← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

လီမူဝမ်းက လီမင်ကျွင့် ယူဆောင်လာတဲ့ မောက်ထိုင်ဝိုင်ပုလင်းကို လှမ်းယူလိုက်တယ်။

“ဒါက လီမိသားစုရဲ့ အကြီးကျယ်ဆုံး ပျော်ပွဲရွှင်ပွဲပဲ၊ ဒီတော့ ဒီနေ့ ပွဲအခန်းအနားဆင်နွှဲရမယ်၊ နောက်ပြီး နှစ်သစ်ကူးပြီးလို့ တော်ဝင်မြို့တော်ကို ရောက်တဲ့အချိန်ကျရင် အမေ့ကို တတိယညီတို့ မိသားစုဆီကနေ ကျွန်တော့်အိမ်ကို ခေါ်သွားဦးမယ်၊ ပြီးရင် ကျွန်တော်လည်း တစ်လှည့် အမေ့ကို ဝတ်ကြီးဝတ်ငယ်ပြုစုပေးဦးမယ်”

လီမူဝမ်းရဲ့ ဇနီးသည် ရွှယ်ဝမ်ဟွားက ထိုစကားကို ကြာတော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပေမဲ့ စကားတော့ ဝင်မပြောလာခဲ့ဘူး။ သူမက မွေးရပ်မြေမှလူတွေကို မကြိုက်တတ်တဲ့ သူမျိုးမဟုတ်ဘူး။ရုတ်တရက် အခြေအနေကြောင့် စိတ်ရှုပ်သွားခဲ့ရုံပဲ။

မဒမ်လီက ရွှယ်ဝမ်ဟွားရဲ့ အမူအရာကို မမြင်လိုက်ပေမဲ့လည်း ပြောလာခဲ့တယ်။

“မလိုပါဘူး၊ ငါတို့ လူကြီးတွေက လူငယ်တွေအိမ်ကို လာနေရင် ဝမ်ဟွားလည်း ပင်ပန်းမယ်၊ ငါလည်း သက်သောင့်သက်သာမရှိဘူး၊

မနှစ်က နှစ်သစ်ကူးအကြိုတုန်းက မင်းပြန်လာတော့ ငါမင်းကို ကျန်းကျန်း တောင်ပေါ်ကနေ တူးလာခဲ့တဲ့ အဝါရောင် ငါးပုတ်သင်ကြီးနှစ်ကောင်ကို ပေးလိုက်ပြီး အိမ်ဝယ်ခိုင်းထားတယ်၊ မင်း ဝယ်ခဲ့ပြီလား”

မဒမ်လီတို့မိသားစုက တော်ဝင်မြို့တော်သို့ ရောက်တာနှင့် နေစရာ ခြံဝင်းကို ဦးစွာအခြေချရလိမ့်မယ်။

မဒမ်လီက ဒါကို ရှင်းလင်းတဲ့စကားအနည်းငယ်နှင့် ထိုအိမ်က ကျန်းကျန်းရဲ့အိမ်ဖြစ်ကြောင်း လူတိုင်းသိအောင်ပြောလိုက်တယ်။

လီမူဝမ်းက ပြန်မဖြေခင်မှာပဲ တစ်မိသားစုလုံး ဆူညံသွားခဲ့ကြတယ်။

“အဝါရောင်ငါးပုတ်ကောင်ကြီးလား? အဝါရောင်ငါးပုတ်ကောင်ကြီးဆိုတာ ရွှေချောင်းကြီးကို ခေါ်တာမဟုတ်ဘူးလား?”

လီမူစန်း အံသြစွာ မေးလာခဲ့တယ်။

“ ဒီအကြောင်းကို အရင်တုန်းက သူများပြောတာကိုပဲ ကြားဖူးတယ်၊ မမြင်ဖူးဘူး ၊ အမေ .. အမေအဲဒါကို မသုံးခင် ဘယ်လိုပုံစံမျိုးရှိလဲဆိုတာ ကျွန်တော်တို့ မြင်ဖူးအောင် ဘာလို့ အရင် မပြတာလဲ၊ ကျွန်တော်လည်း မြင်ဖူးချင်တယ်လေ”

“ဘယ်လိုပုံစံရှိရမှာလဲ၊ ဘယ်လိုပုံစံလဲဆိုတာ သိရတော့ ဘာများကောင်းသွားလို့လဲ”

