← Chapters

လင်းရီကို မကျေနပ်ဘူး ဟန်ကျုံးယွီ၏ အမူအရာ အေးခဲသွားခဲ့ပြီး ရှော့ခ်ရလေ

Vol. 138 Ch. 2070

လင်းရီကို မကျေနပ်ဘူး ဟန်ကျုံးယွီ၏ အမူအရာ အေးခဲသွားခဲ့ပြီး ရှော့ခ်ရလေ

Vol. 138 Ch. 2070

ာက်ဖွယ် အဆိုပါ သတင်းကြီးအား ချေဖက်နေရင်း သူ၏ မျက်နှာ ကြွက်သွားတို့မှာ ရယ်စရာကောင်းလောက်အောင် လိမ်တွန့်နေလျက် ရှိသည်။

မသိစိတ်အလျောက် … သူ လျိုချွင်ကျန်းထံ အကြည့်ပို့လိုက်မိ၏။

သူက ဒီခု စစ်ဆင်ရေးမှာ တာဝန်ရှိတဲ့လူ မဟုတ်ဘူးလား … ပြီးတော့ ရှောင်ဟန်ကို အသင်းခေါင်းဆောင် ဖြစ်မယ်လို့လည်း ပြောခဲ့သေးတယ်လေ..

သို့သော် ယခု .... ထိုရာထူး နေရာက ထင်မှတ်မထားစွာဖြင့် လင်းရီ လက်ထဲသို့ ရောက်သွားခဲ့ပြီး ထိုအချင်းအရာအား ဟန်ကျုံးယွီ လက်ခံရ ခဲယဉ်းနေစေခဲ့သည်။

လျိုချွင်ကျန်း ရိုးရှင်းစွာသာ ခေါင်းခါယမ်းပြလိုက်ရင်း ဤကိစ္စက သူနှင့် မသက်ဆိုင်ကြောင်း ပြောပြလာခဲ့၏။ သူလည်း ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်ချေ။

စုန့်ကျန်း ခရိုင်ရှိ အသင်းသားများအားလုံးလည်း ညီတူမျှတူ ကြက်သေသေနေမိကြ၏။

ဟန်ကျုံးယွီ၏ အမူအရာမှတဆင့် လင်းဟန်က ခေါင်းဆောင် ရာထူးနေရာရမည်ကို သူတို့တွေ ယုံကြည်ထားခဲ့ကြသည်။ ရှင်းရှန်း ရဲစခန်းက လူသစ်လေး လင်းရီက ခေါင်းဆောင် ရာထူး ပေးအပ်ခံလိုက်ရသည်ကို ကြားသိလိုက်ရတော့ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ကြလေသည်။

၎င်းတို့ကို မဆိုထားနှင့်။ ရှင်းရှန်း အသင်းသားများပင် သူတို့ နားကြားမှားယွင်းလေသလောဟု ထင်ယောင်ထင်မှားတွေ ဖြစ်နေမိကြသည်။ သူတို့အားလုံး ထင်မှတ်ထားခဲ့သည်မှာ ခေါင်းဆောင်ရာထူးက လင်းဟန် သို့မဟုတ် လီရှန်းဟွေ့ ၊ နှစ်ယောက်ထဲက တစ်ယောက်ယောက် ရလိမ့်မည်ဟူ၍ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးလုံးက စခန်း အသီးသီးတွင် ကပ္ပတိန်ရာထူးများ ရယူထားသူများပင်။

ခေါင်းဆောင်ရာထူးက လင်းရီထံသို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

လင်းရီသည် လျန်ရူရွှယ်ထံသို့ သိမ်မွေ့သည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

ဤဆုံးဖြတ်ချက်၏ နောက်ကွယ်တွင် သူမ ရှိနေသည်မှာ သိသာသည်။ လျန်ရူရွှယ်၏ သဘောတူညီမှု မပါဘဲနှင့် ချိန်ပင်းချန်က ယခုလို ကြေညာလာခဲ့မှာ မဟုတ်ချေ။

“ အရာရှိလင်း … ဒီစစ်ဆင်ရေးရဲ့ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ရှင့်ရဲ့ အတွေးတချို့ကို ပြောပြပေးနိုင်မလား …” လျန်ရူရွှယ် အတက်အကျ မရှိသည့် လေသံဖြင့် မေးမြန်းလာသည်။

