ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော ပြန်လည်ဆုံစည်းမှု
Vol. 107 Ch. 1495
“ကြည့်ရတာ အခု ပြန်တွေးကြည်မှ အကြွင်းမဲ့တားမြစ်ချက်နဲ့ဆက်နွယ်နေတဲ့ပုံပဲ။ အဆုံးသတ်နားမှာ သူက မရှင်းမရှင်းပြုမူနေတာလေ” ဝူဟုန်က ဆက်နွယ်မိသွားသည်။
“အသင်္ချေဂိုဏ်းမဟာမိတ်ကလည်း ကိုယ် ဖမ်းဆီးထားတဲ့ အကျဉ်းသားတစ်ယောက်ကို စိတ်ဝင်စားလာတယ်လေ။ တုကုထျန်းပိုင်က သူတို့နဲ့ ပတ်သက်တာ တစ်ခုခုတွေ့ထားတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် အစွဲအလမ်းတစ်ခုနဲ့ ပတ်သက်နေတဲ့အရာတစ်ခုကို တွေ့ထားတာ ဖြစ်နိုင်တယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“အဲ့ဆိုတော့ သူက ဘာလို့အဲ့လောက်အန္တရာယ်များလာတာလဲ။ သူ့ကို တားမြစ်ချက်အတွင်းတောင်မှ သတ်ပစ်ခဲ့သင့်တာ” ဝူဟုန်က ပြောလိုက်သည်။
“ကောင်းပြီလေ။ နောင်မှ ပြန်ပြီးပြောနေလို့တော့ အဓိပ္ပါယ်မရှိပါဘူး။ ရှင် အားတာနဲ့ ကျွန်မကို လာတွေ့လှည့်”
“ကောင်းပြီလေ” ဝမ်ဝေ့က စကားဝိုင်းကို အဆုံးမသတ်ခင် ပြန်ပြောလိုက်သည်။ ထိုစဉ် မေတ္တယျက ဝူဟုန် လုပ်သည့်ကိစ္စရပ်ကို မြင်တွေ့ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်၏။
“ဒါက လိုအပ်လို့လား” သူမက မေးလိုက်သည်။
“ရှင်ကတော့ လူတွေကို ယုံနိုင်ပေမဲ့ ကျွန်မကတော့မယုံဘူး” ဝူဟုန်က အေးစက်စက် ပြောလိုက်သည်။
“မင်းပြောတာ ဟုတ်ပါတယ်။ နားထောင် ငါက ....” မေတ္တယျက သက်ပြင်းချကာ ဆက်ပြောလိုက်လေ၏။
“ဒါက ရှင့်အတွက်” ဝူဟုန်က အဆောင်တစ်ခုကို ပေးရင်းပြောလိုက်သည်။
“ဒါက ဘာလဲ”
“ကျွန်မတို့ရဲ့ ကမ္ဘာမှာ ဖုံးကွယ်နေတဲ့ အမည်မသိမုခ်ပေါက်တစ်ခုပဲ။ အဲဒါက ရောက်ရှိလာမဲ့ကပ်ဘေးဇစ်မြစ် ဖြစ်လိမ့်မယ်လို့ထင်တယ်” ဝူဟုန်က ပြောလိုက်သည်။
“မင်း တွေ့သွားပြီလား။ ငါက ကမ္ဘာကြီးဆီ ရုတ်တရက် အပြောင်းအလဲဖြစ်လာမှာကို စိုးရိမ်နေခဲ့တာ” မေတ္တယျက ဂမ္ဘီရကို အသုံးပြုကာ ဝူဟုန် ပြောထားသည့်နေရာကို ရှာဖွေလိုက်သည်။