မဒမ်လီက သူ ပြန်ပြောလာမဲ့လမ်းကို ပိတ်ဆို့လိုက်တယ်။

“ဒါ့အပြင် ဒါတွေက ကျန်းကျန်း တူးထုတ်လာခဲ့တာလေ၊ မင်းတို့နဲ့ ဘာတွေ သက်ဆိုင်နေလို့လဲ၊ ဒီနေ့ ငါ မင်းတို့ကိုရှင်းရှင်းလင်းလင်းပြောလိုက်မယ်၊ ဒီအဝါရောင် ငါးပုတ်သင်ကြီးတွေက ရောင်းချပြီးသွားပြီ၊

ရတဲ့ပိုက်ဆံကိုလည်း အိမ်ဝယ်ပြီး အိမ်ပိုင်ရှင်ကို ကျန်းကျန်းရဲ့ နာမည်ကိုပဲ တိုက်ရိုက်ရေးခဲ့တယ်၊ ဒီကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူမှ ကောက်ကွေးတဲ့အကြံမျိုး မတွေးသင့်ဘူး၊ ဒီလိုမှ မဟုတ်ရင် ငါ့ကို အပြစ်မတင်ကြနဲ့”

ကျန်းချွမ်ဟွားက မဒမ်လီရဲ့ တင်းမာတဲ့မျက်လုံးတွေကို ကြည့်ပြီး နှုတ်ခမ်းတွေလှုပ်သွားခဲ့ကာ စကားလုံးတွေကို ပြန်လည်မျိုချချင်ခဲ့ပေမယ့် အဆုံးမှာတော့ မထိန်းနိုင်ဘဲ ပြောလာခဲ့တယ်။

“သူမက အသက်ဘယ်လောက်ရှိပြီမို့လို့လဲ၊ အဝါရောင်ငါးပုတ်သင်ကြီးကို ကောက်ရရင် အိမ်ကိုပဲ မပေးသင့်ဘူးလား၊ အမေက တကယ်ကြီး သူမကို ပေးမလို့လား? ကလေးတစ်ယောက်ကိုလေ?”

“သူမ လုပ်နိုင်တာရင် သူမကို ပေးရမှာပဲ!”

မဒမ်လီက သူမကိုကြည့်ကာ လှောင်ရယ်လိုက်တယ်။

“မင်းငါပြောတာကို မယုံဘူးဆိုရင် မင်းကိုယ်တိုင် တောင်ပေါ်ကိုသွားပြီး တူးကြည််လို့ရတယ်၊ မင်းတူးလို့ရသမျှပမာဏက မင်းပိုင်တယ်၊ ငါတို့တွေ မင်းဆီကနေ ဝေမျှပြီးယူမှာမဟုတ်ဘူး”

ကျန်းချွမ်ဟွားရဲ့မည်းမှောင်သွားတဲ့ မျက်နှာကို ကြည့်လိုက်ပြီး ဝမ်ရှင်းဝမ့်က သူမရဲ့ လက်ထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ကြက်စွပ်ပြုတ်ကို ထိန်းရင်း လှမ်းပြောလိုက်တယ်။

“မင်ပေ၊ စတုတ္ထအန်တီအတွက် ပေါက်တူးနဲ့ ခြင်းတောင်းကို အမြန်ရှာပေးလိုက်ဦး၊ ခဏနေရင် စတုတ္ထအန်တီက တောင်ပေါ်ကို ရွှေသွားတူးလိမ့်မယ်”

လီမူလင်းက ကျန်းချွမ်ဟွားကို ဒေါသထွက်စွာ စိုက်ကြည့်လိုက်ပြီး အလျှင် ပြုံးပြီး ပြောလာခဲ့တယ်။

“အမေ၊ အမေလည်း မင်ရှုတို့အမေက ဘယ်လိုစရိုက်မျိုးရှိနေတာလဲဆိုတာ သိပါတယ်၊ သူပြောတာတွေကို စိတ်ထဲ ထည့်မနေပါနဲ့”

စတုတ္ထဦးလေးက အနည်းငယ် ရှက်ရွံ့သွားတာကို မြင်လိုက်ရတော့ ကျန်းကျန်းလည်း အကြောင်းအရာကို အမြန်ပြောင်းလိုက်တယ်။

“အကြီးဆုံးဦးလေး၊ သမီးအတွက်ဝယ်ခဲ့တဲ့ အိမ်က ခြံဝင်းကျယ်ပါတဲ့အိမ်အမျိုးအစားလား”

“ဟုတ်တယ်၊ တော်ဝင်မြို့တော်မှာ ရေကန်ရှိတယ်လေ၊ အိမ်က အဲဒီဘက်မှာ ဝယ်ထားတာ”

လီမူဝမ်း ပြန်ဖြေလိုက်တယ်။

“အိမ်ကိုတော့ သန့်ရှင်းရေးလုပ်ထားပြီးပြီ၊ ဒါပေမယ့် မင်း ဒီလောက်မြန်မြန် ပြောင်းရွှေ့လာမယ်ဆိုတာ ငါမမျှော်လင့်ထားတော့ လူတွေကို သန့်ရှင်းရေးလုပ်ခိုင်းထားရသေးတာ၊ ပရိဘောဂတွေ၊ အိပ်ယာ တွေကို မဝယ်ခဲ့ရသေးဘူး”

ကျန်းကျန်းကတော့ ထိုစကားကို ကြားချိန်မှာ အရမ်းစိတ်လှုပ်ရှားသွားပြီး မဒမ်လီရဲ့လက်ကို လှုပ်ရမ်းကာ အလျင်စလို မေးလိုက်တယ်။

“အဖွား၊ သမီးတို့ ဘယ်တော့ သွားကြမလို့လဲ”

ကျန်းကျန်းက မတ်လအစမှာ ကျောင်းစတက်ရလိမ့်မယ်။ ကျောင်းမတက်ရသေးခင်မှာ အိမ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ဖို့လိုသေးတယ်။

ဒါကြောင့် မဒမ်လီက လီမင်တုန်ကို ပြက္ခဒိန်ယူလာခိုင်းပြီး ခဏလောက်စဉ်းစားကာ ပြောလာလေတယ်။

“စောစောသွားရအောင် ၊ ပထမလရဲ့ ဆယ်ရက်နေ့လောက်ကို သွားကြမယ်၊ ကျန်းကျန်းတို့ ကျောင်းသွားဖို့ကို နှောင့်နှေးအောင်လုပ်လို့မရဘူး”

*

ပထမလရဲ့ဆယ်ရက်နေ့မှာတော့ လီမိသားစုက ဆန်၊ ဂျုံနှင့် ဆီအပါအဝင် အိတ်ကြီးတစ်ဒါဇင်ကျော်လောက်ကို ထုပ်ပိုးခဲ့ကြတယ်။ သူတို့တွေက သယ်သွားနိုင်တဲ့ အရာတွေမှန်သမျှ နီးပါးလောက် သယ်ဆောင်ခဲ့ကြတယ်။

ကျန်းကျန်းကတော့ အိတ်ကြီးနှင့် အိတ်ငယ်တွေအများကြီးကို ကြည့်ကာ ခေါင်းကိုက်နေခဲ့ရပေမဲ့လည်း နေရာလွတ်ထဲကို အလျင်စလို မထည့်ရဲခဲ့ဘူး။

အဆုံးမှာ လူများလွန်းတာကြောင့် ချို့ယွင်းချက်တွေကို မြင်တွေ့ဖို့ကလည်း လွယ်ကူတယ်။ နေရာလွတ်ဆိုတာမျိုးက ခန့်မှန်းဖို့ မဖြစ်နိုင်ပေမဲ့လည်း ရှိနေတဲ့ပစ္စည်းတွေက ပျောက်ဆုံးသွားရင် စဉ်းစားလာနိုင်တယ်။

မိသားစုတစ်ခုလုံးက ရထားပေါ်သို့ အိတ်ကြီးအိတ်ငယ်တွေကို သယ်ဆောင်ခဲ့ကြပြီး မင်ကျွင့်နှင့် မင်ကျိတို့က စပါးအိတ်တွေကို ကူသယ်ပေးကြတယ်။

တော်ဝင်မြို့တော်ကိုရောက်တော့ လီမင်ရှီက လီမင်ပေ၊ ဝမ်ရှင်းဝမ့်၊နှင့် ကြက်စွပ်ပြုတ်တို့ကို သူ့ရဲ့ အိမ်ဆီသို့ ခေါ်သွားခဲ့တယ်။

ဒီအချိန်မှာ လီမူဝမ်းက မဒမ်လီ၊ လီမူဝူ၊ ဝမ်စုဖန်းနှင့် ကျန်းကျန်းတို့ကို ခေါ်ပြီး သူ့ရဲ့အိမ်မှာ ခဏလောက်နေဖို့အတွက် ခေါ်ဆောင်သွားခဲ့တယ်။

