အစီအစဥ်
Vol. 154 Ch. 2190
ထိပ်သီးပုဂ္ဂိုလ်များ၏ ကြောက်မက်ဖွယ် အင်အားနှင့် စွမ်းအားတို့ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဗဟိုပြုကာ ထွက်ပေါ်လာသည့် ကောင်းကင်စွမ်းအားများကဲ့သို့ ကြောက်မက်ဖွယ် မဟာလမ်းစဥ်ဖိအားကို ကောင်းကင်အာဏာစက်မြို့၏ တစ်ဝက်ကျော်ခန့်က ခံစားမိလိုက်ကြပေသည်။
မရေတွက်နိုင်သော တန်ခိုးရှင်များသည် ကောင်းကင်ကို ချက်ချင်း မော့ကြည့်လိုက်ကြပြီး မည်သည့်ကိစ္စတို့ ဖြစ်ပျက်နေသည်ကို သိချင်နေကြသည်။
ကောင်းကင်အာဏာစက်ဘုံ၏ လူများသည် ထိုသို့သော အခြေအနေမျိုးကို ထပ်မံ အံ့အားသင့်ခြင်း မရှိတော့ပေ။ လက်ရှိနှစ်များတွင် အလွန် အစွမ်းထက်သော လူများက များပြားလာပေသည်။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲများလည်း အချိန်မရွေး ဖြစ်ပွားတတ်ပေသည်။ မူလဘုံက ဘုံတစ်ခုအတွင်းမှ ဘုံတစ်ခုသာ ဖြစ်သည်ကို သိကြသောကြောင့် လူတိုင်းသည် နေသားကျသွားကြပြီဖြစ်ရာ သူတို့က ထပ်မံ၍ ထိတ်လန့်နေခြင်းမရှိတော့ပေ။
သို့သော် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် ဖိအားများကို ဖိအားများကို ခံစားမိသည့်အခါ ကျောင်းတော်၌ ထိုမျှ ကြောက်မက်ဖွယ်အစွမ်းထက်လှသော လူများ မည်သည့်အချိန်က စုစည်းရောက်ရှိနေသနည်းဟု သိချင်နေကြပေသည်။
မြို့အတွင်းရှိ တစ်နေရာတွင် တန်ခိုးရှင်များစွာ ရှိပြီး သူတို့ထဲရှိ တစ်ယောက်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့သည်။ သူက မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲ၌ လေဟာနယ်ကို ဖြတ်သန်းမြင်နိုင်စွမ်းတို့ ပါဝင်နေကာ ကျောင်းတော်အထက်မှ နေ၍ အထဲတွင် မည်သည်တို့ ဖြစ်နေသည်အား ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်၏။
ကျောင်းတော်၌ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦး ရောက်ရှိနေပြီး ထိုနှစ်ယောက်ကို သူ ယခင်က မြင်ဖူးခဲ့ခြင်းမရှိသည့်အတွက် အခြားဘုံမှ တန်ခိုးရှင်များ ဖြစ်ပုံရပေသည်။
နှစ်ဖက်မှ စွမ်းအားများက အချင်းချင်း ထိပ်တိုက်တွေ့သွားခဲ့သည်။ ကျောင်းတော်တွင် ရီဖူရှင်းက အင်ပါယာနန်ကို ကြည့်လိုက်သည်။ ထို့နောက် အဘိုးမာက ရေရွတ်လိုက်၏။ “ဒီမြို့ထဲမှာ အင်အားစုတွေ အများကြီး ရောက်နေတဲ့ပုံပဲ။”
“ဟုတ်တယ်။” အင်ပါယာနန်က ခေါင်းညိတ်လိုက်သည်။ “အင်အားစုတွေ အများကြီးပဲ။”
“ဒါဆို အဲဒါ သူတို့လား။” ရီဖူရှင်းက မေးလိုက်သည့်အခါ အင်ပါယာနန်က ခေါင်းယမ်း၍ ပြောလိုက်သည်။ “သူတို့ကလည်း ဒီမှာ ရှိနေတယ်လို့ပဲ ပြောနိုင်တယ်။”
