← Chapters

သေပြီ

Vol. 138 Ch. 2057

သေပြီ

Vol. 138 Ch. 2057

“ ပြဿနာက အဲ့ဒီမှာပဲ ….” လင်းရီ ပြောဆိုလိုက်ပြီး “ ပုံမှန်ဆို ညသန်းခေါင် အပြင်စာမှာစားတဲ့လူတွေက ဗိုက်ဆာလို့ပဲ … ပြီးတော့ လူတွေ ဗိုက်ဆာတဲ့အချိန် စားနိုင်တာထက် အများကြီး ပိုမှာမိမယ်… ဒါပေမယ့် သူ ဘာမှာထားလဲ မင်းကြည့်လိုက် … ဆန်ပြုတ်နဲ့ ပေါက်စီတစ်လုံးတဲ့ …. ပြီးတော့ ပေါက်စီတောင် မကုန်လိုက်ဘူး … ဆန်ပြုတ်ဆိုလည်း ထိရုံတင် ထိထားတာ …. ဒါ အဓိပ္ပာယ် မရှိလား ….”

“ နင်ပြောတာ ယုတ္တိရှိတယ်….” ကူရိရန် ပြောလိုက်ပြီး “ သူ စားတဲ့ဟာက ငါ့ကြောင်လေးတောင် ဗိုက်မဝဘူး … ဒီတော့ သူ ဗိုက်ဆာလို့ အပြင်စာမှာတာတော့ မဖြစ်နိုင်ဘူး …”

“ ဒါကြောင်မို့ ဒီအချက်တွေ အကုန်လုံးက စုံစမ်းဖို့ ထိုက်တန်တယ်… ပြီးတော့ အခုလောလောဆယ် ဒါတွေ အကုန်လုံးက ကောင်းမွန်တဲ့ လမ်းစတွေပဲ …” လင်းရီ ထပ်ပေါင်း ပြောလိုက်သည်။

ထိုအချိန်မှာပဲ စုန့်ကန်း သူတို့ အနားသို့ ချဉ်းကပ်လာ၍ “ အရာရှိလီ … ငါတို့ အခုလောလောဆယ် ကနေဦး စစ်ဆေးတာတော့ ပြီးသွားပြီ .. ကောင်မလေးက ဆိုက်ယာနိုက် အဆိပ်မိပြီး သေဆုံးသွားတဲ့ပုံပဲ … ပြီးတော့ သူ မှာထားတဲ့ အစားအစာထဲမှာလည်း အဲ့ဒီ အဆိပ်က ရောနှောနေတယ်….”

“ အပြင်စာက အဆိပ်ခပ်ထားတယ်ဟုတ်လား …”

သုံးယောက်လုံး သံပြိုင်မေးလာခဲ့ကြသည်။

“ အင်း ….”

“ ဓာတ်စမ်းပစ္စည်းက ဆန်ပြုတ်မှာ အဆိပ်ပါနေတယ်လို့ ပြနေတယ်…. ပြီးတော့ သေသွားတဲ့အချိန်ကလည်း အော်ဒါမှာပြီးလို့ ရောက်လာတဲ့ အစားအသောက်ကို စားပြီးတဲ့အချိန်နဲ့ ကွက်တိနီးပါးပဲ ….”

“ ဆိုတော့ အခု မေးခွန်းထုတ်ရမှာက အဆိပ်က ဘယ်လို ဖြစ်လာလဲ ဆိုတာပဲ ….” ကူရိရန် ပြောဆိုလိုက်သည်။

“ ရောင်းတဲ့ဆိုင်က တစ်ခုခု လုပ်ထားတာများလား ….”

“ မဖြစ်နိုင်ဘူး …” လင်းရီ ပြောလိုက်ပြီး “ ဆိုင်ယာနိုက်က သာမန်လူတွေ အသုံးပြုဖို့ တင်းကြပ်ထားတဲ့ ပစ္စည်းပဲ … ရဖို့ တကယ်ခဲယဉ်းတယ်.. အပြင်စာရောင်းတဲ့လူမှာ အဲ့လိုလုပ်ချင်ရင်တောင် လုပ်နိုင်တဲ့ အစွမ်းအစမျိုး မရှိဘူး …”

“ ဒါဆို အပြင်လူ လုပ်တာပဲ ဖြစ်ရမယ်…. ငါတို့ အခုလုပ်ရမှာက ဘယ်အဆင့်မှာ အဆိပ်ခပ်သွားလဲ ဆိုတာ ရှာရမှာ …”