“မင်းရဲ့ အာရုံခံနှုန်းက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား” မေတ္တယျက သူမ၏ပင်မခန္ဓာကိုယ်ဖြင့် ထိုအရာကို ရှာလျှင်ပင် ရလဒ်သည် အခွံနှင့်အတူတူဖြစ်ကြောင်း သိလေ၏။ ထို့ကြောင့် ဝူဟုန်က ထိုအရာကို ရှာတွေ့သွားသည့်အချက်သည် သူမက သူတို့၏ကျင့်ကြံဆင့်သို့ ရောက်ရှိသွားသည်နှင့် မေတ္တယျနှင့် အန္တိမသဟဇာတို့ထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း ပြသနေသည်။
“ရှင် အတွေးလွန်နေတာပဲ။ ကျွန်မက ဟုန်ကာကွယ်ရေးစနစ်ကို ရေးဆွဲခဲ့တာ။ အဲဒါကြောင့် ကျွန်မတို့ရဲ့ ခုခံကာကွယ်ရေးစနစ်မှာ ပြစ်ချက်ကို ခံစားမိလိုက်တဲ့အချိန် စစ်ဆေးကြည့်လိုက်တော့ တွေ့တာပဲ” ဝူဟုန်က ရှင်းပြလိုက်သည်။ ယခင်စွမ်းအားက သူမအား ကမ္ဘာနှင့်ပတ်သက်ပြီး တစ်စုံတခု မှားယွင်းနေသည်ကို ခံစားခွင့်ပြုထားခဲ့သော်လည်း ထိုသို့ဆိုလျှင်ပင် သူမက ထိုအရာကို ရှာမတွေ့ခဲ့ပေ။ ထိုစွမ်းအားကို သူမ အောင်မြင်ထားသည့် ကာကွယ်ရေးစနစ်နှင့် အသုံးပြုပြီးသည့်နောက်မှသာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။
“တကယ်လို့ မင်းအာရုံမခံနိုင်ဘူးဆိုရင် ဒါကို လုပ်ခဲ့တဲ့သူတွေက ငါ့စွမ်းရည်ထက် ကျော်လွန်နေတယ်ဆိုတာကို ပြသနေတာပဲ” မေတ္တယျက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။
“အနာဂတ်က တကယ့်ကို ထိခိုက်မှာ။ ဒါပေမဲ့ အဲဒါက အခွင့်ကောင်းတစ်ခုပဲ” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“အဲ့လိုထင်နိုင်ပါတယ်။ ဒါပေမဲ့ ငါ ဂိတ်ပေါက်ကို သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ်။ ပြီးတာနဲ့ မင်းနဲ့ ဝမ်ဝေ့ဆီ လာတွေ့မယ်”
“ကောင်းပါပြီ” ဝူဟုန်ခေါင်းညိတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။ လတ်တလောဖြစ်ရပ်များစွာရှိနေသည့်အတွက် သူမက စည်းတံဆိပ်ကုန်းမြေကို သွားရောက်စစ်ဆေးကြည့်ဖို့ လိုနေသည်။ သူမ အိမ်ပြန်ရောက်လာသည်နှင့် လူသားကံကြမ္မာဓားက သူမ၏ခန္ဓာကိုယ်မှ ထွက်ခွာကာ ပလ္လင်ဆီ ပျံသန်းသွားပြီး မိုးမြေကြား၌ ပျောက်ကွယ်သွားလေသည်။
ထိုစဉ် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ ဝမ်ဝေ့က ပတ်ဝန်းကျင်ရှိ တာအိုချီမှ ယာယီခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းလိုက်လေသည်။ သူက မူလစည်းတံဆိပ်ကုန်းမြေဆီ အပြေးအလွှားသွားလိုသော်လည်း ယခုအခါ မသင့်တော်သေးကြောင်း သိလိုက်သည်။ ထိုအစား သူက ဘိုးဘေးယန်းအိုက်နှင့်အတူ တာအိုအခွင့်အလမ်းဂိုဏ်းဆီ ပြန်လာခဲ့သည်။ နှစ်ဦးသားက အကြီးအကဲများ အစည်းအဝေးကျင်းပရာ နေရာဖြစ်သည့် မူလတောင်ထိပ်သို့ ရောက်ရှိလာကြသည်။ သူတို့ရောက်ရှိလာသည်နှင့် ကံကောင်းမှုစွမ်းအားက တောင်ထဲ ဝင်ရောက်လာပြီး ဖြည်းဖြည်းချင်းပုံရိပ်များကို ဖွဲ့စည်းလာလေသည်။ ဝမ်ဝေ့က ကံကောင်းမှုအားလုံးသည် ထိုလူသုံးယောက်ဆီ ရောက်ရှိသွားကြောင်း ခန့်မှန်းမိလိုက်၏။ သူက ထိုသူများကိုပင် ခန့်မှန်းမိလိုက်သည်။
ယန်းအိုက်က အသက်ရှိုက်စာအနည်းငယ် စောင့်ဆိုင်းပြီးသည့်နောက်တွင် ပြောလိုက်လေသည်။
“ဘာလဲ … မင်းက မင်းဇနီးလေးကို တွေ့ဖို့ အလျင်လိုနေတာလား”
“ဘိုးဘေး အခု ကျွန်တော့ကို စရမဲ့အချိန် မဟုတ်ဘူးနော်။ ဘိုးဘေးလိုမျိုး တစ်ကိုယ်တည်းသမားက ကျွန်တော်ဆီမှာ ရှိနေတဲ့ တောင့်တမှုနဲ့အထီးကျန်မှုတို့ကို နားလည်မှာမဟုတ်ပါဘူး”
ယန်းအိုက်က ရှုံ့မဲ့သွားလေ၏။
“ကောင်လေး မင်းက စံပြဖြစ်လာပြီးတဲ့နောက်မှာ အတော်လေး စိတ်ကြီးဝင်လာတဲ့ပုံပဲ။ မင်း ဝါးတုတ်စာ မိချင်တာလား”
“ဘိုးဘေး ကျွန်တော်က စတာလေ … အလိုလိုက်လို့မရဘူးလား” ဝမ်ဝေ့က မလုံမလဲပြောလိုက်၍ ယန်းအိုက်က နှာခေါင်းရှုံ့လိုက်သည်။ ထိုသူအသက်ပြန်ရှင်လာမှုက နာရီပိုင်းခန့်ကြာမြင့်ခဲ့လေသည်။ နောက်ဆုံးသော ရလဒ်အနေဖြင့် ယန်းအိုက်၏ အပြုအမူမှ ကုသိုလ်အနည်းငယ်၏အထောက်အပံ့ဖြင့် ရှေးဦးစံပြသုံးယောက်ဖြစ်သည့် ချီယွမ်၊ တိုက်ပွဲရူးနှင့် ရှေးဟောင်းဖျက်ဆီးခြင်းတို့က ထိပ်သီးကောင်းကင်ဘုံအဆင့်သို့ ပြန်လည်ရောက်ရှိသွားစဉ် တခြားသူများကမူ မဟာဧကရာဇ်အဆင့်အောက်သို့ ပြန်လည်ရောက်ရှိသွားကြသည်။
“တကယ့်ကို သက်ရှိကမ္ဘာပဲ။ ပြန်ပြီးအသက်ရှင်ရတာ ကောင်းလိုက်တာ” ချီယွမ်က အသက်ပြင်းပြင်းရှုကာ ရေရွတ်လိုက်လေ၏။
“ဟုတ်တယ် အမှန်ပဲ” ဖျက်ဆီးခြင်းက ဝေလငါးတစ်ကောင် ရေသောက်သကဲ့သို့ ချီများကို စုပ်ယူလိုက်လေသည်။ တိုက်ပွဲရူးကမူ ခန္ဓာကိုယ်ကို အညောင်းအညာဆန့်ရင်း လေ့ကျင့်ခန်းတချို့ လုပ်နေလေ၏။
“ကျေးဇူးပါ။ မင်း လုပ်ပေးသမျှအရာအားလုံး ငါတို့၊ ဂိုဏ်းနဲ့ ကမ္ဘာကြီးအတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးပါ” ချီယွမ်က ဝမ်ဝေ့ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“ကျွန်တော် လုပ်သင့်တာကို လုပ်ပေးရုံပါပဲ” ဝမ်ဝေ့က ပြန်ပြောလိုက်လေသည်။
