← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

“ကျန်းကျန်း စာဖတ်တာကို မရပ်သေးဘူးလား”

မဒမ်လီက အခန်းထဲသို့ မီးသီးကို ဆွဲယူလာပြီးပြောလာခဲ့တယ်။

“အမှောင်ထဲမှာ စာဖတ်ရင် မျက်လုံးတွေ ပျက်စီးမှာကို မကြောက်ဘူးလား”

ကျန်းကျန်း အပြုံးလေးနှင့် မတ်တပ်ထရပ်လိုက်တယ်။ သူမရဲ့အသက်က အခု ဆယ့်ခုနစ်နှစ်ရှိနေပြီဖြစ်ကာ သူမက မဒမ်လီထက် ခေါင်းတစ်လုံးစာ ပိုမြင့်နေခဲ့ပြီ။

သူမရဲ့ နဂိုက ဖောင်းဖောင်းကားကား မျက်နှာလေးကလည်း အခုဆိုရင် ဘဲဥပုံမျက်နှာအဖြစ်မျက်နှာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ ကြီးမားပြီး တောက်ပတဲ့မျက်လုံးတွေကသာ ငယ်ငယ်တုန်းကနှင့် တူညီစွာ ရှိနေခဲ့တယ်။

ကျန်းကျန်းက ဆန့်ကျင်ဘက်မှာရှိနေတဲ့ ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်တယ်။

“အိုး၊ ဒီနေ့က ဆယ်နှစ်လမြောက် ဆယ့်ငါးရက်နေ့ကိုတောင် ရောက်နေပြီပဲ ၊ အကြီးဆုံးဦးလေးနဲ့ ဒုတိယအစ်ကိုတို့ ပြန်လာလောက်တယ်”

“ဒီနှစ်ရက်အတွင်းမှာ ပြန်လာလောက်မယ်ထင်တယ်”

မဒမ်လီက ပြန်ပြောခဲ့တယ်။

“မင်းရဲ့တတိယဦးလေးက မနှစ်က တော်ဝင်မြို့တော်ကို ပြန်ပြောင်းလာလို့ အလုပ်တွေများလွန်းပြီး နှစ်သစ်ကူးအတွက်တောင် အိမ်ကို ပြန်မလာနိုသ်ခဲ့ဘူး၊ ဒီနှစ်ကတော့ အဆင်ပြေပါပြီ၊ ဒီတစ်ခေါက်တော့ လူစုံတက်စုံရှိတဲ့ မိသားစုဆုံတွေ့ပွဲဖြစ်လောက်တော့မယ်”

“အဲဒါက တကယ်ကောင်းတာပဲမဟုတ်ဘူးလား”

ကျန်းကျန်း ပြုံးလိုက်ပြီး မဒမ်လီကရဲ့ ပုခုံးကို ပွေ့ဖက်ရင်း ဝင်ထိုင်ဖို့ကူညီပေးလိုက်တယ်။

“အခု ဒုတိယအစ်ကိုတို့ကိုလည်း အနောက်မြောက်ဘက်ကနေ တော်ဝင်မြို့တော်ကို ပြန်ပို့ခံလိုက်ပြီပဲလေ၊ စကားမစပ် ဒုတိယအစ်ကို ပြန်လာရင် သမီးဝယ်လာတဲ့ စာအုပ်တွေ ပါလာရဲ့လား မေးရဦးမယ်”

“မင်း ဘယ်စာအုပ်တွေဝယ်ခိုင်းထားတာလဲ၊ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေရသေးခင် အချိန်ဖြုန်းနေတာလား”

မဒမ်လီက ဆေးတံကို ထိလိုက်ပေမဲ့ ကျန်းကျန်းရဲ့ အကြည့်အောက်မှာဘဲ လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်လေတယ်။

“အိုက်ယား၊ ငါတစ်နေ့ကို ဆေးတံသုံးခါသောက်လို့ရတယ်လို့ ပြောထားတာမဟုတ်ဘူးလား၊ ငါ ဒီညနေအတွက် ဆေးတံမသောက်ရသေးဘူးလေ”

