← Chapters

အခန်း (၁၄၆၂)

Vol. 105 Ch. 1462

အခန်း (၁၄၆၂)

Vol. 105 Ch. 1462

ယခုအခြေအနေအရ အံ့ဖွယ်ကိုးပါးမြို့က ၎င်း၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေကြောင်း ထင်ရှား၏။ သူတို့ဆီမှာ ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲကို ခုခံတားဆီးရန် စွမ်းအားမကျန်ရှိတော့ချေ။

အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်၏ စွမ်းအားက အင်မော်တယ်ဘုရင်အဆင့်မှာ ဖြစ်သည်။ ၎င်းကို မြို့ထဲမှ ဓားကျင့်ကြံသူသုံးလေးယောက်ဖြင့် မတားဆီးနိုင်ပေ။ အကယ်၍ လူအများအပြားဖြင့် ခုခံတားဆီးမည်ဆိုလျှင် အပျက်အစီးရှစ်မျိုးဓားဝင်္ကပါက ပြိုကွဲသွားလိမ့်မည်။

သို့ဖြစ်၍ ဤတိုက်ပွဲ၏ ရေစီးကြောင်းက အံ့အားသင့်ဖွယ်ကောင်းစွာ ပြောင်းလဲသွားသည်။

ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေကြသော အစွမ်းထက်ပုဂ္ဂိုလ်များက အံ့ဖွယ်ကိုးပါးမြို့ထဲ၌ စုဝေးသွားနေသော မူလစွမ်းအားကို အာရုံစိုက်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ အလိုရမ္မက်က သူတို့အားလုံး၏ မျက်လုံးထဲမှာ ထိန်းချုပ်မရအောင် ပေါ်လျှိုးလာသည်။

အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲက မြို့တံတိုင်းကို ချိုးဖြတ်နိုင်သွားသည်နှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲက စတင်လိမ့်မည်။ ထိုအခါကျလျှင် သူတို့က အံ့ဖွယ်ကိုးပါးမြို့ထဲသို့ အမြန်သွားပြီး ကောင်းကင်ပုတီးစေ့များအတွက် မူလစွမ်းအားကို ရိတ်သိမ်းကြလိမ့်မည်။

“ ကျွန်မသွားမယ် ”

မြို့တံတိုင်းပေါ်တွင် ဂျူနီယာညီမယုချန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။ သူက သူ၏ လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ စစ်ပွဲရုပ်သေးရုပ်တစ်ခုက သူ၏ ဘေးမှာ ထွက်ပေါ်လာသည်။

“ အလျင်မလိုနဲ့ ”

ရှုကျီက လက်ဝှေ့ယမ်းလိုက်ပြီး လေးနက်စွာ ပြောသည်။

“ စစ်ပွဲရုပ်သေးရုပ်ရှိတဲ့ တပည့်တွေအားလုံး အသင့်ပြင်ထားကြမယ်… နောက်ထပ် ဓားချက်ကို ငါထုတ်ဖော်တော့မယ် ”

ထိုသို့အရေးကြီးအခြေအနေမှာပင် ရှုကျီက တည်ငြိမ်နေသည်။

သူ၏ ဘေးမှ ဓားစံအိမ်တပည့်များက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ထဲမှ မည်သူမှ ရှုကျီကို သံသယမရှိကြချေ။

ရှုကျီ၏ လုပ်ဆောင်နိုင်စွမ်းကို မေးခွန်းထုတ်ရန် မလိုပေ။ သူက သူဆုံးဖြတ်ချက်ချထားသည့်အရာများကို အောင်မြင်စွာ လုပ်ဆောင်နိုင်သူ ဖြစ်သည်။

သို့မဟုတ်လျှင် ဟန်မူယဲ့က ကောင်းကင်ဘုံကမ္ဘာထဲမှာ သူချန်ထားခဲ့သော အရင်းအမြစ်များနှင့် စွမ်းအားများကို ရှုကျီထံသို့ လွှဲပြောင်းပေးခဲ့လိမ့်မည် မဟုတ်ချေ။

“ ဝီး ”

