← Chapters

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာခေတ်၏ အမဲလိုက်မုဆိုး

Vol. 132 Ch. 1708

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာခေတ်၏ အမဲလိုက်မုဆိုး

Vol. 132 Ch. 1708

လောကသစ်ပင်အောက်မှ ပြင်းထန်အားကောင်းသော တုန်ခါမှုများက လှိုင်းများသဖွယ် တလိပ်လိပ် ဖြာဆင်းနေသည်။ အဝေးမှ လာနေသည့် ချင်မူမှာ ထိုတုန်ခါလှိုင်းများကို အာရုံခံလိုက်မိသည်နှင့် ရင်ထဲ လေးလံလာသည်။

ထွက်ပေါ်နေသည့် တုန်ခါလှိုင်းများထဲမှ မည်သည်က ရှုရှန်းဟွာ၏ ကောင်းကင်နတ်သိုင်း ဖြစ်ပြီး မည်သည်က လင်းကွမ်ခန်းမသခင်၏ ကောင်းကင်နတ်သိုင်း ဖြစ်သည်ကို သူ ခွဲခြားအာရုံခံနိုင်၏။

လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်သည် အလွန်ထူးဆန်းသော ပူးပေါင်းတိုက်ကွက်ကို သုံးလျက် ရှုရှန်းဟွာကို တိုက်ခိုက်သတ်ဖြတ်နေကြသည်။ ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးကား တစ်ချက်တစ်ချက်တွင် အတူပေါင်းစည်းသွားပြီး တစ်ချက်တစ်ချက်တွင်မူ ပြန်ခွဲထွက်သွားတတ်သည်။ ထိုမျှသာမက သူတို့နှစ်ယောက် သိမြင်နားလည်ထားသော မဟာတာအိုများမှာ မတူညီသော်လည်း သူတို့တစ်ဦးချင်းစီ၏ မဟာတာအိုများမှာမူ တာအိုပန်းပွင့်၊ တာအိုသစ်သီးတို့နှင့် သဟဇာတ ဖြစ်နေလေသည်။

လင်းကွမ်ခန်းမသခင်သည် အနက်ရောင်တောင်တန်းကို ချိုးဖောက်နိုင်အောင် အမှန်တကယ်ပင် အပင်ပန်းခံ အားထုတ်ခဲ့ချေပြီ။

ထိုပုဂ္ဂိုလ်ကား တာအိုကို လေးကြိမ်တိုင်တိုင် အောင်မြင်ခဲ့သည့်အလျောက် တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်ကို ကျင့်ကြံနိုင်ခဲ့သည်။ တာအိုသစ်သီးတစ်လုံးမှာ ချင်မူ၏ ဖျက်ဆီးခြင်း ခံခဲ့ရပြီး နောက်တစ်လုံးကို ချင်မူအား တားဆီးရန် ယခုလေးတင် အသုံးပြုခဲ့ရာ ပျက်စီးသွားပြန်သည်။ ယခု ကျန်ရှိနေသေးသော တာအိုသစ်သီးတစ်လုံးနှင့် တာအိုပန်းပွင့်မှာ သူ၏ကိုယ်ပွားများနှင့် သဟဇာတဖြစ်နေခြင်းကြောင့် စွမ်းအားကို အထွတ်အထိပ်အထိ ထုတ်ဖော်နိုင်ပေလိမ့်မည်။

သူ၏ကိုယ်ပွားနှစ်ယောက် ပိုင်ဆိုင်သော စွမ်းအားမှာ တာအိုသိုင်းပညာရှင်အဆင့်နှင့် အလွန်တရာ နီးစပ်၏။

“ရှုရှန်းဟွာ၊ မင်း သေလို့ မဖြစ်ဘူး…”

ချင်မူက အတတ်နိုင်ဆုံး ခပ်သွက်သွက် လှမ်းနေသော်လည်း သူ၏ ခြေလှမ်းများမှာ ပိုပို၍ လေးလံလာနေသည်။ သူ၏ မှော်စွမ်းအင်မှန်သမျှသည် ယခုလေးတင် တိုက်ခိုက်ခဲ့သော တိုက်ပွဲ၌ ကုန်ခမ်းသွားခဲ့သည်သာမက သူ၏ရုပ်ခန္ဓာမှာလည်း ခံနိုင်ရည်အကန့်အသတ်သို့ ရောက်နေခဲ့သည်မှာ ကြာလေပြီ။ သူ၏ ခြေထောက်နှစ်ဖက်စလုံးမှာ သူ့ကိုယ်ပိုင် မဟုတ်တော့သကဲ့သို့ လေးပင်နေသည့်အပြင် ရုပ်ခန္ဓာမှာလည်း စကြဝဠာပေါင်းများစွာအား ထမ်းပိုးထားရသကဲ့သို့ လေးလံနေတော့သည်။

စစ်မြေပြင်တစ်ခုပြီးတစ်ခုကို တတ်နိုင်သမျှ အချိန်တိုအတွင်း သွားရောက်၍ လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားများအား အမြန်ဆုံး သတ်ဖြတ်ရသည်မှာ ချင်မူ့အတွက်ပင် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လေသည်။

