← Chapters

အလွှာနိမ့်  

Vol. 6 Ch. 83

အလွှာနိမ့်  

Vol. 6 Ch. 83

အခန်း (၈၃) : အလွှာနိမ့်

ဇာတ်ကြောင်းကို ပြောပြပြီးနောက် ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ် ဝမ်ချုံးက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းအား ဘယ်လိုမျိုး စတင်ကျင့်ကြံရမလဲဆိုတာကို ဝမ်ဝေ့အား စတင်သင်ကြားပေးတော့သည်။ ပထမဆုံးခြေလှမ်းက ကမ္ဘာဦးနတ်ဘုရားကဲ့သို့ ဘယ်လိုမျိုး သေချာအသက်ရှူရမလဲဆိုသည့် အကြောင်း ဖြစ်သည်။

အသက်ရှူခြင်းမှတဆင့် စိတ်ဝိညာဉ်ချီအား အရေပြားကို ပြုပြင်သည့်နေရာတွင် အသုံးပြုနိုင်သည်။

ဝမ်ဝေ့က စွမ်းအားကြီး ခန္ဓာတစ်ခု ရရှိရန် စတင်ကြိုးစားနေချိန်တွင် ဤမျိုးဆက်၏ တခြား ကောင်းကင်ရွေးချယ်ခံများကလည်း လျင်မြန်စွာ တိုးတက်အောင် လုပ်နေကြသည်။

အဆင့်နိမ့် အလွှာထဲတွင် ဝတ်ရုံပြာကမ္ဘာဟု ခေါ်သည့် ကမ္ဘာတစ်ခုရှိသည်။ ထိုကဲ့သို့ ခေါ်ရခြင်းအကြောင်းက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းထားသည့် ကောင်းကင်က အပြာရောင် ပိတ်စသဖွယ် ဖြစ်နေသောကြောင့် ဖြစ်သည်။

လင်းမျိုးနွယ်စံအိမ်…

မိသားစု စစ်ဆေးမှု ပြီးသွားသည့်အတွက် တပည့်များက လမ်းလျှောက်ရင်း စကားပြောကာ အလုပ်များနေကြသည်။ သူတို့က စစ်ဆေးမှုရလဒ်အကြောင်းကို ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။

“ ဒီနှစ် မိသားစု စစ်ဆေးမှုမှာ ပထမဆုံး သခင်လေး နံပါတ်တစ်ချိတ်သွားတာကို ယုံတောင် မယုံနိုင်ဘူး။ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး”

“ ဟုတ်တယ် သခင်လေးက တကယ်ကို သန်မာတယ်”

“ ကျစ် မင်းတို့က ဘာသိလို့လဲ”

“ အော် ဒီဂျူနီယာညီလေးကတော့ မင်းက သခင်လေးနဲ့ ပြဿနာတစ်ခုခု ရှိလို့လား”

“ ပထမ သခင်လေး ဒီပြိုင်ပွဲကို နိုင်ရတဲ့ အကြောင်းက တတိယသခင်လေး လင်းဖန် ဒီမှာ မရှိလို့ဆိုတာကို ငါတို့ အားလုံး သိထားသားပဲ”

"..."

“ ဂျူနီယာညီလေး မင်း အဲလိုပြောရဲတယ်ပေါ့လေ”

“ အစ်ကိုတို့က ပထမသခင်‌လေးကို ကြောက်ပေမဲ့ ကျွန်တော်ကတော့ မကြောက်ပါဘူး”

"..."

“ သခင်လေး လင်းဖန်အကြောင်းပြောရရင် သူက တကယ်ကို အံ့ဩစရာပဲ။ မကျင့်ကြံနိုင်လို့ မိသားစုက အလကားလူအဖြစ် သတ်မှတ်ထားတဲ့ တတိယသခင်လေးက ရုတ်တရက်ကြီး ကောင်းကင်ဘုံ သွေဖယ်လောက်စရာ ပါရမီရှင်ဖြစ်လာမှာကို ဘယ်သူက ထင်မှာလဲ”