ကျန်းကျန်းရဲ့ ပါးစပ်ထောင့်တွေက တွန့်ကွေးသွားခဲ့ပြီး ပြန်ပြောလိုက်တယ်။

“ညနေတုန်းက အဖွား အခန်းထဲမှာ ထိုင်ပြီး ဆေးတံသောက်နေတာမဟုတ်ဘူးလား၊ သမီးကို မမြင်ဘူးလို့ထင်နေတာလား”

မဒမာ ရှက်ရွံ့စွာပြုံးလိုက်ပြီး ဆေးတံကို ဘေးသို့ ချထားလိုက်ရတယ်။

“မင်းရဲ့မျက်လုံးက အတော်လေး စူးရှတာဘဲ၊ ငါ မင်းဆီက ဘာကိုမှမဖုံးကွယ်နိုင်တော့ဘူး”

ကျန်းကျန်း ပြုံးပြီး ခန်ပေါ်ကို ဝင်ထိုင်လိုက်တယ်။

“ သမီးဆီကနေ ဖုံးကွယ်လို့ မရဘူးဆိုတာသိရင် နောက်ထပ်ဖုံးကွယ်ဖို မလုပ်နှင့်တော့လေ၊ ဒီလိုပြောနေရတာက အဖွားရဲ့ ကျန်းမာရေးအတွက်ကြောင့်ပဲ မဟုတ်ဘူးလား၊ အဖွား ဆေးတံလျှော့သောက်သင့်နေပြီနော်၊ အနာဂတ်မှာ အဖွား သမီးရဲ့ကလေးတွေကို မထိန်းပေးချင်ဘူးလား”

“မိန်းမပျိုလေးတစ်ယောက်က ဒီလိုမျိုးက ကလေးအကြောင်းကိုပြောရတာ မရှက်ဘူးလား၊ မင်းရဲ့အသားအရည်က ဘယ်လောက်တောင် ထူလွန်းနေတာလဲ”

အိမ်တံခါးကို ရုတ်တရက် တွန်းဖွင့်ခံလိုက်ရတာကြောင့် ကျန်းကျန်း ခေါင်းကို မော့ပြီး ပြုံးလိုက်တယ်။

“စတုတ္ထအစ်ကို၊ စတုတ္ထယောက်မ ပြန်လာကြပြီလား!”

လီမင်ပေက ခန္ဓာကိုယ် ကိုယ်လုံးကိုယ်ပေါက်သေးကွေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ လျှောက်လာခဲ့ပြီး ထိုမိန်းကလေးက ပျော်ရွှင်တွေ ရှက်ရွံ့မှုတွေနှင့် ကျန်းကျန်းကို ပြန်နှုတ်ဆက်ပြီး အခန်းထဲကို ဝင်လာခဲ့တယ်။

“အဖွား၊ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ”

“တကယ်လား? အရမ်းကောင်းတာပေါ့၊ မင်းတို့ရဲ့အမေသိရင်လည်း အရမ်းပျော်သွားလိမ့်မယ်”

မဒမ်လီက ဝမ်းသာအားရဖြင့် ရယ်မောရင်း ဝမ်ရှင်းဝမ့်ရဲ့လက်ဆွဲခေါ်လိုက်ျယ်။

“ဝမ့်ဝမ့် ပင်ပန်းသွားရပြီ၊ လာခဲ့ ခန်ပေါ်မှာထိုင်ပြီး အနားယူဦး”

လီမင်ပေကလည်း ဝမ်ရှင်းဝမ့်ကို ခန်ပေါ်မှာထိုင်ဖို့ ကူညီရန် အမြန်ရောက်လာပြီး သူမရဲ့ဖိနပ်တွေကိုလည်း ကူညီချွတ်ပေးခဲ့တယ်။

ဝမ်ရှင်းဝမ့်ရဲ့မျက်နှာက ပျော်ရွှင်မှုတွေအပြည့်ရှိနေခဲ့ပြီး သူမက လီမင်ပေရဲ့ လက်ကိုဆွဲခေါ်လိုက်တယ်

“ရှင်လည်း လာထိုင်လေ”

လီမင်ပေက ခေါင်းညိတ်ပြီးဝင်ထိုင်လာခဲ့တယ်။

သူက ဝမ်ရှင်းဝမ့်ရဲ့ နောက်မှာ ဝင်ထိုင်ပြီး သူမ ပင်ပန်းနေမှာကို စိုးရိမ်နေခဲ့တဲ့အတွက်ကြောင့် သူမရဲ့ခါးကို ဂရုတစိုက် ဆုပ်ကိုင်ထားပေးခဲ့တယ်။

