← Chapters

အခန်း (၁၄၆၉)

Vol. 105 Ch. 1469

အခန်း (၁၄၆၉)

Vol. 105 Ch. 1469

မိုးကြိုးသွားတစ်စင်းက ဟင်းလင်းပြင်ထဲမှ ဓားအလင်းတစ်ခုနှင့် တွေ့ဆုံသွားသည်။ ထိုအခါ ဓားအလင်းက ပြင်းထန်စွာ တုန်ခါသွားပြီး မိုးကြိုးသွားကို ဖျက်ဆီးလိုက်သည်။ တစ်ချိန်တည်းမှာ ထိုမိုးကြိုးသွားကို ထုတ်လွှတ်ခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်က သွေးအန်လိုက်ရသည်။

ယင်းက မူလစွမ်းအားများနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားများ၏ အပြန်အလှန် အားပြိုင်မှုဖြစ်သည်။ ထိုသို့တိုက်ခိုက်မှုတွင် သနားညှာတာမှုမရှိပေ။

အင်အားစုနှစ်ခုက ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ အားနည်းသူက ဒဏ်ရာရသွားလိမ့်မည်။

“ ဘန်း ”

သုံးပေရှည်လျားသော ဓားက ၎င်း၏ အရှေ့မှ ဧရာမပုံရိပ်များကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ သို့ဖြစ်၍ ရွှေရောင်စစ်ဗိုလ်ချုပ်သုံးပါး၏ ပုံရိပ်များက ပြိုကွဲပျက်စီးသွားကြသည်။ တစ်ချိန်တည်းမှာ အထွတ်အထိပ်ပုဂ္ဂိုလ်သုံးယောက်၏ အပြင်ပိုင်းခန္ဓာကိုယ်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာကြသည်။

ထိုဓားချက်က သူတို့၏ မူလဇစ်မြစ်နှင့် တာအိုကို ဒဏ်ရာရရှိစေခဲ့သည်။

ဟင်းလင်းပြင်ထဲမှာ ထိုတိုက်ပွဲကို စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက အံ့ဩထိတ်လန့်သွားကြသည်။

ဤတိုက်ပွဲက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ အကြမ်းတမ်းဆုံး ဖြစ်သည်။

သာမန်ကျင့်ကြံသူများက ထိုတိုက်ပွဲထဲမှာ ပါဝင်ရန် အရည်အချင်းမပြည့်မီကြချေ။

ထိုအဆင့်မဟာတိုက်ပွဲက မည်သည့်စကြာဝဠာထဲမှာမှ မထွက်ပေါ်ဖူးချေ။

အဘယ့်ကြောင့်ဆိုသော် ထိုအဆင့်တိုက်ပွဲက စကြာဝဠာကို ဖျက်ဆီးပစ်နိုင်ပေသည်။

မူလစကြာဝဠာက ထိုနည်းလမ်းဖြင့် ပျက်စီးသွားခဲ့ရခြင်း မဟုတ်ပါလော။

“ ဗုန်း ”

မီးတောက်တစ်ခုက ဓားရှည်ကို ဖုံးလွှမ်းသွားသည်။

ထိုအခါ ကောင်းကင်ပံ့ပိုးမဟာဓားရှည်၏ အလျင်က နောက်ဆုံးမှာ နှေးကွေးသွားသည်။

ဓားရှည်၏ အနောက်တွင် ဓားကျင့်ကြံသူများက မျက်နှာတည်ကြည်သွားကြသည်။

ထိုဓားချက်၏ စွမ်းအားက ကုန်ခမ်းသွားတော့မည်။

ဓားဝင်္ကပါက ဓားချက်တစ်ချက်ကိုသာ ထုတ်လွှတ်ပေးနိုင်သည်။

“ သတ်ပစ် ”

ဟွမ်ကျစ်ဟူက ဓားကိုင်လျက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ထျန်းရွှမ်ဓားကို လွှဲယမ်းလိုက်သည်။

ထိုဓားက အဆုံးမဲ့သော အလင်းစီးကြောင်းကို ထုတ်လွှတ်လိုက်သည်။

မီးတောက်ဖြင့် လွှမ်းခြုံခံထားရသော ဓားရှည်က ရုတ်ချည်း ဓားအလင်းအမြောက်အများကို ထုတ်လွှတ်လိုက်သည်။

