းသည့် အမူအရာမျိုး ရှိနေကြသည်။ ကမ္ဘာ၏ လွတ်မြောက်မှုအတွက် အများဆုံးအကျိုးပြုခဲ့သည့် လူဖြစ်သည့် ဝမ်ဝေ့ကမူ ဆုလာဘ် မရရှိပေ။ ဝမ်ဝေ့က သူ့ဝိညာဉ်ပုံစံဖြင့် တည်ငြိမ်စွာ ကျန်ရှိနေလေ၏။ ယခု သော့ခလောက် ပျက်စီးသွားပြီဖြစ်သည့်အတွက် သူက သူ့စိတ်ရှိတိုင်း ဂမ္ဘီရ အသုံးပြုနိုင်ပြီဖြစ်သည့်အတွက် ကောင်းကင်တာအိုက သူ့အား ဆုချီးမမြှင့်သည်မှာ သီးသန့်ဆုချီးမြှင့်ဖို့ရာ ကြံစည်နေ၍ ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူက ကောင်းကင်ယံ၌ ပေါ်ထွက်လာမည့်အရာတစ်ခုကိုသာ အာရုံစိုက်ထားလိုက်၏။ ကောင်းကင်တာအိုက ဝိဇ္ဇာလင်းချီကို အသက်ပြန်သွင်းလိုက်ပြီး သူ့ကုသိုလ်ရွှေခန္ဓာက တတိယအဆင့်သို့ အလျင်အမြန် တိုးတက်သွားလေသည်။ ကောင်းကင်ယံမှ သန့်စင်လာသည့် ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး ရွှေလိုနှလုံးသားမျိုး ရှိထားသည့်အသက်ကြီးကြီးအမျိုးသားတစ်ဦး ထွက်ပေါ်လာလေသည်။
“ဒီလိုအသက်ပြန်ရှင်လာတာ တော်သေးတယ်” ဝမ်ဝေ့က ပြောလိုက်လေသည်။ သူက ရက်စက်သော်လည်း ဝိဇ္ဇာလင်းချီသာ ပြန်ရောက်မလာဘူးဆိုပါက အပြစ်ရှိသလို ခံစားနေမိလိမ့်မည်။ ထိုသို့သော ကြင်နာတတ်သည့် ဝိညာဉ်မျိုးက ကမ္ဘာ၏ကောင်းချီးများနှင့် စည်ပင်ကြွယ်ဝမှုအားလုံးနှင့် ထိုက်တန်ပေသည်။
“ကျုပ် ပြန်ရောက်လာလို့ ဝမ်းသာတယ်” ဝိဇ္ဇာလင်းချီက ပြုံးလိုက်လေသည်။ သူက ဝမ်ဝေ့၏ သေမျိုးလူမှုအဖွဲ့အစည်းသဘောတရားမှ သေမျိုးများအတွက် အနာဂတ်ကို မြင်တွေ့ခဲ့ဖူးလေ၏။ သို့သော်လည်းသူက ထိုအတွေးအခေါ်၏ ရင့်ကျက်မှုကို မခံစားရသေးခင် သူ့ကိုယ်သူစတေးခဲ့ရသည်။ ယခုအခါ သူ ပြန်လည်ရောက်ရှိလာပြီဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
“တာအိုရောင်းရင်းရော ဘယ်လိုလဲ။ ခင်ဗျားရဲ့အခြေအနေက … ”
“စိုးရိမ်စရာမလိုပါဘူး” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။
“ခင်ဗျား အဲ့လိုပြောတယ်ဆိုတော့လည်း ... အား .. သတိထား”
