← Chapters

ဒေါသ၏ ရွေးချယ်မှု

Vol. 107 Ch. 1497

ဒေါသ၏ ရွေးချယ်မှု

Vol. 107 Ch. 1497

ဝမ်ဝေ့က စိတ်ကို ငြိမ်သက်စေရန်အတွက် လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။ ထိုလူယုတ်မာ မဟာတာအိုနှင့် သူ့ဆက်ဆံရေးက အစကတည်းက မကောင်းခဲ့သောကြောင့် ထိုအရာသည် သူ၏ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းက နားလည်၍ရပေသည်။ သူ သိချင်သော မေးခွန်းမှာ အဘယ်ကြောင့်လဲဆိုသည့်အချက်ပင် ဖြစ်၏။

"အချိန်ဆက်နွယ်မှုဖြစ်ရပ် ဆိုတာ ဘာလဲ" ဝမ်ဝေ့က မေးလိုက်သည်။

"အင်း ကျွန်မ မသိဘူး။ တချို့လူတွေက ကံကြမ္မာဆက်နွယ်မှုဖြစ်ရပ် နဲ့ တစ်လှည့်စီ အသုံးပြုတယ်လို့ ကျွန်မ သိတယ်" ဝူဟုန်က ပြန်ဖြေသည်။ ကံကြမ္မာဆက်နွယ်မှုဖြစ်ရပ်များသည် ကျင့်ကြံသူတစ်ဦး၏ ဘဝတွင် ကံကြမ္မာမြစ်ကြောင်းမှ သတ်မှတ်ပေးထားသည့် မလွဲမသွေ ဖြစ်လာမည့် အဖြစ်အပျက်များ ဖြစ်သည်။

"သမိုင်းပညာရှင်တချို့ကလည်း သမိုင်းရဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တွေကို အချိန်ဆက်နွယ်မှုဖြစ်ရပ်လို့ ရည်ညွှန်းကြတယ်၊ ပြီးတော့ အဲဒီခေတ်တွေကို လေ့လာဖို့ အချိန်မြစ်ကြောင်းကို အသုံးပြုတဲ့အခါ သတိထားကြတယ်။ ဒါပေမဲ့ သူမက အဲဒါကို ရည်ရွယ်တာ မဟုတ်လောက်ဘူးလို့ ထင်တယ်" ဝူဟုန်က ရှင်းပြသည်။

"ဒါ ကိုယ့်ဆီ ဖြစ်လာမဲ့ တစ်ခုခု ဖြစ်နိုင်မလား။ ဒါပေမဲ့ သူမက ကံကြမ္မာဆက်နွယ်မှုဖြစ်ရပ်လို့ ခေါ်ခဲ့နိုင်တာပဲ"

"ဒါဟာ ကံကြမ္မာနဲ့ ဘာမှမဆိုင်ဘဲ ရှင့်ရဲ့လုပ်ရပ်တွေကြောင့် ဖြစ်လာတဲ့ အရာတွေ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီအဖြစ်အပျက်တွေက သူမရဲ့ အမြင်ကနေကြည့်ရင် နည်းပညာအရ အတိတ်မှာ ရှိနေတယ်၊ ဒါကြောင့်မို့လို့ သူမက အချိန်ဆက်နွယ်မှုဖြစ်ရပ်လို့ သုံးခဲ့တာပဲ" ဝူဟုန်က မှတ်ချက်ပေးသည်။

"မင်း ပြောတာ မှန်တယ်၊ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ အရာတစ်ခုအတွက် ဒီလောက် မရေရာမှုတွေ အများကြီး ရှိနေတာကို ကိုယ် မကြိုက်ဘူး" ဝမ်ဝေ့က ညည်းညူသည်။

"ရှင့်ရဲ့နောက်ထပ်ပုံစံက အသေးစိတ်ကို မပြောခဲ့ဘူးလား။ အော် … ဟုတ်သားပဲ၊ သူမ ရှင့်ကို ပြောတုန်းက အရမ်းကို သတိထားနေခဲ့တာ မှတ်မိတယ်"

"မင်း မှတ်မိတယ်လား" ဝမ်ဝေ့က ချက်ချင်း မေးလိုက်သည်။

"မင်း ချိတ်ပိတ်ထားတာကို ဖယ်လိုက်ပြီလား"

