← Chapters

အခန်း (၁၄၆၆)

Vol. 105 Ch. 1466

အခန်း (၁၄၆၆)

Vol. 105 Ch. 1466

တစ်ချိန်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ်မှ ဓားထိန်းက ထိုမျှအဆင့်ထိ သန်မာလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြချေ။

လှံရှည်က မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး ခရမ်းရွှေရောင်ဧရာမတူနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ယုခွန်းကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်က မျက်နှာဖြူဖျော့သွားပြီး သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်သည်ပင် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

ထိပ်တိုက် တိုက်ခိုက်ရာတွင် ဟွမ်ကျန်းရှုံးက အသာစီးရရှိထားကြောင်း ထင်ရှားသည်။

နောက်အခိုက်အတန့်မှာ သူ၏ လက်ထဲမှ လှံရှည်က ရက်စက်ကြမ်းတမ်းသော နဂါးဆယ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး အင်မော်တယ်ဘုရင်ကို မရပ်မနား တိုက်ခိုက်လိုက်သည်။

ခရမ်းရွှေရောင်တူက နဂါးများဖြင့် ရင်ဆိုင်ရသောအခါ ဆက်ပြီး မတောင့်ခံနိုင်တော့ချေ။ ထို့ကြောင့် ၎င်းက အော်ဟစ်ညည်းညူလိုက်သည်။

“ ဗုန်း ”

အက်ကွဲရာများက တူ၏ ကိုယ်ထည်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် တူတစ်ခုလုံးက အက်ကွဲသွားသည်။

ယုခွန်းကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်က တုန်ယင်သွားပြီး ဝေါခနဲ သွေးအန်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ ဝိညာဉ်အလင်းက အပြင်သို့ ပြန့်ကျဲသွားသည်။ သူက တဖြည်းဖြည်း အားနည်းသွားသည်။

“ ရွှီး ”

အင်မော်တယ်ဘုရင် အပြင်းအထန် ဒဏ်ရာရရှိသွားသည်ကို အခွင့်ကောင်းယူ၍ အံ့ဖွယ်ကိုးပါးမြို့က ၎င်း၏ စွမ်းအားကို နောက်ဆုံးမှာ အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး အထွတ်အမြတ်ရတနာ တိမ်ကောင်းကင်ကွန်ရက်ကို ဖိနှိပ်လိုက်သည်။

ဘီလီယံနှင့်ချီသော နတ်ဘုရားအလင်းတန်းများက အချင်းချင်း စတင်ယှက်ထွေသွားကြသည်။ ထို့နောက် ယင်းတို့က တိမ်ကောင်းကင်ကွန်ရက်ကို တိုက်ရိုက် ဖောက်ထွင်းသွားကြပြီး ကွန်ရက်ကို မြို့ဆီသို့ ဆွဲယူလိုက်ကြသည်။

တိမ်ကောင်းကင်ကွန်ရက် သိမ်းပိုက်ခံလိုက်ရသောအခါ အင်မော်တယ်ဘုရင်၏ ဦးခေါင်းထက်မှ နတ်ဘုရားအလင်းနှင့် အင်မော်တယ်အလင်းက ထိန်းချုပ်မရစွာ ပြန့်ကျဲသွားသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပြိုကွဲသွားပြီး မိုးမြေစွမ်းအားနှင့် သူ့ကြားမှ ဆက်သွယ်မှုက ပြတ်တောက်သွားသည်။

ကောင်းကင်ဘုံတာအို၏ ကောင်းချီးမရှိတော့သည့်အခါ သူ၏ ကျင့်ကြံခြင်းက တာအိုပေါင်းစပ်ခြင်းအဆင့်ဖြစ်သော အထွတ်အထိပ် အင်မော်တယ်ဘုရင်နယ်ပယ်မှ ကျဆင်းသွားသည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… ”

