← Chapters

ယှဉ်ပြိုင်သူများ

Vol. 6 Ch. 84

ယှဉ်ပြိုင်သူများ

Vol. 6 Ch. 84

အခန်း (၈၄) : ယှဉ်ပြိုင်သူများ

လင်းဖန်၏ အခန်းထဲသို့ ဝင်သွားသောသူက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ကို သေချာစိုက်ကြည့်ကာ မေးမြန်းလိုက်သည်

“ မင်း ဟွင်သွမ်းချီကို သန့်စင်ခဲ့တာလား”

“ ဟုတ်ပါတယ် ဆရာချိုးကျင်း။ အခု ကျွန်တော်ရဲ့ ခန္ဓာက အရင်ကထက် အဆပေါင်းရာကျော် စွမ်းအားကြီးလာပါပြီ။ ပြီးတော့ ဟွင်သွမ်းချီက အနာဂတ်မှာ အကျိုးအမြတ်တွေ အများကြီး ယူဆောင်လာပေးမယ်ဆိုတာကို ခံစားလို့ရတယ်”

“ အင်း အဲလိုမျိုး အကျိုးသက်ရောက်မှု ရှိဖို့ မျှော်လင့်ထားလို့ ရပါတယ်။ ပြီးတော့ ဒါကို ကျောင်းတော်ရဲ့ အကောင်းဆုံးနဲ့ ထိပ်သီးအရင်းအမြစ်လို့ သတ်မှတ်လို့ ရတယ်”

“ ကောင်းပါပြီ … ကျွန်တော် ဧကရာဇ် ဖြစ်လာတဲ့အခါကျရင် ကျောင်းတော်က ကျွန်တော်အတွက် လုပ်ပေးခဲ့တာတွေအတွက် ပြန်ပြီး ပေးဆပ်မှာပါ”

အထွတ်အထိပ် ဆရာချိုးကျင်းက သူ့တပည့်ကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ရုတ်တရက် မေးမြန်းလိုက်သည်

“ မင်းကို လတ်တလောမှာ ဘယ်အရာက ပျော်ရွှင်အောင် လုပ်ပေးလဲ”

ထိုမေးခွန်းကို ကြားပြီးနောက် လင်းဖန် အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်

“ ဆရာ ကျွန်တော်ကို လေးလံရေစင်ဂိုဏ်းရဲ့ ပြိုင်ပွဲမှာတုန်းက မြင်လိုက်ရမှာ။ ဘယ်ပြိုင်ပွဲဝင်မှ ကျွန်တော်ကို မယှဉ်နိုင်ဘူး။ အဲဒီပါရမီရှင်တွေထဲက ဘယ်သူမှ ကျွန်တော်ကို တစ်ချက်ထက်ပိုပြီး မထိုးနိုင်ဘူး။ ကျွန်တော် အာရုံစိုက်ခံရတာ မကြိုက်တာသာ မဟုတ်ရင် ပြိုင်ပွဲဝင် အကုန်လုံးကို အနိုင်ယူဖိနှိပ်ဖို့ တစ်နာရီတောင် ကြာလိုက်မှာ မဟုတ်ဘူး။

ပြီးတော့ သူတို့ ကျွန်တော်ကို အထင်သေးခဲ့တုန်းက မျက်နှာတွေကို ကြည့်လိုက်ရမှာ။ ပြိုင်ပွဲလည်းစရော သူတို့ ကျွန်တော်ကို တစ်ချက်လေးတောင် မထိုးနိုင်ကြဘူး”

“ ပြီးတော့ အဲဒီနေရာမှာ လေးလံရေစင်ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်လည်း ရှိနေတယ်။ သူတို့ရဲ့ သူတော်စင်မကို ဇနီးအဖြစ် လက်ထပ်ယူဖို့ သူတို့ တောင်းဆိုခဲ့ကြတာ။ အဲလိုမျိုး အလှလေး ကျွန်တော်ရဲ့ ဘေးမှာ ရှိတာကိုတော့ ဘာမှမပြောလိုပါဘူး”

