← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

လူနာပြက္ကဒိန်ရဲ့ပထမလ 20 ရက်မြောက်နေ့မှာတော့ လီမင်တုန်က သူ့ရဲ့မိသားစုကိုခေါ်ပြီး အန်းပေသို့ ပြန်သွားခဲ့တယ်။

ကျန်းကျန်း နိုင်ငံခြားပုံစံအဆောက်အအုံထဲမှ ဘီစကစ်တွေကို ထုတ်ယူလာခဲ့ပြီး စက္ကူအိတ်ဖြင့်ထုပ်ပိုးလိုက်ကာ အသားမုန့်လုံး သယ်ဆောင်ထားတဲ့ အိတ်အသေးလေးထဲကို ထည့်ပေးလိုက်လေတယ်။

“ဒါက ရေအားလျှပ်စစ်စက်ရုံကထုပ်လုပ်တဲ့ ဘီစကစ်တွေပဲ၊ အန်တီလေး စက်ရုံကဝယ်ထားတာ ၊ မင်း ရထားပေါ်မှာ ဗိုက်ဆာနေရင် ဒါကို စားလို့ရတယ်”

အသားမုန့်လုံးက မျက်ရည်တွေကို သုတ်လိုက်ပြီး ပြောလာတယ်။

“အန်တီလေး၊ သား အန်တီလေးကို အမြဲတမ်း အချစ်ဆုံးပဲ၊ ဒါမှမဟုတ် သား အိမ်မှာ ကျန်ခဲ့ပြီး အန်တီလေးနှင့်အတူ တောင်တွေ မြစ်တွေကို တက်လိုက်ဆင်းလိုက်လုပ်ဖို့အတွက် အဖော်လုပ်ပေးမယ်လေ၊ မဟုတ်ရင် အန်တီလေးတစ်ယောက်တည်းဆိုရင် ကြောက်လာရင် ဘယ်လိုလုပ်မလဲ”

ကျန်းကျန်း ပြုံးလိုက်ပြီး အသားမုန့်လုံးရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ညှစ်လိုက်တယ်။

“ မင်းက ငါ့ကို ကြိုက်လား စားရတာ ကြိုက်လား? အဆင်ပြေပါတယ်? ဘာပဲဖြစ်ဖြစ် နွေရာသီ အားလပ်ရက်ကျရင် ပြန်လာရဦးမှာပဲလေ၊ နောက်နှစ် နွေရာသီမှာ အိမ်ပြန်ရောက်ရင် အန်တီလေးက မင်းကို ငါးမျှားနည်းတွေကို သင်ပေးမယ်၊ ငါတို့ လီမိသားစုမှာ ငါ့ထက် ဘယ်သူမှ ပိုကောင်းအောင် ငါးမမျှားနိုင်ဘူး”

ကျန်းကျန်းဆီကနေ ငါးမျှားနည်း သင်ယူနိုင်တော့မယ်ဆိုတာကို တွေးမိတော့ အသားမုန့်လုံးက ချက်ချင်းပဲ ခေါင်းညိတ်ပြီး မျက်ရည်တွေကို သုတ်လိုက်တယ်။ ထို့နော်် ကျန်းကျန်းပေးတဲ့ အိတ်လေးကိုဆွဲပြီး သူ့အဖေနှင့် ခြေလှမ်းသုံးလှမ်းသွားလိုက် နောက်ကိုပြန်ကြည့်လိုက်နှင့် ထွက်ခွာသွားခဲ့တယ်။

လီမင်တုန်ရဲ့မိသားစုက အန်းပေကိုပြန်သွားပြီးနောက်မှာ အိမ်မှာ တိတီတာတာပြောမဲ့ ကလေးနှစ်ယောက်မရှိတော့တဲ့အတွက် အိမ်က ပိုလို့ ရှင်းလင်းသွားခဲ့တယ်။

လီမင်ပေကတော့ မိသားစုထဲမှာ နှစ်သစ်ကူးအတွင်း ထင်းအမြောက်အမြားအသုံးပြုခဲ့တာကို မြင်လိုက်ရတာကြောင့် တောင်ပေါ်ကိုသွားပြီး ထင်းတွေအများကြီး ပြန်သယ်ပေးခဲ့တယ်။ ပထမလ 19 ရက်နေ့ကိုရောက်တော့ သူက မီဆိုဟင်းအနှစ်တွေ၊ အရွက်ချဉ်တွေနှင့် ကောက်ရိုးကြိုး ထူထူတွေကို သယ်ဆောင်ပြီး လူငယ်နေရပ်သို့ပြန်သွားခဲ့တယ်။

