← Chapters

ရွေးချယ်ခံ တိုင်းပြည်

Vol. 7 Ch. 92

ရွေးချယ်ခံ တိုင်းပြည်

Vol. 7 Ch. 92

အခန်း(၉၂)  : ရွေးချယ်ခံ တိုင်းပြည်

မဟာရှုတိုင်းပြည်

အသစ်တည်ဆောက်ထားသည့် ဘုရားကျောင်းထဲ၌ တာအိုဝတ်ရုံနှင့် ဆယ်ကျော်သက် လူငယ်လေးက တင်ပျဉ်ခွေထိုင်နေသည်။ သူက ပေါ်ပေါ်ထင်ထင် ချောမောနေခြင်း မဟုတ်သော်လည်း သူ့အနားတွင် ငြိမ်းချမ်းသည့် လေထုမျိုး ရှိလေသည်။

သူက တစ်ကမ္ဘာလုံး ပျက်စီးသွားလျှင်ပင် မည်သည့်အရာမှ သူ့အား မပြောင်းလဲစေသကဲ့သို့ တိတ်တဆိတ်ဖြင့် ငြိမ်သက်နေသည့် ခံစားချက်မျိုး ပေးစွမ်းသည်။

“ဒီလူက တိုင်းပြည်တစ်ခုလုံးရဲ့ ကံကောင်းမှုကို တိုက်ရိုက်ကြည့်နိုင်တာပဲ။ ပြီးတော့ သူက ဘာလျို့ဝှက်နည်းလမ်းမှ သုံးထားတဲ့ပုံလည်း မပေါ်ဘူး ”

“ မင်းလိုမျိုး သူ့မျက်လုံးက မွေးရာပါ ပင်ကိုယ်စွမ်းရည်ပဲ ဖြစ်လိမ့်မယ်” နောက်ထပ် အသံခပ်ဩဩ ထွက်ပေါ်လာသည်။

“ဆရာ နိုးလာပြီပဲ ” ဆယ်ကျော်သက်လေးက ပြောလိုက်သည်။ ထို့နောက် ဆယ်ကျော်သက် လူငယ်လေးနား ကြည်လင်ဖောက်ထွင်းမြင်နိုင်သည့် တစ်ယောက် ပေါ်လာသည်။  ထိုလူက လောကဓံတရား ကြုံခဲ့ရသည့် အကြည့်မျိုး ပိုင်ဆိုင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။ သူ့အနားတွင် ရှေးကျကာ နက်နဲသည့်‌ လေထုမျိုး ရှိနေ၏။

“ဟုတ်တယ် … ငါ တစ်ခုခုကို ခံစားမိတာနဲ့ စစ်ဆေးကြည့်ရအောင် ထွက်လာခဲ့တာ”

“ဆရာ့ကို အဲဒီလူက နိုးထစေလိုက်တာလား။ သူက ဆရာရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်တယ်လား ”

“ ဒီကိုမလာခင် ဂိုဏ်းက ပေးထားတဲ့သတိပေးချက်ကို မေ့သွားပြီလား”

“ အဲဒီလူက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ သခင်လေးဝမ်ဝေ့ ဆိုတာလား … ”

ထိုအမျိုးသားက ခေါင်းညိတ်ကာ ဝမ်ဝေ့ရှိရာဘက် လှမ်းကြည့်လိုက်ပြီး တွေးလိုက်သည်။ ထိုစဉ် ဆယ်ကျော်သက်လေးက မျက်မှောင်ကြုတ်လိုက်၏။

“ဆရာ … အဲဒီဝမ်ဝေ့က တစ်ခုခုများ သတိပြုမိသွားလား မသိဘူး ”