အစစ်အမှန်အုပ်ချုပ်သူ ချိုးကျင်း လင်းဖန်၏ အတွေ့အကြုံအကြောင်းကို ကြားလေလေ ပိုပြီး မျက်မှောင်ကြုတ်မိလာလေလေ ဖြစ်သည်။ သူ လင်းဖန်ကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်

“ ဒီစစ်ဆေးမှုမှာ ပါတဲ့သူတွေအားလုံးကို နိုင်ရုံနဲ့တင် ဂုဏ်ယူလို့ ရပြီလို့ ထင်နေတာလား”

ထိုမေးခွန်းကို ကြားသည့်အခါ လင်းဖန် ချက်ချင်း ပါးစပ်ပိတ်ကာ ခေါင်းငုံ့သွားသည်။ သူ့ဆရာ၏ အသံအနေအထားအရ သူ အမှားတစ်ခုခု လုပ်မိတာ သေချာသည်။

ဤကမ္ဘာပေါ်တွင် လင်းဖန် ကြောက်ရွံ့ရိုသေသည့်သူ အများကြီး မရှိသော်လည်း ဆရာချိုးကျင်းက ထိုလူထဲမှ တစ်ယောက် ဖြစ်သည်။ သူ့ ဘဝ အောက်ဆုံးအခြေအနေသို့ ရောက်ရှိနေချိန်တွင် သူက အလကားလူ မဟုတ်ဘဲ ပါရမီရှင်တစ်ယောက်က အချိန်နှင့် နေရာမှားကာ မွေးဖွားလာကြောင်း ပြောပေးခဲ့သူက ဆရာချိုးကျင်း ဖြစ်သည်။

စကြဝဠာကြီး ဘယ်လောက်ကျယ်ပြန့်ကြောင်း ပြသပေးခဲ့သူက ဆရာချိုးကျင်းဖြစ်သလို လူတစ်ယောက်အနေဖြင့် ဘယ်လောက်ထိ အလားအလာရှိသူတစ်ယောက် ဖြစ်ကြောင်း ပြသပေးခဲ့သည်။

သူ့ကို ပြိုင်ဘက်ကင်း စွမ်းအားကြီး ကျင့်စဉ်ကို သင်ကြားပြသပေးခဲ့ပြီး ယနေ့လိုမျိုး စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာအောင် သင်ကြားပေးသူက ဆရာချိုးကျင်း ဖြစ်သည်။

ဆရာချိုးကျင်း၏ အသံက ကျင့်ကြံရေးအခန်းထဲတွင် ဆက်တိုက် ထွက်ပေါ်လာသည်

“ အားနည်းတဲ့ အလွှာမှာ အားနည်းတဲ့ ကျင့်ကြံသူတချို့ကို အနိုင်ရရုံနဲ့တင် ဂုဏ်ယူနိုင်ပြီလို့ ထင်လို့လား။ မင်းရဲ့ အလွှာက ဘာမှအရေးမပါတဲ့ အလယ်အလတ်ကမ္ဘာဆိုတာကို သိထားသင့်တယ်။ အမြင့်ဆုံးရောက်နိုင်တဲ့ ကျင့်ကြံဆင့်ကလည်း ကမ္ဘာဦးဝိညာဉ် နယ်ပယ်အဆင့်လောက်ပဲ”

“ မင်း ပြောတဲ့ ပါရမီရှင်တွေက အဲလိုမျိုး လေးလံတဲ့ ရာထူးနဲ့ ထိုက်တန်လို့လား။ သူတို့က မဟာကမ္ဘာမှာ ပါရမီရှင်အဖြစ်တောင် သတ်မှတ်ခံရတာ မဟုတ်ဘူး။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ပါဝင်ဖို့ အရည်အချင်းပြည့်မှီတဲ့ အသင်္ချေအင်ပါယာကမ္ဘာက ပါရမီရှင်တွေနဲ့ ယှဉ်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး”

