← Chapters

လင်းရီက အသင်းကို ဦးဆောင်ရမယ်

Vol. 138 Ch. 2069

လင်းရီက အသင်းကို ဦးဆောင်ရမယ်

Vol. 138 Ch. 2069

ထိုအချိန် နားနေခန်းထဲတွင်တော့ စကားဝိုင်းက ဆက်လက် ဖြစ်ပွားနပြီး လာမည့် စစ်ဆင်ရေးအတွက် စကားပြောဆိုနေခဲ့ကြသည်။

“ အတွင်းရေးမှူးလျန် … ခင်များ လင်းဟန်ကို ဘယ်လိုမြင်လဲ …” ချိန်ပင်းချန် အပြုံးလေးဖြင့် မေးလိုက်သည်။

“ အတော်လေး ကောင်းပါတယ်… အရာရာတိုင်းကို သေချာလေး ဂရုတစိုက်နဲ့ ထည့်သွင်းစဉ်းစားထားတယ်…” လျန်ရူရွှယ် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ “ ပြီးတော့ ကျွန်မ သူ့အကြောင်းလည်း အရင်က ကြားဖူးတယ်… ကျွန်မ မှတ်မိတာ မမှားရင် သူက အတော်လေး လုပ်ကိုင်နိုင်စွမ်းရှိပြီး ဒုတိယ အဆင့် ဂုဏ်ထူးဆောင် အကျိုးပြု ဆုတံဆိပ်တွေ အများကြီး ရထားတဲ့လူမလား …”

“ ဟုတ်တယ် ဟုတ်တယ် .. အဲ့တာ သူပဲ …” လျိုချွင်ကျန်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ထောက်ခံလိုက်ပြီး “ သူက ကျုပ်တို့ ပြည်သူ့လုံခြုံရေး အင်အားစုရဲ့ ထူးချွန်သူတွေထဲက တစ်ယောက်လေ…”

“ ဒါရိုက်တာလျိုကတောင် ဒီလို ပြောလာပြီဆိုတော့ သူ့ရဲ့ အစွမ်းအစတွေက အတော်လေး ခိုင်မာမှာပါ …” လျန်ရူရွှယ် ပြောဆိုပြီးနောက် တစ်ချိန်တည်း ထပ်ပေါင်း ပြောလိုက်သည်။ “ ဒါပေမယ့် ကျွန်မက ဒီအပိုင်းမှာ ကျွမ်းကျင်တဲ့လူ မဟုတ်ဘူး … ဒီကို ရောက်လာတာကလည်း အယောင်ပြ သပ်သပ်ပဲ … အသေးစိတ်ကို ကျွန်မရဲ့ အမြင်မပါဘဲ ရှင်တို့ချည်းသပ်သပ် ဆုံးဖြတ်လို့ရတယ်..”

“ အဲ့လိုတော့ ဘယ်ဖြစ်မှာ … ခင်များက ကျုပ်တို့ အသင်းခေါင်းဆောင်ပဲလေ … အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အတွင်းရေးမှူးလျန်ရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်နေဆဲပါ …” လျိုချွင်ကျန်း စကားအလှသုံးပြီး ပြောဆိုလိုက်သည်။

“ အဲ့လောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး … ဒီမှာလည်း အပြင်လူမှ မရှိတာ .. ရှင်တို့ဘာသာပဲ ကြည့်ပြီး စီစဉ်လို့ရတယ် …”

“ ဒါဆိုလည်း … အတွင်းရေးမှူးလျန်ရဲ့ ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်…”

ချိန်ပင်းချန်ကတော့ ထွေထူး မှတ်ချက်တို့ ပေးမနေခဲ့ချေ။

ဝေကျန်းလုံကို ဖမ်းဆီးမည့် အရေးက အရေးကြီးသော်လည်းပဲ သူကိုယ်တိုင် ဝင်စွက်ဖက်ရလောက်သည်အထိတော့ မဟုတ်သေးချေ။ ထို့ကြောင့် လျန်ရူရွှယ်ကဲ့သို့ သူသည်လည်း ဤသို့သော အခြေအနေတွင် အယောင်ပြသပ်သပ်သာ ဖြစ်လေသည်။

အမှန်တကယ် ဆုံးဖြတ်ချက် ချမှတ်ရမည်များနှင့် နည်းဗျူဟာဘက်ပိုင်းကတော့ လျိုချွင်ကျန်းသဘောသာ ဖြစ်၏။

