← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

ကျန်းကျန်းရဲ့ ငါးစာက အထူးပြုလုပ်ထားတာဖြစ်ပြီး သဘာဝလွန်စွမ်းအားတွေရဲ့အကူအညီလည်းပါဝင်တာကြောင့် နာရီဝက်အတွင်း ငါးကြင်း၊ မြက်ငါးကြင်းနှင့် ငွေကြင်းဖြူအပါအဝင် ငါးရှစ်ကောင်ကို ဖမ်းမိခဲ့ပြီး အငယ်ဆုံးက နှစ်ပေါင်ကျော်လေးကာ အကြီးဆုံးက လေးပေါင်၊ငါးပေါင်လောက်ရှိတယ်။

သူတို့ နှစ်ယောက်က ရေပုံးအပြည့်နဲ့ ခြံထဲကို ဝင်လာခဲ့ကြပြီးနောက်မှာ ကျန်းကျန်း အိမ်ထဲမှ စစ်စိမ်းရောင် အသွင်အပြင်တစ်ခုကို တွေ့လိုက်ရတယ်။

“ဒုတိယအစ်ကို ပြန်ရောက်ပြီလား!”

ကျန်းကျန်း ရေပုံးကို အမြန်ချလိုက်ပြီး ခြံဆီသို့ အလျှင်အမြန်ပြေးသွားခဲ့တယ်။

လီမင်ရှီက ပြတင်းပေါက်မှလှည့်ကြည့်လိုက်တော့ ကျန်းကျန်းကိုမြင်တာကြောင့် ပြုံးပြလာတယ်။

“တောရိုင်းသူလေး ၊ မင်း ဘယ်နေရာတွေကို လျှောက်သွားနေတာလဲ”

ကျန်းကျန်း စိတ်လှုပ်ရှားစွာနဲ့ အိမ်ခန်းထဲသို့ ပြေးဝင်သွားခဲ့တယ်။

“ဒုတိယ အစ်ကို!”

သူမ အထဲသို့ ပြေးသွားခဲ့ပြီး လီမင်ရှီကို ပွေ့ဖက်လိုက်လေတယ်

“ဒုတိယအစ်ကို၊ အစ်ကိုသာ ပြန်မလာတော့ဘူးဆိုရင် အစ်ကိုဘယ်လိုပုံစံလဲဆိုတာတောင် ညီမလေး မေ့သွားတော့မှာ!”

လီမင်ရှီက ကျန်းကျန်းရဲ့ ဆံပင်ကို ပွတ်သပ်ပြီး ပြုံးလိုက်တယ်။

“နှစ်နည်းနည်းလောက် ကြာသွားတာနှင့် မင်းရဲ့ ဒုတိယအစ်ကိုကို မေ့ပစ်လိုက်တော့မယ်ပေါ့လေ၊ မင်းကို ဂရုစိုက်ပေးခဲ့တာက အချည်းနှီးဖြစ်တော့မှာပဲ”

ကျန်းကျန်းက ပြုံးလိုက်ပြီး လီမင်ရှီကို ပွေ့ဖက်ထားတဲ့လက်ကို ပြန်မလွှတ်လာတော့ဘူး။

သူတို့မောင်နှမတွေ အလွန်ရင်းနှီးကျွမ်းဝင်နေကြတာကိုမြင်တော့ မဒမ်လီတစ်ယောက် ပါးစပ်မပိတ်နိုင်ဖြစ်နေခဲ့ပေမဲ့ ကျန်းကျန်းက တခြားလူကို မမြင်တာကိုမြင်တော့ သတိပေးခဲ့တယ်။

“မင်းရဲ့ ဒုတိယအစ်ကို ကို ဒုက္ခမပေးနဲ့လေ၊ ဒီမှာဧည့်သည်ရှိနေတာကို မတွေ့ဘူးလား?”