လင်းကွမ်ခန်းမသခင်၏ ပလ္လင်ခန်းမထဲတွင် ယခုလေးတင် တိုက်ခိုက်ခဲ့သော တိုက်ပွဲကြောင့် အတော်လေး အားကုန်သွားခဲ့၏။ မှော်စွမ်းအင်တို့ ကုန်ခမ်းခဲ့ရသလို ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသည် သူ၏ရုပ်ခန္ဓာကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

အနက်ရောင်တောင်တန်းမှ တုန်ခါလှိုင်းများက စီးဖြာလာနေဆဲဖြစ်ပြီး ပို၍ ပြင်းထန်မြန်ဆန်လာသည်။ ရှုရှန်းဟွာနှင့် လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်တို့အကြားရှိ တိုက်ပွဲမှာ သေရေးရှင်ရေးအခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း သိသာထင်ရှား၏။

ချင်မူ့ပုံရိပ်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်နေဆဲဖြစ်သော်လည်း တစ်ချက်တစ်ချက် ယိမ်းယိုင်သွားကာ ယခင်ကထက် များစွာနှေးကွေးနေချေပြီ။

ထိုအချိန်တွင် တုန်ခါလှိုင်းများထဲမှ ထူးဆန်းသော အရာတစ်ခုကို အာရုံခံလိုက်မိသည်။

ချင်မူ ခေါင်းမော့၍ သူ့အရှေ့ရှိ အနက်ရောင်တောင်တန်းဆီသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် လောကသစ်ပင်တစ်ပင် နောက်တစ်ပင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသည်အား တွေ့လိုက်ရ၏။ ယင်းက ရှုရှန်းဟွာ၏ လောကသစ်ပင် ဖြစ်ချေသည်။

လောကသစ်ပင် ပြန်လည်ရှင်သန်လာခဲ့တုန်းက ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သည် သစ်ပင်အောက်တွင် ထိုင်၍ လောကသစ်ပင်၌ ကိန်းအောင်းနေသော မဟာတာအိုကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ သူတို့က လောကသစ်ပင်ကို ကျင့်ကြံခြင်းအဆင့်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

ချင်မူလည်း ဘေးတွင်ထိုင်၍ ကြိုးစားသိမြင်နားလည်ခဲ့သည့်တိုင် ဘာမှနားမလည်ခဲ့ပေ။ ထို့ကြောင့် သူက ဉာဏ်နီဉာဏ်နက် သုံးခဲ့သည်။ ထိုက်ယီထံမှ နတ်ပုဆိန် ငှားပြီး လောကသစ်ပင်အား ခုတ်ကာ သူ၏ကောင်းကင်ရတနာထဲ၌ စိုက်ခဲ့၏။

နောက်ပိုင်း အပင်အသစ် ပေါက်လာသည့်အခါ၌ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့သည် သစ်ပင်အောက်တွင် ထိုင်ကာ လောကသစ်ပင်အား လေ့လာအဖြေထုတ်ရန် မမောမပန်း ကြိုးစားခဲ့ကြပြန်၏။

ယခုမြင်ကွင်းအရ ပြီးခဲ့သည့် နှစ်များအတွင်း ရှုရှန်းဟွာကား အောင်မြင်မှုအချို့ ရရှိခဲ့လိမ့်မည်။

“တာအိုအဆင့် ကောင်းကင်ဘုံ ၃၃ ဘုံ…”

ချင်မူက ခြေလှမ်းများအား မရပ်တန့်ဘဲ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်သည်။ ရှုရှန်းဟွာ၏ တာအိုကျင့်စဉ်စနစ်သည် သူ၏လောကသစ်ပင်နှင့် ချိတ်ဆက်နေသည်ကို မြင်လိုက်ရသဖြင့် သူ အနည်းငယ် စိတ်အေးသွားမိသည်။

ယခုအချိန်တွင် ရှုရှန်းဟွာမှာ တာအိုသိုင်းပညာရှင်တစ်ဦးဖြစ်နေပြီဟု ဆိုရမည်။ သူနှင့် လန်ယွီတျန်းတို့သည် အနာဂတ်အတွက် ကျင့်စဉ်စနစ်အသစ်တစ်ခု ဖန်တီးခဲ့ကြပြီး ယခုအခါ ပြီးမြောက်လုနီးပါး ဖြစ်နေလေပြီ။

သူတို့နှစ်ယောက်က ဖြတ်လမ်းတစ်ခုကို ရွေးချယ်ခဲ့ကြသည်။ သမာရိုးကျ ကျင့်စဉ်စနစ်များ ဖြစ်ကြသည့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ဖြစ်စေ၊ တာအိုကျင့်စဉ်စနစ်ဖြစ်စေ အားလုံးမှာ အရည်အသွေးအား ပြောင်းလဲစေခြင်း ဖြစ်သည်။

ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံကို ကျင့်ကြံပြီးသည့်တိုင်အောင် အရည်အသွေး တိုးတက်ပြောင်းလဲနိုင်အောင် အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် လိုအပ်သေး၏။ တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၃၆ ဘုံအထိ ကျင့်ကြံနိုင်ခဲ့လျှင်တောင်မှ အန္တိမဟင်းလင်းပြင်သို့ သွားရောက်၍ တံဆိပ်ခတ်နှိပ်ရန် လိုအပ်သည်။

