နေနတ်ဘုရားကျောင်းခေါင်းဆောင် သေဆုံးခြင်း
Vol. 154 Ch. 2192
ပြင်းထန်သော အရှိန်အဝါက ကောင်းကင်အာဏာစက်မြို့တစ်ခွင် လွှမ်းခြုံလာပြီး အရပ်မျက်နှာအသီးသီးမှ ကြောက်မက်ဖွယ် စွမ်းအားများစွာ ပေါက်ကွဲထွက်လာပေသည်။ ကောင်းကင်တွင် မုန်တိုင်းက ချက်ချင်း ဖြစ်ပေါ်လာပြီး မြို့ထဲမှ တန်ခိုးရှင်များအား ထိတ်လန့်တုန်လှုပ်လာစေသည်။ ကျင့်ကြံခြင်း၌ အားနည်းသော သူများမှာ ထိုဖိအားအောက်တွင် တုန်ယင်လာကြပြီး မြေပြင်၌ ပြိုလဲသွားကြပေသည်။
“ဘယ်လောက် မောက်မာလိုက်သလဲ။”
အသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။ ထိုပွဲအား စောင့်ကြည့်နေသော ထိပ်သီးအင်အားစုများမှ လူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက နေနတ်ဘုရားကျောင်းခေါင်းဆောင်အား အမဲလိုက်ချင်နေသည်ကို မြင်သည့်အခါ ထိတ်လန့်တုန်လှုပ်သွားကြပေသည်။
ထိုအချိန်၌ ကျင့်ကြံခြင်းအင်အားစု တော်တော်များများက ကျောင်းတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ကျောင်းတော်မှ လူများက နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို အမှန်တကယ် သတ်ဖြတ်ချင်ရန် စီစဥ်နေပါက နောက်အလှည့်မှာ ကျောင်းတော်ကို ဆန့်ကျင်ရာ၌ ပါဝင်ခဲ့သော သူတို့ပင် ဖြစ်လိမ့်မည်ဟု ဆိုလိုပေသည်။ ထိုသို့တွေးလိုက်မိသည်နှင့် သူတို့အားလုံးက အန္တရာယ်ထဲ ကျရောက်နေပြီဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။ ထို့ကြောင့် သူတို့က လေထဲသို့ တက်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို ဖော်ထုတ်လိုက်ကြ၏။
သို့သော် ကျောင်းတော်က ထိုသို့သော အဖြစ်မျိုးအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ကျောင်းတော်မှ လူများ လှုပ်ရှားသည်နှင့် သွမ့်ထျန်းရှုံကလည်း ချက်ချင်းပင် လှုပ်ရှားမှုပြုလိုက်သည်။ သူက လေထဲသို့ ခြေလှမ်းလိုက်ပြီး ကောင်းကင်နတ်ဘုရား၏ ကြောက်မက်ဖွယ် ပုံရိပ်က သူ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလာသည်။ ၎င်းသည် ထိုပုံရိပ်က သူ့ထံတွင် ပျော်ဝင်ကာ သူ့ကိုယ်တိုင် နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ ထင်မှတ်ရစေသည်။
ကြောက်မက်ဖွယ် တုန်ခါသံများကို ကြားလိုက်ရပြီး ထိုနေရာက ချိပ်ပိတ်ခံလိုက်ရပေသည်။ ၎င်းသည် ကျယ်ပြောသော ကောင်းကင်ကို ဖုံးလွှမ်းကာ တိုက်ပွဲမြေပြင်အား လွှမ်းခြုံထားသည်။