နွေဦးက စတင်ပွင့်လန်းလာခဲ့ပြီး လီမင်နန်ရဲ့ အိမ်ထောင်ရေးကလည်း အစီအစဉ်တွေပိုကျလာခဲ့ပြီ။

သေတ္တာကြီးတွေ၊ ဘီဒိုတွေ၊ စားပွဲခုံတွေလိုမျိုး လက်သမားဆီမှာ အပ်နှံထားတဲ့ ပစ္စည်းတွေအားလုံးကို ရရှိပြီဖြစ်ကာ မင်္ဂလာဦးအိမ်မှာ နေရာချခဲ့ကြတယ်။

ကျန်းကျန်းက တော်ဝင်မြို့တော်ကို တစ်ခေါက်သွားကာ သူမတိတ်တဆိတ် ရေးဆွဲထားခဲ့တဲ့ ပန်းချီကားတွေကို ပြန်ယူလာခဲ့ပြီး လီမင်နန်ဆီသို့ လျို့ဝှက်ဆန်းကြယ်တဲ့ပုံစံနှင့် ပေးခဲ့တယ်။

“ဒါက ဘာတွေလဲ”

လီမင်နန်က လိပ်ထားတဲ့ စာလိပ်တွေကို ကြည့်လိုက်ပေမဲ့ ကျန်းကျန်းက ဘာမှ ပြန်မဖြေလာတာကြောင့် တစ်ခုကိုယူပြီးဖွင့်လိုက်တော့ လေထဲမှာ ယိမ်းနွဲ့နေတဲ့ ကြာပန်းပုံပန်းချီကားကို မြင်လိုက်ရတော့ သူ့ရဲ့ မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားခဲ့တယ်။

“ဒီပန်းချီကားက ငါ့အတွက်လား”

ကျန်းကျန်းက ပြုံးပြီး ခေါင်းညိတ်ပြလာတာကိုမြင်တော့ လီမင်နန်ကနောက်ထပ် ပန်းချီကားတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်လိုက်တယ်။ ဆီးပန်းပွင့်တွေ၊ ရေနတ်သမီးပန်းတွေ၊ ပျိုနီပန်း၊ ဂန္ဓမာပန်းတွေ... အကုန်လုံးက အရောင်အသွေးစုံလင်ပြီး လှပလွန်းတယ်။

“အကြီးဆုံးညီမလေး ၊ မင်းဒီပန်းချီကားတွေကို ဘယ်ကရလာတာလဲ? ဒါက ငါတို့အစ်ကိုကြီးရဲ့ ဘီဒိုမှကပ်ထားတဲ့ ပန်းချီကားတွေထက် အများကြီးပိုကြည့်ကောင်းတယ်”

လီမင်နန်ရဲ့ မျက်လုံးက ထိုပန်းချီကားတွေကနေ အကြည့် မလွှဲနိုင်တော့ဘူး။ သူ ဒါတွေကို ပြန်ချလိုက်ဖို့ကို နှမျောနေခဲ့တယ်။

“ညီမလေး တစ်ခါတုန်းက တောင်ပေါ်မှာ ခြေထောက်ကျိုးနေတဲ့ အဘိုးအိုတစ်ယောက်ကို ကယ်တင်ခဲ့ဖူးတယ်၊ အဲဒီအဘိုးကြီး ပန်းချီကားတွေရေးဆွဲနိုင်တယ်လေ၊ ညီမလေး သူ့ကို အိမ်ပြန်ပို့ပေးတုန်းက သူ့ရဲ့ အိမ်နံရံပေါ်မှာ ပန်းချီကားတွေကို တွေ့ခဲ့တယ်၊ တတိယအစ်ကိုက တခြားသူတွေကို ဘီဒိုအတွက် ပန်းချီဆွဲခိုင်းဖို့ အရူးတစ်ယောက်လို တောင်းနေတာမဟုတ်ဘူးလား”

ကျန်းကျန်း သူမရဲ့နှာခေါင်းကို ထိကိုင်လိုက်တယ်။

“ဒီအကြောင်း ထပ်မပြောနဲ့တော့”

“ငါသိပြီ”

လီမင်နန်က ပန်းချီကားကို ဘီဒိုရဲ်အရွယ်အစားနှင့် တိုင်းတာကြည့်လိုက်တယ်။

“ငါ အခု မှန်သွားဝယ်လိုက်မယ်၊ ဒီမှန်လက်မှတ်ကို ငါသိမ်းထားတာကြာပြီ၊ မသုံးတော့ဘဲ အမှိုက်လိုဖြစ်သွားတော့မယ်လို့တောင်ထင်ခဲ့တာ”