မီးတောက်က တိုက်ရိုက် ပြိုကွဲသွားပြီး လေထဲမှာ ပြန့်ကျဲသွားသည့်အခါ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။

မီးတောက်ကို ထုတ်လွှတ်ခဲ့သော အထွတ်အထိပ်ပညာရှင်၏ ခန္ဓာကိုယ်က မီးလောင်ကျွမ်းသွားသည်။

တန်ပြန်ဆိုးကျိုး… ။

ထိုလူက သူ့ကိုယ်ပိုင်တာအိုနှင့် စည်းမျဉ်းများ၏ တန်ပြန်သက်ရောက်မှုကြောင့် မီးလောင်ကျွမ်းခံလိုက်ရသည်။

ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲက ထိုအတိုင်းဖြစ်သည်။

ထိုဓားကြောင့် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးက မည်သည့်သဲလွန်စမှမကျန်ဘဲ မီးလောင်ကျွမ်းခံလိုက်ရသည်။

“ အဲ့ဒီအထွတ်အထိပ်ပုဂ္ဂိုလ်က ဘယ်အင်အားစုကလဲ ”

တစ်စုံတစ်ယောက်က ခေါင်းမော့လိုက်ပြီး အဝေး၌ လွင့်မျောနေသော ရွှေကောင်းကင်ဘုံစာရင်းကို ကြည့်လိုက်သည်။

ရွှေကောင်းကင်ဘုံစာရင်းတွင် အင်အားစုအများအပြား၏ အဆင့်က စတင်ကျဆင်းသွားကြသည်။

မူလတွင် သူတို့အားလုံးက ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံး(၃၀)နေရာထဲမှာ ဝင်ရောက်ကြသည်။ သို့သော်လည်း ယခု သူတို့၏ အထွတ်အမြတ်ပုဂ္ဂိုလ်များ သေဆုံးသွားကြသည့်အခါ သူတို့၏ အဆင့်က အောက်သို့ ကျဆင်းသွားကြသည်။

“ ဘာမဟုတ်တဲ့ ဓားကျင့်ကြံသူအုပ်စုတွေက ကောင်းကင်ဘုံကို သွေဖယ်နိုင်တယ်လို့ ငါမယုံဘူးကွ ”

အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ဓားရှည်ထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

“ ငတုံး ”

အထွတ်အမြတ်တာအိုဘုရားကျောင်းမှ လူငယ်က ခေါင်းယမ်းလိုက်ပြီး ပြုံးလိုက်သည်။

“ ဒါပေမဲ့ ငါသဘောကျတယ် ”

လူငယ်က သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်လေရာ ခမ်းနားထည်ဝါသော နတ်ဘုရားအလင်းက ထိုအင်မော်တယ်ဘုရင်ကို ဖုံးလွှမ်းသွားသည်။

ထိုနတ်ဘုရားအလင်းက သူ၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည့်အခါ သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရစွာ ကြီးမားသွားသည်။

“ မင်းက သေချင်နေမှတော့… ငါမင်းကို အကျိုးရှိရှိ သေခိုင်းလိုက်မယ်… စိတ်ချပါ… ဒါပြီးသွားရင် မင်းအတွက် အုတ်ဂူကောင်းကောင်း ဆောက်ပေးမယ် ”

အထွတ်အမြတ်တာအိုဘုရားကျောင်းမှ လူငယ်က အေးတိ‌အေးစက် ပြောသည်။ ထို့နောက် သူ၏ လက်ငါးချောင်းကို ဖွင့်လှစ်လိုက်သည်။

ထိုအခါ နတ်ဘုရားအလင်းဖြင့် ဖုံးလွှမ်းခံထားရသော အထွတ်အထိပ် အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်က ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။

ထိုနတ်ဘုရားအလင်း ပေါက်ကွဲသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည်လည်း ပေါက်ကွဲမှု၏ ဝါးမျိုခံလိုက်ရသည်။

ယင်းက တာအိုပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုသို့ပေါက်ကွဲမှုနှင့် ရင်ဆိုင်ရသောအခါ ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထို့နောက် ဟင်းလင်းပြင်က နည်းနည်းချင်းစီ အက်ကွဲသွားသည်။