သူ လုပ်ရန် လိုအပ်သည့်အရာမှာ နေနတ်ဘုရားကျောင်းခေါင်းဆောင်အား အမဲလိုက်ရန် ရီဖူရှင်းနှင့် အခြားလူများကို အချိန်လုံလုံလောက်လောက် ရရှိစေဖို့ရာ အချိန်ဆွဲပေးရန်ပင် ဖြစ်ပေသည်။
သွမ့်ထျန်းရှုံ လှုပ်ရှားလိုက်သည်နှင့် အခြားလူများသည်လည်း သူတို့၏ လှုပ်ရှားမှုကို စတင်လာကြသည်။ အစွမ်းထက်ပုဂ္ဂိုလ်များ၏ တပြိုင်တည်း တိုက်ခိုက်လာမှုကို မြင်သည့်အခါ နေနတ်ဘုရားကျောင်းခေါင်းဆောင်သည် သူက ပစ်မှတ်ထားခံနေရပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
အဘိုးမာက လေထဲတွင် ရပ်နေကာ မရေတွက်နိုင်သော လေဟာနယ်တံခါးများက သူ့အပေါ်၌ ပေါ်ထွက်လာပြီး နေနတ်ဘုရားကျောင်းခေါင်းဆောင်ထံ သွားရောက်ရန် လမ်းပြုလုပ်လိုက်သည်။ ဂိတ်တံခါးများက နေနတ်ဘုရားကျောင်းခေါင်းဆောင်အား လှိုင်းထန်သွားနေသည့် လေဟာနယ်အတွင်း ဆွဲချသွားခဲ့သည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်ထံမှ တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာပေသည်။ နေမင်း၏ နတ်အလင်းတို့က ကောင်းကင်၌ လောင်ကျွမ်းနေပြီး သူ့ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ဆက်လက်ရွေ့လျားနေကာ သူလှုပ်ရှားလိုက်သည်နှင့် ဂိတ်တံခါးများစွာကို အဆက်မပြတ် လောင်ကျွမ်းသွားစေသည်။
သို့သော် သူက ထိုအခိုက်အတန့်တွင် ပရမ်းပတာဖြစ်နေသော လေဟာနယ်အတွင်း ကျရောက်သွားပြီး မရေတွက်နိုင်သော လေဟာနယ်ဂိတ်တံခါးများက သူ့ကို ဝန်းရံထားလေသည်။
ဘုန်း...
သူက လက်ကို မြှောက်ကာ လေဟာနယ်ဂိတ်တံခါးကို တိုက်ခိုက်လိုက်သည်။ ထိုကြီးမားသော လက်ဝါးကြီးက ၎င်း၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့အနီးမှ အခြားလူများကိုလည်း တိုက်ခိုက်လိုက်သည်။
ချင်းဟယ်နတ်ဓားက တောက်ပသော စိမ်းပြာရောင်နတ်အလင်းများ ထုတ်လွှတ်နေပြီး ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို စုတ်ဖြဲဖျက်ဆီးပစ်ကာ နေနတ်ဘုရားကျောင်းခေါင်းဆောင်း၏ လက်ဝါး တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်ပြီး ရပ်တန့်၍ မရနိုင်သော ပုံစံမျိုးဖြင့် ဆက်လက်ရွေ့လျားနေခဲ့သည်။
ထျန်းဟယ်မဟာအကြီးအကဲ၊ နတ်နန်းတော်သခင်နှင့် နတ်ကျောက်စာချပ်တို့က နေနတ်ဘုရားကျောင်းခေါင်းဆောင်ထံ တပြိုင်တည်း တိုးဝင်လာပြီး သူရှိနေသည့် လေဟာနယ်ကို ပြိုကျသွားအောင် ပြုလုပ်နေသလို ထင်မှတ်ရပေသည်။
ဘုန်း...
