← Chapters

ထူးဆန်းတဲ့ လှုပ်ရှားမှု

Vol. 138 Ch. 2061

ထူးဆန်းတဲ့ လှုပ်ရှားမှု

Vol. 138 Ch. 2061

“ ဟုတ်တယ် ဟုတ်တယ်… အဲ့မျက်လုံးတွေက ဆွဲဆောင်မှု သိပ်ရှိတာပဲ …” ရွှီဖျင်ဖျင် စိတ်အားထက်သန်စွာဖြင့် ဆက်ပြီး ပြောဆိုလာခဲ့သည်။

“ လူကြီးမင်းလင်း .. ရှင်သိလား … ကျွန်မ ရေချိုးစင်တာမှာ လေးနှစ်လောက် အလုပ်လုပ်ခဲ့ဖူးတယ်… ယောက်ျား မျိုးစုံနဲ့လည်း ကြုံခဲ့ဖူးတယ်.. ဒါပေမယ့် သူ့မျက်ဝန်းတွေကတော့ ကျွန်မကို နက်နက်ရှိုင်းရှိုင်း နစ်မြောသွားစေတာပဲ … “

“ အဲ့လောက်ထိ ချဲ့ကားဖို့ လိုလို့လားဟယ် …” ကျန်းဇီရှင်း မယုံသင်္ကာမျက်နှာထားဖြင့် ပြောဆိုလိုက်ပြီး ရွှီဖျင်ဖျင်က ချဲ့ကားပြောနေသည်ဟု သူမ ထင်နေမိသည်။

“ နင်ကတော့ ယုံမှာ မဟုတ်ဘူး … ဒါပေမယ့် ငါက ဒီအပိုင်းမှာ အတော်လေး အတွေ့အကြုံ ရှိထားတဲ့လူလေ …” ရွှီဖျင်ဖျင် ခွန်းတုံ့ပြန်လိုက်ပြီး “ လူကြီးမင်းလင်းရဲ့ မျက်လုံးတွေကိုပဲ ကြည့်လိုက် … တစ်ချက်ကြည့်လိုက်တာနဲ့ ယောက်ျားဆန်တဲ့ မျက်ဝန်းတွေဆိုတာ သိသာတယ်… ငါ ပထမတစ်ခေါက် တွေ့တွေ့ချင်းတုန်းကဆို အဲ့ဒီ မျက်ဝန်းတွေ အကြည့်အောက်မှာ သူနဲ့ ပတ်သက်ချင်လိုက်တာ … ဒါပေမယ့် သတ္တိမရှိလို့ … ဒါပေမယ့် ရှေ့နေလေးကတော့ မတူဘူး … သူသာ မိန်းကလေး ဖြစ်လို့ကတော့ တကယ့်ကို မြေခွေးမလေး ဖြစ်မှာ …”

ရွှီဖျင်ဖျင်၏ စကားကို နားထောင်ပြီးနောက် လင်းရီ သူ့ဖုန်းထုတ်ကာ ဓာတ်ပုံတစ်ပုံအား ရှာတွေ့သွားပြီး သူမထံ ကမ်းပေးလိုက်သည်။

“ မင်းပြောနေတဲ့ ရှေ့နေက သူလား …”

လင်းရီ ဖုန်းထဲရှိ ဓာတ်ပုံကို မြင်တော့ ရွှီဖျင်ဖျင် ရှော့ခ်ရသွားခဲ့သည်။ “ ဟုတ်တယ် ဟုတ်တယ် .. အဲ့တာသူပဲ … လူကြီးမင်းလင်း … ရှင့်မှာ ဘာလို့ သူ့ပုံ ရှိနေတာလဲဟင် …”

ဤသည်ကို ကြားတော့ လင်းရီနှင့် ကျန်းဇီရှင်းတို့ နှစ်ဦးလုံး ဉာဏ်အလင်းပွင့်သွားခဲ့ကြသည်။

ယခင်တုန်းက သူတို့တွေ အစက်ပွိုင့်များကို ချိတ်ဆက်မမိခဲ့ချေ။ သို့သော် ယခုတွင်တော့ ကျန်းကော်ဖျင်၏ အမှုကို ကိုင်တွယ်နေသည့် ရှေ့နေက စွေ့ရှင်း၏ ကောင်လေး ဖြစ်သည်ကို သူတို့ သိရှိသွားခဲ့ရ၏။