ပန်းချီကားကို ဘီဒိုမှာ တပ်ဆင်ပြီး နံရံကို အဖြူရောင်ဆေးတွေသုတ်ကာ နံရံပေါ်မှာ ဥက္ကဌကြီးမော်စီတုန်းရဲ့ ပုံတူကိုလည်း ချိတ်ဆွဲထားတယ်။ နံရံမှာ မှန်ကြီးတစ်ချပ်ကိုလည်း ထောင်ထားခဲ့ပြီး အိမ်အသစ်က အတော်လေးအသင့်ဖြစ်သွားခဲ့ပြီ။

မင်္ဂလာပွဲကို ဇူလိုင်လကုန်မှာ ပြုလုပ်ရန် စီစဉ်ထားခဲ့တယ်။ ဒီအချိန်လောက်ဆိုရင် ရာသီဥတုသာယာနေပြီဖြစ်ပြီး အိမ်မှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားလို့ရလိမ့်မယ်။

ဒါ့အပြင် လီမိသားစုက တောင်ခြေရင်းနှင့် မြစ်ဘေးမှာ နေထိုင်တာကြောင့် အသားနှင့်ငါးအတွက် စိတ်ပူစရာမလိုဘူး။

မင်္ဂလာမဆောင်ခင် သုံးရက်အလိုမှာ လီမူလင်းတို့မိသားစုက ပင်းချန်မှ အပြေးအလွှားပြန်လာကြပြီး လီမင်တုန်ကတော့၊ အသားမုန့်လုံးနှင့် ပဲမုန့်လုံးတို့အပြင် ဗိုက်ထဲမှာရှိနေတဲ့ ဘာမုန့်လုံးမှန်းမသိသေးတဲ့ မုန့်လုံးကိုပါ ခေါ်ဆောင်လာခဲ့လေတယ်။

မဒမ်လီက ကွေ့ဟွားရဲ့ဗိုက်ကိုမြင်တာနှင့် တပြိုင်နက် ရယ်မောလိုက်ပြီး ဝမ်စုဖန်းဆီကို တီးတိုးကပ်ပြောခဲ့တယ်။

“နှစ်သစ်ကူးနေ့တုန်းက အိမ်မှာ သန့်ရှင်းရေးသုံးစက္ကူတွေ အများကြီးကုန်သွားလို့ နောက်ထပ် ကိုယ်ဝန်တစ်ခု ရလာတော့မယ်လို့ ငါမပြောခဲ့ဘူးလား၊ မင်းမြင်တယ်မလား၊ ငါပြောတာ မှန်တယ်”

ဝမ်စုဖန်းကလည်း ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ ပြန်ပြန်ခဲ့တယ်။

“အမေ ၊ဒါကို ကွေ့ဟွားရဲ့ရှေ့မှာ ပြောမနေနဲ့ဦး၊ သူမက ကလေးနှစ်ယောက်အမေဖြစ်နေပေမယ့် အရှက်ကြီးနေတုန်းပဲ၊ အမေပြောလိုက်ရင် အခန်းထဲက မထွက်ဖြစ်သွားဦးမယ်”

“ငါသိပါတယ်”

မဒမ်လီက ပြုံးပြီးပြောလိုက်တယ်။

“ညဘက်ကိုရောက်ရင် အသားမုန့်လုံးနှင့် ပဲမုန့်လုံးကို မင်းနှင့်အတူအိပ်ဖို့ ခေါ်သွားလိုက်ဦး၊ တော်ကြာ သူတို့တွေ ကွေ့ဟွားရဲ့ဗိုက်ကို ကန်မိနေမယ်”

အိမ်ကို ပြန်ရောက်တော့ အသားမုန့်လုံးက လူတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ကာ နှုတ်ဆက်လာပြီး ကျန်းကျန်းကိုမြင်လိုက်ရချိန်မှာတော့ သူမကိုပွေ့ဖက်လာကာ မလွှတ်လေတော့ဘူး။

“အန်တီလေး၊ သားကို တောင်ပေါ်ကိုရော၊ မြစ်ထဲကိုရော ခေါ်သွားမယ်လို့ပြောထားတယ်နော်၊ မေ့သွားလို့မရဘူး”

ကျန်းကျန်းက သဘက်ခါမှာကျရောက်မဲ့ မင်္ဂလာဝိုင်အခမ်းအနားပွဲအတွက် မြစ်မှာ ငါးသွားဖမ်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသားမုန့်လုံးရဲ့စကားကိုကြားတော့ သူမက သူ့ဆီကို တိုက်ရိုက်ပဲ ငါးထည့်ဖို့ပုံးတစ်ပုံးသယ်ခိုင်းလိုက်တယ်။