လီရှန်းဟွေ့ ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ရန်ရန် … မင်းက စားသောက်ဆိုင်နဲ့ ဒီလီပို့တဲ့လူကို စစ်ဆေးလိုက် …”

“ ဟုတ်ကဲ့ …”

“ ရီလေး …. မင်းက ဆေးရုံကို သေချာ အာရုံစိုက်ထားပြီး အမွေဆက်ခံတဲ့ အမှုမှာ တိုးတက်မှုအသစ် ရှိမရှိ စောင့်ကြည့်ထား ….”

“ ပြဿနာ မရှိဘူး ….”

တာဝန် ခွဲဝေပြီးသည်နှင့် လင်းရီတို့ နှစ်ဦး ထွက်လာခဲ့ကာ ကူရိရန်က အပြင်စာရောင်းသည့်ဆိုင်ကို စစ်ဆေးရန် ထွက်သွားခဲ့သည်။

ထိုစဉ် လင်းရီကတော့ ဆေးရုံသို့ ဦးတည်လိုက်၏။ မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် ဆေးရုံတွင် ကျန်းဇီရှင်းနှင့် ဆုံသည်။

“ အစ်ကိုရီ … ရှင့်ဘက်ခြမ်းက အခြေအနေဘယ်လိုရှိလဲ .. စွေ့ရှင်းနဲ့ တွေ့ခဲ့ပြီလား ….” ကျန်းဇီရှင်း မေးမြန်းလာသည်။

“ အင်း …. ဒါပေမယ့် ဟိုက သေပြီ ….”

“ သေပြီ ဟုတ်လား ….”

ကျန်းဇီရှန်း၏ မျက်လုံးတို့မှာ ရှော့ခ်ရမှုကြောင့် ပြူးကျယ်သွားခဲ့ပြီး နှုတ်ခမ်းကလည်း ပွင့်အာနေသည်။

“ ဆိုက်ယာနိုက် အဆိပ်မိတာ .. လူသတ်မှုပဲ …. ဒါပေမယ့် ဖြစ်စဉ် အပြည့်အစုံ သိချင်ရင်တော့ နည်းနည်း ထပ်စောင့်ရဦးမှာ ….”

စွေ့ရှင်း သေဆုံးသွားပြီဟူသည့် သတင်းကို ကျန်းဇီရှင်း လျင်မြန်စွာ ချေဖျက်လိုက်သည်။

“ ကျွန်မက သူ့ကို လူသတ်သမား ဖြစ်မယ် ထင်နေတာ … ဒါပေမယ့် သူလည်း အသတ်ခံလိုက်ရမယ်လို့ ထင်မထားဘူး….” ကျန်းဇီရှင်း နောင်တရစွာဖြင့် ပြောလိုက်မိသည်။

“ သူ အခုလို ရုတ်တရက် သေသွားခဲ့တာက ဒီခုဖြစ်စဉ်မှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေတယ်လို့ ဆိုလိုတာပဲ …. သူကနေတဆင့် ငါတို့ ဆက်ပြီး စုံစမ်းစစ်ဆေးလို့ရသွားပြီ …”

လင်းရီ ပြောဆိုပြီးနောက် မေးမြန်းလိုက်၏။ “ မင်းဘက်ခြမ်းက စစ်ဆေးတာရော အခြေအနေ ဘယ်လိုရှိလဲ ….”

“ လူနာတစ်ယောက်က အရေးပေါ်ဖြစ်နေလို့ ဒေါက်တာနဲ့ နာ့စ်တွေ အလုပ်များနေတာ … သူတို့ အလုပ်အားဖို့ ခဏလောက် စောင့်ရဦးမှာ …”

“ ဒါဆိုလည်း စောင့်ကြတာပေါ့ ….”