“ ငါ့အကြောင်း စိုးရိမ်နေဖို့ မလိုဘူး။ မဟာဧကရာဇ်က မင်းရှေ့ရောက်လာရင်တောင် သူ့အနေနဲ့ ငါ့တည်ရှိမှုအကြောင်း သတိပြုမိဖို့ ခက်လိမ့်မယ်။ ဒီလောက်အကွာအဝေးတော့ ထည့်မပြောနဲ့တော့။ ဒါပေမဲ့ နောက်တစ်ချိန် အဲဒီကောင်လေးနဲ့ လူချင်းတွေ့ဖြစ်ရင် မင်း ပုံမှန်မဟုတ်တာ မလုပ်မိစေဖို့ သေချာဂရုစိုက်ပြီး သတိထားရမယ် ”

ဆယ်ကျော်သက်လေးက ခေါင်းညိတ်ကာ  “ ယုံကြည်မှုခေတ်ကာလရဲ့ ရှင်ကျန်သူလို့ မပြောရဘူး … တကယ်ကို ဆရာက ဆရာပါပဲ”

ထိုစဉ် လူလတ်အရွယ် အမျိုးသားက သူ့ဘာသာ စဉ်းစားနေသည်။

ဒီမျိုးဆက်မှာ သူနဲ့တူတဲ့ ပါရမီရှင်မျိုး ရှိလာပြီလား … မဖြစ်နိုင်တာ … အကြာကြီး စောင့်ခဲ့ရတဲ့ ငါ့အစီအစဉ်ကို ဘယ်သူမှ ဖျက်ဆီးတာ မခံနိုင်ဘူး

မိနစ်အနည်းငယ်ကြာ စဉ်းစားနေပြီးနောက် ကြည်လင်ဖောက်ထွင်းမြင်နေရသည့် အမျိုးသားက ပို၍ ဖြူဖျော့လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်.

ဆယ်ကျော်သက်လေးက စိုးရိမ်လာကာ မေးလိုက်သည်  “ဆရာ အဆင်ပြေရဲ့လား။ ဆရာရဲ့ကမ္ဘာဦးစိတ်ဝိညာဉ် ပျောက်ကွယ်နေပြီလား ”

“ မင်း ဘာမှစိုးရိမ်စရာမလိုဘူး။ ဒီကမ္ဘာက ငါ့အတွက် မင်း ခန္ဓာကိုယ်အပြင်ဘက် အကြာကြီးနေဖို့ နိမ့်ကျလွန်းနေတယ်။ ငါ အနားယူပြီးရင် အဆင်ပြေသွားမှာပါ”

ဆယ်ကျော်သက်လေးက လက်ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဆုံးဖြတ်လိုက်သည်။ သူ့ဆရာ၏ လမ်းညွှန်မှုမရှိလျှင် သူက ဂိုဏ်းအတွင်း သာမန်တပည့်များထဲမှ တစ်ယောက်သာ ဖြစ်နေလိမ့်မည်။ တာအိုသားတော် ရာထူးကို ရရှိဖို့ ဆိုထားဖွယ်မရှိပေ။

“ ဆရာ ကျွန်တော် သဘာဝလွန်နယ်ပယ်အဆင့်ထဲ ရောက်ဖို့ သိပ်မကြာတော့ပါဘူး။ အဲဒီအခါကျ ကျွန်တော် နိဝမ်ဆုံမှတ်ထဲနားပြီးတော့ ကျွန်တော်ဝိညာဉ်ကို အသုံးပြုပြီး ဆရာ့ ပြန်လည်ကောင်းမွန်လာမဲ့ နည်းလမ်းရှာမတွေ့ခင်အထိ ထိန်းထားနိုင်ပါပြီ ”

အမျိုးသားက သူ့တပည့်အား ကြည့်လိုက်ကာ  “ ငါ့တပည့် မင်းဆီမှာ ဒီလိုရည်ရွယ်ချက်မျိုး ရှိတာ ကောင်းတယ်။ ဒါပေမဲ့ အလျှင်လိုဖို့ မလိုဘူး။ မင်းအနာဂတ်အတွက် အချိန်ယူပြီး အုတ်မြစ်ကို ခိုင်မာသာလုပ်တာ ပိုကောင်းတယ်။ ငါ နောက်ထပ် ကြာကြာစောင့်နိုင်ပါသေးတယ် ”