နောက်ဆုံးမှာတော့ ထိုပေါက်ကွဲမှုက ကောင်းကင်ပံ့ပိုးမဟာဓားရှည်ကို ပြိုကွဲသွားစေသည်။

ဟွမ်ကျစ်ဟူအပါအဝင် ဓားကျင့်ကြံသူအားလုံးက မျက်နှာဖြူဖျော့သွားကြပြီး နေရာမှာ ရပ်တန့်သွားကြသည်။

သူတို့ထက် ပိုပြီးအားနည်းသော ကျင့်ကြံသူများက သွေးအန်လိုက်ကြရပြီး မျက်နှာဖြူဖျော့သွားကြသည်။

နောက်ဆုံးမှာတော့ သူတို့က ယင်းကို မတောင့်ခံနိုင်ကြတော့ချေ။

အထွတ်အထိပ်စွမ်းအားမရှိဘဲ သူတို့က ဤလောက၏ အသန်မာဆုံးပုဂ္ဂိုလ်များကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။

“ အံ့ဖွယ်ကိုးပါးကောင်းကင်ပံ့ပိုးဝင်္ကပါ ”

“ လူစုကြမယ် ”

ဟွမ်ကျစ်ဟူက အော်ပြောလိုက်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်အားလုံးက လင်းရှောင်ဓားဂိုဏ်း၏ ဓားဝင်္ကပါများကို ဗဟိုထား၍ ဘေးပတ်ဝန်းကျင်မှ ဝိုင်းရံလိုက်ကြသည်။

“ ဝင်္ကပါဖွဲ့စည်းမယ်… တိမ်ပျံလွှားဝင်္ကပါ ”

ချန်းရှောင်တုံသည်လည်း အော်ပြောလိုက်သည်။

လင်းရှောင်ဓားဂိုဏ်းမှ တပည့်အားလုံးက ဝင်္ကပါကို ဖွဲ့စည်းလိုက်သည့်အခါ အရွယ်အစားကြီးမားသော အဌဂံဝင်္ကပါက လေထဲမှာ ထွက်ပေါ်လာသည်။

ထိုဝင်္ကပါများ ပေါ်လျှိုးလာသည့်အခါ ထောင်သောင်းချီသော ဓားအလင်းများက ကောင်းကင်တစ်ခွင် ပျံဝဲသွားကြသည်။

“ ဟွန့်… ပုရွက်ဆိတ်လေးတွေ ”

အထွတ်အမြတ်တာအိုဘုရားကျောင်းမှ လူငယ်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရွှေရောင်တုတ်တစ်ချောင်းက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။

ထိုတုတ်မှ ထုတ်လွှတ်နေသော စွမ်းအားက အလွန်လွှမ်းမိုးဖိနှိပ်လေရာ ယင်းက အနည်းဆုံး အစစ်အမှန်ဝိညာဉ်လက်နက် ဖြစ်ရမည်။ ထိုသို့လက်နက်က ကြယ်စင်စုစကြာဝဠာ၏ စကြာဝဠာအဆင့်လက်နက်ထက် တစ်ဆင့်သာ နိမ့်သည်။

ရွှေရောင်တုတ်က တောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။

“ ဘန်း ”

ဝိညာဉ်အလင်းက ကောင်းကင်ဆုတ်ဖြဲမိစ္ဆာခြင်္သေ့အဖြစ် အသွင်ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ မိစ္ဆာခြင်္သေ့က အောက်ဘက်မှ ဓားဝင်္ကပါပေါ်သို့ ခုန်ဆင်းသွားသည်။

ဤအခိုက်အတန့်မှာ တခြားအထွတ်အထိပ် ပညာရှင်များသည်လည်း တုံ့ဆိုင်းမနေကြပေ။ သူတို့က မိုးမြေစွမ်းအားကို ဆွဲယူလိုက်ကြပြီး သူတို့၏ အစွမ်းထက် တိုက်ကွက်များကို အသီးသီးထုတ်ဖော်လိုက်ကြသည်။

သူတို့က ဤလောက၏ အထွတ်အထိပ် အင်မော်တယ်ဘုရင်များဖြစ်ကြသော်လည်း ဓားကိုင်ထားသော အဆင့်နိမ့်ကျင့်ကြံသူအုပ်စုကြောင့် ထွက်ပြေးခဲ့ရကြောင်း ပြန်စဉ်းစားမိသွားသောအခါ သူတို့က အကြီးအကျယ် ဒေါသထွက်သွားကြသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့က ရူးသွပ်သွားကြသည်။

