← Chapters

တိုက်ပွဲ တိုင်းပြည်ကမ္ဘာ

Vol. 7 Ch. 89

တိုက်ပွဲ တိုင်းပြည်ကမ္ဘာ

Vol. 7 Ch. 89

အခန်း(၈၉)  :  တိုက်ပွဲ တိုင်းပြည်ကမ္ဘာ

တိုက်ပွဲ တိုင်းပြည်ကမ္ဘာဟု လူသိများသည့် အလွှာရှေ့တွင် အစစ်အမှန် အုပ်ချူပ်သူအများစုက လေဟာနယ်ထဲတွင် ရပ်ကာ ယန်းချန်နှင့် ကျီချန်းကြားမှ တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။

တစ်ယောက်က ပြောလိုက်သည်  “ အဲဒီလူတွေက ရူးနေကြတာလား။ သူတို့တိုက်ပွဲကနေ ဂယက်လှိုင်းက ငါတို့ကောင်းကင်ရွေးချယ်ခံတွေ စစ်ဆေးမှုခံယူနေတဲ့ အလွှာကိုတောင် ပျက်စီးသွားစေနိုင်တယ်ဆိုတာ မသိကြဘူးလား ”

“ ဒါပေမဲ့ ဒီကမ္ဘာက အဆင်ပြေနေတယ်မလား ”  နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ အဲလူနှစ်ယောက်က တကယ်ကြီး တိုက်ခိုက်နေကြတာပဲ။ အထူးသဖြင့် ကျီချန်းပေါ့ … သူက ဓမ္မခန္ဓာကို တန်းထုတ်ပစ်ပြီးတော့ ယန်းချန်ကို ဖိအားပေးခဲ့တာ ”

“ကျစ် … ကျီချန်းက စိတ်ကြိုက်လုပ်တဲ့ ဘီလူးကြီးနဲ့ တူပေမဲ့ သူက လှည့်ကွက်တွေ၊ အကောက်ချမှုတွေ ပြည့်နေတဲ့ တိုင်းပြည်မှာ ကြီးပျင်းခဲ့တာဆိုတာ မေ့မထားကြနဲ့ဦး။ သူက အထွတ်အထိပ်အဆင့် မှော်လက်နက်ကိုတောင် မသုံးခဲ့ဘူးမလား ”

“ဒီလိုကိုး … သူက တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေကို ရန်စတာ မဟုတ်ဘဲ လက်စားချေမယ်ဆိုပြီး အမည်တပ်ခဲ့တာပဲ”

“ ကံဆိုးတာက သူက ဒီတစ်ခါ ကိုယ့်လှည့်ကွက် ကိုယ်ပြန်မိသွားတာပဲ။ သူက ယန်းချန် တစ်ယောက် ကောင်းကင်ရိုက်ချက်ကျမ်းကို ဒီလောက်အဆင့်ထိ ကျင့်ကြံထားနိုင်လိမ့်မယ်လို့ မထင်ထားဘူးပဲ။ အထူးသဖြင့် နောက်ဆုံးရိုက်ချက်ပဲ … အဲဒါက သူ့စီရင်ချက်တာအိုရဲ့ သဘာဝရန်သူလေ ”

“ ကောင်းကင်ရိုက်ချက်ကျမ်းအကြောင်း ပြောမှ ဒီကျမ်းရဲ့ ဖန်တီးရှင် ဓားဧကရီကို မချီးကျူးဘဲကို မနေနိုင်တော့ဘူး ”

“ဓားဧကရီက တကယ်ကို ဒဏ္ဍာရီလာ ဧကရီပဲ … အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ လက်ထဲမှာ ဝါးတုတ်တစ်ချောင်း ကိုင်ဆွဲပြီး မျိုးဆက်ထဲက အားလုံးကို အနိုင်ပိုင်းပစ်ခဲ့ပြီးတော့ ရှေးဟောင်းခေတ်ကာလရဲ့ ဒုတိယမြောက် ဧကရာဇ် ဖြစ်လာခဲ့တယ် …ပြီးတော့ သူမ ဖန်တီးထားတဲ့ကျမ်းက အရမ်းအားကောင်းတယ်။ မိုးမြေကြားက အရာအားလုံးကို ဓားတစ်ချောင်းအဖြစ် သုံးသွားခဲ့တာ။ အဲဒီကောင်းကင်ရိုက်ချက်ဆိုတာက နှောင်ကြိုးတွေ၊ ကန့်သတ်ချက်တွေကို လွတ်မြောက်ကျော်လွန်နေတာပဲ ”

“ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်မျိုးဆက်တစ်ခုအနေနဲ့ အမှန်တကယ် ကံကောင်းတာပဲ။ အရင်ဆုံး ဓားဧကရီရှိတယ်။ ပြီးတော့ သူတို့က အကြွင်းမဲ့ဓား ဝမ်ထျန်းလည်း ရှိတယ်။ သူတို့တွေ နောက်ထပ် ဝမ်ဝေ့တော့ မရှိပါစေနဲ့ မျှော်လင့်ရမှာပဲ ”

ထိုသို့ပြောပြီးနောက် အစစ်အမှန် အုပ်ချုပ်သူများက ထပ်မပြောကြတော့ပေ။ သူတို့က မျိုးဆက်ဟောင်းမှ ဖြစ်ကြသော်လည်း သူတို့မျိုးဆက်များသည် ဓားတစ်လက် ကိုင်ဆောင်ထားသည့် လူတစ်ယောက်ဆီမှ ဖိနှိပ်ခံထားရသည်ကို ကြည့်နေရလေသည်။

ပို၍ဆိုးရွားသည်က ဒီမျိုးဆက်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်း၌ နောက်ထပ် ကောင်းကင်ဘုံ သွေဖယ်နေသည့် ကောင်းကင်ရွေးချယ်ခံ တဖြည်းဖြည်း ကြီးထွားလာနေသည်ကို ညွှန်ပြနေသည့် အရိပ်အယောင်များ ရှိနေခြင်း ဖြစ်၏။

မိနစ်ပိုင်းလောက် တိတ်ဆိတ်သွားပြီးနောက် နောက်ထပ် လူတစ်ယောက်က ပြောလိုက်သည်  “ ကြည့်ရတာ ယန်းချန်က ကောင်းကင်ရိုက်ချက်ကျမ်းထဲ မတူညီတဲ့ လမ်းစဉ်ကို ရွေးလိုက်ပုံပဲ။ သူက ဒြပ်ငါးမျိုးထဲ ရွှေတာအိုကို ပိုအာရုံစိုက်ထားတယ် ”

“ အဲဒါ အဓိပ္ပါယ်တော့ ရှိပါတယ်။ အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူအနေနဲ့ သူ့ကိုယ်ပိုင်လမ်းကြောင်း ရှိတာ ပုံမှန်ပါပဲ။ တကယ်လို့ သူသာ ဧကရီကျမ်းမှာ ချုပ်နှောင်ခံရရင် လက်ရှိအနေအထားကို ရောက်လာနိုင်မှာ မဟုတ်ဘူး ”

“ ကံဆိုးတာက ငါတို့လိုမျိုးပဲ ...  သူက အပြီးတိုင် လွတ်မြာက်သွားတာ မဟုတ်ဘူး”

“အဲလိုသာဖြစ်ရင် အဲဒီမျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ပါဝင်မဲ့သူက ဝမ်ချန်အစား သူ ဖြစ်နေမှာပေါ့ ”

“ဟူး အဲဒီဝမ်မိသားစုရဲ့ ကံကောင်းမှုက အဆုံးမရှိဘူးပဲ။ မျိုးဆက်တိုင်း ကမ္ဘာစင်မြင့်မှာ ကိုယ်စားပြုနိုင်တဲ့ ပါရမီရှင်တွေ အမြဲတမ်း မွေးထုတ်ပေးနိုင်ကြတာ ”

............

