အခန်း (၁၆၂)
Vol. 17 Ch. 162
ကျန်းကျန်း သတင်းစာဝယ်ရန်အတွက်ပေရှားမှာရှိတဲ့ လမ်းမပေါ်က စာတိုက်သို့ မသွားဘဲ တော်ဝင်မြို့တော်ကို တိုက်ရိုက်သွားခဲ့ပြီး သတင်းစာစောင်တွေအများအပြား ဝယ်ယူခဲ့တယ်။
သေချာတာပေါ့။ သူမက သတင်းစာမျက်နှာဖုံးပေါ်မှာပါတဲ့ ဆုရသတင်းကို မြင်ပြီးနောက်မှာ တောင်ပေါ်ကို အလျင်အမြန် သွားခဲ့ပြီး ဂူထဲက ထွက်လာတာနဲ့ အော်ဟစ်လိုက်တယ်။
“လောင်ရှစ်! ရှစ်ဖူဝမ်မင်ရဲ့ ဆုရတဲ့သတင်းကို သတင်းစာမှာ ထုတ်ဝေလာပြီ!”
“မစ္စတာဝမ်မင်ရဲ့ နိုဗယ်ဆုရဲ့တဲ့သတင်းကို သတင်းစာထဲမှာ ထုတ်ဝေလိုက်ပြီ”
ကျန်းကျန်းက လမ်းတစ်လျှောက်လုံး ပြေးလွှားပြီး အော်ဟစ်နေခဲ့ပေမယ့် ဆောင်းရာသီမှာဖြစ်တဲ့အတွက် ပြတင်းပေါက်တွေက လေပြင်တွေမှာမှာစိုးလို့ တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားခဲ့တာကြောင့် လူတိုင်းက မကြားခဲ့ကြဘူး။
ကျန်းကျန်းက အဆောက်အဦးထဲကို ပြေးဝင်ပြီး ထပ်အော်လိုက်ပြန်တယ်။
“ဝမ်မင်ရဲ့ နိုဗယ်ဆုအတွက် သတင်းထွက်လာပြီလား”
“သတင်းစာက ဘယ်မှာလဲ၊ ငါ့ကိုပြပါဦး!”
အဆောက်အဦးထဲမှ လူတိုင်းက ခဏအတွင်း အောက်ကိုပြေးဆင်းလာကြပြီး ကျန်းကျန်းရဲ့ဘေးနားမှာ ဝိုင်းအုံလာကြတယ်။
ကျန်းကျန်း ရယ်မောလိုက်ပြီး သူမဝယ်လာခဲ့တဲ့ သတင်းစာတွေကို သူတို့ဆီကို ဝေငှပေးလိုက်တယ်။
“ သတင်းစာတွေထဲမှာ အကြောင်းအရာတွေကို အများကြီး မဖော်ပြထားပေမယ့် ‘ပြည်သူလူထုရဲ့ အနုပညာရှင်’ ဆိုတဲ့နာမည်က စာပေဖန်တီးမှုရဲ့ အဆင့်အတန်းကို သေသေချာချာဖော်ပြနိုင်လောက်ပါ”
“အရမ်းကောင်းတယ်”
စုဝေ့ရန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေဝေဆာနေခဲ့တယ်။ ပီကင်းအော်ပရာမာစတာ ရှဲ့ရှူးရန်ကလည်း သတင်းစာကို ဖတ်ပြီးနောက် ပျော်ရွှင်စွာ ပြုံးပြီးပြောလာခဲ့တယ်။
“ဒီလိုပျော်စရာကောင်းတဲ့ပွဲအခန်းအနားမျိုးက သေချာပေါက် စားသောက်ပွဲ ကျင်းပရမှာပေါ့! လူတိုင်း မူးအောင်သောက်ရမယ်!”
