← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

ပင်မအိမ်ရဲ့တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် အတွင်းပိုင်းမှ ဘီဒိုတွေနှင့် ခုတင်တွေကို သန့်ရှင်းစွာ သုတ်ထားခဲ့တာကို တွေ့လိုက်ရပြီး ကျန်းကျန်းတစ်ယောက် ချက်ချင်းပဲ ထခုန်လူနီးပါးဖြစ်သွားခဲ့ရတယ်။

သူမက ခုတင်ပေါ်မှ လက်ရာမြောက်လွန်းတဲ့ ပုံစံတွေကို ဖြောင့်တန်းစွာကြည့်နေခဲ့ကာ မနေနိုင်တော့ဘဲ လက်တွေနှင့် ပွတ်သပ်လိုက်မိတယ်။

“ဒါက ရှေးဟောင်းပစ္စည်းအစစ်တွေပဲ”

လီမူဝမ်း ရုတ်တရက် ရယ်မောလိုက်တယ်။

“ကျန်းကျန်းက အသက်ငယ်ငယ်လေးနှင့် ရှေးဟောင်းပစ္စည်းတွေကိုတောင် သိနေပြီပဲ”

ကျန်းကန်း ရှက်ရွံ့စွာ ပြုံးလိုက်တယ်။

“သမီး အရင်တုန်းက အမှိုက်တွေစုဆောင်းထားတဲ့ နေရာကနေ စွန့်ပစ်ထားတဲ့အထဲကနေ စာအုပ်တွေအများကြီးတွေ့ခဲ့တယ်လေ၊ အဲဒီစာအုပ်တွေမှာ ဒီအကြောင်းတွေပါတယ်၊ ဒါနှင့် အကြီးဆုံးဦးလေး.. အခန်းတိုင်းမှာ ပရိဘောဂတွေ ရှိလား”

လီမူဝမ်း ခေါင်းခါရမ်းလိုက်တယ်။

“ပင်မအခန်းရဲ့ ခုတင်က အကောင်းဆုံးပဲ၊ တခြားအခန်းတွေကတော့ အများစုက ဗလာနီးပါးလောက်ပဲ၊ နောက်ဘက်က အခန်းကတော့ ပိုပြီးလှပပေမဲ့လည်း အခန်းက သိပ်ပြီးမကြီးဘူး၊ ဒါပေမဲ့ အနောက်ဘက်ခန်းထဲမှာ အမိုးပါတဲ့ ခုတင်တစ်ခုရှိတယ်၊ ကြည့်ရတာ မိန်းကလေးတွေအတွက်လို့ ခန့်မှန်းရတာပဲ”

လီမူဝူက အထဲမှာ ကြောင်အအနှင့် ရပ်နေခဲ့ပြီးမှ မေးလာတယ်။

“ဒီခြံထဲမှာ အခန်းတွေများလွန်းတယ်၊ ဆောင်းရာသီကျရင် မီးဖိုဖို့ ပိုပြီး လိုအပ်လောက်တယ် မဟုတ်ဘူးလား၊ နောက်ပြီး ဒီဘက်မှာက ထင်းဆွဲဖို့အတွက် တောင်လည်း မရှိဘူး၊ ကျောက်မီးသွေးဝယ်ရမှာလား”

မူလက စိတ်လှုပ်ရှားပြီး ပတ်ကြည့်နေတဲ့ ဝမ်စုဖန်းလည်း ထိုစကားကို ကြားလိုက်ရတေု့ ငြိမ်သက်သွားသခဲ့တယ်။

“ဒါက လုံလောက်ပါ့မလား၊ ကျောက်မီးသွေး လက်မှတ်က အဲလောက်များများ မရနိုင်ဘူးလေ”

လီမူဝမ်းက ချက်ချင်း ပြုံးပြီး ပြောလာတယ်။

“ မင်းတို့ကို ငါပြောစရာ ရှိသေးတယ်၊ ဒီနယ်မြေက ဝင်းတချို့ကို နိုင်ငံတော်ဆီကနေ တချို့ လူတွေကို ခွဲဝေပေးလိုက်တာ၊ ဒီတော့ ဒီဧရိယာက အတော်လေး ထူးခြားတဲ့အတွက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အဲဒီကိစ္စတွေအတွက် ထင်မြင်ချက်တောင်းဖို့ စာတမ်းတစ်စောင် တင်သွင်းခဲ့တယ်လေ၊

