← Chapters

မိတ်ဆွေဟောင်းများကို အမီလိုက်ခြင်း

Vol. 6 Ch. 79

မိတ်ဆွေဟောင်းများကို အမီလိုက်ခြင်း

Vol. 6 Ch. 79

အခန်း (၇၉) : မိတ်ဆွေဟောင်းများကို အမီလိုက်ခြင်း

ဝမ်ဝေ့က ကျင့်ကြံရေး အခန်းထဲတွင် မျက်လုံးဖွင့်ကာ အသက်ရှူထုတ်လိုက်သည်။

“ သုံးနှစ်ကျော်ကြာပြီး နောက်ဆုံးတော့ ငါ မူလပင်လယ် ထိပ်သီးအဆင့်ကို ရောက်သွားပြီပဲ။ ဒီလောက်ထိ စွမ်းအားကြီးတဲ့ အုတ်မြစ်က ငါ့ရဲ့ ကျင့်ကြံနှုန်းကို နှေးကွေးသွားစေမယ်လို့ ဘယ်သူက သိထားမှာလဲ”

သို့သော် ဝမ်ဝေ့က ကျင့်ကြံခြင်း၏ ရှည်လျားသော ဖြစ်စဉ်ကို ဂရုမစိုက်ပေ။ အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သက်တမ်း ၃၀၀ ရှိပြီး ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ထက်ပိုသော နှစ်တစ်ရာ ရှိသည်။ ထို့အပြင် သူ၏ ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာက သူ့ကို အပိုသက်တမ်း ၂၀၀ ကျော် ထောက်ပံ့ထားသည်။

ထို့နောက် သူ မတ်တပ်ရပ်ကာ စတင်လှုပ်ရှားလိုက်သည့်အခါ အချိန်အကြာကြီး တင်ပျဉ်ခွေထိုင်ထားရသည့်အတွက် တောင့်တင်းနေပြီး ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ်အသံများပင် ထွက်လာသည်။ ထို့နောက် ဝမ်ဝေ့က မူလချီကို စတင် ပြုပြင်မွမ်းမံလိုက်သည်။

သူ ထိုအရာကို အလွယ်တကူ ဖိနှိပ်လိုက်ပြီး ထိုးဖောက်နိုင်စွမ်းကို တိုးမြှင့်ရန် ကတော့ပုံစံအဖြစ် ပြောင်းလဲလိုက်ကာ ခွန်အားများ ထပ်နေစေရန် လှိုင်းများအသွင် ပြောင်းလဲလိုက်သည်။ ထိုအရာက တိုက်ပွဲမျှော်စင်ထဲတွင် ဧကရာဇ်ငယ်ကို မရေတွက်နိုင်စွာ တိုက်ခိုက်ခဲ့သည့် ရလဒ် ဖြစ်သည်။

သို့သော် မဟာဧကရာဇ်အစစ်အမှန်၏ အလိုဆန္ဒက ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။ ထိုအရာက ဆိုးဝါးသော အဖြစ်အပျက်ဟု ဝမ်ဝေ့ တွေးမိသည်။ သူ တိုက်ပွဲရူးဧကရာဇ်ဆီမှ လျှို့ဝှက်ချက်များစွာကို သင်ယူနိုင်လောက်သည်။

သူ၏ မူလချီကို လေ့ကျင့်ပြီးသွားပြီးနောက် ဝမ်ဝေ့ လမ်းလျှောက်ထွက်ကာ သူ၏ နားနေခန်းဆီသို့ ဦးတည်သွားလိုက်သည်။ သို့သော် အခန်းတစ်ခုလုံးက အဆောင်များ စာရွက်စာတမ်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်ဝေ့က အရှုပ်ထုပ်များကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်

“ ငါ စံပြနဲ့ ပတ်သက်ပြီး ဘာ အချက်အလက်မှ ရှာမတွေ့ဘူး”

