← Chapters

စကားဝိုင်း

Vol. 107 Ch. 1496

စကားဝိုင်း

Vol. 107 Ch. 1496

ဝမ်ဝေ့က ဝူဟုန် ပေါင်ပေါ်တွင် ခေါင်းတင်ပြီး လဲလျောင်းနေစဉ် သူမက သူ့ဆံပင်များကို ညင်သာစွာ ဆော့ကစားပေးနေသည်။ သူက ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ပြောပြပြီးနောက် ညည်းတွားလိုက်လေသည်။

"ကိုယ် ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲဆိုတာ မြင်တယ်မလား"

"နားလည်ပါတယ်" သူမက ခေါင်းညိတ်ပြသည်။

"ကောင်းကင်တာအိုနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးမှန်သမျှဟာ ကျိန်စာနီးနီးပါပဲ"

"ဒါဆို ဘာလုပ်ပေးမှာလဲ" ဝမ်ဝေ့က မေးလိုက်သည်။

"ဘာလုပ်ပေးရမှာလဲ"

"အဲဒီ စစ်မိန်ဟွေ့ဆိုတဲ့ မိန်းမဆီ အပြေးသွားပြီး သင်ခန်းစာပေးလိုက်ပါတော့လား" ဝမ်ဝေ့က ပူဆာလိုက်သည်။

"ရှင့်ရဲ့ကလဲ့စားကို ကိုယ်တိုင်ပဲ လက်စားချေသင့်တယ်"

"ကိုယ်က အမျိုးသမီးဝါဒီကို ထောက်ခံသူဆိုတော့ အမျိုးသမီးတွေကို မရိုက်ဘူးဆိုတာ မသိဘူးလား"

ဝမ်ဝေ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"လျုမိန်ရှု၊ မော့ရှင်းယွင်၊ ထုံရို့ပင်းတို့ကျ ဘယ်သူက ရိုက်နှက်ခဲ့မှန်း မသိတော့ဘူး"

"တော်ပြီ တော်ပြီ"

"ပြီးတော့ အမျိုးသမီးဝါဒီထောက်ခံသူဆိုတာ အမျိုးသမီးတွေရော၊ အမျိုးသားတွေပါ ရိုက်နှက်လို့ ရနေတာလို့ အဓိပ္ပါယ်သက်ရောက်သွားတာ မဟုတ်ဘူးလား" ဝူဟုန်က ပရိယာယ်ဖြင့် ပြန်မေးသည်။

"အခုကျ စကားလုံးရဲ့ အဓိပ္ပာယ်ကို စိတ်ဝင်စားနေလိုက်တာ" ဝမ်ဝေ့က မျက်လုံးဝေ့ကာ ပြောလိုက်သည်။

"အခြေအနေပြောင်းပြန်ဆိုရင် မင်းက ကိုယ့်ကို အဲဒီလူဆီ သွားရိုက်ဖို့ မျှော်လင့်နေမှာ မဟုတ်ဘူးလား"

"ဟုတ်တာပေါ့။ ရှင်က ဘယ်လောက် အစွမ်းထက်ပြီး ယောကျ်ားပီသကြောင်း ပြချင်မှာပေါ့" ဝူဟုန်က အပြစ်ကင်းစင်သော အသံနှင့် မျက်လုံးများဖြင့် ပြန်မေးရာ ဝမ်ဝေ့၏ မျက်လုံးများက ဂနာမငြိမ်ဖြစ်သွားလေသည်။

"ကောင်းပြီ မင်း နိုင်တယ်။ ဘာဖြစ်လို့ မင်းနဲ့ ငြင်းခုံဖို့ ကြိုးစားမိတာလဲဆိုတာကို နားမလည်တော့ဘူး။ ဒီဆက်ဆံရေးထဲမှာ ကိုယ်က မျက်နှာနှစ်ဖက်ရှိသူလို့ ထင်ခဲ့တာ"

"ကောင်လေး … ကျွန်မနဲ့ ငြင်းခုံဖို့ဆိုရင် ရှင်က ယွမ်ခေတ်ကာလနည်းနည်းလိုနေသေးတယ်" ဝူဟုန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူမက ထိုစကားလုံးတွေ ပြောပြီးသည်နှင့် ဝမ်ဝေ့၏ မျက်လုံးများတွင် ပေါ်လာသော အရောင်ကို မြင်လိုက်ရတော့ နောင်တရသွားမိသည်။ သူတို့၏ အသက်ကွာခြားမှုနှင့် ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်ပါသော နောက်ပြောင်မှုတစ်ခုကို သူ လုပ်တော့မည်မှန်း သူမ သိလိုက်သည်။