“မှော်နက်စစ်တပ်က အရင်ရောက်လာပြီး နောက်တော့ ကောင်းကင်ဒေသက လူတွေ ရောက်လာတယ်။ ဒါပေမယ့် ကောင်းကင်ဒေသရဲ့ လူတွေကလည်း မှော်နက်စစ်တပ်လိုပဲ နှစ်ဖက်လုံးက ကောင်းကင်အာဏာစက်ဘုံကို လုယက်ဖျက်ဆီးချင်နေကြတာ။ အဲဒီလို တန်ခိုးရှင်တွေရဲ့ မျက်လုံးထဲမှာ အဆင့်မြင့်တော်ဝင်ကိုးဘုံက ရတနာသိုက်ကြီးပဲ။ ဒါပေမယ့် သူတို့အားလုံးက ချက်ချင်း မလှုပ်ရှားဘဲ ဘုံကို ထိန်းချုပ်နိုင်ဖို့အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်ကို သိမ်းယူဖို့ ရည်ရွယ်တယ်လို့ ပြောကြတယ်။”
အင်ပါယာနန်က အသေးစိတ်ပြောပြလိုက်ပြီး ထိုစကားများကြောင့် ရီဖူရှင်းသည် စိတ်ထဲမှ နက်ရှိုင်းစွာ အေးစက်မှုအား ခံစားလိုက်ရသည်။ မှော်နက်စစ်တပ်က မူလဘုံသို့ ရောက်လာခဲ့ပြီး ကောင်းကင်ဒေသမှ တန်ခိုးရှင်များက မှော်နက်စစ်တပ်အား မောင်းထုတ်ရန် အကူအညီပေးသင့်သည်။ သို့သော် ယခု ဖြစ်ပျက်သွားသည်များက ထိုသို့ ဟုတ်မနေပေ။ ကောင်းကင်ဒေသမှ အင်အားစုများ အားလုံးတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြပြီး သူတို့အားလုံးက ဘုံကို လုယက်ရန် စဥ်းစားနေကြခြင်း ဖြစ်ပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်သည် ကောင်းကင်အာဏာစက်ဘုံ၏ ပြယုဂ်တစ်ခု ဖြစ်လာသည်မှာ ကြာမြင့်နေပြီ ဖြစိသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက်ပြည်ထောင်တို့ သုတ်သင်ခံခဲ့ရပြီး ဝမ့်ရှန်တောင်တန်း၊ ကောင်းကင်နတ်တံခါးနှင့် နတ်ဆိုးဘုံမှ အင်အားစုများအားလုံးကလည်း ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပူးပေါင်းခဲ့ကြသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်က သူတို့၏ လွှမ်းမိုးနိုင်စွမ်းများ ပျောက်ဆုံးသွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်က ဘုံကို စိုးမိုးလာခဲ့သည်မှာ မငြင်းနိုင်သော အမှန်တရားပင် ဖြစ်သည်။ ကျောင်းတော်ကို သိမ်းပိုက်ခြင်းမှာ ဘုံတစ်ခွင်လုံးကို သိမ်းပိုက်သည်နှင့် ညီမျှပြီး ထိုသို့ပြုလုပ်ပြီးနောက်တွင် ထိုအင်အားစုများက သူတို့ စိတ်ရှိသလို လုပ်ဆောင်ကြပေလိမ့်မည်။
“ဒါဆို အဲဒီထဲမှာ ပါဝင်တဲ့ အင်အားစုတွေ အများကြီးရှိတယ်လို့ ဆိုလိုတာလား။” ရီဖူရှင်းက မေးလိုက်သည်။
အင်ပါယာနန်က ခေါင်းညိတ်လိုက်သည်။ “လွန်ခဲ့တဲ့ တစ်လက ကျောင်းတော်မှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်။ အင်အားစုတွေ အများကြီးက တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး အရှင်ထိုက်ရွှမ်က သူတို့ကို မောင်းထုတ်ဖို့အတွက် အသက်နဲ့ ရင်းခဲ့ရတယ်။ သူက သူတို့ကို အောင်အောင်မြင်မြင် ခြိမ်းခြောက်နိုင်ခဲ့ပြီး သူတို့ကို အချိန်တစ်ခုလောက် လက်လျှော့သွားအောင် လုပ်နိုင်ခဲ့တယ်။”