လင်းဖန် ခေါင်းကိုသာ ငုံ့ထားပြီး တခြားဘာမှ မပြောရဲပေ။ သို့သော် အတွင်းစိတ်ထဲတွင် သူ့ဆရာပြောတာကို လုံးဝ သဘောမတူပေ။ အထွတ်အထိပ်ဆရာ ချိုးကျင်းကလည်း ထိုအကြောင်းကို သိသည်။

“ မင်း ကြည့်ရတာ ပြောမရတဲ့ပုံပဲ။ ဒါဆိုရင် မင်း ရှေ့လျှောက် ဘယ်လိုလူတွေကို ရင်ဆိုင်ရမလဲဆိုတာ ပြသပေးမယ်”

ထို့နောက် ချိုးကျင်းက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ပုံရိပ်တစ်ခု သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုသူက ရန်သူ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကံကြမ္မာကို ထိန်းချုပ်နိုင်သည့် ခဲဖြူရောင် ဆံပင်နှင့် မျက်လုံးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

“ မင်းရဲ့ ရှေ့ကလူကို ဝမ်ဝေ့လို့ ခေါ်တယ်။ သူက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ သခင်လေးပဲ။ ဒီဂိုဏ်းက ဘာကို ကိုယ်စားပြုလဲဆိုတာကိုတော့ မင်းသိမှာပါ ဟုတ်တယ်မလား”

“ ဟုတ်ကဲ့ဆရာ။ တာအိုအခွင့်အလမ်းဂိုဏ်းက ဆရာ လာခဲ့တဲ့နေရာမှာ စွမ်းအားအကြီးဆုံးဂိုဏ်းဖြစ်သလို ကျောင်းတော်ရဲ့ အဓိကပြိုင်ဘက် …”

ချိုးကျင်း ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်

“ ဒီသခင်လေးကို ဒီမျိုးဆက်မှာရှိတဲ့ ကောင်းကင်ရွေးချယ်ခံအားလုံးရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတာ မင်း သိလား”

လင်းဖန် ခေါင်းယမ်းပြလိုက်သည့်အတွက် ချိုးကျင်းက ဆက်လက်ရှင်းပြလိုက်သည်

“ အဲဒါတွေအားလုံးက ပြီးခဲ့တဲ့နှစ်တွေမှာ သူ ပြီးမြောက်အောင် လုပ်နိုင်တဲ့ အရာတွေကြောင့်ပဲ။ သူက စွမ်းအားကြီးတဲ့ ဂိုဏ်းရဲ့ သခင်လေး ဖြစ်ပေမဲ့လည်း သူ မာနကြီးပြီး မောက်မာတာမျိုး မရှိဘူး။ သူက အရင်ကထက်တောင် ပိုပြီးတော့ ကောင်းလာသေးတယ်”

“ ဂိုဏ်းက ထောက်ပံ့တဲ့ အရင်းအမြစ်တွေနဲ့ သူ့ရဲ့ တာအိုနှလုံးသားကို လေ့ကျင့်ပေးနိုင်မဲ့ စစ်ဆေးမှုတစ်ခုကိုလည်း ပုံစံရေးဆွဲပြီး အောင်မြင်ခဲ့တယ်။ မဟုတ်သေးဘူး အောင်မြင်တာထက် ပိုတယ်။ ကျောင်းတော်ကနေ နောက်ဆုံးရရှိထားတဲ့ သတင်းအရ သခင်လေး ဝမ်ဝေ့က ဧကရာဇ်ငယ်လေးတစ်ယောက် ဖြစ်သွားပြီတဲ့။ ဧကရာဇ်ငယ်လေးဆိုတာ ဘာကို ပြောလဲဆိုတာ သိလား”

“ ဟင့်အင်း … ဆရာ ကျွန်တော် မသိဘူး”