သို့သော် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့၏ ကျင့်စဉ်စနစ်ကတော့ တာအိုကျင့်စဥ်စနစ်နှင့် လောကသစ်ပင်ကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ လောကသစ်ပင်က သူတို့၏ ကိုယ်ပိုင်တာအိုသစ်ပင်နှင့် တူညီ၏။

ထိုစနစ်အရ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦးသည် ထိုက်ငါးပါးအဆင့်ကို ကျင့်ကြံပြီး၍ လောကသစ်ပင်ကို စတင်ဖန်တီးနိုင်လျှင် တာအိုသိုင်းပညာရှင်အဆင့်သို့ ရောက်ချေပြီ။ တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံတစ်လွှာ တိုးတက်လာတိုင်း ပြီးပြည့်စုံသော တာအိုသိုင်းပညာရှင်တစ်ယောက်ဖြစ်ရန် ပိုမိုနီးစပ်လာလေလေ ဖြစ်မည်။

ဤကျင့်စဉ်စနစ်၏ အကျိုးကျေးဇူးမှာ အရည်အသွေးပြောင်းလဲမှုကို ပမာဏပြောင်းလဲမှုအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ တာအိုအဆင့်တစ်ဆင့်စီတိုင်းသို့ ခွဲဝေပေးခြင်းပင် ဖြစ်သည်။

“ရှုရှန်းဟွာရဲ့ စွမ်းဆောင်ရည်က လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားတစ်ယောက်နဲ့ သိပ်မကွာဘူး… ဒါပေမဲ့ ကိုယ်ပွားနှစ်ယောက်အပြင် တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးပါ ရှိနေတော့ သူ့ထက် အများကြီး သာသွားလိမ့်မယ်… သူ့အနေနဲ့ ကောင်းကင်နတ်သိုင်းတွေကိုပဲ အားကိုးရတော့မှာ”

ချင်မူ အနက်ရောင်တောင်တန်းများဆီသို့ ပိုပို၍ နီးကပ်လာချေပြီ။ အနက်ရောင်တောင်တန်းများမှ ထွက်ပေါ်လာနေသည့် ကောင်းကင်နတ်သိုင်းများမှာ အလွန်တရာ သိပ်သည်းနေပြီး အရပ်မျက်နှာမျိုးစုံမှ စီးဖြာလာနေသည်။ သူတို့သုံးယောက်သည် အင်မတန် မြန်ဆန်သော အမြန်နှုန်းဖြင့် လှုပ်ရှားတိုက်ခိုက်နေကြဟန် တူသည်။ “ရှုရှန်းဟွာရဲ့ အားသာချက်က ခွန်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခါ သူလည်း ပိုပြီး ခွန်အားကြီးလာတာပဲ… သူ့ဦးနှောက်က သိပ်ကို ထက်မြက်တော့ တိုက်ပွဲမှာ ရန်သူရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေကို တန်ပြန်တိုက်ခိုက်ဖို့ အမြဲစဉ်းစားနေတာ… ဒါပေမဲ့ ဒါက လိုအပ်ချက်တစ်ခုတော့ ရှိတယ်… သူ့ရဲ့ ဗဟုသုတက လင်းကွမ်ခန်းမသခင်လို ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အဆင့်အထိ ယှဉ်ပြိုင်နိုင်သလားဆိုတာပဲ”

သူ၏ဗဟုသုတသာ လင်းကွမ်ခန်းမသခင်နှင့် မယှဉ်နိုင်ပါက မည်မျှပင် ထက်မြတ်ပါစေ ရှုံးနိမ့်လိမ့်မည်သာ။

လင်းကွမ်၏ ဗဟုသုတကြွယ်ဝမှုမှာ အတိတ်စကြ၀ဠာလေးခုအပြင် မီလော့နန်းတော်ဆီမှ စုဆောင်းထားခြင်း မဟုတ်လော။

မီလော့နန်းတော်သည် အတိတ်စကြ၀ဠာ ၁၆ စင်းအတွင်း အထွန်းတောက်ဆုံးနှင့် မြင့်မြတ်ခမ်းနားဆုံး နေရာဖြစ်ပြီး အထွတ်အမြတ်နယ်မြေတစ်ခုလည်း ဖြစ်သည်။

လင်းကွမ်ခန်းမသခင်အနေဖြင့် မီလော့နန်းတော်၏ အခြေခံပညာအားလုံးကို သင်ယူရန် မဖြစ်နိုင်သော်လည်း သူ၏စွမ်းဆောင်ရည်တို့ကတော့ ပေ့ါသေးသေး မဟုတ်ပေ။ ရုပ်ခန္ဓာထဲ၌ ရှေးဟောင်းနတ်ဘုရားအားလုံးနီးပါး ထည့်သွင်းထားနိုင်ခြင်းကပင် မွေးရာပါမဟာတာအိုများတွင် အံ့မခန်းလိလိ အောင်မြင်မှုများ ရထားကြောင်း ပြသနေသည်။

ရှုရှန်းဟွာအနေဖြင့် ဗဟုသုတအရာတွင် သူ့ကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ချင်မူ အနက်ရောင်တောင်တန်းထဲသို့ ပြေးဝင်သွားသည်။ အနက်ရောင်တောင်တန်းသည် အလွန်ကျယ်ပြန့်‌သော ပထဝီအနေအထားကို ပိုင်ဆိုင်ထား၏။ ချင်မူ တောင်ထိပ်တစ်ခုပေါ်သို့ တက်ကြည့်လိုက်ရာ တောင်များ ကွဲအက်နေသည်ကို တွေ့လိုက်ရသည်။ ဤနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်အောင် ပြင်းထန်လွန်းသဖြင့် တောင်ထိပ်များပင် ကွဲအက်ခဲ့ရချေပြီ။