ဆက်စပ်မှု မရှိသည့် လူနှစ်ဦးက ယခု ဆက်ဆံရေးမှတဆင့် ဆက်စပ်မှု ရှိသွားခဲ့ပြီ ဖြစ်သည်။ သူတို့ ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် ဖုံးကွယ်ထားသည့် အခြားအရာတို့ များစွာ ကျန်ရှိနေသေးနိုင်သည်။

“ အစ်ကိုရီ … ကျွန်မတို့တော့ ဝမ်မင်ရန်ကို စုံစမ်း စစ်ဆေးဖို့ လိုနေပြီ ထင်တယ်နော်…”

ကျန်းဇီရှင်း အကြုံပြုလိုက်သည်။

လင်းရီ ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်ကာ ရွှီဖျင်ဖျင်ထံသို့ ကြည့်၍ “ ဒီနေ့ ကိစ္စကို ဘယ်သူ့ဆီမှ ပေါက်ကြားတာမျိုး မလိုချင်ဘူး … ငါ ဘယ်သူလဲ မင်းသိပါတယ်… ပြီးတော့ ငါ ဘာလုပ်နိုင်တယ်ဆိုတာလဲ မင်းသိတယ်… ဒီတော့ ရူးမိုက်တာ တစ်ခု လျှောက်မလုပ်နဲ့ …”

ရွှီဖျင်ဖျင် ကြက်သီးဖြန်းသွားခဲ့သည်။ ရေချိုးစင်တာတွင် လင်းရီ၏ အကြောင်းတော်တော်များများကို သူမ ကြားဖူးနားဝ ရှိ၏။ စကားတို့က အမျိုးမျိုး ပြောဆိုကြသော်လည်းပဲ သူက ချမ်းသာပြီး အာဏာရှိသည့် လူပုဂ္ဂိုလ် ဖြစ်သည်မှာတော့ သံသယ ရှိရန် မလိုပေ။

လုံခြုံရေး ဝန်ထမ်းဆီမှ သူမ ကြားမိသလောက်တော့ လူကြီးမင်းလင်း မောင်းသည့် ကားကပင် ယွမ် တစ်ဘီလီယမ်ကျော်သည်။ ကျန်းကော်ဖျင်က ချမ်းသာသည်ဆိုသော်လည်းပဲ လင်းရီနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက မပြောပလောက်သည့် အကောင်သေးသေးလေး ဖြစ်၏။

ထို့ကြောင့် သူမဘက်က မည်ကဲ့သို့ ပြုမူရမလဲဆိုတာကို နားလည်ပေသည်။

“ လူကြီးမင်းလင်း … ရှင်စိတ်ချပါ … ကျွန်မ ဒီနေ့ကိစ္စ အကြောင်း ဘယ်သူ့ကိုမှ မပြောပြပါဘူး …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အဲ့လိုကြားရတာ ကောင်းတယ်…”

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ ရွှီဖျင်ဖျင်၏ ဖုန်းသံ မြည်ဟည်းလာသည်။

ကနေဦးတုန်းက လင်းရီ များများစားစား အာရုံ မထားသော်လည်းပဲ ဖုန်းခေါ်ဆိုလာသူ၏ အိုင်ဒီကို ကြည့်လိုက်သည့် အခါ၌ ကျန်းကော်ဖျင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ ခေတ္တ ရပ်တန့်လိုက်ပြီး ရွှီဖျင်ဖျင်ကို ပြောလိုက်၏။

“ ဖုန်းကိုင်လိုက် … သူ ဘာပြောချင်နေလဲ နားထောင်ကြည့်တာပေါ့ …”

“ ကောင်းပြီလေ…”

ရွှီဖျင်ဖျင် လျင်မြန်စါာ သဘောတူလိုက်ပြီး ဖုန်းကိုင်လိုက်ကာ စပီကာ ဖွင့်လိုက်၏။

“ ဟယ်လို ဒါလင် …”

သူမ၏ ချိုအီချွဲပျစ်နေသည့် အသံမှာ ကျန်းဇီရှင်းပင် အသည်းတယားယား ဖြစ်သွားခဲ့သည် အထိပင်။

“ ငါ သတင်းကောင်း ရှိထားတယ်…” ကျန်းကော်ဖျင် ပျော်ရွှင်စွာ ပြောလိုက်ပြီး စိတ်အခြေအနေ ကောင်းမွန်နေသည်မှာ သိသာလှသည်။