သူ့အဖေနှင့် အဘိုးပင် စံပြများနှင့် ပတ်သက်သော အကြောင်းအရာကို ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။ မျှော်စင်ထဲမှ အဖြစ်အပျက်ကို ရှင်းပြပြီးနောက် သူတို့ဂိုဏ်း၏ မဟာဧကရာဇ်များ တစ်နေရာရာ၌ အသက်ရှင်နေနိုင်သည်ဆိုသော အသိကြောင့် သူတို့နှစ်ယောက်လုံး အံ့ဩပျော်ရွှင်နေကြသည်။

အဖေနှင့် အဘိုးဖြစ်သူက တိုက်ပွဲမျှော်စင်သို့ သွားကြည့်သော်လည်း သူတို့ ဘာမှ မတွေ့တော့ပေ။ သို့သော် ဤသတင်းက သူတို့၏ စိတ်အားထက်သန်မှုအပေါ် အကျိုးသက်ရောက်မှု မရှိပေ။ သက်ရှိစွမ်းအားကြီးနောက်ခံ တည်ရှိနေခြင်းကို သိလိုက်ရသည်က သူတို့အတွက် လုံလောက်သည်ထက် ပိုသည်။

ဧကရာဇ်ထွက်ပေါ်လာသော သတင်းက ဝမ်မိသားစုနှင့် ကျန်မိသားစုနှစ်ခု၏ အကြီးအကဲများဖြစ်သာ မဟာအကြီးအကဲ ယန်းမိန်နှင့် လီကျန်းတို့သာ သိသည့် ဂိုဏ်း၏ အကြီးမားဆုံး လျှို့ဝှက်ချက်များ ဖြစ်လာသည်။

“စံပြများ” နှင့်ပတ်သက်ပြီး ဝမ်ဝေ့၏ စိတ်ဝင်စားမှုက မဟာဧကရာဇ်အဆင့် ရှိသူများသာ သိသော လျှို့ဝှက်ချက် ဖြစ်လာသည်။ “စံပြ”ဆိုသော စကားလုံးက သူ၏ ဝိညာဉ်နှင့် ပတ်သက်နေသည့်အချက်ကို မပြောဘဲ သူတို့ စကားပြောနေစဉ်အတွင်း တိုက်ပွဲရူး ဧကရာဇ်က ထိုအကြောင်းကို ပြောပြခဲ့သည်ဟုသာ ပြောလိုက်သည်။

ဝမ်ဝေ့က အစေခံတစ်ယောက်ကို ခေါ်ကာ စာရွက်စာတမ်းများကို စာကြည့်တိုက်သို့ ပြန်ပို့ခိုင်းလိုက်သည်။ ထိုအချက်ကြောင့် သူ၏ ရှာဖွေမှုက အချည်းနှီးဖြစ်သည်ကို သက်သေပြပြီးသား ဖြစ်သွားသည်။

ဝမ်ဝေ့က ခဏတာ အနားယူဖို့ ဆုံးဖြတ်လိုက်သည်။ လွန်ခဲ့သော သုံးနှစ်အတွင်း သူ လုပ်သည်က ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ သူ ခဏတာ အနားယူဖို့ လိုအပ်သည်။

သူက ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေချိန် ဆက်သွယ်ရေးအဆောင်တစ်ခု လင်းလက်လာသည်။ ထိုအရာက လီကျွင်းဆီမှ စာ ရောက်ရှိလာခြင်း ဖြစ်သည်။ သူ ကျင့်ကြံခြင်းကြောင့် အလုပ်များမနေခြင်းကို သိလိုက်ရသည့်အတွက် ဝမ်ဝေ့က သူ့ကို အတူတူသောက်ရန် ဖိတ်ခေါ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လီကျွင်းက ပျံသန်းခြင်းအဆောင်နှင့်အတူ ဝမ်မိသားစုနေအိမ်သို့ ပျံသန်းလာသည်။ သူက ရှုပ်ထွေးသောအိမ်တော်ကို ဖြတ်သန်းပြီးနောက် ဝမ်ဝေ့၏ နားနေခန်းသို့ ဦးတည်သွားလိုက်သည်။ လီကျွင်းက လာနေစဉ်အတွင်း သူ့ကို အရှက်သည်းနေသော မျက်နှာထားဖြင့် နှုတ်ဆက်သော အစေခံအချို့ကို ပြန်နှုတ်ဆက်နေသည်။