“ အချိန်ကျတော့မယ် … လူတိုင်းလည်း ရောက်နေနှင့်ရောပေါ့ … အတွင်းရေးမှူးလျန်ရဲ့ အချိန်တွေလည်း မဖြုန်းတီးရအောင် အစည်းအဝေးခန်းထဲ သွားကြတာပေါ့ …”

“ အိုကေ အိုကေ … အခုပဲ သွားကြစို့ …”

သုံးဦးသားလုံး နားနေခန်းထဲက ထွက်လာခဲ့ကြပြီး အစည်းအဝေးခန်းထဲသို့ ဦးတည်လိုက်ကြသည်။

ထိုစဉ် ခရိုင်နှစ်ခုလုံးရှိ အသင်းသားများအားလုံးက အစည်းအဝေးခန်းထဲတွင် စုံလင်စွာ စုဝေးရောက်ရှိနေခဲ့ကြသည်။

လူတော်တော်များများ ရောက်ရှိနေသော်လည်းပဲ အစည်းအဝေးခန်းက အပ်ကျသံ ကြားရလောက်သည်အထိကို တိတ်ဆိတ်နေပြီး လူတိုင်းက ကိုယ်စီ အတွေးနက်နေခဲ့ကြ၏။

အကုန်လုံးက တစ်စုံတစ်ရာကို စဉ်းစားတွေးတောနေသည့်နှယ် မတူညီသည့် အမူအရာများနှင့် ဖြစ်နေခဲ့ကြလေသည်။

ဟန်ကျုံးယွီက သူ့ဖုန်းကို ကြည့်နေခဲ့၏။

ကနေဦးပိုင်းတွင် သူ၏ အမူအရာက လေးနက်တင်းမာနေပြီး ထို့နောက် များမကြာမီ ပြန်လည် ပေါ့ပါးသွားခဲ့သည်။ ဖုန်းထဲရှိ အကြောင်းအရာများအား လင်းဟန်ထံသို့ ပြသလိုက်၏။

“ ဒါရိုက်တာလျို အခုပဲ ငါ့ဆီ စာပို့လာတယ်… သူပြောတာ အတွင်းရေးမှူးလျန်က မင်းအပေါ် အမြင်ကောင်းတွေ ရှိပြီး ချီးမွမ်းလိုက်သေးတယ်ဆိုပဲ .. ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ရာထူးက ကျိန်းသေပေါက် မင်းအပိုင် ဖြစ်ပြီ ..”

“ ဘာမှ စိတ်မပူနဲ့ ခေါင်းဆောင် .. ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး …”

ဟန်ကျုံးယွီ ခေါင်းညိတ်လိုက်ပြီး သူ့ ရည်မှန်းချက် ပြည့်ဝသွားသကဲ့သို့ ခံစားလိုက်ရ၏။ အစည်းအဝေး တက်ရောက်ရသည်အား စိတ်အေးလက်အေး ဖြစ်လာသည်။

ထိုအချိန်မှာပဲ အစည်းအဝေးခန်း အပြင်ဘက်မှ ခြေလှမ်းသံတို့ ထွက်ပေါ်လာပြီး နံဘေးတွင် ထိုင်နေသည့် လီရှန်းဟွေ့က လင်းရီအား တံတောင်ဖြင့် မသိမသာ တွတ်လိုက်သည်။

“ မင်းဖုန်း ချထားစမ်း … မြို့ရဲ့ ခေါင်းဆောင်ကြီးတွေ ခဏနေ ရောက်လာတော့မှာ … ပေါ့တီးပေါ့ပြက် မနေနဲ့ …”

“ ကောင်းပြီလေ…”

လင်းရီ တွန့်ဆုတ်စွာဖြင့် ဖုန်းအား ပြန်သိမ်းလိုက်ပြီး လေးနက်သည့် အမူအရာကို ဆောင်ထားလိုက်သည်။

ရာထူးကြီး ပုဂ္ဂိုလ်က ချိန်ပင်းချန် ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းထားပြီး ဖြစ်၏။ သူတို့နှစ်ဦး၏ ဆက်ဆံရေးအရ သူ့ဘက်က ဖုန်းဆော့နေလျင်ပင် ထွေထူး ဘာမျှ ပြောဆိုလိမ့်မည် မဟုတ်ပေ။

သို့သော်လည်းပဲ လင်းရီ တံခါးဝဘက်သို့ လှမ်းကြည့်လိုက်သော်အခါ လျန်ရူရွှယ်ကို မြင်တွေ့လိုက်ရပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ရ၏။

သူက စီးပွားရေး အပိုင်းဘက်မှာပဲ တာဝန်ရှိတာ မဟုတ်ဘူးလားဟ … ဒီလို အစည်းအဝေးမျိုးကို ဘာလုပ်ဖို့ ရောက်လာတာလဲတဲ့ ….