“ မင်းတို့အားလုံး သေလိုက်ကြတော့ ”

တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။

ဟင်းလင်းပြင်သည်ပင် ထိုအော်သံကြောင့် အပိုင်းပိုင်း ဆုတ်ပြဲသွားသည်။

“ သွားပြီ… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ပြီးဆုံးသွားပြီ… ”

အဝေးမှ ဟင်းလင်းပြင်တွင် တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

ထိုဓားကျင့်ကြံသူများ၏ တန်ပြန်တိုက်ခိုက်မှုက စောင့်ကြည့်နေသူများကို သွေးပွက်ပွက်ဆူလာစေရန် လုံလောက်ပေသည်။

သို့တိုင် အဆုံးမှာ ထိုဓားကျင့်ကြံသူများက အမြစ်ဖြတ်သုတ်သင်ခံရရန် ကံပါလာဆဲပင်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတစ်ခုတည်း မဟုတ်ပေ။ လင်းရှောင်ဓားဂိုဏ်းသည်လည်း ထို့အတူပင်။

ယနေ့တိုက်ပွဲက အဓိကဓားဂိုဏ်းကြီးနှစ်ဂိုဏ်း၏ ကျရှုံးမှု ဖြစ်လာတော့မည်။ အနာဂတ်တွင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ ဓားကျင့်ကြံသူများက နောက်ထပ် ခေါင်းမော့နိုင်ကြတော့မည်မဟုတ်ချေ။

ဓားကျင့်ကြံသူများက ဆက်ပြီး တည်ရှိနိုင်ကြတော့မည် မဟုတ်ချေ။

“ ဓားတာအိုရဲ့ ဂုဏ်ကျက်သရေက အတတ်မြန်သလို အကျလည်း မြန်တယ်… အရာအားလုံးက တဒင်္ဂအတွင်း ပြောင်းလဲသွားတယ်… ”

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ဓားဝင်္ကပါဆီသို့ ချဉ်းကပ်သွားနေသော မိစ္ဆာခြင်္သေ့ကို ကြည့်နေရင်း သိမ်မွေ့စွာ သက်ပြင်းချလိုက်သည်။

ထိုမိစ္ဆာခြင်္သေ့၏ စွမ်းအားက ဓားဝင်္ကပါကို ဆုတ်ဖြဲပစ်ရန် မလုံလောက်ပေ။ သို့သော်လည်း ၎င်းနောက်မှ လိုက်ပါလာသော သဘာဝစွမ်းအားအမျိုးမျိုးနှင့် စည်းမျဉ်းစွမ်းအားအမျိုးမျိုးက ဓားဝင်္ကပါကို ထိမှန်သွားမည်ဆိုလျှင် ဝင်္ကပါက သေချာပေါက် ပြိုကွဲသွားလိမ့်မည်။

ဓားဝင်္ကပါက အစွမ်းထက်ပညာရှင်အများအပြား၏ စုပေါင်းတိုက်ခိုက်မှုကို မည်မျှအချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည်နည်း။

စက္ကန့်တစ်ရာလား… ။

နာရီဝက်လား… ။

ဤအခိုက်အတန့်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းကို မည်သူမှ မကယ်တင်နိုင်ကြတော့ပေ။

“ တာအိုရောင်းရင်း… ခင်ဗျားကြောက်သွားပြီလား ”

ချန်းအောင်က သူ့အရှေ့မှ ဓားအလင်းလွှာများနှင့် နတ်ဘုရားစွမ်းအားအမျိုးမျိုးကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ ကြောက်တာပေါ့ ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

“ ဘဝတစ်ခုလုံးစာ ကျင့်ကြံပြီး မသေမျိုးဘဝကို ရှာဖွေနေတဲ့လူတွေက ဘယ်လိုလုပ် အဲ့ဒီမြင်ကွင်းကို မကြောက်ဘဲ နေမှာလဲ ”

ဟန်မူယဲ့၏ အသံက ဟင်းလင်းပြင်ထဲမှာ ပျံ့လွင့်သွားသည်။

ယင်းကို ချန်းအောင်သာမက တခြားလူများသည်လည်း ရှင်းလင်းစွာ ကြားသွားကြသည်။

ဤနေရာသို့ ရောက်လာကြသူများက လောက၏ လက်ရွေးစင်ကျင့်ကြံသူများဖြစ်ကြပြီး သူတို့ထဲမှ မည်သူမှ အသက်မဆုံးရှုံးချင်ကြပေ။

