← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

ကျန်းကျန်းက တော်ဝင်မြို့တော်ရဲ့ လမ်းတွေနှင့် လမ်းကြားတွေမှာ ခုနစ်ရက် ရှစ်ရက်ကြာအောင် လှည့်ပတ်သွားလာနေခဲ့ပြီး နောက်ဆုံးမှာတော့ ပင်မအိမ်ကြီးနှင့် ခြံဝန်းရဲ့ အရှေ့နှင့် အနောက်ဘက်အိမ်တို့ကို သန့်ရှင်းရေးလုပ်ပြီးခဲ့တယ်။

မဒမ်လီကို ပင်မအိမ်ရဲ့ ပရိဘောဂတွေထည့်ထားပြီးသား အခန်းမှာ နေထိုင်ခိုင်းမှာဖြစ်ပြီး အနောက်ခန်းကိုတော့ လီမူဝူနှင့် ဝမ်စုဖန်းတို့ကို နေဖို့စီစဥ်ထားခဲ့တယ်။

ကျန်းကျန်းက အလွန်သဘောထားကြီးပြီး သူမရဲ့မိဘတွေအတွက် နိုင်ငံခြား အဆောက်အအုံထဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် လှပပြီးမျက်စိဖမ်းစရာကောင်းတဲ့ မဟော်ဂနီအိပ်ရာကို ခင်းကျင်းပေးထားခဲ့တယ်။

အနောက်တိုင်းပုံစံ အဆောက်အအုံတွေထဲမှာ မဟော်ဂနီသေတ္တာတွေ အများအပြားရှိတာကြောင့် ထိုသေတ္တာတွေကို ထုတ်ယူပြီး အခန်းတစ်ခန်းမှာ နှစ်လုံးစီ ထားပေးခဲ့တယ်။

အရှေ့ဘက်အိမ်ခန်းကိုတော့ ကျန်းကျန်းက လီမင်ပေတို့ မိသားစု နေဖို့အတွက် စီစဥ်ပေးထားခဲ့ပြီး တောင်ကြားထဲမှာနေတုန်းက စုဝေ့ရန်နှင့် တခြားလူတွေ ဆယ်နှစ်ကြာအောင် အသုံးပြုခဲ့တဲ့ ပင်လယ်လှိုင်းတွန့် အိပ်ရာတွေကို နေရာချပေးခဲ့တယ်။

အချိန်ကာလကြာမြင့်မှုကြောင်း ဒီအိပ်ရာတွေက အနည်းငယ်ဟောင်းနွမ်းနေခဲ့ပေမဲ့လည်း အမှန်တကယ်တမ်းမှာ ဒီပစ္စည်းတွေက ပင်းချန်မှာရှိတဲ့ အရင်းရှင်တွေက ပြည်ပမှ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူထားခဲ့ကြခြင်းဖြစ်ပြီး အလွန်အမင်း နူးညံ့ပျော့ပျောင်းကာ အိပ်စက်ဖို့အတွက် အဆင်ပြေလွန်းတယ်။

ကျန်းကျန်းက အနောက်ဘက်မှ အိမ်ခွဲမှာ နေဖို့ စီစဥ်ခဲ့ပြီး စင်တစ်ခုနှင့် သေတ္တာနှစ်လုံးမှလွဲပြီး ဘာမှမယူခဲ့ဘူး။ ဒါပေမယ့် မိန်းကလေးအိပ်ခုတင်ကိုတော့ သူမရဲ့ကိုယ်ပိုင်အခန်းထဲသို့ ရွှေ့ခိုင်းခဲ့တယ်။

ကျန်းကျန်းက အိမ်ကို ရှင်းလင်းပြီး ပစ္စည်းတွေခင်းကျင်းနေပြီဆိုတာကို ကြားတော့ တစ်မိသားစုလုံးက သူမဆီကို လာကြည့်ခဲ့ကြတယ်။

မဒမ်လီက သူမရဲ့အခန်းထဲမှာ အိပ်ယာနဲ့ သေတ္တာလေးတွေ ချထားတာကို မြင်တော့ ချက်ချင်းဆုံးဖြတ်ကာပြောလာခဲ့လေတယ်။

“ပစ္စည်းတွေနှင့် အစားအသောက်တွေ သယ်ကြရအောင်၊ ငါ ဒီနေ့ ဒီမှာ နေတော့မယ်”