လူငယ်တာအိုပညာရှင်က သွေးအန်လိုက်ရပြီး သူ၏ ဆံပင်က အဖြူရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ မျက်နှာသည်လည်း မြန်ဆန်စွာ အရွယ်အိုမင်းသွားသည်။

အင်မော်တယ်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့အရှေ့မှ လေဟာနယ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ ဘန်း ”

ကောင်းကင်နှင့် မြေပြင်ကြားတွင် ရွှေရောင်ဂိတ်တံခါးတစ်ခု ထွက်ပေါ်လာသည်။

ဂိတ်တံခါးက မိုင်တစ်သောင်းရှည်လျားပြီး အဆုံးမဲ့သော အင်မော်တယ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။

“ ယုခွန်းကောင်းကင်နန်းတော်ရဲ့ အင်မော်တယ်ဘုရင် ကျုပ်ကုန်းမင်ဟာ ကျုပ်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားနဲ့ မဟာတာအိုကို စတေးပါတယ်… အထက်အဆင့်သုံးဆင့် ကုန်းမြေတွေထဲက စစ်သည်တော်တွေ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ဖို့ ကြွရောက်လာကြပါ ”

အနီရောင်အလင်းလွှာများက ကုန်းမင်ဟု အမည်ရသော အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။

မဟာတာအိုကို စတေးခြင်း… ။

သူ၏ ခန္ဓာကိုယ်က ဓားတစ်သန်းဖြင့် အပိုင်းပိုင်းအစစ လှီးဖြတ်ခံနေရသော နာကျင်မှုကို အင်မော်တယ်ဘုရင်ကုန်းမင် ခံစားလိုက်ရသည်။ သို့တိုင် သူက မဟာတာအိုကို သူ၏ ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်ဆဲပင်။

တာအိုဟူသည်မှာ ဤလောက၏ တန်ဖိုးအကြီးမားဆုံးအရာ မဟုတ်ပေဘူးလား။

နောက်အခိုက်အတန့်မှာ မဟာတာအိုစက်လုံးက ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားသည်။ ထို့နောက် ပုတီးစေ့များက ဂိတ်တံခါးအပေါ်မှာ ပျံဝဲသွားကြသည်။

ထိုရွှေရောင်ပုတီးစေ့တစ်လုံးက အဆင့်နှစ် ကောင်းကင်ပုတီးစေ့တစ်လုံးထက် အများကြီး ပိုအဖိုးတန်သည်။

အဆင့်တစ် ကောင်းကင်ပုတီးစေ့သည်ပင် ထိုမဟာတာအိုရွှေရောင်ပုတီးစေ့နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်ကျဦးလိမ့်မည်။

ရွှေရောင်ပုတီးစေ့များက စုစုပေါင်း အလုံး(၃၀)ရှိသည်။ ယင်းက အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါး သူ့တစ်ဘဝလုံး စုဆောင်းထားခဲ့သော တာအိုလမ်းစဉ် ဖြစ်သည်။ ရွှေရောင်ပုတီးစေ့တစ်လုံးက အင်မော်တယ်ဘုရင်တစ်ပါးကို တိုက်ရိုက် ဖန်တီးနိုင်သည်။

သာမန်ကျင့်ကြံသူတစ်ဦးက ထိုရွှေရောင်ပုတီးစေ့တစ်လုံးကို သန့်စင်လိုက်မည်ဆိုလျှင် သူက ခြေတစ်လှမ်းတည်းဖြင့် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာလိမ့်မည်။

ထိုမျှတန်ဖိုးကြီးမားသော ရတနာကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

အထွတ်အထိပ် အင်မော်တယ်ဘုရင်များသည်ပင် ထိုပုတီးစေ့ထဲမှာ ကိန်းအောင်းနေသော စွမ်းအားမှတဆင့် စည်းမျဉ်းများကို ပိုပြီးနက်နဲသိမ်မွေ့စွာ ဆင်ခြင်နားလည်နိုင်ကြလိမ့်မည်။

“ ဝီး ”