“ အာ …. “

အလစ်အငိုက် မိသွားခဲ့ပြီး လင်းရီ မထချင် ထချင်ဖြင့် မတ်တပ်ရပ်ကာ လျန်ရူရွှယ်က သူ့အား အများ၏ အာရုံစိုက်ရာ ဖြစ်အောင် တမင်တကာ တွန်းပို့နေသည်ကို သတိထားမိလိုက်သည်။ အခြား ရွေးချယ်စရာ မရှိသဖြင့် လင်းရီ သူ့ကိုယ်သူ စကားတချို့ ပြောရန် တွန်းအားပေးလိုက်ရတော့၏။

“ ကျုပ်မှာ များများစားစား ပြောစရာ မရှိပါဘူး … ကျုပ်တို့ ပစ်မှတ်ကို ကျိန်းသေပေါက် ရအောင် ဖမ်းဆီးသွားမှာပါ … ဒီတော့ စိတ်ချလက်ချ နေပါ ခေါင်းဆောင်တို့ …”

လိုတိုရှင်း ပြောပြီးသည်နှင့် လင်းရီ ထိုင်ခုံသို့ ပြန်ထိုင်ချလိုက်သည်။

အစည်းအဝေးခန်းထဲရှိ လူတိုင်း အမူအရာ ကိုယ်စီနှင့် ဖြစ်သွားခဲ့ကြပြီး သူ၏ တိုတောင်းလှသည့် မိန့်ခွန်းကို မှတ်ချက် အမျိုးမျိုး ပေးနေခဲ့ကြ၏။

“ ကောင်းပြီ .. ဒီနေ့တော့ ဒီလောက်ပဲ… ဖမ်းဆီးမယ့် စစ်ဆင်ရေးကို ခေါင်းဆောင်လင်းနဲ့ အတူ ပူးပေါင်းပြီး လုပ်ဆောင်ကြ … မီတင် ရုတ်သိမ်းမယ်…”

အစည်းအဝေး ပြီးဆုံးသည်နှင့် လူတိုင်းက စတင် ထွက်ခွာကြသည်။ စုန့်ကျန်း အသင်းသားများကတော့ ကျေနပ်ခြင်း မရှိသည်မှာ သိသာလှပြီး လင်းရီကို ရန်လိုသည့် မျက်ဝန်းတို့ဖြင့် ကြည့်လာကြ၏။

သို့သော် ချိန်ပင်းချန်၏ ဆုံးဖြတ်ချက်ကို ပေါ်ပေါ်ထင်ထင် မှတ်ချက်ပြု၍ မသင့်လျော်သည်ဖြစ်ရာ လူတိုင်း တိတ်ဆိတ်စွာဖြင့် အခန်းထဲက ထွက်ခွာသွားကြရသည်။

လီရှန်းဟွေ့ အပြုံးလေးဖြင့် လင်းရီ၏ ပခုံးအား ပုတ်လာခဲ့ပြီး “ မင်းတော့ ဒီတစ်ကြိမ် အကြီးကြီး လုပ်ပြလိုက်နိုင်တာပဲကွ … ငါတော့ အခုက စပြီး မင်းရဲ့ အမိန့်ကို နာခံရတော့မယ် …”

“ အစ်ကိုလီကတော့ ကျုပ်ကို နောက်နေပါပြီ …”

“ ငါ နောက်နေတာ မဟုတ်ဘူးကွ …” လီရှန်းဟွေ့ ရယ်မောလိုက်ပြီး “ ဒါရိုက်တာချိန် မင်ကို ရွေးချယ်လိုက်တယ်ဆိုတာ ပိုင်ရုံရှိုကို ဖမ်းဆီးတုန်းက ကိစ္စကြောင့် ဖြစ်မယ် … ဒါမင်းအတွက် အခွင့်အရေးကြီးပဲ … သေချာလေးလုပ် …”

“ ကျုပ် လုပ်မှာပါ …”

လင်းရီ ရိုရှင်းစွာ တုံ့ပြန်စကားဆိုပြီး ထပ်ပေါင်းပြောလိုက်သည်။ “ ခင်များတို့ အရင်ပြန်နှင့်ကြ .. ကျုပ် တခြား လုပ်စရာလေးတွေ ရှိနေသေးလို့ စခန်းမှာ ပြန်ဆုံကြတာပေါ့ …”