“ နှစ်အနည်းငယ်အတွင်းမှာတင် အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်ကို ရောက်အောင်လုပ်ပြီးတော့ ခွန်အားကို အသုံးပြုပြီး ပင်မမိသားစုမှာ ရှိတဲ့ တခြားတပည့်တွေအားလုံးကို ဖိနှိပ်နိုင်ခဲ့တယ်”

“ မင်းတို့ရဲ့ သတင်းတွေကလည်း ခေတ်နောက်ကျလိုက်တာ။ မကြာသေးခင်က သခင်လေး လင်းဖန်က အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ကို ရောက်သွားပြီ။ ပြီးတော့ တပည့်အသစ်တွေ လက်ခံဖို့အတွက် လေးလံရေစင်ဂိုဏ်းရဲ့ စစ်ဆေးမှုတွေဆီ ပါဝင်ဖို့ သွားတယ်လေ”

“လေးလံရေစင်ဂိုဏ်းတဲ့လား။ အဲဒါက ကမ္ဘာဦးဝိညာဉ် နယ်ပယ်အဆင့်မှာ ဘိုးဘေးတစ်ယောက်ထက် ပိုပြီးရှိနေတဲ့ ကမ္ဘာရဲ့ စွမ်းအားအကြီးဆုံး ဂိုဏ်းလေ။ ကျွန်တော် ကြားထားတာကတော့ တပည့်အဖြစ် ရွေးချယ်ခံရဖို့ ဝတ်ရုံပြာကမ္ဘာတစ်ခုလုံးက ကောင်းကင်ရွေးချယ်ခံတွေ အဲဒီစစ်ဆေးမှုမှာ ပါဝင်မယ်လို့ ကြားတယ်”

လင်းမျိုးနွယ်၏ တပည့်သုံးယောက် စကားပြောနေစဉ် သူတို့ ရှေ့တည့်တည့်တွင် ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို ကြားလိုက်ရသည်။ မရေတွက်နိုင်သော မျိုးနွယ်စုဝင်များက တစ်ဖက်တည်းသို့ ဦးတည်ပြီး ပြေးလာသည်။

ပထမ သခင်လေးကို မကြိုက်သော ဂျူနီယာညီလေးက ဖြတ်သွားသော မျိုးနွယ်စု တပည့်ကို ဖမ်းကာ မေးမြန်းလိုက်သည်။

တခြားတစ်ယောက်က တက်ကြွနေသော ခံစားချက်ဖြင့် ဖြေပေးလိုက်သည်။

“ တတိယ သခင်လေး… တတိယ သခင်လေး မျိုးနွယ်စုဆီ ပြန်လာပြီ” ထို့နောက် သူက ဂျူနီယာညီလေးကို ဘေးတွန်းကာ မိသားစု ဝင်ပေါက်ရှိသည့်နေရာသို့ အားသွန်ခွန်စိုက် ပြေးတော့သည်။ ခဏအကြာတွင် ဂျူနီယာညီလေးနှင့်အတူ စကားပြောနေသည့်သူများလည်း ဝင်ပေါက် ရှိရာသို့ ပြေးကြရတော့သည်။

လင်းမျိုးနွယ်အိမ်တော်၏ အပေါက်ဝတွင် လင်းမျိုးနွယ်၏ အိမ်ထောင်ဦးစီး နှင့် အကြီးအကဲများအားလုံး မတ်တပ်ရပ်ကာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေကြသည်။

မိနစ်အနည်းငယ်အကြာတွင် အဆင့်နှစ် သဘာလွန်နယ်ပယ်အဆင့် နတ်ဆိုးသားရဲငှက် လေးကောင် ဆွဲလာသော ရွှေရောင်ရထားလုံးကို ကောင်းကင်တွင် မြင်လိုက်ရသည်။ ရထားလုံးကို ကာကွယ်နေသည့် အဖိုးကြီးတစ်ယောက်နှင့် လူငယ်လေးယောက်လည်း ပါဝင်သည်။

ရထားလုံး ဆင်းသက်လာပြီးနောက် ခန်းစည်းကို မ တင်လိုက်သည့်အခါ လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ သူက ရွှေချည်ထိုးထားသည့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကို ထိပ်တန်းစတိုင် ထုံးထားသည်။ သူက အရမ်းချောမောပြီး ကောင်းကင်မှ ဆင်းသက်လာသော ထာဝရရှင်သန်သူ တစ်ယောက်ကဲ့သို့ မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအများ၏ အာရုံစိုက်ရာ ဖြစ်သွားသည်။