မည်သူမှ မတရား မသေဆုံးချင်ကြပေ။

ဟန်မူယဲ့ကို စကားကို ကြားသောအခါ ကျင့်ကြံသူအများစုက အမူအရာပြောင်းလဲသွားကြသည်။ သူတို့ထဲမှ တချို့က အနောက်ဆုတ်ရန်ပင် ဆန္ဒရှိလာကြသည်။

“ တစ်ခုခု လွဲမှားနေတယ် ”

ဟင်းလင်းပြင်ထဲမှ တစ်စုံတစ်ယောက်က သိမ်မွေ့စွာ ပြောသည်။

အဝေးမှ ကျင့်ကြံသူတစ်ယောက်က မျက်နှာဖြူဖျော့သွားပြီး သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။

“ သူက တခြားလူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ် ”

ထိုလူငယ်က စကားတစ်ခွန်းတည်းဖြင့် တခြားလူများ၏ အသိစိတ်အပေါ် လွှမ်းမိုးနိုင်ခဲ့သည်။

ဤနေရာမှာ ရှိနေကြသော ပုဂ္ဂိုလ်များထဲမှာ မည်သူက အစွမ်းထက်လက်ရွေးစင် မဟုတ်သနည်း။ သူတို့တစ်ယောက်ချင်းစီက မယိမ်းယိုင်သော စိတ်ဓာတ်ခိုင်မာမှုကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။

သို့ဖြစ်လေရာ ထိုသို့အစွမ်းထက်သော လက်ရွေးစင်များကို စိတ်ယိမ်းယိုင်အောင် ပြုလုပ်ရန် ထိုလူငယ်၏ ဝိညာဉ်စွမ်းအားက မည်မျှသန်မာလိုက်သနည်း။

“ အဲ့ဒီလူငယ်က ဘုရင်အဆင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတယ် ”

တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

ဘုရင်အဆင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသူများသာလျှင် ထိုသို့စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

ဝိညာဉ်က အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေသော ထိုလူငယ်က စကားတစ်ခွန်းတည်းဖြင့် တခြားလူများ၏ အသိစိတ်အပေါ် လွှမ်းမိုးနိုင်လေရာ အနီးနားဝန်းကျင်မှ ကျင့်ကြံသူများက သူ့ကို ရှိန်သွားကြသည်။

ချန်းအောင်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။

အမှတ်မထင် သူတွေ့ဆုံခဲ့သော လူငယ်က ဘုရင်အဆင့် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။

သူက ဓားကျင့်ကြံသူ မဟုတ်ဘူးလား… ။

“ ဗုန်း ”

သူတို့၏ အရှေ့မှ လေဟာနယ်က တုန်ယင်သွားသည်။ နတ်ဘုရားစွမ်းအားအမျိုးမျိုးက ဓားအလင်းဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဝင်္ကပါ၏ တာအိုအစွမ်းက ပျက်စီးလုနီးပါး အားနည်းသွားသည်။

ချန်းအောင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ဓားဝင်္ကပါ၏ အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သူက လင်းရှောင်းဓားဂိုဏ်း၏ တိုက်ပွဲဝင်္ကပါပေါ်မှာ မတ်တတ်ရပ်လိုက်သည်။

သူ၏ အနောက်တွင် ဟန်မူယဲ့က လိုက်ပါလာပြီး သူ့ဘေးမှာ ရပ်လိုက်သည်။

ချန်းအောင်က ခေါင်းမော့လိုက်ပြီး အဝေးတွင် နောက်တစ်ကြိမ် စုဝေးသွားနေသော နတ်ဘုရားစွမ်းအားကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အောက်မှ ဓားဝင်္ကပါကို ငုံ့ကြည့်လိုက်သည်။

“ ကောင်လေးတွေ… မဆိုးဘူး… မင်းတို့တွေ ငါ့ကို အရှက်မရစေဘူး ”

