← Chapters

အပေးအယူ

Vol. 7 Ch. 95

အပေးအယူ

Vol. 7 Ch. 95

အခန်း (၉၅)  : အပေးအယူ

ဝမ်ဝေ့က မင်းသမီး သုံ့လီဖန်းသည် တုန်လှုပ်အံ့အားသင့်နေရာမှ မြန်မြန် အသိဝင်လာပြီး အခြေအနေကို သုံးသပ်နိုင်သည်ကို မြင်၍ ပြုံးလိုက်မိသည်။ သူမအပေါ် အကောင်းမြင်မှုက ပိုတိုးလာသည်။

“ အဲလိုဆိုရင် မင်းကို ပထမဆုံး တွေ့တုန်းက မေးခွန်းကိုပဲ ပြန်မေးမယ်။ မင်းရဲ့ အပြုအမူက ဒီတိုင်းပြည်ကို ကယ်တင်နိုင်မယ် ထင်နေလား”

ထိုအရာကို ကြားပြီး သုံ့လီဖန်းက တိတ်ဆိတ်သွားလေသည်။

ထို့ကြောင့် ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ ဒီတိုင်းပြည်က အပြင်ကနေ ကြည့်ရင်သာ နယ်မြေကျယ်ပြောပြီး အားကောင်းတဲ့ စစ်တပ်ရှိထားတဲ့ပုံပေါ်နေတာ။ ဒါပေမဲ့ သေချာလေ့လာကြည့်တဲ့သူတိုင်း ဒီတိုင်းပြည်က အထဲကနေ လှိုက်စားပြီး မကြာခင် ပျက်စီးတော့မယ်ဆိုတာ သိကြမှာပဲ …

တော်ဝင်မိသားစုနဲ့ ဆွေကြီးမျိုးကြီးတွေက အရပ်သားတွေရဲ့ ဘဝကို အသိစိတ်မကပ်တဲ့ ဖုတ်ကောင်တွေလိုမျိုး ဖြည်းဖြည်းချင်း စားသုံးနေတာ။ သူတို့သာ ဒီလိုဖောဖောသီသီသုံးစွဲတဲ့ ဘဝမှာ ဆက်နေနိုင်သရွေ့ အရပ်သားတွေ နေ့တိုင်းခံစားရတာကို  ဘယ်သူက ဂရုစိုက်မှာလဲ။ မဟုတ်သေးဘူး သူတို့တွေ ပြောသလိုမျိုး သူတို့ကို နိမ့်ပါးသူတွေလို့ ခေါ်ရမလား”

နိမ့်ပါးသူလို့ ပြောတာကို ကြားပြီး မင်းသမီး သုံ့လီဖန်းက အံ့ကြိတ်လိုက်မိသည်။

ထိုစဉ် ဝမ်ဝေ့က ဆက်ပြောလေ၏။

“ တော်ဝင်မျိုးနွယ်နဲ့ ဆွေကြီးမျိုးကြီးတွေကြား လျို့ဝှက်တိုက်ခိုက်နေတာတွေ မပြောနဲ့ဦး။ ဒီလိုတိုက်ပွဲမျိုးမှာ အသက်ရောက်ခံရဆုံးက အရပ်သားတွေပဲ။ မင်းသမီးကရော အပတ်စဉ် လှူဒါန်းတာက လူဘယ်လောက်ကို ကယ်နိုင်မှာလဲ။ အယောက်တစ်သိန်းလောက်လား … ဒါပေမဲ့ ဒီတိုင်းပြည်ရဲ့ လူဦးရေ သန်းသုံးသောင်းခွဲလောက်နဲ့ ယှဉ်လိုက်ရင် ဒီသိန်းဂဏန်းအရေအတွက်က မပြောပလောက်ဘူး။

ပြီး‌တော့ မင်းရဲ့ အပြုအမူက ရောဂါလက္ခဏာကိုပဲ ကုသနေတာ … ပြဿနာအရင်းအမြစ်ကို မဟုတ်ဘူး”

ထိုအရာကို ကြားပြီး သုံ့လီဖန်းက တိတ်ဆိတ်သွားလေသည်။ သူမက အဖန်ရည်တစ်ငုံသောက်လိုက်ပြီးနောက် မေးလိုက်သည်  “သခင်လေးဝမ်ဝေ့ ပြောတာ မှန်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ပါတယ် ”

“အဲဒီအကြောင်းကို သိပါတယ်။ မင်းရဲ့ လုပ်ဆောင်ချက်ကို သေးသိမ်အောင် လုပ်နေတာ မဟုတ်ဘူး။ မင်းရဲ့ လက်ရှိအနေအထားနဲ့ ဒီလောက်လုပ်ပေးနိုင်တာကိုပဲ ချီးကျူးပါတယ် ”

“သခင်လေး ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက အလွှာမြင့်က လူတွေကို သတိထားနေသေးတယ်ဆိုတဲ့ အချက်က ပြောင်းလဲမှာ မဟုတ်ဘူး။ သခင်လေးတို့က ကမ္ဘာတစ်ခုလုံးကိုတောင် စစ်ဆေးမှုအနေနဲ့ အသုံးပြုချင်ကြတာဆိုတော့ သခင်လေးတို့က ကြင်နာတတ်တဲ့သူတွေ မဟုတ်ဘူး။