“ ငါ့ မိန်းမ ကွာရှင်းဖို့ သဘောတူလိုက်ပြီ … စာချုပ်မှာလည်း လက်မှတ်ထိုးပြီးပြီ … အခုကစပြီး သူနဲ့ငါ ဘာမှ မဆိုင်တော့ဘူး … ငါတို့ နောက်ဆုံးတော့ ပွင့်ပွင့် လင်းလင်း အတူနေလို့ရပြီ …”

အဆိုပါ သတင်းကို သုံးဦးသားလုံး မတူညီသည့် အမူအရာကိုယ်စီဖြင့် တုံ့ပြန်လိုက်ကြသည်။

ရွှီဖျင်ဖျင်မှာ နတ်ပြည်ရောက်မတတ် ပျော်ရွှင်သွားခဲ့ပြီး သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုစဉ် လင်းရီနှင့် ကျန်းဇီရှင်းကတော့ ဇဝေဇဝါ ဖြစ်နေခဲ့၏။

သူတို့ ဖန့်လန်ကျွင်းနှင့် တွေ့ဆုံဖူးပြီး လွယ်လင့်တကူ လက်လျှော့တတ်သည့် လူစားမျိုး မဟုတ်ပေ။ ထိုကဲ့သို့ လူတစ်ယောက်က ယခုလို အရေးကြီးသည့် အချိန်မျိုး၌ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပေးလိုက်သည်က အတော်လေး ထူးဆန်းလှ၏။

“ ဒါလင်က သိပ်တော်တာပဲ … အဲ့ ဘွားတော်ကြီးက အရင်တုန်းက သဘောတူဖို့ ငြင်းဆန်နေတာ မဟုတ်ဘူးလား… ရှင် ဘယ်လိုလုပ်လိုက်လို့ သူက စာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူသွားခဲ့တာလဲဟင် … ”

“ သူ့မှာ ရွေးချယ်စရာမှ မရှိတာ … ငါက ကွာမယ်ဆို သူ ကွာပေးရမှာပဲ ..” ကျန်းကော်ဖျင် အားပါးတရ ရယ်မောလိုက်၏။ “ ဒါပေမယ့် ငါတို့ ဝမ်လေးကို ကျေးဇူးကြွေး နည်းနည်း တင်နေတယ်… သူ ငါ့ကို အကြံဉာဏ်ကောင်းတွေ အများကြီး ပေးလို့ မဟုတ်ရင် အဲ့ကောင်မက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးမှာ မဟုတ်ဘူး …”

“ ကောင်းလိုက်တာ … ကျွန်မတို့တွေ ဝမ်လေးကို ထမင်းဖိတ်ကျွေးဦးမှ ထင်တယ်နော်… သူ့ကြောင့်သာ မဟုတ်ရင် ဒီလောက်ထိ အဆင်ချောမှာတောင် မဟုတ်ဘူး …”

“ ငါလည်း အဲ့လို စဉ်းစားနေတာ … မင်း အခု အားလား … အားတယ်ဆို သူနဲ့ ထမင်းအတူ စားပြီး အောင်ပွဲခံကြတာပေါ့ …” ကျန်းကော်ဖျင် အကြံပြုလိုက်သည်။၊ “ ဘာပဲ ပြောပြော အမွေခွဲဝေတဲ့ ကိစ္စမှာ သူ့ အကူအညီ လိုအပ်နေတုန်းပဲလေ…”

“ ကျွန်မ အခု ဈေးဝယ်ထွက်နေတာ … ဒါပေမယ့် ခဏနေ ပြန်လာတော့မှာ … စောင့်နေနော်…”

“ ကောင်းတယ်… မြန်မြန် ပြန်လာခဲ့ … မင်းနဲ့ တစ်မိနစ်လေးတောင် ခွဲပြီး မနေချင်ဘူး …”

“ အို ရှင်ရယ် … ဒါဆို ကျွန်မ မြန်မြန် ပြန်လာခဲ့မယ်…”

ရွှီဖျင်ဖျင် ပြောဆိုပြီးနောက် ဖုန်းချလိုက်ကာ သူမ၏ ကလူကျီစယ်သည့် သွင်ပြင်ကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား လေးစားသမှုရှိသည့် အကြည့်က အစားထိုးဝင်ရောက်လာပြီး လင်းရီကို ကြည့်လိုက်၏။

“ လူကြီးမင်းလင်း … ကျန်းကော်ဖျင်က ကျွန်မကို ပြန်လာဖို့ တောင်းဆိုနေတယ်… တကယ်လို့ တခြား ကိစ္စ မရှိတော့ဘူးဆို ကျွန်မ သွားတော့မယ်နော်….”