ဝမ်ဝေ့၏နောက်မှ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာပြီး သူ့အား ထိုးစိုက်ဖို့ ကြိုးစားလာလေ၏။ သို့သော်လည်း ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ကူးသန်းပြောင်းရွေ့ကာ တိုက်ခိုက်သူ၏နောက်တွင် ပေါ်ထွက်လာပြီး ပါးစပ်ဟကာ ထိုသူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို ဝါးမြိုပစ်လိုက်သည်။ ထိုအဟာရဖြင့် သူသည် ယခင်ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်နိုင်၏။
“ငှက်တွေက အစာအတွက် သေပြီး လူတွေက စီးပွားရှာရင်း သေကြတယ်လို့ ပြောကြတာ။ ဒီစကားတွေက ဒီထက်ပိုပြီး မမှန်နိုင်တော့ဘူးပဲ” ဝိဇ္ဇာလင်းချီက သက်ပြင်းချလိုက်လေသည်။ ထိုသူက ဝမ်ဝေ့၏ အားနည်မှုကို အခွင့်ကောင်းဟု တွေးကောင်းတွေးမိလိမ့်မည်။ သို့သော်လည်း ထိုပြင်ဆင်မှုသည် သူ့အသက်ကိုသာ ဆုံးရှုံးသွားခဲ့ရ၏။
ဝမ်ဝေ့က ပခုံးတွန့်ကာ ပြုံးလိုက်၏။ ထိုလေလွင့်ကျင့်ကြံသူက စွန့်စားမှုရယူသည့်အတွက် သူက အပြစ်မတင်ပေ။ လေလွင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် စံပြအဆင့်သို့ရောက်ရှိပြီးသည့်နောက်တွင် ထပ်မံအဆင့်တက်လှမ်းဖို့ကာ အဆရာချီ ပိုမိုခက်ခဲလာပြီဖြစ်သည့်အတွက် အခွင့်အရေးရှိလာသည့်အခါ စွန့်စားမှုယူသည်က နားလည်၍ ရသည်။
“အခု စတော့မယ်” ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ရေရွတ်လိုက်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း သူမ၏ မေးဖျားတွင် မွေးရာပါအမှတ်အသားတစ်ခုပါပြီး လက်ထဲတွင် ဝါးတုတ်တစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ သူမကို မြင်သည့်သူတိုင်းက မျက်လုံး၌ စူးရှသည့်နာကျင်မှုကို ခံစားမိလိုက်ကြသည်။
ယန်းအိုက်က အားလုံးကို ကြည့်ပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူကာ သူမ၏စကားသံအား နေရာတိုင်းသို့ ပဲ့တင်ထပ်စေလိုက်သည်။
“အထက်မှ မိုးမြေ … ကမ္ဘာကြီးက အာဏာရှင်ဆီကနေ လွတ်မြောက်ပြီးတော့ နာကျင်မှုခေတ်ကာလ အဆုံးသတ်မဲ့ အခြေအနေသို့ ရောက်ရှိနေပါပြီ။ ယခင်ခေတ်ဟောင်းရဲ့ ကံကောင်းမှုနဲ့ ကံကြမ္မာကိုင်ဆောင်ထားသူ အာဏာရှင်အားလုံးကို ကိုယ်စားပြုပြီးတော့ လူသားကံကြမ္မာဓားကို ဆင့်ခေါ်ပါတယ်”