“ဟုတ်တယ် … ရှင်က ကျွန်မကို သူမ မဟုတ်ဘူးဆိုတဲ့ အချက်ကို လက်ခံပြီး အဲလိုပဲ ဆက်ဆံတယ်ဆိုတာ သိလိုက်ရတော့ အတားအဆီးကို ဖယ်လိုက်တာ" ဝူဟုန်က ပြန်ဖြေရာ ဝမ်ဝေ့က အရူးတစ်ယောက်လို ပြုံးနေသည်။

"အာရုံစိုက်ထား"

"ဒါဆို လှပြီး ချစ်ဖို့ကောင်းတာကို ရပ်လိုက်လေ" ဝမ်ဝေ့က ပြန်ချေပရာ ဝူဟုန်က မျက်လုံးဝေ့ပြလိုက်သည်။

"မေတ္တယျက ကျွန်မတို့နှစ်ယောက်လုံးနဲ့ စကားပြောချင်တယ်လို့ ပြောခဲ့တယ်။ သူမကို အချိန်ဆက်နွယ်မှုဖြစ်ရပ်ရဲ့ အဓိပ္ပာယ်ကို သိလားဆိုတာ မေးကြည့်လို့ရတယ်" ဝူဟုန်က ပြောသည်။

"အကြံကောင်းပဲ" ဝမ်ဝေ့က ခေါင်းညိတ်ပြီး အသက်ပြင်းပြင်းရှူသည်။ ထို့နောက် သူက အဝေးကို ကြည့်လိုက်သည်။

"ကိုယ် ပြန်ဖို့ အချိန်တန်ပြီ"

"ဟုတ်ပါတယ်လေ ရှင့်အခြေအနေက အတော်ဆိုးနေတယ်။ ပြီးတော့ ကျွန်မမှာလည်း တာဝန်တွေ ရှိသေးတယ်"

"နောက်တစ်ခုက အဲဒီ ဟုန်မိန်လင်းဆိုတဲ့ ကောင်မလေးကို အသက်ပြန်သွင်းပေးမှာလား”

"မသိသေးဘူး။ သူမက ကျွန်မအပေါ် စွဲလမ်းတဲ့နေ လေးစားကြည်ညိုမှုကိုသာ ဖယ်ရှားနိုင်ရင် အလားအလာရှိတယ်။ ဒါပေမဲ့ လာမဲ့ ကပ်ဘေးမှာ လူတစ်ယောက်ကို ပြန်ရှင်ဖို့အတွက် နှစ်ပေါင်း တစ်သန်းချီတဲ့ ယွမ်ခေတ်ကာလကို သုံးစွဲတာက မသင့်တော်ဘူး။ ဒါကြောင့် သူမကို ပြန်ရှင်သန်နိုင်ဖို့ အဲဒီအဆင့်ကို ရောက်တဲ့အထိ စောင့်ကောင်းစောင့်ရလိမ့်မယ်။ သူမရဲ့ အလားအလာကို ထိန်းသိမ်းထားလို့ ရကောင်းရနိုင်တယ်" ဝူဟုန်က ရှင်းပြပြီး သူ့ကို ပြန်ကြည့်သည်။

"ဒီတစ်ခါ ဘာလို့ ကြည့်နေတာလဲ"

"ကိုယ် မင်းရဲ့ ဆရာ-တပည့် ပုံစံကို ကိုယ့်ကို ရိုက်တဲ့အချိန်မှလွဲလို့ ဘယ်တော့မှ မမြင်ဖူးဘူးဆိုတာ ခုမှ သိလိုက်ရတယ်"

"သင်ကြားပေးတာလို့ ပြောရမှာပေါ့"

"ဟုတ်တယ် … သင်ကြားပေးတာပေါ့" ဝမ်ဝေ့က စကားလုံးကို လေထဲတွင် ကိုးကားပြီး ပြောသည်။

"ရှင်နဲ့ မတူဘူး၊ ကျွန်မက နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီး ပုံသွင်းတာကို နှစ်သက်တယ်" သူမက ပြန်ဖြေလိုက်သည်။

