← Chapters

အလိုမရှိသော ပါရမီရှင်

Vol. 6 Ch. 82

အလိုမရှိသော ပါရမီရှင်

Vol. 6 Ch. 82

အခန်း (၈၂) : အလိုမရှိသော ပါရမီရှင်

ဝမ်ဝေ့က လက်ထဲရှိ ရှေးဟောင်းစာအုပ်ကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူက ရှေးဟောင်းခန္ဓာသန့်စင်ခြင်း ကျမ်းတစ်ခုလုံးကို ဖတ်ပြီးသားဖြစ်သော်လည်း သူ့လက်ထဲတွင် ရှိနေသော တစ်ခုက မူရင်းစာအုပ် ဖြစ်သည်။

ဝမ်ဝေ့က သူ့လက်ကို ကျမ်းစာအုပ်အပေါ် တင်ထားလိုက်ပြီး မူလချီကို ထည့်သွင်းနေသည်။ ထို့နောက် ထည့်သွင်းထားသော အံ့ဖွယ်အက္ခရာစာများ လင်းလက်လာသည်။

ရုတ်တရက် ဝမ်ဝေ့ အခန်းလွတ်တစ်ခုထဲသို့ ရောက်ရှိသွားသည်။ အခန်းတစ်ခုလုံးက ရွှေရောင်ဖြစ်ပြီး သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က သူနှင့် အနည်းငယ်လှမ်းသည့် နေရာ၌ ဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ အနီးကပ် ကြည့်လိုက်သည့်အခါ ထိုသက်လတ်ပိုင်း အမျိုးသားက သူနှင့် ဆင်တူနေသည်။

ထိုအမျိုးသားဆီမှ အားကောင်းသော သက်ပြင်းရှိုက်သံကို ဝမ်ဝေ့ ခံစားကြည့်လို့ရသည်။ အကွာအဝေးက ၁၀မီတာ ကျော်သော်လည်း ထိုအမျိုးသား၏ ခန္ဓာကိုယ်ထဲတွင် သွေးများလည်ပတ်နေသံကို ကြားရပြီး သူ၏ အသက်ရှူသံက ရှည်လျား နက်နဲလှသည်။

သူ့ အသားအရည်က အသန့်စင်ဆုံး ကျောက်စိမ်းကဲ့သို့ ဖြူပြီး ချောမွေ့နေသည်။ သို့သော် အကွာအဝေးတစ်ခု ခြားနေသော်လည်း ထိုလူ၏ အသားအရည်က ပုံမှန်မဟုတ်သော သိပ်သည်းဆရှိပြီး ကိုယ်ဖော့နိုင်သော ဂုဏ်သတ္တိရှိကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။

သူ အသက်ရှူထုတ်လိုက်သည့်အချိန်တိုင်း သူ၏ အသက်ရှူခြင်းက မီတာ သုံးဆယ်လောက်ထိ သွားနိုင်သော စွမ်းအားကြီး မြားတစ်ချောင်းကို ဖန်တီးနိုင်သည်။ ထိုလူ လက်သီးဆုပ်လိုက်သည့်အခါ ဝမ်ဝေ့ လေထုကွဲသွားသည့်အသံကို ကြားနိုင်သည်။

ထိုလူ လှုပ်ရှားလိုက်သည့်အချိန်တိုင်း ကြွက်သားများ၏ ဆွဲဆန့်မှုကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးအသံများကို ကြားနေရသည်။ သူ့အရိုးများက သတ္တုများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်ရာတွင် ဖြစ်ပေါ်လာသည့် အသံမျိုးထွက်နေသည်။

“ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ခန္ဓာလဲ” ဝမ်ဝေ့ တွေးလိုက်မိသည်။

“ ဟယ်လို ငါ့ရဲ့ မျိုးဆက်လေး။ မင်း ငါ့ကို ဝမ်ချုံးလို့ ခေါ်လို့ရတယ်”

