အခန်း (၁၇၀)
Vol. 17 Ch. 170
မူလတုန်းက စက်ရုံရဲ့အစီအစဉ်အရ လီမင်ပေက ပညာတတ်လူငယ်တွေကို တစ်နှစ်ကြာအောင် ခေါင်းဆောင်ပြီးသွားရင် စက်ရုံကို ပြန်လာနိုင်ခွင့်ရှိပြီဖြစ်ပေမဲ့ သူကဝမ်ရှင်းဝမ့်ကို အတူအဖော်ပြုပေးရန်အတွက် သုံးနှစ်ကြာတဲ့အထိ လူငယ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် အဖြစ် ဆက်ရှိနေခဲ့တယ်။
သူတို့နှစ်ယောက် အတူတကွ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သုံးနှစ်ပြည့်ချိန်မှာ လီမင်ပေရဲ့အသက်က နှစ်ဆယ့်လေးနှစ်တောင်ရှိနေခဲ့ပြီဖြစ်ပြီး ထိုအချိန်မှာ အတော်လေး အသက်ကြီးရင့်နေပြီလို့ဆိုနိုင်တယ်။
သို့ပေမယ့် လီမင်ပေက ဝမ်ရှင်းဝမ့်ကို အိမ်သို့ခေါ်ဆောင်လာနိုင်ခဲ့
တယ်။ မဒမ်လီနှင့် ဝမ်စုဖန်းကတော့ ထိုလှပတဲ့ ကလေးမလေးကို အလွန်သဘောကျခဲ့ကြပြီး လီမင်ပေကတော့ ပိုလိုတောင် သဘောကျနေခဲ့လေတယ်။
ကိစ္စတွေ ပြေလည်သွားတဲ့နောက်မှာ မိသားစုနှစ်စုက အတူတွေ့ဆုံပြီး လက်ထပ်ပွဲအကြောင်းကို ဆွေးနွေးခဲ့ကြတယ်။
လီမင်ပေအတွက်အိမ်က ဟိုးအချိန်တွေကတည်းက ဆောက်ထားခဲ့ပြီးသားပဲ။ သူ့ရဲ့အိမ်က လီမင်နန်ရဲ့အိမ်ဘေးမှာရှိပြီး အိမ်ရှေ့နှင့်အိမ်နောက်မှာ ခြံအကျယ်ပါတဲ့ အိမ်ခန်းသုံးခန်းရှိတဲ့ အုတ်အိမ်လည်းဖြစ်လေတယ်။
အိမ်နေရာက အလွန်ကြီးမားပြီး ပြောင်းနှံတွေ၊ ဂေါ်ဖီထုပ် စိုက်ပျိုးရန်အတွက်တောင် ပြဿနာမရှိဘူး။
သူတို့ရဲ့အိမ်တွေက ရေအားလျှပ်စစ်စက်ရုံနှင့် ဝေးကွာတာကြောင့် မဒမ်လီက လီမင်နမ်တို့အတွက် စက်ဘီးတစ်စီးဝယ်ပေးထားခဲ့ပြီးလီမင်ပေလက်ထပ်ချိန်မှာ လီမင်ပေအတွက်လည်း တစ့စီးဝယ်ပေးခဲ့တယ်။
လီမင်ပေက အိမ်ထောင်ကျတာနောက်ကျတဲ့အတွက် သူအိမ်ထောင်ပြုတဲ့အချိန်မှာ လီမင်နန်ရဲ့ကလေးတွေက ပြေးလွှားဆော့ကစားနေကြပြီ။
ဝမ်စုဖန်းက သူတို့အတွက် အလျင်လိုနေခဲ့ရပြီး လက်ထပ်ပြီး ဒုတိယလမှာကတည်းက ကိုယ်ဝန်ကိစ္စကို မေးမြန်းချင်နေခဲ့ပေမဲ့ မဒမ်လီက သူမကို ဖိနှိပ်ခိုင်းထားခဲ့တယ်။