ရုတ်တရက် တုန်ခါလှိူင်းများ ငြိမ်ကျသွားသည်။

ချင်မူ့စိတ်ထဲတွင် လေးလံသွားမိသည်။ သူက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားကုန် တရွတ်တိုက်ဆွဲ၍ နောက်ဆုံးတုန်ခါလှိုင်း ထွက်ပေါ်ခဲ့သည့် နေရာသို့ ချိနဲ့နဲ့ လျှောက်သွားသည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်တောင်တစ်လုံး၏ တောင်ခြေ၌ ပြန့်ကြဲနေသော အုတ်ဂူများကို တွေ့လိုက်ရသည်။

ချင်မူလည်း မှင်သက်သွားကာ ဒေါင်လိုက်မျက်လုံးကို ကြိုးစားဖွင့်လျက် အုတ်ဂူများထဲသို့ ကြည့်လိုက်သည်။

သူ၏မျက်နှာတွင် အံ့ဩမှင်သက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြုံးလိုက်မိ၏။ “ရှုရှန်းဟွာ…. ဒီလူကတော့… အလုပ်ပေးခဲ့တဲ့သူဆီကနေ ခိုးလိမ့်မယ်လို့ ထင်ထောင် မထင်ထားဘူး.… ဗဟုသုတအရာမှာ သူက လင်းကွမ်ခန်းမသခင်ထက်တောင် သာလောက်တယ်”

သူ တခြားတောင်များဆီသို့ ဆက်ကြည့်လိုက်ရာ အုတ်ဂူများနှင့် ကျောက်တိုင်များ အများအပြား ရှိနေကြသည်ကို တွေ့လိုက်ရသည်။ ဤနေရာရှိ အုတ်ဂူအရေအတွက်မှာ ချင်မူ မျှော်မှန်းထားသည်ထက်ပင် မြင့်မားနေချေသည်။

သူက ခြေလှမ်းများအား အရှိန်လျှော့ကာ ဆက်လျှောက်သွားသည်။

လောကသစ်ပင်မှ တာအိုရှိခဲ့သော အစွမ်းထက်သိုင်းပညာရှင် အနည်းငယ်သာ ရှိသည်။ ထိုသူအများစုမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင်သာ စုဝေးနေကြ၏။ ကျောက်စိမ်းမြို့တော်သည် တာအိုသိုင်းပညာရှင်များအတွက် အထွတ်အမြတ်နယ်မြေ ဖြစ်ပြီး တာအိုသစ်ပင်များမှာ တောအုပ်များ ဖွဲ့တည်နိုင်သည်အထိပင် များပြားသည်။

လောကသစ်ပင်မှ ခိုးဝင်လာရန် ကြိုးစားနေကြသော အတိတ်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်အများစုမှာ တာအိုရရန် အခွင့်မသာခဲ့ကြသဖြင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ဝင်ရောက်ခွင့် မရှိခဲ့ပေ။ ထို့ကြောင့် အသက်ရှင်ရန်အတွက် လောကသစ်ပင်မှ ခိုးဝင်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။

ထော့ကျိုး သေဆုံးသွားခဲ့စဉ်တုန်းက ချင်မူသည် အနက်ရောင်တောင်တန်း၏ သတ္တုကြောများထဲသို့ ၀င်ရောက်ကာ အတိတ်စကြ၀ဠာ သိုင်းပညာရှင်တစ်ရာ‌ကျော်အား ဒေါသတကြီး သတ်ဖြတ်ပစ်ခဲ့၏။

ရှုရှန်းဟွာမှာမူ ဤမျှအားကောင်းသည့် အတိုက်အခိုက်စွမ်းရည်အား ညတွင်းချင်း ရခဲ့ခြင်းမဟုတ်ပေ။ လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်တစ်လျှောက်လုံး ဇွဲရှိရှိ ကြိုးစားခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ တစ်နည်းပြောရလျှင် သူသည် နေ့စဉ်နေ့တိုင်း အတိတ်စကြ၀ဠာမှ သိုင်းပညာရှင်များနှင့် တိုက်ခိုက်ရင်း သူ့ကိုယ်သူ ထက်သထက် ထက်လာအောင် သွေးနေခဲ့၏။ အတိတ်စကြ၀ဠာမှ တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအပေါ် သူ၏ သိမြင်နားလည်မှုမှာ လင်းကွမ်ခန်းမသခင်ထက်ပင် သာလွန်ကောင်း သာလွန်နိုင်သည်။