“ကောင်းကင်တာအိုက မင်းကို ကြီးမားတဲ့ ကံကြမ္မာနဲ့ ဝန်ထုပ်ဝန်ပိုးပေးနေခဲ့တာ။ ဒါပေမဲ့ မင်းက မျှော်လင့်ချက်ထက်တောင် ကျော်လွန်နေခဲ့တယ်” ချီယွမ်က ပြုံးလျက်ပြောလိုက်သည်။
“ကောင်လေးက ဒါတွေ ကြားချင်မှာ မဟုတ်ဘူး။ သူ့စိတ်ထဲမှာရှိတာက သူ့ဇနီးလေးနဲ့ ပြန်လည်ဆုံစည်းဖို့ပဲ” ယန်းအိုက်က ပြောလိုက်၍ ချီယွမ်နှင့် တခြားသူများက ရယ်မောလိုက်သည်။
“ဒီလိုဆိုရင် ငါတို့မင်းကို အချိန်ဆွဲမထားတော့ပါဘူး။ ငါတို့လည်း ပြန်ပြီးအားဖြည့်ရဦးမှာ။ မင်းလည်း ကုစားဖို့ အချိန်လိုသေးတယ်ဆိုတော့ နောင်အနာဂတ်ကျမှ ကောင်းကောင်းပြောကြတာပေါ့”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် အလျင်စလိုဖြင့် ပြေးထွက်သွားလေသည်။ သူ အစီအရင်အပြင်ဖက်သို့ ရောက်ရှိသည့်အခါ သူက ချက်ချင်း ကူးသန်းပြောင်းရွေ့သွားလိုက်သည်။
“အမလေးလေး အချစ်နဲ့ တွေ့သွားတာကိုး” အထွေထွေသောင်းပြောင်းက သက်ပြင်းချလိုက်လေသည်။ တခြားသူများက သူ့ကို မျက်လုံးပင့်ကာ ကြည့်လိုက်၏။ ချီယွမ်က အကြီးအကဲယန်းရွှယ်နှင့် အခြားသူများကို အာရုံစိုက်ထားလေသည်။
“ငါတို့ တစ်ခုခုပြောရဦးမယ်။ ဝူဟုန်ပြုမူနေပုံအရ သူမက တစ်ခုခုကြောင့် အာရုံထွေပြားနေပုံပဲ။ ပြီးတော့ တစ်စုံတစ်ယောက်က ငါတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဖို့သတိပေးခဲ့တယ်။ ကြည့်ရတာ သူ့လက်ချက်ဖြစ်ပုံပဲ” တိုက်ပွဲရူးက မေးလိုက်သည်။
“သူက သူမရဲ့ အကျိုးအမြတ်ကို ငါတို့ထက် ဘယ်အချိန် အလေးထားရမယ်ဆိုတာ သိပြီးတော့ ငါတို့ကိုလည်း ဘယ်လိုအချိန်မှာ ဦးစားပေးရမယ်ဆိုတာလည်း သိပါတယ်။ အဲဒါကြောင့် စိုးရိမ်ဖို့မလိုဘူး” ချီယွမ်က ပြောလိုက်သည်။
“သူ့ကို အတော်လေး ယုံကြည်နေတဲ့ပုံပဲ” ဖျက်ဆီးခြင်းက ပြောလိုက်သည်။
“ငါလည်း အဲ့လိုပဲထင်တယ်” တိုက်ပွဲရူးက ထပ်ပြောလိုက်လေ၏။
“ကျွန်မကိုပါ ထည့်လိုက်။ တားမြစ်ချက်ပြီးကတည်းက နည်းနည်းလေး ကွဲပြားနေတာ။ အတိအကျပြောရမယ်ဆိုရင် အဲ့ဒီကလေးကို ဒိုင်မေးရှင်းအနိမ့်မှာ မြင်ပြီးကတည်းက ထူးဆန်းနေတာ” ယန်းအိုက်က ထပ်ပြောလိုက်သည်။
