အခန်း (၁၆၈)
Vol. 17 Ch. 168
ဒီဘက်ခေတ်မှာ လက်ထပ်ပွဲက ညနေဘက်တွေမှာဘဲ လုပ်ကြတယ်ဆိုပေမဲ့ လက်ထပ်ပွဲနေ့မှာ မိသားစု အစောပြီးထရတယ်။
ဝမ်စုဖန်းက အိမ်ကို နောက်တစ်ဖန် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ခဲ့ပြီး ညနေဘက် အကျွေးအမွေးပွဲအတွက် ဟင်းအနည်းငယ်ကို စတင်ပြင်ဆင်ချက်ပြုတာခဲ့တယ်။
လီမင်နန်က တစ်မနက်လုံး နှိုးစက်နာရီကို စိုက်ကြည့်နေခဲ့ကာ နောက်ဆုံး နေ့လည်စာစားပြီးနောက်မှာတော့ သူက သတို့သမီးကို သွားခေါ်ဖို့အတွက် ထပ်မံမစောင့်နိုင်တော့ဘူး။
သူတို့တွေ နံရံပေါ်မှ ပွတ်တိုက်ထားတဲ့စက်ဘီးကို ဖြုတ်ချလိုက်ပြီး လီမင်တုန်၊ လီမင်ပေနှင့် လီမူစန်းတို့ မိသားစုမှ လီမင်ရုန်၊ လီမင်ကွမ်း ၊ လီမူလင်းတို့မိသားစုမှ လီမင်ရှုနှင့် လီမင်ရှင်းတို့ကိုခေါ်ကာ ရေအားလျှပ်စစ် စက်ရုံသို့ စည်ကားသိုက်မြိုက်တဲ့ နည်းလမ်းနှင့် သွားခဲ့ကြတယ်။
ဒီဘက်ခေတ်ကာလမှာ သံမဏိစက်ဘီးအမျိုးအစားက အလွန်အမင်းရှားပါးလွန်းတာကို ထည့်မပြောနှင့်ဦး။ လီမင်နန်က အလွန်ချောမောပြီး တက်ကြွလွန်းတယ်။ ဒါကြောင့် အိမ်နီးချင်းတွေက သူတို့နှစ်ယောက်ကို စုံတွဲကောင်းတွေဖြစ်ကြောင်း မချီးကျူးဘဲမနေနိုင်ခဲ့ကြဘူး။
မုန်ရှောင်ရှီက စက်ဘီးနောက်ခုံမှာ ထိုင်လိုက်ပြီး လီမင်နန်က ဝမ်းသာပျော်ရွှင်စွာနှင့် စက်ဘီးကို တွန်းလာခဲ့တယ်။
အခုအချိန်တွေမှာ မင်္ဂလာပွဲတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေ မရှိသေးဘူး။ သတို့သမီး သွားရောက်ခေါ်ဆောင်ချိန်မှာ ဆွေမျိုးတွေက မီးရှူးမီးပန်းတွေပစ်ဖောက်ခြင်းတွေ ဒါမှမဟုတ် သတို့သမီးကို ကြိုဆိုချိန်မှာ သီချင်းတွေ သီဆိုခြင်းတွေသာ ရှိခဲ့တယ်။
သတို့သမီး လာခေါ်ခြင်းဖြစ်ကြောင်း ကြားရတာနှင့် လူအများက စိတ်လှုပ်ရှားစွာ နှင့် လာရောက် ကြည့်ရှုခဲ့ကြတယ်။ လီမင်ပေက တော်လှန်ရေးသီချင်းတွေကို ပျော်ရွှင် မြူးကြွစွာ သီဆိုနေခဲ့ပြီး သူ ဘေးကိုလှည့်ကြည့်လိုက်ချိန်မှာ ယွီဝမ်ရှို့က သူ့မောင်လေးရဲ့ ဆုပ်ကိုင်ထားပြီး မိသားစုအဆောက်အဦးအနားမှာရပ်ကာ စိတ်လှုပာရှားစွာ ကြည့်နေတာကို တွေ့လိုက်ရတယ်။
