← Chapters

ကောင်းကင်အာဏာစက်ကျောင်းတော်မှ အပြောင်းအလဲများ

Vol. 154 Ch. 2187

ကောင်းကင်အာဏာစက်ကျောင်းတော်မှ အပြောင်းအလဲများ

Vol. 154 Ch. 2187

ရီဖူရှင်းက သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ကျယ်ပြောသော နေရာကို အာရုံခံ ကြည့်လိုက်သည်။ ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုက သူ့စိတ်ထဲ ပေါ်ပေါက်လာပြီး သူသည် မည်သည့်နေရာကို ရောက်နေကြောင်း ချက်ချင်း သိလိုက်ပေသည်။

အဆင့်မြင့်တော်ဝင်ကိုးဘုံ၌ အစွမ်းထက်ဆုံးနေရာသည် တော်ဝင်ဘုံ၏ နတ္ထိအင်ပါယာနန်းတော် ဖြစ်သည်။

တော်ဝင်ဘုံမှ လမ်းကြောင်းကို ဖြတ်သန်းလာပြီးနောက် သူတို့ ထွက်ပေါ်လာသည့်နေရာမှာ အခြားမဟုတ်ဘဲ နတ္ထိအင်ပါယာနန်းတော်ပင် ဖြစ်သည်။

“အင်ပါယာရီ ခင်ဗျားက လေဟာနယ်ဘုံကမလား။ ကျုပ်တို့ကို လမ်းပြပေးနိုင်မလား။” ကျိုးမုဟွမ်က ရီဖူရှင်းကို မေးလိုက်သည်။

“လေဟာနယ်ဘုံက ကုန်းမြေတွေ အများကြီးရှိတဲ့ ကောင်းကင်ဒေသနဲ့ မတူဘဲ ခင်ဗျားတို့အတွက် သိပ်မကြီးပါဘူး။ ဒီနေရာမှာ ဘုံသုံးထောင်ပဲ ရှိပြီးတော့ အားအကောင်းဆုံးက အဆင့်မြင့်တော်ဝင်ကိုးဘုံဖြစ်တယ်။ ဒါက တော်ဝင်ဘုံဖြစ်ပြီး အဆင့်မြင့်တော်ဝင်ကိုးဘုံကို သိရဖို့ အချိန်အများကြီး ယူရမှာ မဟုတ်ဘူး။” ထို့နောက် ရီဖူရှင်းက ထပ်ပြောလိုက်သည်။ “ကျုပ် ဒီကို မရောက်တာ နှစ်အတော်ကြာခဲ့ပြီ။ ကျုပ် မိတ်ဆွေတွေနဲ့ မိသားစုတွေကို တွေ့ချင်နေတာမို့ ကျုပ် ဒီကနေပဲ သွားလိုက်တော့မယ်။”

ထို့နောက် သူက ထိုနေရာမှ လျှောက်ထွက်သွား​လေသည်။ သူ ပြောသည့်အတိုင်းပင်။ သူက ဤနေရာမှ ထွက်ခွာသွားသည်မှာ နှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်ရာ အိမ်ကို လွမ်းနေပြီဖြစ်သည့်အတွက် ကျိုးမုဟွမ်နှင့် အခြားလူများကို လိုက်ပို့ရင်းနှင့် အချိန်ဖြုန်းလိုခြင်း မရှိပေ။

ထိုအချိန်၌ ရီဖူရှင်းက သူ့အိမ်သို့ မည်သူ့ကိုမှ ခေါ်သွားလိုခြင်း မရှိချေ။

“ကျုပ်တို့လည်း သွားလိုက်ပါဦးမယ်။” သွမ့်ကလန်မှ သွမ့်ထျန်းရှုံကလည်း လက်သီးဆုပ် အရိုအသေပေးကာ ရီဖူရှင်းနှင့် လေးမျက်နှာကျေးရွာမှ လူများနှင့်အတူ ထွက်ခွာသွားပေသည်။ သူသည် အခြားလူများ မည်သို့ တွေးနေမည်ကို ဂရုမစိုက်ပေ။ သူ့အမြင်အရ ရီဖူရှင်းသည် ရှန်ချင်းနယ်မြေမှ တန်ခိုးရှင်များအကြားတွင် အသန်မာဆုံး အလားအလာ ရှိသည့်အပြင် ဆရာသခင်ကလည်း သူ၏ ကျောထောက်နောက်ခံ ဖြစ်ပေးနေသည်။ ထို့ကြောင့် သူက ထိုသို့သော တစ်စုံတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရန် အခွင့်အရေးကို ဆုံးရှုံးမခံနိုင်ပေ။