ကြောက်မက်ဖွယ် နတ်မီးလျှံများက နေရာအနှံ့ ပျံ့နှံ့နေ၏။ နေနတ်ဘုရားကျောင်းခေါင်းဆောင်သည် ဆုတောင်းနေသည့်နှယ် လက်များကို အတူတကွ ထားလိုက်လျှင် ပြိုင်ဘက်ကင်းစွမ်းအားများက တိမ်များသို့တိုင် ထိုးဖောက်လာပေသည်။ ၎င်းသည် လေဟာနယ်ဂိတ်တံခါးများကို ဖြတ်သန်းကာ အပြင်ဘက်မှ နတ်တံတိုင်းများကို ထိုးဖောက်နေသလို ထင်မှတ်ရသည်။ နတ်အလင်းများက နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို လွှမ်းခြုံထားပြီး သူသည် နတ်ဘုရားကဲ့သို့ ပြောင်းလဲသွားသလိုပင် ဖြစ်သည်။
ကြီးမားသော နေနတ်ဘုရားပုံရိပ်က အရှေ့တွင် ပေါ်ပေါက်လာပြီး နေနတ်ဘုရား၏ ပေါက်ကွဲထွက်နေသော နတ်မီးလျှံတို့က ၎င်းတို့နှင့် ထိတွေ့မိသမျှ အခြားသော မဟာလမ်းစဥ်စွမ်းအားများက ချက်ချင်း ပြိုကွဲသွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မလိုပင်။ မီးလျှံများက နေရာအနှံ့ ဖြန့်ကျက်သွားကာ မီးလျှံနတ်အလင်းတို့နှင့် ထိတွေ့မိသမျှ လေဟာနယ်ဂိတ်တံခါးများကို ဖျက်ဆီးပစ်လိုက်သည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်သည် ထိုအခိုက်တွင် မည်သည်နှင့် ရင်ဆိုင်နေရကြောင်း ကောင်းစွာ သတိပြုမိလိုက်ပေသည်။ သူ၏ အသက်က ချောက်ကမ်းပါးစွန်းကို ရောက်နေပြီဖြစ်ရာ အရာအားလုံးစွန့်လွှတ်၍ တိုက်ခိုက်ရတော့မည် ဖြစ်သည်။
သူ့ထံလာနေသော တိုက်ခိုက်မှုပေါင်းများစွာက ပြင်းထန်လှသည်။ အင်ပါယာနန်၏ ချင်းဟယ်နတ်ဓားသည်ပင် နေနတ်ဘုရားကျောင်းခေါင်းဆောင်၏ ခံစစ်ကို ကျူးကျော်လာသည်။ နေနတ်ဘုရားကျောင်းခေါင်းဆောင်က အမှန်တကယ် အစွမ်းထက်လှပြီး စွမ်းရည်ပြည့်ဝပေသည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် ရန်ဟောင်တစ်ပါးဖြစ်နေဆဲ ဖြစ်ကာ ထိုသည်မှာ သူ၏ တိုက်ပွဲစွမ်းရည်က အလွန် အစွမ်းထက်သည်ဟု ဆိုလိုပေသည်။ တစ်ယောက်ချင်း တိုက်ပွဲသာဖြစ်လျှင် လူအချို့မှလွဲ၍ သူ့ကို အနိုင်ယူနိုင်မည်ဟု မည်သူမှ ပြောရဲလိမ့်မည် မဟုတ်ပေ။
ဘုန်း...