လီမင်ပေရဲ့အသံက ခဏရပ်သွားခဲ့ပြီး သူ့ရဲ့ သီချင်းဆိုသံကလည်း သိသိသာသာပင် သံစဥ်နှင့် လွဲချော်သွားခဲ့တယ်။ လီမင်ရှုနှင့် လီမင်ရှင်းတို့က တေးသွားကို ပြန်ဆွဲယူရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြရတယ်။
လီမင်ပေက သူမကိုကြည့်နေကြောင်းကို သတိပြုမိသွားတော့ ယွီဝမ်ရှို့က ပြုံးပြီး ခေါင်းညိတ်ပြလာခဲ့တယ်။ လီမင်ပေ ခဏလောက်အံ့သြသွားခဲ့ပြီး ယဉ်ကျေးတဲ့ အပြုံးကို အမြန်ပြန်ထုတ်ဖော်ပြလိုက်ကာ ခေါင်းကို အရှေ့သို့ပြန်လှည့်လိုက်ပြီး လည်ချောင်းကို အသာရှင်းကာ ဆိုလက်စသီချင်းကို ဆက်ပြီး သီဆိုလိုက်တယ်။
လီမင်ပေက ဝေးသထက်ဝေးအောင် လျှောက်သွားခဲ့ပေမဲ့ သော်လည်း သူ့ရဲ့ အသံထွက်လွဲနေတဲ့ သီချင်းဆိုသံကို ယောင်ဝါးဝါး ကြားနေရတုန်းပဲဖြစ်ကာ ယွီဝမ်ရှို့ရဲ့နှလုံးသားထဲမှာ ဖော်မပြနိုင်လောက်တဲ့ ခံစားချက်တစ်ခု ရှိနေခဲ့တယ်။
လီမင်ပေက သူမကို သဘောကျကြောင်းကို ယွီဝမ်ရှို့ အမြဲတမ်းသိနေခဲ့တယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ယွီဝမ်ရှို့က အစတုန်းပိုင်းမှာ ဒီလိုမျိုးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ကောင်လေးအပေါ် ချစ်ခင်တွယ်တာစိတ်တွေ မရှိခဲ့ဘူး။
ရိုးအခြင်း ၊ အနှောင်အဖွဲ့လွတ်ကင်းခြင်း နှင့် လက်တွေ့မကျခြင်း စတာတွေက သူမ အမုန်းဆုံး အရာတွေပဲ။
သူမ အနေနဲ့ အနာဂတ်မှာ သူမရဲ့အဖေလိုလူမျိုးကို ဘယ်တော့မှ ရှာဖွေမှာ မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို ကျိန်ဆိုခဲ့ပြီး လီမင်ပေရဲ့ ပြဿနာတွေက သူမရဲ့အဖေနှင့် အတူတူပဲ။
ဒါပေမယ့် တစ်ချိန်တည်းမှာ ယွီဝမ်ရှို့က သူ့ရဲ့ စိတ်အားထက်သန်မှု၊ ရိုးသားမှုတွေနှင့် ရိုးရှင်းမှုတွေအပေါ် မသိစိတ်က ဆွဲဆောင်ခံလိုက်ရတယ်။
လီမင်ပေက မီးနှင့် တူတယ်။ သူမရဲ့ နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ မှောင်မိုက်မှုတွေကို ဖယ်ရှားဖို့နဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ စိတ်ဓာတ်တွေကို လွတ်မြောက်သွားစေဖို့အတွက် သူမအတွက် စိတ်အားထက်သန်စွာနှင့် အမြဲတမ်း လောင်ကျွမ်းပေးနိုင်တယ်လို့ အမြဲတမ်း ခံစားခဲ့ရတယ်။
သူမဆီမှာ စိတ်ရှုပ်ထွေးမှုနှင့် တုံ့ဆိုင်းမှုတွေက ပြည့်နှင့် ဖုံးလွှမ်းခံထားခဲ့ရတယ်။