"အဲဒါက အလုပ်အရမ်းများတယ်။ ပြီးတော့ သူတို့က များသောအားဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတတ်တယ်" ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ မိသားစု ဒါမှမဟုတ် အရည်အချင်းရှိသူတွေမဟုတ်လျှင် သူတို့ကို လေ့ကျင့်ပေးဖို့ တာဝန်ပေးခံရရင် အနည်းဆုံးလုပ်ရမဲ့ အရာလောက်ပဲ သူ လုပ်လိမ့်မည်။

"ရှင် သိလား။ တစ်ခါတစ်လေ ကမ္ဘာကြီးကို နှစ်ဖက်မြင်စနစ်နဲ့ မြင်သင့်တယ်"

"ကောင်းပြီလေ … အခု ကိုယ်တို့ လူရဲ့ အားနည်းချက်တွေကို တိုက်ခိုက်နေကြပြီလား။ မင်း အဲဒီလမ်းကြောင်းကို တကယ်သွားချင်တာလား။ ကိုယ်တော့ မင်း ဒါထဲကို ဝင်ချင်မယ် မထင်ဘူး"

"အော် … တကယ်လား။ ကျွန်မရဲ့ အားနည်းချက်တွေက ဘာတွေလဲ" သူမက သူ့ကို စူးစိုက်ကြည့်သည်။

"ကိုယ့်ရဲ့ အချိုးမပြေတဲ့ ပါးစပ်က စကားကို နားမထောင်ပါနဲ့။ မင်းက ပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်းတယ်" ဝမ်ဝေ့ ချက်ချင်း ပြန်ဖြေသည်။

"ရှင်က ရှုကျွင်းယောင်အကြောင်း ပြောနေတယ်လို့ ထင်တယ်" ဝူဟုန်က ပြန်ချေပရာ ဝမ်ဝေ့ကို အလစ်အငိုက်မိစေသည်။

"ရှု … ဘယ်သူ … အဲဒါ ဘယ်သူလဲ။ ကိုယ် မကြားဖူးတဲ့ မင်းရဲ့ သူငယ်ချင်းအသစ် ဒါမှမဟုတ် သူငယ်ချင်းဟောင်းလား"

"ရှင့် ကြိုးစားမှုက ကောင်းပါတယ်" ဝူဟုန်က နှာခေါင်းပွတ်သည်။ ဝမ်ဝေ့က ခပ်မဲ့မဲ့ပြုံးပြီး ပုံဆောင်ခဲလို အရာတစ်ခုကို သူမအား ပေးလိုက်သည်။

"အဲဒါ ပြုစုပျိုးထောင်ရေးအမြုတေလား"

"ဟုတ်တယ်။ ကိုယ်က ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့နဲ့ ကျင့်ကြံဖို့ လုပ်ရဦးမယ်။ ဒါကြောင့် မင်း လေ့လာမှုစတင်ဖို့အတွက် အဲဒါကို မင်းဆီမှာ ထားခဲ့တာ"

"ကောင်းတဲ့အကြံပဲ" ဝူဟုန်က ခေါင်းညိတ်ပြီး လက်ဖဝါးထဲက ပုံဆောင်ခဲနဲ့ ကစားနေသည်။

"နေပါဦး … ဘာလို့ ကျွန်မက ရှင့်ရဲ့အလုပ်နဲ့ သုတေသနအားလုံးကို ရှင့်အတွက် လုပ်ပေးနေတယ်ဆိုတာ အခုမှ သတိထားမိတာလဲ"

ပထမက အုတ်မြစ် … အခု ဒီအရာ …

"ဒါကတော့ မင်းရဲ့ အခကြေးငွေပဲ" ဝမ်ဝေ့က ပြောပြီး သူမကို တည်ရှိမှုပုံကြမ်းနည်းစနစ်ကို ပေးလိုက်သည်။ သို့သော် ဝူဟုန်က သူ့ကို စိုက်ကြည့်နေသည်။

"ကဲ အချစ်လေး ကိုယ် သွားတော့မယ်။ မင်းကို အမြဲတမ်းချစ်နေတယ်ဆိုတာ မှတ်ထားပါ" ဝမ်ဝေ့က သူမ ပါးကို နမ်းပြီး သူ အသက်ကယ်ဖို့ ပြေးနေသလို ထိုနေရာကနေ ပျောက်ကွယ်သွားသည်။