“အိမ်ထောင်သက် နှစ်လသုံးလလောက်က မီးလိုပူပြင်းတဲ့အချိန်ပဲ၊ စောစောစီးစီး ကိုယ်ဝန်ရှိလာတာက သိပ်ပြီး မကောင်းပါဘူး၊ ဒီအတိုင်းပဲ ဆက်နေကြပါစေဦး”
ဝမ်စုဖန်းက မဒမ်လီရဲ့စကားတွေကို အမြဲတမ်း နားထောင်နေခဲ့တာကြောင့် သူမလည်း ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ရုံသာတတ်နိုင်ကာ ထိုအကြောင်းတွေကို မပြောခဲ့ဘူး။
ပြီးခဲ့တဲ့လတုန်းကတော့ ဝမ်ရှင်းဝမ့်က တစ်နေ့လုံး အန်ချင်နေခဲ့ရကြောင်း ငိုယိုပြီး ပြောလာခဲ့တယ်။ ဝမ်စုဖန်းက သူမရဲ့ချွေးမမှာ ကိုယ်ဝန်ရှိနေလောက်ပြီလို့ တွေးခဲ့ပေမဲ့ မျှော်လင့်ပြီးမှ ဘာမှဖြစ်မလာတာမျိုးနှင့် ကြုံတွေ့ရမှာကို စိုးရိမ်တာကြောင့် တစ်လကြာအောင် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းခဲ့တယ်။
ဝမ်ရှင်းဝမ့်ရဲ့ အခြေအနေက ကိုယ်ဝန်ရှိနေတာနှင့်တူလာတာကို တွေ့လိုက်ရမှသာ သူမကု ဆေးစစ်ရန်အတွက် ဆေးရုံကိုသွားဖို့ သတိပေးခဲ့လေတယ်။
ဒီအချိန်ကျမှ ဝမ်ရှင်းဝမ့်ကလည်း သဘောပေါက်သွားခဲ့ရတယ်။ သူမ ရာသီလာချိန်က တစ်လကျော်ကြာအောင် နောက်ကျနေခဲ့တယ်လေ။
သူတို့တွေ ခန်ပေါ်မှာထိုင်ပြီး ဒီအကြောင်းကို ပြောနေချိန်မှာ ဝမ်စုဖန်းက အပြင်ဘက်မှဝင်လာခဲ့တယ်။
သူမက ဝမ်ရှင်းဝမ့်ရဲ့အသံကိုကြားတော့ အလျင်စလိုမေးလာခဲ့တယ်။
“စစ်ဆေးကြည့် ဘယ်လိုဖြစ်သွားလဲ”
“ဆရာဝန်က ကိုယ်ဝန်ရှိနေတယ်လို့ပြောတယ်”
ဝမ်ရှင်းဝမ့်က သူမရဲ့ အနည်းငယ် ဖောင်းကားနေတဲ့ ဗိုက်ကို အသာပွတ်သပ်ပြီးပြောလာခဲ့ကာ သူမရဲ့မျက်နှာပေါ်မှာတော့ ပျော်ရွှင်မှုတွေက ဖုံးကွယ်လို့မရနိုင်စွာ ပေါ်လွင်နေခဲ့တယ်။
“ဒါက ကြီးကျယ်ခမ်းနားတဲ့ပွဲအခန်းအနားပဲ”
ဝမ်စုဖန်း ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
“မင်း အခုဘာစားချင်လဲ အမေက မင်းအတွက် ချက်ပေးမယ်၊ငါးစားချင်လား၊ ငါးစားရင် အန်ချင်သလို ခံစားရလား?”
ဝမ်ရှင်းဝမ့်က ခေါင်းခါလိုက်ပြီး ပြောလာတယ်။
“ကျွန်မ အန်ချင်သလိုမျိုး မခံစားရတော့ဘူး၊ အခု အကုန်လုံးကို စားချင်နေသလို ခံစားရတယ်”