ဝမ်ရှင်းဝမ့်က လီမင်ပေထက် အတန်းနှစ်တန်းငယ်တယ်။ သူမက နောက်ပိုင်းမှာမှ လီမင်ပေတို့ရဲ့ ပညာတတ်လူငယ်နေရပ်ဆီသို့ ပို့ဆောင်တာဝန်ပေးခံရတဲ့ သူပဲ။

သူမကလည်း ရေအားလျှပ်စစ်စက်ရုံရဲ့ဝန်ထမ်း ကလေးတစ်ယောက်ပဲ။

ထိုအချိန်မှာတုန်းက လီမင်ပေက လူငယ်နေရပ်မှာ သုံးနှစ်နေခဲ့ပြီး ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်းမှာ သူရရှိတဲ့အလုပ်ရမှတ်တွေက လူငယ်နေရပ်ထဲမှာ ပထမအဆင့်မှာရှိနေခဲ့တယ်။

အလုပ်ခွင်ထဲမှာ သူကိုယ်တိုင် သုတေသနပြုထားတဲ့ လက်တွေ့အသုံးဝင်ပစ္စည်းတွေနှင့် နည်းစနစ်တချို့ကလည်း ပညာတတ်လူငယ်တွေကို အလုပ်လုပ်ကိုင်ရာတွင် များစွာ ကူညီပေးနိုင်တာကြောင့် ရေအားလျှပ်စစ်စက်ရုံမှ နောက်ထပ်ပညာတတ်လူငယ်အဖွဲ့ကို လူငယ်စခန်းသို့ စေလွှတ်ပြီးနောက်မှာ စက်ရုံက လီမင်ပေကို ထိုအသစ်ရောက်လာတဲ့ ပညာတတ်လူငယ်အဖွဲ့သစ်ကို ဦးဆောင်ရန် အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်။

ဝမ်ရှင်းဝမ့်ရဲ့ ဘိုးဘွားဇာတိက စုန့်ကျိုးကဖြစ်ပြီး ထိုနေရာမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးသွားတဲ့နောက်မှာ သူ့ရဲ့အဖေရဲ့ အလုပ်သမား နေရာပြောင်းရွှေ့မှုနှင့်အတူ မိသားစုတစ်ခုလုဲးက ယန်ဇီမြစ်တောင်ဘက်ကနေ ပင်းချန်ဘက်ကို ရောက်လာခဲ့ရတယ်။

ဝမ်ရှင်းဝမ့်က သာမန်ကျင်းနန်ဒေသသူမိန်းကလေးတစ်ယောက်ကဲ့သို့ဖြစ်ပြီး ချစ်စရာကောင်းတဲ့ မျက်လုံးတွေကိုပိုင်ဆိုင်ထားကာ စကားကိုလည်းနူးနူးညံ့ညံ့ပြောတတ်တာကြောင့် လူအများက သူမကို မြင်မြင်ချင်းပဲ ဂရုစိုက်စောင့်ရှောက်ပေးချင်တဲ့ စိတ်တွေ ဖြစ်ပေါ်စေတယ်။

လီမင်ပေ ဝမ်ရှင်းဝမ့်ကို ပထမဆုံးမြင်ဖူးတဲ့အချိန်မှာ ထိုမိန်းကလေးက ခက်ခဲပင်ပန်းမဲ့ အလုပ်တွေကိုမလုပ်နိုင်လောက်ဘူးလို့ တွေးတောခဲ့ပြီး သူမကို မီးဖိုချောင်ဘက်မှာ ထမင်းချက်ဖို့ တိုက်ရိုက်စီစဉ်ပေးခဲ့တယ်။

သို့ပေမယ့် တစ်ဖက်မှကောင်မလေးက ဘယ်လိုလူမျိုးလဲ။ သူမက နူးညံ့သိမ်မွေ့တဲ့မိန်းကလေးနှင့် တူပေမဲ့လည်း သူမရဲ့ အရိုးတွေထဲမှာ ရှုံးနိမ့်မှုကို လက်ခံချင်စိတ်မရှိခဲ့ဘူး။