“အရင်ကလည်း ငါ မင်းတို့ကို ပြောပြီးပြီလေ။ ငါက ကန့်သတ်ချက်ကိုရောက်နေပြီ။ အနာဂတ်ကို စိုးရိမ်နေခဲ့တာ။ ဒါပေမဲ့ အခု ငါ့ရဲ့ကန့်သတ်ချက်ကို ချိုးဖောက်ပြီးတော့ ငါတို့ကို ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီ ဦးဆောင်ခေါ်သွားနိုင်မဲ့ လူတစ်ယောက်ကို တွေ့သွားပြီလေ”
“မီးတုတ်ကို လက်လွဲပြောင်းပေးတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့အများစုက ခင်ဗျား အနားယူပြီး လက်လျော့လိုက်တယ်လို့ ထင်နေတာလေ” ဖျက်ဆီးခြင်းက ထပ်ပြောလိုက်သည်။
“အဲ့လိုဖြစ်နိုင်ပါတယ်။ ငါရဲ့ကဏ္ဍအသစ်ကို အပြည့်အဝ လက်မခံရသေးဘူးလို့ပဲ ပြောလိုက်ရမှာလား။ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ မင်းတို့အားလုံးကို ပြောရမယ်ဆိုရင် ငါ လက်မလျော့ပါဘူး။ သူက ငယ်ရွယ်ပြီး တိုးတက်ဖို့ အခွင့်အရေးအများကြီးရှိတာကို သိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အဆင်သင့်ဖြစ်လာချိန်အထိ ငါ့ကို လိုလာနိုင်တာပဲ” ချီယွမ်က ပြောလိုက်လေသည်။
“အဲ့လိုပဲ ကျုပ်တို့က ကြားချင်တာပါ” တိုက်ပွဲရူးက ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။ စကားဝိုင်းက အံ့ဖွယ်အသိစိတ်ဖြင့် ပြောနေပြီးသည့်နောက်တွင် အဖွဲ့က ကျန်ရှိသည့်သူများကို အာရုံစိုက်လိုက်သည်။
“ဘိုးဘေးတို့ကို ကြိုဆိုပါတယ်”
“မင်းတို့နှစ်ယောက်က ဒီခေတ်ကာလမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်ခဲ့တယ်” ချီယွမ်က ချီးကျူးလိုက်လေသည်။
“ဒါတွေအားလုံးက ရှေးဦးမျိုးစေ့ဝမ်ဝေ့ရဲ့ အားစိုက်ထုတ်မှုတွေပါပဲ” အကြီးအကဲယန်းရွှယ်က ပြောလိုက်လေသည်။
“ဟုတ်တာပေါ့ သူ့ရဲ့ လမ်းညွှန်ချက်မရှိရင် ကျုပ်တို့က အဲ့ဒီသော့ခလောက်ကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး” ယွီချိုက်က အလျင်အမြန် ထပ်ပြောလိုက်၏။
“သူ့ကိုပဲ အကုန်လုံး ချီးကျူးနေဖို့မလိုပါဘူး” ဖျက်ဆီးခြင်းက ထပ်ပြောလိုက်သည်။
“ငါတို့က ဝင်ရောက်စွက်ဖက်လို့မရပေမဲ့ မင်းတို့ရဲ့ အားစိုက်ထုတ်မှုတွေ၊ စတေးမှုတွေနဲ့ ငါတို့ရဲ့အမွေအနှစ်တွေကို ကာကွယ်ဖို့ အရှက်ကွဲမှုတွေ တွေ့ရတာကို သိတယ်။ မင်းတို့ရဲ့အောင်မြင်မှုတွေအတွက် ဆုချီးမြှင့်ခံရမှာပါ”
“ကျေးဇူးပါ”
......