စကြဝဠာတစ်ခုလုံး မဟုတ်သေးဘူး ကမောက်ကမဖြစ်မှု တစ်ခုလုံး သူ့ဘေးတွင် ပြန်လည် အသက်ဝင်လာသည်။

အထင်ကြီးစရာ အကောင်းဆုံးအပိုင်းက သူ့မျက်လုံးများ ဖြစ်သည်။ သူ့မျက်လုံးထဲတွင် အရာအားလုံး၏ မွေးဖွားမှု၊ အဆုံးသတ်မှုများကို မြင်နိုင်သည်။ ,

ထိုလူက လင်းမျိုးနွယ်၏ တတိယ သခင်လေး လင်းဖန် ဖြစ်သည်။ သူက ဟွင်သွမ်းရုပ်ခန္ဓာဟုခေါ်သည့် နံပါတ်တစ် ကောင်းကင်ခန္ဓာကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်သည်။

ဂိုဏ်းရှိ တပည့်များက စတင် အော်ဟစ်ကာ ဆူညံသံများ ပြုလုပ်နေကြသည်။ လင်းမျိုးနွယ်စုမှ အမျိုးသမီးများက လင်းဖန်ရှိရာသို့ ဝါးစားမတတ် ကြည့်နေကြသည်။ သို့သော် မကြာခင်မှာပင် သူတို့၏ နှလုံးသား ကွဲအက်သွားရသည်။

လင်းဖန်က ခန်းဆီးကို ဖယ်လိုက်ပြီး အမျိုးသမီးတစ်ယောက်နှင့် လက်တွဲကာ ထွက်လာသည်။ သူမက အင်မတန် လှပပြီး သူမ၏ ခန္ဓာကိုယ်မှ မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုနေရာတွင် ရှိနေသော အမျိုးသမီးများအနက် သူမက အလှပဆုံးဖြစ်ကြောင်း ယုံကြည်မှုရှိရှိ ပြောနိုင်သည်။ ထိုအငြင်းပွားမှုကို တစ်ကမ္ဘာလုံးရှိ အမျိုးသမီးများဆီပါ ဆွဲခေါ်သွားနိုင်သည်။ ထိုအရာက ဤအလွှာမှာသာ သက်ရောက်မှုရှိသည်။

လင်းဖန် ရွှေရောင်ရထားလုံးထဲပေါ်မှ ဆင်းလာသည့်အခါ လှပသော အမျိုးသမီးများပါ လိုက်ပါလာသည်။ သူ့နောက် ခြေလှမ်းအနည်းငယ် အကွာတွင် လိုက်ပါလာပြီး သူ့ကို အဖော်ပြုပေးသူကတော့ သူ၏ ညာဘက်ရင်ခွင်ထဲမှာ ဖြစ်သည်။

သူ လင်းမျိုးနွယ်စု၏ အိမ်ထောင်ဦးစီးရှေ့သို့ ရောက်ရောက်ချင်း ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်သည်

“ အဖေ ကျွန်တော် ပြန်လာပါပြီ။ လင်းမျိုးနွယ်စုကို မျက်နှာပျက်ရအောင် မလုပ်ခဲ့ပါဘူး”

“ မင်း လုံခြုံဘေးကင်းတယ်ဆိုတော့ ကောင်းတာပေါ့” လင်းမင်ဟု အမည်ရသော အိမ်ထောင်ဦးစီးက သူ့သားကို ကြမ်းပြင်ပေါ်မှ ထူပေးလိုက်သည်။ သူက သေချာ စေ့စေ့စိုက်စိုက်ကြည့်ပြီးနောက် ပိုပြီး ကျေနပ်လာရသည်။

မတ်တပ်ရပ်ပြီးနောက် လင်းဖန်က တခြားအကြီးအကဲများ ရှိရာဘက်သို့ ခေါင်းညိတ်ကာ သူ့အဖေနှင့် စကားဆက်ပြောသည်။ ထိုအပြုအမူကြောင့် အကြီးအကဲများ ကောက်ကျစ်စွာ ပြုံးလိုက်ကြသည်။