ကျန်းကျန်း အနောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ ခန်ရှေ့မှာပြုံးပြီးရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

သူမက ဆံပင်တိုတိုတို့ရှိပြီး မျက်လုံးတွေကကြီးမားဝိုင်းစက်ကာ တက်ကြွတဲ့အကြည့်တွေနဲ့ သူမဆီကိုကြည့်နေတာကို တွေ့လိုက်ရတယ်။

ကျန်းကျန်း သူမကို ပြန်ပြုံးလိုက်ပြီး လီမင်ရှီရဲ့လက်ကိုဆွဲကာ စနောက်လိုစွာ လှမ်းမေးခဲ့တယ်။

“အစ်မလို့ ခေါ်ရမှာလား ဒါမှမဟုတ် ဒုတိယယောက်မလို့ ခေါ်ရမှာလား”

လီမင်ရှီက သူ့ရဲ့လက်ချောင်းတွေကို ကွေးပြီး ကျန်းကျန်းရဲ့ နဖူးကို ခပ်ဖွဖွခေါက်လိုက်ပြီး အပြုံးနှင့်ပြောလာတယ်။

“ အစ်မယန်နန်လို့ခေါ်”

ကျန်းကျန်း လီမင်ရှီရဲ့လက်ကို လွှတ်လိုက်တယ်။

“မင်္ဂလာပါ အစ်မယန်နန်၊ ညီမက လီမင်ရှီရဲ့ညီမ လီမင်ကျန်းပါ၊ အစ်မ ညီမကို ကျန်းကျန်းလို့ ခေါ်လို့ရတယ်”

ဆံပင်အတိုနှင့်မိန်းကလေးက အပြုံးနှင့် ပြန်ဖြေလာခဲ့တယ်။

“ဟယ်လို၊ ငါ့နာမည်က ရှဲ့ယန်နန်ပါ၊ ငါက မင်းရဲ့အနာဂတ် ဒုတိယယောက်မပဲ”

ကျန်းကျန်း ရုတ်တရက် ရယ်မောလိုက်တယ်။

“သိပါတယ်၊ ဒါက ညီမရဲ့ ဒုတိယအစ်ကိုက မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် အိမ်ထဲကို ခေါ်လာတာလေ၊

ညီမက သွားမစုံသေးသလို မျက်လုံးလည်း သိပ်မကြည့်ရသေးပေမဲ့ ညီမရဲ့မိသားစုက အစ်မကို ဘယ်လောက်တောင်ကြိုဆိုနေလဲဆိုတာ မြင်နိုင်တယ်”

ဒါက အမှန်ပဲ။ မဒမ်လီတစ်ယောက် သူ့ရဲ့မြေးဖြစ်သူတစ်ယောက် စစ်တပ်မှ ပြန်မလာခဲ့တာက အလွန်ကြာမြင့်နေပြီလို့ တွေးတောနေခဲ့ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ဘယ်အချိန်မှာမှ ဖြေရှင်းနိုင်မလဲဆိုတာ မသိနိုင်ဖြစ်နေတဲ့အတွက် စိတ်ဖိစီးနေခဲ့တယ်။

ဒီကလေးက မိန်းကလေးတစ်ယောက်ကို တိတ်တိတ်လေး ပြန်ခေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။

အခုတော့ မဒမ်လီရဲ့ စိတ်ထဲမှာ သိုဝှက်သိမ်းဆည်းထားတဲ့ စိတ်ဆန္ဒအရာအများစုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိမှာ လီမင်ရှီရဲ့အိမ်ကိုပါ တစ်ခါတည်း အတူတူမဆောက်ခဲ့မိတဲ့အပေါ် နောင်တရနေခဲ့တယ်။

ဒီလိုသာမဟုတ်ရင် မင်္ဂလာပွဲကို တစ်ခါတည်း လုပ်လိုက်နိုင်မှာ။

မိန်းကလေးက အလွန် သဘောထားကြီးပြီး လီမင်ရှီနှင့် သူမရဲ့ဆက်ဆံရေးအကြောင်းကို တိုက်ရိုက်ပြောခဲ့လာတယ်။ ဒါကြောင့် မဒမ်လီက သူမ အချိန်အတော်ကြာအောင် ထိန်းထားခဲ့တဲ့စကားကို နောက်ဆုံးမှာ မေးမြန်းခဲ့လေတယ်။