“ကျုပ်ရဲ့ လက်ရှိစွမ်းအားအဆင့်က အကူအညီနည်းနည်းပဲ ဖြစ်ခဲ့တာ။ အဲဒီပြင်ပအင်အားစုတွေ ဒီမှာရှိတဲ့ လူတိုင်းကို သတ်ဖြတ်တာကနေ တားဆီးနိုင်ခဲ့တာ ကျောင်းတော်ကို အကူအညီ ပေးဖို့ ရောက်လာကြတဲ့ စစ်ကူတွေကြောင့်ပါ။ အခု သောမျိုးနွယ်စု၊ ရှောင်ကလန်နဲ့ ယန်ယွမ်ကလန်တို့က လူတိုင်းပဲ ခက်ခဲတဲ့ အချိန်ဖြစ်နေကြတယ်။ ကျုပ်တို့ရဲ့ အရင်ရန်သူတွေက အခု သူတို့အားလုံးကို ဖိအားပေးနေကြတယ်။” အသံတစ်ခုက ပြောလိုက်သည်။
အရှင်ထိုက်ရွှမ်နှင့် အခြားလူများက သူတို့ထံ လျှောက်လာကြ၏။ ထို့နောက် အရှင်ထိုက်ရွှမ်က ထပ်ပြောလိုက်သည်။ “မူလဘုံမှာ အရာအားလုံးက အပြောင်းအလဲတွေ သိသိသာသာ ဖြစ်နေတာ။ အရင်နှစ်တွေကနဲ့မတူဘဲ ဒီအပြောင်းအလဲက အတော်ပြင်းထန်တာကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်က ဘုံထဲမှာ ဆက်ပြီးရပ်တည်နိုင်ပါ့မလားဆိုတာ မပြောတတ်ဘူး။”
အရှင်ထိုက်ရွှမ်သည် ထိုကိစ္စများနှင့် ပတ်သတ်၍ အဆိုးမြင်စိတ်ကို ခံစားနေရပုံရလေသည်။ ယခုတွင် ပြင်ပအင်အားစုများ ဝင်ရောက်လာကြပြီး အချို့မှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဆိုးဆုံးမှာ လက်ရှိ အပြောင်းအလဲများကို ကြည့်လျှင် မူလဘုံက စစ်မြေပြင်ဖြစ်လာရန် သေချာပေသည်။
မူလဘုံမှ အပြစ်မဲ့အသက်များ မည်မျှ သေဆုံးရလိမ့်မည်ကို မပြောနိုင်ပေ။
“အခု ကျုပ်တို့ကို ထောက်လှမ်းလာတဲ့ အင်အားစုတွေလည်း ပါတယ်လား။ သူတို့ကရော ကောင်းကင်ဒေသကလား။” ရီဖူရှင်းက မေးလိုက်သည်။
“အင်း.. တကယ်ကို ကောင်းကင်ဒေသက ပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ ခေါင်းဆောင်လာတဲ့သူက အင်ပါယာနန်နဲ့ အဆင့်ချင်းတူတူလောက်ပဲ။” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။ အင်ပါယာနန်က သူပြောသည်အား သဘောတူလိုက်၏။
ရီဖူရှင်းက သက်ပြင်းချလိုက်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထိုအကြောင်းကို သတိပြုမိခဲ့သည်။ စုန့်အင်ပါယာနန်တော်၊ ထိုက်ချူတော်ဝင်မြေ၊ အထက်ဘုံမှ ရှန်ကလန်နှင့် နေနတ်ဘုရားတောင်တန်းတို့အားလုံးက မူလဘုံကို အထင်အမြင်သေးကြသည်။ သူတို့ အမြင်အရ မူလဘုံသည် ချိပ်ပိတ်ခံထားရသော အောက်ဘုံတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် သူတို့က အနည်းငယ်မျှပင် ထိန်းချုပ်မှုမထားဘဲ စိတ်ရှိတိုင်းပြုမူနေခဲ့ခြင်း ဖြစ်သည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ပြီးနောက် ကျောင်းတော်က သူတို့အား မည်သည့်ဆန့်ကျင်မှုမှ မလုပ်ရဲသည်ကို သိရှိသည့်အတွက် ကောင်းကင်အာဏာစက်မြို့ထဲ၌ နေထိုင်ရဲကြပေသည်။
ထို့နောက် ရီဖူရှင်းက သွမ့်ထျန်းရှုံဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သူတို့ရဲ့ နောက်ခံကို တစ်ချက် စစ်ကြည့်ပေးလို့ရမလား စီနီယာ။”
သွမ့်ထျန်းရှုံက ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ ခေါင်းဆောင်ဖြစ်ရာ လွှမ်းမိုးနိုင်စွမ်းရှိသောသူ ဖြစ်လေသည်။ သူက ရှန်ချင်းနယ်မြေ၏ အလယ်ဆင့်ကောင်းကင် တတိယအလွှာမှ ဖြစ်သည်။ သူ၏ အနေအထားအရ ကောင်းကင်ဒေသမှ အင်အားစုများစွာကို ကောင်းကောင်း သိပေလိမ့်မည်။