ဒါကြောင့် ဆောင်းရာသီမှာ အိမ်တွေကို အပူပေးဖို့အတွက် တစ်စုတစ်စည်းတည်း အပူပေးစနစ်တပ်ဆင်လို့ရတယ်၊ ငါ မင်းတို့ကို အဲဒါတပ်ဆင်မလားလို့ မေးချင်တာ၊ ဒါက အတော်လေးနွေးထွေးတယ်၊ ဒါပေမယ့် ဒီမှာက အိမ်တွေအများကြီးရှိတော့ အပူပေးစနစ်အတွက်က ဈေးကြီးမှာကိုတော့ ကြောက်ရတယ်”

မဒမ်လီ မစဉ်းစားရသေးခင်မှာ ကျန်းကျန်းက ပြန်ပြောလိုက်တယ်။

“တပ်ဆင်မယ်၊ ဒါကိုအခန်းတိုင်းမှာ တပ်ဆင်လိုကာမယ်၊ ဒါဆို တပ်ဆင်ခ ဘယ်လောက်ကျလောက်မလဲ”

“ပိုက်တွေတပ်ဆင်တာအတွက်တော့ ပေးဆောင်ဖို့ မလိုအပ်ဘူး၊ နောက်ပိုင်း အပူပေးတဲ့အချိန်ကျမှ အဲဒီအတွက် ပေးဆောင်ရလိမ့်မယ်”

လီမူဝမ်းက စာရွက်စာတမ်းတွေကို ထုတ်ယူလိုက်တယ်။

“အိမ်ဝယ်တဲ့အချိန်တုန်းက ပိုက်ဆံနည်းနည်းကျန်သေးတယ်၊ ပြီးသွားရင် မင်းကိုပြန်ပေးမယ်”

မိသားစုတစ်ခုလုံးက အိမ်ကြီးတဝိုက်ကိုအနှံ့အပြား လျှောက်သွားကာ လှည့်ပတ်ခဲ့ကြပြီး ဥယျာဉ်ထဲမှာ ကျောက်ဆောင်တွေနှင့် အလှဆင်ထားတဲ့ ရေကန်တစ်ခုကို မြင်လိုက်ရတော့ ကျန်းကျန်း ဘာပြန်ပြောရလဲဆိုတာ မသိတော့ဘူး။

“အကြီးဆုံးဦးလေးက စံအိမ်ကြီးလို အိမ်ကို ဝယ်ခဲ့တာပဲ”

လီမူဝမ်းက ကျန်းကျန်းရဲ့စကားကို ရယ်မောလိုက်တယ်။

“ပြောရရင် ဒီတစ်ခုက ပိုပြီးကောင်းတဲ့အတွက် စျေးပိုကြီးလို့ ကျန်နေခဲ့တာလေ၊ မင်းက အချိန်ကိုက်ဝယ်နိုင်ခဲ့တာပဲ”

ခြံဝင်းထဲမှ ပြန်ဝင်လာချိန်မှာတော့ မဒမ်လီက အပြင်ထွက်ဖို့ စိတ်အားထက်သန်နေခဲ့တယ်။

“ပရိဘောဂလုပ်နိုင်တဲ့ လက်သမားတွေရှိသလား၊ လက်မှတ်မပေးဘဲ လုပ်ပေးနိုင်ရင် ပိုကောင်းလောက်တယ်”

သူမက လီမူဝမ်းကို အလျင်စလို မေးလိုက်တယ်။

လီမူဝမ်းက မြို့တော်ကိုရောက်တာ နှစ်နှစ်သာ ရှိသေးတဲ့အတွက် ဒီနေရာနှင့် သိပ်မရင်းနှီးသေးဘူး။ ဒါကြောင့် သူက သူ့ရဲ့ လက်အောက်ငယ်သားဆီကို လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက ခေါင်းခါပြလာတယ်။

“ဒီကလူတွေက အားလုံးက စျေးဝယ်စင်တာတွေ၊ ထောက်ပံ့ရေးနဲ့ စျေးကွက်သမဝါယမတွေမှာဘဲ ဝယ်ကြတာပါ”