မူလစည်းတံဆိပ်ကုန်းမြေ
ဝမ်ဝေ့က ဝူဟုန်နှင့် ၂မီတာအကွာတွင် ရပ်တန့်လိုက်ပြီး သူမအား တောင့်တမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ အရာအားလုံးက ပျောက်ကွယ်သွားပြီး သူမတစ်ယောက်သာ ကျန်ရစ်သကဲ့သို့ ဖြစ်နေလေ၏။ သူက သူမဆီ ပြေးသွားလိုသော်လည်း တုန့်ဆိုင်းနေမိသည်။ သို့သော်လည်း ဝူဟုန်က သူ့ရင်ခွင်အတွင်း ရောက်ရှိလာကာ မိနစ်ပိုင်းခန့် ပြင်းပြင်းရှရှနမ်းရှိုက်လိုက်လေသည်။
“အဲဒါက ဘာအတွက်လဲ”
“ကျွန်မ ရှင့်ကို စဉ်းစားပြီး လွမ်းဆွတ်နေရတဲ့ရက်တွေအတွက်ပေါ့။ ပြီးတော့ ဒါက ရှင် သေသွားပြီလို့ ကျွန်မကို ထင်သွားစေတဲ့အတွက်ကြောင့်ပဲ” ဝူဟုန်က ပြန်ဖြေလိုက်လေသည်။ သူမက ဝမ်ဝေ့၏ ခါးကို လိမ်ဆွဲလိုက်လေ၏။
“ကိုယ့်ရဲ့သေဆုံးမှုကို အယောင်ဆောင်ရုံကလွဲပြီးရွေးချယ်စရာမရှိလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို လွမ်းနေတာလား” ဝမ်ဝေ့က သက်ပြင်းချလိုက်လေ၏။
“လွမ်းတာပေါ့” ဝူဟုန်က ခေါင်းညိတ်လိုက်လေသည်။ သူမ၏ပြီးပြည့်စုံသည့်အုတ်မြစ်ကို ပြန်လည်ထူထောင်ပြီး သူမသည် ချိတ်ပိတ်ခံရကြောင်းသိရှိပြီးနောက်တွင် ဝူဟုန်က တခြားသောကိစ္စရပ်များဖြင့် အာရုံထွေပြားစေခဲ့ပြီး ရံဖန်ရံခါ သူ့အကြောင်း တွေးနေခဲ့သည်။ သို့သော်လည်း သူတို့၏ဆက်နွယ်မှု ဖြတ်တောက်ခံလိုက်ရပြီး သူ သေဆုံးသွားနိုင်ကြောင်း တွေးမိသည့်အခါ တောင့်မခံနိုင်လောက်အောင် နာကျင်မှုကို ခံစားမိလိုက်သည်။
သူ အသက်ရှင်ပြန်ရှင်လာသည့်အခါ သူမ၏မီးခိုးရောင်ကမ္ဘာကြီးထဲ အရောင်များ ရောက်ရှိလာသလို ခံစားလိုက်ရ၏။ ထိုအတွေ့အကြုံက သူမအား မှန်းဆ၍မရနိုင်သော ကြောင်သူတော်ဆန်သူနှင့် တကယ် ချစ်ကျွမ်းဝင်နေမိကြောင်း သဘောပေါက်သွားစေသည်။ သူမ၏ဆိုးရွားလှသည့် ယခင်ဆက်ဆံရေးဟောင်းများနှင့် သူမ၏ ကိုယ်ပွားနှင့် သူ့ကြား ထူးဆန်းသည့် ဆက်ဆံရေးတို့ကြောင့် သူအား အပြည့်အဝလက်မခံနိုင်အောင် တားဆီးထားသလို ဖြစ်နေမိ၏။
“အဲ့လိုဆိုရင် ကိုယ့်ကို တကယ်လွမ်းတယ်ဆိုတာကို ပြရင် ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်လေသည်။ ဝူဟုန်က သူ့နှုတ်ခမ်းဖျားဆီ ရောက်ရှိလာ၏။ သို့သော်လည်း သူမက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ အနံ့ခံလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ရှင့်ရဲ့ဝိညာဉ် ဘာလို့ တခြားအမျိုးသမီးအနံ့ ရနေတာလဲ” သူမက မေးလိုက်လေသည်။