“ကောင်းပြီ။” သွမ့်ထျန်းရှုံက သူ့စွမ်းအားများကို တစ်ဖက်လူများရှိရာသို့ ဖြန့်ကျက်ကာ ထိုနေရာတစ်ခွင်အား လွှမ်းခြုံလိုက်သည်။ ထိုနေရာရှိ ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြပြီး အထူးသဖြင့် ခေါင်းဆောင်လာသူပင် ဖြစ်သည်။ သူက အဝေးကို ကြည့်လိုက်လျှင် ကောင်းကင်၌ မျက်နှာသဏ္ဌာန် ပုံရိပ်လှိုင်းတစ်ခုကို မြင်လိုရက်သည်။ ထိုသူမှာ သွမ့်ထျန်းရှုံပင် ဖြစ်သည်။ ထို့နောက် သူက ပြောလိုက်သည်။ “ကျုပ်က ရှန်ချင်းနယ်မြေ သွမ့်ကလန်ကပါ။ ခင်ဗျားကရော ဘယ်ကလာတာလဲ သိခွင့်ရနိုင်မလား။”
ခေါင်းဆောင်လာသူက ကြောက်မက်ဖွယ် ဖိအားကို ပိုင်ဆိုင်ထားသည်။ သူက ထိုမျက်နှာကို မော့ကြည့်လိုက်ပြီး သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။ “ထုံးထျန်းနယ်မြေ နေနတ်ဘုရားကျောင်း။”
သွမ့်ထျန်းရှုံက ထိုလူကို ကြည့်လိုက်ပြီးနောက် တဖြေးဖြေး ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ကျောင်းတော်မှ ရီဖူရှင်းကို ပြောလိုက်သည်။ “နယ်မြေကြီးဆယ့်ရှစ်ခုထဲက ထုံးထျန်းနယ်မြေရဲ့ နေနတ်ဘုရားကျောင်း။ သူတို့က ကောင်းကင်ဒေသမှာ ထိပ်သီးအင်အားစုရယ်လို့တော့ မသတ်မှတ်နိုင်ပေမယ့် အလယ်အလတ်အဆင့်တော့ ရှိတယ်။ ကျုပ်ရဲ့ ခန့်မှန်းချက်အရ သူတို့က ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနဲ့ အဆင့်တူလောက်တယ်။ နေနတ်ဘုရားကျောင်းရဲ့ ခေါင်းဆောင်က သူတို့ကြားမှာ အစွမ်းထက်တယ်။ သူက ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာ ဖြစ်နိုင်တယ်။”
“နားလည်ပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ထိပ်သီးပုဂ္ဂိုလ်များဟု သတ်မှတ်နိုင်သော သူ့အနီးမှ လူများကို ကြည့်လိုက်သည်။
ကောင်းကင်အာဏာစက်၏ မဟာမိတ်အင်အားစုများက အားမနည်းကြသော်လည်း သူတို့ အနိုင်ကျင့်ခံရသော အကြောင်းပြချက်များထဲမှ တစ်ခုမှာ ပြင်ပအင်အားစုများက အရေအတွက် ပိုများသည့်အတွက် ဒေသခံအင်အားစုများအား ဂရုမစိုက်ကြခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ ရန်သူများစွာ ရှိနေသေးသည်။ ကျောင်းတော်၌ တန်ခိုးရှင်များစွာလည်း ရှိပြီး ဆန့်ကျင်ဘက်အနေနှင့် ပြင်ပအင်အားစုများက သူတို့၏ ကိုယ်ပိုင်လူတစ်စုကိုသာ ခေါ်ဆောင်လာသည့်အတွက် သူတို့ကို အနည်းငယ်သာ ဂရုစိုက်သည်ဟု ဆိုလိုပေသည်။
လက်ရှိတွင် သူ၏ ဘေးမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော အရှင်ထိုက်ရွှမ်က ထိုမျှ ထိခိုက်ဒဏ်ရာကို ရရှိထားသည့်အတွက် သူ့အား ဖယ်ထုတ်ရပေလိမ့်မည်။ အရှင်ထိုက်ရွှမ်အပြင် သူတို့ထံ၌ အင်ပါယာနန်၊ ထျန်းဟယ်မဟာအကြီးအကဲ၊ နတ်နန်းတော်မှ နန်းတော်သခင်နှင့် အဘိုးမာလည်း ရှိသေးသည်။ သွမ့်ထျန်းရှုံ မပါလျှင်ပင် သူတို့က ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအား သတ်ဖြတ်နိုင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်ပေသည်။