"စကားကို ကြည့်ပြော" သူမက ချက်ချင်း သတိပေးလိုက်သည်။

"မင်းက ပျော်စရာမကောင်းပါလား" ဝမ်ဝေ့က စိတ်ပျက်စွာ ပြောလိုက်သည်။ ကမ္ဘာမြေတွင် သတို့သားထက် သုံးနှစ်ကြီးသော သတို့သမီးကို လက်ထပ်လျှင် မိသားစုကို သာယာစည်ပင်စေသည်ဟု ဆိုရိုးစကား ရှိသည်။ သူက နှစ်ပေါင်း ဘီလီယံချီ အသက်ကြီးသော သတို့သမီးကို ရလိုက်သော်လည်း ထိုအချက်ကို အပြည့်အဝ အသုံးမချနိုင်ပေ။

ဘယ်လောက် ဆိုးလိုက်လဲ …

"ကဲ မင်းအလှည့်" ဝမ်ဝေ့က ခေါင်းစဉ်ပြောင်းလိုက်သည်။

"မြူခိုးတွေထဲမှာ ဘာတွေကြုံခဲ့ရလဲ"

"အစပိုင်းတော့ ရှင် ပြောတဲ့အတိုင်းပဲ။ ကျွန်မ ဝင်လိုက်တော့ ပစ္စည်းတွေ ပေါ်လာတယ်။ ရှင့်ရဲ့အတွေ့အကြုံမှာ မပါတဲ့ ပစ္စည်းအချို့လည်း ပါတယ်"

ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။ ဝူဟုန်သည် ယခင် ရှေးဦးစံပြဟောင်းတစ်ယောက်ဖြစ်သောကြောင့် သူမ၏ ထူးကဲသာလွန်အုတ်မြစ် တည်ဆောက်ခြင်း လုပ်ငန်းစဉ်သည် ကွဲပြားပြီး ပိုမိုခက်ခဲလိမ့်မည်ဟု မျှော်လင့်ထားသည်။

"လုပ်ငန်းစဉ်က မျှော်လင့်ထားတာထက် ပိုအန္တရာယ်များတယ်။ မဟာတာအိုရဲ့ အသိစိတ်က ဆင်းသက်လာပြီး ဒီလုပ်ငန်းစဉ်အတွက် ကျွန်မကို စမ်းသပ်ချက်တစ်ခု ခံစားခိုင်းဖို့ ကြိုးစားခဲ့တယ်"

"ဒါဆို ဒီအုတ်မြစ်တွေကို စတင်ထိန်းချုပ်နေပြီလား" ဝမ်ဝေ့က မေးသည်။

"ထင်ရတာတော့ ဟုတ်တယ်"

"သူက အရာအားလုံးကို ထိန်းချုပ်နေတာဆိုတော့ ဖြစ်နိုင်ပါတယ်။ ဆက်ပြောပါဦး"

"ကျွန်မ အုတ်မြစ် တည်ဆောက်တာ ပြီးသွားတော့ ကျွန်မရဲ့ အင်အားအသစ်ကို စမ်းသပ်ကြည့်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မ ပိတ်မိနေတယ်ဆိုတာ သိလိုက်ရတယ်" ဝူဟုန်က ဆက်ပြောလိုက်သည်။

"ရှင် မေးတော့မယ်ဆိုရင် ဟုတ်တယ် ….. ကျွန်မအရင်ကထက် ပိုအစွမ်းထက်လာတယ်"

"ကိုယ် မကြာခင် မင်းကို မီပြီး ကျော်နိုင်မှာပါ" ဝမ်ဝေ့က အံ့ကြိတ်ပြီး ပြောလိုက်သည်။

"အိပ်မက်တွေ ရှိတာ ကောင်းတာပေါ့" ဝူဟုန်က သူ့ချောမောသော မျက်နှာကို ညင်သာစွာပုတ်သည်။

"အခု ကျွန်မမှာ အချိန်ပိုရလာတော့ ၁၂ ဆင့်မြောက်နဲ့ ၁၃ ဆင့်မြောက် အုတ်မြစ်ကို စလုပ်ခဲ့တယ်။ ဒါပေမဲ့ မျက်လုံးတွေမှိတ်လိုက်တာနဲ့ အကြွင်းမဲ့တားမြစ်ချက်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တချို့ကို မှတ်မိလာတယ်"