ကျိုးမုဟွမ်က ထွက်ခွာသွားသည့်လူများကို ကြည့်နေခဲ့သည်။ သူက ရီဖူရှင်းနှင့် ဆက်ဆံရေး တင်းမာမှုကို ပြေငြိမ်းရန် အစပြုစကားပြောဆိုလိုက်သည်။ သူသည် ပြီးခဲ့သည့် အဖြစ်အပျက်မှာ သူတို့ကြား၌ စိတ်ဝမ်းကွဲသလို ဖြစ်ခဲ့ရသည်ကို သိရှိခဲ့ပြီး ရီဖူရှင်းက သူ့ကို အလွန် သတိထားလာခဲ့သည်။

သို့သော် ရီဖူရှင်းက သူ့ကို မည်သည့် မျက်နှာသာမှ မပေးဘဲ တောင်းဆိုချက်ကို တိုက်ရိုက်ငြင်းဆို၍ ချက်ချင်း ထွက်ခွာသွားမည်ဟု ထင်မှတ်မထားခဲ့ပေ။

ရီဖူရှင်းက လေထဲတွင် အလွန် လျင်မြန်လှသော အရှိန်နှင့် ခရီးဆက်လာခဲ့သည်။ သူက အလွန် စိုးရိမ်ပူပန်နေပြီး ကောင်းကင်အာဏာစက်ဘုံမှ ကိစ္စရပ်များကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် စစ်ဆေးချင်နေပေသည်။

အဘိုးမာနှင့် အခြားလူများသည်လည်း သူ၏ စိုးရိမ်ပူပန်မှုကို ခံစားနိုင်ပုံပေါ်ပြီး သူ့နောက်မှ တိတ်ဆိတ်စွာနှင့် ကောင်းကင်အာဏာစက်ဘုံသို့ လိုက်ပါလာသည်။

...

ကောင်းကင်အာဏာစက်ဘုံမှ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရီဖူရှင်း ထွက်ခွာမသွားခင်၌ ကျော်ကြားသော ကျောင်းတော်တစ်ခု ဖြစ်ခဲ့သည်။ ၎င်းသည် ဘုံသုံးထောင်ကြားတွင် အသန်မာဆုံး မဟာမိတ်များဖြစ်သည့် ယွမ်ယန်ကလန်၊ သောမျိုးနွယ်စု၊ ရှောင်ကလန်၊ နတ်နန်းတော်နှင့် အခြားအင်အားစုများနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ မရေတွက်နိုင်သော တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ကျင့်ကြံရန် လာရောက်ကြသည်။

သို့သော် ၎င်းက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ဂုဏ်သိက္ခာနှင့် ရီဖူရှင်း၏ ခြိမ်းခြောက်နိုင်မှုတို့ကြောင့် ဖြစ်ပြီး ရှန်းကလန်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် ကောင်းကင်ဒေသမှ လာသော အင်အားစုများနှင့် ပူးပေါင်းထားသည့် အချို့သော အင်အားစုများက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။ ဆန့်ကျင်ဘက်အင်အားစုများက ဆန့်ကျင်တိုက်ခိုက်ရန် တိုက်ပွဲနှစ်ခု ဆင်နွှဲခဲ့ပြီး ပထမတိုက်ပွဲက နတ်နန်းတော်အား ဖျက်ဆီးပစ်ခဲ့သည်။ လမ်းစဥ်ပင်လယ်မှ ထိုတိုက်ပွဲသည် ဘုံကိုးဘုံရှိ အင်အားစုတစ်ဝက်လောက်ကို လှုပ်ခတ်နိုင်စွမ်းရှိပေသည်။ ထို့နောက် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တိုက်ပွဲက ရီဖူရှင်းကို သတ်ပစ်ရန်ဖြစ်ပြီး ထိုတိုက်ပွဲပြီးသည့်နောက်တွင် ရီဖူရှင်းက ကောင်းကင်ဒေသသို့ ထွက်ခွာသွားခဲ့ပြီး လေဟာနယ်ဘုံနှင့် အဆက်အသွယ်အားလုံး ပြတ်တော​​က်ခဲ့သည်။