ဤသည်က ရှုရှန်းဟွာ အနိုင်ယူနိုင်မည့် အခွင့်အရေးပင်။

“သူက တာအိုသစ်‌စေးတွေ အများကြီး ခိုးသောက်ခဲ့တော့ ကျင့်ကြံခြင်းအခြေခံက အတော်လေး တိုးတက်သွားတာပဲ… နေ့တိုင်းနည်းနည်းစီ သောက်ရင်း အတိတ်စကြ၀ဠာ သိုင်းပညာရှင်တစ်ယောက်ကို လွှတ်ပေးတယ်… တိုးတက်မှုကို နည်းနည်းချင်း စုသွားရင် သူ့ရဲ့ ကျင့်ကြံတဲ့အချိန် တိုလွန်းတဲ့ အားနည်းချက်ကိုလည်း ဖြည့်နိုင်ခဲ့တယ်… ငါသာ သူဆိုရင် လင်းကွမ်ခန်းမသခင် ရောက်လာတာ မြင်တည်းက ဝာာအိုသစ်စေးအားလုံး သောက်ပစ်ပြီး တိုက်ခိုက်မိမှာပဲ…”

“ရှုရှန်းဟွာလည်း အဲ့ဒီလိုပဲ လုပ်လိမ့်မယ် … သူလည်း ငါ့လို ဉာဏ်ကောင်းတယ်လေ”

ချင်မူမှာ ရှေ့သို့ ဆက်လျှောက်နိုင်ရန် မနည်း ကြိုးစားနေဆဲပင်။ ရှုရှန်းဟွာကို မျက်ဝါးထင်ထင် တွေ့ရမှသာ စိတ်အေးနိုင်လိမ့်မည်။

နောက်ဆုံးတွင် နောက်ဆုံးတုန်ခါလှိုင်း ထွက်‌ပေါ်ခဲ့သည့်နေရာသို့ ရောက်လာ၏။ လင်းကွမ်ခန်းမသခင်၏ ဗလထောင့်တောင့် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်သည် တောင်ကြားတစ်ခုတွင် ရပ်နေကြသည်။ မှော်စွမ်းအင်လက်ကျန်တို့က ပတ်၀န်းကျင်တွင် ပြန့်ကြဲနေဆဲ ဖြစ်၍ သေစေနိုင်သည့် သက်ရောက်အားက ကျန်ရှိနေသေးသည်။

ဤမှော်စွမ်းအင်မှာ မီလော့နန်းတော်၏‌ မှော်စွမ်းအင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အလွန်အား‌ကောင်းသော တာအိုသံကြိုးများက ကောင်းကင်မြေပြင်ပိုက်ကွန်ကို ဖွဲ့တည်လျက် ဤနေရာအား ပိတ်ဆို့ထား၏။

ရှုရှန်းဟွာမှာမူ ထိုရှေးဟောင်းနတ်ဘုရားကိုယ်ပွား နှစ်ယောက်မကြားတွင် လဲတသည်။ သူ၏ ပတ်ပတ်လည်တွင် သွေးများ အိုင်ထွန်းနေကာ သူ့မှာ လှုပ်ပင် မလှုပ်နိုင်တော့ပေ။

“ဧကန္တ…”

ချင်မူ့နှလုံးသား လစ်ဟာသွား၏။ လင်းကွမ်ခန်းမသခင်၏ တာအိုသစ်သီးနှင့် တာအိုပန်းပွင့်တို့မှာ စုတ်ပြဲနေသော်လည်း အပြည့်အ၀ ပျက်စီးသွားခြင်း မရှိသေးပေ။ ယင်းတို့က တာအိုသံကြိုးပိုက်ကွန်ကို ထောက်ပံ့ပေးထားသည်။

ချင်မူ ရှေ့သို့ တက်သွားပြီး လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်ကို ကြည့်လိုက်ရာ ကြောင်သွားမိသည်။

သူ တာအိုသံကြိုးများကို ဖြတ်သန်း၍ ကောင်းကင်မြေပြင်ပိုက်ကွန်ထဲသို့ တည့်တည့်လျှောက်သွားသည့်အခါ ပြင်းထန်လှသော စွမ်းအားတို့ ‌ပေါက်ကွဲထွက်လာ၏။

ချင်မူ ညည်းညူလိုက်မိသည်။ သူ့တွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အား မရှိတော့ပေ။ သူ၏

ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်ဖြင့် မှော်စွမ်းအင်ကို အားတင်းတောင့်ခံကာ ပိုက်ကွန်ထဲသို့ ဝင်ရောက်သွားလေသည်။

ဝုန်း… ဝုန်း…

ကျယ်လောင်လှ‌သော ပေါက်ကွံသံကြီးနှစ်ချက် ဆင့်ကဲထွက်ပေါ်လာပြီး လင်းကွမ်ခန်းမသခင်၏ တာအိုသစ်သီးနှင့် တာအိုပန်းပွင့်တို့ ပေါက်ကွဲသွားသည်။ ထို့နောက် ရှေးဟောင်းနတ်ဘုရား ကိုယ်ပွားနှစ်‌ယောက်၏ ခန္ဓာကိုယ်တို့မှာ မြေပေါ် ဘုန်းခနဲ လဲကျသွားတော့၏။

ရှုရှန်းဟွာက မော့ကြည့်လိုက်ပြီးနောက် ခေါင်းပြန်ချလိုက်ကာ အသက်လုရှူနေသည်။ ထို့နောက် အက်ကွဲခြောက်ကပ်နေသော အသံဖြင့် ပြော၏။ “ဂိုဏ်းသခင်ချင် ရောက်လာပြီလား…. ငါ သူ့ရဲ့ နောက်ဆုံးမှော်စွမ်းအင်ကို မဖျက်ဆီးနိုင်တော့ဘူး.. သူက နောက်ဆုံးခွန်အားကို သုံးပြီး ငါ့ကို ဒီနေရာမှာ ချုပ်ထားတာ … ညရောက်လို့ ဒီနေရာက အတိတ်စကြ၀ဠာ သိုင်းပညာရှင်တွေရဲ့ သုခဘုံ ဖြစ်လာတဲ့အခါကျ ငါ့ကို သတ်သွားကြအောင်လို့ပေါ့..”