ရှေးဟောင်းသုတေသနပညာရှင် ရှုမင်ကောက အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြပေမယ့် လေးနက်စွာ နှင့် ပြောလာတယ်။
“မစ်စတာဝမ်မင်ရဲ့ဆုကို ကြေညာခဲ့ပြီဆိုပေမဲ့ ငါတို့ကို ဖိနှိပ်ထားတဲ့ အင်အားကတော့ လက်လျှော့ဖို့အတွက် လုံးဝ လိုလားမှာ မဟုတ်လောက်သေးဘူး၊ အနာဂတ်မှာ ခက်ခဲတဲ့ နေ့ရက်တွေ ရှိနေဦးမယ်လို့ ထင်တာပဲ”
စုဝေ့ရန်က ထူးမခြားနားစွာနှင့် ပြုံးလိုက်တယ်။
“အဲတော့ ဘာဖြစ်လဲ၊ အခုလည်း ငါတို့က နေထွက်ချိန် နေဝင်ချိန်တွေမှာ စကားစမြည်ပြောပြီး ရယ်မောနေကြတာပဲလေ၊ ဒီနေရာမှာ ကွန်ဖြူးရှပ်ပညာရှင်တွေရှိတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေမရှိဘူး၊ စာပေယဥ်ကျေးမှုတွေအကြောင်းကိုပျောပြီးပျော်ရွှင်နေလို့ရတယ်”
ရှုမင်ကောက ပြုံးပြီး ခေါင်းခါလာတယ်။
“မင်းက ဒီမှာ ဖန်တီးနိုင်တယ်လေ၊ ဒါပေမယ့် ငါက ရှေးဟောင်းသုတေသနအတွက် အဓိကဆိုတော့ ရှေးဟောင်းသင်္ချိုင်းတွေကို ဒီမှာ တူးနေလို့မရဘူး”
စုဝေ့ရန်: “အခုက သူတို့တွေပြောတဲ့အတိုင်းဆို ‘အိုဟောင်းမှုလေးရပ်ကို ဖျက်ဆီးနေတာ’ လေ၊ တကယ်လို့ မင်း အပြင်ဘက်မှာရှိနေရင်တောင် ရှေးဟောင်းသုတေသနလုပ်ငန်းကို ဆက်လုပ်နိုင်မှာမဟုတ်ဘူး၊ အဲဒီအစား ရှေးဟောင်းဂူသင်္ချိုင်းတွေနဲ့ ဘုရားကျောင်းတွေကို ဖျက်စီးနေတဲ့ လူတွေကို မြင်နေရလို့ မင်း ညဘက်တွေမှာ အိပ်လို့မပျော်နိုင်တာမျိုးတောင် ဖြစ်လာလိမ့်မယ်”
ကျန်ရန်ကျူးက ရှုမင်ကောဆီကိုလှမ်းပြောလာတယ်။
“မင်းက တကယ်ကိုအလုပ်ကြိုးစားတာပဲ၊ ဒါပေမယ့် ကျန်းကျန်းက မင်းဆီက ရှေးဟောင်းပစ္စည်းတွေအကြောင်းကို သင်ယူလိုစိတ်ရှိတယ်လေ၊ ဒီတော့ မင်း သူ့ကို အမွေဆက်ခံသူအဖြစ် မှတ်ယူနိုင်သေးတာပဲ”
ရှဲ့ရှူးရန်က ခေါင်းညိတ်လာတယ်။