ဂိတ်တံခါးနှင့် ရွှေရောင်ပုတီးစေ့များ ထွက်ပေါ်လာသည့်အခါ ကောင်းကင်ဘုံစာရင်းထဲမှ ယုခွန်းကောင်းကင်နန်းတော်၏ အဆင့်က ထပ်မံ ကျဆင်းသွားသည်။ ဤအခိုက်အတန့်မှာ ယုခွန်းကောင်းကင်နန်းတော်သည် မူလက အဆင့်ငါးဆယ်ကျော်မှ ယခု အဆင့်ရှစ်ဆယ်ကျော်သွားသည်။

အဘယ့်ကြောင့်ဆိုသော် စကြာဝဠာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက အင်အားစုတစ်ခု၏ အင်အားထက်ဝက်ကို ကိုယ်စားပြုသည်။

အင်မော်တယ်ဘုရင်ကုန်းမင်၏ မဟာတာအိုက ပြိုကွဲသွားသည့်အခါ ယုခွန်းကောင်းကင်နန်းတော်က အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှာ အောက်ဆုံးနေရာသို့ ရောက်ရှိသွားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှ လူတိုင်းက မျက်နှာတည်ကြည်သွားကြသည်။ သူတို့အားလုံးက ဂိတ်တံခါး၏ အရှေ့မှ ရွှေရောင်ပုတီးစေ့များကို အာရုံစိုက်လိုက်ကြသည်။

ထိုရွှေရောင်ပုတီးစေ့(၃၀)ထဲမှာ ကိန်းအောင်းနေသော မဟာတာအိုစွမ်းအားက အလွန်အားကောင်းပြီး ဖော်မပြနိုင်အောင် တန်ဖိုးကြီးမားသည်။

အထွတ်အထိပ်ပုဂ္ဂိုလ်များအတွက်တော့ ရတနာတစ်ခုနှစ်ခုကို ဆုံးရှုံးသွားခြင်းက အရေးမကြီးပေ။ သို့သော်လည်း သူတို့က မည်သည့်အခါမှ မဟာတာအိုကို စတေးလိမ့်မည် မဟုတ်ချေ။

မဟာတာအိုက အခွင့်အလမ်း ဖြစ်သည်။

“ ဟား ဟား… အင်မော်တယ်ဘုရင်ကုန်းမင် ခင်ဗျားရဲ့ ဆန္ဒအရ ကျုပ်ရောက်လာပြီ ”

ကျယ်လောင်သော အသံတစ်သံက ဂိတ်တံခါးထဲမှ ပဲ့တင်ထပ်လာသည်။

အရပ်ရှည်လျားပြီး ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဂိတ်တံခါးထဲမှ ထွက်လျှောက်လာပြီး ရွှေရောင်ပုတီးစေ့တစ်လုံးကို ဖမ်းယူလိုက်သည်။ ထို့နောက် လူငယ်က သူ့အရှေ့မှ အင်မော်တယ်ဘုရင်ကုန်းမင်ကို ကြည့်လိုက်သည်။

စာချုပ်စွမ်းအားက ဂိတ်တံခါးအတွင်း၌ ပေါ်လျှိုးလာသည်။ ဂိတ်တံခါးထဲမှ ထွက်လျှောက်လာပြီး ရွှေရောင်ပုတီးစေ့ကို ယူဆောင်လိုက်သူတိုင်းသည် အင်မော်တယ်ဘုရင်ကုန်းမင်၏ ဆန္ဒအတိုင်း တာဝန်ထမ်းဆောင်ပေးရလိမ့်မည်။

“ ကျွတ် ကျွတ်… တာအိုပေါင်းစပ်ခြင်းအဆင့် အင်မော်တယ်ဘုရင်တစ်ပါးက ဒီအခြေအနေထိ ကျရောက်သွားရတယ်လို့… တကယ် စိတ်မကောင်းစရာပဲ ”