သူ့အရှေ့မှ ကောင်းကင်မိစ္ဆာသားရဲက အံ့ဖွယ်ကိုးပါးမြို့၏ အပြင်ဘက် ပေတစ်ထောင်အကွာသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် အလင်းအကာအကွယ်အလွှာတစ်ခုက ရုတ်တရက် မြှောက်တတ်လာပြီး မြို့ကို ကာကွယ်ပေးလိုက်သည်။

ရွှေရောင်အလင်းက ထိုအကာအကွယ်အလွှာထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်မိစ္ဆာသားရဲကို ခုခံတားဆီးလိုက်သည်။

သို့သော်လည်း ထိုမျှအင်အားက အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို မထိန်းချုပ်နိုင်ကြောင်း လူတိုင်း သိကြသည်။

“ သူတို့ဆီမှာ ဘာအခွင့်အရေးမှ မကျန်ရှိတော့ဘူး ”

လေထဲမှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ကောင်းကင်မိစ္ဆာသားရဲက တစ်ချက်ဝင်ဆောင့်လိုက်ရုံဖြင့် မြို့၏ နောက်ဆုံးခံစစ်က သေချာပေါက် ပြိုကွဲသွားလိမ့်မည်။

ထိုအခါကျလျှင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲက စတင်လိမ့်မည်။

“ ခရက်… ”

ရွှေရောင်အလင်းလွှာက အက်ကွဲသွားသည့်အခါ ကောင်းကင်မိစ္ဆာသားရဲက အထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။

“ တိုက်ကြ ”

ရှုကျီ၏ အော်သံက ပဲ့တင်ထပ်သွားသည်။

သူ၏ အသံက မကျယ်လောင်ပေ။ သို့သော်လည်း ယင်းက အံ့ဖွယ်ကိုးပါးမြို့ထဲမှ လူတိုင်း ကြားနိုင်ရန် လုံလောက်သည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း စစ်ပွဲရုပ်သေးရုပ်များ၏ ပုံရိပ်များက မြို့အပြင်သို့ တစ်ခုပြီးတစ်ခု ပျံသန်းထွက်သွားကြသည်။

ပေတစ်ရာရှည်လျားသော ထိုစစ်ပွဲရုပ်သေးရုပ်များက တိုက်ပွဲပုံစံ ခင်းကျင်းလိုက်ကြပြီး အရှေ့သို့ ဦးတည်လာနေသော ကောင်းကင်မိစ္ဆာသားရဲကို ခုခံတားဆီးလိုက်ကြသည်။

ရှုကျီက ဘေးဘီကို တစ်ချက်ကြည့်လိုက်သည့်အခါ နောင်တရသော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ထွန်းလင်းတောက်ပသော ရောင်ခြည်တန်းတစ်ခုက သူ၏ ဘေးပတ်ပတ်လည်မှာ စတင်ပေါ်လျှိုးလာသည်။

သူ၏ လက်ထဲတွင် အနက်ရောင်စုတ်တံတစ်ချောင်း ရှိသည်။

“ ဘယ်သူမှ မလှုပ်ရှားကြသေးတာ စိတ်မကောင်းစရာပဲ ”

သူက အနည်းငယ် နောင်တရစွာ ပြောသည်။ ရှင်းလင်းစွာပင် ဤအခိုက်အတန့်မှာ ကျားချောင်းချောင်းနေကြသော ထိုလူများ တိုက်ခိုက်လာရန် သူက စောင့်မျှော်နေခြင်း ဖြစ်သည်။

သူက ဘဝင်မြင့်နေခြင်းလော သို့မဟုတ် သူ့မှာ ထိုသို့လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေခြင်းလော။

အံ့ဖွယ်ကိုးပါးမြို့ထဲမှာ စစ်ပွဲရုပ်သေးရုပ်များ ရှိနေခြင်းက မထူးဆန်းပေ။ မိုးမြေပေါင်းစပ်သည့်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ကြသည့် အင်အားစုများထဲမှာ မည်သူက စစ်ပွဲရုပ်သေးရုပ်များကို မပိုင်ဆိုင်ထားဘဲ နေမည်နည်း။