“သွားမယ်၊ညဒီနေ့တော့ မင်းရဲ့အန်တီက မင်းကို ငါးဖမ်းနည်းသင်ပေးမယ်”

ဒီလိုနှင့် တူဝရီးနှစ်ယောက်က မြစ်ကြီးနားကို ရောက်လာခဲ့တယ်။ ဒီအချိန်မှာ မြစ်ထဲမှာ ကိုယ်လုံးတီးနှင့် ရေကူးနေတဲ့ ကလေးတွေ အများကြီးရှိတယ်။ အသားမုန့်လုံးက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပြီး ဖိနပ်ကိုချွတ်က ဘောင်းဘီတွေကို လိပ်တင်ပြီး မြစ်ကမ်းစပ်နားကိုဆင်းချင်နေခဲ့တယ်။

“ရေကူးချင်လား”

ကျန်းကျန်း သူမရဲ့ပစ္စည်းတွေကို မြစ်ကမ်းဘေးမှာချထားပြီး ခေါင်းကိုလှည့်ကြည့်လိုက်တော့ အသားမုန့်လုံးက ရေထဲကိုဆင်းချင်နေတာကို မြင်တဲ့အတွက် မေးမြန်းလိုက်တယ်။ အသားမုန့်လုံးကလည်း ချက်ချင်းခေါင်းညိတ်ပြပြီး ကျန်းကျန်းကိုမေ့လာလေတယ်။

“ကူးလို့အဆင်ပြေလား”

အသားမုန့်လုံးက ဒီနှစ်မှာခုနစ်နှစ်ရှိပြီဖြစ်ပြီး ကျန်းကျန်းအနေနဲ့ သူမရဲ့အတိတ်ဘဝမှာတုန်းက ဒီအသက်အရွယ်ကတည်းက ရေကူးတတ်ခဲ့တယ်။

ဒါကြောင့် သူမ အသားမုန့်လုံးကို ငုံ့ကြည့်ပြီး ပြောလိုက်တယ်။

“မင်းရဲ့အဝတ်အစားတွေကို ချွတ်လိုက်၊ ဒါပေမယ့် ဘောင်းဘီကို ၀တ်ထားရမယ်၊ မင်းကို ကိုယ်လုံးတီးနေဖို့ ခွင့်မပြုဘူး”

ကျန်းကျန်း သူမ ယူလာတဲ့ ရှပ်အင်္ကျီကို ဘေးဖယ်ထားပြီး ရေထဲသို့ဝင်ပြီးတဲ့နောက် အဝတ်အစားတွေ ပေါလောပေါ်မလားစေဖို့အတွက် တင်းတင်းချည်လိုက်ပြန်တယ်။

ထို့နောက် သူမက အသားတုံးကို ကမ်းစပ်ကနေ မြစ်ထဲသို့ တစ်လှမ်းချင်း ခေါ်လာခဲ့တယ်။

ဒီခေတ်ကလေးတွေကို ရေကူးဖို့အတွက် ခွေးကူးတဲ့ ကူးနည်းတွေကို သင်ပေးတတ်တယ်။ ရေမနစ်နိုင်သရွေ့ တခြားတစ်ယောက်ရဲ့ ရေကူးတဲ့ အနေအထားကို ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး။

ကျန်းကျန်းတေ့ သူမရဲ့ အရင်ဘဝက နွေရာသီအားလပ်ရက်တိုင်းမှာ ရေကူးကန်ကိုသွားပြီး လိပ်ပြာကူးနည်းနှင့် အလွတ်စတိုင်တွေအပါအဝင် ရေကူးနည်းတွေကိုလေ့ကျင့်ခဲ့တယ်။

မကြာသေးခင် နှစ်တွေမှာလည်း သူမက မြစ်ကြီးနှင့် ဝေးကွာခြင်းမရှိဘဲ သဘာဝလွန်စွမ်းအားတွေလည်းရှိနေတာကြောင့် ရေထဲသို့ဆင်းသွားချိန်မှာ ငါးတစ်ကောင်လိုမျိုး ကျွမ်းကျင်လွန်းတယ်။

ကျန်းကျန်း အသားမုန့်လုံးရဲ့ လက်ကိုကိုင်ကာ ရေထဲသို့ဆွဲခေါ်ခဲ့ပြီး ရေထဲမှာ ကိုယ်ဖော့တတ်အောင် အရင်ဆုံးသင်ပေးလိုက်တယ်။