အကျဉ်းချုံး စကားပြောပြီးနောက် လင်းမင်က သူ့သားဘေးမှ လှပသော ကောင်မလေးကို ကြည့်ကာ မေးလိုက်သည်

“ ဒါက…”

“ အဖေက ဒါက မူချွမ်းဟွာလို့ခေါ်တယ်။ လေးလံရေစင်ဂိုဏ်းရဲ့ သူတော်စင်မဆိုရင်လည်း မမှားဘူး။ ပြီးတော့ ကျွန်တော်ရဲ့ ဇနီးလည်း ဟုတ်တယ်”

မိတ်ဆက်ခံလိုက်ရသည့်အတွက် ထိုမိန်းကလေးက အရိုအသေပေးကာ ပြောလိုက်သည်

“ချွမ်းဟွာက အဖေကို မြင်ဖူးပါတယ်”

လင်းမင်က မျက်နှာမှာ မဖော်ပြသော်လည်း စိတ်ထဲတွင်တော့ အတော်လေး အံ့ဩသွားမိသည်။ သူ၏ တတိယမြောက်သားက လေးလံရေစင်ဂိုဏ်း၏ ပြိုင်ပွဲတွင် ပထမနေရာ ရခဲ့ရုံသာမက သူတို့၏ သူတော်စင်မကိုပါ ချွေးမအဖြစ် ခေါ်လာနိုင်ခဲ့သည်။

“ချွမ်းဟွာလေး လင်းမျိုးနွယ်ကနေ ကြိုဆိုပါတယ်နော်။ ရှေ့လျှောက် ဖန်အာက သမီးကို အနိုင်ကျင့်ရင် အဖေကိုသာ ပြောလိုက်။ ဒီအဖိုးကြီးက သူ့ကို သင်ခန်းစာပေးလောက်အောင်တော့ စွမ်းပါသေးတယ်”

မူချွမ်းဟွာက ထိုစကားကို ကြားပြီးနောက် ရှက်သွေးဖြာရင်း ခေါင်းညိတ်လိုက်သည်။

လင်းမင်က ကိစ္စများကို ကောင်းကောင်းဆွေးနွေးနိုင်ရန်အတွက် သူ့သားနှင့် အခြွေအရံများအား ပင်မခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။

ထို့နောက် လင်းဖန်က သူ့အစေခံနှင့် မောင်းမများကို မိတ်ဆက်ပေးကာ ဂိုဏ်းမှ သူ့ကို ကာကွယ်ရန် စေလွှတ်ထားသည့် အစ်ကိုလေးယောက်နှင့် အကြီးအကဲကိုလည်း မိတ်ဆက်ပေးလိုက်သည်။

သူတို့ထဲက ဘယ်သူမှ မရိုးရှင်းဘူးဆိုတာကို လင်းမင် မြင်နိုင်သည်။ သူ့သား၏ စီနီယာအစ်ကို လေးယောက်က ပျံသန်းနိုင်သည့်အတွက် အနည်းဆုံး သဘာဝလွန် နယ်ပယ်အဆင့်မှာ ရှိနေတာ သေချာသည်။

စောင့်ရှောက်သူ အဖြစ် တာဝန်ထမ်းဆောင်နေသော အဖိုးကြီးကို ကြည့်လိုက်သည့်အခါ သူတို့မျိုးနွယ်တွင် လက်ရှိတွေ့ရသော စွမ်းအားအကြီးဆုံး အကြီးအကဲများထက် ပိုမိုပြင်းထန်သည့် ဖိအားကို လင်းမင် ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူက အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့် ရှိတာ သေချာသည်။