ထိုစဉ် တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာအတွင်း ဝမ်ဝေ့နှင့် သူ့အဖွဲ့က အထဲရောက်သွားလေပြီ။ မိနစ်အနည်းငယ်ကြာ မူးနောက်နေပြီးနောက် ဝမ်ဝေ့က ကွင်းပြင်ထဲ ရောက်နေသည်ကို မြင်လိုက်ရသည်။ ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

“ ဝိညာဉ်ချီက ဘာလို့ ဒီလောက် နည်းနေရတာလဲ” လီကျွင်းက ငြီးတွားလိုက်သည်။ အများစုလည်း အတူတူ ခံစားမိ၏။

“ အလွှာနိမ့်ကမ္ဘာကနေ ဘာမျှော်လင့်နေတာတုန်း ” ယန်းလီလင်းက တုံ့ပြန်လိုက်သည်။

ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် အဖွဲ့က သူတို့ ဘယ်ရောက်နေကြောင်း၊ ကမ္ဘာကို ဘယ်လိုဖွဲ့စည်းထားကြောင်း သိစေရန် သတင်းအချက်အလက်များ ရနိုင်မည့် မြို့ကို ရှာဖို့ ဦးတည်ရာတစ်ခု ရွေးချယ်လိုက်ကြသည်။

သူတို့ ထွက်လာပြီး သိပ်မကြာခင် ဝမ်ဝေ့တို့ အုပ်စုက မြေကမ္ဘာလွတ်မြောက်ရေး နည်းစနစ်ကို အသုံးပြုကာ တစ်နေရာရာဆီ သွားနေသည့် ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုကျင့်ကြံသူက မြေကြီးနှင့် ပေါင်းစပ်ကာ သဟဇာတ ဖြစ်နေသည့်အလား တစ်လှမ်းချင်းစီတိုင်း မြေအောက်ကနေ ချက်ချင်း ပျောက်သွားပြီး မီတာရာချီအကွာတွင် ပြန်ပေါ်လာသည်။

ဝမ်ဝေ့ ပထမဆုံး သတိပြုမိသည့်အရာမှာ ထိုကျင့်ကြံသူသည် အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်တွင် ဖြစ်၏။ ပို၍အရေးကြီးသည်က သူက ကျင့်ကြံရေးလမ်းစဉ်အနေနှင့် မူလကျင့်စဉ်ကို အသုံးပြုနေခြင်း ဖြစ်သည်။

ထို့နောက် သူ စာကြည့်တိုက်ထဲတွင် ဖတ်ခဲ့ဖူးသည့် အကြောင်းအရာတချို့ ပြန်လည် မှတ်မိလာသည်။ ထိုအကြောင်းအရာများက အသင်္ချေအင်ပါယာကမ္ဘာကို လှည့်ပတ်နေသည့် အဖွဲ့အစည်းအတွင်းရှိ ကမ္ဘာအများစုသည်လည်း မူလကျမ်းကို အသုံးပြုနိုင်ကြလေသည်။

ထို့နောက် ဝမ်ဝေ့က သူ့ဘိုးဘေး ဧကရာဇ်ချီယွမ်သည် မရိုးရှင်းကြောင်း သဘောပေါက်သွား၏။ သူက မူလလမ်းစဉ်ကို အသင်္ချေအင်ပါယာကမ္ဘာဆီ ဖြန့်ခဲ့ခြင်းသာမကဘဲ ကမ္ဘာအများစုဆီလည်း ဖြန့်ဝေခဲ့သည်။

သူက တခြားကမ္ဘာ အဖွဲ့အစည်းတွေအထိ ဖြန့်ခဲ့လောက်တယ် …

“သခင်လေး ကျွန်မတို့ အဲဒီကျင့်ကြံသူကို ဖမ်းပြီး နေရာမေးကြမလား ” ဝမ်ကျူက မေးလိုက်သည်။

ဝမ်ဝေ့က ခေါင်းခါလိုက်ပြီး  “ အဲလိုလုပ်ဖို့ မလိုဘူး။ သူ သွားတဲ့နောက် လိုက်ကြတာပေါ့ ”

ဝမ်ဝေ့က ထိုကျင့်ကြံသူကို မဖမ်းဖို့ ဆုံးဖြတ်လိုက်သည့်အကြာင်းအရင်းမှာ သူ အသုံးပြုနေသည့် မန္တန်ကြောင့် ဖြစ်၏။ ဤသည်က အလွှာနိမ့်ကမ္ဘာ ဖြစ်သော်လည်း ထိုကျင့်ကြံသူက အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်အတွင်း ဒီလိုမျိုး အားကောင်းသည့် မန္တန်ကို အသုံးပြုနေလေသည်။