“မင်းစားချင်တာမှန်သမျှ အမေ့ကိုပြော၊ နောက်ပြီး ဒီတလော ထမင်းချက်မနေနဲ့ အိမ်မှာ ပြန်လာစားကြ၊ ဝမ့်ဝမ့် ယဉ်ကျေးမနေနဲ့နော်၊ ဘာပဲစားချင်ချင် အမေကိုပြောလို့ရတယ်။ အမေ မင်းအတွက် ချက်ပေးမယ်၊
အခု မင်းဗိုက်ထဲမှာ နောက်တစ်ယောက်ရှိနေပြီ၊ သူ့ကို မှားယွင်းမခံရစေနှင့်”
ဝမ်စုဖန်းက သူမရဲ့ အင်္ကျီလက်စတွေကို လှန်လိုက်ပြီး လီမင်ပေကိာ ကြည့်လိုက်တယ်။
“မင်း တုံးအအနှင့် ထိုင်နေမယ်ဆိုတာ ငါသိသားပဲ၊ သွား မင်းရဲ့ဇနီးအတွက် ရေတစ်ခွက်လောင်းထည့်ပေးလိုက်၊ မြန်မြန်သွားလုပ်”
လီမင်ပေက ရေသွားထည့်ရန်အတွက် ခန်ပေါ်မှ အမြန်ဆင်းသွားခဲ့တယ်။
မဒမ်လီ ဝမ်စုဖန်းကိုပြောလိုက်တယ်။
“ကျန်းကျန်းကို သွားကြည့်လိုက်ပါဦး၊ သူမက အဲဒီအခန်းကို ဝင်သွားပြန်ပြီ၊ ဉာဏ်စမ်းတွေဖြေနေပြန်ပြီလား၊ ဒီကလေးက ဘာလို့ စာဖတ်တာကို အရမ်းကြိုက်နေတာလဲ”
လီမင်ပေက ရေခွက်ကို ဝမ်ရှင်းဝမ့်ဆီကို လှမ်းပေးလိုက်ပြီး ဝမ်စုဖန်းနှင့်အတူလိုက်ပါလာတဲ့ ကျန်းကျန်းကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။
“အခုက ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း မရှိသေးဘူး၊ မင်း ဘာလို့ ဒီလောက်တောင် စာဖတ်နေရတာလဲ၊ အပြင်ကိုထွက်ပြီး ဆော့ကစားနေတာက မကောင်းဘူးလား”
ကျန်းကျန်း ခန်ပေါ်မှာထိုင်ပြီး လီမင်ပေနှင့်ဝမ်ရှင်းဝမ့်ကို မေးလိုက်တယ်။
“ စတုတ္တအစ်ကို၊ စတုတ္ထ ယောက်မ၊ အစ်ကိုနှင့်ယောက်မတို့ တက္ကသိုလ်တက်ချင်လား”
ဝမ်ရှင်းဝမ့်က ရေခွက်ကို ကိုင်ထားပြီး ခဏလောက်စဉ်းစားလိုက်တယ်။
“တကယ်တော့ ငါတကယ် ကောလိပ်တက်ချင်နေသေးတယ်. ဒီအတိုင်းဆက်သွားရင် ငါ့ရဲ့ခေါင်းက တစ်သက်လုံးထုံထိုင်းသွားတော့မလိုမျိုး ခံစားရတယ်၊ နောက်ပြီး သဘောကျတဲ့အလုပ်မျိုးလည်း ရှိလာမှာ မဟုတ်ဘူး”
လီမင်ပေက ဘီဒိုကို မှီနေရင်း ပြုံးပြီး ပြောလာတယ်
“ငါကတော့ စဉ်းစားစရာ မလိုဘူး၊ ဘာပဲဖြစ်ဖြစ် ငါလည်း တက္ကသိုလ်တက်နိုင်လောက်မှာမဟုတ်ဘူးလေ”
“တကယ်လို့ ဝင်ခွင့်စာမေးပွဲ အောင်သွားမယ်ဆိုရင်ရော”
ကျန်းကျန်း သူ့ရဲ့အမူအရာကို လေးလေးနက်နက် စိုက်ကြည့်လိုက်တယ်။
“ငါတက္ကသိုလ်တက်နိုင်ရင်လား...”