ထို့နောက် နှစ်ပေါင်းနှစ်ဆယ် ကြာမြင့်သွားခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သည် ယခင်ကလောက် အထင်ကြီးဖွယ်မရှိတော့ပေ။ ထို့အစား နေရာက အတော်လေး ယိုယွင်းနေကာ တစ်ချိန်က ခမ်းနားထည်ဝါခဲ့သည့် အဆောက်အဦးတို့က ကျိုးပဲ့ပျက်စီးနေလေသည်။ မဟာလမ်းစဥ်စွမ်းအား၏ အမှတ်အသားများစွာလည်း ကျန်ရစ်နေ၏။

ကျောင်းတော်အတွင်းမှ ခြံဝန်းတစ်ခုရှိ ခုံတန်းလေးတွင် အဘိုးအိုတစ်ဦးက အနားယူရန် သက်သောင့်သက်သာ မှီလျောင်းနေသည်။ အဘိုးအိုထံ၌ ငွေရောင်ဆံမျှင်များရှိပြီး တစ်ခါတစ်ရံ ချောင်းဆိုးနေတတ်သည်။ သူ၏ အရှိန်အဝါက အတော်လေး အားနည်းနေပုံပေါ်ကာ သူ့ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူ့အသွင်အပြင်က ထိုမျှ အားနည်းနေရန် မဖြစ်နိုင်ပေ။ သူသည် ဒဏ်ရာများစွာ ရရှိထားပုံပေါ်သည်။

“အဘိုးရွှမ် အဘိုးက ထပ်ပြီး ပျင်းနေပြန်ပြီ။” အသံတစ်ခုကို ကြားလိုက်ရပြီး မိန်းကလေးတစ်ယောက်က သူ့ထံ လျှောက်လာနေသည်။ ထိုမိန်းကလေးက လှပပြီး ယောက်ျားလေးများအား ဖမ်းစားနိုင်သည့် အသွင်အပြင်မျိုး ရှိလေသည်။ သူမက နတ်မိမယ်လေးတစ်ပါးနှင့် အလားတူသည်။

သူမက အဘိုးအို၏ နောက်ကျောသို့ ရောက်လာပြီး သူ့ကို နှိပ်ပေးနေသည်။ အဘိုးအိုက ပြုံးလိုက်ကာ သူ၏ နွမ်းနယ်နေသော မျက်လုံးများ၌ ချစ်ခင်ကြင်နာသော အရိပ်အငွေ့တို့ ဖြစ်ပေါ်လာသည်။ သူက ထိုမိန်းကလေးအား အလွန် ချစ်ခင်ပုံရ​လေသည်။

“အဘိုး မပျင်းရိနေပါဘူးကွာ။” အဘိုးအိုက အတော်လေး ပျင်းရိနေသည့် အသံနှင့် ပြောလိုက်သည်။

“အဘိုးက ကိုယ့်ဒဏ်ရာကိုယ် ကုစားနေရမယ့်အစား နေပူဆာလှုံနေတယ်လေ။ အဲဒါ ပျင်းနေတာပေါ့။” မိန်းကလေး၏ မျက်နှာထက် အပြုံးတို့ပေါ်လာသည်။ ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် အဘိုးအိုက ထပ်ပြောလိုက်သည်။ “ဒဏ်ရာတွေဆိုတာ အဲဒီလောက် ကုဖို့ မလွယ်ဘူး။ မင်း အသားကျသွားရင် ဒါက အဆင်ပြေသွားလိမ့်မယ်။ အဘိုးက အိုနေပေမယ့် ခံနိုင်ရည်ရှိပါသေးတယ်။ အဘိုး အဆင်ပြေပါတယ်။”