လီမူဝမ်းက သူမကို အမြန်ဖျောင်းဖျတော့တယ်။

“အမေ၊ အမေက ကျွန်တော့်အိမ်မှာ ဆယ်ရက်လောက်ပဲ နေရသေးတယ်လေ၊ အပြင်လူတွေ သိရင် ကျွန်တော့်ကို ဝတ္တရားမကျေပွန်ဘူးလို့ တွေးကြလိမ့်မယ်၊ နောက်ထပ် လနည်းနည်းလောက်နေပါဦးလား”

“ဒါပေမယ့် ငါ အဲဒီမှာနေရတာ သက်သောင့်သက်သာမရှိဘူး”

မဒမ်လီ ရိုးသားစွာပြောပြီး ငြင်းဆန်လိုက်တယ်။

“မင်းတို့ရဲ့ အိမ်မှာ ခြံဝန်းလေးရှိပေမဲ့ လက်ဖဝါးအရွယ်အစားလောက်ပဲရှိတဲ့ နေရာမှာ အသီးအရွက်တွေ စိုက်လို့မရဘူးလေ၊ ငါ အဲဒီလိုနေရာမှာ မနေချင်ဘူး၊

ဒီနေရာကိုကြည့်လိုက်၊ ဘယ်လောက် ကောင်းလိုက်သလဲ၊ နောက်ဘက်မှာလည်း မြေကွက်ကြီးရှိတယ်၊ နွေဦးပေါက်တာနှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးနိုင်ပြီ”

ကျန်းကျန်းတစ်ယောက် ထိုက်ဟူကျောက်တုံးဘေးမှာ တရုတ်ဂေါ်ဖီထုပ်တွေကို စိုက်ပျိုးမဲ့မြင်ကွင်းကို မြင်ယောင်ကြည့်ကာ သူမရဲ့ မျက်လုံးတွေကို တိတ်တဆိတ် ဖုံးအုပ်လိုက်မိတယ်။

လီမူဝမ်းက သူ့ရဲ့အမေက ပိုက်ဆံကုန်မှာကို စိတ်ပူနေတယ်လို့ တွေးလိုက်မိတယ်။

“အမေ ၊ ကျွန်တော်တို့ မိသားစုမှာ စားတဲ့ အစားအစာတွေကို အစိုးရက ထောက်ပံ့ပေးထားတာ၊ ဝယ်စရာ မလိုပါဘူး”

မဒမ်လီ:: “ဒါပေမဲ့ ကိုယ့်ဘာသာ စိုက်ပျိုးရတာက ပိုပြီး အရသာရှိတယ်”

တကယ်တမ်းမှာ မဒမ်လီက သူကိုယ်တိုင် စိုက်ပျိုးထားတဲ့ အသီးအရွက်တွေကို တကယ်စားချင်နေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် သူမနဲ့ သူမရဲ့ အကြီးဆုံးချွေးမက သိပ်ပြီး တွေ့ဖူးနေခဲ့ကြတာမဟုတ်ဘူးလေ။

ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် ယဉ်ကျေးသမှုနှင့် ဆက်ဆံနေခဲ့ရတယ်။ ဒီအတွက် အတော်လေး အနေရကြပ်သလိုခံစားရတယ်။

ဒါပေမဲ့ ဝမ်စုဖန်းကတော့ မတူဘူး။ သူတို့နှစ်ယောက်က တစ်သက်လုံး အတူရှိခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် လိုက်လျောညီထွေရှိခဲ့ကြတယ်။ ဒါ့အပြင် သူတို့နှစ်ယောက် တူညီတဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် ခံစားမှုတွေရှိပြီး အမေနှင့်သမီးအရင်းအချာလိုမျိုး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။

မဒမ်လီက ရွှေ့ပြောင်းဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုတာကိုမြင်တော့ လီမူဝမ်းလည်း ကားတစ်စီးနှင့် စောင်တွေ၊ အိပ်ယာတွေနှင့် အစားအသောက်တွေကို ကူညီသယ်ဖို့အတွက် လူတွေကို ခေါ်ပြီး ရောက်လာခဲ့တယ်။

သူက နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ ဂက်စ်မီးဖိုတွေ၊ ဒယ်အိုး၊ အကြော်အိုး၊ ခွက်တွေ၊ပန်းကန်တွေ၊ ကြွေအိုးတွေ၊ မီးပြင်းဖိုတွေနှင့် တခြားပစ္စည်းများစွာကိုလည်း ယူဆောင်လာခဲ့တယ်။ ဒါ့အပြင် ကျောက်မီးသွေးအိတ်အနည်းငယ်နှင့် ဟင်းသီးဟင်းရွက်တချို့ကိုလည်း ယူလာပေးခဲ့တယ်။