ဝူဟုန်က ပြုံးနေရင်း ရေရွတ်သည်။

"ရှင်ရဲ့ မိသားစုက ထိန်းချုပ်ဖို့ ဒီမှာ မရှိဘူး။ ရှင့်ရဲ့ ဘိုးဘေးတွေအပေါ် လေးစားမှုက ရှင် သူတို့အဆင့် ရောက်သွားတာနဲ့ ကြာကြာခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့ … ရှင့်ကို ထိန်းထားဖို့ ကျွန်မက ဒီမှာ ရှိနေမယ်"

ဝမ်ဝေ့၏ လုပ်ပုံကိုင်ပုံကို နားလည်ရလွယ်သည်။ သူ အင်အားပိုကြီးလေ၊ သူ ထိန်းချုပ်မှုနည်းလေ၊ သူ့ ထက်မြက်သည့်စိတ်က သူ့ကို ပိုမိုပေါ့ဆစွာ လုပ်ဆောင်စေလေ ဖြစ်၏။ ထိုအရာက ကိုယ်ပိုင်လွတ်လပ်မှုကို အဆုံးစွန်လိုက်စားသူတစ်ယောက်ဟာ မယုံကြည်နိုင်လောက်သည့် အင်အားနှင့် သိမြင်မှုဆိုင်ရာ အတားအဆီးတွေ မရှိသည့် စိတ်တစ်ခုကို ရရှိလိုက်သည့်အခါ ဖြစ်ပေါ်လာတတ်သော အရာပင် ဖြစ်သည်။

သူမသည် အခန်းထဲမှ ထွက်ခွာပြီး ကုန်းမြေ၏ ပုန်းကွယ်နေသော ဒိုင်မေးရှင်းတစ်ခုထဲသို့ ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဆင်တူသော အခြေအနေတစ်ခု ဖြစ်ပေါ်နေပြီး သူမ၏ တပည့်များနှင့် ကုန်းမြေမှ အခြားအဖွဲ့ဝင်များ ပြန်လည်ရှင်သန်လာသည်။ ဝူဟုန်သည် သူမ၏လက်ကို မြှောက်လိုက်ပြီး ရှေ့တွင်ရှိသော လူနှစ်ယောက်ကို အနည်းငယ်သော ကုသိုလ်ဖြင့် အားဖြည့်ပေးလိုက်သည်။

သူတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာများသည် ပိုမိုသာယာလာပြီး အလွန်ဆင်တူသော မျက်နှာများရှိသည့် လူနှစ်ယောက်ကို ထုတ်ဖော်ပြလိုက်သည်၊ တစ်ဦးက အမျိုးသားဖြစ်ပြီး တစ်ဦးက အမျိုးသမီးဖြစ်ကာ အမွှာများ ဖြစ်ကြသည်။ အမျိုးသမီးက အနီရောင် ဟန်ဖုဝတ်စုံကို ဝတ်ထားပြီး အမျိုးသားက အပြာရောင်ဝတ်ရုံကို ဝတ်ထားသည်။ သူတို့ ပေါ်လာသည်နှင့် သူတို့၏ ကိုယ်ခန္ဓာများက ၉၀% ကျင့်ကြံမှုရှိသော စံပြတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်လာသည်။

"ဆရာ" အမွှာများက အရိုအသေပြုလိုက်သည်။

"မင်းတို့ကို ပြန်တွေ့ရတာ ကောင်းပါတယ်" ဝူဟုန်က ညင်သာစွာ ပြုံးပြီး ခေါင်းညိတ်သည်။

"ဆရာ့ကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်" အမျိုးသမီးက ပြောလိုက်သည်။

"ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်" အမျိုးသားက ခေါင်းညိတ်သည်။

"စိတ်မပူပါနဲ့။ မင်းတို့ကို ကူညီပေးမဲ့ အရာတစ်ခုကို ငါ အခုရထားတယ်" ဝူဟုန်က စိတ်သက်သာရာရစေသည်။

စုန့်လုလီနှင့် စုန့်ကျန်းတို့သည် မူလစည်းတံဆိပ်ကုန်းမြေတွင် ရှေးဦးစံပြဖြစ်လာရန် အနီးစပ်ဆုံး လူများ ဖြစ်သည်။ သူတို့သည် သူတို့၏ အကြွင်းမဲ့နည်းစနစ်နှင့် ထူးကဲတာအိုတိုက်ကွက်များကို တီထွင်ခဲ့ကြသော်လည်း အချိန်အမှတ်အသား လိုအပ်ချက်ကို မမီခဲ့ကြပေ။ သူတို့သည် ထိုအဆင့်ကို ရောက်ရှိရန်အတွက် အကြွင်းမဲ့တားမြစ်ချက်တွင် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ရလဒ်သည် နှမြောစရာကောင်းလှသည်။