ငွေရောင်ဝတ်စုံနှင့် လူငယ်က အထင်သေးရှုံ့ချစွာ ပြောသည်။ ထို့နောက် သူက အဝေးမှ အံ့ဖွယ်ကိုးပါးမြို့ကို ကြည့်လိုက်သည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟုတ်လား… ဘယ်လိုလုပ် ဓားကျင့်ကြံသူအုပ်စုက ကောင်းကင်ဘုံစာရင်းရဲ့ ထိပ်ဆုံး(၁၀)နေရာထဲ ဝင်လာနိုင်တာလဲ ”

“ ဗုန်း ”

သူ၏ အနောက်တွင် ပေတစ်သိန်းရှည်လျားသော ခေါင်းသုံးလုံး အနက်ရောင်မိစ္ဆာပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ခေါင်းသုံးလုံးမိစ္ဆာက မျက်လုံးဖွင့်လိုက်သည့်အခါ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်သွားပြီး ဟင်းလင်းပြင်ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်သည်။

မိုးမြေစွမ်းအားသည်ပင် အလွန်ကျယ်ပြောသော ထိုစွမ်းအားကို မတောင့်ခံနိုင်ဘဲ စတင်ပြိုကွဲသွားသည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ ထိုစွမ်းအားက မိုးမြေကြားထဲမှ မူလစွမ်းအားနှင့် အတူတကွ ပေါင်းစပ်သွားနေခြင်း ဖြစ်သည်။

မိုးမြေစွမ်းအားသည် ထိုခေါင်းသုံးလုံးမိစ္ဆာကို မဆန့်ကျင်ဝံ့ချေ။ သို့ဖြစ်၍ မိုးမြေသည် မြေပြင်ပေါ်မှ အံ့ဖွယ်ကိုးပါးမြို့၏ မူလစွမ်းအားကို လက်ဆောင်ပဏ္ဍာအဖြစ် ခေါင်းသုံးလုံးမိစ္ဆာထံသို့ ပူဇော်ဆက်သလိုက်သည်။

ယင်းက အစွမ်းထက် ပညာရှင်တစ်ဦး၏ အင်အားဖြစ်သည်။

မိုးမြေက သူ့ကို မဆန့်ကျင်ဝံ့ချေ။ ယင်းအစား မိုးမြေက သူ့ကို မျက်နှာသာပေးရလိမ့်မည်။

ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်… ။

သူက မူလစကြာဝဠာထဲမှာ သေချာပေါက် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်။

ထိုသို့အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ မည်သို့ကြောင့် ပါဝင်လာရသနည်း။

“ ဟား ဟား… ဘယ်သူများလဲလို့ ဆည်းဆာတိမ်တာအိုနန်းတော်က တာအိုဘုရင် ရှုရှန်းယန်ပဲ… ဒီအင်မော်တယ်ဘုရင်က သံသယဝင်မိတယ်… လောကတစ်သောင်းယှဉ်ပြိုင်ပွဲကျင်းပတိုင်း မင်းဝင်ပြိုင်နေတာ ဘာရည်ရွယ်ချက်ကြောင့်လဲ ”

ရွှေရောင်သရဖူကို ဆောင်းထားသော လူငယ်တစ်ယောက်၏ အသံက ဂိတ်တံခါးထဲမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် ခန္ဓာကိုယ်ပိန်ပါးပြီး အနက်ရောင်ဓားရှည်တစ်စုံကို ကျောပေါ်မှာ သယ်ဆောင်ထားသော လူငယ်တစ်ယောက်က ဂိတ်တံခါးထဲမှ ထွက်လျှောက်လာသည်။

ထိုလူငယ် ထွက်ပေါ်လာသည့်အခိုက် ရှုရှန်းယန် အမည်ရသော တာအိုဘုရင်က အံ့ဩစွာ ပြောသည်။

“ အထွတ်အမြတ်တာအိုဘုရားကျောင်းရဲ့ ဝိညာဉ်တစ်သောင်းအင်မော်တယ်ဘုရင် ”