“ ဧကရာဇ်ငယ်လေးဆိုတာက မဟာဧကရာဇ်ကို ယှဉ်နိုင်တဲ့ တာအိုနှလုံးသားကို ပိုင်ဆိုင်ထားတဲ့ ငယ်ရွယ်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ အဲဒီသခင်လေးက သူ စတင်မကျင့်ကြံခင်မှာတင် အဲဒါကို ရရှိနိုင်ခဲ့တာ”

ထိုစကားကို ကြားပြီး လင်းဖန်၏ မျက်နှာ ထိတ်လန့်သွားမိသည်။ သူ့ကမ္ဘာထဲမှာပင် မဟာဧကရာဇ်များ ချန်ထားခဲ့သည့် မရေတွက်နိုင်သော ကောလဟာလများ ရှိသည်။ ထို့အပြင် မဟာဧကရာဇ်များ ဘယ်လောက်ထိ မိုက်ပြီး စွမ်းအားကြီးလဲဆိုသည့်အကြောင်း ပြောရန် သူ့ဆရာက အချိန်အတော်လေး ယူခဲ့ရသည်။

ထို့ကြောင့် ဧကရာဇ်နှင့် ပတ်သက်သည့် အရာအားလုံးက နှိုင်းယှဉ်မရလောက်အောင် ထူးခြားဆန်းကြယ်ကြောင်းကို လင်းဖန် ကောင်းကောင်းသိထားသည်။ ထိုဝမ်ဝေ့ကလည်း ထို အထွတ်အထိပ် ဖြစ်တည်မှုနှင့် နှိုင်းယှဉ်နိုင်သည့် တာအိုနှလုံးသားကို ပိုင်ဆိုင်နေသည်။

“ ထိတ်လန့်စရာပဲ ဟုတ်တယ်မလား။ အဲဒါမှ အခုမှ အစပဲ ရှိသေးတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အနာဂတ်အမွေခံသားတော်က သူ့ရဲ့ ကိုယ်ပိုင် ကောင်းကင်ခန္ဓာကို ဖန်တီးခဲ့တယ်”

“ ဒါက မဖြစ်နိုင်ဘူး။ ဆရာ ပြောတော့ ကောင်းကင်မြေကမ္ဘာရဲ့ ရွေးချယ်ခံရသူတွေသာ အဲဒီတမူထူးရုပ်ခန္ဓာကို လက်ဆောင်အဖြစ် ပေးအပ်ခံရတာဆို”

ယခုတစ်ခေါက် လင်းဖန် အံ့ဩတာထက် ပိုမိုတုန်လှုပ်သွားသည်။ သူ့ကိုသူ ဂုဏ်ယူရသော အကြောင်းအရင်းထဲမှတစ်ခုက နံပါတ်တစ် ကောင်းကင်ခန္ဓာရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မဟာဧကရာဇ်၏ ရွေးချယ်ခြင်းကို ခံရသည်ဟု ယုံကြည်နေခဲ့သည်။

သို့သော် ယခုတော့…

“ ဒါက ငါတို့ကမ္ဘာရဲ့ ကျင့်ကြံသူတွေ ထင်နေတဲ့အရာလေ။ ဒါပေမဲ့ သခင်လေးဝမ်ဝေ့က ငါတို့မှားတယ်ဆိုတာကို သက်သေပြခဲ့တယ်။ သူရဲ့ ထူးခြားခန္ဓာကို ကောင်းကင်တာအိုကလည်း အသိအမှတ်ပြုထားတယ်။ အခု သူ့မှာ အဆင့် ၄ ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာ ရှိနေတယ်။

အခု ကျောင်းတော်အပါအဝင် အသင်္ချေအင်ပါယာကမ္ဘာက ဂိုဏ်းအားလုံးက သူ အဲလိုအရာကို ဘယ်လိုမျိုး ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာလဲဆိုတာကို လေ့လာနေကြတယ်။ ကျောင်းတော်ကသာ အောင်မြင်သွားရင် ငါတို့ အနာဂတ်မှာ ကောင်းကင်ရွေးချယ်ခံ ရှိဖို့ စိုးရိမ်စရာ မလိုတော့ဘူး”