သို့သော် ဝမ်ဝေ့က သူမကို အကြွင်းမဲ့သတ်ဖြတ်သူအကြောင်း သတိပေးခဲ့ပြီး ပြုစုပျိုးထောင်ရေးအမြုတေကို ရရှိပြီးနောက် သူမသည် ဤနှစ်ယောက်ကို မည်သို့ကူညီရမလဲ အကြံတစ်ခု ရလာခဲ့သည်။

"ဆရာ ဘာရခဲ့တာလဲ" စုန့်လုလီက မေးလိုက်သည်။ သို့သော် သူမ၏ အစ်ကိုက တံတောင်ဆစ်ဖြင့် ညင်သာစွာ တွန်းလိုက်သည်။

"ဆရာက ကူညီဖို့ တစ်ခုခုရှိတယ်လို့ ပြောပြီးပြီဆိုမှ ဘာလဲဆိုတာကို သိစရာမလိုပါဘူး။ စောင့်နေလိုက်ပါ" စုန့်လုလီက သူ့ကို ဆန့်ကျင်သည့်အနေဖြင့် လျှာထုတ်ပြသည်။

"မင်းတို့အတွက် အဆင်သင့် မဖြစ်သေးဘူး။ ပြီးတော့ မင်းတို့ကလည်း ပြန်ကောင်းဖို့ လိုသေးတယ်။ ဒါကြောင့် စိတ်မပူပါနဲ့" ဝူဟုန်က တပည့်များ၏ စိတ်နေစိတ်ထားကို ကျင့်သားရနေပြီဖြစ်သောကြောင့် ပြန်ဖြေလိုက်သည်။

"ဆရာ … ကျွန်တော်တို့က ကျန်တဲ့သူတွေ ပြန်လာတာကို ကြီးကြပ်ပေးလို့ရပါတယ်။ ဆရာ ဒီမှာ စောင့်နေစရာ မလိုပါဘူး" စုန့်ကျန်းက ပြောသည်။

"ရပါတယ်။ မင်းတို့ကို မမြင်ရတာ ကြာပြီ၊ ပြီးတော့ မင်းတို့ကို လွမ်းတယ်" ဝူဟုန်က ပြောပြီး လူတိုင်း ပြန်လာဖို့ စောင့်နေသည်။

တစ်ချိန်တည်းမှာပင် ဝမ်ဝေ့က သူ၏ဂိုဏ်း၏ နယ်မြေအပြင်ဘက်ရှိ နယ်ပယ်တစ်ခုသို့ ကူးသန်းသွားလိုက်သည်။ သူသည် သူမ၏ လက်နက်ကို ပြန်ပေးရန် စစ်မိန်ဟွေ့နှင့် တွေ့ဆုံရန် ဆက်သွယ်ခဲ့ပြီး ကြားနေရာ၌ တွေ့ဆုံရန် သဘောတူခဲ့ကြသည်။ အကြောင်းမှာ ဝမ်ဝေ့က သူမ၏ နန်းတော်ထဲသို့ မဝင်လိုသောကြောင့်ဖြစ်ပြီး သူမကလည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ နယ်မြေသို့ မလာလိုပေ။

သူတို့သည် တာအိုသံဇဉ်နယ်မြေရှိ သေးငယ်သော သေမျိုးရွာလေးအနီး တောင်ထိပ်တွင် တွေ့ဆုံကြသည်။ ဝမ်ဝေ့ စောင့်နေစဉ် သူ့နှင့် မလှမ်းမကမ်းတွင် မုခ်ပေါက်တစ်ခု ပေါ်လာပြီး စစ်မိန်ဟွေ့သည် သူမ၏ ဆွဲဆောင်မှုနှင့် ကျက်သရေရှိမှု အားလုံးကို အပြည့်အဝ ပြသလျက် ပေါ်လာသည်။