ထို့နောက် ယန်းအိုက်၏ ခေါင်းအထက် ရောင်စုံနဂါး ၁၃ကောင်ထွက်ပေါ်လာပြီး အာဏာရှင် ၁၃ယောက်ကို ကိုယ်စားပြုနေသည်။ ထိုအရာထဲတွင် မူလစည်းတံဆိပ်ကုန်းမြေလည်းအပါအဝင် ဖြစ်၏။ ဝူဟုန်ကို ဆက်သွယ်မရသေးသော်လည်း သူမ၏တပည့်များနှင့်လက်အောက်ငယ်သားများက မပြီးမပြတ်အခြေအနေတွင် ရှိနေသေးပြီး မူလစည်းတံဆိပ်ကုန်းမြေကို ကိုယ်စားပြုကာ သူတို့၏ထင်မြင်ချက်ကို ပေးအပ်ခဲ့သည်။ နဂါး၁၃ကောင်က အချင်းချင်း ကူးခတ်ရင်းဟစ်ကြွေးလိုက်သည်။
ကမ္ဘာကြီးက အနည်းငယ် တုန်ခါသွားပြီးသည့်နောက်တွင် ကောင်းကင်ယံ၌ ရွှေရောင်ပလင်တစ်ခု ပေါ်ထွက်လာပြီး တစ်ဖက်တွင် နဂါးသင်္ကေတရှိပြီး တစ်ဖက်တွင် လူသားဟု ရေးသွင်းထားသည့် စာလုံးပါရှိသည့်ဓားတစ်လက် ပေါ်ထွက်လာလေသည်။ ဓားက ယန်းအိုက်၏လက်အတွင်း ကျရောက်လာလေ၏။ သူမ၏ အမြင်အာရုံက ပြောင်းလဲသွားခဲ့သည်။ သူမက သင်္ကေတများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုကို မြင်လိုက်ရသော်လည်း ထိုသင်္ကေတများက အရှိန်အဝါတစ်ခုကြောင့် သက်ရောက်နေသည့်ဟန်ပေါ်သည်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ကောင်းကင်စည်းမျဉ်းတွေပဲ။ ဒီအငွေ့အသက်ကတော့ အန္တိမသဟဇာတရဲ့ အမှတ်အသားဖြစ်လောက်တယ် …
ယန်းအိုက်က တွေးလိုက်မိသည်။ သူမက တုန့်ဆိုင်းမနေဘဲ ဓားကို ဝေ့ယမ်းလိုက်ပြီး ထိုအရှိန်အဝါအားလုံးကို ရှင်းထုတ်လိုက်၏။ သို့သော်လည်း ပင်မအမှတ်အသားက ကောင်းကင်တာအိုထဲတွင် ရှိနေပြီး အကောင်းအတိုင်း ကျန်ရှိနေသေး၏။ သို့သော်လည်း ယခင်ကထက်မူ မှေးမှိန်သွားလေသည်။
ဒါက ငါလုပ်နိုင်တဲ့ အကောင်းဆုံးအနေအထားပဲ ...
ဓားက သူမအား စွမ်းအားအမြောက်အများ ချီးမြှင့်လာသော်လည်း သူက ထိုနှစ်ဦးကို အချိန်ခဏမျှသာ တိုက်ခိုက်နိုင်သည်။ သို့သော်လည်း အန္တိမသဟဇာတ၏ လွှမ်းမိုးမှုကို အပြီးအပိုင်ရှင်းထုတ်ဖို့ မလုံလောက်ခဲ့ပေ။
ကောင်းပြီလေ နောက်တစ်ဆင့်ပေါ့ …
ယန်းအိုက်က အလင်းမဲ့အမှန်တရားအပေါ် အာရုံစိုက်လိုက်၏။ ကမ္ဘာနှင့် အဝင်အထွက်ကို တားဆီးထားသည့် စွမ်းအားအတားအဆီးတစ်ခု ကျန်ရှိနေသေးသည်။ သူမက ဒုတိယအကြိမ် ဓားကိုဝေ့ယမ်းလိုက်ပြီး ထိုအရာကို ဆုတ်ဖြဲလိုက်၏။ ထို့နောက် အနီရောင်ဝတ်ဆင်ထားသည့် အမျိုးသမီးက မြူခိုးအတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ သူမက အလှတရား၊ ကျော့ရှင်းမှုနှင့် မြင့်မြတ်မှုတို့ စကားစု၏ ပြယုဂ်အလားဖြစ်ကာ သူမပေါ်ထွက်လာသည်နှင့် ယန်းအိုက်ဆီမှ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။