ထိုညမှာတော့ မဒမ်လီတစ်ယောက် အိပ်ယာခင်းအထူကြီးနှင့် ခင်းထားတဲ့ ခုတင်ကြီးပေါ်မှာ လဲလျောင်းနေရင်းနှင့် စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်နိုင်ခဲ့ဘူး။

နောက်နေ့ အိပ်ရာက နိုးလာတဲ့အချိန်မှာတော့ သူမက မျက်လုံးတွေကို မဖွင့်နိုင်တော့ဘဲ ပြောလာခဲ့တယ်။

“ဘုရင်ရဲ့ အိပ်ရာပေါ်မှာ အိပ်ရမယ်ဆိုတဲ့အတွေးနှင့် ငါ အရမ်းစိတ်လှုပ်ရှားနေတာ၊ ကျန်းကျန်း ငါတို့ ဒီခုတင်ကို ရွှေ့ပြီး ငါ့အတွက် ခန်ဆောက်မယ့်လူကို ရှာလိုက်ရင် ဘယ်လိုလဲ”

ကျန်းကျန်း : “...”

*

မိသားစုတွေ အခြေချပြီး သိပ်မကြာခင်မှာပဲ ကျောင်းက စဖွင့်လာခဲ့တယ်။ လီမင်ပေ၊ ဝမ်ရှင်းဝမ့်နှင့် ကျန်းကျန်းတို့ ကျောင်းကို သတင်းပို့ရန်အတွက် သွားခဲ့ကြတယ်။

တော်ဝင်မြို့တော်အတွင်းမှာ ဘတ်စ်ကားတွေရှိတယ်။ ဒါ့အပြင် သူတို့နေထိုင်တဲ့နေရာနှင့် ကျောင်းက နာမည်ကြီးနေရာတွေဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်တွေ ရှိတဲ့အတွက်ကြောင့် သွားလာရတာက အတော်လေးအဆင်ပြေတယ်။

အမျိုးသားတက္ကသိုလ်ရဲ့ အနောက်ဘက်တံခါးနှင့် တော်ဝင်တက္ကသိုလ်ရဲ့အရှေ့ဘက်တံခါးက မျက်စောင်းထိုးအနေအထားနှင့် ရှိနေခဲ့တာကြောင့် လီမင်ပေက သူ့ရဲ့ ကျောင်းကိုသွားဖို့ အလျင်စလိုမဖြစ်ခဲ့ပဲ ကျန်းကျန်းနှင့် ဝမ်ရှင်းဝမ့်တို့ကို အရင်ဆုံးလိုက်ပို့ပေးလိုက်တယ်။

ဒီနေ့ခေတ်ကာလ တော်ဝင်တက္ကသိုလ်က အရင်ဘဝတုန်းက ကျန်းကျန်း အလည်အပတ်ထွက်ခဲ့စဥ်တုန်းကထက် လောကဒဏ်ရဲ့ရိုက်ခတ်မှုကို ပိုမိုခံထားရသလိုဖြစ်နေပေမဲ့ ဒီအချက်ကပဲ ပိုလို့ဆွဲဆောင်မှုရှိနေခဲ့တယ်။

ကျန်းကျန်းနှင့် ဝမ်ရှင်းဝမ့်တို့က ဌာနတစ်ခုတည်း မဟုတ်တာကြောင့် အိပ်ဆောင်ကလည်း တစ်ထပ်တည်းမှာ မရှိခဲ့ဘူး။

ကျန်းကျန်းရဲ့ အိပ်ဆောင်က (201)ဖြစ်ပြီး၊ တောင်ဘက်သို့ မျက်နှာမူတဲ့အခန်းဖြစ်လေတယ်။ အချိန်က မွန်းတည့်ချိန်ဖြစ်လို့ နေရောင်ခြည်က စိမ့်ဝင်လာပြီး တစ်ကိုယ်လုံး နွေးထွေးသွားစေတယ်။

ကျန်းကျန်း ပြတင်းပေါက်နားမှာရှိတဲ့ အောက်ဘက်ခုတင်ကို ရွေးချယ်လိုက်ပြီး ခုတင်ကို သန့်ရှင်းစေဖို့အတွက် ရေတစ်ဇလုံနှင့် တိုက်ချွတ်လိုက်တယ်။