ဆိုလိုသည်မှာ သူ့နောက်ခံက မရိုးရှင်းလှပေ။ ဝမ်ဝေ့က ထိုလူ၏ နောက်ခံကို မကြောက်ပေ။ သူ့အင်အားဖြင့် ဒီကမ္ဘာတွင် ဘာကိုမှ မကြောက်ပေ။

သို့သော်လည်း သူက ဒီကမ္ဘာ ရောက်ခါစ ဖြစ်ပြီး ဒီအလွှာ၏ အင်အားအနေအထားအကြောင်း သတင်းအချက်အလက် သို့မဟုတ် ဗဟုသုတ ဘာမှမရှိသေးပေ။ သူက ဂိုဏ်းတချို့ သို့မဟုတ် မိသားစုတချို့ကို အသေးအမွှားကိစ္စအတွက် အပြစ်ပြုမိမည်ကိုသာ စိုးရိမ်မိသည်။ အကယ်၍ သူတို့ ပူးပေါင်းပြီး သူ့ကို ဒီကမ္ဘာမှ အတင်းကျပ်နှင်ထုတ်လိုက်လျှင် ဒီစစ်ဆေးမှုက ကျရှုံးသွားရလိမ့်မည်။

သူတို့က သိုသိုသိပ်သပ်နေဖို့ ဆုံးဖြတ်ထားသော်လည်း မိနစ်ပိုင်းလောက် လျှောက်လာပြီးနောက် သူတို့ကို လာတားသည့် ဓားပြအဖွဲ့နှင့် ကြုံခဲ့ရသည်။ သူတို့က လူနှစ်ဆယ်ကျော်ရှိပြီး ရှေ့ဆုံးတွင် တစ်ယောက်က ရပ်နေသည်။

ဓားပြထဲက တစ်ယောက်က ရှေ့ဆုံးက ရပ်နေသူကို ပြောလိုက်သည်။

“ခေါင်းဆောင် … အဲလူတွေရဲ့ အဝတ်တွေကို ကြည့်ပါဦး။ ဘယ်လိုပစ္စည်းနဲ့ လုပ်ထားတယ်တော့ မသိဘူး။ ဒါပေမဲ့ ဈေးကြီးမဲ့ပုံပဲ။ ကျွန်တော်တို့ သူတို့ကို ပြန်ပေးဆွဲပြီးတော့ မိသားစုဆီကနေ အကျပ်ကိုင်ငွေတောင်းရအောင် ”

သို့သော်လည်း ခေါင်းဆောင်က တိုက်ခိုက်ဖို့ ချက်ချင်း အမိန့်မပေးပေ။ အကြောင်းအရင်းမှာ ထိုလူများ၏ အကြည့်ထဲ ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှ မမြင်တွေ့ရ၍ ဖြစ်သည်။ သူတို့အကြည့်များက အလွယ်လေး ဖိသတ်နိုင်သည့် မြေပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား ဖြစ်၏။

သူက ဒီလိုအကြည့်များစွာ မြင်တွေ့ဖူးပြီး မနှစ်သက်ပေ။ ထိုအရာက သူ့အား သေးနုတ်သည်ဟု ခံစားရစေကာ သူ့ဘဝ၏ အကြီးမားဆုံး ကျရှုံးမှုကြီးကို ပြန်လည်အသိပေးနေသည်။

ဓားပြခေါင်းဆောင်က နောက်ထပ် ဘာလုပ်ရမလဲ စဉ်းစားနေစဉ် လီကျွင်းက စစ်သူကြီး(၅)အား လှုပ်ရှားဖို့ အချက်ပြလိုက်သည်။

စစ်သူကြီး(၅)က  တုံ့ဆိုင်းခြင်းမရှိ မူလချီကို အသက်သွင်းကာ ဓားပြခေါင်းဆောင်ဆီ ပြေးဝင်သွားပြီး တိုက်ခိုက်လိုက်သည်။ သို့သော် ဓားပြခေါင်းဆောင်က တိုက်ခိုက်မှုကို အသားကျနေသည့်အလား ပေါ့ပါးသွက်လက်စွာ ရှောင်ရှားလိုက်သည်။