လီမူဝူနှင့် မိသားစုဝင်တွေက သူတို့ရဲ့အိမ်ခန်းထဲမှာ သီးသန့်ချက်စားမယ်ဆိုတာကို သိလိုက်ရတော့ ရွှယ်ဝမ်ဟွားရဲ့ စိတ်အားထက်သန်မှုတွေက ပြန်လည်ရရှိလာခဲ့တယ်။

အိမ်ကို ပြန်ရောက်တော့ ပစ္စည်းတွေကို မြေအောက်ခန်းမှာ အရင်ထည့်ဖို့ အစောင့်တွေကို ခိုင်းစေလိုက်ပြီး သူတို့ကို ရေချိုးဖို့အတွက် ခြံဝင်းထဲက ရေချိုးခန်းထဲကို ခေါ်သွားခဲ့တယ်။

တစ်ရက်လောက် အနားယူပြီးနောက်မှာတော့ ကျန်းကျန်း တစ်ယောက် သူမရဲ့ ခြံဝင်းကို ကြည့်ဖို့အတွက် မစောင့်နိုင်တော့ဘူး။

အရင်ဘဝတုန်းကဆိုရင် သူမရဲ့အိမ်က ခြံဝင်ပေါက်လေးတစ်ခုပဲ ရှိနေခဲ့ပြီး ထိုခြံဝင်ပေါက်လေးကလည်း နှာခေါင်းပေါက်လောက်ပဲရှိတယ်။ ဒါကြောင့် ဒီဘဝမှာ ခြံဝန်းအကျယ်ပြီးနှင့် နေရဖို့ဆိုတာက သူမရဲ့ အိပ်မက်တစ်ခုလို ဖြစ်နေခဲ့တယ်။

စစ်တပ်စခန်းနှင့် ဟုန်ယန်နှင့်က သိပ်ပြီး မဝေးကွာလှဘူး။ ဒါကြောင့် လီမူဝမ်းက မဒမ်လီနှင့် လီမူဝူတို့မိသားစုကို ဟုန်ယန်ရပ်ကွက်သို့ လမ်းလျှောက်ပြီး ဦးဆောင်သွားခဲ့တယ်။

နှစ်တစ်နှစ်ရဲ့ ပထမလပဲရှိသေးတာကြောင့် ရာသီဥတုက အလွန်အေးစက်နေခဲ့တယ်။ ဒါကြောင့် ဟုန်ယန်ရပ်ကွက်ဘက်ကို လာလည်တဲ့သူတွေ သိပ်မရှိဘူး။

မဒမ်လီက အပန်းဖြေစရာနေရာတွေလုပ်ထားတဲ့ ရေကန်ကို ကြည့်ကာ ပါးစပ်ကို တွန့်ချိုးပြီး ပြောလာတယ်။

“ဒီကန်က ငါတို့ အိမ်နားက မြစ်ထက် အများကြီးပိုကျဉ်းတာပဲ၊ အနက်ကတော့ အတော်လေးနက်လွန်းတယ်၊ အထဲကိုတောင် မမြင်ရဘူး၊ အထဲမှာ ငါးရှိနိုင်လောက်မလားပဲ”

လီမူဝမ်း ခပ်တိုးတိုးရယ်လိုက်တယ်။

“ကျွန်တော်တို့ရဲ့ ယန်ဆွေ့မြစ်က အဆုံးမှာ ဟေးကျင်းအဖြစ် ပေါင်းစည်းနိုင်မှာလေ၊ ဒီနှစ်ခုကြားက ဘယ်လိုလုပ်ပြီး ယှဥ်လို့ရမှာလဲ”

မဒမ်လီ ရုတ်တရက် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်လိုက်တယ်။

“ငါတို့ မိသားစုရဲ့ကျန်းကျန်းဆီမှာ တခြား ဝါသနာတွေမရှိပေမဲ့ သူမက တောင်တွေ မြစ်တွေဆီမှာ ဆော့ကစားရတာကို အရမ်းသဘောကျတယ်၊ ဒီတော်ဝင်မြို့တော်မှာရှိနေတဲ့ တောင်တွေကလည်း သိပ်မမြင့်ဘူး၊ ရေကလည်း ရှားပါးတယ်၊ နောက်ပိုင်းမှာ သူမအတွက် ကစားစရာ နေရာ မရှိတော့ဘူးပေါ့”