“နတ်နတ်ဘုရားကျောင်းရဲ့ ခေါင်းဆောင်အပြင် တခြားထိပ်သီးပုဂ္ဂိုလ် တစ်ယောက်ယောက် ဒါမှမဟုတ် သူတို့နဲ့ရင်းနှီးတဲ့ တခြားအင်အားစုတွေ ရှိလား။” ထို့နောက် ရီဖူရှင်းက သွမ့်ထျန်းရှုံကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။ သွမ့်ထျန်းရှုံ၏ မျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူသည် ရီဖူရှင်း ပြောသည့် စကားလုံးများက မည်သည်ကို ဆိုလိုကြောင်း နားလည်ပေသည်။
“မရှိလောက်ဘူး။” သွမ့်ထျန်းရှုံက ပြန်ဖြေလိုက်သည်။ “ကျုပ်ထင်နေသလိုပဲ မင်း တွေးနေတာလား။”
“အဘိုးမာက လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ပြီး သူက တိုက်ပွဲမြေပြင်ကို ချိပ်ပိတ်နိုင်တယ်။ အဲဒီလိုဆိုရင် ကျန်တဲ့ စီနီယာတွေလည်း မြန်မြန်ပြီးအောင် တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်တယ်။” ရီဖူရှင်းက စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေလိုက်သည်။
သွမ့်ထျန်းရှုံ၏ မျက်လုံးများက လင်းလက်လာသည်။ သဘောတရားအရ ပြောရလျှင် အစွမ်းထက် တန်ခိုးရှင်များစွာက လူတစ်ယောက်တည်းကို ရင်ဆိုင်ခြင်းသည် ရန်သူအား လျင်လျင်မြန်မြန် တိုက်ခိုက်ချေမှုန်းနိုင်မည်ဟု ဆိုလိုပေသည်။ ထို့အပြင် သူတို့အားလုံး ထွက်ကာ ရင်ဆိုင်လျှင် အန္တရာယ်ကင်းကင်းနှင့် ရန်သူအား ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ထို့အပြင် ကောင်းကင်အာဏာစက်မြို့က မကြီးမားသော်လည်း အခြား ထိပ်သီးအင်အားစုများ ရှိနေသည်။ သူတို့က နေနတ်ဘုရားကျောင်းအား ဆန့်ကျင်တိုက်ခိုက်ခဲ့လျှင် အခြားအင်အားစုများက နေနတ်ဘုရားကျောင်းအား အကူအညီပေး ပူးပေါင်းလာမည်ကို စိုးရိမ်မိပေသည်။
သူတို့က ရန်သူကို မသတ်နိုင်လျှင် ပြဿနာများရပေလိမ့်မည်။
“ကျုပ်တို့သာ ကျရှုံးသွားရင် ဘာဖြစ်မယ်ထင်လဲ။” သွမ့်ထျန်းရှုံက မေးလိုက်သည်။
“ကျုပ်တို့ ကျရှုံးသွားရင်တောင် သူတို့ကို ခြိမ်းခြောက်ဖို့တော့ အောင်မြင်လိမ့်မယ်။ အရင်တုန်းက သူတို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်တိုက်ခိုက်တော့ သူတို့ ဘာမှတောင် ဂရုစိုက်မနေခဲ့ဘူးလေ။” ရီဖူရှင်းက အများကြီး ဂရုမစိုက်ဘဲ ပြောလိုက်သည်။ ရှန်ချင်းနယ်မြေတွင် လေးမျက်နှာကျေးရွာအား မဆင်မခြင်ထိပါးရဲသော မည်သည့် အင်အားစုမှ မရှိတော့ပေ။ ကောင်းကင်ဒေသမှ အခြားအင်အားစုများက စုံစမ်းရန် လာရောက်လျှင် လေးမျက်နှာကျေးရွာကို သတိထားရပေလိမ့်မည်။