ကျောင်းတက်တဲ့အချိန်ကနေ ပညာတတ်လူငယ်နေရပ်အထိ သူမ လီမင်ပေရဲ့ ဝန်ခံဖို့ကြိုးပမ်းမှုကို အကြိမ်ကြိမ် ရှောင်ရှားခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ သူမကလီမင်ပေရဲ့ ပုံရိပ်ကို မသိစိတ်ကနေ လိုက်ရှာမိနေခဲ့တယ်။
သို့ပေမဲ့ အချိန်ကြာလာတာနှင့်အမျှ လီမင်ပေရဲ့ သူမအပေါ် အကြည့်တို့က ပထမဆုံးစတွေ့ချိန်တုန်းကနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ပြီး အခုချိန်မှာတော့ သူက ပေါ့ပေါ့ပါးပါးပြုံးပြရင်း တွန့်ဆုတ်မှုတွေ ရှိမနေတော့ဘဲ ထွက်ခွာသွားခဲ့ပြီ။
ယွီဝမ်ရှို့ စိတ်သက်သာရာရလို့လား ဒါမှမဟုတ် နောင်တရလို့လား မသိတဲ့ သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချလိုက်မိတယ်။ အဆုံးမှာတော့ အခု မြင်တွေ့နေရတဲ့ လီမင်ပေရဲ့ပုံရိပ်လိုမျိုး သူ့ရဲ့စိတ်နှလုံးအစစ်ကလည်း သူမနှင့် ပိုပိုပြီး ဝေးကွာလာခဲ့ပြီ။
လီမင်နန်က မုန်ရှောင်ရှီကို အိမ်သို့ တွန်းခေါ်လာခဲ့တယ်။ လီမင်ရှီနှင့် ရှဲယန်နန်တို့ကတော့ အိမ်မှာ လက်ထပ်ပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ။
ရေအားလျှပ်စစ်စက်ရုံရဲ့ အလုပ်သမားဥက္ကဋ္ဌနှင့် ကောက်နှံစတိုးရဲ့ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌတို့က ကျမ်းသစ္စာကျိန်ဆိုရန် ဦးဆောင်ခဲ့ကြတယ်။
ညီအစ်ကိုနှစ်ယောက် အတူတူ လက်ထပ်တာကို မမြင်ခဲ့ဖူးတဲ့ အိမ်နီးချင်းတွေကလည်း ဝင်လိုက်ထွက်လိုက်နှင့် လာရောက်ကြည့်ရှုနေခဲ့ကြကာ အတွင်းရော အပြင်မှာပါ စည်ကားနေခဲ့တယ်။
ဇနီးမောင်နှံနှစ်စုံတွဲက “ရှေ့ဆက်ရမဲ့ဘဝက နီရဲမှုတွေရှိနေပြီ’ဆိုတဲ့သီချင်းကို အတူတကွသီဆိုကြပြီး ဥက္ကဌတွေရဲ့နောက်ဆုံးညွှန်ကြားချက်အရ စာပိုဒ်နှစ်ပိုဒ်ကိုရွတ်ဆိုပြီးနောက် ဥက္ကဋ္ဌမော်စီတုံးရဲ့ပုံတူကို အတူတကွဦးညွှတ်လိုက်ကြကာ လီမူဝူနှင့် ဝမ်စုဖန်းတို့ဘက်ကိုလည်း ဦးညွှတ်လိုက်ကြတယ်။
ထို့နောက်မှာ အခမ်းအနားကို လာရောက်ခဲ့ကြတဲ့ အိမ်နီးချင်းတွေနှင့် လုပ်ဖော်ကိုင်ဖက်တွေကို သစ်သီးသကြားလုံးတွေ လက်တစ်ဆုပ်စာစီ ကိုင်ဆောင်ကာ ဝေငှခဲ့ကြတယ်။