ဆည်းဆာတိမ်တာအိုနန်းတော်နှင့် အထွတ်အမြတ်တာအိုဘုရားကျောင်းသည် ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံး(၃၀)နေရာထဲမှာ ပါဝင်ကြသော အင်အားစုများ ဖြစ်ကြသည်။

ယခု ရောက်ရှိလာကြသော ပုဂ္ဂိုလ်နှစ်ယောက်သည် အထွတ်အထိပ် အင်မော်တယ်ဘုရင်နယ်ပယ်၏ တိုက်ပွဲစွမ်းအားနှင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြသည်။

အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးထံမှ အရှိန်အဝါက မြေပြင်ပေါ်မှ အံ့ဖွယ်ကိုးပါးမြို့တစ်မြို့လုံးကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။ ဟွမ်ကျန်းရှုံးနှင့် တခြားလူများသည်လည်း ဖိနှိပ်ခံလိုက်ကြရသည်။

ဟွမ်ကျန်းရှုံးက အလွန်သန်မာသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ပေါ်မှ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ကြီးမားသော ကွာဟချက် ရှိနေဆဲပင်။

“ မဟာတာအိုရွှေရောင်ပုတီးစေ့တွေ… အဲ့ဒါကို နောက်ဆုံးအကြိမ် ငါမြင်ခဲ့တာ နှစ်တွေအရမ်းကြာသွားပြီ ”

အသံတစ်သံက နူးညံ့စွာ ပဲ့တပ်ထပ်လာသည်။ ထို့နောက် ပုံရိပ်တစ်ခုက ဂိတ်တံခါးထဲမှ ထွက်လျှောက်လာသည်။

ထိုလူက အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်သာရှိသော လူငယ်တစ်ယောက်ဖြစ်ပြီး အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ လူငယ်က လက်နောက်ပစ်လျက် အရှေ့သို့ တစ်လှမ်းချင်း လျှောက်လာပြီး ရွှေရောင်ပုတီးစေ့တစ်လုံးကို ဖမ်းဆုပ်လိုက်သည်။

သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ဘေးမှ လောကက စတင်တုန်ယင်သွားသည်။

စွမ်းအင်လှိုင်းဂယက်များက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။

“ တာအိုပေါင်းစပ်ခြင်းအဆင့်က အင်မော်တယ်ဘုရင်တစ်ပါးကို မဟာတာအိုစတေးအောင် ဖိအားပေးနိုင်ခဲ့တယ်ဆိုတော့ ဒီအံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အရမ်းပဲ ငါစိတ်ဝင်စားသွားပြီ ”

လူငယ်က သက်ကြီးရွယ်အိုဟန်ပန်ဖြင့် ပြောသည်။

သူ၏ မျက်နှာက ပြုံးထားသော်လည်း သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အလွှာအထပ်ထပ် အေးခဲသွားနေဟန် ရ၏။ ယင်းက လူတိုင်းကို အရိုးခိုက်ခိုက်တုန်သွားစေမည့် အအေးဓာတ်အား ထုတ်လွှတ်လိုက်သည်။

ထိုပုဂ္ဂိုလ်၏ ဝိညာဉ်စွမ်းအားက ဤလောက၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း ထင်ရှားသည်။ သူ့ကိုယ်ပိုင်တာအို၏ စိတ်ဆန္ဒအောက်မှာ မိုးမြေစွမ်းအားက တုန်ယင်သွားသည်။

အထွတ်အမြတ်တာအိုဘုရားကျောင်းသည် တာအိုစကြာဝဠာထဲမှာ အစွမ်းထက်ဆုံး အင်အားစုဖြစ်သည်။

အထွတ်အမြတ်တာအိုဘုရားကျောင်းမှ ရောက်ရှိလာသော ထိုလူငယ်သည် လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှ ကောင်းကင်ဘုံတာအိုများကိုပင် ဖိနှိပ်နိုင်သော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဟင်းလင်းပြင်ထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