သူမက လီမင်ပေကို မော့ကြည့်ကာ သူမရဲ့ နူးညံ့သိမ်မွေ့တဲ့မျက်နှာပေါ်မှာ မကျေနပ်မှုအပြည့်ရှိနေတဲ့ အမူအယာတွေနှင့် ပြောလိုက်တယ်။

“ရှင် ကျွန်မကို ဘာလို့ ချက်ပြုတ်ဖို့အတွက် မီးဖိုချောင်မှာ ထားရတာလဲ၊ ကျွန်မက အလုပ်မလုပ်နိုင်ဘူးလို့ ရှင်ထင်နေတာလား”

နူးညံ့ပျော့ပျောင်းပြီး စေးကပ်တဲ့ အသံလေးကိုနားထောင်ရင်း လီမင်ပေက ရုတ်တရက် ပြောလိုက်တယ်။

“ရဲဘော်ဝမ်ရှင်းဝမ့်၊ တောင်ပေါ်ကိုတက်ပြီး အပင်တွေ စိုက်ပျိုးတာတွေ၊ လယ်ယာတွေ ထွန်ယက်ရတာတွေက အရမ်းပင်ပန်းလွန်းတယ်၊ လူကြီးတွေတောင်မှ မခံနိုင်ဘူး၊ မင်းလိုမျိုး....”

လီမင်ပေက အချိန်အကြာကြီး တွေးပြီး နောက်ဆုံးမှာမှ ပြောလာခဲ့တယ်။

“... မင်းလိုမျိုး သေးကွေးတဲ့ မိန်းကလေးကို မပြောနဲ့..”

ဝမ်ရှင်းဝမ့်ရဲ့ မျက်နှာက ဒေါသကြောင့် ရုတ်တရက် နီမြန်းသွားခဲ့တယ်။ မြောက်ပိုင်းသားတွေရဲ့အမြင်မှာဆိုရင်တော့တော့ သူမရဲ့အရပ်အမောင်းနဲ့ ခန္ဓာကိုယ်က တကယ့်ကို သေးသေးလေးပဲ။

သို့ပေမယ့် သူမက ငယ်စဉ်ကလေးဘဝကစပြီး အရွယ်ရောက်ချိန်အထိ၊ အတန်းဖော်တွေကနေ ဆရာတွေအထိ သူမရဲ့ခန္ဓာကိုယ်က သေးငယ်လွန်းတယ်လို့ အပြောခံခဲ့ရတယ်။

ဒါကြောင့် ဒီစကားက သူမရဲ့ အထိမခံနိုင်တဲ့နေရာဖြစ်ပြီး ထိုစကားကိုကြားလိုက်ရချိန်မှာ ဘယ်လိုမှ စိတ်မကြည်တော့ဘူး။

လူကောင်သေးတော့ရော ဘာဖြစ်လဲ။ လူကောင်သေးရင်တောင် ကောင်းကောင်းစာကျက်နိုင်ဆဲဖြစ်ပြီး သေးနေရင်တောင် အလုပ်လည်းလုပ်နိုင်သေးတယ်။ သူမက တခြားလူတွေလုပ်နိုင်သမျှကို သူများတွေဆီက နှိမ့်ချမခံရအောင် အကောင်းဆုံးလုပ်နိုင်တယ်!

ဝမ်ရှင်းဝမ့်က ခေါင်းလှည့်ကြည့်ပြီး ဘေးနားကိုရှာဖွေပြည့်လိုက်ကာ အုတ်ခဲတွေကိုမြင်လိုက်ရတာကြောင့် အုပ်ခဲလေးခုကို တညီတညာတည်း စီလိုက်ပြီး ထိုအုပ်ခဲတန်းထက်ကို တက်ကာ လီမင်ပေကို တည့်တည့်စိုက်ကြည့်လိုက်တယ်။

“ရှင်က လူတွေကို ခွဲခြားဆက်ဆံနေတာပဲ၊ ကျွန်မလည်း တခြားရဲဘော်တွေနဲ့ အတူ အလုပ်တွဲလုပ်ချင်တယ်!”