အိမ်တော်ထဲတွင် အလုပ်လုပ်သော အစေခံများက လီကျွင်း လာလည်သည့်အခါ သူ၏ ချောမောပြီး ပြုံးနေသော မျက်နှာလေးကို တွေ့ရတာကို သဘောကျနေကြသည်။ သူတို့၏ သခင်‌လေးက ပိုပြီးချောမောသော်လည်း အစေခံများက သူနှင့် မျက်နှာချင်းဆိုင်သည့်အခါ ဖိအားကို အမြဲတမ်း  ခံစားနေရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လီကျွင်း အခန်းထဲသို့ ရောက်လာကာ ဝမ်ဝေ့ကို ပြုံးပြ နှုတ်ဆက်ပြီး ထိုင်ဖို့ နေရာ ရှာလိုက်သည်။

ဝမ်ဝေ့က လီကျွင်းကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သည်။ သူ ပထမဆုံး သတိထားမိလိုက်သည်က သူ့ ကျင့်ကြံဆင့်ကလည်း မူလပင်လယ်ထိ ရောက်ရှိနေပြီဖြစ်သည် ဆိုသော အချက် ဖြစ်သည်။ သူက ထိပ်သီးအဆင့် ရောက်ဖို့ သိပ်မလိုတော့ပေ။ သို့သော် သူက လုံးဝ အံ့ဩခြင်း မရှိပေ။ လီကျွင်းက အဆင့်၂၀ တိုက်ပွဲရူးခန္ဓာကို ပိုင်ဆိုင်ထားသည်။

ဒုတိယအနေဖြင့် လီကျွင်းက တိုက်ပွဲရူးဧကရာဇ်နှင့် အတော်လေး တူကြောင်းကို ဝမ်ဝေ့ သတိထားလိုက်မိသည်။ အထူးသဖြင့် မျက်ခုံးများ ဖြစ်၏။ သို့သော် ဧကရာဇ်နှင့် မတူသည့်အချက်မှာ လီကျွင်း၏ တိုက်ခိုက်သည့် အရှိန်အဝါက ခန္ဓာကိုယ်မှ တစ်ချိန်လုံးထွက်နေပြီး တိုက်ပွဲရူး ဧကရာဇ်အနေနှင့် တိုက်ခိုက်သည့် အရှိန်အဝါက မျက်လုံးထဲတွင် ပုန်းကွယ်နေသည်။

“ ကြည့်ရတာ မင်းက ကောင်းကင် တိုက်ခိုက်ရေးကျမ်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးထင်တယ်”

လီကျွင်းက ပြုံးကာ ဖြေလိုက်သည်

“ အစ်ကိုကြီး … အားလုံးက အစ်ကိုကြီးလိုမျိုး ဧကရာဇ်အဆင့်ကျမ်းကို အလွယ်တကူ နားလည်ထိန်းချုပ်နိုင်တာမျိုး မဟုတ်ကြဘူးလေ”

“ ငါ ပြောနိုင်တာကတော့ ငါက ကောင်းကင်ရဲ့ လက်ဆောင်ကို ရခဲ့တယ်လို့ ပြောရမှာပဲ။ လာ မင်းရဲ့ အားအပြင်းဆုံး လက်သီးနဲ့ ထိုးလိုက်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မင်း ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာကို မြင်ချင်တယ်”

ထိုအရာကို ပြောပြီးနောက် ဝမ်ဝေ့က လီကျွင်းကို တိုက်ခိုက်ဖို့ အချက်ပြလိုက်သည့်အတွက် သူလည်း တိုက်ခိုက်လိုက်သည်။

လီကျွင်းက လက်ထဲတွင် မူလချီအများအပြားကို စုစည်းပြီးနောက် အနီရောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ ခွန်အားဖြင့် လက်သီးထိုးလိုက်သည်။

ဝမ်ဝေ့ အားကောင်းသော မူလချီကို စုစည်းလိုက်ပြီးနောက် လက်သီးချက်ကို ဟန့်တားလိုက်သည်။ သူတို့နှစ်ယောက်၏ ထိတွေ့မှုက လေကို တုန်လှုပ်သွားစေပြီး အားပြင်းသောကြောင့် အခန်းထဲရှိ စားပွဲများနှင့် အပြင်အဆင်များအားလုံးကို ဖျက်ဆီးလိုက်မိသည်။ သို့သော် ဘယ်သူမှ ထိုအရာကို အာရုံမစိုက်ပေ။