ဒါကြီးက အဓိပ္ပာယ်မှ မရှိတာ …

လင်းရီ မလွယ်ကူသယောင် ခံစားလိုက်ရသည်။

အကယ်၍ လျန်ရူရွှယ်သာ သူမအား အသိမပေးဘဲ ရဲအရာရှိ တစ်ယောက် ဖြစ်နေသည်ကို သိရှိသွားခဲ့ပါက ခဏနေ ကျိန်းသေပေါက် ပြဿာနာ ရှာလာပေမည်။

ကနေဦးတုန်းက လျန်ရူရွှယ်မှာ လင်းရီကို သတိမထားမိသေးပေ။ သို့သော် မကြာမီ စူးရှသည့် အကြည့်တစ်ခုကို ခံစားမိသွားခဲ့ပြီး မသိစိတ်အလျောက် မော့ကြည့်လိုက်ရာ လင်းရီကို မြင်တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့၏။ သူ့ကို ဤနေရာတွင် လာဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

ချိန်ပင်းချန်လည်း အလားတူ အံ့အားသင့်သွားခဲ့သည်။

သူ တစ်ချက် ကြည့်လိုက်တော့ လင်းရီက ရှင်းရှန်း ရဲစခန်း အသင်းဝင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။ ရှင်းရှန်း ရဲစခန်းကလည်း ယနေ့အစည်းအဝေးအား တက်ရောက်လာမည်ကို ကြိုသိနေခဲ့လေသည်။

သို့သော် လင်းရီကဲ့သို့ အေးအေးလူလူ သက်တောင့်သက်သာ‌ နေတတ်သည့် လူတစ်ယောက်က ဤသို့သော ငြီးငွေ့ဖွယ် အစည်းအဝေးမျိုးကို တက်ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲပါချေ။

လျန်ရူရွှယ်လည်း ထိုအရာကိုပဲ အံ့အားသင့်နေမိခဲ့သည်။ လင်းရီဆိုသည်မှာ လင်းယွင်အုပ်စု၌ပင် တကယ့်တကယ် အရေးကြီးသည့် အစည်းအဝေးများကိုသာလျှင် တက်ရောက်လေ့ရှိပြီး အများစုကို အခြားသူများနှင့် လွှဲထားလေ့ ရှိသူ တစ်ဦးပင်။ ယခုလို အစည်းအဝေးသို့ တက်ရောက်လာပြီး လေးနက်သည့် အမူအရာဖြင့် ငြိမ်ငြိမ်လေး ထိုင်နေသည်ကို မြင်တော့ သူမ ရယ်လည်း ရယ်ချင်မိသွားခဲ့၏။

မကြာမီ လျန်ရူရွယ် လျင်မြန်စွာ ပြန်တည်ငြိမ်သွားခဲ့ပြီး ထိုင်ခုံနေရာတွင် တည်ငြိမ်စွာ ဝင်ထိုင်လိုက်သည်။

သို့တိုင် လင်းရီသည် ရဲအရာရှိ တစ်ယောက် ဖြစ်လာသည်က အခြား အတွေ့အကြုံ တစ်ခုကို တွေ့ကြုံခံစားကြည့်ချင်၍လောဟူ၍ သိချင်လာခဲ့မိ၏။ ခဏကြာ စဉ်းစားပြီးနောက်တွင် ထိုအရာက ဖြစ်နိုင်ချေရှိသည်ကို တွေးတောမိလိုက်သည်။ လင်းရီ၏ အကျင့်စရိုက်ဖြင့် အမှန်တကယ် ထိုသို့သော အရာမျိုးကို လုပ်ဆောင်နိုင်လေသည်။

ထိုင်ခုံတွင် ထိုင်ချပြီးနောက် လျန်ရူရွှယ်က အဖွင့်မှာစကားကို အတိုချုံး ပြောကြားလိုက်သည်။ အယောင်ပြ ရောက်လာသည်ဆိုသော်လည်း ထိုအရာက မဖြစ်မနေ လိုအပ်သည့် အရာတစ်ခု ဖြစ်၏။