လီမိသားစုခြံဝင်းထဲမှာ စားသောက်ဖို့အတွက် စားပွဲတွေကိုလည်း ခင်းကျင်းထားပြီ။ ဒီရာသီမှာ ဟင်းသီးဟင်းရွက်တွေနှင့် သစ်သီးဝလံတွေကလည်း လတ်ဆတ်ပြီး တောင်ပေါ်မှခူးလာတဲ့ တောရိုင်းဟင်းသီးဟင်းရွက်များလည်း ရှိတယ်။
ယုန်နှင့် အာလူးစတူး ၊ ရစ်ငှက်နှင့် မှိုချက် ၊ မြစ်ငါးနှင့် တို့ဟူး စတူးချက်၊ အရွက်ချဉ် တစ်ပန်းကန်တို့နှင့်အတူ စားပွဲတစ်ခု စီမှာ ဝိုင်ဖြူတစ်ပုလင်းစီလည်း ခင်းကျင်းထားကာ အတော်လေး ကောင်းမွန်တယ်။
ကလေးနှစ်ယောက်က တစ်ချိန်တည်းမှာ လက်ထပ်ခဲ့ကြပြီး ဒမ်လီကတော့ ပွဲထဲမှာထိုင်နေရင်းနှင့် ပါးစပ်ကို ဘယ်တော့မှ မပိတ်နိုင်ခဲ့ဘူး။ သူမရဲ့ မြေးနှစ်ယောက်ကို လူတွေ ချီးကျူးတဲ့အသံကို နားထောင်ရင်းနှင့် အစားအသောက်တွေ တည်ခင်းကျွေးမွေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့တယ်။
ညမှောင်လာတဲ့နောက်မှာတော့ စားသောက်စားပွဲတွေက လူစုကွဲသွားခဲ့ကြတယ်။ မဒမ်လီကလည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အရက်မူးခဲ့လေတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကြာရှည်ခဲ့တဲ့ တော်လှန်ရေးကာလကြီး ပြီးဆုံးသွားခဲ့တယ်။
ပိန်ပါးသွယ်လျနေပြီဖြစ်တဲ့ ကျန်းကျန်းက နောက်ဆုံးထုတ် သတင်းစာကို တောင်ကြားထဲမှ အိမ်သို့ ပို့ဆောင်ပေးခဲ့တယ်။
ဆယ်နှစ်တာကာလက ဒီလူတွေကို အိုမင်းယိုင်နဲ့သွားအောင် မလုပ်နိုင်ခဲ့ဘူး။ သဘာဝအငွေ့အသက်တွေနဲ့ လှပတဲ့ ပတ်ဝန်းကျင်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့အတူရှိနေခဲ့ရပြီး နှစ်တွေကြာမြင့်စွာစွာ မစွန့်လွှတ်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်းတွေကို တိုးတက်အောင်ကြိုးပန်းအားထုတ်မှုတွေက သူတို့ကို စိတ်ရောကိုယ်ပါ နုပျိုစေခဲ့တယ်။
လူနည်းစုက သူတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးခဲ့ကြပြီး သူတို့တွေဆယ်နှစ်နီးပါးကြာရှည်အောင် နေထိုင်ခဲ့သည့်နေရာကို ခွဲခွာရဖို့ တုံ့ဆိုင်းစွာကြည့်နေခဲ့ကြတယ်။
သူတို့တွေ ဂူထဲကနေ ဖြတ်သွားပြီးတာနှင့် ဒီနေရာမှ ရှုခင်းတွေကို နောက်တစ်ကြိမ် ဘယ်တော့မှမတွေ့ရတော့သလိုမျိုးပဲ။
“လောင်ရှစ်တို့၊ မြန်မြန်လုပ်ကြလေ၊ ရှစ်ဖူဝမ်မင်က အပြင်မှာစောင့်နေတာနော်”