ဝမ်ဝေ့က လီကျွင်း၏ ခွန်အားကို သိရှိသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ လီကျွင်းမှာ အရမ်းနက်နဲသော အုတ်မြစ်ရှိပြီး နိဗာနကိုးပါးသွေးချီကို အနည်းဆုံး ၆ခုမြောက်အထိ ကျင့်ကြံပြီးပြီဖြစ်ကြောင်း သူ ပြောနိုင်သည်။

ဂိုဏ်းတစ်ခုလုံးတွင် သူ့ခွန်အားက တူညီသော နယ်ပယ်အဆင့်တွင် ဒုတိယ ဖြစ်သည်။ သို့သော် သူ မူလချီကို အသုံးပြုမှုက အတော်လေး ကြမ်းတမ်းပြီး ရှေးဆန်သည်။ လွန်ခဲ့သော သုံးနှစ်ကဆိုလျှင် ဝမ်ဝေ့ သတိထားမိမှာ မဟုတ်သော်လည်း ယခု မတူညီတော့ပေ။

“ မင်း အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်ကို ရောက်ပြီးတော့ တိုက်ပွဲမျှော်စင်ကို မသွားခဲ့ဘူးလား”

“ မသွားခဲ့ဘူး အစ်ကိုကြီး။ ကျွန်တော် ဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေနဲ့အတူ လျှို့ဝှက်နယ်ပယ်အဆင့် စစ်ဆေးမှု သွားခဲ့ရတာ။ ကျွန်တော် စိတ်ဝိညာဉ်ခရီးလမ်းကနေ ခေါ်ဆောင်လာတဲ့သူတွေကိုလည်း ဆက်ပြီး လေ့ကျင့်ပေးရသလို လူသစ်တွေကိုလည်း စုဆောင်းရသေးတယ်။ ကျွန်တော်တို့ မကြာခင် သူတို့ကို လိုအပ်လာမှာမလို့ ဂိုဏ်းက ကျွန်တော်ကို ကြိုတင်ပြင်ဆင်ဖို့ ပြောခဲ့တယ်”

ယခု လိုအပ်သော စစ်ဆေးမှုအတွက် သူနှင့် လီကျွင်း ဂိုဏ်းမှ ထွက်သွားရန် အချိန်တန်ပြီကို ဝမ်ဝေ့ သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုစစ်ဆေးမှုတွင် လီကျွင်း လေ့ကျင့်ပေးထားသည့် စစ်တပ်ကို လိုအပ်လိမ့်မည်။

“ မင်းမှာ အချိန်ရှိရင် လေ့ကျင့်ဖို့အတွက် တိုက်ပွဲမျှော်စင်ကို သွားလိုက်ဦးလေ။ မင်းတို့မျိုးနွယ်ရဲ့ ဘိုးဘေးချန်သွားတဲ့ ပုံပွားနဲ့ တိုက်ရိုက် တိုက်ခိုက်လို့ ရနိုင်တယ်။ သူက ကောင်းကင် တိုက်ခိုက်ရေးကျမ်းကို ဘယ်လိုမျိုး မှန်မှန်ကန်ကန် ထိန်းချုပ်ရမလဲဆိုတာ သင်ပြပေးနိုင်တဲ့ အကောင်းဆုံးဆရာတစ်ယောက်ပဲ”

လီကျွင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့အစ်ကိုကြီးက သူ တိုးတက်လာသော အခြေအနေနှင့် ပတ်သက်ပြီး အရမ်းကြီး ကျေနပ်နေပုံတော့ မပေါ်ပေ။ သို့သော် သူ စိတ်ထဲမထားပေ။ လွန်ခဲ့သော နှစ်များစွာတုန်းက ပြိုင်ဘက်များကို အလွယ်တကူ ဖိနှိပ်နိုင်ပြီး မိသားစုမှ ချီးကျူးမှုပေါင်းစုံ ရရှိခဲ့သော်လည်း သူက သူ့အစ်ကိုကြီး၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်း သူ သိသည်။