လီမင်ပေ ခဏလောက်စဉ်းစားပြီး သူ့ရဲ့မျက်လုံးတွေက ဝမ်ရှင်းဝမ့်ရဲ့မျက်နှာပေါ် အကြည့်ရောက်သွားကာ သူ့ရဲ့မျက်နှာပေါ်မှာ နွေးထွေးတဲ့အပြုံးတစ်ခုပေါ်ထွက်လာခဲ့တယ်။
“ဒါဆို မင်းရဲ့ယောက်မအပေါ်မှာပဲ မူတည်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သူမ ဘယ်ကိုပဲသွားသွား ငါနောက်ကလိုက်သွားမယ်”
ထိုစကားကိုကြားတော့ ကျန်းကျန်းက ခေါင်းပြန်လှည့်ကာ အိမ်ထဲသို့ပြန်ဝင်သွားခဲ့တယ်။
ခဏအကြာမှာတော့ စာအုပ်အနည်းငယ်ယူပြီး ထွက်လာခဲ့တယ်။
“ဒါဆို အစ်ကို့မှာ ဘာမှလုပ်စရာမရှိတဲ့အချိန် စာအုပ်တွေ များများဖတ်ထားဖို့ လုပ်တော့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲက တစ်ချိန်ချိန်မှာ ပြန်စလာတော့မှာ”
“မဖြစ်နိုင်လောက်ဘူးမလား”
လီမင်ပေ ခေါင်းကုတ်လိုက်တယ်။
“ဝင်ခွင့်စာမေးပွဲဖြေခဲ့တာ ဆယ်နှစ်တောင်ရှိနေပြီလေ”
“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စတုတ္ထအစ်ကို မသိဘူးလား၊ အခု တိုင်းပြည်က အရည်အချင်းတွေ လိုအပ်နေတယ်၊ ဒီအချိန်ကောင်းကို အမီလိုက်နိုင်ရမယ်”
ကျန်းကျန်းက လေးလေးနက်နက် ကြည့်ပြီး ဆက်ပြောလိုက်တယ်။
“ အခွင့်အလမ်းတွေဆိုတာ ပြင်ဆင်ထားတဲ့ သူတွေ အတွက် အမြဲရှိနေမှာပဲ၊ ညီမတို့တွေ စာကိုကြိုတင်ပြီး ဖတ်ထားမယ်ဆိုရင် စာမေးပွဲ ဝင်ဖြေနိုင်လိမ့်မယ်၊ ဒါဆိုရင် ဒီအခွင့်အရေး ရေလှိုင်းကို အမှီလိုက်နိုင်လိမ့်မယ် “
“ငါစာမေးပွဲမဖြေနိုင်ရင် ဘယ်လိုလုပ်မလဲ”
လီမင်ပေ မသိစိတ်က မေးလိုက်မိတယ်။
“စာမေးပွဲမဖြေနိုင်ရင် စာဖတ်ထားတာကို အလဟာသဖြစ်သွားတယ်လို့ တွေးလိုက်ပေါ့”
ကျန်းကျန်း သူ့ကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်တယ်။
“ဒါပေမဲ့ စာအုပ်တွေများများဖတ်ရတာ မထိခိုက်နိုင်ပါဘူး၊ စတုတ္ထအစ်ကို ပိုပြီးဉာဏ်ကောင်းတာလည်း ဖြစလာနိုင်တာပဲ”
အခန်းတွင်းမှ လူတွေအားလုံး ရယ်မောလိုက်ကြပြီး လီမင်ပေက ကျန်းကျန်းရဲ့ကျစ်ဆံမြီးကို ဆွဲကိုင်လိုက်တယ်။
“ဒီမိန်းကလေးကတော့၊ မင်းအစ်ကိုကို စကားတစ်ခွန်းလောက်မှ မပြောရရင် မင်း စိတ်မသက်မသာဖြစ်နေတဲ့ပုံပဲ၊ ဟုတ်တယ်မလား”
ကျန်းကျန်း ပြုံးပြီး သူမရဲ့ကျစ်ဆံမြီးကို ဆွဲယူလိုက်ကာ သူ့ကို မေးလိုက်တယ်။
“ဒါဆို စတုတ္ထအစ်ကို စာလေ့လာချင်လား”
လီမင်ပေက ကျန်းကျန်းကို အသာ တွန်းဖယ်ကာ ဝမ်ရှင်းဝမ့်ဆီကို ချဉ်းကပ်သွားခဲ့တယ်။
“ဇနီးလေး? ကိုယ်တို့ စာလေ့လာသင့်တယ်လို့ ထင်လား”
“လေ့လာရမှာပေါ့၊ ဘာလို့မလေ့လာရမှာလဲ”
ဝမ်ရှင်းဝမ့်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်တယ်။
“ကျွန်မတို့ညီမ ပြောခဲ့သလိုပဲ၊ မကြာခင် အချိန်ကောင်းတွေရောက်လာနိုင်တာပဲလေ”
“ဒါဆို ကိုယ်တို့ရဲ့ကလေးကရော”