ကြောက်မက်ဖွယ် တုန်ခါသံများကို အပြင်ဘက်မှ ကြားနေရပြီး နတ်တံတိုင်းများက စတင် ပြိုကျလာနေကာ အပြင်ဘက်တွင်လည်း ကြောက်မက်ဖွယ် တိုက်ပွဲဖြစ်ပွားနေကြောင်း သိသာစေသည်။
ထိုအခိုက်အတန့်တွင် သွမ့်ထျန်းရှုံက တံတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြံရွယ်နေသည့်များပြားလှစွာသော အစွမ်းထက် တန်ခိုးရှင်များစွာနှင့် ရင်ဆိုင်နေရသည်။ သွမ့်ထျန်းရှုံက အမှန်တကယ် အစွမ်းထက်ပြီး သူ၏ မဟာလမ်းစဥ်စွမ်းအားများနှင့် ထိုနေရာကို ချိပ်ပိတ်ထားရန် ကြိုးစားသော်လည်း ထိုလူအားလုံးကို တားဆီးထားရန်မှာ ခက်ခဲလှသည်။ သူသည် ထိုမျှအချိန်ထိသာ တောင့်ခံထားနိုင်ပေသည်။
အဘိုးမာနှင့် အခြားလူများက နေနတ်ဘုရားပုံရိပ်ကို ကြည့်လိုက်ကြ၏။ သူတို့သည် ၎င်း၏ စွမ်းအားများကို ခံစားမိနိုင်ကြပေသည်။ သူတို့က ထိုအမဲလိုက်ခြင်းက ခဏချင်းအတွင်း မပြီးမြောက်နိုင်သည်ကို သိရှိလိုက်ကြသည်။
နေမင်းနတ်ဘုရားက ထိုဝန်းကျင်တစ်ခွင်လုံးအား အလင်းပေးနေခဲ့ပြီး ယင်းမှ ထုတ်လွှတ်သည့် နတ်အလင်းက ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို စုတ်ဖြဲဖျက်ဆီးပစ်နိုင်ပေသည်။
“မင်းတို့လှုပ်ရှားကြတော့။” အဘိုးမာက ပြောလိုက်ပြီး သူ ပြောပြီးသည်နှင့် လေဟာနယ်နတ်အလင်းက တောက်ပလာသည်။
သူသည် ချက်ချင်းပင် ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် နေမင်းနတ်ဘုရားပုံရိပ်၏ အရှေ့၌ ပေါ်ပေါက်လာသည်။ သူတို့အားလုံးက နေနတ်ဘုရားကျောင်းခေါင်းဆောင် ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ သူတို့၏ အဆင့်နှင့် ထိုသို့ အကွာအဝေးကို လျစ်လျူရှုနိုင်ပေသည်။
ဘုန်း....
နေနတ်ဘုရားပုံရိပ်မှ လေဟာနယ်နတ်အလင်းက ချက်ချင်း ထွက်ပေါ်လာသည်။ အဆုံးမဲ့ လေဟာနယ်ရောင်ဝါတို့က အဘိုးမာထံမှ ထွက်ပေါ်လာပြီး သူကိုယ်တိုင်အပါအဝင် နေမင်းနတ်ဘုရားနှင့် ထိုဝန်းကျင်ရှိ အရာအားလုံးကို လွှမ်းခြုံပစ်လိုက်သည်။
ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားတို့က အထဲမှ ပေါက်ကွဲထွက်လာသည်။
“လှုပ်ရှားကြ။”
အင်ပါယာနန်နှင့် အခြားလူများသည် အဘိုးမာ မည်သို့ လုပ်ချင်နေသည်အား သတိပြုပေသည်။ သူက ရီဖူရှင်း ဤစစ်ဆင်ရေးအား ပြီးဆုံးအောင် အစွမ်းကုန် ကူညီချင်နေသည်။ သူသည် မဟာလမ်းစဥ်စွမ်းအားများကို အသုံးပြု၍ ထိုခမ်းနားထည်ဝါသော နေနတ်ဘုရား ပုံရိပ်ကို ဝါးမြိုချင်နေပုံရလေသည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ လက်များက လေထဲသို့ မြောက်တက်လာသည်။ မဟာလမ်းစဥ်စွမ်းအားတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် ပြင်းထန်သော နတ်မီးလျှံများက ထိုလေဟာနယ်မုန်တိုင်းအတွင်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းက ဆက်လက်လောင်ကျွမ်းနေပြီး မည်သည့်အချိန်မဆို ပြိုကျသွားတော့မလိုပင် ဖြစ်သည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်၏ မဟာလမ်းစဥ် နတ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲ၌ ဆူပွက်နေခဲ့သည်။
ဘုန်း...