“ကျန်းကျန်းကသာ ကျွန်တော်ဆီကနေ သီချင်းဆိုဖို့ သင်ယူချင်စိတ်တွေရှိနေမယ်ဆိုရင် ကျွန်တော် ဒီမှာပဲ တစ်သက်လုံးနေနိုင်တယ်၊ ဒါပေမယ့် သူမက သိပ်ပြီး အမြင်အာရုံမကောင်းလှဘူး၊ သူမရဲ့ အသံက ကောင်းပေမယ့် ဒါကို စိတ်မဝင်စားဘူးလေ”
ကျန်းကျန်းက ပြုံးပြီး သူ့မရဲ့ မစုံသေးတဲ့ သွားတွေကို ပြသလိုက်တယ်။
“ဒါကတော့ များသွားပြီ၊ ကျွန်မက သီချင်းလည်းဆိုပါသေးတယ်နော်”
လူတိုင်းက ချက်ချင်း ရယ်မောလိုက်ကြတယ်။ ထိုအခိုက်မှာပဲ နာမည်ကြီး ရိုးရာတိုင်းရင်းဆရာဝန် လီရန်ကုန်းက သူ့ရဲ့အင်္ကျီလက်စတွေကို လှန်တင်လိုက်ပြီး ညစာပြင်ဆင်ဖို့ မီးဖိုချောင်ကို သွားဖို့လုပ်ခဲ့တယ်။
“ဒီနေ့ ဂုဏ်ပြုစားသောက်ပွဲလုပ်ဖို့ ပြောခဲ့တာမဟုတ်ဘူးလာ၊ ငါ လူတိုင်းအတွက် ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်တွေချက်ကျွေးမယ်”
ရှုမကာကောက ပြုံးပြီးပြောလာတယ်။
“ဒါဆို ငါတို့ ဒီနေ့ စားကောင်းသောက်ကောင်းတွေကိုစားရတော့မှာပဲ၊ ငါ ယုန်နှစ်ကောင်လောက် အမဲသွားလိုက်ဦးမယ်၊ တောရိုင်းသိုးတွေနဲ့ တွေ့ရင် ပိုကောင်းမှာပဲ၊ ဆောင်းရာသီမှာ အာဟာရရှိရှိ စားရအောင်”
ဒီလူတွေကို တောင်တန်းပေါ်မှာ ပိုပြီးကောင်းကောင်းနေနိုင်အောင်လို့ ကျန်းကျန်းက တောင်ရဲ့ လေးဘက်လေးတန်မှာ ရစ်ငှက်တွေ၊ ယုန်တွေ၊ တောဆိတ်တွေနဲ့ တခြားတိရိစ္ဆာန်တွေ အများကြီးကို စုဆောင်းထားတတ်ပြီး ခူးဆွတ်ရလွယ်ကူတဲ့ နေရာတွေမှာ ဆေးဖက်ဝင်အပင်တွေ အများကြီးကိုလည်း စိုက်ပျိုးထားခဲ့တယ်။
လူတိုင်း အတူတကွ အလုပ်ရှုပ်နေကြတာကိုမြင်တော့ ကျန်းကျန်းလည်း ပြန်သွားဖို့အတွက် ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
သူမ မသွားခင်မှာ သေနတ်ကိုင်ဆောင်ပြီး တောင်ပေါ်ကိုတက်သွားတဲ့ ရှုမင်ကောနောက်ကို သူမရဲ့ အသိစိတ်ကို အသုံးပြုပြီး ကြည့်ရှုခဲ့ကာ ရှုမင်ကော မြင်တွေ့နိုင်လောက်မဲ့နေရာဆီကို တောရိုင်းသိုးတစ်ကောင်ကို ပို့ဆောင်ပေးခဲ့တယ်...