ငါ့ဟုန်အာလောက်တော့ မကောင်းသေးဘူး …

ဝမ်ဝေ့က တွေးမိသွားသည်။

"ဒေါသက ဘယ်မှာလဲ"

"ငါ့ရဲ့ လက်နက် ဘယ်မှာလဲ"

ဝမ်ဝေ့က အနက်ရောင်လုံးကို ထုတ်လိုက်ရာ စစ်မိန်ဟွေ့သည် သူမ၏ အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။

"မင်းက တွန့်တိုလိုက်တာ" သူမက သူ့ကို စိုက်ကြည့်ရင်း မှတ်ချက်ပေးသည်။ ဤလက်နက်ကို အပြီးသတ်ရန် သူ၏ နည်းလမ်းအားလုံးကို ဖယ်ရှားထားပြီး၊ သူ မည်သို့လုပ်ဆောင်ခဲ့သည်ကိုပင် ဖျက်ဆီးထားကြောင်း သူမ ပြောပြနိုင်သည်။ ဆိုလိုသည်မှာ စစ်မိန်ဟွေ့သည် သူ၏ ပြုပြင်မှုစိတ်ကူးကိုပင် အသုံးမပြုနိုင်ပေ။

"ဒေါသ ဘယ်မှာလဲ" ဝမ်ဝေ့က ထပ်မေးသည်။

"အဲဒါနဲ့ပတ်သက်ပြီးတော့ အရှုပ်အထွေးတချို့ ရှိနေတယ်" စစ်မိန်ဟွေ့က တောက်ပစွာ ပြုံးလိုက်သည်။

"ခင်ဗျား လာနောက်နေတာလား" ဝမ်ဝေ့က ပြောလိုက်ရာ သူ၏ မျက်လုံးများ အန္တရာယ်ရှိလာသည်။

"ခင်ဗျားက ကျုပ်ထက် အစွမ်းထက်လို့ ခင်ဗျားကို ကျုပ် ဖယ်ရှားလို့ မရဘူးလို့ မထင်လိုက်နဲ့"

"အော်၊ ငါ သိပါတယ် … ချစ်လေး" စစ်မိန်ဟွေ့က ပြန်ဖြေသည်။ သူ သော့ခလောက်ကို ဖျက်ဆီးလိုက်ပုံကို သူမ မြင်ခဲ့ပြီး သူ့လုပ်ရပ်များ၏ အဓိပ္ပာယ်နှင့် ၎င်းတို့၏နောက်ကွယ်မှ သမိုင်းကြောင်းကို နားလည်သည်။

"ခင်ဗျား သိပုံမရဘူး။ မဟုတ်ရင် အခုအချိန်မှာ ကျုပ်နဲ့ ကစားနေမှာ မဟုတ်ဘူး" ဝမ်ဝေ့က ပြန်ချေပသည်။

"အခြေအနေက ရှုပ်ထွေးနေတယ်လို့ပဲ ငါ ပြောတာလေ။ သူမကို တစ်ခုခုဖြစ်နေတယ်လို့ မပြောပါဘူး။ တကယ်တော့ သူမကပဲ မင်းကို ရှင်းပြသင့်တယ်" စစ်မိန်ဟွေ့သည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် မုခ်ပါက်တစ်ခုကို ဖွင့်လိုက်သည်။ ဝမ်ဝေ့က လှပသော ဒေါသကို မြင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"သူမ ဘာတွေပြောနေတာလဲ" သူ မေးလိုက်သည်။

" ကျွန်မ ရှင်နဲ့အတူ ပြန်မလိုက်တော့ဘူး" ဒေါသက ပြောလိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ" ဝမ်ဝေ့၏ မျက်ခုံးများ ပိုမိုတွန့်ချိုးသွားသည်။ ဒေါသသည် စစ်မိန်ဟွေ့ကို ကြည့်လိုက်ပြီး သူမ၏ အားပေးမှုကြောင့် သူမ ဆက်ပြောလိုက်သည်။

"ရှင်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဟိုဟိုဒီဒီ သွားနေတုန်း … ကျွန်မက ဧကရီစစ်မိန်ဟွေ့နဲ့ နက်ရှိုင်းတဲ့ စိတ်ခံစားမှုဆိုင်ရာ ချည်နှောင်မှုတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ကျွန်မဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေကို သူမနဲ့အတူ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တာ"

All Chapters