ကြောက်မက်ဖွယ် လက်ဝါးတိုက်ခိုက်မှုက ထွက်ပေါ်လာပြီး နေနတ်ဘုရားကျောင်းခေါင်းဆောင်က လက်ကို ဆန့်ထုတ်၍ တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ၏ နေမင်းလက်ဝါး တိုက်ခိုက်မှုက ကြောက်မက်ဖွယ် ကောင်းလှပြီး ထျန်းဟယ်မဟာအကြီးအကဲထံ တိုးဝင်လာသည်။
ကြောက်မက်ဖွယ် နတ်အရှိန်အဝါတို့က ကောင်းကင်အမြင့်မှ လာနေသည့် နတ်အလင်းတို့ကို ပြိုကွဲသွားစေပြီး နေနတ်ဘုရားကျောင်းခေါင်းဆောင်က သူ၏ အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းတွင် အင်ပါယာနန်၏ ချင်းဟယ်နတ်ဓားက နေနတ်ဘုရားကျောင်းခေါင်းဆောင်ထံ တစ်ဖန် တိုးဝင်လာသည်။
ဘုန်း...
ကြောက်မက်ဖွယ်ဖြစ်လာသည် တုန်ခါသံအား ကြားလိုက်ရပြီး အပြင်ဘက်၌ ရှိနေသည့် သွမ့်ထျန်းရှုံသည်လည်း ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ တံတိုင်းများက ဖျက်ဆီးလိုက်ရပြီး လူတိုင်းသည် ကြီးမားသော လေဟာနယ်အတွင်းမှ မြင်ကွင်းကို မြင်တွေ့လိုက်ကြရသည်။ ထို့နောက် သူတို့က မျက်လုံးများကိုပင် စူးရှလာစေသော မျက်စိကျိန်းလောက်သည့် နတ်အလင်းများအား မြင်တွေ့လိုက်ရပေသည်။ နေမင်း၏ နတ်အလင်းက အရူးအမူး တိုးထွက်လာခဲ့သည်။ သို့သော် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းသည့် နတ်ဓားတစ်လက်က နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို ထိုးဖောက်သွားခဲ့သည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး အင်ပါယာနန်နှင့် အခြားလူများကို သူ၏ မီးစွမ်းအားနှင့် တိုက်ခိုက်လိုက်သည်။ သို့သော် ချင်းဟယ်နတ်ဓားက ၎င်း၏ လမ်းကြောင်းတလျှောက် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ကောင်းကင်မှ ခမ်းနားထည်ဝါသော ကပ်ဘေးနတ်အလင်းတို့ ကျဆင်းလာကာ နေနတ်ဘုရားကျောင်းခေါင်းဆောင်၏ ခန္ဓာကိုယ်ကို တဖြေးဖြေး ဖျက်ဆီးပစ်လိုက်သည်။
ပုံရိပ်သဖွယ် ရောင်စဥ်လှိုင်းတစ်ခု ပေါ်ပေါက်လာပြီး ၎င်းက ထွက်ပြေးဟန်ပြင်လိုက်သော်လည်း အင်ပါယာနန်နှင့် အခြားလူများက သူ့ကို အခွင့်အရေးမပေးတော့ဘဲ သတ်ဖြတ် ဖျက်ဆီးပစ်လိုက်ကြပေသည်။
“မဟုတ်ဘူး....”