“ ကောင်းပြီလေ … ဒါပေမယ့် သိပ်အကြာကြီးလည်း မလုပ်နဲ့ဦး … ငါတို့မှာ လုပ်စရာတွေက အများကြီးပဲ …”

“ အင်း … နားလည်တယ် …”

အခြားသူများ ထွက်ခွာသွားသည့်အချိန်တွင် လင်းရီသည် ကားပါကင်နေရာသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ပြီး လျန်ရူရွှယ်၏ အော်ဒီကားထဲသို့ တံခါးဖွင့် ဝင်လိုက်သည်။

“ လင်းရီ … ငါ နင့်ကို သေအောင် လည်ပင်းညှစ်သတ်မိတော့မယ် သိလား …”

သူ ကားထဲသို့ ဝင်ထိုင်သည်နှင့် လျန်ရူရွှယ် အော်ဟစ်လာပြီး ခါးသို့ ဆွဲဆိတ်လာသည်။

“ နင် ရဲလုပ်နေတာတော့ ငါ့ကို မပြောဘူးပေါ့ ဟုတ်လား အကောင်စုတ် …”

“ ငါ မင်းကို စိတ်မပူစေချင်လို့ပါကွာ …” လင်းရီ ဆွဲဆိတ်လာသည့် လျန်ရူရွှယ်၏ လက်အား လိမ်တွန့်၍ ရှောင်ရင်း ပြန်ပြောလိုက်သည်။

“ နင် အဲ့မှာ လုပ်နေတာ ဘယ်လောက် ကြာပြီလဲ …”

“ လနည်းနည်းတော့ ရှိပြီ … ရက် အတိအကျတော့ ငါလည်း မမှတ်မိဘူး …”

“ ငါ နင့်ကို သေအောင် သတ်ပစ်လိုက်သင့်တာ …”

လျန်ရူရွှယ် ကြိမ်းမောင်းလိုက်ပြီး ဒေါသထွက်နေသည့် ကျားပျိုမလေး တစ်ကောင်အသွင် ဖြစ်နေခဲ့သည်။

“ အဲ့လောက်ကြီးလည်း ထွေထူးကိစ္စ မဟုတ်ပါဘူးကွာ … တကယ်လို့ တခြားကိစ္စဆိုရင်တော့ ငါ မင်းကို ပြောပြမှာပါ … ငါ မင်းကို မပြောဘဲ ဝှက်ထားတယ်ဆိုတာက မင်းငါ့ကို အရေးပေး ဆက်ဆံလာမှာစိုးလို့ …”

“ နင် ငါ့ကို ဒီလိုမျိုး လျှို့ဝှက်ထားတာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေနော်… နောက်တစ်ခါ ထပ်ဖြစ်လို့ကတော့ အမေပါ တရတဲ့အထိ ရိုက်နှက်ပစ်မယ်…” လျန်ရူရွှယ် သတိပေးလာခဲ့သည်။

“ မပူနဲ့ … အခုက စပြီး ငါလုပ်သမျှ မင်းဆီ သတင်းပို့မယ်…”

“ အဲ့လိုမှပါ့ … “ လျန်ရူရွှယ် ကျေနပ်သွားခဲ့ပြီး “ ငါ ဗိုက်ဆာတယ်… နေ့လည်စာလိုက်ကျွေး …"

“ အိုကေ …”

သို့နှင့် လင်းရီတို့နှစ်ဦးသား မြောက်ပိုင်း အစားအစာများ ရောင်းချသည့် စားသောက်ဆိုင်တစ်ခုတွင် နေ့လည်စာ အတူစားပြီး လမ်းခွဲလိုက်ကြသည်။ ( မတူညီတဲ့လမ်းကို ခွဲပြီး သွားတာနော .. နှစ်ယောက်သား ပြတ်ဆဲသွားတာ မဟုတ်ပါဘူး။ )

နောက် သုံးရက်ထိတိုင် လင်းရီသည် အချိန်အများစုကို အစည်းအဝေးများ ပြုလုပ်ရင်း ကုန်ဆုံးနေခဲ့ရသည်။ ဤသည်က အတော်လေး အဓိပ္ပာယ် မရှိမှန်း သူ့ကိုယ်သူ သိသော်လည်းပဲ ခေါင်းဆောင် တစ်ဦး ဖြစ်သည်နှင့်အညီ လုပ်သင့်လုပ်ထိုက်သည့် တာဝန် တချို့ကိုတော့ ထမ်းဆောင်ရမည် ဖြစ်၏။