ထိုစကားတစ်ခွန်းကြောင့် မဒမ်လီရဲ့ နှလုံးသားက တစ်ဝက်လောက် အေးစက်သွားခဲ့တယ်။ ဆိုလိုတာက သူတို့မှာ လက်မှတ်မရှိရင် ဒီနေရာမှာ ပစ္စည်းတွေဝယ်ရတာက မလွယ်ကူဘူး။

ကျန်းကျန်း မျက်လုံးလှိမ့်လိုက်ပြီး မဒမ်လီရဲ့ ဘေးနားကို လျှောက်သွားကာ သူမနှင့် ဆွေးနွေးလိုက်တယ်။

“ သမီး ပရိဘောဂအဟောင်းတွေရောင်းတဲ့ ဈေးမှာ တစ်ခုခုရှိမလားဆိုတာ သွားကြည့်မယ်”

ဒါကိုကြားတော့ မဒမ်လီက သူမရဲ့လက်ကို အလျင်စလို ဆုပ်ကိုင်လိုက်တယ်။

“မဖြစ်ဘူး၊ ဒါက မင်း တော်ဝင်မြို့တော်ကို ပထမဆုံး ရောက်ဖူးတာလေ၊ မတော်လို့ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ”

“အဖွား ၊ သမီးက အခု တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေပြီ၊ အနာဂတ်မှာ သမီးတစ်ယောက်တည်း ကျောင်းကိုသွားရမှာပဲ၊ အခုကတည်းက တော်ဝင်မြို့တော်နဲ့ အကျွမ်းတဝင်ဖြစ်နေဖို့လိုတယ်၊ ဒါမှ အနာဂတ်မှာ အဖွားကိုအနီးဝန်းကျင်ကို လှည့်ပတ်သွားဖို့ ခေါ်သွားနိုင်မှာပေါ့”

ကျန်းကျန်း ပြုံးပြီးပြောလိုက်တယ်။

“ဒါ့အပြင် သမီးတို့ အကြီးဆုံးဦးလေးရဲ့ မိသားစုအကြောင်းကို လူတိုင်းသိမှာပဲလေ၊ ဘယ်သူ့ကိုပဲမေးမေး သိနိုင်လိမ့်မယ်၊ သမီး ဘယ်တော့မှ လမ်းမပျောက်နိုင်ဘူး”

လီမူဝမ်းလည်း ကျန်းကျန်းရဲ့ စကားကိုကြားတော့ သူ့ရဲလက်အောက်ငယ်သားကို စကားတချို့လှမ်းပြောလိုက်တယ်။

ဒါကြောင့် လက်အောက်ငယ်သားက သူ့ရဲ့ အိတ်ထဲမှ ပြည်နယ်ပုံနှကင့် ပိုက်ဆံတချို့ကို ထုတ်ယူကာ လီမူဝမ်းဆီကို ပေးလိုက်တယ်။

လီမူဝမ်းက ယွမ် ၅၀၀ လောက် ရေတွက်ပြီး ကျန်းကျန်းဆီကို တိုက်ရိုက်ပေးလိုက်လေတယ်။

“ မင်းလည်း အရွယ်ရောက်နေပြီ ၊ နောက်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ပြည်နယ်အဆင့် နံပါတ် (၁)ကျောင်းသားလည်း ဖြစ်နေသေးတယ်၊ ဒါကြောင့် ဦးလေးက မင်းကို ယုံကြည်တယ်၊ မင်းကိုယ်တိုင် သွားလည်ပတ်ကြည့်ရင်လည်း လေ့လာတယ်လို့ သဘောထားလို့ရတာပေါ့၊ မင်း မဝယ်နိုင်ဘူးရင် ဦးလေး မင်းအတွက် နည်းလမ်းရှာပေးမယ်”

ကျန်းကျန်း ပိုက်ဆံကို အံ့အားသင့်စွာ နှင့် လက်ခံယူလိုက်ပြီး လီမူဝမ်းကို စနောက်လိုစွာနှင့် စစ်ရေးအရ အလေးပြုလိုက်တယ်။

“မစ်ရှင်ကို ပြီးအောင်လုပ်ဖို့ ကတိပေးပါတယ်”