လင်းဖန်က သူ့ဘေးပတ်လည်ရှိ လူများအားလုံးကို မိတ်ဆက်ပြီးနောက် ပြိုင်ပွဲအတွင်း “ ကောင်းကင်ရွေးချယ်ခံ” များအားလုံးကို အနိုင်ယူရသည်မှာ ဘယ်လောက်ထိ လွယ်ကူခဲ့ကြောင်း ပြောပြနေသည်။ အခန်းထဲရှိ လူအားလုံးက သူ့ကို ချစ်ကြောက်ရိုသေစွာဖြင့် ကြည့်ပြီး မူချွမ်းဟွာ၏ အကြည့်ကတော့ လင်းဖန် မျက်နှာပေါ်မှ တစ်စက္ကန့်ပင် ခွာမသွားခဲ့ပေ။

ထိုနေ့နောက်ပိုင်းတွင် လင်းဖန်က သူ့အဖေနှင့် တိတ်တဆိတ် တွေ့ဆုံရန် အခန်းသို့ သွားခဲ့သည်။ သူ သိုလှောင်လက်စွပ်ကို ထုတ်ယူကာ သူ့ကို လက်ကမ်းပေးလိုက်သည်။

“ အဲဒါက ဘာအတွက်လဲ” လင်းမင်က စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။

“ အဖေ ဒါက သဘာဝလွန် နယ်ပယ်အဆင့်ရောက်အောင် လုံလောက်စေမဲ့ အရင်းအမြစ်တွေပါ”

လင်းမင်က ထိုသိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများ၏ အဖိုးတန်ပုံကို ကြည့်ပြီး ထိတ်လန့်မိသွားသည်။ ယခု လင်းမျိုးနွယ်စုတွင် တည်ရှိနေသည့် အမြင့်ဆုံး ကျင့်ကြံဆင့်က ထိပ်သီး သဘာဝလွန် နယ်ပယ်အဆင့်ဖြစ်သည်။ ယခု သူ့သားက ထိုအဆင့်ကို ရောက်နိုင်ရန်အတွက် အရင်းအမြစ်များကို ပေးနေခြင်း ဖြစ်သည်။

လင်းမင်က သက်ပြင်းချကာ ခေါင်းယမ်းရင်း လက်စွပ်ကို ပြန်ပေးကာ ပြောလိုက်သည်

“ ဖန်အာ ဒါကို မင်းအတွက်မင်း သုံးလိုက်တာက ပိုကောင်းပါတယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်း အံ့ဖွယ်ခန္ဓာအဆင့်ရောက်ဖို့ အချိန်နည်းနည်းပဲလိုတယ်။ ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့်နဲ့ ထိပ်သီးအဆင့်ကိုတောင် ရောက်သွားနိုင်တယ်”

သို့သော် လင်းဖန်က တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။

ကမ္ဘာဦးဝိညာဉ် နယ်ပယ်အဆင့်က ဘယ်လိုလုပ်ပြီးတော့ သူ့ လမ်းဆုံး ဖြစ်နိုင်မှာလဲ။ ဒါပေမဲ့လည်း သူက သူ့အရည်အချင်းရဲ့ ကြောက်စရာကောင်းမှုနဲ့ နောက်ခံက ဘယ်လောက်ထိ နက်နဲလဲဆိုတာကို သူ မသိတဲ့အတွက် သူ့အဖေရဲ့ အမြင် ဘယ်လောက်နိမ့်လဲဆိုတာကို အပြစ်မတင်နိုင်ဘူးလေ

“ အဖေ ကျွန်တော်အတွက် စိုးရိမ်စရာ မလိုပါဘူး။ ဂိုဏ်းကနေ ကျွန်တော် ကျင့်ကြံဖို့အတွက် အရင်းအမြစ်အများအပြားကို ထောက်ပံ့ခဲ့တယ်။ ပြီးတော့ ဒီနှစ်ရဲ့ အနိုင်ရသူအနေနဲ့ တန်ဖိုးကြီးဆုတွေ ရခဲ့သေးတယ်လေ။ အဲဒါကြောင့် ဘာမှစိတ်ပူခြင်း မရှိဘဲနဲ့ ဒီသိုလှောင်လက်စွပ်ကို သုံးလို့ရပါပြီ”