ထိုအကြောင်းက သူ နိဗာနကိုးပါးသွေးချီကို ကျင့်ကြံပြီးနောက် ပိုမိုသိသာလာသည်။ ထိုကျင့်စဉ်က ဘယ်လောက်ထိ အားကောင်းပြီး တန်ဖိုးကြီးလဲဆိုတာ သူ သိသည်။ သူ့အစ်ကိုကြီး ကျင့်ကြံပြီးနောက် သူ့အတွက်သူ ကွယ်ဝှက်ထားခြင်း မရှိဘဲ သူ့ ခွန်အားတိုးတက်လာစေရန် ကျင့်ကြံနိုင်ဖို့ အကြီးအကဲများထံ ခွင့်တောင်းပေးပြီး မရေတွက်နိုင်သော အရင်းအမြစ်များကို ထောက်ပံ့စေသည်။

သူ့အစ်ကိုကြီးက သူ့မိဘများထက်ပင် သူ့အပေါ် ထားသော မျှော်လင့်ချက်က ပိုကြီးကြောင်း လီကျွင်း သိသည်။ ထို့အပြင် သူ့ကိုယ်သူ မယုံကြည်သည့်အချိန်မှာပင် သူ့အစ်ကိုကြီးက သူ အောင်မြင်နိုင်လိမ့်မည်ဟု အမြဲယုံကြည်ပေးလေ့ ရှိသည်။

လီကျွင်း၏ တိုးတက်လာမှုကို စစ်ဆေးပြီးနောက် အကြောင်းအရာ ပြောင်းလဲ ပြောဆိုလိုက်သည်။

“ မင်း ဘာသောက်ချင်လဲ။ လက်ဖက်ရည်လား သေရည်လား။ မင်း သောက်ချင်ရင် ငါ့ဆီမှာ လုံရွှယ် လက်ဖက်ရည်ကြမ်း ရထားတာ ရှိတယ်”

“ အစ်ကိုကြီးက တကယ်ပဲ ကျွန်တော်ကို လက်ဖက်ရည်ကြမ်း ပေးသောက်ချင်တာလား။ အရင်တစ်ခေါက်က ဒီကိုလာတော့ အရမ်းကို ကပ်စေးနည်းနေခဲ့တာလေ”

ထိုအကြောင်းကို ကြားပြီး ဝမ်ဝေ့ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

သူ ဘယ်လိုလုပ်ပြီးတော့ ကပ်စေးမနည်းဘဲ နေပါ့မလဲ။ လတိုင်း လက်ဖက်ရွက် နည်းနည်းပဲရတာလေ။ သူ နှစ်အနည်းငယ် စုဆောင်းခဲ့တာ မဟုတ်ရင် သူနဲ့ ဘယ်လိုလုပ်ပြီး ဝေမျှပါ့မလဲ

ဝမ်ဝေ့၏ မျက်နှာထားကို မြင်လိုက်သော လီကျွင်းက ချက်ချင်း ပြောလိုက်သည်

“ လက်ဖက်ရည်ကြမ်းကို ထားလိုက်ပါ။ ကျွန်တော်တို့ သေရည်သောက်ပြီး စားကြရအောင်။ ကျွန်တော် အစ်ကိုကြီး ချက်ကျွေးတာကို မစားရတာ ကြာနေပြီ”

ဝမ်ဝေ့က ထိုကောင်လေး မြှောင့်ပင့်ပြောနေသည်ကို လျစ်လျူရှုပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ဤကမ္ဘာပေါ်တွင် ချက်ပြုတ်ခြင်းက အရမ်းရိုးရှင်းသည်။ ကျင့်ကြံသူအများစုက ကျင့်ကြံရင်းသာ အချိန်ကုန်ဆုံးနေသည့်အတွက် မတူညီသော ဟင်းလျာများကို ချက်ပြုတ်ကြည့်ဖို့ အချိန်မရှိသလို စိတ်ကူးလည်း မရှိပေ။