အဘိုးအို၏ စကားများကို ကြားသောအခါ မိန်းကလေး၏ မျက်လုံးများက မှိန်ဖျော့သွားပေသည်။ သူမက သူ့အတွက် ဝမ်းနည်းနေပုံရသည်။ သူမသည် အဘိုးရွှမ်၏ ဒဏ်ရာများက အမှန်တကယ် ပြင်းထန်သော်လည်း အဘိုးရွှမ်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ၎င်းတို့က ပြန်လည်သက်သာလာနိုင်ပေသည်။ ဒဏ်ရာများက ကောင်းစွာ မသက်သာနိုင်လျှင် ဆိုလိုသည်မှာ သူ ရရှိထားသော ထိုမဟာလမ်းစဥ်ဒဏ်ရာများက အလွန် ပြင်းထန်သည်ဟု ဖြစ်ပေသည်။ ၎င်းဒဏ်ရာများက သူ၏ ဘဝနေဝင်ချိန်ထိတိုင် နှိပ်စက်နေပုံရသည်။

“ဒဏ်ရာတွေကို ခံနိုင်ရည်ရှိတယ်လို့ ကြားရတာ ကောင်းပေမယ့် ကျောင်းတော်ကို လာဖို့ ဆန္ဒလေးလည်း ရှိရင် ပိုကောင်းမယ်။” အသံတစ်ခုကို ကြားလိုက်ရပြီး လူနှစ်ယောက်က သူတို့ထံ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အနီးမှ အရှိန်အဝါက ကြောက်မက်ဖွယ် ခံစားမိစေသည်။ ထိုသည်မှာ သူ၏ စွမ်းအားများနှင့်   သက်ဆိုင်နေပုံရလေသည်။

“ထျန်းဟယ် ကျုပ် ကျောင်းတော်ကို မင်းလက်ထဲ လွှဲခဲ့မယ်။” အဘိုးအိုက ညင်သာစွာ ပြောလိုက်သည်။ ထိုလူမှာ သူ၏ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်သည့်အတွက် သူက ယဥ်ကျေးမှုအရ မတ်တပ်ရပ်နေတော့မည် မဟုတ်ပေ။

“မင်းက ကျောင်းအုပ်ပဲ။ ဒါက မင်းအလုပ်လေ။” ထျန်းဟယ်မဟာအကြီးအကဲက အသံခပ်နိမ့်နိမ့်နှင့် ပြောလိုက်သည်။ ထိုလူအိုကြီးမှာ အခြားမဟုတ်ဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သူ အရှင်ထိုက်ရွှမ်ပင် ဖြစ်ပေသည်။

“မင်းကကွာ...” အရှင်ထိုက်ရွှမ်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။ သူသည် သူ၏ မိတ်ဆွေဟောင်းက စကားအဖြစ်သာ ပြောနေခြင်းဖြစ်ကြောင်း သိရှိပေသည်။ ထိုလူက အမှန်တကယ်ပင် အရာရာကို လက်လွတ်စပယ် ထားရစ်လိုပါလျှင် ပြန်လာလိမ့်မည် မဟုတ်ပေ။ သူက ဤနေရာကို နှစ်ပေါင်းများစွာ ရှောင်နေခဲ့သော်လည်း အဖြစ်အပျက်များကို ကြား သိသိချင်း ပြန်လာခဲ့ပေသည်။

“သူပြောတာမှန်တယ်။ ရှင်က ကျောင်းအုပ်ပဲ။ ဒါက ရှင့်တာဝန်လေ။ အဲဒီတာဝန်ကို တခြားတစ်ယောက်ဆီ လွှဲချဖို့ စိတ်မကူးလေနဲ့။” ထျန်းဟယ်မဟာအကြီးအကဲ ဘေးမှ အမျိုးသမီးက ပြောလိုက်သည်။ ထိုအမျိုးသမီးမှာ ရှန်လော့ရွှယ်ဖြစ်ပြီး မဟာအကြီးအကဲ၏ ဇနီးပင် ဖြစ်သည်။ သူတို့၏ နောက်တွင် နောက်ထပ် ချောမောလှပသော အမျိုးသမီးတစ်ဦး ရပ်နေကာ ထိုသူမှာ ဖေးရွှီဖြစ်သည်။ သူမက အရှင်ထိုက်ရွှမ်ထံ လျှောက်သွားကာ အကြံပေးလိုက်သည်။ “အဘိုးရွှမ်က တကယ်ပဲ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။”