ကျန်းကျန်း ပြုံးပြီး တိုက်တွန်းလိုက်တယ်။ စုဝေ့ရန်နှင့် တခြားလူတွေကလည်း သူတို့ရဲ့ အကြည့်တွေကို ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး နောက်ကို ပြန်လှည့်ကာ ဂူငယ်လေးကိုဖြတ်သန်းရင်း ကမ္ဘာကြီးဆီသို့ နောက်တစ်ဖန်ပြန်ဝင်လာခဲ့ကြတယ်။
နိုဘယ်လ်ဆုရရှိပြီးနောက် ဒုတိယနှစ်မှာပဲ တရုတ်နိုင်ငံက ဝမ်မင်ကို ပြန်လည်ခေါ်ဆောင်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံသို့ အထူးပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ခဲ့တယ်။
ဝမ်မင်အနေနဲ့ သူ့ရဲ့ အိပ်မက်ဆိုးတွေ နောက်တစ်ကြိမ် ပြန်ဖြစ်လာမှာကို စိုးရိမ်ပေမဲ့လည်း၊ သူက တရုတ်နိုင်ငံမှာရှိနေတဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေကို လက်မလွှတ်နိုင်တဲ့အပြင် နှစ်ပေါင်းတစ်ရာကျော်ပြီးနောက်မှာတောင် အိမ်ကိုမပြန်နိုင်တော့မှာကိုလည်း စိုးရိမ်ခဲ့တယ်။
ဒီလိုနှင့် နောက်ဆုံးမှာ လေယာဉ်ပေါ်သို့ ပြတ်ပြတ်သားသား ခြေချခဲ့တော့တယ်။
ကံကောင်းထောက်မစွာနှင့် အရာအားလုံးက သူထင်ထားသလောက် မဆိုးရွားခဲ့ဘူး။ အစိုးရပိုင်းတွေက သူ့ကို နေထိုင်ရန် နေရာတစ်ခု ပြန်လည်သတ်မှတ်ပေးခဲ့ပြီး ခေါင်းဆောင်တွေကလည်း သူ့ကိုလက်ခံတွေ့ဆုံခဲ့တယ်။
သူ့အနေနဲ့ သူ့သူငယ်ချင်းတွေကိုတွေ့ဖို့အတွက် နေ့ရောညပါ အဲဒီတောင်ကြားကို ပြန်သွားချင်ခဲ့ပေမယ့် သူတို့နေထိုင်ရာနေရာတွေကို ဖော်ထုတ်မိပြီး ဘေးဥပဒ်ဖြစ်စေမှာကိုလည်း စိုးရိမ်နေခဲ့တယ်။
ဒီလိုနှင့် နောက်ဆုံးတော့ ဒီဘဝမှာ သူတို့ကို ဘယ်တော့မှ မတွေ့ရရင်တောင် သူတို့ကိုတော့ အန္တရာယ်မကြုံတွေ့စေဝတော့ဘူးလို့ တွေးပြီး နောက်ဆုံး အောင်ပွဲရဲ့ အရုဏ်ဦးကိုသာ စောင့်မျှော်နေခဲ့တယ်။
ဝမ်မင် ဂူအပြင်ဘက်မှာ တောင်ဝှေးတုတ်တစ်ချောင်းဖြင့် ရပ်ကာ အချိန်အတော်ကြာအောင် စောင့်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ စုဝေ့ရန်က ဂူထဲမှ ပထမဆုံးထွက်လာခဲ့လေတယ်။
ဝမ်မင် အရှေ့ကိုလှမ်းတက်လိုက်ပြီး တစ်ဖက်လူကိုပွေ့ဖက်လိုက်ကာ ရယ်မောရင်းနှင့် မျက်ရည်တွေပါ ကျလာခဲ့ရတယ်။
ရှဲ့ရှူးရန်က ဂူထဲမှာ မှုန်ကုပ်ကုပ်နဲ့ထွက်လာခဲ့တယ်။
“မင်း ဘေးကိုဖယ်ပြီး ငိုလို့ရမလား? မင်းက ငါ့လမ်းကို ပိတ်ဆို့ထားတာပဲ!”