ရုတ်တရက် ထွက်ပေါ်လာသော အသံကို ကြားပြီး ဝမ်ဝေ့ အနည်းငယ် အံ့ဩသွားကာ ချက်ချင်း လက်အုပ်ချီကာ အရိုအသေပေးရင်း ပြောလိုက်သည်

“ ဝမ်ဝေ့က ဘိုးဘေးကို မြင်ဖူးပါတယ်”

“ အခု မင်းမှာ မေးခွန်းတွေ များရင် များနေလိမ့်မယ်။ ဒါပေမဲ့ ဒါက အနာဂတ်မျိုးဆက်တွေကို ပြောပြဖို့ ထားခဲ့တဲ့ မှတ်ဉာဏ်တစ်ခုသက်သက်ပဲ။ သူတို့ကို ငါ့ရဲ့ ဂုဏ်အယူရဆုံး အောင်မြင်မှုတစ်ခုဖြစ်တဲ့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို စတင်ကျင့်ကြံနိုင်အောင် ကူညီပေးဖို့ ထားခဲ့တာ”

ထိုအရာက ကျမ်း၏ မူလစာအုပ်ထဲတွင် ထားခဲ့သော မှတ်ဉာဏ်တစ်ခုသာ ဖြစ်ကြောင်းကို သိပြီး ဝမ်ဝေ့ အနည်းငယ် ရှက်ရွံ့မိသည်။ ထိုအကြောင်းအား သူ့ကို အသိမပေးဘဲ မျက်နှာပျက်အောင် လုပ်သည့် သူ့အဖေကိုလည်း စိတ်ထဲမှ ငြီးတွားလိုက်မိသည်။

ဒီကိစ္စပြီးတာနဲ့ အဖေနဲ့ တွေ့ပြီပဲ

ဝမ်ဝေ့ စဉ်းစားလိုက်သည်။ ထို့နောက် သူက သူ့အဖေအတွက် ပြိုင်ဘက် မဟုတ်သလို သူ ရည်ရွယ်ချက်ပါပါလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုနိုင်သည်ကို သတိထားမိသွားသည်။ သူ အံကြိတ်ကာ တွေးလိုက်မိသည်

“ ဒါဆိုရင်လည်း သူ့ကို ကိုင်တွယ်ဖို့ အမေ့ကိုပဲ တာဝန်ပေးလိုက်တော့မယ်။ နောက်ထပ်လနည်းနည်းလောက်တော့ အခန်းအပြင်မှာပဲ အိပ်လိုက်ပါဦးနော်”

“ ငါက ယုံကြည်မှုခေတ်ရဲ့ အစမှာ မွေးဖွားလာခဲ့တာ။ အဲဒီအချိန်တုန်းက ဗုဒ္ဓဂိုဏ်းက လူတွေဆီကနေ သစ္စာတရားရဲ့ စွမ်းအားကို စုဆောင်းပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအရှိန်နဲ့ စွမ်းအားကို မြှင့်တင်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တာ။

အဲဒါကြောင့် အဲဒီခေတ်မှာ ထွက်ပေါ်လာတဲ့ ဧကရာဇ်အများစုက ဗုဒ္ဓဂိုဏ်းရဲ့ အပိုင်ပဲ။ ငါကတော့ အရမ်းကို ကံဆိုးခဲ့တယ်။ ငါ မွေးပြီး နှစ်ပေါင်း တစ်သောင်းနီးပါးကြာတော့ ဧကရာဇ် ကြာခုနစ်ဖြာက ကောင်းကင်အလိုဆန္ဒကို သည်းခံနိုင်ပြီးတော့ တာအိုကို သက်သေပြနိုင်ခဲ့တယ်။

ငါ့မှာ ကောင်းကင်အလိုဆန္ဒကို တိုက်ခိုက်ဖို့မပြောနဲ့ တိုးတက်ဖို့တောင် အခွင့်အရေး မရှိခဲ့ဘူး။ ပြီးတော့ ဒီမျိုးဆက်မှာ ကံကြောင့် ညစ်ညမ်းသွားလို့ နောက်ထပ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ မပါဝင်နိုင်ခဲ့ဘူး။