နိုဗယ်ဆုရရှိကြေငြာချက်ကြောင့် ကျန်းကျန်းကလည်း စိတ်လှုပ်ရှားနေပြီး ဂုဏ်ပြုထမင်းကောင်းကောင်းစားချင်နေခဲ့တယ်။ သူမက အကြိမ်အနည်းငယ်ကြာအောင် နေရာကူးပြောင်းလာခဲ့ပြီး တရုတ်နိုင်ငံတောင်ဘက်စွန်းမှ ကျွန်းတစ်ခုသို့ရောက်လာခဲ့ပြီး လူသူကင်းမဲ့တဲ့ ပင်လယ်ကမ်းစပ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။
ကျန်းကျန်း သူမရဲ့ နေရာလွတ်ထဲမှ ရေပုံးနှစ်ပုံးကို ယူပြီး ပင်လယ်ရေထဲကို နှစ်ထည့်လိုက်တယ်။
ထိုနောက်မှာတော့ ပုဇွန်၊ ပင်လယ်ခရု၊ ဂုံးကောင်၊ ကဏန်း၊ နှင့် ပင်လယ်သံပုခြုပ်ကောင်တွေ အားလုံးက ကမ်းစပ်သို့ အမြန်ပြေးလာခဲ့ကြကာ မကြာခင်မှာပဲ ပုံးနှစ်ပုံးကို ပြည့်သွားခဲ့တယ်။
ကျန်းကျန်း ဒါတွေကိုကြည့်ပြီး တစ်ခုခုလိုအပ်နေသလိုမျိုး ခံစားနေမိတယ်။ သူမက ပစ္စည်းတွေကို နေရာလွတ်ထဲမှာ ထားပြီးနောက် ရေပုံးအလွတ်တစ်ခုကို ပြန်လည်ထုတ်ယူလာပြီး ကမ်းစပ်နားမှ ကျောက်တုံးတွေကြားကနေ ကမာကောင်တစ်ပုံးကို ထပ်မံကောက်ယူခဲ့ပြန်တယ်။
ဒီအရသာတွေကို သူမရဲ့ မိသားစုနဲ့ မျှဝေဖို့အတွက် အိမ်ပြန်ယူသွားဖို့က နည်းလမ်းမရှိဘူး။
သူမအနေနဲ့ ဒါတွေကို ဘယ်ကယူလာတာဆိုတာဆို တကယ်မပြောနိုင်ဘူးလေ။ ဒါကြောင့် ကျန်းကျန်းတစ်ယောက် သူ့ဘာသာသူပဲ ပင်လယ်စာပွဲတော် လုပ်နိုင်ခဲ့တယ်။
အခုက ဆောင်းရာသီဖြစ်ပြီး ပေရှားတွင် နှင်းများထူထပ်နေပေမဲ့လည်း နိုင်ငံရဲ့တောင်ဘက်စွန်းမှာတော့ ကျန်းကျန်းတစ်ယောက် အင်္ကျီတိုနှင့် ဘောင်းဘီတိုကိုပဲ ၀တ်ဆင်ဖို့လိုအပ်လေတယ်။
နွေးထွေးတဲ့ နေရောင်ခြည်၊ တစ်လုံးပြီးတစ်လုံးရိုက်ခတ်နေတဲ့လှိုင်းလုံးတွေ၊ လှပတဲ့ကမ်းခြေ စတဲ့ သူမရဲ့ရှေ့က လှပတဲ့ ရှုခင်းတွေကို ကြည့်ရင်း ကျန်းကျန်းတစ်ယောက်နေရာလွတ်ထဲမှာ ချက်ပြုတ်ဖို့ တကယ်ကို တွန့်ဆုတ်နေခဲ့တယ်။
သူမက မိုင်ဒါဇင်နဲ့ချီတဲ့ ဧရိယာအတွင်းမှာ လူမရှိဘူးဆိုတာကို သေချာအောင်စစ်ဆေးလိုက်ပြီးနောက့ ဂက်စ်မီးဖိုကို ယုံကြည်မှုအပြည့်နဲ့ ရဲရဲတင်းတင်း ရွှေ့ပြောင်းလိုက်တယ်။ ထို့နောက်မှာတော့ သစ်သားတွေကိုသုံးပြီး ရိုးရှင်းသော BBQ အကင်ဖိုတစ်ခုကိုလည်း တည်ဆောက်လိုက်တယ်။