လီမင်ပေက ဝမ်ရှင်းဝမ့်ရဲ့ ဘာတစ်ခုမှ မခံစားနိုင်သေးတဲ့ ဝမ်းဗိုက်ကို ထိလိုက်ကာ အနည်းငယ် စိတ်ပူနေပုံရတယ်။
သူ့ရဲ့ပုံစံက ကလေးက ဒီနေ့ မွေးတော့မှာဖြစ်ပြီး သူတို့က မနက်ဖြန် တက္ကသိုလ်ကိုသွားရတော့မလိုမျိုးပဲ။
“စိတ်မပူပါနဲ့၊ ကျွန်မတို့တွေ ကလေးငယ်ငယ်လေးနဲ့ တက္ကသိုလ်တက်ရရင် ကျွန်မတို့ရဲ့ကလေးက ငယ်ငယ်လေးကတည်းက တက္ကသိုလ်ကျောင်းသား ဖြစ်လာလိမ့်မယ်”
ဝမ်ရှင်းဝမ့်က ပြုံးရွှင်စွာ ပြောခဲ့ပြီး ကျန်းကျန်း ပေးထားတဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို ယူကာ တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်လိုက်တယ်။
“ကျန်းကျန်း ၊ ဒါက မင်းကိုယ်တိုင် ကူးယူထားတဲ့ မေးခွန်းတွေလား၊ တကယ် အပင်ပန်းခံထားတာပဲ”
ကျန်းကျန်း ပြုံးလိုက်တယ်။
“တတိယအစ်ကိုတို့အတွက်လည်း အစုံလိုက်ကို ကူးထားတယ်၊ သူတို့ရော တက္ကသိုလ်ကို သွားဖို့ စိတ်ကူးရှိလောက်မလား မသိဘူး”
လီမင်နန်နှင့် မုန်ရှောင်ရှီတို့မှာ သားနှစ်ယောက်ရှိတယ်။ အကြီးဆုံးသားဖြစ်တဲ့ ပေါင်မုန့်ကင်က သူငယ်တန်းတက်နေပြီဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံမှာရှိတဲ့ သူငယ်တန်းကျောင်းကို သူ့ရဲ့ မိဘတွေနှင့်အတူ နေ့တိုင်းလိုက်သွားလေ့ရှိတယ်။
သူတို့ စကားပြောနေစဉ်မှာပဲ လီမင်နမ်က လီမင်နန်က သားအငယ်ဖြစ်တဲ့ဖက်ထုပ်ကင်ကို အိမ်ကိုပြန်ဖို့အတွက် လာကြိုဖို့ ရောက်လာတယ်။
ကျန်းကျန်းက ထိုစာအုပ်အစုံလိုက်ကို ပေးပြီး လီမင်ပေကိုပြောတဲ့အတိုင်း နောက်တစ်ကြိမ် ပြန်ပြောခဲ့တယ်။
လီမင်ပေက ခဏလောက်စဉ်းစားပြီး အနည်းငယ်နောင်တရစွာနှင့် ပြောလာခဲ့တယ်။
“မင်းရဲ့ တတိယအစ်ကိုက အခု အသက်သုံးဆယ်လောက်ရှိနေပြီ၊ အိမ်မှာလည်း သားသမီးတွေနှင့် ဇနီး ရှိနေသေးတယ်၊ တကယ်လို့ ငါသာ ကျောင်းသွားတက်နေရင် သူတို့ကို ဘယ်သူက စောင့်ရှောက်မှာလဲ”
သူ့ရဲ့ မျက်လုံးတွေက စာအုပ်တွေဆီကနေ အကြည့်ခွာလိုက်ပြီး အဝေးကိုရွှေ့လိုက်တယ်။
“ငါတို့တွေ အခု အဆင်ပြေနေပါပြီ၊ နောက်ပြီး အဖွားနှင့် ငါတို့ရဲ့ မိဘတွေကို စောင့်ရှောက်ပေးဖို့အတွက် တစ်ယောက် အဆင်ပြေလိမ့်မယ်၊ ငါတို့ အိမ်မှာရှိနေသရွေ့ မင်းတို့တွေ ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်မြင်သွားရင် အိမ်ကို စိတ်ပူနေစရာမလိုဘဲ စိတ်ချလက်ချနှင့် ကျောင်းသွားတက်နိုင်လိမ့်မယ်”
လီမင်နမ်က သူ့ရဲ့သားနှင့်အတူ အလျှင်အမြန် ထွက်ခွာသွားတာကို မြင်တော့ ကျန်းကျန်းရဲ့ မျက်လုံးတွေက အနည်းငယ် နာကျင်လာရတယ်။
ကံကောင်းထောက်မနှင့် အောင်မြင်မှုဆိုတာက ကောလိပ်ဝင်ခွင့် စာမေးပွဲအပေါ်မှာပဲ ကန့်သတ်မထားခဲ့ဘူး။
အနာဂတ်မှာ သူတို့ မောင်နှမတွေ အချင်းချင်းလက်တွဲခေါ်သွားမှာဖြစ်ပြီး တစ်ယောက်ကိုမှ ဆိုးဆိုးရွားရွား မဖြတ်သန်းစေရဘူး။
**