ချင်မူက သူ့ဘေးသို့ ရောက်လာပြီး ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ ရှုရှန်းဟွာ၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများစွာ ပွထနေပြီး အနာမကျက်သေး‌ပေ။ မီလော့နန်းတော်၏ မှော်စွမ်းအင်လက်ကျန်များ ကျန်နေခဲ့သေးသည်။

ချင်မူ ကုသပေးရန် ကြိုးစားသော်လည်း သူ့တွင် ချီစွမ်းအင် မရှိတော့ပေ။

“ငါ သေစေနိုင်တဲ့ဒဏ်ရာတွေ မရအောင် တတ်နိုင်သလောက် ရှောင်ခဲ့ပါတယ်”

ရှုရှန်းဟွာက ရှားရှားပါးပါး ပြုံးလိုက်ကာ ပြောသည်။ “မင်းက င့ါထက်တောင် အဖြစ်ဆိုးသေးတယ်…. ကိုယ့်ကိုယ်ကို အရင်ကုပါဦး… ငါက လောကသစ်ပင်ပေါ် ကုတ်တက်ပြီး ထိုက်ယီတာအိုသစ်ပင် ပေါ်လာတာ စောင့်ရုံပဲ… တာအိုသစ်စေး နည်းနည်းလောက် ရလိုက်ရင် အသက်ရှင်နိုင်မှာပါ…”

ရုတ်တရက် သူ၏မျက်နှာပေါ်သို့ ရေစက်များ ကျလာသလို ခံစားလိုက်ရသည်။

ချင်မူ၏ မျက်လုံးထဲမှ မျက်ရည်များ အဆက်မပြတ် စီးကျနေသည်ကို တွေ့လိုက်ရသဖြင့် ရှုရှန်းဟွာမှာ ထိတ်လန့်သွားလေသည်။

ရှုရှန်းဟွာက အလောတကြီး ပြောသည်။ “ဂိုဏ်းသခင်ချင်… မင်း ဘာဖြစ်နေတာလဲ… ငါ မသေသေးပါဘူး…”

ချင်မူက ရုတ်တရက် အော်ငိုလိုက်ပြီး ဒယိမ်းဒယိုင် ထရပ်ကာ အားတင်းကာ လမ်းလျှောက်နေသည်။ “ငါ ကောင်းကင်နတ်အရှင်ယွင်ကို မကယ်နိုင်တော့ဘူး... ပြန်သွားဖို့ အချိန်မမီတော့ဘူး… ပြန်သွားမှဖြစ်မယ်… အမြန်ဆုံး ပြန်သွားမှဖြစ်မယ်…”

ရှုရှန်းဟွာက သူ၏ခြေကျင်းဝတ်ကို အားယူဖမ်းဆွဲ၍ အက်ကွဲစွာ ပြောလိုက်သည်။ “စိတ်ထိန်းဦး… မင်းအခြေအနေက ငါ့ထက် ကောင်းနေတာ မဟုတ်ဘူး… အတင်း ဖိအားပေးပြီး ကမ္ဘာဦးဘုံကို ပြန်သွားရင်တောင် နောက်ကျရုံပဲ ဖြစ်လိမ့်မယ်… ပိုပြီးတော့ အချိန်ကြာမှာ… စိတ်အေးအေးထား… ညလည်း ရောက်တော့မှာ… အနားယူလိုက်ဦး… ထိုက်ယီတာအိုသစ်ပင် ပေါ်လာရင် တာအိုသစ်စေးနည်းနည်း သောက်လိုက်တာနဲ့ ကျင့်စဉ်စွမ်းအင် တချို့တစ်၀က်တော့ ပြန်သက်သာလာလိမ့်နယ်… ကမ္ဘာဦးဘုံကို ပိုပြီးစောစော ရောက်နိုင်လိမ့်မယ်”

ချင်မူ ရပ်လိုက်ပြီး ခဏတာ ငြိမ်ကျသွားသည်။ ထို့နောက် ခါးကိုင်း၍ ရှုရှန်းဟွာကို ဆွဲထူလိုက်သော်လည်း ယိုင်ကာ နှစ်ယောက်စလုံး ဟပ်ထိုးလဲတော့မလို ဖြစ်သွားသည်။

သူတို့နှစ်ယောက်က အချင်းချင်း တွဲလျက် လောကသစ်ပင်ဆီသို့ အားတင်းလျှောက်သွားကြသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အထူးချွန်ဆုံးသော အရှင်သခင်နှစ်ဦးမှာ ယခုတွင် အဘိုးအိုနှစ်ဦးပမာ ချိနဲ့အားပြတ်စွာဖြင့် လျှောက်နေရချေသည်။