“ယန်နန်၊ မင်းနဲ့ မင်ရှီတို့ ဘယ်တော့ လက်ထပ်မှာလဲ၊ မင်္ဂလာပွဲအတွက် အိမ်ကိုပြန်လာနိုင်လောက်မလား”

ရှဲ့ယန်နမ်က လီမင်ရှီဆီကို အပြုံးလေးနှင့် လှမ်းကြည့်ခဲ့ပြီး လီမင်ရှိက ချက်ချင်းပဲပြန်ပြောခဲ့တယ်။

“ဒါကို ကျွန်တော်တို့တွေ အဖွားနှင့် ဆွေးနွေးဖို့ လုပ်နေခဲ့တာ၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်းကျွန်တော်တို့မိသားစုက စစ်တပ်ဆီကို စာတွေနည်းနည်းလောက် ပို့ပေးခဲ့တယ်လေ၊

သူတို့တွေက ပြန်လည်စီစစ်ပြီးသွားရင် ကျွန်တော့်ရဲ့နေရာကို ပို့ပေးလာတတ်တယ်၊

ကျွန်တော် ယန်နန်နဲ့ ဆွေးနွေးပြီး လက်ထပ်ဖို့အတွက် ခွင့်ပြုချက်ရဖို့ အဆိုတင်သွင်းခဲ့ပြီး အဖွဲ့အစည်းကလည်း ပြန်သုံးသပ်ပြီးတော့ ကျွန်တော်နှင့် ယန်နန်တို့ရဲ့ လက်ထပ်မှုကို အတည်ပြုပေးခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကိုလည်း တစ်ခါတည်း အတူကျင်းပဖို့အတွက် ဆွေးနွေးခဲ့ကြတယ်”

မဒမ်လီတစ်ယောက် ထိုစကားကိုကြားတော့ ခန်ပေါ်ကတောင် ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့ရတယ်။

သူမက ရှဲ့ယန်နန်ရဲ့လက်ကို ချက်ချင်းဆွဲကိုင်လိုက်ပြီး ရှက်ရွံ့စွာ ရယ်မောလိုက်တယ်။

“ဒီကလေးနှစ်ယောက်ကတော့.. မင်းတိို့တွေ ဒီလောက်ကြီးကျယ်တဲ့အကြောင်းအရာတွေကို မြန်မြန်လေးပြောပြလို့ မရဘူးလား၊

ဒီလိုဆိုရင် ငါတို့လည်း မင်းတို့အတွက် အိမ်အသစ်ဆောက်ပေးထားမှာပေါ့၊ မင်းတို့တွေ ဘယ်လိုတွေးနေကြတာလဲ၊ အခုတော့ မင်းတို့မှာ ဘီဒိုတွေ ၊ ခန်တွေလည်း ဘာမှမရှိဘူး၊ မင်းရဲ့မင်္ဂလာဆောင်အတွက် အဝတ်အစားနဲ့ အိပ်ယာတောင်မပြင်ဆင်ထားခဲ့ဘူး၊ မင်းတို့ကတော့ ဘယ်လောက်တောင် အံ့သြသင့်ရအောင်လုပ်နေကြတာလဲ”

ရှဲယန်နန် ပြုံးလိုက်ပြီး မဒမ်လီရဲ့လက်ကို အသာ ပုတ်လိုက်တယ်။

“အဆင်ပြေပါတယ် အဖွား၊ မင်ရှီနှင့် ကျွန်မက ဒီလိုအခြေအနေတွေကို ဂရုမစိုက်ပါဘူး၊ ကျွန်မတို့အတွက် အခန်းတစ်ခန်းလောက် ရှင်းပေးဖို့ပဲ လိုတာပါ”

လီမင်ရှီကလည်း ပြောလာတယ်။

“အဖွား၊ အဖွား သိပ်ပြီး ဒုက္ခခံနေစရာမလိုပါဘူး၊ ကျွန်တော်တို့ မလာခင် စစ်ယူနီဖောင်းအသစ်တွေ ယူလာခဲ့တယ်၊ စောင်ကလည်း နွေရာသီမှာဆိုတော့ ခြုံစရာ မလိုပါဘူး”