သေမျိုးများကလည်း အရသာကို ဂရုမစိုက်ဘဲ ဗိုက်ပြည့်ဖို့အတွက်သာ စားကြခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်ချီ၏ လွှမ်းခြုံခြင်းကြောင်း သာမန်တိရစ္ဆာန်များပင် ယခင်ကမ္ဘာမြေပေါ်မှ ပါဝင်ပစ္စည်းများထက် ပိုပြီး အရသာကောင်းသည်။

ထို့ကြောင့် ဝမ်ဝေ့က ယခင်ဘဝမှ ဟင်းလျာများကို စတင်အသုံးပြုတော့သည်။ သာမန်ဟင်းချက်ပညာကပင် သူ ချက်လိုက်သည့် ဟင်းလျာတိုင်းကို အင်မတန် အရသာရှိစေသည့်အတွက် ညစာ စားချိန်တွင် မိသားစုကြားထဲ၌ ကျော်ကြားသည်။

သူက ကိုယ်တိုင် မီးဖိုးချောင် ဝင်စရာမလိုစေရန်အတွက် အိမ်တော်ထဲရှိ အစေခံများနှင့် စားဖိုမှူးကို ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ သင်ပေးထားသည်။ သူ့အမေကိုယ်တိုင်လည်း သင်ယူခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် စားစရာအားလုံး အဆင်သင့် ဖြစ်သွားသည်။ ဝမ်ဝေ့နှင့် လီကျွင်းက သူတို့၏ တူများကို ကိုင်ကာ စတင်စားသောက်တော့သည်။

စားစရာက အရမ်းအရသာရှိသည်။ ယခုတစ်ခေါက်တွင် ဝမ်ဝေ့က ချက်ပြုတ်နေစဉ် မီးအပူချိန်ကို သေချာထိန်းချုပ်နိုင်ရန်အတွက် မီးဂါထာကို အသုံးပြုလိုက်သည်။ ထို့ကြောင့် သူ့အရည်အချင်းများ တိုးတက်လာသည်။

စားသောက်နေစဉ်အတွင်း ဝမ်ဝေ့က ရုတ်တရက် မေးလိုက်သည်

“ မင်းနဲ့ ယန်းလီလင်းရဲ့ အခြေအနေက ဘယ်လိုရှိလဲ”

လီကျွင်းက ထိုမေးခွန်းကြောင့် အနည်းငယ် အံ့ဩသွားသော်လည်း ဖြေလိုက်သည်

“ အတော်လေး ကောင်းနေပါတယ်” ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဝမ်ဝေ့က တူကို ချကာ သေရည်သောက်လိုက်ပြီး ပြောသည်

“ မင်းက ငါနဲ့အတူရှိနေတာ တော်တော်ကြာပြီပဲ။ မင်းအနေနဲ့ ဂိုဏ်းရဲ့ အတွင်းရေး မသမာမှုကို အရေးစိုက်သင့်တယ်။ မင်း အဲဒါသေချာရဲ့လား”

စားလက်စဖြစ်သည့် လီကျွင်း၏ လက်တို့ ရပ်တန့်သွားသည်။ တစ်မိနစ်ကျော်အကြာတွင် ဆက်လက် စားသောက်ရင်း ပြုံးကာ ပြောလိုက်သည်

“ ကျွန်တော်တို့ကြားမှာ အချစ်ရှိနေသရွေ့ အရာအားလုံး အဆင်ပြေပါတယ်”

“ အင်း ဒါက မင်းရဲ့ ကိုယ်ပိုင်ဘဝပဲလေ။ မင်း နောင်တ မရဘူးဆိုရင် ကြိုက်တာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ မင်း မလုပ်ချင်ရင် ငါ ရှိနေတာမလို့ ဘယ်သူမှ မင်းကို ဖိအားပေးလို့ မရစေရဘူး”

ထို့နောက် သူတို့နှစ်ယောက် ဆက်လက် စားသောက်ကာ သူတို့၏ လေးလံသော အကြောင်းအရာများကို မေ့ထားပြီး တခြားအကြောင်းများကို ဆက်လက်ပြောဆိုနေကြသည်။

All Chapters