လီမူဝမ်း ပြုံးလိုက်ပြီး ကျန်းကျန်းကို လမ်းတွေအကြောင်းကိုရှင်းပြဖို့အတွက် အစောင့်တစ်ယောက်ကို ကူညီခိုင်းလိုက်ပြီးနောက် သူ့ရဲ့လက်အောက်ငယ်သားတွေနှင့်အတူ ပြန်ထွက်သွားခဲ့တယ်။

လီမူဝမ်းနှင့်သူ့အဖွဲ့ ပြန်ထွက်သွားတာကို ကြည့်လိုက်ပြီး ကျန်းကျန်း အိမ်ဝင်းထဲမှာ အလှဆင်မဲ့အကြောင်းတွေကိုပဲ တွေးတောနေခဲ့တော့တယ်။

အိမ်က ရှေးဟောင်းပုံစံဖြစ်လို့ ပရိဘောဂတွေကိုလည်း အိမ်နှင့် လိုက်ဖက်အောင်လုပ်ဖို့ လိုအပ်တယ်။

သူမရဲ့နေရာလွတ်ထဲမှာ ရှိနေတဲ့ ပြီးပြည့်စုံတဲ့ပရိဘောဂပစ္စည်းတွေကို ထည့်ချင်ပေမဲ့ လက်ရှိအခြအနေနှင့် မရသေးဘူး။

စန္ဒကူးနီသစ်၊ နှင်းဆီသစ်တွေနှင့်လုပ်ထားတဲ့ ပရိဘောဂတွေက မျက်စိကျစရာ ကောင်းလွန်းလှတယ်။ သူမ အနေနဲ့အဟောင်းစုဆောင်းရေးစျေးကွက်ကနေ ပစ္စည်းတချို့ကို အရင်ဆုံးဝယ်ထည့်ပြီး ကျန်တာတွေကို နောက်ပိုင်းမှာမှ ပြောင်းလဲရမယ်။

သူမရဲ့ အသိစိတ်ကိုထုတ်လွှတ်ပြီး စစ်ဆေးကြည့်လိုက်တော့ အဟောင်းစုဆောင်းရေးဆိုင်တွေကို တွေ့ခဲ့ပြီးအထဲမှာ ပရိဘောဂတွေထဲမှ တချို့ကို တွေ့လိုက်ရတယ်။

သို့ပေမယ့် သူမ မသိချင်ယောင်ဆောင်လိုက်ပြီး ဘေးနားမှလီမူဝမ်းချန်ထားခဲ့တဲ့ တပ်သားဆီကို အနီးဆုံးမှာရှိတဲ့ အဟောင်းပစ္စည်းဆိုင်က ဘယ်နားမှာလဲလို့ မေးမြန်းလိုက်တယ်။

တစ်ဖက်လူကလည်း ကျန်းကျန်းကို ထိုဆိုင်ကိုသွားမဲ့ လမ်းကြောင်းကို ညွှန်ပြပေးခဲ့တယ်။

သူတို့နှစ်ယောက် အနီးအနားမှာရှိတဲ့ အဟောင်းဆိုင်တန်းမှာ တစ်ရက်တာလောက်ကုန်ဆုံးခဲ့ကြတယ်။

ကျန်းကျန်းအနေနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့အတွက် အာရုံစိုက်နေခဲ့ပြီး တော်ဝင်မြို့တော်သို့ နှစ်နှစ်ကြာအောင် မရောက်ခဲ့ဘူး။ အခုချိန်မှာတော့ ပစ္စည်းကောင်းတွေအများကြီးကို တွေ့ခဲ့ရတယ်။

တစ်နေ့တာရဲ့အဆုံးမှာတော့ ကျန်းကျန်းက ခြေထောက်တွေ အနည်းငယ်ယိုင်နေ ၊ ကျိုးနေတဲ့ ကုလားထိုင်ငါးလုံးနှင့် စားပွဲကြီးကို ရရှိခဲ့တယ်။ ဒီပရိဘောဂရဲ့သစ်တွေက အလွန်ကောင်းပြီး တချို့က စန္ဒကူးနီနှင့် ပြုလုပ်ထားကာ တချို့က နှင်းဆီသစ်၊ တချို့ကိုတော့သစ်ရွှေသားနှင့် ပြုလုပ်ထားခဲ့တယ်။