လီမင်ပေတစ်ယောက် သူမ တက်နင်းထားတဲ့ အုတ်ခဲတွေက ယိုင်နဲ့နေတာကို မြင်ပြီး သူမ ပြုတ်ကျသွားမှာကို စိုးရိမ်နေခဲ့တာကြောင့် လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောလိုက်ရတယ်။

“ကောင်းပြီကောင်းပြီ၊ ငါနဲ့ အတူ တောင်ပေါ်ကို လိုက်ရမယ်၊ အခု အဲဒီပေါ်ကနေ အမြန်ဆင်းလိုက်တော့၊ မင်းရဲ့ခြေထောက် အဆစ်လွဲသွားရင် ရယ်စရာကိစ္စပဲဖြစ်နေမှာ မဟုတ်တော့ဘူးနော်”

ဝမ်ရှင်းဝမ့်က အုတ်ခဲပေါ်ကနေ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလိုက်ပြီး လီမင်ပေဆီကို ဂုဏ်ယူစွာ ပြုံးပြလာတယ်။

လီမင်ပေတစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြောက်လန့်စွာနှင့် နဖူးမှ ချွေးတွေကို သုတ်လိုက်မိတယ်။

သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေတော့တယ်:

ဒီအန်တီလေးက ပြုစုလုပ်ကျွေးရန် ခက်ခဲလွန်းတယ်!

နောက်ပိုင်းမှာတော့ ဝမ်ရှင်းဝမ့်က တခြားလူတွေလိုမျိုး နွေဦး ရာသီမှာ အပင်စိုက်တာတွေ ယာကွက်အသစ်ဖွင့်တာတွေ အတူလုပ်ခဲ့တယ်။

လီမင်ပေကလည်း သူမ ဒီလိုမျိုး အလုပ်တွေကို မလုပ်နိုင်တော့မှာကို တကယ်ကို စိုးရိမ်နေခဲ့ပြီး ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်တာကြောင့် သူမကို အထူးဂရုစိုက်ခဲ့တယ်။

ကံအားလျော်စွာနှင့် ဝမ်ရှင်းဝမ့်က တုံးအခြင်းမရှိဘူး။ အခြားသူတွေ လေးငါးပင် သယ်ရင် သူက နှစ်ပင်သုံးပင်သယ်ပြီး တခြားသူတွေ လယ်သုံးဧက ထွန်ယက်ရင် သူမက လယ်တစ်ဧက ထွန်ယက်တယ်။

သူမရဲ့ အလုပ်တွေက နည်းပေမဲ့လည်း အလုပ်ကိုတော့လေးနက်တယ်။ ဒါကြောင့် သူမဘက်က မြေကြီး၊ မြေဆီလွှာက အမြဲတမ်း အကောင်းဆုံးဖြစ်နေခဲ့တယ်။

လီမင်ပေက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တစ်ခါတရံ သူ့အလုပ်တွေပြီးသွားတဲ့အချိန်မှာ သူမကို ကူညီပေးတတ်တယ်။

အပြန်ပြန်အလှန်လှန် သွားလာလှုပ်ရှားခဲ့ကြပြီး နှစ်ယောက်ကြားမှာ အဆက်အသွယ် ပိုများလာကာ ဝမ်ရှင်းဝမ့်က လီမင်ပေကို ချစ်မြတ်နိုးလာခဲ့တယ်။

လီမင်ပေရဲ့ အချိန်ကြာရှည်တဲ့ တိတ်တခိုးအချစ်နှင့်မတူဘဲ၊ နူးညံ့သိမ်မွေ့တဲ့ တောင်ပိုင်းမိန်းကလေးက မြောက်ပိုင်းမိန်းကလေးတွေထက် ပိုပြီးရိုးရှင်းတဲ့ အကျင့်စရိုက်ရှိတယ်။

သူမက လီမင်ပေကို တိုက်ရိုက်ခေါ်တွေ့ပြီး သူ့ရဲ့ အင်္ကျီကော်လံကိုဆွဲကိုင်လိုက်ပြီး ပြောခဲ့တယ်။

“လီမင်ပေ၊ ကျွန်မ ရှင့်ကိုကြိုက်တယ်၊ ရှင်နဲ့ချိန်းတွေ့ချင်တယ်”