ကျန်းကျန်း မဒမ်လီရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီးအနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်တယ်။

“အဖွား၊ သမီးက နောက်ပိုင်းမှာ ကျောင်းကို အလေးအနက်ထားပြီး တက်တော့မှာပါ၊ အရင်ကလို ကျောင်းပြေးပြီး အမြဲတမ်း ပြေးလွှားနေလို့မရတော့ဘူးလေ”

“ကြည့်စမ်း၊ မင်း အရင်တုန်းက ကျောင်းလစ်ပြီး ပြေးလွှားနေခဲ့တယ်တယ်ဆိုတာကိုတော့ သိနေသေးတယ်ပေါ့”

မဒမ်လီက သူမရဲ့ ကြွက်မြီးကို ဖမ်းမိသွားသလိုမျိုး ရယ်မောလာတယ်။

“တစ်ခါတုန်းက ငါ မင်းကို တွေ့ဖို့အတွက် ကျောင်းကိုလာတော့ မင်း ပြတင်းပေါက်မှာ အိပ်နေခဲ့တာလေ”

ကျန်းကျန်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူမရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာအားလုံးကို သိချင်ဟန်ဆောင်ပြီး မေးမြန်းလိုက်တယ်။

“အကြီးဆုံးဦးလေး၊ အဲဒီအိမ်က ဘယ်မှာလဲ”

လီမူဝမ်း ပြုံးပြီး သူတို့ရဲ့အရှေ့က အိမ်ကို လက်ညှိုးထိုးပြလိုက်တယ်။

“ဒီ အိမ်ပဲ”

သူတို့ရဲ့ ရှေ့မှ တံခါးပေါက်ကြီးကို ကြည့်လိုက်ပြီး မဒမ်လီရဲ့ ပါးစပ်က အကျယ်ကြီး ပွင့်ဟသွားရတယ်။

“အိုး၊ ခြံက ကြီးလိုက်တာ၊ အထဲမှာ အိမ်ခန်းလေးငါးခန်းလောက်တော့ ရှိရမယ်”

လီမူဝမ်း ပြုံးလိုက်ပြီး တံခါးဖွင့်ရန်အတွက် သော့ကိုထုတ်ယူကာ သော့ကို ကျန်းကျန်းဆီသို့ ပေးလိုက်တယ်။

“အမေ အဲဒီနောက်မှာ သုညတစ်လုံးထည့်ရမယ်၊ ဒီခြံက အရင်တုန်းက ဘုရင်ခံအိမ်ရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ဖူးတယ်၊ ခြံထဲမှာ အလယ်လမ်းတစ်ခု ရှိတယ်၊ နောက်ဘက်မှာလည်း အိမ်လေးအိမ်နဲ့ ဥယျာဉ်လေးတစ်ခုလည်း ပါသေးတယ်”

မဒမ်လီက ထိုစကားတွေကိုကြားလိုက်ရတော့ သူမရဲ့ခြေထောက်တွေတောင်မှ ပျော့ခွေသွားရတယ်။

“အိုး.. ဒါဆို ဒါက အရင်တုန်းက နန်းတော်ပဲ၊ ငါတို့ ဒီမှာနေလို့ရပါ့မလား”

သူမက ဘေးပတ်ပတ်လည်ကို သတိထားပြီးကြည့်လိုက်ကာ လီမူဝမ်းကို ပြောလိုက်တယ်။

“ဒီမှာနေရင် ဝေဖန် တိုက်ခိုက်ခံရမှာ မဟုတ်ဘူးလား?”

“မဖြစ်ပါဘူး အမေ”

လီမူဝမ်းက သူမအတွက် မိုးပျံပန်းပွင့်တံခါးကို ဖွင့်ပေးလိုက်တယ်။

“အချိန်တွေက ပြောင်းလဲသွားပြီ၊ အခု ဒီလိုဆိုးရွားတဲ့အရာတွေရှိတော့မှာမဟုတ်ဘူး၊ အမေ ဒီမှာနေထိုင်ပြီး အနာဂတ်မှာ ပိုကောင်းတဲ့ဘဝတွေကို ရလာမှာပါ”

ထိုအချိန်ကျမှ မဒမ်လီလည်း စိတ်သက်သာရာရသွားကာ ကျန်းကျန်းရဲ့ လက်ကိုဆွဲပြီး ဝရန်တာတစ်ဖက်သို့ လျှောက်သွားကြည့်လိုက်တယ်။

*

All Chapters