“အခု မင်း အလှည့်ပဲ” ယန်းအိုက်က ပြောရင်းဖြင့် သူမ၏ဓားအား ဝူဟုန်ဆီ လွှဲယမ်းလိုက်သည်။
ဝူဟုန်က ထိုအရာကို ဖမ်းဆုပ်မိလိုက်စဉ် သူမ၏စိတ်ထဲ သတင်းစကားတစ်ခု ပေါ်ထွက်လာလေ၏။
“အဲဒါက အဲ့လိုကိုး”
သူမက ရေရွတ်လိုက်လေသည်။ စကားလုံးက အလင်းတန်းအသွင်ပြောင်းလဲသွားကာ သူမ၏နဖူးအတွင်း ဝင်ရောက်သွား၏။ ထို့နောက် သူမ၏အလှတရားအား ပိုမိုတိုးမြင့်ပေးသည့် ရတနာတစ်ခုသဖွယ် ချန်ထားခဲ့လေသည်။ ဝူဟုန်က ဝမ်ဝေ့အား ကြည့်ပြီး တစ်ချက်ပြုံးပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။
သူမ၏ ဦးတည်ရာက သိသာလှ၏။ ကမ္ဘာဦးဟွင်သွမ်းဆီ ဖြစ်သည်။ အတိအကျပြောရမည်ဆိုလျှင် မေတ္တယျနှင့် အန္တိမသဟဇာတတို့ တိုက်ခိုက်နေသည့် တိုက်ပွဲကွင်းပြင်ဆီ ဖြစ်၏။ သူမရောက်ရှိလာသည့်အခါ မေတ္တယျက အရေးသာချက် ရရှိထားလေသည်။ အန္တိမသဟဇာတကမူ အာရုံထွေပြားနေပြီး သူ့လက်ဝါးမှ အမည်မသိစွမ်းအားတစ်ခုကို ဖယ်ရှားဖို့ ကြိုးစားနေလေ၏။
“ငါ သူ့ကို အချိန်ဆွဲထားမယ်။ ဒါပေမဲ့ သူ့ကို မသတ်နဲ့။ အဲ့ဒီအစား သူ့ကို ချိတ်ပိတ်လိုက်” မေတ္တယျက အံ့ဖွယ်အသိစိတ်မှ ပြောနေ၏။
“ဘာလို့လဲ”
“ဒီဓားက မင်းရဲ့အစွမ်းကို ငါတို့အဆင့်ထိ ရောက်အောင် ယာယီမြှင့်တင်ပေးနိုင်မဲ့ မင်းရဲ့ တည်ရှိမှုက ငါတို့ထက် နိမ့်ကျနေတုန်းပဲ။ အဲ့လိုဆိုတော့ မင်း သူ့ကို သတ်လို့မရဘူး။ မင်း လုပ်နိုင်တာက သူ့ရဲ့လက်ရှိခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်သလို ဖြစ်သွားမှာပဲ။ အဲဒါဆိုရင် သူ့ကို တခြားတစ်နေရာမှ အသက်ပြန်သွင်းခွင့်ပေးသလို ဖြစ်သွားလိမ့်မယ်” မေတ္တယျက ရှင်းပြလိုက်သည်။