နေလုံးကြီးကား ‌အနောက်အရပ်သို့ မြုပ်၀င်သွားခဲ့လေပြီ။

နေဝင်ချိန်ရောက်မှသာ နှစ်ယောက်သား လောကသစ်ပင်အောက်သို့ ရောက်လာကြ၏။ ချင်မူက ကျင့်စဉ်စွမ်းအင်အနည်းငယ် ပြန်ပြည့်လာ‌သောကြာင့် မှော်စွမ်းအင် အသက်သွင်းလျက် ရှုရှန်းဟွာအား လောကသစ်ပင်ထိပ်သို့ ခေါ်လာခဲ့သည်။

နှစ်ယောက်လုံးက အမြင့်ဆုံး သစ်ရွက်ပေါ်တွင် ထိုင်၍ မော့ကြည့်နေကြသည်။ ဘိုးဘေးနန်းတော်၏ ကြယ်တာရာကောင်းကင်မှာ တောက်ပလင်းလက်နေသည်။ ကြယ်တာရာအများစုက မီးအိမ်များကဲ့သို့ ခန့်မှန်းမရနိုင်စွာ ပြောင်းလဲရွေ့လျားနေ၏။ ဤသို့ ဖြစ်နေရခြင်းမှာ ရွှမ်တုကြောင့် ဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်သည် ရွှမ်တု၏ ကြယ်တာရာနတ်ဘုရားများ၊ နေစောင့်ရှောက်သူများနှင့် လ‌စောင့်ရှောက်သူများကို ဦးဆောင်ကာ ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်‌နေသည်။ နေစောင့်ရှောက်သူများနှင့် လ‌စောင့်ရှောက်သူအားလုံးသည် ကြယ်တာရာနတ်ဘုရားများဖြစ်သောကြောင့် သူတို့တိုက်ခိုက်ကြသည့်အခါ ကြယ်တာ‌ရာကောင်းကင်တွင် ကြယ်တာရာများ ရှုပ်ထွေးလာလေသည်။

ကြယ်တာရာကောင်းကင်၏ အခြေအနေ ရှုပ်ထွေးနေခြင်းက ရွှမ်တု၏ စစ်တပ်အားလုံးနီးပါး ထွက်ခွာသွားပြီ ဖြစ်ကြောင်း ပြသနေသည်။

နောက်ဆုံးတော့ ထိုက်ယီ၏ တာအိုသစ်ပင်က အန္တိမဟင်းလင်းပြင်မှ ထွက်ပေါ်လာ၏။ ချင်မူနှင့် ရှုရှန်းဟွာတို့က ဒယိမ်းဒယိုင် ထရပ်လိုက်ကြပြီး ကျဆင်းလာသော တာအိုသစ်စေးများကို လက်ဖြင့် ခံလိုက်ကြသည်။

“ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကယ်နိုင်ပါ့မလား” ရှုရှန်းဟွာက ရုတ်တရက် မေး၏။

“ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကယ်နိုင်တယ်… ဒါပေမဲ့ ရွှင်ပျော်ပျော်ကျေးရွာကိုတော့ ကယ်နိုင်မှာ မဟုတ်ဘူး”

ချင်မူမှာ တာအိုသစ်စေးကို အငမ်းမရ သောက်ပြီး‌နောက် သစ်စေးကို သန့်စင်လိုက်သည်။ “ဒါပေမဲ့ ရွှင်ပျော်ပျော်ကျေးရွာကို သိမ်းပိုက်ဖို့အတွက် ကောင်းကင်နတ်ဘုံက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်… ရွှင်ပျော်ပျော်ကျေးရွာက လက်နက်တစ်ခုပဲ…. ခိုင်ဧကရာဇ်ရဲ့ ကြွယ်၀မှုအားလုံးနဲ့ သွန်းလုပ်ထားတဲ့ လက်နက်တစ်ခု”

ရှုရှန်းဟွာ ဇဝေဇဝါ ဖြစ်သွားသည်။

“ငါ ရွှင်ပျော်ပျော်ကျေးရွာကို သွားပြီး ကောင်းကင်ဘုံအလွှာ တစ်ခုချင်းစီရဲ့ အတွင်းပိုင်း တည်ဆောက်ပုံတွေကို လေ့လာခဲ့ဖူးတယ်…. အဲ့ဒီကောင်းကင်ဘုံတွေရဲ့ အပြင်ပိုင်းက သာမန်မြေကြီးနဲ့ တောတောင်တွေလို့ ထင်ရတယ်… ဒါပေမဲ့ အတွင်းပိုင်းကိုတော့ နတ်ရွှေတွေ၊ နတ်ဘုရားသတ္တုတွေနဲ့ သွန်းလုပ်ထားတာ... နှိုင်းမရနိုင်အောင် အသေးစိတ်တဲ့ ယန္တရားတွေလိုပဲ”