အခန်းထဲမှာ ဘယ်သူမှ မရှိသေးတာကြောင့် ကျန်းကျန်း ဖျာကို အရင်မခင်းဘဲ သူမရဲ့ နေရာလွတ်ထဲမှငန်းမွေးမွေ့ရာကို ထုတ်ယူလိုက်ကာ အောက်ဘက်မှာ ငန်းမွေးမွေ့ရာကို မွေ့ရာကို အရင်ခင်လိုက်ပြီးမှ အပေါ်က ဖျာကိုခင်းလိုက်တယ်။

ကျန်းကျန်း နေရာလွတ်ထဲမှ ပန်းပွင့်တွေပါတဲ့ အခင်းတစ်ခုကို ရှာတွေ့ပြီး ကန့်လန့်ကာအဖြစ် ပြောင်းလဲကာ သူမရဲ့ အိပ်ယာပတ်လည်ကို ဝိုင်းရံထားလိုက်တာကြောင့် ညဘက် သူမ အိပ်ရာဝင်တဲ့အချိန်မှာ သူမ ဘာပဲလုပ်နေပါစေ ဘယ်သူမှ သိနိုင်မှာမဟုတ်တော့ဘူး။

ကျန်းကျန်း အိပ်ယာနေရာကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးတဲ့နောက်မှာ တစ်ဖက်မှာရှိနေတဲ့ ဝမ်ရှင်းဝမ့်ကလည်း သူမရဲ့ အိပ်ဆောင်ထဲမှနေရာကို ပြင်ဆင်ပြီးဖြစ်လို့ လှေကားပေါ်ကနေ ဆင်းလာခဲ့ကာ သူတို့ သုံးယောက်လုံး အောက်ထပ်မှာ ပြန်လည် ဆုံတွေ့ခဲ့တယ်။

ပြီးတဲ့နောက်မှာ သူတို့က လီမင်ပေရဲ့တက္ကသိုလ်ဖြစ်တဲ့ အမျိုးသား တက္ကသိုလ်ကို သွားကြည့်ဖို့ လုပ်ခဲ့ကြတယ်။

သူတို့တွေ အိပ်ဆောင်ထဲမှ ထွက်လာပြီး မကြာခင်မှာပဲ ခရီးဆောင်အိတ်ကို ဆွဲကိုင်ပြီး ကျောပိုးအိတ် တစ်လုံးကိုလွယ်ထားတဲ့ လူငယ်လေးတစ်ယောက်က ပြေးလာပြီး သူတို့ဘက်ကို လှမ်းမေးလာတယ်။

“ဒီကကျောင်းသားတို့ ၊ မေးစရာလေးရှိလို့ပါ၊ ဥပဒေဌာနက သတင်းပို့ဖို့အတွက် ဘယ်ဘက်ကို သွားရလဲ”

ဝမ်ချင််းဝမ့်က ချက်ချင်းပြုံးလိုက်ပြီး ပြမ်ဖြေခဲ့တယ်။

“ကျွန်မတို့ဌာနက အတူတူဘဲ၊ ကျွန်မ ခုနကပဲ သတင်းပို့လာခဲ့တာ၊ ရှင် ဒီကနေ ရေကန်တစ်ဖက်ကိုလျှောက်သွားရင် သတင်းပို့ပေးရမဲ့ ရုံးကို မြင်ရလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် အတန်းဖော်”

လူငယ်လေးက သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ခရီးဆောင်အိတ်နဲ့ အမြန်ထွက်သွားခဲ့တယ်။

ဝမ်ရှင်းဝမ့်နှင့် လီမင်ပေတို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျန်းကျန်းတစ်ယောက် နောက်က မလိုက်လာကြောင်းကို ရုတ်တရက်သတိပြုမိသွားခဲ့တယ်။

“မြန်မြန်လာခဲ့လေ၊ မင်းဘာတွေတွေးနေတာလဲ”

ကျန်းကျန်း သူမရဲ့ တံတွေးကို မျိုချလိုက်ပြီး အနည်းငယ် တုန်လှုပ်သွာနှင့် ပြောလိုက်မိတယ်။

“ယောက်မတို့ရဲ့ အတန်းထဲမှာ ရှိတဲ့ ကျောင်းသား အများစုက အနာဂတ်မှာ ထူးချွန်တဲ့လူတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရုတ်တရက် သတိရမိသွားလို့”

လီမင်ပေတို့နှစ်ယောက်ရဲ့ ဗလာဖြစ်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ ကျန်းကျန်းတစ်ယောက် သူမ ရဲ့ စိတ်ထဲမှာပဲ တိတ်တဆိတ် ပြောလိုက်မိတယ်။