မွန်းတည့်ခါနီးအချိန်၌ တာဝန်ကျ ဒေါက်တာနှင့် နာ့စ်များက ICU လူနာဆောင်ထဲကနေ ထွက်လာခဲ့ကြလေသည်။ လင်းရီ သူတို့ကို အစည်းအဝေးခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်။

ဤသည်က လင်းရီ သူတို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်၏။

ဒေါက်တာ အမျိုးသား၏ နာမည်က ရန်ကျစ်ရုံဖြစ်ပြီး အသက် လေးဆယ်ခန့် ရှိပြီ ဖြစ်သည်။ ကိုင်းမျက်မှန် အထူကြီးကို တပ်ဆင်ထားပြီး ခေါင်းမလျှော်သည်မှာ ကြာပြီ ဖြစ်သည့် ဆံပင်က ဆီပြန်နေကာ ခြေထောက်တွင်လည်း ညှပ်ဖိနပ်တစ်ရံကို စီးနင်းထား၏။ ပုံမှန် လူတို့ စိတ်ကူးယဉ်ထားသည့် ကျော့ကျော့မော့မော့ရှိသည့် ဒေါက်တာများနှင့်တော့ အနည်းငယ် ကွဲပြားနေသည်။

အမျိုးသမီး နာ့စ်ဖြစ်သူ၏ နာမည်က ကျန်းလော့လော့ပင်။ သူမ၏ သွင်ပြင်က အနည်းငယ် ပိုကောင်းသော်လည်းပဲ သူမကြည့်ရသည်မှာ အတော်လေး ပင်ပန်းနေဟန်ပင်။ ချွေးတို့က နားထင်ဆံစတို့၌ ရွှဲနစ်နေခဲ့သည်။ သူတို့အဖို့ ယခုလို ထိုင်နေနိုင်သည့် အချိန်က ရှားရှားပါးပါး ဇိမ်ခံရသည့် အခိုက်အတန့် ဖြစ်၏။

“ ဒေါက်တာရန် … ကျုပ် ခင်များတို့နှစ်ယောက်ကို မေးခွန်း နည်းနည်းလောက်လေး မေးချင်တယ်… ပူးပေါင်းပါဝင်ပေးမယ်လို့ မျှော်လင့်ပါတယ်….” လင်းရီ ပြောလိုက်သည်။

“ ရတာပေါ့ အရာရှိရယ် .. ကြိုက်သလိုမေးပါ… ကျုပ်တို့ဘက်က အကောင်းဆုံး ပူးပေါင်းပေးပါ့မယ်….”

“ အရင် ကနေဦး စစ်ဆေးတုန်းက သေဆုံးသွားတဲ့ လူနာ ၊ လီဝန်ကွမ်းက အောက်ဆီဂျင်ပြတ်လို့ အသက်ရှူမဝဘဲ သေဆုံးသွားခဲ့တယ်… ဒါပေမယ့် အဲ့ဒီတုန်းက သူ့ရဲ့ အနေအထားနဲ့ အချက် တော်တော်များများက သူ့ကို သေဆုံးသွားစေနိုင်တယ်.. ကျုပ် မေးချင်တာ အောက်ဆီဂျင်ပေးတဲ့စက်က သေချာလေး အလုပ်လုပ်ရဲ့လား …”

“ ဒါပေါ့ ….” ရန်ကျစ်ရုံ အခိုင်အမာ ဖြေဆိုလိုက်သည်။ “ ICU က တခြားလူနာဆောင်တွေနဲ့ မတူဘူး …. ဆေးပစ္စည်းကိရိယာတို့ကို ကျုပ်တို့ဘက်က နေ့တိုင်းနေ့ စစ်ဆေးတယ်… ဆေးရုံကလည်း လျှပ်စစ်မီး ပြတ်တောက်တယ်ဆိုတာ မရှိဘူး … ဒီတော့ စက်ကိရိယာဘက်ခြမ်းကတော့ လုံးဝ ပြဿနာ မရှိနိုင်ဘူး …. အရာရှိလင်း အဲ့တာကိုတော့ စိတ်ချထားလို့ရတယ်…”

လင်းရီနှင့် ကျန်းဇီရှင်းတို့ တိတ်ဆိတ်သွားခဲ့ကြသည်။ အကယ်၍ အသက်ရှူစက်ကသာ ကောင်းမွန်နေသည်ဆိုပါက လူနာ အသတ်ခံလိုက်ရသည်မှာ ပိုပြီး ကျိန်းသေနေချေပြီ။

“ အဲ့တုန်းက လီဝန်ကွမ်းကို ကြည့်ပေးဖို့ တာဝန်ကျတာ ဘယ်သူလဲ ….”