သူမအနေနဲ့ မူလက ဒီလောက်ထိကောင်းမွန်တဲ့ ပစ္စည်းတွေကို ရှာတွေ့နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။

ကျန်းကျန်းကို အံ့အားသင့်သွားစေတဲ့အရာကတော့ သစ်သားမီးဖိုတွေကြားထဲမှ ခရမ်းရောင်ကြေးနီမီးပြင်းဖိုတစ်ခုကို ရှာတွေ့ခဲ့တယ်။ အခြေခံအားဖြင့် ဘယ်လိုပုံသဏ္ဍာန်လဲ ဒါမှမဟုတ် ဘယ်လို အသေးစိတ်အချက်အလက်တွေရှိနေပါစေ ဒါက ရွှမ်းတဲ့ခေတ်ကာလတုန်းက မီးပြင်းဖိုနှင့်တူနေခဲ့တယ်။

ပင်းချန်မှာတုန်းက ကျန်းကျန်း ဝယ်ခဲ့တဲ့ ပိုင်မိသားစုရဲ့စုဆောင်းမှုတွေထဲမှာလည်း ရွှမ်းတဲ့မီးဖိုတစ်ခုရှိတယ်။ သို့ပေမယ့် ထိုမီးပြင်းဖိုက အညိုရောင်သာဖြစ်ပြီး ဒါကတော့ ခရမ်းရောင်မီးဖိုပဲ။

ကျန်းကျန်း မီးပြင်းဖိုကို သူမရဲ့ အင်္ကျီလက်စနှင့် သေသေချာချာသုတ်လိုက်ပြီး မျက်လုံးတွေက တောက်ပနေခဲ့တယ်။

“ရဲဘော်၊ ကျွန်မ ဒါကိုရွေးလိုက်ပြီ”

လမ်းမများပေါ်မှာ တစ်နေကုန် ပြေးလွှားခဲ့ပြီးနောက်၊ လီမူဝမ်းရဲ့ လက်အောက်ငယ်သားက ကျန်းကျန်းကို ညနေပိုင်းမှာ လီမိသားစုအိမ်သို့ အိမ်သို့ ပြန်ပို့ပေးခဲ့ပြီး လီမူဝမ်းဆီကို သတင်းတင်ပြလိုက်တယ်။

“သူမက စုတ်ပြတ်ပြီးကျိုးပဲ့နေတဲ့ စားပွဲခုံ၊ ကုလားထိုင်တချို့နှင့် အသုံးမဝင်ဘဲ ပျက်စီးနေတဲ့ အမှိုက်ပစ္စည်းတွေကိုပဲ ဝယ်ခဲ့ပါတယ်”

“အသုံးမကျတဲ့ အမှိုက်တွေလား?”

လီမူဝမ်းက ကုလားထိုင်နောက်ကို မှီလိုက်တယ်။

“ဘယ်လိုမျိုး ပစ္စည်းတွေလဲ?”

“ညစ်ပတ်ပြီး သုံးဖို့မသင့်တော်တော့တဲ့ ကြေးနီမီးဖို၊ ကျိုးပြီး ယိုင်နဲ့နေတဲ့သစ်သားခုံအပိုင်းအစတွေ၊ ညစ်ပတ်တဲ့ စည်းတံဆိပ်တုံးတွေ၊ နောက်ပြီး မှင်ကျောက်တွေ .. အဲလိုပစ္စည်းတွေပါ၊ ဒါပေမဲ့ ကံကောင်းပြီးတော့ အဲဒီပစ္စည်းတွေအားလုံးကို အဟောင်းပစ္စည်းစုဆောင်းရေးစခန်းကနေ ဝယ်ခဲ့တာပါ၊ ဒါကြောင့် အဲဒီပစ္စည်းတွေက သိပ်ပြီး စျေးမကြီးပါဘူး”

လက်အောက်ငယ်သားက ရိုးသားစွာ ဖြေခဲ့တယ်။

လီမူဝမ်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြန်ပြောခဲ့တယ်။

“မင်းအနေနဲ့ သူမကို လုံခြုံအောင်ထားရင် ရပြီ၊ တခြားသူတွေရဲ့ ကိစ္စကို စိတ်မပူနဲ့တော့”

All Chapters