ငါ အထွတ်အထိပ် နယ်ပယ်အဆင့် ထိပ်ဆုံးကို ရောက်သွားတော့ ငါ စိတ်တိုပြီး မကျေမနပ်ဖြစ်လာတယ်။ အကြမ်းခံပုဆိန်ရုပ်ခန္ဓာနဲ့ မွေးဖွားလာတဲ့ ကောင်းကင် ရွေးချယ်ခံ တစ်ယောက်အနေနဲ့ တခြားသူတွေအောက် ဘာလို့ နိမ့်ကျချင်ရမှာလဲ။

အဲဒါကြောင့် ငါ ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်ချပြီးတော့ ဧကရာဇ် ကြာခုနစ်ဖြာကို စိန်ခေါ်ခဲ့တယ် …

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က တကယ်ကို ဆိုးရွားတဲ့ အမှားတစ်ခုပဲ။ လက်ညှိုးတစ်ချောင်းထဲနဲ့ ငါ လုံးဝကို ရှုံးနိမ့်သွားခဲ့တယ်။ မဟုတ်ဘူး ငါ လုံးဝကို ကြိတ်ချေခံလိုက်ရတာ။ ဧကရာဇ်က ငါ့သတ္တိကို လေးစားပြီးတော့ သူ့ ခွန်အားကို ပြန်ထိန်းလိုက်လို့သာပေါ့။ မဟုတ်ရင် ငါ အဲဒီတိုက်ပွဲမှာ သေသွားလောက်ပြီ”

ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ ဝမ်ဝေ့ ထိတ်လန့်သွားမိသည်။ မဟာဧကရာဇ်နှင့် အထွတ်အထိပ် နယ်ပယ်အဆင့်ကြားတွင် ကွာဟမှုရှိကြောင်းကို သိသော်လည်း ယခုလောက်ထိ ကွာဟနေမည်ဟု မထင်ခဲ့ပေ။ လက်ညှိုးတစ်ချောင်းဖြင့်တင် ဧကရာဇ်က ကျီစုန့်ကဲ့သို့ ခန္ဓာရှိသည့် ထိပ်သီး အထွတ်အထိပ် နယ်ပယ်အဆင့် အစစ်အမှန်အုပ်ချုပ်သူကို သတ်နိုင်သည်။

ဝမ်ချုံး၏ အသံက ဆက်လက်ထွက်ပေါ်လာသည်။

“ အဲဒီတိုက်ခိုက်မှုပြီးသွားတော့ မဟာဧကရာဇ်ရှေ့တွင် သက်ရှိအားလုံးက ပုရွက်သာသာသာ ရှိတယ်လို့ သိလိုက်ရတယ်။ ဒါပေမဲ့ ငါက ပုရွက်ဆိတ်တစ်ကောင် ဖြစ်ဖို့ ငြင်းဆန်ခဲ့တယ်။ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကို ဆန့်ကျင်ပြီး ဧရာမမျိုးနွယ်ကို သတ်ဖြတ်နိုင်တာကို သက်သေပြချင်တယ်။ ဒါမှမဟုတ် ဧရာမမျိုးနွယ်နဲ့ တူညီတယ် ဆိုတာမျိုးကိုပေါ့။

အဲဒါကြောင့် မဟာဧကရာဇ်နဲ့ တန်းတူတိုက်ခိုက်လို့ရမဲ့ ကျင့်ကြံနည်းကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာ။ တန်ကြေး ဘာပဲဖြစ်နေနေ အောင်မြင်ရမယ် … အဲလိုလုပ်နိုင်ဖို့အတွက် ကိုးကားဖို့ ကမ္ဘာတစ်ဝန်း ခရီးသွားခဲ့တယ်။ ဒါပေမဲ့ အားလုံးက ဘာမှအသုံးမဝင်ဘူး။ အသုံးဝင်မဲ့ဟာလည်း ရှာမတွေ့ဘူး။