ထိုသို့ပြောပြီးနောက် ကမ္ဘာဦးစိတ်ဝိညာဉ်သာ ရှိသည့် လူလတ်အရွယ် အမျိုးသားက အလင်းတန်းအဖြစ် ပြောင်းကာ ဆယ်ကျောက်သက်လေး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ အကယ်၍ အနီးကပ်ကြည့်ပါက ထိုအမျိုးသားသည် ဆယ်ကျော်သက်လေး၏ ရင်ဘတ်ပေါ် စကြာပုံစံ အမှတ်အသားအဖြစ် ပြောင်းသွားသည်ကို တွေ့နိုင်ပေသည်။

ထိုစဉ် ဝမ်ဝေ့က သူ လေ့လာဖို့ လိုအပ်သည့် တိုင်းပြည်တစ်ခုချင်းစီ၏ ကံကောင်းမှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များအားလုံး စစ်ဆေးပြီးလေပြီ။ သူ့စစ်ဆေးမှုအရ မဟာရှုတိုင်းပြည်က သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။

မဟာရှုတိုင်းပြည်ထဲ ဝင်သည့်သူက ဘာသာရေးမှတဆင့် အကောင်းဆုံးနှင့် သက်ရောက်မှုအရှိဆုံး စွမ်းအားကို ရွေးချယ်ထားလေသည်။ ထိုနည်းလမ်းဖြင့် တိုင်းပြည်တစ်ခုလုံး သူ့လက်ထဲရောက်သွားပြီး ကံကောင်းမှုကို အလွယ်လေး စုစည်းနိုင်လိမ့်မည်။

အကယ်၍ ထိုလူသာ ပိုင်နက်ကို တိုင်းပြည်နယ်နမိတ်ကျော်လွန်ဖို့ ဆုံးဖြတ်လာခဲ့လျှင် …

ဝမ်ဝေ့က သူ လိုအပ်သမျှ သတင်းအချက်အလက်ကို အကျဉ်းချုပ်ပြီးနောက် ဆုံမှတ်မြို့မှ ထွက်ခွာကာ အရှေ့ပိုင်းကမ်းခြေဘက် ဦးတည်လိုက်သည်။ သူက သုံးလကြာသင့်သည့် ခရီးကို ၁၅ ရက်တည်းဖြင့် ရောက်လာသည်။

နတ်ဆိုးသားရဲများ ဆက်တိုက်သွားလာနိုင်ဖို့အတွက် ဝမ်ဝေ့က သားရဲကို သူ့မူလချီဖြင့် အာဟာရဖြည့်ပေးထားသည်။ ထို့ကြောင့် သားရဲပျံက အဆင့်တက်သွားခဲ့၏။

ထိုစဉ် ဝမ်ဝေ့က သန့်စင်သော သူ့မူလချီသည် အဆင့်နိမ့် သွေးမျိုးဆက်သားရဲများအား အားကောင်းလာနိုင်သည့် စွမ်းရည်မျိုးရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူက အသစ်ရှာတွေ့ထားသည့် စွမ်းရည်အကြောင်း စူးစမ်းနေဖို့ အချိန်မရှိသေးပေ။ ဒီစစ်ဆေးမှုအတွက် သူက ပြိုင်ဖက်များထက် အနည်းငယ် နောက်ကျနေသည်။

အရှေ့ပိုင်းကမ်းခြေဆီ ရောက်လာပြီးနောက် သူက အရှေ့ဘက်မိုးတိုင်းပြည်ဟု အမည်ရှိသည့် တိုင်းပြည်ဆီ ဦးတည်လိုက်သည်။ သူက သူ့အဖွဲ့နှင့် ချက်ချင်း ပြန်မဆုံသေးပေ။ သူက တိုင်းပြည်တစ်ခုလုံး အရင်လျှောက်ပတ်ကြည့်လိုက်သည်။