“ ကောင်းပြီ … ငါမင်းကို နောင်ကျ ထပ်ပြီး ဆက်သွယ်ရင် ဆက်သွယ်ဦးမှာ… ငါ့ဖုန်းနံပါတ်ကို မှတ်ထားဦး …”

“ ပြဿနာ မရှိဘူး … လိုအပ်ရင် အချိန်မရွေး ခေါ်လိုက် …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါတို့ အခု သွားတော့မယ်…”

“ အိုကေ …”

သုံးဦးသားလုံး ကော်ဖီဆိုင်ထဲက ထွက်လာခဲ့ပြီး လင်းရီသည် ကျန်းဇီရှင်းနှင့်အတူ မောင်းထွက်လာခဲ့၏။

“ အစ်ကိုရီ .. ကျွန်မတို့ အခု ဘယ်သွားနေတာလဲ … ဒါ စခန်းကို ပြန်တဲ့လမ်းလည်း မဟုတ်ဘူး …”

“ ဆေးရုံကို မောင်းနေတာ … ငါတို့ စစ်ဆေးဖို့ မေ့နေတာ တစ်ခု ရှိသေးတယ်…”

“ ဘာကိုလဲ …”

“ ICU ရဲ့ စောင့်ကြည့်ရေး ကင်မရာတွေကို ငါထပ်ပြီး ပြန်ကြည့်ချင်တယ် … အဲ့မှာ သဲလွန်စတချို့ ရှိရင် ရှိနေမှာ ပြောမရဘူး ….”

“ ဒါပေမယ့် ကျွန်မတို့ အရင် တစ်ခါက ကြည့်ခဲ့ပြီးပြီ … ဘာမှလည်း မရှိပါဘူး …”

“ ထပ်ကြည့်ကြတာပေါ့ … ငါက ဆေးရုံမှာ လုပ်ဖူးတော့ မင်းတို့ မမြင်တဲ့ အသေးစိတ်လေးတွေ မြင်နိုင်တယ်…”

လင်းရီ ရှင်းပြလိုက်သည်။

“ ဘယ်လို အသေးစိတ်မျိုးကို အစ်ကိုရီက ရှာနေတာလဲ …”

“ လီဝန်ကွမ်း သေသွားတဲ့ ကိစ္စပဲ … အမှုက အခုထိ မရှင်းလင်းသေးဘူး .. ပြီးတော့ စောင့်ကြည့်ကင်မရာ မြင်ကွင်းက ငါတို့အတွက် တစ်ခုတည်းသော‌ မျှော်လင့်ချက်ပဲ … ဒီတော့ တစ်ခုခု လွတ်သွားတာမျိုး မရှိရအောင် နောက်တစ်ခေါက် ပြန်ကြည့်ဖို့လိုတယ်..”

“ နားလည်ပါပြီ …”

မကြာမီ လင်းရီတို့ နှစ်ဦး ဆေးရုံသို့ ရောက်လာခဲ့ပြီး လီကျစ်ရုံထံသို့ ဦးတည်လိုက်၏။

“ အရာရှိလင်း … မင်း ရောက်လာပြီလား …”

လင်းရီနှင့် ကျန်းဇီရှင်းကို တစ်ဖန် ပြန်တွေ့လိုက်ရတော့ လီကျစ်ရုံမှာ ကြောက်လန့်မှုကြောင့် ရင်ခုန်နှုန်းတို့ မြန်ဆန်လာသည်။ သူ တွေးထင်ထားခဲ့သည်မှာ နေ့လယ်ခင်းပိုင်းတုန်းက စစ်ဆေးမေးမြန်းပြီးသည့်နောက်တွင် ထိုကိစ္စက ထိုနေရာတွင် ပြီးပြီဟူ၍ ထင်မှတ်ထားခဲ့သည်။ တစ်ဖန်ပြန်ပြီး ရောက်လာလိမ့်ဦးမည်ဟု လင်းရီ မျှော်လင့်မထားခဲ့ပါချေ။

“ ခင်များ စိတ်သက်သက်သာသာ နေပါ … ကျုပ်တို့ ဒီရောက်လာတာက စောင့်ကြည့်ကင်မရာ မှတ်တမ်းကို ကြည့်ချင်လို့ပဲ …”

“ အဲ့တာလား … ပြဿနာ မရှိဘူး .. ကျုပ် အခု ချက်ချင်း ခေါ်သွားပေးမယ်….”