လင်းဖန်က မျက်မှောင်ကြုတ်ရင်း သူ့ဆရာကို စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ ယခုရောက်ရှိနေသော အခြေအနေ၏ ဆွဲအားကို သတိထားမိသွားသည်။

“ ပြီးသွားပြီလို့ ထင်နေတယ်မလား။ မဟုတ်သေးဘူး ဒီထက်ပိုတဲ့အရာတွေ အများကြီး ရှိသေးတယ်”

ထို့နောက် ချိုးကျင်းက လက်ဝှေ့ယမ်းလိုက်ပြီး အခန်းထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအရာက တာအိုအခွင့်အလမ်းဂိုဏ်းက နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး၏ တိုက်ခိုက်ခံနေရသည့် မြင်ကွင်းဖြစ်သည်။ ပုံရိပ်ဖမ်းထားသည့် မြင်ကွင်းကို ကြည့်လိုက်ရုံဖြင့်တင် ထိုမိုးကြိုး၏ ကြောက်စရာကောင်းမှုကို လင်းဖန် ခံစားနိုင်သည်။

“ သခင်လေး ဝမ်ဝေ့က ဒါကို လုပ်ခဲ့တာလား”

“ ဟုတ်တယ် အဲဒီနေ့တုန်းက ကမ္ဘာမှာ ရှိတဲ့ ကျင့်ကြံသူတွေအားလုံး ကောင်းကင်တာအိုဆီကနေ သခင်လေး ဝမ်ဝေ့က ကောင်းကင်ဘုံကို စော်ကားတယ်ဆိုတဲ့ အကြောင်းကြားစာ ရပြီး ရပ်တန့်ခိုင်းခဲ့တယ်။ ကျောင်းတော်ရဲ့ မရေတွက်နိုင်တဲ့ ထူးချွန်ကျောင်းသားတွေက အခြေအနေကို ဆန်းစစ်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ သဘောတရားကို ထုတ်ခဲ့တယ်။ မင်း ၁၂ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ဝင်ရောက်ပြီးတော့ ခံစားရတဲ့ အလွှာကို မှတ်မိတယ်မလား”

လင်းဖန် ခေါင်းညိတ်ပြလိုက်သည့်အတွက် အထွတ်အထိပ် ဆရာချိုးကျင်း ဆက်ပြောလိုက်သည်

“ ဝမ်ဝေ့က အဲဒီအလွှာကို ချိုးဖျက်နိုင်မဲ့ နည်းလမ်း တွေ့ခဲ့လိမ့်မယ်လို့ ငါတို့ ယုံကြည်ခဲ့ကြတယ်”

ထိုစကားကို ကြားပြီး လင်းဖန်၏ မျက်နှာ စူပုတ်သွားသည်။ ထိုအလွှာကို ကျင့်ကြံသူအားလုံး နောက်ဆုံးရောက်ရှိနိုင်သည့် အကန့်အသတ်တစ်ခုအဖြစ် သူ သတ်မှတ်ထားသည်။

သို့သော် ဤသခင်လေး ဝမ်ဝေ့က ထိုကဲ့သို့သော စိတ်မျိုး မရှိသည့်အပြင် ကျင့်ကြံသူများစွာက မဖြစ်နိုင်ဘူးဟု သတ်မှတ်ထားသော အရာကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သည်။

သူ့တပည့်၏ မျက်နှာကို မြင်ပြီး ချိုးကျင်း သက်ပြင်းချကာ ဆက်ပြောလိုက်သည်

“ မင်း စိတ်ပူဖို့ လိုတာက ဝမ်ဝေ့ တစ်ယောက်ထဲလို့ ထင်မထားနဲ့ဦး။ နံပါတ်နှစ် အကြမ်းခံပုဆိန်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အိမ်ရှေ့စံမင်းသား ကျီစုန့်လည်း ရှိသေးတယ်။ သူက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုမှာတုန်းက အမွေခံသားတော် ဝမ်ဝေ့လက်ထဲမှာ ကျရှုံးခဲ့တဲ့ပုံပဲ”