သူ သွားလာနေစဉ်အတွင်း သာမန်လူများ၏ ဘဝကို ပိုမိုအာရုံစိုက်ထားသည်။ သူ ထင်ထားသည့်အတိုင်း သာမန်သေမျိုးများ၏ ဘဝက လမ်းဘေးခွေးထက်ပင် အခြေအနေဆိုးရွားနေသည်။

ဝမ်ဝေ့က တိုင်းပြည်အတွင်းရှိ စီရင်စုတစ်ခုချင်းစီနှင့် မြို့တစ်ခုချင်းစီတွင် ဆင်းရဲသည့် ပတ်ဝန်းကျင်အများစုကို မြင်ခဲ့ရသည်။ ထိုလူများတွင် စားဖို့ အစားအစာပင် မရှိကြပေ။ လူအများစုက အိုဟောင်းစုတ်ပြဲနေသည့် အဝတ်များကို ဝတ်ဆင်ထားကြပြီး သူတောင်းစားများကိုလည်း နေရာအနှံ့ မြင်တွေ့နိုင်သည်။

မကြာခဏဆိုသလို လမ်းမပေါ်မှ လူများက ပျောက်ပျောက်သွားကြသည်။ အထူးသဖြင့် မိန်းမငယ်လေးများ ဖြစ်၏။ တိုင်းပြည်ထဲ လူသတ်မှုနှင့် ဖောက်ထွင်းမှုတို့က မကြာခဏ ဖြစ်လေ့ရှိသည်။

ဒီတိုင်းပြည်၏ တော်ဝင်မျိုးရိုးအတွက်မူ ဇိမ်ခံစရာအပြည့် ဘဝနေထိုင်မှုပုံစံကို ခံစားနေကြသည်။

ဒီတိုင်းပြည်၏ ကံကောင်းမှုကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဝမ်ဝေ့က အားကောင်းပုံပေါ်သည့် အဝါရောင် ရေနဂါးကို မြင်လိုက်ရသည်။ သူက ထိုအရာနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။

ထိုတိုင်းပြည်က အလယ်ပိုင်းတိုင်းပြည်သုံးခုလောက် အားမကောင်းပေ။ ထို့ကြောင့် ကံကောင်းမှုက နဂါးအစစ် မဟုတ်ပေ။ သို့သော်လည်း သူက တိုင်းသူပြည်သားများ၏ လက်ရှိအခြေအနေအရ ဒီတိုင်းပြည်၏ ကံကောင်းမှုသည် မည်မျှအားကောင်းကြောင်း မြင်တွေ့ရသည်ကို အတော်လေး အံ့ဩမိ၏။

ဝမ်ဝေ့က သေချာတွေးကြည့်ပြီးနောက် တိုင်းပြည်၏ နယ်မြေပေါများမှုကြောင့် ဖြစ်လိမ့်မည်မှန်း မှန်းဆမိလိုက်သည်။ နောက်ထပ် စုံစမ်းပြီးနောက် ဝမ်ဝေ့က ချီနဂါး၏ အသက်ရှုနှုန်းသည် မတည်မငြိမ် ဖြစ်နေပြီး ရံဖန်ရံခါး သွေးချောင်းဆိုးတတ်သည်ကို သတိပြုမိသွားသည်။

သူက ထိုအရာသည် အရှေ့ဘက်မိုးတိုင်းပြည်၏ ပြင်ပအင်အား ရှိနေသော်လည်း အတွင်းရေးပဋိပက္ခများ အပြင်းအထန် ခံစားနေရကြောင်း ညွှန်ပြနေသည်။ သေချာမပြင်ဆင်လျှင် တိုင်းပြည်အနေနှင့် ပြိုကွဲပြီး ပျက်စီးသွားဖို့ အချိန်ပိုင်းမျှသာ ကြာမြင့်လိမ့်မည်။