မချိတင်ကဲခံစားနေရသော အော်သံက ကောင်းကင်အာဏာစက်မြို့တစ်ခွင်ကို ဖြတ်သန်းကာ ကောင်းကင်အား တုန်ခါသွားစေသည်။ မြို့ထဲမှ မရေတွက်နိုင်သော တန်ခိုးရှင်များက မော့ကြည့်လိုက်လျှင် မျက်စိကျိန်းလောက်သော နတ်အလင်းတန်းများကို မြင်တွေ့လိုက်ရသည်။ ထိုသည်မှာ တစ်စုံတစ်ခု ဖျက်ဆီးခံလိုက်ရသလိုပင် ဖြစ်သည်။
မရေတွက်နိုင်သော လူများ၏ နှလုံးသားတို့က ခုန်ပေါက်နေခဲ့ပြီး ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ယောက် အသတ်ခံလိုက်ရသလား သိချင်နေကြသည်။
တိုက်ပွဲတွင် အင်ပါယာနန်နှင့် အခြားလူများက ပြန်ဆုတ်လိုက်ပြီ ဖြစ်သော်လည်း သူတို့၏ မျက်လုံးများက အဘိုးမာရှိရာဘက်သို့ ကြည့်နေကြသည်။ ထိုအခိုက်အတန့်တွင် အဘိုးမာထံမှ ဖျက်ဆီးခြင်းမီးလျှံအရှိန်အဝါတို့ကို ခံစားမိပေသည်။ သူ၏ အရှိန်အဝါက အတော်လေး အားနည်းနေကာ သူ့မျက်နှာက မီးကျွမ်းထားသလို ထင်မှတ်ရသည်။
သူက ထိခိုက်ဒဏ်ရာရထားပုံရလေသည်။ သူသည် နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ရန် တန်ဖိုးတချို့ ပေးဆပ်လိုက်ရပေသည်။
“ခင်ဗျား အဆင်ပြေရဲ့လား။” အင်ပါယာနန်က မေးလိုက်သည်။ သူသည် အဘိုးမာ၏ အပြုအမူနှင့် ပတ်သတ်၍ အထင်အမြင်ကောင်းများ ရှိပေသည်။ သူသည် အဘိုးမာက ထိုမျှထိ လိုက်လုပ်ပေးနေသည်မှာ ရီဖူရှင်းနှင့် မည်သို့ပတ်သတ်၍ဖြစ်ကြောင်း သိချင်နေပေသည်။ ထိုတိုက်ခိုက်မှုက အလွန် အန္တရာယ်များပြီး အဘိုးမာသည် သူ့အသက်ကို ဓားသွားထက် တင်ထားရသကဲ့သို့ လုပ်ဆောင်ခဲ့ရပေသည်။ မတော်တဆ လွဲချော်သွားပါက သူသည် ဒဏ်ရာများစွာနှင့် အဆုံးသတ်သွားရပေလိမ့်မည်။
“အဆင်ပြေပါတယ်။” အဘိုးမာက ပြန်ဖြေလိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါတို့ သက်ဆင်းလာပြီး ထိပ်သီးပုဂ္ဂိုလ်အများအပြားက မတူညီသော နေရာများ၌ ရပ်နေခဲ့ကြသော်လည်း သူတို့ထဲက မည်သူကမှ လှုပ်ရှားမှု မပြုကြပေ။
သူတို့က အလွန် နောက်ကျစွာ ရောက်လာခဲ့သည့်အတွက် ထိုလူက အသတ်ခံခဲ့ရပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက အမှန်တကယ်ပင် နေနတ်ဘုရားကျောင်းမှ ခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့ပေသည်။
ထိုအခိုက်တွင် နေနတ်ဘုရားကျောင်းမှ ကျင့်ကြံသူများက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေခဲ့သည်။ အများစုမှာ သွမ့်ထျန်းရှုံနှင့် မနီးမဝေးတွင် ရှိနေသော ရီဖူရှင်း၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ထိုလူများအားလုံး၏ စိတ်ထဲတွင် နက်ရှိုင်းစွာ ကြောက်ရွံ့တုန်ယင်နေခဲ့ပြီး သူတို့၏ အကြည့်များက သူတို့ခေါင်းဆောင် သေဆုံးခဲ့ရာ နေရာတွင်သာ ရှိနေခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့က ယခု အဖြစ်အပျက်အား ယုံကြည်ရန် ခက်ခဲနေပုံရလေသည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်က သေဆုံးသွားခဲ့ပြီလား။
နေနတ်ဘုရားကျောင်း၏ ခေါင်းဆောင်သည် ထုံးထျန်းနယ်မြေမှ အစွမ်းထက်လှသော ကျင့်ကြံခြင်းအင်အားစုများအကြား ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ နေနတ်ဘုရားကျောင်း ခေါင်းဆောင်သည် အထွတ်အထိပ်ရန်ဟောင်တစ်ပါးဖြစ်ပြီး ထိပ်ဆုံး၌ ရပ်တည်နေသူတစ်ဦးဟု ဆိုလိုပေသည်။
သူတို့အားလုံးသည် ဘဝင်မြင့်သော စိတ်ထားများနှင့် လေဟာနယ်ဘုံသို့လာခဲ့ကြပြီး မူလဘုံမှ တန်ခိုးရှင်များကို အထင်အမြင်သေးကြပြီး ချိပ်ပိတ်ထားသည့် မူလဘုံကို ကောင်းကင်ဒေသမှ စွန့်ပစ်ထားသည့် အပျက်အစီးနယ်မြေတစ်ခုအဖြစ်သာ ရှုမြင်ပေသည်။
သို့သော် သူတို့၏ ခေါင်းဆောင်က မူလဘုံ၌ အသတ်ခံခဲ့ရသည်။
သူတို့အားလုံးက ရန်ဟောင်အဆင့်များဖြစ်သော်လည်း ဤသည်က သူတို့၏ အဆုံးသတ်ဖြစ်ကြောင်း သိရှိကြပေသည်။
ဘုန်း...