အဲဒါကလည်း မြောက်ပိုင်းလိပ်နက်ကုန်းမြေမှာ တည်ရှိတဲ့ သွေးမြေကမ္ဘာလို့ ခေါ်တဲ့ တားမြစ်နယ်မြေထဲ မဝင်မိခင်အထိပါပဲ”

“ အတွင်းပိုင်းမှာ ဧရာမအကောင်ကြီး တစ်ကောင် အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ကျန်းတစ်သိန်းကျော်လောက် ရှည်လျားပြီးတော့ ကြေးနီအရည်ပြားရှိတယ်။ ဧကရာဇ် ကြာခုနစ်ဖြာနဲ့ ဆင်တူတဲ့ ဖိအားထုတ်လွှတ်နေပေမဲ့ တာအိုစွမ်းအားကို ရှာမတွေ့ဘူး။ ဖိအားက သူ့ရဲ့ စွမ်းအားကြီး ခန္ဓာကိုယ်ကနေ လာနေတာ။

ဧရာမအကောင်ကြီး အိပ်စက်နေတဲ့ အခန်းထဲမှာ ချန်ထားခဲ့တဲ့ စာအုပ်တွေနဲ့ အမှတ်အသားတွေကို လေ့လာပြီးတော့ ဒီ ဧရာမအကောင်ကြီးက ကမ္ဘာဦးခေတ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့  ပင်ကိုယ်ကမ္ဘာဦးနတ်ဘုရားဆိုတာ သိလိုက်ရတယ်။ သူက ဗလာခေတ်ကာလမှာ ဒဏ်ရာရပြီးတော့ အဲဒီမှာ ပြန်လည်ကုစားနေတဲ့ပုံပဲ”

ထိုသတင်းကို ကြားပြီးနောက် ဝမ်ဝေ့ ပိုမိုထိတ်လန့်မိသွားသည်။ သူက အမြဲတမ်း တားမြစ်နယ်မြေ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်ပြီး လျှို့ဝှက်ကြံစည်နေခဲ့သည်။ ယခု ထိုထဲမှ အဖြေတစ်ခုကို သိသွားပြီဖြစ်သည်။

သို့သော် ဝမ်ဝေ့ အနည်းငယ် ကြောက်ရွံ့မိလာသည်။ သွေးမြေကမ္ဘာက ယခုအထိ တားမြစ်နယ်မြေအဖြစ် တည်ရှိနေသေးသည်။

ဒါဆိုရင် ဧရာမအကောင်ကြီးက အိပ်နေတုန်း ဆိုတဲ့ သဘောပေါ့။ သူက သေနေတာလည်း မဟုတ်ဘူး အိပ်နေတာတဲ့

သူသာ နိုးလာရင် ဘာတွေဖြစ်သွားမှာလဲ

ထိုအကြောင်းကို စဉ်းစားမိပြီး ဝမ်ဝေ့ ချွေးစေးပင် ပျံလာသည်။ ဤကမ္ဘာက သူ နဂိုစဉ်းစားထားသည်ထက် ပိုမိုနက်နဲသည်။ သူတို့က တစ်ရာ ရာခိုင်နှုန်း လုံခြုံသည်ဟု ဘယ်သူမှ မပြောနိုင်ပေ။

ဝမ်ဝေ့က တိုးတက်လာသောခွန်အားကြောင့် လွန်ခဲ့သောနှစ်များအတွင်း ကြီးထွားလာသော မောက်မာမှုတချို့ကို ဟန့်တားဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ်ချုံးက ဇာတ်ကြောင်းကို ဆက်လက်ပြောပြလိုက်သည်။

“ဧရာမအကောင်ကြီးရဲ့ မူလအရင်းအမြစ်ကို ရှာဖွေပြီးသွားတော့။ ငါ့ရဲ့ အခွင့်အရေး ရောက်လာပြီဆိုတာကို သိလိုက်ရတယ်။ ငါ ရင်ဆိုင်ရမဲ့ အန္တရာယ်အတွက် ကမ္ဘာဦးနတ်ဘုရားခန္ဓာကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်”