အရှင်ထိုက်ရွှမ်က ခါးသက်သော အပြုံးကို ဖော်ပြလာပြီး ခေါင်းခါလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ ကျုပ် သိပါပြီ။”

ထို့နောက် သူက ပြုံးကာ ကောင်းကင်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။ “ကျုပ် တကယ်ပဲ အချိန်မီပါ့မလား သိချင်မိတယ်။”

“အချိန်မီပါ့မလားဆိုတာ ဘာကို ပြောချင်တာလဲ။ ကျုပ်တို့ ရှိနေတာ​ကို မင်းက ဘာတွေ ဒီလောက် ကြောက်နေတာလဲ။” ထျန်းဟယ်မဟာအကြီးအကဲက မေးလိုက်သည်။

“အခုဆို လောကကြီးက သိသိသာသာ ပြောင်းလဲနေပြီလို့ ပြောနိုင်တယ်။ ကိစ္စတွေကလည်း အရင်ကလို မဟုတ်တော့ဘူး။ ကောင်းကင်ဒေသက လူတွေကြားမှာ ကြောက်မက်ဖွယ် အစွမ်းထက်တဲ့ လူတွေ ဘယ်လောက်တောင် များလဲ မင်းတို့လည်း မြင်တာပဲ။  ကျုပ်တို့က အဲဒီလိုလူတွေနဲ့ ယှဥ်ရင် စွမ်းအားက အဝေးကြီး လိုသေးတယ်။” အရှင်ထိုက်ရွှမ်က သက်ပြင်းချလိုက်သည်။

“ဒီနေရာက သိသိသာသာ ပြောင်းလဲနေပြီး အရင်တုန်းကအတိုင်း ပြန်မဖြစ်နိုင်တော့တဲ့ အရာတွေ အများကြီးပဲ။ ဒီနေရာမှာ အသက်ရှင်နေနိုင်ဖို့ အကောင်းဆုံး ကြိုးစားရုံပဲ တတ်နိုင်တယ်။” ထျန်းဟယ်မဟာအကြီးအကဲက ထပ်ပြောလိုက်သည်။

“ဟုတ်တယ်။” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။ “နှစ်နှစ်ဆယ်လောက်ကြာပြီလို့ ထင်တယ်။ သူတို့ အခု ဘယ်လိုအခြေအနေရှိလဲ သိချင်မိတယ်။”

အရှင်ထိုက်ရွှမ်၏ စကားများက သူ့နောက်မှ မိန်းကလေးကို အနည်းငယ် လှုပ်ရှားသွားစေပြီး သူမက ကောင်းကင်အား မော့ကြည့်လိုက်သည်။ သူမ ငယ်ရွယ်စဥ််အခါက အချိန်ကို ပြန်လည်တွေးမိသွားသည်။ ထိုစဥ်က သူမသည် အလွန် ငယ်ရွယ်ကာ ဖြူစင်သည့် အရွယ်လေး ဖြစ်သည်။ သူမက သူမအစ်မနှင့် ခဲအိုအား လွမ်းဆွတ်မိပေသည်။

သူတို့ အခု မည်သည့် အ​ခြေအနေ၌ ရှိနေမည်နည်းဟု သူမက တွေးလိုက်သည်။

လူအများက သူမ၏ ခဲအို သေသွားခဲ့ပြီဟု ပြောသော်လည်း အဘိုးရွှမ်နှင့်ကျန်သည့်သူများက ခဲအိုမှာ အဆင်ပြေ​နေပြီး သူက အချိန်ခဏတာ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် နှစ်နှစ်ဆယ်ကြာသွားကာ သူမပင် အသက်ကြီးလာပြီး သူက မည်သည့်အတွက်ကြောင့် ပြန်မလာသေးသည်ကို သိချင်မိပေသည်။

ထျန်းဟယ်မဟာအကြီးအကဲနှင့် ရှန်လော့ရွှယ်တို့က သက်ပြင်းချလိုက်ကာ နှစ်နှစ်ဆယ်က ဤကဲ့သို့ပင် ကုန်ဆုံးသွားသည်ဟု တွေးလိုက်မိပေသည်။