၎င်းတို့ကို မည်သည့်နည်းလမ်းဖြင့် သူတို့ရရှိခဲ့ကြောင်းက အရေးမကြီးပေ။ အရေးကြီးသည်မှာ သူတို့က စစ်ပွဲရုပ်သေးရုပ်များကို ပိုင်ဆိုင်ထားသည်ဟူသော အချက်ဖြစ်သည်။

သို့သော်လည်း ထိုအဆင့်နိမ့် စစ်ပွဲရုပ်သေးရုပ်များက ၎င်းတို့၏ အရှေ့မှ ကောင်းကင်မိစ္ဆာသားရဲကို အမှန်တကယ် ရပ်တန့်နိုင်မည်လော။

ရှုကျီက မည်သည့်ဝှက်ဖဲကတ်ကို ဆုပ်ကိုင်ထားကြောင်း လူတိုင်းက စိတ်ဝင်တစား သိချင်ကြသည်။

“ သခင်ရှုက ဘယ်တော့မှ စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူး… ”

ကျောက်စိမ်းပုစဉ်းဓားအင်မော်တယ်က တီးတိုးရေရွတ်လိုက်သည်။

စစ်မြေပြင်ပေါ်မှ တခြားလူများသည်လည်း အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားနေသော ရှုကျီကို အာရုံစိုက်လိုက်ကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်အများစုသည် ရှုကျီကို သခင်ရှုဟု ခေါ်ဆိုကြလေ့ ရှိသည်။

“ သတ္ထုကို အသုံးပြုပြီး ဓားကို သွေးမယ် ”

ရှုကျီသည် အနက်ရောင်စုတ်တံကို ကိုင်ထားလျက် အရှေ့သို့ လျှောက်သွားနေရင်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ အနောက်တွင် ဧရာမပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အဆုံးမဲ့ရောင်ဝါကို ထုတ်လွှတ်နေသော ရွှေရောင်ခန္ဓာကိုယ် ဖြစ်သည်။

“ အဲ့ဒါ… ကွန်ဖြူးရှပ်တာအိုလား ”

တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

ကွန်ဖြူးရှပ်တာအိုသည် ပုံမှန်အားဖြင့် ဤသို့တိုက်ပွဲမျိုးမှာ တိုက်ခိုက်နိုင်စွမ်း မရှိသလောက်နည်းပါးသော တာအိုဖြစ်သည်။

ကွန်ဖြူးရှပ်တာအိုအစွမ်းကို ထုတ်လွှတ်ရန်အလို့ငှာ တစ်စုံတစ်ယောက်က မိုးမြေစွမ်းအားကို ချေးငှားရလိမ့်မည်။ ထို့ပြင် ကွန်ဖြူးရှပ်တာအို၏ တိုက်ခိုက်မှုနည်းလမ်းများက အကန့်အသတ်ရှိသည်။

ထို့ကြောင့် ကွန်ဖြူးရှပ်ပညာရှင်များက တိတ်ဆိတ်စွာ ကျင့်ကြံခြင်းနှင့် အသိပညာများ ဝေမျှဆွေးနွေးခြင်းကိုသာ အဓိကလုပ်ဆောင်ကြသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် ပါဝင်ကြသူများက အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြပြီး သူတို့၏ တိုက်ပွဲများက လွန်စွာ ရက်စက်ကြမ်းကြုတ်သည်။ သို့ဖြစ်လေရာ မည်သူက သူ့ပြိုင်ဘက်အား မိုးမြေစွမ်းအားကို စုစည်းရန် အချိန်ပေးလိမ့်မည်နည်း။

“ ကွန်ဖြူးရှပ်တာအို… မဖြစ်နိုင်တာ… ”

စကားပြောလိုက်သော ထိုလူ၏ စကားမဆုံးခင်မှာ သူက ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။

သူတို့မြင်လိုက်ရသည်မှာ ရှုကျီ၏ အနောက်မှ ပုံရိပ်က လျှပ်တစ်ပြက်အတွင်း ဒြပ်ထည်ဖွဲ့စည်းသွားခြင်း ဖြစ်သည်။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

“ မူလစွမ်းအား ”

“ သူက မြို့တစ်မြို့လုံးရဲ့ မူလစွမ်းအားကို သူ့ကိုယ်သူအတွက် အသုံးပြုလိုက်တယ် ”