“ ကျုပ်တို့ဆီမှာ အဲ့လို အထူးသီးသန့် ကြည့်ပေးရတယ်မျိုး မရှိဘူး … တကယ်လို့ လူနာက တစ်ခုခု ဖြစ်တယ်ဆိုရင် ဘယ်သူအားလဲ .. အားတဲ့လူ သွားကြည့်ပေးပဲ …. အဲ့လို သတ်မှတ်ထားတာမျိုး မရှိဘူး ….”

“ ဒါဆို ခင်များတို့ သုံးယောက်ထဲ ဘယ်သူက လီဝန်ကွမ်းနဲ့ ထိတွေ့ဆက်ဆံတာ အများဆုံးလဲ ….”

ရန်ကျစ်ရုံ စိုးရိမ်ကြောင့်ကြစွာဖြင့် နှုတ်ခမ်းသပ်လိုက်မိသည်။ “ ကျုပ် ခေါင်းရှောင်တာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် ICU ဒေါက်တာတစ်ယောက်အနေနဲ့ ကျုပ်က သူနဲ့ ထိတွေ့ဆက်ဆံတာ အနည်းဆုံးပဲ … လော့လော့နဲ့ စွေ့ရှင်းတို့ပဲ ဂရုစိုက်ပေးတာ များတယ်…”

လင်းရီသည် ကျန်းလော့လော့ထံသို့ အကြည့်ပို့လိုက်ပြီး တစ်ဖက်က ခွန်းတုံ့ပြန်လာမည့် စကားကို နားစွင့်နေသည်။

ကျန်းလော့လော့လည်း ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ပြီး အလျင်အမြန် ရှင်းပြလာခဲ့သည်။

“ အရာရှိကြီးရှင့် .. ရှင် အပြစ်ကင်းတဲ့ လူတစ်ယောက်ကို စွပ်စွဲလို့ မရဘူးနော် …. ကျွန်မ သူ့ကို ဂရုစိုက်ပေးတယ်ဆိုပေမယ့် ဘာမဟုတ်တာမှ မလုပ်ဘူး … သူ သေသွားတဲ့ အချိန်တုန်းက ကျွန်မက တခြား လူနာတစ်ယောက်ကို ကြည့်နေတာ … အသက်ရှူစက်က အချက်ပေးသံတွေ မြည်လာတော့မှပဲ တစ်ခုခုမှားနေပြီဆိုတာ သိရတာ ….”

“ သူ သေတော့ သူ့ဘေးနားမှာ တစ်ယောက်ယောက်ရှိလား …”

“ အမ် ..‌.. အတိအကျပြောရရင်တော့ … မရှိဘူး …”

“ ဘာကိုပြောချင်တာ … သေချာလေး ပြောစမ်း …” ကျန်းဇီရှင်း ပြောလိုက်၏။

“ လီဝန်ကွမ်းက ကုတင် ၇ မှာ …. ကုတင် ၆ နဲ့ ၈ မှာကျ တခြား လူနာတွေ ရှိနေတယ်…. ကျွန်မနဲ့ ရှောင်ရှင်းတို့ နှစ်ယောက်လုံးက ကုတင် ၆ နဲ့ ၈ က လူနာကို ကြည့်ပေးနေကြတာ …. ဆိုတော့ ကျွန်မတို့ နှစ်ယောက်လုံး သူ့ကို ကျောပေးထားတယ်လို့ ပြောလို့ရတယ် … အသက်ရှူစက်က အချက်ပေးသံတွေ မြည်လာလို့ သွားကြည့်တဲ့အချိန် လူနာက သေပြီးနေပြီ …”

ကျန်းလော့လော့ ခပ်သွက်သွက် ပြောဆိုလိုက်ပြီး သူမ၏ လေသံကတဆင့် သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြချင်နေပုံ ပေါ်သည်။

“ ပြီးတော့ အဲ့ဒီတုန်းက ဒေါက်တာရန်လည်း အနီးနားမှာ ရှိတယ်… သူ ကျွန်မတို့ကို သက်သေခံပေးနိုင်တယ်….” သူမ ထပ်ပေါင်းပြောလိုက်သည်။

ရန်ကျစ်ရုံ ကိုးရို့ကားယားနိုင်သည့် အပြုံးလေးဖြင့် “ သူတို့နှစ်ယောက်လုံး မမှားယွင်းလောက်ပါဘူး …”

ကျန်းဇီရှင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး တင်းမာသည့် လေသံဖြင့် “ ရှင်တို့ ဒေါက်တာတွေက ဘာလို့ မရေရာတဲ့ စကားလုံးတွေပဲ အမြဲသုံးကြတာ …. အလုပ်အကျင့်လား ဟုတ်လား ….”