“ ပြီးတော့ ငါ အောင်မြင်သွားတယ်။ ဧရာမအကောင်ကြီးက လုံးဝ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးတော့ စိတ်ရှုပ်စရာကောင်းတဲ့ ယင်ကောင်လို့ သဘောထားပြီး လုပ်နေတုန်းလည်း လုံးဝ နိုးမလာခဲ့ဘူး။

အဲဒါကြောင့် ငါ ပိုပြီးတော့ ရဲတင်းလာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကိုလည်း လေ့လာခဲ့တယ်။ သူ အသက်ရှူပုံကနေ အိပ်နေတဲ့ပုံစံ၊ အိပ်မက် မက်နေတာကနေ ဟောက်တဲ့ပုံစံလည်း လေ့လာခဲ့တယ်။ စိတ်ဝိညာဉ်ချီကို ဘယ်လိုမျိုး ထိန်းချုပ်လဲဆိုတာမျိုးကိုရောပေါ့”

“ ငါ သူ့ရဲ့ အရေပြား၊ ကြွက်သား၊ အရိုး၊ ကိုယ်တွင်းအင်္ဂါ၊ သွေးနဲ့ ဦးနှောက်ဖွဲ့စည်းပုံကိုလည်း လေ့လာခဲ့တယ်။ သူ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ လက်သည်းနဲ့ အမွေးအမျှင်တွေကိုတောင် အလွတ်မပေးခဲ့ဘူး။ ငါ နောင်တရတဲ့ တစ်ခုတည်းသော အရာက သူ့ဝိညာဉ်ကို မလေ့လာမိခဲ့တာပဲ။ ငါသာ သူ့ရဲ့ ဝိညာဉ်ကို ထိတွေ့မိမယ်ဆိုရင် မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားရတယ်”

“ ငါ လေ့လာလို့ ပြီးသွားတော့ အဲဒီစွမ်းအားကြီး ပင်ကိုယ်ကမ္ဘာဦးနတ်ဘုရားခန္ဓာကို တုပနိုင်တဲ့ ကျင့်စဉ်ကို ဖန်တီးဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ငါ့ရဲ့ ကျင့်စဉ်က လူသားတွေကို ရှေးဟောင်းနတ်ဘုရားတွေလိုမျိုး သန်မာတဲ့ ခန္ဓာတစ်ခု ဒါမှမဟုတ် သူတို့ထက် သာလွန်တဲ့ ခန္ဓာတစ်ခု ရအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ခဲ့တယ်”

“ ငါ အသစ်ထွင်ထားတဲ့ ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံပြီးတော့ ဧကရာဇ် ကြာခုနစ်ဖြာကို နောက်ထပ်တစ်ခါ ရင်ဆိုင်ဖို့ သွားခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ လုံးဝ ကွဲပြားသွားပြီ။ ခဏလေးနဲ့ မရှုံးတော့ဘူး။ ငါ လုံးဝ မရှုံးခဲ့သလို နိုင်လည်း မနိုင်ခဲ့ဘူး”

“ သူနဲ့ ယှဉ်ပြိုင်ရုံပဲ ယှဉ်ပြိုင်နိုင်ခဲ့တာ။ ငါ့လိုမျိုး အထွတ်အထိပ် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်က မဟာဧကရာဇ်နဲ့ တန်းတူ တိုက်ခိုက်နိုင်ခဲ့တာလေ။ ငါက ဒီထက်ပိုပြီး ပုရွက်ဆိတ်တစ်ကောင် မဟုတ်တော့ဘူး”

“ဧကရာဇ် ကြာခုနစ်ဖြာက ငါ့ထက် စွမ်းအားကြီးတယ်လို့ ပြောနိုင်ပေမဲ့ သူ ငါ့ကို သတ်နိုင်ဖို့အထိ မလုံလောက်ဘူး”

ဝမ်ဝေ့ ပိုမိုထိတ်လန့်သွားသည်။ သူ့ဘိုးဘေးက နှစ်ပေါင်းတစ်သန်းလောက်နေမှ တစ်ယောက်ရှိနိုင်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်သည်။