တိုင်းပြည်အတွင်းရှိ နေရာအများစုဆီ တစ်လအတွင်း သွားလာပြီးနောက် ဝမ်ဝေ့က သူ့အဖွဲ့နှင့် ပြန်ဆုံလိုက်ပြီး နောက်ထပ် အစည်းအဝေး လုပ်လိုက်ကြသည်။

“ သခင်မလေးစုအိုက်ရော ဘယ်မှာလဲ ” ဝမ်ဝေ့က သူတို့လျို့ဝှက်ခန်းထဲ ဝင်လာသည့်အခါ မေးလိုက်သည်။

ဝမ်ကျူက ပြန်တုံ့ပြန်လိုက်၏  “ စိတ်ဝိညာဉ်ချိုးဖျက်ခြင်း ဆေးလုံးကို ရပြီးတော့ သူမက သီးသန့်လေ့ကျင့်နေပါတယ် ”

အရှေ့ဘက်မိုးတိုင်းပြည်အကြောင်း အသေးစိတ်အချက်အလက်များ ပါဝင်သည့် စာရွက်ကို ဖတ်ရှုပြီးနောက် ဝမ်ဝေ့က ယန်းလီလင်းကို ကြည့်လိုက်ကာ  “ မင်းက ဆေးလုံးဖော်စပ်တဲ့နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ခဲ့တာပဲ ”

သူမက ပြုံးရုံသာ ပြုံးနေသည်။

ဝမ်ဝေ့က တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် သတင်းအချက်အလက်အားလုံးကို သုံးသပ်ဖို့ မိနစ်အနည်းငယ်သာ အချိန်ယူခဲ့သည်။

“ အစ်ကိုကြီးဝမ်ဝေ့က တိုင်းပြည်ထူထောင်ဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံးနေရာကို ရွေးထားတာပဲ။ ဒီအရှေ့ဘက်မိုးတိုင်းပြည်က နယ်မြေပေါများပြီးတော့ လူဦးရေ ထူထပ်တယ်။ မိုးဆက်တိုက်ရွာတော့ စိုက်ပျိုးမြေလည်း ကောင်းမွန်တယ်။ ပြီးတော့ ပင်လယ်နဲ့လည်း နီးတော့ အစားအစာအတွက် ငါးမျှားလို့ ရသလို ကူးသန်းဆက်သွယ်ရေးအတွက်လည်း အဆင်ပြေတယ် …

ဒါပေမဲ့ တော်ဝင်မိသားစုနဲ့ အထက်တန်းအလွှာက စစ်တပ်ကို ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားတယ်။ ကျွန်တော်တို့တွေ သူတို့ကို အရင် သတ်ပစ်လိုက်ရမလား”

ဝမ်ဝေ့က ခေါင်းခါလိုက်ပြီး ဖြေလိုက်သည်။

“  ငါတို့ အဲလိုလုပ်လို့ မဖြစ်ဘူး။ ငါတို့အင်အားနဲ့ တော်ဝင်မိသားစုနဲ့ အထက်တန်းအလွှာကို သတ်ဖို့ လွယ်ပေမဲ့ နောက်ထပ် ဘာလုပ်ကြမှာလဲ။ ဒီတိုင်းပြည်ရဲ့ သာမန်လူတွေက သူတို့လွတ်လပ်ခွင့်ကို အဆုံးရှုံးခံပြီး တိုင်းပြည်ကို အလုပ်အကျွေးပြုတာက ပုံမှန်ပဲဆိုပြီး ဦးနှောက်ဆေးခံထားရတာ မျိုးဆက်များစွာ ကြာနေပြီ။ သူတို့သာ အသက်ရှင်နေနိုင်သရွေ့ ဘာမဆို အဆင်ပြေနေမှာပဲ …