လင်းရီတွင် ရေရာတိကျသည့် အစီအစဉ် မရှိထားသဖြင့် ကဏ္ဍ အများစုကိုတော့ လီရှန်းဟွေ့ကပဲ စကားပြောသွားခဲ့သည်။ သို့သော် စုန့်ကျင်းရဲစခန်းက အသင်းဝင်များလည်း ရှိနေသဖြင့် သူတို့ဘက်က အယောင်ပြရှိုးတစ်ခု ဖန်တီးဖို့လိုလေသည်။ ထိုကိစ္စကိုလည်း လီရှန်းဟွေ့ကပဲ စီစဉ် ကြီးကြပ်ပေးသွားခဲ့သည်။

တတိယမြောက်နေ့တွင်တော့ အရာအားလုံး စီစဉ်သတ်မှတ်ပြီးသွားခဲ့ပြီး ရှင်းရှန်းရဲစခန်းနှင့် စုန့်ကျန်း ရဲစခန်းရှိ အဖွဲ့၀င် စုစုပေါင်း အယောက် နှစ်ဆယ်သည် ရန်ကျင်းသို့ သွားမည့် လေယာဉ်ပေါ်သို့ တက်ရောက်လိုက်ကြ၏။

ထိုညနေခင်း ၊ ရန်ကျင်းသို့ ဆိုက်ရောက်သည့်အချိန်၌ ရန်ကျင်း ရဲဌာနရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က သူတို့အား ကြိုဆို နှုတ်ဆက်လာသည်။

အမျိုးသား၏ နာမည်က ဟောင်စုန့်ပိုင် ဖြစ်ပြီး အမျိုးသမီးက ကျန်းယွီလင်ဟု အမည်ရသည်။ နှစ်ဦးလုံးက အသက်သုံးဆယ် အရွယ်များ ဖြစ်ကြ၏။

သူတို့က လင်းရီနှင့် သူ့အသင်းကို ဤစစ်ဆင်ရေးတွင် အကူအညီ ပေးဖို့ ရွေးချယ်ခံထားရသူများပင်။

“ ရှောင်ဟန် … နင် ရောက်လာပြီပေါ့ …”

လေဆိပ်ထဲက လူအုပ်စုကြီး ထွက်လာသည်ကို မြင်တော့ နှစ်ယောက်မှာ ချက်ချင်း အားတက်သရောဖြင့် နှုတ်ဆက်လိုက်ကြသည်။ ကျန်းယွီလင်နှင့် လင်းဟန်တို့က အချင်းချင်းသိသဖြင့် ချက်ချင်းပဲ သူမထံသို့ လျှောက်လှမ်းသွားခဲ့လေသည်။

“ လေယာဉ်ချိန်က ရွေ့ဆိုင်းလိုက်ရတော့ နောက်ကျသွားတယ်… နင်တို့ကို အကြာကြီး စောင့်ခိုင်းလိုက်ရတာ တောင်းပန်ပါတယ်ဟာ …” လင်းဟန် အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ ဒါတွေ မလိုပါဘူး … ငါတို့ ဒီလာခဲ့တာ နင်တို့ကို ကြိုပေးဖို့ပဲ … စောရောက်တာပဲ ဖြစ်ဖြစ် ၊ နောက်ကျမှ ရောက်လာတာပဲ ဖြစ်ဖြစ် ပြဿနာ မရှိဘူး …” ကျန်းယွီလင် ပြန်လည် တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် ဟောင်စုန့်ပိုင်က လင်းရီထံသို့ ရောက်လာခဲ့ပြီး လက်ဆန့်တန်း နှုတ်ဆက်လာခဲ့၏။

“ ခေါင်းဆောင်လင်း … ရန်ကျင်းကနေ ကြိုဆိုပါတယ်.. မင်းနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ မျှော်လင့်နေမယ်နော…”

“ ကျေးဇူး … ငါ့အတွက် ဂုဏ်ယူစရာပါပဲ …”

“ ဒါတွေ မလိုပါဘူး … အကုန်လုံးက အတူတူပဲလေ…”