လင်းရီ ညွှန်ကြားသည့်အတိုင်း လီကျစ်ရုံသည် ထိုနေ့က စောင့်ကြည့်ကင်မရာ မြင်ကွင်းကို လင်းရီအား ပြသလိုက်သည်။

နှစ်ယောက်မှာ ဂရုတစိုက်နှင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေပြီး သူတို့ ယခင်တစ်ခေါက် သတိမမူမိသည့် အချက် အလက် တစ်စုံတစ်ရာကို ရှာတွေ့နိုင်ဖို့ မျှော်လင့်နေမိကြသည်။ လွဲမှားချော်မှား မရှိနိုင်စေရေးအတွက် လင်းရီနှင့် ကျန်းဇီရှင်းတို့မှာ လီဝန်ကွမ်း ICU လူနာဆောင်သို့ တွန်းပို့လာခံရသည့် အချိန်မှ စတင်ကြည့်ရှုကာ မည်သည့် အသေးစိတ်ကိုမျှ မကျော်သွားချင်ပေ။

စောင့်ကြည့်နေရာမှတဆင့် လီဝန်ကွမ်းသည့် ICU ထဲသို့ ရောက်ရှိပြီး နှစ်နာရီအကြာ၌ သတိလည်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ သူ၏ အခြေအနေကို ကြည့်ရသလောက်တော့ လင်းရီ ခန့်မှန်းခဲ့သည့် အတိုင်း နောက် 48 နာရီ အကြာတွင် ICU မှာ ဆင်း၍ပင် ရနေပြီ ဖြစ်သည်။ တစ်ခုခု မှားယွင်းနေသည်မှာ အသိသာကြီးပင်။

“ အဲ့တုန်းက လီဝန်ကွမ်း ဘယ်လို အခြေအနေရှိလဲ ခင်များ မှတ်မိလား …”

သူ၏ အတွေးများအား အတည်ပြုရန်အတွက် လင်းရီသည် လီကျစ်ရုံအား မေးမြန်းလိုက်သည်။

“ မှတ်မိတယ်… ခွဲစိတ်မှုကလည်း အဆင်ပြေတယ်.. ပြီးတော့ သူ့ရဲ့ အခြေအနေကလည်း တည်ငြိမ်တယ် … သတိပြန်လည်လာပြီးတော့ ကျုပ်တောင် သွား စစ်ဆေးခဲ့သေးတာ ဘာမှားယွင်းတာမှ မမြင်မိပါဘူး … ဒါကြောင့်မို့ ကျုပ်လည်း စိတ်ချလက်ချနဲ့ အနားယူနေခဲ့တာ ..” လီကျစ်ရုံ ရှင်းပြလိုက်သည်။

“ ကျုပ်ရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး ရှင်းပြရမယ်ဆိုရင် သူ့အနေအထားနဲ့ ၄၈ နာရီကနေ ၇၂ နာရီအတွင်း ICU ကနေ ဆင်းလို့ အဆင်ပြေနေပြီ … ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျုပ်လည်း တကယ် ထင်မထားတာ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ သို့သော် ဘာမျှ ဆက်မပြောချေ။ စခရင်သို့သာ ဆက်ပြီး ကြည့်နေခဲ့၏။

မနက် ငါး နာရီ ဝန်းကျင်တွင် တစ်ခုခု မူမမှန်သည်ကို လင်းရီ သတိပြုမိလိုက်လေသည်။

ကျန်းလော့လော့က သန့်စင်ခန်းသို့ သွားနေပုံရပြီး ICU ထဲ၌ မည်သူမျှ ရှိမနေချေ။ ထိုအချိန်၌ စွေ့ရှင်း တစ်ဦးတည်းသာလျှင် ICU ထဲ ရှိနေခဲ့သည်။

သူမက စာရွက်စာတမ်း တစ်ချို့ ကိုင်ထားပြီး လီဝန်ကွမ်းအနားသို့ ရောက်လာကာ သူ့ထံသို့ စကားအနည်းငယ် ပြောဆိုလိုက်၏။ ထို့နောက် လီဝန်ကွမ်းလည်း ဖောင်တိန်ကို ကိုင်ကာ စာရွက်ပေါ်သို့ တစ်စုံတစ်ရာ ရေးပေးလိုက်ပြီး ပြန်လည် အိပ်စက်သွားခဲ့သည်။

ဤရိုးရှင်းသည့် လုပ်ဆောင်မှုလေးက လင်းရီ၏ သံသယစိတ်ကို နှိုးဆွသွားစေသည်။

All Chapters