အမှန်တကယ်တွင် သူတို့သည်လည်း ရီဖူရှင်းက အမှန်တကယ် အသက်ရှင်လျက် ရှိသေးလား မသိကြပေ။ သူက အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်မည်ဟု ပြောခဲ့သော်လည်း ယနေ့ထိ ပဟေဠိသဖွယ် ရှိနေဆဲပင်။ သူတို့သည် သူက ကောင်းကင်ဒေသ၌ အသက်ရှင်လျက် ရှိနေ​ဆဲဟုသာ ယုံကြည်ရန် ရွေးချယ်နိုင်ပေသည်။

“သူ ဒီကနေ ထွက်သွားတဲ့ အဲဒီနှစ်တွေ​တုန်းက ရန်ဟောင် ဖြစ်ကာစပဲ ရှိသေးတယ်။ သူ ဒီကို ပြန်လာဖို့ သိပ်မလွယ်လောက်ဘူးလို့ ကျွန်မ ထင်တယ်။” ရှန်လော့ရွှယ်က သက်ပြင်းချကာ ပြောလိုက်သည်။ မူလဘုံသို့ ရောက်လာသူများအားလုံးက ထိပ်သီးကျင့်ကြံရေးအင်အားစုများမှ အစွမ်းထက်သူများ ဖြစ်ကြသည်။ ရီဖူရှင်းက ပြန်လာမည်ဟု ဆုံးဖြတ်လိုက်လျှင် သူက အနည်းဆုံး အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်နေရပေမည်။

ပြန်လာမည့်အကြောင်းတွေးရန်မှာ နှစ်နှစ်ဆယ်ဟူသည်က အလွန် တိုတောင်းသော အချိန်ပင် ဖြစ်သည်။

“ကျုပ်တို့ တောင့်မခံနိုင်တော့မှာကိုပဲ စိုးမိတယ်။” အရှင်ထိုက်ရွှမ်က သက်ပြင်းချကာ ပြောလိုက်သည်။

“ကျွန်မတို့ တောင့်ခံထားနိုင်မှာပါ အဘိုးရွှမ်။ သူနဲ့ တခြားလူတွေက အဘိုးကို ပြန်လာရှာကြမှာပါ။” ဟွာနန်းယွီက သူ့ကို နှစ်သိမ့်လိုက်သည်။ အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။ “အဲဒီနေ့ထိ အသက်ရှင်နေဖို့ မျှော်လင့်နေပါတယ်။”

ထို့နောက် သူတို့က တစ်စုံတစ်ရာကို ခံစားမိလိုက်ကာ စကားပြောနေသည်အား ရပ်တန့်လိုက်သည်။ အရှင်ထိုက်ရွှမ်နှင့် ထျန်းဟယ်မဟာအကြီးအကဲက ကောင်းကင်ကို မော့ကြည့်လိုက်ကာ အရှင်ထိုက်ရွှမ်၏ မှုန်မှိုင်းနေသော မျက်လုံးများက ရုတ်တရက် အလွန် ထက်ရှလာပြီး ဓားတစ်လက်ကဲ့သို့ ကောင်းကင်ကို ထိုးဖောက်တော့မတတ်ပင်။ ထိုနေရာ၌ အစွမ်းထက် ကျင့်ကြံသူများစွာ ပေါ်ပေါက်လာပြီး သူတို့ထဲမှ ဘယ်သူ့ကိုမှ ရင်းနှီးမနေပေ။ သူတို့ထဲတွင် သူနှင့် အဆင့်ချင်းသိပ်မကွာလှသော ကြောက်မက်ဖွယ် အစွမ်းထက်သည့် သူနှစ်ယောက်ပင် ပါလာသေးသည်။

ဤတစ်ကြိမ်၌ မည်သူ လာပြန်သနည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့က ကောင်းကင်ထက်မှ တိမ်တိုက်များ ရွေ့လျားနေပြီး တောက်ပသော လေဟာနယ် နတ်အလင်းတို့ ဖြာကျလာသည်အား ကြည့်နေကြ၏။ ထို့နောက် လူတစ်စုက ကောင်းကင်ကို ဖြတ်သန်းကာ သူတို့အထက်၌ ထွက်ပေါ်လာသည်။ သူတို့အားလုံးက ကျောင်းတော်အထက် ကောင်းကင်တွင် ရပ်လိုက်ကြ၏။