ဝမ်မင်က မျက်ရည်တွေကို သုတ်လိုက်ပြီး ရယ်မောရင်း စုဝေ့ရန်ကို ဂူပေါက်ထဲကနေ ဆွဲထုတ်လိုက်ကာ အတွင်းထဲမှ လူတွေကို တစ်ယောက်ပြီး တစ်ယောက်ခေါ်ထုတ်နှုတ်ဆက်ပြီး ကားပေါ်ကို အလျှင်အမြန်တက်ခိုင်းလိုက်တယ်။
ဒီတစ်ခါတော့ ဝမ်မင်က သူတို့ကို လာကြိုဖို့အတွက် အထူးကားနှစ်စီး လျှောက်လွှာတင်ထားခဲ့တယ်။ လူအနည်းငယ်က ကားပေါ်ကိုတက်လာပြီးနောက် ကျန်းကျန်းဆီကို လက်ဝှေ့ယမ်းပြီး ခေါ်လာကြတယ်။
“ကျန်းကျန်း မြန်မြန်လာ၊ မင်းအတွက် ထိုင်ခုံနေရာ ယူထားပြီ”
ကျန်းကျန်းက သူမရဲ့လက်တွေကို ဝှေ့ရမ်းပြီး အပြုံးလေးနှင့် ပြောလိုက်တယ်။
“ အရင်သွားနှင့်လိုက်ကြပါ၊ ကျွန်မက ရှစ်ဖူတို့နဲ့ လမ်းကြောင်းမတူဘူး”
ဝမ်မင်က ကျန်းကျန်းက တစ်နှစ်ပတ်လုံး တစ်ယောက်တည်း သွားလာလှုပ်ရှားနေတာကို သိတဲ့အတွက် သူမမှာ တခြားလုပ်စရာကိစ္စတွေ ရှိနိုင်လောက်တယ်လို့ တွေးတောခဲ့ပြီး သူမကို နေရာမှာပဲ နှုတ်ဆက်ချန်ထားခဲ့ကာ တခြားလူတွေနှင့်အတူ အရင် ထွက်ခွာသွားခဲ့တယ်
ကျန်းကျန်း ဂူရှေ့မှာ အချိန်အကြာကြီးရပ်နေခဲ့ကာ ဝမ်မင်နှင့် တခြားလူတွေ တော်ဝင်မြို့တော်သို့ ပြန်ရောက်သွားကြောင်းကို သူမရဲ့ အသိစိတ်ထဲမှ မြင်မှ ဂူထဲသို့ဝင်သွားခဲ့ပြီး သူတို့ နေထိုင်ခဲ့တဲ့ နေရာကို ဝင်လာခဲ့တယ်။
သူမက အနောက်တိုင်းပုံစံ အဆောက်အအုံကို စစ်ဆေးကြည့်လိုက်တော့ စာကြည့်ခန်းထဲမှာ ရှုပ်ပွနေတဲ့ စာအုပ်တချို့ရှိနေသေးတာကို တွေ့လိုက်ရပြီး လက်ရေးလှနှင့် ပန်းချီကားတွေကိုလည်း နောက်ထပ်အသုံးမလိုတော့တဲ့အတွက် သူမရဲ့နေရာလွတ်ထဲမှာ ထည့်လိုက်တယ်။
ကျန်းကျန်း နေရာမှ အလင်းတစ်ချက်နှင့် ထွက်ခွာသွားပြီးနောက်မှာ တောင်ပေါ်ရှိ မြေကြီးတွေက အနည်းငယ် တုန်ခါသွားခဲ့ပြီး အနောက်တိုင်းပုံစံ အဆောက်အအုံကလည်း ပြိုကျသွားခဲ့ကာ ကျောက်တုံးများအဖြစ် ပြိုကွဲသွားခဲ့တယ်။
စုဝေ့ရန် နှင့် တခြားသူတွေ ဆယ်နှစ်ကြာအောင် နေထိုင်ခဲ့တဲ့ သီးသန့်ကမ္ဘာ နေရာက တခဏချင်းမှာပဲ အပျက်အစီးတွေ ဖြစ်သွားခဲ့ပြီး အတိတ်ရဲ့ အရိပ်အယောင်တွေကိုတောင် မမြင်နိုင်တော့ဘူး
*
T/n_ နောက်ဆုံးတော့ အိုင်တို့ကျန်းကျန်းလည်း အရွယ်ရောက်လာခဲ့ပြီ