“ ဒါပေမဲ့ ကျောင်းတော်ရဲ့ သူလျှိုတစ်ယောက် ပြောတာကတော့ မဟာကျိုးတိုင်းပြည်ရဲ့ အထွတ်အထိပ် နယ်ပယ်အဆင့် အင်အားစုက စွမ်းအားကြီး လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီး သူ့အတွက် အုတ်မြစ်ကို ပြန်လည်တည်ဆောက်ပေးခဲ့တယ်တဲ့။ သူ့ရဲ့ အုတ်မြစ်က ဟွင်သွမ်းချီကို သန့်စင်ခဲ့တဲ့ မင်းနဲ့ သိပ်မကွာလောက်ဘူး”

အထွတ်အထိပ် နယ်ပယ်အဆင့်တဲ့လား ဒါဆိုရင် ဆရာချိုးကျင်းနဲ့ အဆင့်အတူတူပဲ

မကျေမနပ် ပိုပိုပြီး ဖြစ်လာသော လင်းဖန်က တွေးလိုက်သည်။

“ အရှေ့ပိုင်းကုန်းမြေမှာ စွမ်းအားကြီးတဲ့ ကောင်းကင်ရွေးချယ်ခံနှစ်ယောက် ထွက်လာပြီ။ သူတို့ထဲက တစ်ယောက်က အဆင့်သုံး  ချီယွီလျို့ချင် ရုပ်ခန္ဓာရှိတဲ့ စုယာပဲ။ သူမက အခု ယင်လနန်းတော်ရဲ့ သူတော်စင်မပဲ”

“ မင်း ယင်လနန်းတော်ကို မသိတာ ဖြစ်နိုင်တယ်။ အဲဒီဂိုဏ်းကနေ မဟာဧကရာဇ် ၇ယောက် မွေးထုတ်ပေးနိုင်ခဲ့ပြီးတော့ အားလုံးကလည်း အမျိုးသမီးတွေချည်းပဲ။ သူတို့ရဲ့ မဟာဧကရာဇ်တွေမှာ တူညီတဲ့အရာတစ်ခု ရှိတယ်။ အဲဒါက သူတို့အားလုံးမှာ ချီယွီလျှို့ချင် ရုပ်ခန္ဓာ ရှိနေတာပဲ”

“ နောက်ထပ် ကောင်းကင်ရွေးချယ်ခံကို ဓားရေးရွာမှာ တွေ့ခဲ့တာ။ သူ့နာမည်က ကျန့်ဝူရွှမ်း ဖြစ်ပြီးတော့ မွေးရာပါဓားအရိုးကို ပိုင်ဆိုင်ထားတယ်။ သူ့ဆီမှာ အဆင့်၁၅ သီးသန့်ဓားနှလုံးသား ရုပ်ခန္ဓာထက် သာလွန်တဲ့ အရည်အချင်း ရှိတယ်”

ဆရာချိုးကျင်းက သူ့တပည့်၏ မျက်နှာမှာ စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်ကို မြင်လိုက်ရသည့်အတွက် သူ ရှင်းပြလိုက်သည်

“ သီးသန့်ဓားနှလုံးသား ရုပ်ခန္ဓာက ဘာကို ဆိုလိုလဲဆိုတာ မင်း မသိလောက်ဘူး။ မင်းက ကျောင်းတော်ရဲ့ ကျောင်းအုပ်ကို မြင်ပြီးပြီမလား”