အမှာစကား ပြောကြားပြီးသည့်နှင့် စင်မြင့်ကို ချိန်ပင်းချန်လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

သူနှင့် လျိုချွင်ကျန်းတို့က အစည်းအဝေးပွဲကြီး၏ အစစ်အမှန် ခေါင်းဆာင်များ ဖြစ်ကြပြီး နောက်ဆက်တွဲ အစီအစဉ်များကို သူတို့ကပဲ တိုင်ပင် ဆုံးဖြတ်ကြရလိမ့်မည်။

လျန်ရူရွှယ် အမှာစကား ပြောကြားနေစဉ်တွင် လင်းရီမှာ ခေါင်းကို ငုံ့ထားပြီး သူမနှင့် မရင်းနှီးသယောင် ပြုမူနေသည်။

“ ဒီနေ့ အစည်းအဝေးပွဲရဲ့ အဓိက ရည်ရွယ်ချက်က ဝေလုံကျန်းကို ဖမ်းဆီးဖို့ပဲ … ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေ ညွှန်ပြနေတာက လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာပဲ မူးယစ်ဆေးဝါး ၄ တန်လောက်က သူ့လက်ထဲကနေ ပြန့်ပွားလာတယ်… ဒီကိစ္စကို လေးလေးနက်နက် ကိုင်တွယ်ဖို့ ငါတို့ကို အထက်က အမိန့်ချလာတယ်… ဒီနေ့ ဝေကျန်းလုံနဲ့ သူ့ လက်အောက်ငယ်သားတွေကို ဖမ်းဆီးဖို့ အထူးတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းမယ်…”

ချိန်ပင်းချန်၏ စကားကို တက်ရောက်လာသူတိုင်းက လေးလေးနက်နက်နှင့် နားထောင်နေခဲ့ကြ၏။

သို့သော် လင်းရီကတော့ အာရုံတို့ ပျံ့လွင့်နေပြီး ဖုန်းကိုသာ ပွတ်ရင်း ချိန်ပင်းချန် ပြောသည်များအား ဘယ်ဘက်နားမှ ဝင်၍ ညာဘက်နားမှ ပြန်ထွက်သွားခဲ့သည်။

လျန်ရူရွှယ်ကလည်း သူ့ထံသို့ ဝီချက် မက်ဆေ့ချ်ပို့လာခဲ့ပြီး ဤနေရာသို့ ရောက်လာခြင်း အကြောင်းအရင်းကို ဖြေရှင်းချက် လာတောင်းနေသည်။ မက်ဆေ့ချ်က လိုရင်းတိုရှင်းမျှသာ ဖြစ်ပြီး အစည်းအဝေးပြီးသည်နှင့် ချက်ချင်း ထွက်မသွားဘဲ သူမကို လာတွေ့ရန်ဖြစ်သည်။

ယင်းက လင်းရီအား ငယ်စဉ်ကျောင်းသားဘဝ အတွေးပုံရိပ် တချို့ကို ပြန်မြင်ယောင်မိသွားစေသည်။ ထိုစဉ်က ကျောင်းသားများ ရန်ဖြစ်လျှင် ဤသို့ အမြဲပြောကြလေ့ရှိ၏။

‘ မင်းသတ္တိရှိတယ်‌ဆို ကျောင်းဆင်းရင် မပြန်နဲ့ … ငါနဲ့လာတွေ့ …’

ဘေးတွင် ထိုင်နေသည့် လီရှန်းဟွေ့လည်း လင်းရီ ဖုန်းပွတ်နေသည်ကို မြင်တော့ စားပွဲအောက်မှ ခြေထောက်ဖြင့် လှမ်းတို့လိုက်ပြီး အာရုံစူးစိုက်ထားရန် သတိပေးလိုက်သည်။

လင်းရီလည်း အခြား ရွေးချယ်စရာ မရှိသဖြင့် ဖုန်းကို ပြန်သိမ်း၍ ချိန်ပင်းချန်၏ ငြီးငွေ့ဖွယ် မိန့်ခွန်းကြီးကို နားထောင်ရတော့သည်။