အဆုံးမှာတော့ ရွာအပြင်ဘက်၌ ဆရာသခင် တိုက်ခိုက်ခဲ့သော တိုက်ပွဲက အင်အားစုများအပေါ် အကြွင်းမဲ့ ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။
သွမ့်ထျန်းရှုံက သူ့စိတ်ထဲ၌ မြင်ကွင်းကို ပုံဖော်နေသည်။ သူတို့က တစ်ချိန်တည်းလှုပ်ရှားလျှင် ကျရှုံးခဲ့လျှင်ပင် ရန်သူအား မမေ့နိုင်သည့် သင်ခန်းစာ ပေးနိုင်ပေလိမ့်မည်။ ထိုသည်မှာ အနာဂတ်၌ ရန်သူများက တွေဝေခြင်းမရှိ ပြန်လည်တိုက်ခိုက်ခြင်းမရှိ တားဆီးနိုင်ပေလိမ့်မည်။
စစ်ဆင်ရေးအောင်မြင်သွားလျှင် နေနတ်ဘုရားကျောင်း၏ အဆုံးသတ်ဖြစ်သွားလိမ့်မည် ဖြစ်ကာ မည်သည့် ဆုံးရှုံးမှုမှ ရှိလိမ့်မည် မဟုတ်ပေ။ တော်ဝင်နန်းတော်က အာရုံစိုက်လာလျှင်ပင် တစ်ဖက်လူက အရင်ဆုံးတိုက်ခိုက်လာသူဖြစ်ရာ တော်ဝင်နန်းတော်က မည်သို့မှပြောနိုင်မည် မဟုတ်ပါချေ။
ထို့ကြောင့် ရီဖူရှင်း၏ အတွေးများက ရဲတင်းသော်လည်း ဖြစ်နိုင်ချေ ရှိပေသည်။
“မင်း တကယ်ပဲ အဲဒီလို လုပ်ဖို့ ရည်ရွယ်နေတယ်ဆိုရင် ကျုပ်က တခြားအင်အားစုတွေကို တားထားဖို့ ကူညီပေးမယ်။” သွမ့်ထျန်းရှုံက ပြောလိုက်သည်။ သူတို့လှုပ်ရှားသည်နှင့် အခြားအင်အားစုများက သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။ သူက အခြားအင်အားစုများကို အချိန်ဆွဲထားပေးနိုင်လျှင် ရီဖူရှင်းနှင့် အခြားလူများအတွက် အချိန်ပိုရနိုင်ပေလိမ့်မည်။ သူတို့က နေနတ်ဘုရားကျောင်းမှ ခေါင်းဆောင်ကို သတ်ဖြတ်နိုင်လျှင် သူတို့က ထိုနေရာရှိ လူတိုင်းကို ခြောက်လှန့်နိုင်မည် ဖြစ်ပေသည်။
“ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့ နှစ်ယောက်က စိတ်ချင်းဆက်သွယ်ကာ ပြောနေကြသော်လည်း အင်ပါယာနန်နှင့် အခြားလူများသည် ရီဖူရှင်းက မည်သို့သော ဆွေးနွေးမှုမျိုး လုပ်နေသည်ကို အနည်းနှင့်အများ ခန့်မှန်းမိကြပေသည်။
နောက်တွင် ရီဖူရှင်းက သူ၏ အတွေးများကို သူတို့ထံ စိတ်ချင်းဆက်သွယ်ကာ ပြောပြပြီးနောက် သူတို့က သူ့ကို စိုက်ကြည့်လာကြသည်။ သူက မည်မျှ ရဲတင်းသော လှုပ်ရှားမှုကို အကြံပြုနေသနည်း။ အစွမ်းထက် ပြင်ပအင်အားစုများစွာက ဤနေရာ၌ ရှိနေပြီး သူတို့ကို အစပြုတိုက်ခိုက်ခြင်းက အမှန်တကယ် အန္တရာယ်များလှပေသည်။
သို့သော် ကြိုးစားကြည့်ရန် ထိုက်တန်လှသည်။
သူတို့သည် အရှင်ထိုက်ရွှမ်အား ဒဏ်ရာရစေခဲ့သော သူများကိုလည်း လက်တုံ့ပြန်ခြင်းဖြင့် ပြည်ပအင်အားစုများကို ခြိမ်းခြောက်နိုင်ပေသည်။
“ဒါက ဖြစ်နိုင်ချေရှိတယ်။” အင်ပါယာနန်က သဘောတူညီလိုက်သည်။ အင်ပါယာနန်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သူဟု ယူဆရပေသည်။ သူက သမီးဖြစ်သူ နန်လော့ရှန်းကို မွေးဖွားပြီးနောက် သူ့ကိုယ်သူ ထိန်းချုပ်ရင်း နေထိုင်ခဲ့သည်။ ယခု မူလဘုံက အန္တရာယ်ကျရောက်နေပြီဖြစ်ရာ သူ၏ ချုပ်တည်းထားမှုများကို စွန့်လွှတ်ရမည့် အချိန်ရောက်ပြီဟု ယူဆပေသည်။
***