ပင်လယ်စာတွေက လောလောလတ်လတ်မှာ ပင်လယ်ထဲက ထုတ်ယူလာခဲ့တာဖြစ်လို့ ဒီထက်ပိုပြီး လတ်ဆတ် နိုင်တော့မှာမဟုတ်ဘူး။
ကျန်းကျန်း ကဏန်းတွေကို ရေဆေးပြီး တိုက်ရိုက်ပြုတ်လိုက်တယ်။ လက်ဖဝါးထက်ကြီးတဲ့ ကမာကောင်တွေနှင့် ပယ်လယ်ခရုတွေကိုတော့ ရေဆေးပြီးတဲ့နောက်မှာ အခွံတွေကိုဖွင့်ပြီး နုန်းတွေကို ပြောင်စင်အောင် ဖယ်ရှားရန်အတွက် နောက်တစ်ကြိမ်ထပ်ဆေးဖို့ လိုလိမ့်မယ်။
ပြီးနောက် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူကို ထုခြေပြီး ကမာအသားတွေပေါ်ကိုတင်ပြီး ကင်လိုက်မယ်။
ပင်လယ်သံပခြုတ်တွေကတော့ ချက်ပြုတ်နေစရာမလိုဘူး။ တိုက်ရိုက်ဖွင့်လိုက်တာက အရသာအရှိဆုံးပဲ။
ကျန်းကျန်းတစ်ယောက် လျှာသပ်လိုက်မိတယ်။ မုန်ညင်းဆီလေးသာ အပေါ်က သုတ်လိုက်ရင် ပိုပြီးပြည့်စုံသွားလိမ့်မယ်။
ကျန်းကျန်းတစ်ယောက် ဂျင်းကို ပါးပါးလှီးထားပြီး ငံပြာရည်နှင့်ရှာလကာရည်ကိုရောစပ်ပြီး နှမ်းဆီဖြင့် ပြင်ဆင်လိုက်တယ်။
ဒီအချိန်မှာ ပေါင်းထားတဲ့ကဏန်းက ကျက်လာခဲ့ပြီ။
ကျန်းကျန်း မီးဖိုကိုပိတ်ပြီး ကဏန်းကို ပန်းကန်ပြားမှာပေါ်တင်ကာ ကဏန်းအခွံကို ဆွဲချွတ်တယ်။ ကဏန်းအခွံကို ဖယ်ထုတ်လိုက်ပြီးနောက်မှာ ကဏန်းအဆီတွေအပြည့်က ပေါ်ထွက်လာခဲ့ပြီ။
ကျန်းကျန်း ကဏန်းအဆုပ်ကို ဖယ်ထုတ်ကာ ကဏန်းကိုအလယ်မှ ပိုင်းဖြတ်လိုက်တယ်။
ကဏန်းကို နှစ်ပိုင်းပိုင်းလိုက်ပြီးနောက် အလယ်မှ အဆီတွေက ပြုတ်ကျတော့မလိုဖြစ်သွားတာကိုမြင်တော့ ကျန်းကျန်းတစ်ယောက် ဆော့အချဥ်ရည်နှင့်တို့ဖို့ကိုတောင် မတွေးနိုင်တော့ဘဲ ပထမတစ်ကိုက် ကိုက်လိုက်တယ်။
လတ်ဆတ်တဲ့ ဂဏန်းအဆီတွေနှင့် ကဏန်းအသားတွေက ပါးစပ်ထဲကို ရောက်ရှိလာပြီးနောက် ကျန်းကျန်းတစ်ယောက် အရသာရှိလွန်းလို့ လျှာကိုတောင် မျိုချတော့မလိုဖြစ်သွားရတယ်။