"ဟုတ်လား"

"နောက်ဆုံး စမ်းသပ်မှုမှာ အရာအားလုံးရဲ့ မူလအစလို့ ထင်ရတဲ့ ဒီအဖြူရောင် အာကာသထဲမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။ သူမက ရှင် ပြောခဲ့တဲ့ တခြားအချိန်စက်ဝန်းကို အရင်ဆုံး ပြခဲ့တယ်"

"တကယ်လား" ဝမ်ဝေ့က ချက်ချင်း စိတ်ဝင်စားသွားသည်။ သူ မြင်ခဲ့သည့် အခြားအချိန်စက်ဝန်းသည် သူ့အပေါ်သာ အဓိကအာရုံစိုက်ထားပြီး သူ မြင်ရသည့် ဝူဟုန်သည် အရွယ်ရောက်ပြီးသား ဖြစ်နေသည်။ ထို့ကြောင့် သူသည် သူမအကြောင်းကို သိပ်မသိခဲ့ပေ။

"အဲဒီအချိန်စက်ဝန်းအရဆိုရင် ကျွန်မဟာ နတ်ဆိုးမျိုးနွယ်စုရဲ့ ကျူးကျော်စစ်ပွဲကာလအတွင်းမှာပဲ တက်လှမ်းခဲ့သင့်တာ"

"အဲဒါက ပထမမူလစစ်ပွဲထက်တောင် ပိုစောသေးတယ်" ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

"ဟုတ်တယ်။ မိစ္ဆာဘိုးဘေးကို သတ်ဖို့ ကံကြမ္မာက သူ ကျွန်မဘဝကို ငရဲလိုဖြစ်အောင် ဖန်တီးခဲ့ပြီးနောက် ကျွန်မရဲ့ လက်ထဲကို ရောက်လာခဲ့တာ" ဝူဟုန်က ရှင်းပြလိုက်သည်။

"အဲဒီနောက် အဲဒီအမျိုးသမီးက သူမက ကျွန်မရဲ့ နောက်ပုံစံ ဖြစ်ကြောင်းနဲ့ သူမရဲ့ တပည့်တစ်ယောက်ကို ဆုံးရှုံးရမှာကို အရမ်းစိတ်ပူလို့ နောက်ပိုင်းကျ တပည့်ရဲ့ တည်ရှိမှုကို ဖျက်ပစ်ဖို့အတွက် အချိန်စက်ဝန်းကို ပြန်ရေးခဲ့တယ်လို့ ဝန်ခံပြောခဲ့သေးတယ်"

"ဖျက်ပစ်တာလား။ ဘာလို့ မပြောင်းလဲလိုက်တာလဲ"

"ကျွန်မလည်း အဲဒီမေးခွန်းပဲ မေးခဲ့တယ်။ သူမက အဲဒီတပည့်က သူမရဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေရဲ့ ကံကြမ္မာအရ ပေါ်ပေါက်လာတာလို့ ပြောတယ်။ သူမက အချိန်စက်ဝန်းပေါင်းများစွာကို မြင်ခဲ့ရပြီး အဲဒီအားလုံးထဲမှာ တပည့်က သေဆုံးသွားပြီး သူမက ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာကို ခံစားရတယ်လို့ ပြောတယ်။ ဒါကြောင့် သူမက အခွင့်အရေးယူပြီး သူ့ကို ဖျက်ပစ်လိုက်တာ"

"အဲဒါက ကြမ်းလိုက်တာ" ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူ ရုတ်တရက် ဒိုင်မေးရှင်းအနိမ့်က ဝူဟုန် ငိုခဲ့ဖူးသည့် တစ်ခုတည်းသောအချိန်ကို သတိရသွားသည်။

"ဒါပေမဲ့ သူမက ဘယ်လိုအခွင့်အရေးကို ပြောနေတာလဲ"

"ကျွန်မ မေးကြည့်ပေမဲ့ သူမက ပြုံးပြရုံပဲ ပြန်ဖြေတယ်" ဝူဟုန်က ခေါင်းခါသည်။

"ဟုတ်တာပေါ့" ဝမ်ဝေ့က သက်ပြင်းချသည်။

"တခြားရော ဘာတွေ ရှိသေးလဲ"