ဟောင်စုန့်ပိုင် နွေးထွေးစွာ စကားဆိုလိုက်ပြီး “ အားလုံးအတွက် နေဖို့ထိုင်ဖို့လည်း စီစဉ်ထားပေးပြီးပြီ … ညစာအရင် စားကြတာပေါ့ … စားရင်းနဲ့ ကိစ္စ အသေးစိတ်ကို စကားပြောကြတာပေါ့ …”

“ ကောင်းသားပဲ…”

သူတို့အားလုံး သက်ဆိုင်ရာ ကားများထဲသို့ ဝင်ရောက်သွားခဲ့ကြပြီး ရန်ကျင်း ရဲဌာနက စီစဉ်ပေးထားသည့် တည်းခိုခန်းသို့ ရောက်ရှိလာကြသည်။

“ ရှောင်ဟန် … အသင်းခေါင်းဆောင်လင်းက ဘယ်လိုဖြစ်တာ .. သူက နင့်အစား ဘယ်လိုဖြစ်ပြီး ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင် ရာထူး ရသွားတာလဲဟင်…”

လမ်းတွင် ကျန်းယွီလင်က မေးမြန်းလာသည်။

“ အရင်တစ်ခေါက် စစ်ဆင်ရေးကြောင့် ဒီရာထူး ရသွားခဲ့တာလေ …” လင်းဟန် ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ ဟမ်… စစ်ဆင်ရေးလေး တစ်ခု အောင်မြင်တာနဲ့ပဲ ခေါင်းဆောင် ရာထူး ရသွားတယ်ပေါ့ … နင်တို့ အထက်လူကြီးတွေကလည်း တကယ့်လူတွေပဲ … နင်ရော အဲ့လို မထင်ဘူးလား …” ကျန်းယွီလင် စနောက်လိုက်သည်။

“ ဒါပေမယ့် သူက အတော်လေး ချောတာတော့ ဝန်ခံရမယ် … ရုပ်ရည်ကို ဂရုမစိုက်ဘူးဆိုတဲ့ ငါ့လို လူစားမျိုးတောင် သူ့ကို နှစ်ခါပြန်ငေးရလောက်တဲ့အထိပဲ …”

“ ရုပ်ချောတာ ဘာသုံးစားရလို့ .. အဲ့တာက သူ့ကို စားပွဲပေါ် ထမင်းလာမတင်ပေးဘူး …” လင်းဟန် ပက်ခနဲ ပြောလိုက်သည်။

“ ပြီးတော့ သူ့ကြည့်ရတာ အလုပ်လုပ်တာလည်း ပေါ့တီးပေါ့ပြက်နဲ့ …” ကားအနောက်ဘက်တွင် ထိုင်နေသည့် ကျောက်စုကလည်း စကားဝင်ပြောလာသည်။

“ ဟုတ်လား … ဘယ်လိုမျိုးလဲ …”

“ သူ့ပုံစံ ကြည့်ရတာ ဒီ စစ်ဆင်ရေးကို အလေးအနက်ထားတဲ့ပုံလည်း မပေါ်ဘူး … ကျုပ်တို့ အစည်းအဝေးထိုင်တဲ့ အချိန်တိုင်း ရွှတ်နောက်ပြီးပဲ ပြောနေတာ … ကျုပ်တော့ တကယ် စိတ်ပူမိတယ်ဗျာ…”

“ မဖြစ်နိုင်လောက်ပါဘူးနော် … ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို ဘယ်သူက နောက်ပြောင်မှာလဲ …”

“ အတိအကျပဲ …” ကျောက်စု သဘောတူလိုက်သည်။ “ ဒါပေမယ့် ကျုပ်တို့ အစည်းအဝေးထိုင်တဲ့ အချိန်တိုင်း ပေါ့ပြက်ပြက်နဲ့ အမြဲတမ်းပဲ ပစ်မှတ်ကို ဖမ်းမိမှာပဲ ပြောတယ် … သူ့ယုံကြည်ချက်တွေ ဘယ်ကနေ ရလာခဲ့လဲ တကယ် မစဉ်းစားတတ်တော့ဘူ …”

“ ဒီလို ဆိုရင်တော့ အလုပ်နဲ့ ပတ်သက်ပြီး တာဝန်ယူစိတ် သိပ်မရှိဘူး ပြောရမယ် .. ငါတို့ စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ သူ့ကြောင့်နဲ့ ငါတို့ပါရောပြီး ဘေးမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ …”

စာစဉ် (၁၃၈) ပြီး၏။

All Chapters