ထိုလူများ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသောအခါ အရှင်ထိုက်ရွှမ်၊ ထျန်းဟယ်မဟာအကြီးအကဲနှင့် အခြားလူများ မှင်တက်အံ့သြသွားကြပေသည်။ သူတို့က ချက်ချင်းပင် စိတ်ထဲ ဗလာကျင်းသွားတော့သည်။

ဖေးရွှီနှင့် ဟွာနန်းယွီတို့၏ မျက်လုံးများက ထိုနေရာတွင် ကျောက်ချသလို ရှိနေခဲ့သည်။ သူတို့က ထိုလူများကို ဦးဆောင်လာသူအား ကြည့်လိုက်ပြီး အချိန်များ ရပ်တန့်သွားသလို ထင်မှတ်လိုက်ရသည်။

ထိုသူ၏ ငွေရောင်ဆံပင်နှင့်အတူ အဖြူရောင် ဝတ်စုံက ​လေထဲတွင် လွင့်နေကာ သူ၏ ချောမောသော မျက်နှာထက်တွင် အစိတ်အပိုင်းများက ထွင်းထုထားသလို ထင်မှတ်ရသည်။ ထိုသည်မှာ သူတို့အတွက် အလွန် ရင်းနှီးနေသော မြင်ကွင်းပင် ဖြစ်၏။

အချိန်ခဏမျှ ကြက်သေသေသွားပြီးနောက် အရှင်ထိုက်ရွှမ်၏ မျက်လုံးများ၌ တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ထိုအခိုက်တွင် အလွန် စိတ်သက်သာရာရသွားဟန် ပေါ်လာပြီး ဤနှစ်များတလျှောက် စုပုံလာသော စိတ်ပင်ပန်းမှုများကို လွှတ်ချလိုက်ပုံရသည်။ နောက်ဆုံးတွင် အရှင်ထိုက်ရွှမ်က ရီဖူရှင်း အသက်ရှင်လျက် ပြန်လာသည်ကို အတည်ပြုနိုင်သွားပေသည်။

နေရောင်က ထိုအဘိုးအို၏ မျက်နှာပေါ် ဖြာကျနေပြီး သူ့ မျက်နှာထက်မှ အရေးအကြောင်းများပေါ် ထွန်းလင်းလာနေသည်။

“မင်း ပြန်လာပြီပဲ။” အဘိုးအိုက ပြောလိုက်သည်။ သူ့အသံက သိပ်မကျယ်ပေ။ သူ၏ ပုံမှန်အသံတွင် စိတ်သက်သာရာရမှုနှင့် ရီဖူရှင်း ပြန်လာသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်မှုတို့ ပါဝင်နေသည်။

အဟွတ်.. အဟွတ်... ထို့နောက် သူက ခေတ္တမျှ ချောင်းဆိုးလိုက်သည်။ သူ့အရှိန်အဝါက အတော်လေး အားနည်းနေပုံရသည်။

လေထဲမှ ငွေရောင်ဆံပင်တို့နှင့် ပုံရိပ်သည် ၎င်းကို ကြည့်ရင်း အတော်လေး ခေါင်းကိုက်လာသလို ခံစားရပေသည်။ သူသည် အရှင်ထိုက်ရွှမ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည်ကို ပြောနိုင်သည်။

ဤနှစ်များအတွင်း မည်သည့်အကြောင်းအရာတို့ ဖြစ်ပျက်ခဲ့သနည်း။

ဂျီယူ၊ ယူချင်း၊ ဝူချင်းနှင့် အခြားသူများလည်း အနားတွင် မရှိပေ။ သူတို့ မည်သည့်နေရာ၌ ရှိနေသနည်း။ ထို့အပြင် အရှင်ထိုက်ရွှမ်က မည်သည့်အတွက် ဒဏ်ရာများ ရခဲ့ရသနည်း။ ကောင်းကင်အာဏာစက်ကျောင်းတော်က မည်သည့်အတွက် ထိုမျှ ပျက်စီးနေရပါသနည်း။

***

All Chapters