"ကျွန်မက အခြားအချိန်စက်ဝန်းကို မြင်ရုံတင်မကဘဲ ကြုံတွေ့ခဲ့ရတယ်။ နတ်ဆိုးမျိုးနွယ်စု သတ်ဖြတ်ပွဲ၊ ပထမနဲ့ ဒုတိယ မူလစစ်ပွဲတွေနဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကနေ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်အားလုံးကို ကြုံခဲ့ရတယ်"

ဝမ်ဝေ့က တိတ်ဆိတ်နေသည်။

"ရှင် ရှုကျွင်းယောင်အတွက် ကိုယ်ပွားတစ်ခု ဖန်တီးပေးပြီးနောက် ရှင်က အတုဖြစ်ပြီး သူမက ရှင့်ရဲ့ ကိုယ်ခန္ဓာအစစ်ကို ယူသွားမှာကို ကျွန်မ နှစ်ဘီလီယံချီပြီး ကြောက်နေခဲ့ရတာ သိရဲ့လား"

"ကိုယ် အဲလိုမျိုး ဘယ်တော့မှ မလုပ်ပါဘူး"

"ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဲဒီ ယုတ္တိမရှိတဲ့ ကြောက်စိတ်ကို ကျွန်မရဲ့ စိတ်ထဲကနေ ဖယ်ရှားလို့ မရခဲ့ဘူး။ ဒါက ကျွန်မအတွက် နက်ရှိုင်းတဲ့ စိတ်မလုံခြုံမှုတစ်ခု ဖြစ်လာခဲ့တယ်" ဝူဟုန်က သက်ပြင်းချလိုက်သည်။

"ကိုယ် မင်းကို နှစ်သိမ့်ဖို့ မကြိုးစားခဲ့ဘူးလား"

"သူ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ မဖုံးကွယ်နိုင်တော့တဲ့ နှစ်ပေါင်းများစွာကြာပြီးမှလေ" ဝူဟုန်က ပြန်ဖြေလိုက်သည်။

"ကောင်းပြီ။ သူ သတိပြုမိဖို့ အချိန်ကြာတာက သူ့အမှားပဲ။ စိတ်မပူပါနဲ့ … တစ်နေ့ကျရင် ကိုယ် သူ့ကို ရှာပြီး မင်းခံစားခဲ့ရတာတွေအတွက် အပြစ်ပေးရိုက်ပစ်မယ်"

"အခုက ရှင် ဝင်ပြောရမဲ့အချိန် မဟုတ်သေးဘူး" ဝူဟုန်က ပြုံးပြီး သူ့ခန့်ညားသော မျက်နှာကို ညှစ်လိုက်ရာ ဝမ်ဝေ့က ခွေးပေါက်လေးလို မျက်လုံးနှင့် ကြည့်နေသည်။

"အဲဒီအချိန်စက်ဝန်းကို ကြုံတွေ့ပြီးနောက် သူမက ကျွန်မကို ရွေးခိုင်းတယ်"

"ရွေးခိုင်းတာလား။ အချိန်စက်ဝန်းကို ရွေးခိုင်းတာလား" ဝမ်ဝေ့က မေးလိုက်သည်။

"ဟုတ်တယ်။ ဘယ်အချိန်စက်ဝန်းကို အဓိကနဲ့ ဘယ်အချိန်စက်ဝန်းကို အရန်အနေနဲ့ ရွေးချယ်ချင်လဲတဲ့ … ဒါမှမဟုတ် တစ်ခုတည်းကိုပဲ မှတ်မိချင်လားဆိုတာကို ရွေးစေချင်တာ" ဝူဟုန်က ရှင်းပြလိုက်သည်။

"မင်း ဒီမှာရှိနေတာဆိုတော့ ကိုယ်တို့ရဲ့ အချိန်စက်ဝန်းကို ရွေးခဲ့တယ်လို့ ထင်ပါတယ်"

"အတိအကျ မဟုတ်ဘူး။ ကျွန်မ သူမနဲ့ တိုက်ခိုက်ခဲ့တယ်"

"ဘယ်လိုဖြစ်ပြီးတော့လဲ" ဝမ်ဝေ့က တအံ့တဩ မေးလိုက်သည်။

"ရုပ်ပိုင်းဆိုင်ရာ မဟုတ်ပါဘူး။ စကားနဲ့ပါ" သူမ ရှင်းပြသည်။

"ဘာလို့လဲ" ဝမ်ဝေ့က မေးလိုက်သည်။

"ကျွန်မတို့ရဲ့ အချိန်စက်ဝန်းက ပိုကောင်းတာ သိသာပါတယ်။ ဒါပေမဲ့ သူမက ဝင်ရောက်စွက်ဖက်ပြီး အရာတွေကို ပြောင်းလဲပစ်ခဲ့လို့သာ ဖြစ်လာတာ။ သူမက အရာတွေကို ပြောင်းလဲပြီး ကျွန်မဘဝကို ရှုပ်ထွေးအောင် လုပ်တာကို ကျွန်မ သဘောမကျဘူး"