“ အဲ့ဒီအရူးကောင်… သူက ဘယ်လိုလုပ် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲ့လောက်များပြားတဲ့ မူလစွမ်းအားကို ထိန်းသိမ်းရဲတာလဲ… သူ့ရဲ့ ခန္ဓာကိုယ် ပေါက်ကွဲသွားမှာကို မစိုးရိမ်ဘူးလား ”

ဟင်းလင်းပြင်ထဲမှာ အာမေဋိတ်သံများက တစ်ယောက်တစ်ပေါက် ပဲ့တင်ထပ်လာသည်။

သို့သော်လည်း ရှုကျီက ယင်းတို့ကို လျစ်လျူရှုထားပြီး အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။

“ အရာဝတ္ထုအားလုံးက ဓားတွေဖြစ်တယ်… ဓားတွေက အသင်္ချေဝိညာဉ်တွေအဖြစ် ဖွဲ့စည်းနိုင်ကြတယ် ”

“ လူသားနှလုံးသားဟာ ဓားဖြစ်တယ်… ဓားနဲ့ နှလုံးသား ဆက်သွယ်သွားတဲ့အခါ ဒီလောကမှာ ငါက ပြိုင်ဘက်ကင်းသွားမယ် ”

ရှုကျီက သူ၏ လက်ထဲမှ အနက်ရောင်စုတ်တံကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ တောက်ပသော ပုံရိပ်ယောင်အလင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

သူ၏ အနောက်မှ ဧရာမပုံရိပ်က လက်မြှောက်လိုက်သည်။

ကောင်းကင်ယံတွင် အပျက်အစီးရှစ်မျိုးဓားဝင်္ကပါက အပြင်းအထန် တုန်ခါသွားပြီး ပေတစ်သိန်းရှည်လျားသော ဧရာမဓားတစ်လက်အဖြစ် စုဝေးသွားသည်။ နောက်အခိုက်အတန့်မှာ ရှုကျီ၏ အနောက်မှ ပုံရိပ်က ထိုဧရာမဓားကို ခက်ခက်ခဲခဲ ဖမ်းဆုပ်လိုက်သည်။

ဤသည်မှာ ပုံရိပ်က ဧရာမဓား၏ အလေးချိန်ကို မတောင့်ခံနိုင်သည့်အလား အဆက်မပြတ် တုန်ယင်နေသည်။ ဤသည်မှာ ၎င်းက အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။

“ တစ်စိတ်တစ်ဝမ်းတည်း ”

ရှုကျီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ တစ်စိတ်တစ်ဝမ်းတည်း ”

မြို့တံတိုင်းပေါ်မှ မရေမတွက်နိုင်သော ဓားကျင့်ကြံသူများက အော်ပြောလိုက်ကြသည်။

သူတို့၏ သွေးအဆီအနှစ်က ပုံရိပ်အတွက် တိုက်ပွဲစစ်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ဝိညာဉ်စွမ်းအားက ရွှေရောင်အလင်းခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။

နောက်အခိုက်အတန့်မှာ ရွှေရောင်စစ်ပွဲခန္ဓာကိုယ်က ရှုကျီ၏ ပုံရိပ်နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။ ထိုအခါ ပုံရိပ်က ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားသည်။

ရွှေစစ်ဗိုလ်ချုပ်က သူ၏ လက်ထဲမှ ဧရာမဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။

ဓားကို အားမာန်အပြည့်ဖြင့် ဝှေ့ယမ်းလိုက်စဉ် မည်သူမှ သူ့အား မော်မကြည့်ဝံ့ကြချေ။

ကောင်းကင်ယံမှ အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲက ဓားတစ်ချက်ဖြင့် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ထို့အတူ အံ့ဖွယ်ကိုးပါးမြို့၏ အပြင်ဘက်မှာ စုဝေးနေကြသော ကောင်းကင်မိစ္ဆာသားရဲများသည်လည်း ဓား၏ အားလှိုင်းများကြောင့် ပြိုကွဲပျက်စီးသွားကြသည်။

ဓားတစ်ချက်ဖြင့် ကောင်းကင်မိစ္ဆာသားရဲများ၏ ကျူးကျော်တိုက်ခိုက်မှုကို ဖြေရှင်းလိုက်သည်။