လင်းမင်က ခဏတာ တွေဝေသွားသည်။ သို့သော် သူ့သား၏ မျက်နှာပေါ်မှ ဆုံးဖြတ်ချက် ပြတ်သားသောအကြည့်ကြောင့် သိုလှောင်လက်စွပ်ကို ယူကာ သိမ်းဆည်းလိုက်သည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် အဆင့်မြင့် နယ်ပယ်အဆင့်များသို့ တက်လှမ်းရန် စိတ်ဆန္ဒပြင်းပြသည်။ ကြီးမားသော ခွန်အားအတွက်သာမက ပိုမိုရှည်လျားသော သက်တမ်းအတွက်ဆိုလည်း ဖြစ်သည်။

သူ့အဖေ လက်ဆောင်ကို လက်ခံလိုက်သည့်အတွက် လင်းဖန်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ မျိုးနွယ်စုထဲတွင် သူနှင့် တည့်သည့်သူက သူ့အဖေနှင့် ညီမလေး နှစ်ယောက်တည်းသာ ရှိသည်။

သူ စတင်ကျင့်ကြံနေသည့်အခါ ထူးခြားသော ခန္ဓာကြောင့် သူ့ ခန္ဓာကိုယ်ကိုက သွေးချီကို ကောင်းမွန်စွာ စုဆောင်းနိုင်ခြင်း မရှိပေ။ သူ့ ချီအားလုံးက ကျင့်ကြံပြီး နောက်နေ့တွင် ထူးဆန်းစွာဖြင့် ဖျက်ဆီး ခံလိုက်ရသည်။

ထို့ကြောင့် မျိုးနွယ်စုမှ သူ့ကို အမှိုက်အဖြစ် သတ်မှတ်ထားကြသည်။ သူ အားလုံး၏ အေးစက်သော အကြည့်များကို လက်ခံရရှိခဲ့သည်။ မျိုးနွယ်စု တပည့်များက သူ့ကို အနိုင်ကျင့်ဖို့ အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။

သူ့ကို မွေးပြီးကတည်းက သူ့အမေက ဆုံးသွားခဲ့သည့်အတွက် သူ့ကို လူလိုမျိုး ဆက်ဆံခဲ့သည်က သူ့အဖေနှင့် ညီမလေးသာ ရှိသည်။ အထူးသဖြင့် သူ့အဖေက အရည်အချင်းချို့တဲ့မှုကြောင့် သူ့ကို မစွန့်ပစ်ခဲ့ပေ။

ထို့အပြင် သူ့ကို ကူညီဖို့အတွက် မရေတွက်နိုင်သော အရင်းအမြစ်များဖြင့် ထောက်ပံ့သေးသည်။ အကြီးအကဲများက သူ့လို အရေးမပါသည့်သူကို ထောက်ပံ့ရန် မျိုးနွယ်စု၏ အရင်းအမြစ်များကို ယူသုံးခွင့် မပေးတော့သည့်အတွက် သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုထဲမှ လင်းဖန်အတွက် တိတ်တဆိတ် ထောက်ပံ့နေခဲ့သည်။ ညီမလေးကပင် သူ့ကို ဆေးလုံးများ တိတ်တဆိတ် ထောက်ပံ့နေခဲ့သည်။

ထိုအရာအားလုံးကို ကြုံတွေ့ပြီးနောက် လင်းဖန်က သူ့မိသားစုကို ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပေးနိုင်ရန် ဘာမဆို လုပ်ဖို့ ဆုံးဖြတ်ထားသည်။ မကြာခင်မှာပင် ထိုအခွင့်အရေး ရောက်ရှိလာသည်။

လက်စွပ်ကို သူ့အဖေဆီ ပေးပြီးနောက် လင်းဖန်က သူ့ဇနီးကို နှုတ်ဆက်ပြီး ကျင့်ကြံရေး အခန်းဟောင်းထဲသို့ ဝင်သွားသည်။ သို့သော် သူ တရားထိုင်တော့မည့်အချိန်တွင် သူ့အခန်းထဲတွင် တစ်စုံတစ်ယောက် ထွက်ပေါ်လာသည်။

ချက်ချင်း လင်းဖန် အလန့်တကြားဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သို့သော် ဘယ်သူမှန်း မြင်လိုက်ရသည့်အခါ ချက်ချင်း မတ်တပ်ရပ်ပြီး အရိုအသေပေးလိုက်သည်

“ ဆရာ”

All Chapters