“ အဲ့လိုတော့ မဟုတ်ပါဘူး …” ရန်ကျစ်ရုံ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး “ လူနာ သေဆုံးတဲ့ အချိန်က ကျုပ်တို့ တစ်ညလုံး အလုပ်လုပ်ပြီးတဲ့ မနက် အစောပိုင်း အချိန်မှာပဲ …. အကုန်လုံးလည်း ပြိုင်းနေပြီ … ဒါကြောင့်မို့ အဲ့ဒီ အချိန်တုန်းက ကျုပ် ဖုန်းနဲ့ မနက်စာကို အပြင်ကနေ မှာနေခဲ့တာ …. သူတို့ ဘာလုပ်နေလဲဆိုတာကို သေချာ သတိမထားမိဘူး … ဒါပေမယ့် ကျုပ် မျက်လုံးထောင့်စွန်းကနေ သူတို့ ဘာလုပ်နေလဲဆိုတာတော့ မြင်ရတယ် … ပြဿနာ မရှိလောက်ဘူး …”

အတန်ငယ်ကြာ စဉ်းစားပြီးနောက် လင်းရီ မေးမြန်းလိုက်သည်။

“ ခင်များတို့ထဲက တစ်ယောက်ယောက်မှာ လူနာနဲ့ တစ်ယောက်ချင်း ထိတွေ့ဆက်ဆံဖို့ အခွင့်အရေး ရှိတဲ့အချိန် ရှိလား ….”

“ ရှိတာပေါ့ ..” ရန်ကျစ်ရုံ ပြောလိုက်ပြီး “ ကျုပ် ICU မှာ မရှိတဲ့ အချိန် သူတို့ နှစ်ယောက်နဲ့ပဲ လွှဲထားတာလေ .. သူတို့ထဲ တစ်ယောက်က သန့်စင်ခန်း သွားနေရင် တခြား တစ်ယောက်က လူနာနဲ့ သီးသန့်ကျန်ခဲ့မှာပဲ … ပြီးတော့ အဲ့ဒီအပတ်တုန်းက အလုပ်လည်း သိပ်မများတော့ တစ်ခါတစ်လေ အလှည့်ကျနဲ့ တစ်ရေးအိပ်ကြတယ်… အဲ့ဒီအချိန် တစ်ယောက်တည်းက လူနာတွေကို ကြည့်တာပဲ … ဆိုတော့ ရှိတယ်.. ကျုပ်တို့အားလုံးမှာ လူနာနဲ့ တစ်ယောက်ချင်းတစ်ယောက် ဆက်ဆံဖို့ အခွင့်အရေး ရှိတယ်….”

ရန်ကျစ်ရုံ၏ ရိုးသားမှုက လင်းရီ မျှော်လင့်ထားသည့် အတိုင်းအအတာအတွင်း၌သာ ရှိသည်။ ဆေးရုံရှိ အလုပ်လုပ်ပုံများအား သူ့ဘက်က ရင်းနှီးနေသည်။ ဟွာရှန်းဆေးရုံကဲ့သို့ အရွယ်အစားကြီးမားသည့် ဆေးရုံကြီးများတွင် စီမံခန့်ခွဲမှုကလည်း ပိုမိုတင်းကြပ်ပြီး ထိုကဲ့သို့ အနားယူရန်က မဖြစ်နိုင်ပေ။ သို့သော်လည်း လူတိုင်းကတော့ အခွင့်အရေးကို ဖန်တီးပြီး အနားယူကြ၏။

“ အရာရှိကြီး .. ကျွန်မကတော့ ရှင် ကျွန်မနဲ့ ဒေါက်တာရန်ကိုပဲ စစ်မေးနေတာကတော့ မဟုတ်သေးဘူးလို့ ထင်တယ်နော်… ရှင်းရှင်းကရော ….” ကျန်းလော့လော့ အကြံပြုလိုက်သည်။

လင်းရီ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံး၌ ပြောဆိုလိုက်၏။

“ သူ သေပြီ … လူသတ်မှုပဲ … သေပြီးသွားတဲ့လူကို ကျုပ်က ဘယ်လိုစစ်မေးရမှာ …”

All Chapters