အဲဒီထက်ပိုပြီး အံ့ဩစရာကောင်းတာက ပြိုင်ဘက်ကင်း စိတ်အားထက်သန်မှု။ ထူးချွန်ချင်တဲ့ စိတ်၊ တခြားသူတွေ မလုပ်ရဲတာကို လုပ်ရဲတဲ့စိတ်

ဝမ်ဝေ့ သက်ပြင်းချလိုက်မိသည်။ သူ ယနေ့ ရရှိလိုက်သော အံ့ဩမှုများက လွန်ခဲ့သော ၁၅ နှစ်က ရခဲ့သော အံ့ဩမှုများနှင့် မနှိုင်းယှဉ်နိုင်ပေ။

သို့သော် သူ သမိုင်းအတန်းတွင် သင်ယူခဲ့ရသည်အရ ဤအကြောင်းက ပြီးဆုံးဖို့ အဝေးကြီးလိုသေးပြီး သူ ထင်တာ မှန်ကန်သည်။

ဝမ်ချုံးက မရပ်တန့်ဘဲ ဆက်လက်ပြောပြနေသည်။

“ တိုက်ခိုက်မှုပြီးသွားတော့ ဧကရာဇ် ကြာခုနစ်ဖြာက ငါ တိုးတက်လာတာကို ကြည့်ပြီးတော့ ငါနဲ့ သဘောတူညီမှုတစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကို ခန္ဓာသန့်စင်ခြင်းကျင့်စဉ်ကို ငှားရမ်းပေးရင် ငါ့ရဲ့ ကံကို ဆေးကြောပစ်ပြီးတော့ နောက်ထပ်လာမဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ပါဝင်နိုင်အောင် လုပ်ပေးမယ်လို့ ပြောတယ်”

“ အဲဒီအဆိုပြုချက်က ငါ့ကို အရမ်းဆွဲဆောင်နေတာ။ ဒီကျင့်စဉ်ကို နောက်ထပ် လူတစ်ယောက်ဆီ ထပ်ပြီး လက်ဆင့်ကမ်းပေးတာမျိုး မလုပ်ဖို့ သူ့ကို ကျိန်ဆိုခိုင်းပြီးတော့ ငါ သဘောတူလိုက်တယ်။ ဗုဒ္ဓဂိုဏ်းက ကံအပေါ်မှာ အရမ်းအလေးထားတဲ့ ဂိုဏ်းဆိုတော့ ငါ့ရှေ့မှာ မတွေဝေဘဲ ကျိန်ဆိုပြတော့ စိတ်သက်သာရာ ရသွားတယ်”

“ ပြီးတော့ နောက်ထပ် မျိုးဆက်အတွင်းမှာလည်း ငါ့ရဲ့ အားကောင်းတဲ့ ခန္ဓာနဲ့ဆိုရင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ပြိုင်ဘက်တွေကို ကျော်လွှားနိုင်ပြီး တာအိုကိုလည်း သက်သေပြမယ်။ ပြီးရင် ရှေးဟောင်း ဖျက်ဆီးခြင်းဧကရာဇ်ဆိုတဲ့ နာမည်ကို ယူလို့ရပြီ”

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူပြီးနောက် သူ ရရှိထားသော အချက်အလက်များအားလုံးကို စတင် စဉ်းစားလိုက်သည်။ ဂိုဏ်းမှ မွေးထုတ်ပေးထားသော ဧကရာဇ် ကိုးယောက်လုံးက တစ်နည်းမဟုတ် တစ်နည်းဖြင့် ထူးခြားနေသည်။

တာအိုအခွင့်အလမ်းဂိုဏ်း စွမ်းအားကြီးနေရခြင်းအကြောင်းက သူတို့က မဟာအကြီးအကဲ အများအပြားကို မွေးထုတ်ပေးရုံကြောင့်သာမက စွမ်းအားကြီးဧကရာဇ် ၉ ယောက်ကိုလည်း မွေးထုတ်ပေးခဲ့သောကြောင့် ဖြစ်သည်။

All Chapters