တကယ်လို့ ငါတို့ ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး ငါတို့တွေ တာဝန်ယူမယ်လို့သာ ပြောလိုက်ရင် ငါတို့ဆီ ကျန်ခဲ့မှာက အဓိကရုဏ်း ပြည့်နေတဲ့ တိုင်းပြည်ကြီးပဲ … အဲလိုတိုင်းပြည်မျိုးနဲ့ ဘယ်လိုလုပ် ကံကောင်းမှု စုဆောင်းနိုင်မှာလဲ”

“ အဲဆို အစ်ကိုကြီး အစီအစဉ်က ဘယ်လိုလဲ။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ”

“ ငါတို့ကိုယ်ပိုင်တိုင်းပြည်ကို ကောင်းကောင်းထူထောင်နိုင်ဖို့ နှစ်ခု လိုအပ်တယ်။ လူထုရဲ့ ထောက်ခံမှုနဲ့ တရားဝင်ဖြစ်ဖို့ပဲ ”

လီကျွင်းက ဝမ်ဝေ့အား ကြည့်ကာ မေးလိုက်သည်  “အစ်ကိုကြီး ပြောချင်တဲ့အထဲ လူထုထောက်ခံမှုဆိုတာကို နားလည်ပေမဲ့ တရားဝင်ဆိုတာ ဘာကိုပြောချင်တာလဲ ”

“တရားဝင်ဖြစ်ဖို့ဆိုတာက ဒီနယ်မြေက လူထုကို ပွင့်လင်းမြင်သာ အုပ်စိုးဖို့ သင့်တော်တဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိရမယ် …

ငါတို့တွေရဲ့ အားကောင်းတဲ့ ကျင့်ကြံဆင့်ကို အသုံးချပြီး တော်ဝင်မိသားစုနဲ့ အထက်တန်းအလွှာကြောင့် နာကျင်မှုတွေ ခံစားနေရတဲ့ လူတွေကို လွတ်မြောက်စေပြီး ကယ်တင်ပေးဖို့ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့လူတွေလို့ ပြောလို့ရတယ် ဒါမှမဟုတ်ရင် ငါတို့တွေဆီ လိုလိုလားလား လက်လွဲပေးချင်နေတဲ့ တခြားတစ်ယောက်ဆီကနေ တရားဝင်အာဏာကို လက်လွဲယူရမယ်။

အတိအကျပြောရရင် ငါတို့တွေ သင့်တော်တဲ့ အာဏာရဖို့ အာဏာနဲ့ အဆင့်အတန်း အလုံအလောက်ရှိထားတဲ့ မဟာမိတ် လိုအပ်တယ်။ အဲဒီမဟာမိတ်က သာမန်လူမျိုးတွေအပေါ် ကြင်နာတတ်တဲ့ စိတ်သဘောထားမျိုး ရှိရမယ်။  အဲဒီနည်းလမ်းက ပိုကောင်းတယ်။ မဟုတ်ရင် ငါတို့တွေ လူတွေစိတ်ထဲ အယူသီးမှုတွေ ထည့်သွင်းနေရလိမ့်မယ် … ”

“ဒါပေမဲ့ အစ်ကိုကြီး ကျွန်တော်တို့ အဲဒီလူကို ဘယ်နေရာမှာ သွားရှာကြမှာလဲ။ ဒီတိုင်းပြည်ထဲ လူအများစုက စိတ်ထဲအထိ ပုတ်သိုးနေကြတာ ”

“ရှိတာပေါ့ … ဒီအရှေ့ဘက်မိုးတိုင်းပြည်ရဲ့ ၁၃ ယောက်မြောက် မင်းသမီးပဲ။ သူမက ဒီအခန်းကဏ္ဍနဲ့ အသင့်တော်ဆုံးလူပဲ ”

All Chapters