“အနာဂတ်တိုင်းပြည်ရဲ့ ဒုတိယခေါင်းဆောင်ကြီးကတောင် အတန်းဖော်ဖြစ်နေခဲ့တာဆိုမှတော့ နောက်ထပ် ကြောက်စရာတွေ ဘာမှရှိတော့မှာမဟုတ်ဘူး”

သူတို့ သုံးယောက် အမျိုးသား တက္ကသိုလ်ရဲ့အနောက်ဘက်ဂိတ်ဆီသို့ လျှောက်လာခဲ့ကြတယ်။ သို့ပေမယ့် သူတို့တွေ လီမင်ပေအတွက်သတင်းပို့တဲ့နေရာကို မရောက်ခင်မှာပဲ သူမအတွက် ဒီထက်ပိုပြီး မရင်းနီးနိုင်တော့တဲ့ လူတစ်ယောက်က ကျန်းကျန်းရဲ့ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့လေတယ်။

ကျန်းကျန်းတစ်ယောက် မတတ်နိုင်ဘဲ တွေးတောလိုက်မိတယ်။

ဖြစ်နိုင်တာက သူမအစ်ကိုရဲ့အနာဂတ်ကလည်း ထပ်တူထပ်မျှ စိတ်ဝင်စရားစရာ အံ့သြစရာတွေ ရှိနေခဲ့လောက်တဲ့ပုံပဲ။

ကျန်းကျန်းတစ်ယောက် ကျောင်းကိုရောက်တာနှင့် အနာဂတ်ရဲ့ ခေါင်းဆောင်ကြီးနှင့် ဒုခေါင်းဆောင်ကို မြင်လိုက်ရတာကြောင့် ကန်တင်းမှာ ထမင်းစားနေတဲ့အချိန်မှာတောင် အနည်းငယ် ငေးကြောင်ကြောင်ဖြစ်နေတုန်းပဲ။

လီမင်ပေက အစားအသောက်လက်မှတ်နဲ့ ပိုက်ဆံတွေကို စားပွဲပေါ်မှာတင်ပြီး သုံးယောက်စာ အစားအစာတွေကို ယူလာခဲ့တယ်။

ထို့နောက်မှာ ညီမဖြစ်သူရဲ့ ဗလာကျင်းနေတဲ့ မျက်နှာကိုမြင်တော့ မနေနိုင်တော့ဘဲ သူမရဲ့ နဖူးကို စမ်းကြည့်လိုက်တယ်။

“ဘာဖြတာလဲ၊ တက္ကသိုလ်ကိုရောက်လာတော့ ပျော်လွန်းလို့ တုံးအ,သွားပြီလား”

ကျန်းကျန်း လီမင်ပေရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး တူကို ဆွဲယူကာ ပါးစပ်ထဲကို ဟင်းတစ်လုပ်ထည့်လိုက်တယ်။ ထို့နောက် သူမရဲ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ဘဲ ပြောလိုက်မိလေတယ်။

“တတိယအစ်ကို၊ ဒါက ဆယ်နှစ်ကြာပြီးမှ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပထမဆုံးအကြိမ် ပြန်စတာဆိုတော့ အခုကောလိပ်ကျောင်းသားတွေက နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အတော်ဆုံးလူတွေက စာမေးပွဲအောင်ပြီးရောက်လာခဲ့ကြတာပဲ၊

ညီမတို့ အခုအခွင့်အရေးကို အမိအရဆုပ်ကိုင်ထားရမယ်၊ စာအုပ်တွေကိုများများဖတ်၊ စာကြည့်တိုက်မှာလည်း ဝင်ပြီး လေ့လာရမယ်၊

နောက်ပြီး အစ်ကို့ရဲ့အတန်းဖော်တွေနှင့်လည်း ကောင်းကောင်းပေါင်းသင်းပြီး ဆက်ဆံရေးအဆင်ပြေအောင်နေဖို့သတိရဦး၊ အရှက်ရစရာကိစ္စတွေကို လုံးဝမလုပ်နှင့်၊ မဟုတ်ရင် နောက်ထပ် အနှစ်သုံးဆယ်ကြာပြီးရင် အစ်ကို့ရဲ့ အတန်းဖော်တွေက ဘယ်သူလဲလို့ ပြောဖို့ကို ရှက်နေရလိမ့်မယ်”

All Chapters