"ဒါပေမဲ့ သူမက မင်းပဲလေ"

"သူမလည်း အဲဒါကို ပြောခဲ့ပါတယ်" ဝူဟုန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်းက သူမနဲ့ သဘောတူခဲ့တာလား"

"သူမ မှန်ပေမဲ့ သူမ ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ အချက်ကို ကျွန်မ မကြိုက်သေးဘူး"

"မင်း သူမရဲ့ အမြင်ကနေကြည့်ရင် ဒီစကားပြောဆိုမှုက ဘယ်လောက် အဓိပ္ပာယ်မရှိလဲဆိုတာ သဘောပေါက်လား" ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

"သူမက အတိတ်က သူမရဲ့ အခြားပုံစံတစ်ခုနဲ့ ဆက်သွယ်နေတာ၊ နည်းပညာအရတော့ အဲဒါက သူမပဲ … ဒါပေမဲ့ အဲဒီပုံစံက သူမ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို သဘောမတူဘူး။ ပိုအတိအကျပြောရရင် အဲဒီပုံစံက နောက်ဆုံးမှာ လုပ်လာမဲ့ ဆုံးဖြတ်ချက်တွေကို သဘောမတူဘူး။ ကောင်းပြီ … အခု မတူညီတဲ့ အတွေ့အကြုံနဲ့ နှစ်သက်မှုတွေ ရှိနေတော့ တူညီတဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှာ မဟုတ်တော့ဘူးပေါ့"

"ဒီအကြောင်း တွေးရတာနဲ့တင် ခေါင်းကိုက်လာပြီ" ဝမ်ဝေ့က ပြောလိုက်သည်။

"ကျွန်မတို့လည်း အဲဒါကို သိပြီး ရယ်မောခဲ့ကြတယ်" ဝူဟုန်က ရယ်လိုက်သည်။ ဝမ်ဝေ့က ထိုအလှပဂေးနှစ်ယောက် ရယ်မောစကားပြောဆိုနေသည်ကို စိတ်ကူးကြည့်ပြီး နှုတ်ခမ်းထောင့်ကနေ ပြုံးမိသွား၏။ သူ့ခါးဘေးကို တစ်စုံတစ်ယောက်က ဆွဲဆိတ်လိုက်မှ သူ သတိပြန်ဝင်လာသည်။

"ဒါဆို မင်း ဘာကို ရွေးခဲ့လဲ" သူ မေးလိုက်သည်။

"ကျွန်မက သူမကို အဲဒီရွေးချယ်မှုက အရေးကြီးလားလို့ မေးခဲ့တယ်၊ သူမက သူ့အဆင့်မှာတော့ ဒါဟာ သေးငယ်တဲ့ ကိစ္စလေးတစ်ခုပဲလို့ ပြောတယ်။ ဒါပေမဲ့ သူမရဲ့ အဆင့်မှာ အနည်းငယ် ပြောင်းလဲမှု ဒါမှမဟုတ် တိုးတက်မှုလေးတစ်ခုကတောင် အလွန်တန်ဖိုးရှိတယ်လို့ ရှင်းပြခဲ့သေးတယ်"

"အားလုံးက အရမ်းအစွမ်းထက်ပြီး အရာအားလုံးကို လုပ်နိုင်တဲ့ ကမ္ဘာတစ်ခုမှာ အသေးအမွှားလေးတွေက အရေးပါလာတာလား။ ဒါကတော့ ဖြစ်သင့်ပါတယ်" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"ကျွန်မ ဒီအချိန်စက်ဝန်းကို ရွေးချယ်ခဲ့တယ်၊ ဒါပေမဲ့ အခြားအချိန်စက်ဝန်းကိုလည်း မှတ်မိချင်ခဲ့တယ်။ ဒါကြောင့် သူမက သူတို့ရဲ့ လွှမ်းမိုးမှုကို ကျွန်မရဲ့ မှတ်ဉာဏ်ကနေ ဖယ်ရှားပေးလိုက်တယ်" ဝူဟုန် သက်ပြင်းချသည်။