ချန်းအောင်က ချီးကျူးစွာ ပြောသည်။

မည်သို့ဖြစ်ပါစေ သူက လင်းရှောင်ဓားဂိုဏ်း၏ ဂုဏ်သရေရှိ ဂိုဏ်းချုပ်မဟုတ်ပါလော။

သူ၏ လင်းရှောင်ဓားဂိုဏ်းက ကောင်းကင်ဘုံစာရင်း၏ နံပါတ်တစ်နေရာထိ မြင့်တတ်လာပြီး ဂိုဏ်းထဲမှ တပည့်အားလုံးက အစွမ်းထက်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြကြောင်း သူမြင်လိုက်ရသောအခါ မည်သို့ကြောင့် သူစိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ယနေ့ သူ၏ ဘဝက ဤနေရာမှာ အဆုံးသတ်သွားမည်ဆိုလျှင်ပင် ယင်းက ထိုက်တန်သည်ဟု သူခံစားမိသည်။

သူက ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ လင်းရှောင်ဓားဂိုဏ်းရဲ့ အသန်မာဆုံးပုဂ္ဂိုလ် ဂိုဏ်းချုပ်ချန်းအောင် ပြန်ရောက်လာပြီ ”

“ ဘယ်ကောင်တွေ ငါနဲ့တိုက်ခိုက်ရဲလဲ ”

ထိုအော်သံက အလွန်ကျယ်လောင်လေရာ မိုးမြေက သိမ့်သိမ့်တုန်သွားသည်။ အဝေးမှ ဟင်းလင်းပြင်သည်ပင် တအိအိလှုပ်ခတ်သွားသည်။

သူက အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည်။

သူက ဤနေရာမှာ စုဝေးနေကြသော အထွတ်အထိပ်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် နည်းနည်းမှ အားမနည်းချေ။

သူ၏ အော်ဟစ်သံကြောင့် မိုးမြေသည်ပင် ပရမ်းပတာဖြစ်သွားသည်။

ထိုအခိုက်အတန့်မှာ အသက်ရှင်ကျန်ရှိနေကြသော အထွတ်အထိပ် အင်မော်တယ်ဘုရင်များက တုံ့ဆိုင်းသွားကြသည်။

ထိုလူက လင်းရှောင်ဓားဂိုဏ်း၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သည်။

ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အစွမ်းကုန် ထုတ်လွှတ်မှုကို မည်သူမှ ထိပ်တိုက် မရင်ဆိုင်ဝံ့ကြချေ။

ချန်းအောင်သည် သူ၏ လက်ထဲမှ သုံးပေဓားရှည်ကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လျက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

မြေပြင်ပေါ်တွင် ဓားဝင်္ကပါထဲမှ လင်းရှောင်ဓားဂိုဏ်းသားများဖြစ်စေ သို့မဟုတ် ဘေးပတ်ဝန်းကျင်မှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများဖြစ်စေ သူတို့အားလုံးက ခေါင်းမော့လိုက်ကြပြီး ချန်းအောင်ထံသို့ ကြည့်လိုက်ကြသည်။

ချန်းအောင်က ပြုံးလိုက်ပြီး လူတိုင်း၏ ကြည်ညိုလေးစားမှုကို တည်ငြိမ်စွာ လက်ခံလိုက်သည်။

ထို့နောက် သူက မြေပြင်ပေါ်မှ ချန်းရှောင်တုံကို ဂုဏ်ယူဝမ်းမြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ချန်းရှောင်တုံက အလွန်စိတ်လှုပ်ရှားသွားပြီး အမြန်အရိုအသေပေးလိုက်သည်။

သူ၏ ဘေးမှ လင်းရှောင်ဓားဂိုဏ်းသားအားလုံးက တစ်ညီတစ်ညာတည်း အရိုအသေပေးလိုက်ကြသည်။

ဤအခိုက်အတန့်မှာ အဝေးမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများသည်လည်း အတူတကွ အရိုအသေပေးလိုက်ကြသည်။

“ ဆရာကို ဂါရဝပြုပါတယ် ”

ချန်းရှောင်တုံက ရိုသေလေးစားစွာ ပြောသည်။

“ ဧည့်ခေါင်းဆောင်ကို ဂါရဝပြုပါတယ် ”

လင်းရှောင်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူအားလုံးက ရိုသေလေးစားစွာ ပြောသည်။

“ တိမ်မြူဓားအင်မော်တယ်ကို ဂါရဝပြုပါတယ် ”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားအားလုံးက ညီညာစွာ အော်ပြောလိုက်ကြသည်။

All Chapters