“ဒါပေမယ့် ဒီလိုမျိုးလောက်အထိ အရမ်းဆိုးနေလို့မရဘူးလေ”

မဒမ်လီ ပြနာပြောလိုက်တယ်

“ဒီနေ့က အရမ်းနောက်ကျနေပြီဆိုတော့ ထားလိုက်တော့၊ မနက်ဖြန်ကျရင် အနီရောင်စောင်၊ အနီရောင်မျက်နှာသုတ်ပုဝါနှင့် တဘက်တွေ ရှိမရှိ သွားစစ်ကြည့်ရမယ်၊

တကယ်လို့ မဝယ်နိုင်ဘူးဆိုရင် မင်နန်ဆီမှာ နှစ်ခုရှိတယ်၊ မင်းတို့ကို တစ်ခုပေ့ပြီး တစ်ယောက်ကို တစ်ခု မျှသုံးလိုက်ကြတာပေါ့၊ မင်းတိာ့အတွက် ရေဇလုံတွေ ဓာတ်ဘူးတွေလိုမျိုး အသုံးအဆောင်တွေကိုလည်း ဝယ်ရဦးမယ်၊ အခု အဝယ်ရသေးခင်တာ့ မင်း အရင်ရက်တွေတုန်းက သုံးနိုင်တဲ့ ပစ္စည်းတွေကို ပြန်သုံးနေလိုက်ဦး”

ကျန်းကျန်းလည်း ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး အေဂျင်စီတွေမှာ လိုက်ရှာဖို့အတွက် သူမရဲ့ အသိစိတ်ကို အသုံးပြုခဲ့ပြီး ကောင်တာပေါ်မှာ နက်ပြာရောင် မျက်နှာသုတ်ပုဝါ နှစ်ထည်သာရှိပြီး ထိုနက်ပြာရောင်မျက်နှာသုတ်ပုဝါတွေကလည်း မလှတာကို တွေ့လိုက်ရတာကြောင့် သူမ ချက်ချင်း ပြန်ပြောခဲ့တယ်။

“အဖွား ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို သမီး လုပ်နိုင်ပါတယ်၊ မနက်ဖြန်ကျရင် အဖွားနှင့်အမေက အိမ်မှာ နောက်ထပ် လိုအပ်တဲ့ကိစ္စကြီးတွေကို ပြင်ဆင်လိုက်ကြလေ “

မဒမ်လီက ခေါင်းညိတ်ပြလိုက်တယ်

“ကောင်းပြီ၊ မင်းက မျက်စိကောင်းပြီး ပစ္စည်းတွေကိုလည်း ကောင်းကောင်း ရွေးတတ်တယ်၊ မနက်ဖြန် မင်းသွားဝယ်လိုက်လို့ရတယ်၊ မင်းရဲ့ ဒုတိယအစ်ကိုနဲ့ ယန်နန်က သဘက်ခါ လက်ထပ်တော့မှာဆိုတော့ အိမ်မှာ ကောင်းကောင်အနားယူကြပါစေ”

လက်ထပ်ပွဲတွေရဲ့အကြောင်းကို စကားပြောနေတဲ့အချိန်မှာ မဒမ်လီက သူမရဲ့ပျော်ရွှင်နေတဲ့အသွင်အပြင်ကို တခြားလူတွေ မမြင်နိုင်တော့မှာကို စိုးရိမ်နေတဲ့အလား အပြုံးတွေကို မရပ်တန့်နိုင်တော့ဘူး။

“ဒါက မြန်လွန်းတယ် ဟားဟားဟား”

လီမင်ရှီနှင့် ရှဲ့ယန်နန်တို့လည်း မဒမ်လီရဲ့ အသွင်အပြင်ကိုမြင်လိုက်ရတော့ မနေနိုင်စွာနှင့် လိုက်ပါ ရယ်မောလိုက်မိကြတယ်။

ကျန်းကျန်းက တောရိုင်းအသီးအနှံတွေကို အိုးတစ်လုံးစာဆေးကြောပြီး ပန်းကန်ပြားပေါ်တင်ကာ ယူလာခဲ့တယ်။