သူတို့တစ်ယောက်စီက အဓိကအင်အားစုကြီးတစ်ခုကို ကိုယ်စားပြုကြသည်။

ထို့အတူ သူတို့တစ်ယောက်စီက အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲတွင် အသန်မာဆုံး လူအနည်းစုသာလျှင် မဟာတာအိုရွှေရောင်ပုတီးစေ့အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဆန့်ကျင်ဝံ့ကြလိမ့်မည်။

လျှပ်တစ်ပြက်အတွင်းမှာ ကောင်းကင်ဘုံတာအိုစွမ်းအားက ဆွဲဆောင်ခံလိုက်ရပြီး မူလက ပေါင်းစည်းနေကြသော ကုန်းမြေများက အောက်သို့ ပြုတ်ကျသွားကြကာ လင်းရှောင်နယ်မြေ၏ လေဟာနယ်နှင့် မြန်ဆန်စွာ ပေါင်းစည်းသွားကြသည်။

အပြင်ဘက်တွင် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက တိတ်တဆိတ် စုဝေးရောက်ရှိလာကြသည်။

သို့တိုင် ထိုကောင်းကင်မိစ္ဆာသားရဲများက အောက်သို့ မဆင်းသက်လာဝံ့ကြချေ။

အထွတ်အထိပ် အင်မော်တယ်ဘုရင်အပါး(၃၀)က ဤနေရာမှာ စုဝေးနေကြလေရာ ၎င်းတို့က မည်သို့ကြောင့် ဆင်းသက်လာဝံ့မည်နည်း။

“ ဘန်း ”

ဂိတ်တံခါးက စတင်ပျက်စီးလာသည်။ နောင်တရသော အမူအရာက အင်မော်တယ်ဘုရင်ကုန်းမင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ ကျင့်ကြံခြင်းက စတင်နိမ့်ကျသွားသည်။

မူလက အဆင့်ရှစ်ဆယ်ကျော်မှာ ရပ်တန့်နေသော ယုခွန်းကောင်းကင်နန်းတော်၏ နာမည်က ထပ်မံ ပြုတ်ကျသွားပြန်သည်။

ထိုစဉ် ဟင်းလင်းပြင်က တုန်ယင်သွားပြီး ဂိတ်တံခါးက ထွန်းလင်းတောက်ပလာသည်။

မရေမတွက်နိုင်သော ပုံရိပ်များက ဂိတ်တံခါးထဲမှ ပြေးထွက်လာကြသည်။

“ ဆရာကုန်းမင်… ယုခွန်းကောင်းကင်နန်းတော်က တပည့်တွေ ရောက်လာကြပါပြီ ”

“ ဆရာကုန်းမင်ကို အရိုအသေပေးပါတယ် ”

ယုခွန်းကောင်းကင်နန်းတော်မှ တပည့်များက ဂိတ်တံခါးထဲမှ ပျံသန်းထွက်လာကြပြီး ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။

ကုန်းမင်သည် သူ့အရှေ့မှ ထိုမြင်ကွင်းကို မြင်သွားသောအခါ စိတ်ခံစားချက်မျိုးစုံကို ခံစားမိသွားသည်။ သူက ယုခွန်းကောင်းကင်နန်းတော်မှ တပည့်များကို ခေါင်းညိတ်ပြလိုက်သည်။

“ ဘန်း ”

နောက်အခိုက်အတန့်မှာ ဂိတ်တံခါးက ပြိုကွဲပျက်စီးသွားသည်။ သို့သော်လည်း ပုံရိပ်တစ်ခုက ဂိတ်တံခါး မပျက်စီးသွားမီ အပြင်သို့ ထွက်လျှောက်လာခဲ့သည်။

၎င်းက ပေတစ်ရာရှည်လျားသော စစ်ပွဲရုပ်သေးရုပ်တစ်ခု ဖြစ်သည်။

ရွှေရောင်စစ်ပွဲရုပ်သေးရုပ်၏ အနောက်တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက စိတ်ညစ်သော အမူအရာဖြင့် ထွက်လျှောက်လာသည်။