“ကျွန်မ သိပါပြီ” ဝူဟုန်က ခေါင်းညိတ်လိုက်ပြီး အသိစိတ်ပင်လယ်ထဲမှ စည်းတံဆိပ်ကို ဖယ်ရှားကာ ကမ္ဘာဦးစည်းတံဆိပ် ၃၈၀၀ ကို ရယူလိုက်သည်။ သူမက တစ်ခုကို ရွေးချယ်လိုက်ပြီး ကမ္ဘာဦးဟွင်သွမ်းအတွင်း သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။ သူမက လက်ကို ဝေ့ယမ်းလိုက်သည့်အခါ သင်္ကေတက အန္တိမသဟဇာတဆီ ပြေးဝင်သွားလေသည်။ အန္တိမသဟဇာတက မလိုလားပြီး မုန်းတီးသည့်အမူအရာမျိုး ထုတ်ဖော်ပြသလာလေ၏။
“အဲ့ဆိုတော့ ရှင်က စိတ်ခံစားမှုတွေကို ခံစားမိနေတုန်းပေါ့” မေတ္တယျက သက်ပြင်းချပြီးသည့်နောက်တွင် သူ့လွတ်မြောက်မည့်လမ်းအားလုံးကို ပိတ်ဆို့လိုက်လေသည်။ ဝူဟုန်၏ ချိတ်ပိတ်ရေးသင်္ကေတက အဝါရောင်အကာအရံအဖြစ် ပြောင်းလဲသွားကာ အန္တိမသဟဇာတကို ဖြည်းဖြည်းချင်း လွှမ်းခြုံသွားလေ၏။
“ဒီစွမ်းအားက … ” အန္တိမသဟဇာတက တစ်စုံတစ်ခု သဘောပေါက်သွားသည့်အလား ရေရွတ်လိုက်လေသည်။ သူက မေတ္တယျကို ကြည့်နေရင်း တစ်စုံတစ်ခုကို နားလည်သွားလေ၏။ မေတ္တယျက သူမ၏ ပြောင်းလဲမှုအပြီး ဝူဟုန်ဆီ ပထမဆုံး သွားရောက်တွေ့ဆုံခဲ့လေသည်။ ယခင်က သူတို့၏မိတ်ဆွေဆက်ဆံရေးကြောင့်ဟု ထင်ထားခဲ့မိ၏။ သို့သော်ယခုတွင် သူမက သူ့အမြင်အာရုံမှ ထိုစွမ်းအားကို ဖုံးကွယ်ချင်ရုံမျှသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
“ရှင် သဘောပေါက်သွားပြီလား။ အဲဒါက မပြီးပြည့်စုံသေးဘူးဆိုပေမဲ့ အနှစ်သာရက ကျွန်မတို့ရဲ့ အဆင့်အနေအထားကို ရောက်နေပြီ။ သူမရဲ့ပါရမီက တကယ့်ကို ပြိုင်ဖက်ကင်းတယ်” မေတ္တယျက ရေရွတ်လိုက်သည်။
“ဒါက မပြီးဆုံးသေးဘူး။ မင်း သိတယ်မလား” အန္တိမသဟဇာတက မေးလိုက်လေ၏။
“ဟုတ်တယ်” မေတ္တယျက တည်ငြိမ်စွာ တုန့်ပြန်လိုက်လေသည်။ သူက ဤချိတ်ပိတ်စည်းတံဆိပ်မှ လွတ်မြောက်သွားလျှင်ပင် အခြားသောသူများက အချိန်မီလိုက်မှီလာမည်ဖြစ်ကာ အန္တိမသဟဇာတက ပြဿနာများများစားစားရှိတော့မည် မဟုတ်ပေ။
“ငါတို့တွေ ကြည့်ကြသေးတာပေါ့”
ထို့နောက် အကာအရံက တောင်သဖွယ် ပြောင်းလဲသွားလေ၏။ မေတ္တယျက လက်ကိုမြှောက်ပြီး ထိုအရာကို သိမ်းဆည်းလိုက်လေသည်။
“ကျေးဇူးပါ” သူမက ဝူဟုန်ကို ပြောလိုက်သော်လည်း ဝူဟုန်က တစ်စုံတစ်ခုကြောင့် အာရုံထွေပြားနေဟန်ပေါ်သည်။
“တစ်ခုခုဖြစ်လို့လား”
ဝူဟုန်က ပြန်ဖြေတော့မည့်ဆဲဆဲတွင် ဝမ်ဝေ့ဆီမှ သတင်းစကားကို လက်ခံရရှိလိုက်သည်။