စစ်သူကြီး(၅) လည်း အံ့ဩသွားလေသည်။ သူသာလျှင်ကမဘဲ ကြည့်နေသူအားလုံး အံ့ဩသွားကြသည်။ အကြောင်းအရင်းမှာ ထိုလူက သွေးချီကို မသုံးဘဲ လှုပ်ရှားလိုက်၍ ဖြစ်သည်။ သူက ခွန်အားသပ်သပ်ဖြင့် လှုပ်ရှားလိုက်ခြင်း ဖြစ်၏။

ထိုအရာကို မြင်ပြီး စစ်သူကြီး(၅)က ထိုထူးထူးဆန်းဆန်း ဓားပြခေါင်းဆောင်၏ အင်အားကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ပထမတစ်ခါ တိုက်ခိုက်လိုက်သလိုမျိုး စစ်သူကြီး(၅)က အင်အားကုန်မသုံးဘဲ ဓားပြ၏ စွမ်းရည်ကို စစ်ဆေးနေသည်။

ပထမတိုက်ခိုက်မှုကို ရှောင်လိုက်ပြီးနောက် ဓားပြခေါင်းဆောင်က ပြောလိုက်သည်  “ကျင့်ကြံသူတွေ … ”

စစ်သူကြီး(၅)က ဓားပြကို ကြည့်လိုက်ကာ မေးလိုက်သည်  “ ငါက ကျင့်ကြံသူမှန်း သိတာတောင် ခင်ဗျားက ကြောက်ပုံမပေါ်ဘူးပဲ။ ကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေပုံပဲ ”

“ ဘယ်ဟုတ်ပါ့မလဲ … သိုင်းပညာရှင်အနေနဲ့ ခင်ဗျားတို့လိုမျိုး အားကောင်းတဲ့ ကျင့်ကြံသူတွေနဲ့ တိုက်ပြီး အနိုင်ယူဖို့က ကျုပ် အိပ်မက်ပဲ ”

“ သိုင်းပညာတဲ့လား … အဲဒါက အလုံခန္ဓာကိုယ်မရှိတဲ့ သေမျိုးတွေ လေ့ကျင့်ကြတဲ့ဟာမလား ”

အလုံခန္ဓာကိုယ်ဆိုသည့် စကားကို ကြားကာ ဓားပြခေါင်းဆောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သူ့အကြည့်ထဲ အမုန်းတရားတချို့ ထင်ဟပ်လာသည်။ ထို့နောက် အကြည့်များက ချက်ချင်း ပျောက်ကွယ်သွားလေ၏။ သူက ဆက်ပြောလိုက်သည်။

“ အရင်တစ်ခါ အရှက်ခွဲခံရပြီးတော့ ငါ့ဘာသာ သိုင်းပညာအပေါ် စိတ်နှစ်ထားပြီးတော့ ကိုယ်ပိုင်သဘောတရားကို ဖန်တီးခဲ့တယ်။ အခု ငါ့ အင်အားအသစ်ကို မင်းတို့နဲ့ စမ်းကြည့်ရတာပေါ့ ”

ဓားပြခေါင်းဆောင်က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ခန္ဓာကိုယ်မှ ခွန်အားအားလုံးကို စုစည်းကာ စစ်သူကြီး(၅)ဆီ လက်သီးဖြင့် ထိုးချလိုက်သည်။

ထိုလက်သီးက သာမန် ဖြစ်သော်လည်း စစ်သူကြီး(၅)က သူ့စိတ်ထဲ ပေါက်ကွဲသွားသလိုမျိုး ခံစားလိုက်ရကာ စက္ကန့်ပိုင်းလောက် ရပ်တန့်သွားလေသည်။

ဓားပြခေါင်းဆောင်၏ လက်သီးချက်က သိပ်မကြာခင် စစ်သူကြီး(၅) ဝမ်းဗိုက်ဆီ ကျရောက်လာသည်။ ထိုလက်သီးနောက်ကွယ်မှ အင်အားဖြင့် စစ်သူကြီးက ဒဏ်ရာအပြင်းအထန် ရသွားနိုင်လေသည်။