“ နောက်ကျသွားပြီ… အရမ်းနောက်ကျသွားပြီ… မဟာတာအိုရွှေရောင်ပုတီးစေ့တစ်လုံးတောင် မကျန်တော့ဘူး ”

သူက ခံပြင်းစွာ ပြောသည်။

“ ကျုပ် ရှင်းရှင်းလင်းလင်း ကြိုပြောထားမယ်… ကျုပ်က ကြယ်စင်စုစကြာဝဠာကိုယ်စား ရောက်လာတာမဟုတ်သလို ဝမ်လင်းနန်းတော်ကိုယ်စား ရောက်လာတာလည်း မဟုတ်ဘူး ”

အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအမျိုးသားက ဘေးဘီကို စစ်ဆေးကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“ ရွှေရောင်ပုတီးစေ့မရှိမှတော့ ဘေးကနေ ရပ်ပဲ ကြည့်နေတော့မယ် ”

အင်မော်တယ်ဘုရင်ကုန်းမင်က အမူအရာပျက်ယွင်းသွားသည်။ သို့သော်လည်း အဆုံးမှာ သူက နှုတ်ဆိတ်နေလိုက်သည်။

သူက နောက်ထပ် မဟာတာအိုရွှေရောင်ပုတီးစေ့တစ်လုံးကို မဖွဲ့စည်းနိုင်တော့ပေ။

အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ အကြည့်က အောက်ဘက်မှ မြို့တော်ပေါ်သို့ ရွှေ့ပြောင်းသွားသည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… ဟွန့်… ဒီတစ်ကြိမ်တော့ မင်းတို့ သေချာပေါက် ဖျက်ဆီးခံရပြီ ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

ယုခွန်းကောင်းကင်နန်းတော်မှ လူများကို အမိန့်ပေးရန် မလိုချေ။ သူတို့က အောက်ဘက်သို့ ချက်ချင်း ဆင်းသက်သွားကြသည်။

မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများက အပေါ်သို့ ပျံတတ်သွားကြသည်။

တိုက်ပွဲစတင်လာတော့မည်။

“ ရွှီး ”

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်ကြားတွင် ထွန်းလင်းတောက်ပသော ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။

ဝဲကတော့ထဲတွင် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အပြင်သို့ ထွက်လျှောက်လာသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ အနောက်တွင် မရေမတွက်နိုင်သော ဓားဝင်္ကပါများက ထွက်ပေါ်လာကြသည်။

သန်းပေါင်းများစွာသော ဓားကျင့်ကြံသူများက ဝင်္ကပါများထဲမှ ပျံသန်းထွက်လာကြသည်။

ယင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ စစ်မှန်သော အင်အားဖြစ်သည်။

ဟွမ်ကျစ်ဟူသည် လက်ထဲ၌ သုံးပေရှည်လျားသော ဓားကို ကိုင်ထားလျက် လေထဲမှာ မတ်တတ်ရပ်နေသည်။ သူ၏ အနောက်မှ ဓားဝင်္ကပါက တောက်ပသော ဓားအလင်းတစ်ထောင်ကို စုဝေးလိုက်သည်။

ဓားအလင်းများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ လောကက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။

“ အဟန့်… ကျုပ်ရောက်လာတာ စောသွားပြီလား ”

တာအိုပညာရှင်တယန်က ချောင်းဟန့်လိုက်ပြီး ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။

“ လင်းရှောင်ဓားဂိုဏ်းရဲ့ ချန်းရှောင်တုံက ဆရာ့ရဲ့ အမိန့်အရ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လာကူညီပါတယ် ”

အသံတစ်သံက တာအိုပညာရှင်တယန်၏ အနောက်မှ ထွက်ပေါ်လာသည်။

လင်းရှောင်ဓားဂိုဏ်း… ။

ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်… ။

အဝေးမှ ကောင်းကင်ယံတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က တုန်ယင်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“ ငါ့သားလား… ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်လား ”

All Chapters