“ဒုတိယအစ်ကို၊ အစ်မယန်နန် ၊ အ၀်ကိုနှင့် အစ်မတို့ ဘယ်မှာတွေ့ကြတာလဲ? ညီမသိထားသလောက်ဆို စစ်တပ်ထဲကလူတွေက တစ်သက်လုံးဘုန်းကြီးတွေလို့ တစ်ယောက်ထဲဖြစ်သွားလိမ့်မယ်လို့ ပြောရလောက်အောင် မိန်းကလေးတွေနှင့် တွေ့ရတာရှားတယ်ဆို”

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”

မဒမ်လီက တည်သီးတစ်လုံးကိုယူပြီး ကျန်းကျန်းရဲ့ ပါးစပ်ထဲသို့ ထည့်လိုက်တယ်။

“မင်းအစ်ကိုက မင်းရဲ့ ယောက်မနှင့်မတွေ့ခဲ့ဘူးလား”

လီမင်ရှီက ပြုံးလိုက်ပြီး ရှဲ့ယန်နန်ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။

“ငါ စစ်တပ်ထဲကို ပြန်သွားခဲ့ပေမဲ့ စစ်တပ်ထဲမှာ နေခဲ့ရတာမဟုတ်ဘူး၊ ကောင်းပြီ၊ ပြောရရင် ရှဲ့ယန်နန်နှင့် ငါက သိပ္ပံနှင့်ဆိုင်တဲ့ သုတေသန ပရောဂျက်အဖွဲ့မှာ အတူရှိနေခဲ့တာ၊ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးလို့ဆိုနိုင်တယ်”

“သြော် မင်းတို့နှစ်ယောက် အလုပ်အတူလုပ်ခဲ့ကြတာလား”

မဒမ်လီက နားလည်မှုတစ်ဝက်နဲ့ နားမလည်မှုတစ်ဝက်နှင့် ပြောလာတယ်။

“ဒါနှင့် မင်း အခုကစပြီး စာတွေ မကြာခဏရေးလို့ရမလား၊ မင်းရဲ့စာအဆက်အသွယ်မရလို့ ငါအမြဲတမ်းစိတ်ပူနေတာ”

“အလုပ် မဖြစ်မှာစိုးတယ်”

လီမင်ရှီရဲ့ မျက်နှာက အနည်းငယ် တောင်းပန်လိုမှုတွေရှိနေခဲ့ပြီး အပြစ်ရှိကြောင်းကို ပြသနေခဲ့တယ်။

“ဒီပရောဂျက်ကို လျှို့ဝှက်ထားဖို့ လိုတယ်၊ တည်နေရာကလည်း အရမ်းဝေးတယ်၊ အနည်းဆုံး သုံးနှစ် ဒါမှမဟုတ် ငါးနှစ်လောက်တော့ ကြာဦးမယ်ထင်တယ်။”

“သုံးနှစ်နှင့် ငါးနှစ်ကြားလား”

မဒမ်လီက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိပေမဲ့လည်း မြေးဖြစ်သူရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အပြစ်ရှိနေတဲ့အကြည့်ကို မြင်လိုက်ရတော့ ချက်ချင်းပဲ သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဖော်ပြလာတယ်။

“တကယ်တော့ သုံးနှစ်၊ ငါးနှစ်ဆိုတာက သိပ်မကြာပါဘူး၊ အစတုန်းကတော့ မင်း ယန်နန်ကို ပြန်မခေါ်လာခဲ့တော့ ငါ မင်းရဲ့အိမ်ထောင်ရေးကိုပဲ အမြဲတမ်း စိတ်ထဲမှာ တွေးမိနေတာ၊ ဒါပေမယ့် အခုတော့ မင်းမှာ မိသားစုရှိလာတော့မှာဆိုတော့ ငါ စိတ်သက်သာရာရသွားပြီ”

*

မဒမ်လီက ခန်ပေါ်မှဆင်းပြီး သေတ္တာကိုဖွင့်ကာ လီမင်ရှီဆီကပို့ပေးလာတဲ့ စာအိတ်ကိုထုတ်ယူလိုက်ပြီး ယန်နန်ဆီကို ပေးလိုက်တယ်။