လီမင်ပေသာ ထိုအချိန်တုန်းက ရေသောက်နေမယ်ဆိုရင် ထိုကောင်မလေးရဲ့မျက်နှာကို ရေနှင့်ဖြန်းထုတ်လိုက်မိမှာသေချာတယ်။

ဝမ်ရှင်းဝမ့်က လီမင်ပေရဲ့ အံ့သြထိတ်လန့်သွားတဲ့ အမူအရာကိုကြည့်ပြီး ချိုသာစွာပြုံးပြီး ပြောလိုက်တယ်။

“ရှင် သဘောတူရင် ကျွန်မတို့ အတူရှိကြမယ်၊ ရှင် သဘောမတူရင် ကျွန်မ ရှင် သဘောတူတဲ့အထိ လိုက်မယ်”

လီမင်ပေ သူ့ရဲ့လက်မောင်းကို ဆွဲကိုင်လာတဲ့ ကောင်မလေးကို ကြည့်ပြီး အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။

ယွီဝမ်ရှို့ လက်ထပ်ပြီးသွားကတည်းက သူ ဒီကြိုက်တယ်ဆိုတဲ့ စကားလုံးကို မစဉ်းစားခဲ့တာ ကြာပြီ။

ကြိုက်တာလား?

သူ သူ့ရှေ့က ကောင်မလေးကို ငုံ့ကြည့်လိုက်ရင်း တွေးတောမိတယ်။ သူ သူမကို မသိစိတ်က အမြဲတမ်း အာရုံစိုက်နေခဲ့ပုံရတယ်။ သူ နေ့တိုင်း တောင်ပေါ်မှ ဆင်းတဲ့ နောက်ဆုံးလူ ဖြစ်နေတတ်တယ်။ သူ့အနေနဲ့ ထိုငတုံးကလေးမလေးက အလုပ်မပြီးမြောက်ပဲ ညမှောင်သွားပြီး တောင်ပေါ်ကနေ လိမ့်ကျသွားမှာကို ကြောက်နေခဲ့တယ်။

ညဘက်တွေမှာလည်း နေ့ခင်းဘက်မှာတုန်းက သူမနှင့် အလုပ်တွဲလုပ်ခဲ့တဲ့အချိန်တွေအကြောင်းကို တွေးတောပြီး ရယ်မောနေတတ်တယ်။

လီမင်ပေက ခေါင်းကို ကုတ်ရင်း ဝမ်ရှင်းဝမ့်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်မိတယ်။

“ ငါ နည်းနည်း တုံးအပြီး ကြိုက်ချင်စရာမရှိဘူး... “

“ဘယ်သူကပြောတာလဲ?”

ဝမ်ရှင်းဝမ့်က သူမရဲ့ပါးပြင်ကို ဖောကားပြီး လီမင်ပေကို စူးစိုက်ကြည့် လေးနက်တဲ့ မျက်လုံးတွေနှင့် ပြောလိုက်တယ်။

“ရှင်က အရမ်းတော်တယ်လို့ ကျွန်မထင်တယ်၊ ရှင့်ရဲ့ ရိုးသားမှုနဲ့ ရိုးရှင်းတာကို ကျွန်မ သဘောကျတယ်”

လီမင်ပေက အကြိမ်အနည်းငယ် ပြုံးလိုက်ပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေခဲ့တယ်။

ဝမ်ရှင်းဝမ့်က သူ့ရဲ့ပုံစံကိုမြင်တော့ မျက်လုံးလှိမ့်လိုက်ကာ မျက်နှာက ဘယ်အချိန်မှာမှ မနီရဲလာသလိုမျိုး ပြောခဲ့တယ်။

“ဒါဆို ရှင် ကျွန်မရဲ့အပိုင်ဖြစ်လာမှာလား”

ဒါကိုကြားတော့ လီမင်ပေက ပိုလို့တောင် ထုံထိုင်းသွားပြီးမျက်နှာပေါ်မှာ တုံးအအအပြုံးတစ်ခု ပေါ်လာခဲ့ကာ ဝမ်ရှင်းဝမ့်ဆီကို စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြခဲ့တယ်။

“ကောင်းပြီ၊ ငါက မင်းရဲ့ လက်တွဲဖော် ဖြစ်လာလိမ့်မယ်”

All Chapters