လင်းဖန် ခေါင်းညိတ်ပြလိုက်သည်။ သူ စတင်ကျင့်ကြံစဉ်က ဆက်သွယ်ရေး အစီအရင်မှတဆင့် ကျောင်းအုပ်ကို တွေ့ခဲ့သည်။ သူက ကြင်နာပြီး စွမ်းအားကြီးသည်ဆိုသော ခံစားချက်မျိုးကို ပေးသည်။

“ ကျောင်းအုပ်က သူ့မျိုးဆက်ရဲ့ မွေးရာပါဝိဇ္ဇာလေ။ ငါ့ရဲ့ ကျင့်ကြံဆင့်က သူ့ထက် စွမ်းအားကြီးပေမဲ့လည်း ငါတောင် သူ့ကို လေးစားတယ်။ သူ့ရဲ့ စိတ်ထားကြောင့်တင်မကဘဲ ခွန်အားကြောင့်လည်း ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမျိုးဆက်မှာ သူက သီးသန့်ဓားနှလုံးသား ရုပ်ခန္ဓာရှိတဲ့သူ တစ်ယောက်ရဲ့ ဖိနှိပ်တာကို လုံးဝ ခံလိုက်ရတာလေ”

“ အော် အဲဒီခန္ဓာကို ပိုင်ဆိုင်တဲ့သူက ဝမ်ထျန်းဆိုတာ ပြောဖို့ မေ့သွားတယ်။ သူက အခုလက်ရှိ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ ဝမ်ဝေ့ရဲ့ အဖေလေ”

လင်းဖန် ရုတ်တရက် သူ့အပေါ် ပိကျလာသော လေးလံသည့် ဖိအားကို ခံစားလိုက်မိသည်။ ထို့နောက် နောက်ကျောမှ ချွေးစေးများပင် ထွက်လာသည်။ ထိုကြောက်စရာကောင်းသော သူများက အနာဂတ်တွင် သူ့ပြိုင်ဘက်များ ဖြစ်လာမည် ဖြစ်သော်လည်း သူက ကမ္ဘာငယ်လေးမှ “ပါရမီရှင်”များကို အနိုင်ရလို့ ပျော်နေမိသည်။

သို့သော် ချိုးကျင်း ပြောလို့ မပြီးသေးပေ။

“ အနောက်ပိုင်းကုန်းမြေမှာလည်း ပြန်လည်မွေးဖွားခြင်း စွမ်းအားနဲ့အတူ ကောင်းကင်ရွေးချယ်ခံတစ်ယောက် မွေးဖွားလာတယ်”

ချိုးကျင်း သက်ပြင်းချလိုက်မိသည်

“ ပြန်လည်ဝင်စားခြင်း တာအိုက စွမ်းအားကြီးဆုံးနဲ့ ဆန်းကြယ်ဆုံး တာအိုတွေထဲက တစ်ခုပဲ။ အဲဒါက ဟွင်သွမ်းတာအို၊ အချိန်တာအို၊ ကံကြမ္မာတာအိုနဲ့ အညစ်အကြေး တာအိုနဲ့ အတူတူပဲ …. ဒါက ထွက်ပေါ်လာလို့ သိရတဲ့ ကောင်းကင်ရွေးချယ်ခံတွေပဲ ရှိသေးတယ်။ အခုထိ ပုန်းကွယ်ပြီး ပြင်ဆင်နေတဲ့သူတွေ အများကြီး ရှိနိုင်တယ်။ အဲဒါကြောင့် ငါ့တပည့် .. မင်း သွားရမဲ့ လမ်းက ရှည်လျား ကြမ်းတမ်းတယ်။ မင်းအခု ပျော်နေရမဲ့ အချိန် မဟုတ်သေးဘူး”

ထို့ကြောင့် လင်းဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ အဆရာပေါင်း၊ ထောင်ပေါင်းများစွာ ပိုကြိုးစားပြီး ဘယ်သူ့ကိုမှ မရှုံးစေရဘူးဟု စိတ်ဆုံးဖြတ်ထားသည်။

All Chapters