ကြောက်မက်ဖွယ် ယင်နှင့် ယန်စွမ်းအားက သူတို့၏ ခန္ဓာကိုယ်အတွင်း တိုးဝင်လာသည်။ ရီဖူရှင်းသည် လေထဲ၌ ရှိနေခဲ့ပြီး သူ အနိုင်ယူခဲ့သော လူအားလုံးက ခါးသီးသော အမူအရာကို ပိုင်ဆိုင်ထားကြပေသည်။
သူတို့အားလုံးသည် ထို အစွမ်းထက်သော စွမ်းအားများကြောင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရန် အချိန် သိပ်မယူလိုက်ရပေ။ သူတို့အားလုံးက သေဆုံးခြင်းနှင့် အဆုံးသတ်ခဲ့ကြပေသည်။
ထိုသည်မှာ ကောင်းကင်ဒေသမှ လာသော အခြားအင်အားစုများ၏ တန်ခိုးရှင်တို့က ရီဖူရှင်းထံမှ ပြင်းထန်သည့် ခြိမ်းခြောက်မှုတို့ကို ခံစားမိပြီး သူ့အား စိုက်ကြည့်နေစေခဲ့သည်။
ရီဖူရှင်းက ထိုကျင့်ကြံသူများကို တစ်ချိန်တည်းတွင် စစ်ဆေးကြည့်လိုက်သည်။ သူက ထိုကျင့်ကြံသူများအားလုံးကို သတ်ဖြတ်ရခြင်းမှာ ထိုပြင်ပအင်အားစုများအား မူလဘုံ၌ စိတ်ရှိတိုင်းလျှောက်မလုပ်စေရန် သတိပေးလို၍ ဖြစ်သည်။
နေနတ်ဘုရားကျောင်းမှ ခေါင်းဆောင်၏ သေဆုံးခြင်းမှာ မူလဘုံသို့လာသော ထိုပြင်ပအင်အားစုများကို သတိပေးချက်အဖြစ် အသုံးပြုရန် လုံလောက်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် မြို့ထဲမှ မရေတွက်နိုင်သော ကျင့်ကြံသူများက ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များကို သတ်ဖြတ်ခဲ့သည့် ရီဖူရှင်းအား ကြည့်ကာ မူလဘုံ၏ နံပါတ်တစ်ပါရမီရှင်က နောက်ဆုံး၌ ပြန်ရောက်လာပြီဟု တွေးလိုက်ကြသည်။
သူသည် လက်ရှိတွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်လာပြီး ရန်ဟောင်အဆင့်မှ ထိုကျင့်ကြံသူများက သူ့ရှေ့တွင် အရေးမပါသည့် ပိုးမွှားများကဲ့သို့ ထင်မှတ်ရပေသည်။
သူတို့သည် အနှစ်နှစ်ဆယ်ကျော် ကြာပြီးနောက် ပြန်ရောက်လာသည့် ထိုပါရမီရှင်က မည်မျှ ပြောင်းလဲသွားလိမ့်မည်ကို သိချင်နေကြသည်။
***