သို့သော်လည်း ထိုလက်သီးချက် ထိတော့မည့်ဆဲဆဲတွင် စစ်သူကြီး(၅)၏ အံ့ဖွယ်ပင်လယ်ထဲမှ မူလချီက အလိုအလျောက် ထွက်ပေါ်လာကာ သူ့အား ကာကွယ်ပေးထားသည်။

ထို့ကြောင့် လက်သီးချက် ထိမှန်ပြီးနောက် ခြေလှမ်းငါးလှမ်းလောက်သာ ဆုတ်လိုက်ရသည်။

ဓားပြခေါင်းဆောင်က အကောင်းတိုင်း ရှိနေသည့် စစ်သူကြီး(၅)ကို ကြည့်လိုက်ကာ သူ့လက်သူ ပြန်ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်  “ ဒီနှစ်တွေတစ်လျှောက်လုံး ကွာဟချက်ကို မကျော်နိုင်သေးဘူးပဲ။ ကောင်းကင်ဘုံက မတရားလိုက်တာ … ”

ထိုစဉ် ဝမ်ဝေ့တို့အဖွဲ့က လက်သီးချက်ကြောင့် အံ့ဩနေကြသည်။ သေမျိုးတစ်ယောက်အနေနှင့် သူက ကျင့်ကြံသူတစ်ယောက် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့လေသည်။ ထိုတိုက်ပွဲက သေမျိုးများအပေါ် သူတို့နားလည်နိုင်စွမ်းကို တိုးလာစေသည်။

“ ဓားပြခေါင်းဆောင် ပြောတဲ့ သဘောတရားဆိုတာ ဘာကြီးလဲ။ ကျွန်မတို့ကမ္ဘာကဟာနဲ့ အတူတူပဲလား “ ယန်းလီလင်းက မေးလိုက်သည်။

“ မဟုတ်ဘူး ”

အားလုံးက ဝမ်ကျူဆီ လှည့်ကြည့်လိုက်ကြပြီး သူမ ရှင်းပြမည်ကို စောင့်နေကြသည်။

“ ဒီကမ္ဘာမှာ ဝိညာဉ်ချီနည်းပါးမှုကြောင့် ကျင့်ကြံသူတွေက မိုးမြေနယ်ပယ်အဆင့်ထဲ ဝင်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် သူတို့က (လက်သီး သဘောတရား၊ ဓားသဘောတရား) သဘောတရား အယူအဆကို သူတို့စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း လေ့ကျင့်နိုင်မဲ့ နည်းလမ်းအဖြစ် သုံးလာကြတာ …  မိုးမြေနယ်ပယ်အဆင့်ထဲ မဝင်ရောက်ခင်အထိပေါ့ … ”

“ သဘောတရားက စိတ်ဝိညာဉ် ကိုယ်ထင်ပြမှုတစ်မျိုးဆိုတော့ သူတို့ခန္ဓာကိုယ် အားကောင်းသရွေ့ သေမျိုးတွေတောင် ကောင်းကောင်း လေ့ကျင့်နိုင်ကြတယ် ”

ထိုအရာကို ကြားကာ ဝမ်ဝေ့က ထိုသဘောတရား လေ့ကျင့်ရေးနည်းလမ်းကို သင်ယူဖို့ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ထိုနည်းလမ်းက သူ့အတွက် များစွာအကျိုးပြုမည် မဟုတ်သော်လည်း ဂိုဏ်းကို ထောက်ပံ့ကာ နောင်အခါကျ တခြားတပည့်များ အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် လွယ်လွယ်ကူကူ ရောက်လာစေဖို့ အာမခံချက်အနေနှင့် အသုံးပြုနိုင်သည်။

ဝမ်ဝေ့က ထိုအစီအစဉ် ချမှတ်ပြီးနောက် ပြုံးလိုက်မိသည်။ သူက ဒီကမ္ဘာကို ရောက်ခါစ ဖြစ်သော်လည်း အကျိုးကျေးဇူးတချို့ ရရှိလိုက်လေပြီ။

All Chapters