ချင်မူ ဆက်ပြောသည်။ “ခိုင်ဧကရာဇ်ချင်ယဲ့ရဲ့ ရွှင်ပျော်ပျော်ဓားက အခေါင်းပေါက်ကြီး… ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံက ရွှင်ပျော်ပျော်ဓားရဲ့ နှလုံးသားပဲ… ပြီးပြည့်စုံတဲ့ ရွှင်ပျော်ပျော်ဓားကို ရွှင်ပျော်ပျော်ကျေးရွာရဲ့ အထဲမှာ ဝှက်ထားတာ ဖြစ်ရမယ်… အရင်က ရွှင်ပျော်ပျော်ဓားရဲ့ စွမ်းအားက အမြဲတမ်း နိမ့်ကျပြီး အလွယ်တကူ ကျိုးပဲ့နေကျ…. အဓိကအကြောင်းရင်းက ဓားနှလုံးသားကြောင့်ပဲ… ဓားနှလုံးသား ဖြစ်တဲ့ ရွှင်ပျော်ပျော်ကျေးရွာမ ရှိရင် ရွှင်ပျော်ပျော်ဓားရဲ့ စွမ်းအားကို အပြည့်အ ၀ထုတ်လွှတ်လို့ မရနိုင်ဘူး”

ရှုရှန်းဟွာမှာ တစ်ခဏ တိတ်ဆိတ်နေပြီးနောက် ရေရွတ်လိုက်သည်။ “ခိုင်ဧကရာဇ်က တော်တော်စိတ်ရှည်တာပဲ”

ချင်မူ ခေါင်းညိတ်သည်။ “သူက အဲ့ဒီလိုလူမျိုးပဲလေ ... ရွှင်ပျော်ပျော်ကျေးရွာက ရန်သူကို တိုက်ခိုက်ပေးမယ့် သူ့ရဲ့ နောက်ဆုံးဝှက်ဖဲပဲ…. ကောင်းကင်ဘုံနတ်စစ်တပ် ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို သိမ်းပိုက်တဲ့အချိန် ရွှင်ပျော်ပျော်ကျေးရွာရဲ့ လျှို့ဝှက်ချက်က ပေါ်ထွက်လာလိမ့်မယ်”

သူက ကျင့်စဉ်စွမ်းအင် ပြန်လည်ပြည့်၀လာသောကြာင့် ရှုရှန်းဟွာ၏ တာအိုဒဏ်ရာများကို ချက်ချင်း ကုသပေးရင်း ဆက်ပြောသည်။ “ဒီည ငါ မတိုက်ခိုက်နိုင်ဘူး … မိုးသောက်မရောက်ခင် အားပြန်ဖြည့်ပြီး ကမ္ဘာဦးဘုံဆီ ပြန်သွားရမယ်…. မင်း တောင့်ခံထားနိုင်လား”

ရှုရှန်းဟွာက တည်ငြိမ်အေးစွာ ဖြေသည်။ “ငါ ဒီမှာ အနှစ်သုံးဆယ်လောက် တိုက်ခိုက်သတ်ဖြတ်လာခဲ့တာပါ..… အတိတ်စကြဝဠာ‌တွေမှာတောင် အတော်လေး နာမည်ကြီးနေပြီ… ခိုး၀င်လာတဲ့သူတချို့က ငါ့ကို ၁၇ စင်းမြောက်စကြ၀ဠာရဲ့ အမဲလိုက်မုဆိုးတဲ့လေ… ငါ့ဂုဏ်သတင်းက မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ယောက်အောက် မနိမ့်ကျဘူး… ညသန်းခေါင် မတိုင်ခင်တော့ ဘယ်သူမှ လာရဲမှာ မဟုတ်ဘူး…”

သူက တဟွတ်ဟွတ် အဆက်မပြတ် ချောင်းဆိုးလိုက်ရ၏။ တခဏကြာသော် ပြန်လည်တည်ငြိမ်သွားပြီး ဆက်ပြောသည်။ “သန်းခေါင်ကျော်ရင်တော့ စမ်းသပ်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်… ဒုတိယညကျမှ တကယ် တိုက်ခိုက်ကြမှာ… စိတ်မပူပါနဲ့… မင်း ထွက်သွားလို့ ငါမနိုင်တော့ရင် ထွက်လာလိုက်မယ်”

ချင်မူက တိတ်ဆိတ်စွာ ခေါင်းညိတ်၍ တာအိုသစ်စေးကို ဆက်လက်သန့်စင်ကာ ကျင့်စဉ်စွမ်းအင် ပြန်လည်သက်သာလာရန် အတတ်နိုင်ဆုံး ကြိုးစား‌နေ၏။ “ကောင်းကင်နတ်ဧကရာဇ်ဟောင် ဘိုးဘေးနန်းတော်ရဲ့ အထွတ်အမြတ်နယ်မြေအားလုံး ယူသွားမှာပဲ ငါ စိုးရိမ်တယ် … အရင်တုန်းက ဒီအထွတ်အမြတ်နယ်မြေတွေက ဖိနှိပ်ထားလို့ သိပ်ပြဿနာ မရှိခဲ့ဘူး… ဒါပေမဲ့ အခု အနက်ရောင်တောင်တန်းပါ ကျရှုံးသွားရင် တချို့တွေ အခွင့်ကောင်းယူပြီး ထွက်လာနိုင်တယ်”

သူ၏အကြည့်က စူးရှသွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “အတိတ်စကြဝဠာမှာ မီလော့နန်းတော်တစ်ခုတည်း ရှိတာမဟုတ်ဘူး … တခြားအင်အားစုတွေလည်း ရှိသေးတယ်.. မီလော့နန်းတော်လောက် စွမ်းအားမကြီးရင်တောင် ပေါ့သေးသေးတော့ မဟုတ်ဘူးကွာ”

All Chapters