အသားမုန့်လုံးက အဝေးကနေ တစ်ယောက်နှစ်တစ်ယောက် ကန်ထုတ်ပြီး ဆော့ကစားနေတဲ့ ကလေးတွေကိုကြည့်ပြီး ကျန်းကျန်းရဲ့ မျက်နှာပေါ်သို့ ရေတွေ လှမ်းပက်လိုက်တယ်။

ဒီလိုနှင့် တူဝရီးနှစ်ယောက်က တစ်နေ့ခင်းလုံး ရေတိမ်တဲ့နေရာမှာ ရေကစားခဲ့ကြပြီး နေမွန်းမတည့်မချင်း ပြန်မတက်ခဲ့ကြဘူး။

ကျန်းကျန်း မျက်နှာသုတ်ပုဝါတစ်ထည်ကို ရေပုံးထဲက ထုတ်ယူလိုက်သလိုမျိုး ဟန်ဆောင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ နေရာလွတ်ထဲက ယူလိုက်တာဖြစ်လေတယ်။ နှစ်ယောက်သား တစ်ကိုယ်လုံးကို သုတ်လိုက်ကြပြီး အဝတ်အစားတွေ ပြန်ဝတ်ကာ ဒီနေ့ထွက်လာရတဲ့ ရည်ရွယ်ချက်ကို ပြန်လည် သတိရသွားခဲ့တယ်။

“အန်တီလေး ငါးမျှားဖို့ မေ့နေတယ်”

ကျန်းကျန်းက ပြုံးလိုက်ပြီး မြေပြင်မှ ငါးမျှားတံကို ကောက်ကိုင်လိုက်တယ်။

“စိတ်မပူပါနဲ့ မင်းရဲ့အန်တီလေးက ခဏပဲ မျှားရင်ရတယ်”

ကျန်းကျန်း သူမယူလာတဲ့ ငါးစာတွေကို ချိတ်ပေါ်မှာချိတ်ပြီး မြစ်ထဲကို ပစ်ချလိုက်ပါတယ်။

မိနစ်အနည်းငယ်ကြာပြီးနောက်မှာ ငါးမျှားတံက နစ်မြုပ်သွားပြီး တာနှင့် ကျန်းကျန်းလည်း ငါးမျှားတံကို ချက်ချင်း ဆွဲတင်လိုက်တော့ ငါးကြင်းကြီးတစ်ကောင်က ရေထဲမှ တဖြတ်ဖြတ်ခတ်ရင်း ပါလာခဲ့တယ်။

“အိုး၊ အန်တီလေး၊ အန်တီလေးက အရမ်းအံ့သြဖို့ကောင်းတာပဲ!”

အသားမုန့်လုံးက ကျန်းကျန်းကိုသဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလာတယ်

“သား အန်တီလေးလောက် အစွမ်းထက်တဲ့ ဇနီးနဲ့ လက်ထပ်ချင်တယ်၊ ဒါဆို တစ်နေ့လုံး ငါးစားလို့ရပြီ”

ကျန်းကျန်း အသားမုန့်လုံးရဲ့ လေးနက်တဲ့ အမူအရာကို ကြည့်ပြီး ချက်ချင်း ပြုံးလိုက်မိကာ မျက်ခုံးကိုပင့်ပြီး ပြောလိုက်တယ်။

“မင်း တကယ်တွေးနေတာပဲ၊ ဒါဆို မင်းရဲ့ ဇနီးသည်အတွက် မင်းကိုယ်တိုင် ငါးဖမ်းဖို့ မလုပ်ပေးဘူးလား”

အသားမုန့်လုံးက ခဏလောက် ကြောင်အသွားပြီး ရှက်ရွံ့စွာခေါင်းကုတ်ရင်း ပြောလာတယ်။

“ကျွန်တော် လုပ်ပေးမှာ”

သူက ကျန်းကျန်းရဲ့ဘေးမှာ ချက်ခြင်းငုတ်တုတ်ထိုင်လိုက်တယ်။

“အန်တီလေး ဒီတစ်ခါ သား ငါးမျှားမယ်လေ၊ သားမှာ အရည်အချင်းရှိရင် နောင်အနာဂတ်မှာ ဇနီးရှာဖို့ စိတ်ပူဖို့မလိုတော့ဘူး”

ကျန်းကျန်း မထိန်းနိုင်စွာ ရယ်မောမိပြီး ပြောလိုက်တယ်။

“မင်းရဲ့ အတွေးတွေက အပြောင်းအလဲ တော်တော်လေး မြန်ဆန်တာပဲ”

T/n _ အစ်ကိုကြီးတို့ကလည်း လက်မထပ်ခင်တုန်းက မူခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ

(ノ_-;)…

All Chapters