အခွံပျော့ရဲ့အပြင်ဘက်မှာရှိတဲ့ ကဏန်းအဆီနှင့် ကဏန်းအသားကို စားပြီးနောက် ကျန်းကျန်း အခွံအပျော့ကိုလည်း ဖယ်ထုတ်လိုက်ပြီး ဂျင်းရှာလကာရည်ကိုထဲကို နှစ်လိုက်တယ်။ ဂျင်းရှာလကာရည်နှင့် ဂဏန်းအသားတို့ ရောစပ်ပြီးသွားချိန်မှာတော့ ပင်လယ်စာရဲ့ ထူးခြားတဲ့ ရနံ့ကို ဖုံးအုပ်ကာ လတ်ဆတ်ပြီး သွားရည်ယိုလောက်စရာ ရနံ့တို့နှင့် ပြည့်သွားရပြန်တယ်။
ကျန်းကျန်း ကဏန်းကိိုစားပြီးနောက်မှာ လေချဥ်တစ်ချက်တက်လိုက်ပြီး အိုးအဖုံးကို အမြန်ဆွဲလှစ်ကာ နောက်ထပ်ကဏန်းအပျော့တစ်ကောင်ကို ထုတ်ယူလိုက်တယ်။ ကဏန်းအပျော့ကတော့ နူးညံ့ချောမွှေးပြီး ကဏန်းအသားတို့က တိုက်ရိုက် ကိုက်ဝါးနိုင်တဲ့အတွက် လတ်ဆတ်ပြီး နူးညံ့နေခဲ့တယ်။
ကဏန်းကြီးနှစ်ကောင်စားပြီးနောက် ကျန်းကျန်း ဗိုက်ပြည့်လုမတတ် ခံစားလိုက်ရပေမယ့် မီးကင်ထားတဲ့ ဂုံးကောင်တွေနဲ့ ကမာကောင်တွေကို ကြည့်လိုက်တော့ လေထဲမှ ကြက်သွန်ဖြူနံ့တွေနှင့် ရောစပ်နေတဲ့ ထူးခြားတဲ့ ပင်လယ်စာနံ့တွေကို အနံ့ခံလိုက်မိပြန်ကာ ကျန်းကျန်းတစ်ယောက် သွားရည်များ ယိုစိမ့်လာရပြန်တယ်။
ကျန်းကျန်း လက်အိတ်အထူတစ်စုံကို ထုတ်ယူလိုက်ပြီး ဂုံးကောင်ကင်နှင့် ကမာကောင်ကင်တွေတစ်ခုပြီးတစ်ခု သယ်လာခဲ့တယ်။ သူ ကမာကောင်အခွံကို ဂရုတစိုက်ကောက်ယူလိုက်ပြီးတော့ ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူတွေက အသားတွေထဲကို စိမ့်ဝင်နေခဲ့ပြီ။
ကျန်းကျန်း ကမာကောင်ကို ကောက်ယူပြီး ပါးစပ်နားကိုကပ်လိုက်ပြီး ကမာသားနှင့် ကြက်သွန်ဖြူတွေကို ပါးစပ်ထဲသို့ စုပ်ယူလိုက်တယ်။
လတ်ဆတ်တဲ့ အသားတွေက နူးညံ့လွန်းပြီးအရသာရှိကာ ချိုမြိန်တဲ့အရသာတို့က ကြက်သွန်ဖြူအမွှေးအကြိုင် အနည်းငယ်ရောစပ်သွားပြီး အရသာက ပိုလို့ စူးရှလာခဲ့တယ်။
လက်ဖဝါးထက်ကြီးတဲ့ ကမာကောင်ရှစ်ကောင်နှင့် ပင်လယ်ခရုအနည်းငယ်တို့က ဆယ်မိနစ်မပြည့်ခင်မှာ ကျန်းကျန်းရဲ့ ဗိုက်ထဲကို ဝင်သွားခဲ့တယ်။
ကျန်းကျန်းတစ်ယောက် မတ်တပ်ထရပ်လိုက်တော့ အင်္ကျီပါးပါးအောက်ကနေ ဖောင်းကားနေတဲ့ ဗိုက်ကို ကြည့်ရင်း ရေရွက်လိုက်မိတယ်။
“ကံကောင်းပြီး နေရာကူးပြောင်းနိုင်တဲ့ စွမ်းရည်ရှိနေလို့ပါ့၊ မဟုတ်ရင် အသက်နှစ်ဆယ်လောက်ကို မရောက်ခင်အထိ ပင်လယ်စာတွေ စားနိုင်တော့မှာမဟုတ်ဘူး”