“ မီတင်ရဲ့ အဓိကကတော့ ငါ ပြောခဲ့တဲ့အတိုင်းပဲ .. အခု တာဝန်ခွဲဝေပေးမယ့် ကိစ္စကို သွားကြတာပေါ့ …”

“ ဒီ စစ်ဆင်ရေးရဲ့ အဓိက ခေါင်းဆောင်က အတွင်းရေးမှူးလျန် …”

ချိန်ပင်းချန် ပြောဆိုပြီးနောက် လျန်ရူရွှယ်အား ညွှန်ပြလိုက်သည်။

အဓိက အရေးပါသူ တစ်ယောက် ဖြစ်သဖြင့် တက်ရောက်လာသူတိုင်းကလည်း လက်ခုပ် ဩဘာသံများ ပေးလာခဲ့ကြသည်။

“ လက်ထောက် ခေါင်းဆောင်တွေကတော့ ငါနဲ့ ဒါရိုက်တာလျိုပဲ… ငါတို့က ကျိုးဟိုင်ကနေပြီး စစ်ဆင်ရေးကို စောင့်ကြည့်နေမယ်…”

တစ်ဖန်ပြန်ပြီး လက်ခုပ် ဩဘာသံတို့ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် လျိုကွမ်းရှန်နှင့် ဟန်ကျုံးယွီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ ရည်ရွယ်ချက်ကတေ့ ရှင်းပါသည်။ သူတို့ သုံးဦးအပြင် စစ်ဆင်ရေး မျက်နှာပြင်၌ အမှန်တကယ် အမိန့်ပေးမည့် လူတစ်ဦးကို လိုအပ်နေသေး၏။

နှစ်ဦးလုံးကလည်း အဆိုပါ ရာထူးနေရာနှင့် ပတ်သက်၍ ကြိုတင် ဆွေးနွေး အတည်ပြုထားကြပြီး ဖြစ်သည်။

“ ဘော့စ်လျို …. အဘိုးကြီးဟန်ရဲ့ အမူအရာကို ကြည့်ရတာ မူမမှန်ဘူးနော်… ကျုပ်တို့ဘက် ကြည့်ပြီး တစ်ချိန်လုံး ပြုံးပြနေတာ သူ့ကြည့်ရတာ အတော်လေး ယုံကြည်ချက် ရှိနေတဲ့ပုံပဲ …” လီရှန်းဟွေ့ တီးတိုးဆိုလိုက်သည်။

“ ဒင်းကတော့ အဆက်အသွယ်တွေ သုံးထားပြီ ထင်တယ်… ငါ ခြေတစ်လှမ်း နောက်ကျသွားတယ် .. မဟုတ်ရင် သူ ဒီလောက်ထိ သက်တောင့်သက်သာ ဖြစ်နေမှာ မဟုတ်ဘူး …” လျိုကွမ်းရှန် ရှင်းပြလိုက်သည်။

“ ကြည့်ရတာ ဒီရဲ့ အသင်းခေါင်းဆောင် ရာထူးလည်း တခြားလူဆီ ရောက်သွားတော့မယ် ထင်ပါတယ်ကွာ …”

“ ကျုပ်ကတော့ စိတ်မရှိဘူး … ကျုပ်တို့ အဲ့ကောင်ကို ဖမ်းနိုင်သရွေ့ ကိစ္စမရှိဘူး … အဓိကက အဲ့တာပဲ …”

“ မင်း နားလည်တာ ကောင်းတယ်…”

အခြားတစ်ဖက်ခြမ်းတွင်တော့ ဟန်ကျုံးယွီသည် သူ၏ ထိုင်ခုံနောက်ကျောသို့ မှီ၍ ယုံကြည်ချက် ပြည့်ဝနေသည့် အမူအရာဖြင့် ခြေတင်ချိတ်ထားခဲ့သည်။ နောက်လာမည့် အကြောင်းအရာက ဘာလဲဆိုတာကို သူ ကြိုတင်သိနေသည်။

လင်းဟန်က ဤစစ်ဆင်ရေး၏ အမိန့်ပေးသူ ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ ငါတို့ သုံးယောက်အပြင် မြေပြင်စစ်ဆင်ရေးမှာ အသင်းကို အမိန့်ပေးမယ့် လူတစ်ယောက်လည်း လိုတယ် … ဒီတော့ ငါတို့ ဒီတာဝန်ကို ရှင်းရှန်း ရဲစခန်းက လင်းရီဆီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်…”

All Chapters