အသက်ရှင်ကျန်ရစ်ခဲ့သော ကောင်းကင်မိစ္ဆာသားရဲများက ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

တစ်ဖက်လူ၏ အံ့မခန်းစွမ်းအားက ၎င်းတို့ကို တုန်လှုပ်ချောက်ချားစေရန် ဖိအားပေးနိုင်ခဲ့သည်။

လေထဲတွင် ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

အကယ်၍ သူတို့သာ စောစောက အလျင်စလို လုပ်ဆောင်ခဲ့မည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က ကောင်းကင်မိစ္ဆာသားရဲများနည်းတူ အပိုင်းပိုင်းအစစ အက်ကွဲသွားလိမ့်မည်။

ရှုကျီက သူတို့အားလုံး လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

အဲ့ဒီကောင်… အရမ်းဉာဏ်များတယ်… ။

လူတိုင်းက ရှုကျီကို ကြည့်လိုက်သည့်အခါ သူတို့၏ မျက်နှာပေါ်မှာ ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

ထိုအရူးကောင်က ဤသို့ခက်ခဲလွန်းသည့် အခြေအနေမျိုးမှာ လွတ်လမ်းကို အမှန်တကယ် ရှာဖွေနိုင်ခဲ့သည်။ ထို့ပြင် သူက ရလဒ်မှလွဲ၍ တခြားမည်သည့်အရာကိုမှ ဂရုမစိုက်ကြောင်း ထင်ရှားသည်။

“ ဝှီး ”

ကောင်းကင်မိစ္ဆာသားရဲများ ထွက်ပြေးသွားသည်နှင့် မရေမတွက်နိုင်သော ကောင်းကင်ပုတီးစေ့များက ဟင်းလင်းပြင်ထဲမှ ကျဆင်းလာကြသည်။ ထို့နောက် ယင်းတို့က အံ့ဖွယ်ကိုးပါးမြို့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

ဤအခိုက်အတန့်မှာ မြို့ထဲ၌ မြင့်တတ်နေသော မူလစွမ်းအားက ကောင်းကင်ပုတီးစေ့များအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

ယင်းတို့က အနိမ့်ဆုံး အဆင့်သုံး ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။ ထိုသို့ကောင်းကင်ပုတီးစေ့များက အင်မော်တယ်အရှင်သခင်အဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်မှ ကျင့်ကြံသူများကို မြန်ဆန်စွာ အဆင့်မြှင့်တင်ပေးနိုင်သည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှ ထိုကောင်းကင်ပုတီးစေ့များက ကျင့်ကြံသူများ သူတို့၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ရာတွင် အလွန်တန်ဖိုးကြီးမားသည်။

ယခု အံ့ဖွယ်ကိုးပါးမြို့ထဲမှ လူများက ထိုကောင်းကင်ပုတီးစေ့များကို စုဆောင်းကြတော့မည်။ ဟင်းလင်းပြင်ထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်တော့ သူတို့က ယင်းကို ကူကယ်ရာမဲ့စွာသာ စောင့်ကြည့်နိုင်ကြသည်။

သူတို့က ထိုအတိုင်း ခွင့်ပြုပေးတော့မည်လော။

သို့သော်လည်း အကယ်၍ သူတို့က ဆန္ဒမရှိလျှင်ပင် မည်သူက ထိုကောင်းကင်ပုတီးစေ့များကို သွားရောက်လုယက်ဝံ့မည်နည်း။

ထိုကောင်းကင်ပုတီးစေ့များကို ရွှေစစ်ဗိုလ်ချုပ်၏ လက်ထဲမှ လုယက်ရန် မည်သူက အစွမ်းအစရှိသနည်း။

“ သတ် ”

ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော အော်ဟစ်သံက ရုတ်တရက် ပေါ်ထွက်လာသည်။

ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက သူ၏ လက်ထဲ၌ ပေတစ်ထောင်ရှည်လျားသော ဓားမော့ပုံရိပ်ကို ကိုင်ဆောင်လျက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုသက်လတ်ပိုင်းအမျိုးသား၏ အနောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် ဝိညာဉ်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ယင်းတို့က အတူတကွ ပေါင်းစည်းသွားကြပြီး အနက်ရောင်ကျားမိစ္ဆာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ကျားမိစ္ဆာက ဟိန်းဟောက်လိုက်ပြီး အံ့ဖွယ်ကိုးပါးမြို့ပေါ်မှ ရွှေစစ်ဗိုလ်ချုပ်ထံသို့ ခုန်အုပ်လိုက်သည်။

မည်သည့်အင်အားစုကြီးက စတင်လှုပ်ရှားလိုက်သနည်း။

“ အဲ့ဒါ ယုခွန်းကောင်းကင်နန်းတော်က လူတွေပဲ ”

“ ယုခွန်းကောင်းကင်နန်းတော်က ကောင်းကင်ဘုံစာရင်းထဲမှာ အဆင့်(၃၂)ရှိတယ်… သူတို့က ယုခွန်းစကြာဝဠာက လက်ရွေးစင်တွေပဲ ”

အဝေးမှ ကောင်းကင်ယံမှ လူတချို့က ထိုအုပ်စု၏ သရုပ်ကို ချက်ချင်း မှတ်မိသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ မျက်နှာအမူအရာက သိသာစွာ ပြောင်းလဲသွားသည်။

ယုခွန်းကောင်းကင်နန်းတော်က ကောင်းကင်ဘုံစာရင်းထဲမှာ ပါဝင်နိုင်သော အစွမ်းထက်အင်အားစုကြီးတစ်ခု ဖြစ်သည်။ ယခင်တစ်ခေါက် လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ သူတို့က အဆင့်သုံးထိ တတ်လှမ်းနိုင်ခဲ့ကြသည်။ ယခု သူတို့၏ လှုပ်ရှားမှုက အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အင်အားစုကြီးများ၏ စတင်ကျူးကျော်လာမှုကို အချက်ပေးလိုက်ခြင်း ဖြစ်သည်။

နောက်ကျကျန်နေခဲ့မည့် အင်အားစုများက အရည်သာ သောက်ရလိမ့်မည်။ သူတို့အတွက် အသားစားရနိုင်မည့် အခွင့်အရေးက အလွန်နည်းပါးသည်။

“ ဘန်း ”

ရွှေစစ်ဗိုလ်ချုပ်က သူ၏ ဓားရှည်ကို လွှဲယမ်းလိုက်ပြီး အနက်ရောင်ကျားမိစ္ဆာကို တိုက်ခိုက်လိုက်သည်။

အနက်ရောင်ကျားမိစ္ဆာ၏ အနောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက သူတို့၏ လက်ကို ပြိုင်တူမြှောက်လိုက်ကြသည်။ ထို့အခါ ရွှေရောင်အလင်းကွန်ရက်တစ်ခုက အံ့ဖွယ်ကိုးပါးမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

“ အဲ့ဒါက ယုခွန်းစကြာဝဠာရဲ့ အထွတ်အမြတ်ရတနာတွေထဲက တစ်ခုဖြစ်ပြီး မိုးမြေကို ချုပ်နှောင်နိုင်စွမ်းရှိတဲ့ တိမ်ကောင်းကင်ကွန်ရက်ပဲ ”

“ အဲ့ဒါကို ‘ အရာအားလုံးကို တစ်ခါတည်း ဖမ်းဆီးနိုင်တဲ့ ကွန်ရက် ’လို့လဲ ခေါ်ကြတယ် ”

“ အဲ့ဒီရတနာက မင်းအပေါ် ဖုံးလွှမ်းသွားတာနဲ့ နောက်ဆုံးမှာ မင်းက မူလစွမ်းအားအဖြစ် အရည်ပျော်သွားလိမ့်မယ် ”

ဟင်းလင်းပြင်ထဲမှ တစ်စုံတစ်ယောက်က ရွှေရောင်အလင်းကွန်ရက်ကို မှတ်မိသွားပြီး တုန်တုန်ယင်ယင် ပြောသည်။ စိုးရိမ်ကြောက်လန့်သော အရိပ်အမြွက်က သူ၏ လေသံထဲမှာ အထင်အရှား ပေါ်လွင်နေသည်။

All Chapters