“ကိုယ့်ရဲ့အချစ်လေး မပြီးမပြတ်အခြေအနေက လူတွေက စောင့်ကြည့်နေကြတာမလား”
“ဘယ်သူက ရှင့်ရဲ့အချစ်လေးလဲ။ ဟုတ်တယ် သူတို့က စောင့်ကြည့်နေကြတာ” ဝူဟုန်က ပြန်ပြောလိုက်လေသည်။
“အဲ့ဆိုတော့ မင်းရဲ့ စွမ်းအားကို သုံးလို့ရသေးလား”
“ရသေးတယ်။ ဘာလို့လဲ”
“မင်းလုပ်ခဲ့တဲ့အရာတွေရဲ့ မှတ်ဉာဏ်တွေကို အမြန်ဖယ်ရှားပစ်လိုက်။ ကိုယ့်ဘိုးဘေးတွေလည်း အပါအဝင်ပဲ” ဝမ်ဝေ့က ပြောလိုက်၍ ဝူဟုန်က မျက်မှောင်ကြုတ်လိုက်လေသည်။
“ကိုယ် သူတို့ကိုမယုံတာမဟုတ်ဘူး။ ဒါပေမဲ့ ကြိုတင်ကာကွယ်ထားတာ ပိုကောင်းတယ်လေ” သူက ရှင်းပြလိုက်လေသည်။
“အဲ့လိုမဟုတ်ပါဘူး။ ကျွန်မတို့ကမ္ဘာမှာ လျှို့ဝှက်ဂိတ်ပေါက်တစ်ခုကို သတိထားမိလိုက်လို့။ ကျွန်မ စွမ်းအားကို တခါပဲ အသုံးပြုနိုင်မှာဆိုတော့ အဲဒါကိုပိတ်ဆို့ဖို့ ကြံစည်နေတာ”
“လျှို့ဝှက်ဂိတ်ပေါက်လား။ အချိန်စားသုံးသူ လုပ်နေတဲ့ဟာလား။ ဂိတ်ပေါက်ကို ထားလိုက်တော့ အဲ့ဒီလူတွေရဲ့ မှတ်ဉာဏ်တွေကိုပဲ ရှင်းထုတ်ပစ်လိုက်” ဝမ်ဝေ့က တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်လေသည်။
“ကပ်ဘေးက ရှောင်လွဲလို့မရဘူး။ မင်းရဲ့ စည်းတံဆိပ်က နှောင့်နှေးထားနိုင်ရုံပဲ တတ်နိုင်မှာ။ မင်းရဲ့ ဘေးကင်းမှုက ဦးစားပေးပဲ”
ဝမ်ဝေ့က ထိုသူများသည် သူမ၏ လုပ်ရည်ကိုင်ရည်ကို မြင်တွေ့ပြီးသည့်နောက်တွင် စတင်ပစ်မှတ်ထားလာနိုင်သလို ပြိုင်ဖက်တစ်ယောက်ကို ဖယ်ရှားဖို့ရာအတွက် ရန်သူများဆီ သူမ၏သတင်းအချက်အလက်များကို ရောင်းချနိုင်လေသည်။
“မေတ္တယျကို ဂိတ်ပေါက်ရဲ့ နေရာကို ပြောပြလိုက်။ သူ အဲဒါကိုဖြေရှင်းပါစေ”
“ကောင်းပြီလေ” ဝူဟုန်က ပြောပြီးသည့်နောက်တွင် နောက်ထပ်စည်းတံဆိပ်ကို ထုတ်ဖော်ပြီး စောင့်ကြည့်နေသူများ၏ မှတ်ဉာဏ်ကို ဖယ်ရှားပစ်လိုက်သည်။ သို့သော်လည်း သူမ၏ အမူအရာက ပိုမိုဆိုးရွားသွား၏။
“ဘာဖြစ်သွားလို့လဲ” ဝမ်ဝေ့က မေးလိုက်လေ၏။
“ဒီနည်းစနစ်က လူနှစ်ယောက်အတွက် မဖြစ်ဘူး”
“ဘယ်သူတွေလဲ”
“တုကုထျန်းပိုင်နဲ့ လူသားဧကရာဇ်” ဝူဟုန်က ပြန်ဖြေလိုက်လေသည်။
“ယင်ကျန်းက စိတ်လိပ်ပြာဆွဲပြားရှိတယ်ဆိုတော့ အဲလိုဖြစ်နိုင်တယ်။ ဒါပေမဲ့ တုကုထျန်းပိုင်က ဘာများထူးခြားနေလို့လဲ”