သူမ၏ အနာဂတ် ကိုယ်ပိုင်ပုံစံနှင့် တွေ့ဆုံခြင်းသည် သူမ အလွန်အစွမ်းထက်သူတစ်ယောက်နှင့် ပထမဆုံး တွေ့ဆုံခြင်းပင် ဖြစ်သည်။ ဝမ်ဝေ့က သူ့အနာဂတ် ကိုယ်ပိုင်ပုံစံနှင့် ပတ်သက်သော အဖြစ်အပျက်များကို အဘယ်ကြောင့် လက်ခံသည်ကို သူမ နားလည်သွားသည်။ အင်အားကွာခြားမှုက အလွန်ကြီးမားပြီး သင် လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လက်ခံပြီး မျှော်လင့်နေခြင်းသာ ဖြစ်သည်။

"မင်း အဲလိုကောင်းမွန်တဲ့ အတွေ့အကြုံမျိုး ရခဲ့တာ ဝမ်းသာပါတယ်။ ကိုယ့်အနာဂတ်ကိုယ်ပိုင်ပုံစံက အမှိုက်တစ်စလိုပဲ … ကိုယ့်ကို တိုက်ရိုက် ဘယ်တော့မှ မပြောဘူး" ဝမ်ဝေ့က ညည်းညူသည်။

"သူမမှာ ရှင်အတွက် သတင်းစကားတစ်ခု ရှိတယ်" ဝူဟုန်က ဆက်ပြောသည်။

“ သူမက ငါတို့နှစ်ယောက်ရဲ့ အချစ်က ထာဝရပဲလို့ သတိပေးချင်လို့လား"

"သူမက ကျွန်မပဲဆိုပြီး ရှင် သူမနဲ့ ဆက်သွယ်ရင် လိမ်လည်မှုအဖြစ် မသတ်မှတ်ဘူးလို့ မထင်လိုက်နဲ့" ဝူဟုန်က သတိပေးလိုက်ရာ ဝမ်ဝေ့ စကားမပြောနိုင်တော့ပေ။ ဝမ်ဝေ့၏ မျက်နှာအမူအရာကို ဝူဟုန်က ရယ်မောလိုက်ပြီးနောက် မျက်နှာက ပြန်တည်သွားသည်-

"သူမ ပြောတာက အချိန်ဆက်နွယ်မှုဖြစ်ရပ်တွေကို သတိထားဖို့တဲ့"

"အချိန်ဆက်နွယ်မှုဖြစ်ရပ်" ဝမ်ဝေ့က ရေရွတ်သည်။

"ဒီစကားလုံးတွေက ရင်းနှီးနေသလိုပဲ"

"တစ်ခုခု စဉ်းစားမိသွားတာလား"

"မင်းရဲ့ နောက်ထပ်ပုံစံကလည်း ကိုယ့်ကို အဲဒီအရာကိုပဲ သတိပေးခဲ့တာ။ ဒါပေမဲ့ မေ့သွားတယ်"

"ဘယ်လိုလုပ် အဲလိုအရေးကြီးတာကို မေ့သွားရတာလဲ။ နောက်တစ်နည်းနဲ့ဆိုရင် ..."

"တစ်စုံတစ်ယောက်က ကိုယ့်အပေါ် စိတ်ဝိညာဉ်ဆိုင်ရာ အရိပ်အမြွက်တစ်ခု ထားရှိပြီး အဲလိုအရေးကြီးတဲ့ သတိပေးချက်ကို လျစ်လျူရှုဖို့ လုပ်ထားတာ" ဝမ်ဝေ့က မျက်နှာမကောင်းစွာ ပြောလိုက်သည်။

"ဘယ်သူလဲ"

"ဘယ်သူဖြစ်နိုင်မလဲ။ အဲဒီ လူယုတ်မာ မဟာတာအို ပေါ့" ဝမ်ဝေ့က အံကြိတ်ပြီး ပြောလိုက်သည်။ ဝူဟုန်သည် သူမ ပျောက်ကွယ်မသွားမီ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ကာလလောက်က သူ့ကို သတိပေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ဝမ်ဝေ့က တာအိုသက်သေပြသည့်အခါ မဟာတာအိုနှင့် တိုက်ရိုက်ဆက်သွယ်မှု ရခဲ့ပြီး … ထိုအချိန်တွင် ထိုစိတ်ဝိညာဉ်ဆိုင်ရာ အရိပ်အမြွက်အောက် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

All Chapters