“ဘယ်လို”
“တစ်စုံတစ်ယောက်က ရှင့်ဆီကို ပြင်းထန်တဲ့တဏှာအတွေးမျိုးရှိတဲ့အချိန်မှာ ထူးကဲတဲ့ အငွေ့အသက်မျိုး ထွက်လာတယ်။ အဲဒါက ရှင့်ရဲ့ဝိညာဉ်ထဲမှာ။ ပြင်းထန်ပုံအရဆိုရင်တော့ ရှင့်ကို အဝေးကနေ တိတ်တဆိတ် လေးစားနေသူ မဖြစ်နိုင်ဘူး။ ရှင်နဲ့အနီးကပ် ထိစပ်ခဲ့တဲ့သူပဲ။ အဲ့ဒီတခြားအမျိုးသမီးက ဘယ်သူလဲ”
“မင်းက ဒါမျိုးတောင် အာရုံခံနိုင်တာလား” ဝမ်ဝေ့က သူမအား ကြည့်လိုက်လေသည်။ ကျင့်ကြံသူကမ္ဘာက ထူးဆန်းလွန်းသည့်အတွက် အမျိုးသားများက ဖောက်ပြန်ခြင်းဖြင့် မလွတ်နိုင်ကြောင်း သိလိုက်လေသည်။
“မေးခွန်းကို ရှောင်ဖို့ ကြိုးစားနေတာလား” ဝူဟုန်က ခပ်တင်းတင်း မေးလိုက်သည်။
“မဟုတ်ပါဘူး။ မင်းဆီမှာ ဘယ်လိုလုပ် အဲ့လိုစွမ်းရည်မျိုး ရှိနေတာလဲကို သိချင်သွားရုံပါ”
“အခုထိ မဖြေရသေးဘူးနော်”
“အဲ့ဒါက ကောင်းကင်မြွေနဂါးဧကရီဆီကပါ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ဘယ်သူလဲ”
“မင်းက သူ့ကို ကျောက်မြွေနဂါးဧကရီ ဒါမှမဟုတ် လုချွင်းထောင်လို့ သိလောက်တယ်”
“သူမလား။ ရှင်တို့ဆက်ဆံရေးက ဘာလဲ” ဝူဟုန်က သဘောပေါက်သွားလေ၏။
“အပေးအယူသဘောမျိုးပါပဲ။ အဲဒါမှ သူမရဲ့ လက်နက်ကို ပြန်ပေးရဦးမှာ အမှတ်ရသွားပြီ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ ရှုကျင်းယောင်က ယန်းအိုက်မလှုပ်ရှားခင်ကတည်းက ထွက်ခွာသွားပြီဖြစ်ပြီး လက်နက်က ဝမ်ဝေ့၏လက်ထဲတွင် ရှိနေသေး၏။
“ကြည့်ရတာ ကျွန်မ အဝေးရောက်တုန်း အများကြီးဖြစ်ခဲ့တဲ့ပုံပဲ။ အဖန်ရည်သောက်ရင်း ပြောကြရင် ဘယ်လိုလဲ” ဝူဟုန်က သူတို့အား စားပွဲဝိုင်းဆီ ခေါ်ဆောင်သွားလေသည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ထိုအမျိုးသမီး စစ်မိန်ဟွေ့က သူတို့၏ နှစ်ကိုယ်တူ ချစ်ကြည်နူးသည့်အခိုက်အတန့်ကို ဖျက်ဆီးပစ်ခဲ့သည်။
ဒီအမျိုးသမီးက ဖြည်းဖြည်းချင်း အမြင်ကပ်ပုဒ်မတစ်ခု ဖြစ်လာပြီ …
ဝမ်ဝေ့က တွေးရင်း သူမနှင့်အတူ ထွက်ခွာသွားလိုက်၏။ နောက်ထပ်နာရီပိုင်းအကြာ သူသည် သူမအလင်းမဲ့အမှန်တရားထဲ ဝင်ရောက်သွားကတည်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်ရသည်။