“ဒါကလွန်ခဲ့တဲ့နှစ်နှစ်လောက်က မင်ရှီက မိသားစုထဲကိုပြန်ပို့ပေးလိုက်တဲ့လစာတွေပဲ၊ ဒီပိုက်ဆံတွေကို မင်ရှီအတွက် စုဆောင်းပေးထားတာ၊ အခု ဒါတွေကို မြန်မြန်ယူသွားလိုက်၊ အနာဂတ်မှာ မင်းမိသားစုအတွက် ပိုက်ဆံတွေအများကြီးလိုလာလိမ့်မယ်”

ရှဲ့ယန်နန်က ဒါကို ကြားတော့ အလျှင်အမြန်ငြင်းဆိုခဲ့တယ်။

“အဖွား၊ ဒါက မင်ရှီရဲ့ မိသားစုအတွက်ပေးခဲ့တဲ့ပိုက်ဆံတွေလေ၊ ကျွန်မ လက်မခံနိုင်ပါဘူး”

“မင်းတစ်ယောက်တည်းကိုပဲ မဟုတ်ဘူး၊ တခြားညီအကိုတွေအတွက်လည်း ဒီလိုပဲ လုပ်ခဲ့တာ”

မဒမ်လီက ယန်နမ်ရဲ့လက်ကိုဆွဲကာ စာအိတ်ကို သူမရဲ့လက်ထဲသို့ထည့်ပေးလိုက်တယ်။

“အခုကစပြီး မင်းတို့တွေအိမ်ကို ယွမ်နှစ်ဆယ်ပဲ ပြန်ပို့ပေးလိုက်၊ ဒါက သူ့ရဲ့တာဝန်ပဲ”

ရှဲ့ယန်နန်က လီမင်ရှီကို လှမ်းကြည့်လိုက်တော့ လီမင်ရှီက ပြုံးလိုက်ပြီး စာအိတ်ကိုယူပြီး အဖွားဖြစ်သူရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။

“ကျွန်တော့် အိမ်ဆောက်ဖို့ ပိုက်ဆံမလိုဘူးလား၊ နောက်ပြီး အဖေရဲ့ လစာကလည်း နည်းတယ်လေ၊ အိမ်ထောင်ကျပြီးရင် ကျွန်တော် ပြန်ပို့နိုင်တဲ့လစာက အကန့်အသတ်ရှိတော့မှာ၊ ဒါကြောင့် အိမ်ထောင်မပြုခင် ရတဟ့ ပိုက်ဆံအားလုံးကို မိသားစုကို ပေးချင်တယ်”

ရှဲ့ယန်နန်ကလည်း အပြုံးနှင့်ပြောလာတယ်။

“ဟုတ်တယ်၊ အဖွားယူထားလိုက်ပါ၊ ကျွန်မတို့က အိမ်မှာမနေနိုင်ဘဲ အပြင်ကိုရောက်နေတာလေ၊ အဖွားနှင့်မိဘတွေကို ဂရုမစိုက်နိုင်ဘူး၊ ဒါကြောင့် ပိုက်ဆံပါ မလိုချင်ဘူးဆိုရင် ကျွန်မတို့တွေ ပိုလို့ ဝမ်းနည်းရလိမ့်မယ်၊ ဒါ့အပြင် မင်ရှီနှင့်ကျွန်မတို့ စားသောက်နေထိုင်တာနှင့် အဝတ်အစားတွေက နိုင်ငံတော်က ထောက်ပံ့ပေးထားလို့ တစ်နှစ်ကို ယွမ်နည်းနည်းလောက်ပဲ လိုအပ်တာစိတ်ပူစရာ မလိုပါဘူး”

သူမရဲ့မြေးနဲ့ မြေးချွေးမက ဝတ်ကြီးဝတ်ငယ်အတွက် အလွန်သိတတ်တာကိုမြင်တော့ မဒမ်လီရဲ့ နှလုံးသားက ပျားရည်စားတာထက် ပိုလို့ချိုမြိန်လာရတယ်။

All Chapters