ပြီးတော့ သခင်လေးတို့ ရောက်လာကတည်းက ကမ္ဘာတစ်ခုလုံး ဂယက်ရိုက်နေပြီး စစ်ပွဲတွေလည်း ဖြစ်နေတာ။ အဲဆိုတော့ ကျွန်မ ထပ်မေးမယ်။ ကျွန်မက ဘာလို့ ကူညီပေးသင့်တာလဲ ”

ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်လိုက်ပြီး လည်ချောင်းရှင်းလိုက်ကာ ဒီလူတွေကို ဧည့်ခံဖို့ အနည်းငယ်ဈေးပေါသည့် လက်ဖက်ရွက်ကို ထုတ်သုံးခဲ့သင့်သည်ဟု တိတ်တဆိတ် တွေးမိနေသည်။ ယခင် လီကျွင်းနှင့် တွေ့ပြီးနောက်ပိုင်း သူ့လက်ဖက်ရွက်က ကုန်လုနီးပါး ဖြစ်နေလေပြီ။

ဝမ်ဝေ့က တစ်ငုံသောက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်  “ ကျင့်ကြံရေးလောကက ကြီးနိုင်ငယ်ညှင်း သဘောမျိုးရှိတယ်။ မင်းတို့အားလုံးလည်း ဒါကို ကောင်းကောင်းသိမှာပါ။ အမှန်တော့ မင်းတို့ကမ္ဘာက အတော်လေး အားနည်းနေတော့ အားကောင်းတဲ့ ကမ္ဘာတွေရဲ့ ကစားတာကို ခံရနိုင်တယ်။

ဒါပေမဲ့ ငါတို့က ဒီကမ္ဘာကို တပည့်တွေကို စစ်ဆေးဖို့အနေနဲ့ သုံးတာဆိုတော့ ကံကောင်းသွားတယ်။ အဆုံးမဲ့လေဟာနယ်ထဲမှာ တခြားဒီလိုကမ္ဘာမျိုးတွေက အားကောင်းတဲ့အလွှာက ရှာတွေ့သွားရင် လုံးဝ ပျက်စီးသွားကြတာပဲ။

ဒီကမ္ဘာရဲ့ စစ်ပွဲနဲ့ ဂယက်ထနေတာတွေက အရှင်းဆုံးပြောရရင် ငါတို့ရှာတွေ့ကတည်းက ဒီလိုဖြစ်နေတာ။ ငါတို့ရောက်လာတာက ဒီပဋိပက္ခတွေကို နည်းနည်းပိုပြင်းသွားစေရုံလောက်ပဲ”

ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလိုက်သည်  “ နယ်ခြားလူတွေကို ကူညီပေးသင့်တာက အဖြေက အရမ်းရိုးရှင်းတယ်။ အကျိုးကြောင့်ပဲ …

ငါ အရင်က ပြောခဲ့သလိုမျိုး ဒီကမ္ဘာကို ရောက်လာတဲ့ ရည်ရွယ်ချက်က တိုင်းပြည်ထူထောင်ပြီး ကံကောင်းမှု စုစည်းဖို့ပဲ။ အဲလိုလုပ်ဖို့အတွက် စစ်ဆေးမှုမှာ ပါဝင်ယှဉ်ပြိုင်သူအားလုံးက သူတို့တိုင်းပြည် ပေါကြွယ်ဝလာစေတာ သေချာဖို့ တာဝန်တွေ လုပ်ရတယ်။

အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။ အရပ်သားတွေပေါ့ … တိုင်းပြည်မှာ လူဦးရေများပြားပြီး လူတိုင်းက စားနိုင်ဝတ်နိုင်၊ ပညာတတ်လာပြီး နောက်မျိုးဆက်အတွက် ချမ်းသာကြွယ်ဝမှု စုဆောင်းလာနိုင်တယ်ဆိုရင် အဲလိုတိုင်းပြည်မျိုးရဲ့ ကံကောင်းမှုက စိတ်ကူးကြည့်လို့တောင် မရနိုင်လောက်အောင်ပဲ …”

ယူစစ်ယွီနှင့် သုံ့လီဖန်းတို့ နှစ်ယောက်လုံး ဝမ်ဝေ့ ဖော်ညွှန်းသည့် ကမ္ဘာကို စတင်စိတ်ကူးကြည့်နေကြသည်။ သူတို့က ဒီလိုကမ္ဘာမျိုးက မည်မျှလှပနေလိမ့်မလဲဟု တွေးမိလိုက်ကြ၏။ သို့သော်လည်း မင်းသမီး သုံ့လီဖန်းက အိပ်မက်မှ နိုးထလာကာ မေးလိုက်သည်။

“ သခင်လေးဝမ်ဝေ့ ပြောတာတော့ လှပပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ရော … ရှင်တို့က စစ်ဆေးမှုအတွက် လိုအပ်တဲ့ ကံကောင်းမှုကို လုယူသွားပြီးရင် လူတွေက ဘာဖြစ်သွားကြမှာလဲ။  ရှင်တို့ တည်ဆောက်ခဲ့တဲ့ တိုင်းပြည်ကရော … ”

“ မင်းသမီး အဲလိုဉာဏ်မရှိတဲ့ မေးခွန်းကို မမေးပါနဲ့။ တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ အုပ်ချုပ်သူက တိုင်းပြည်ကံကောင်းမှု အတင်းကျပ် စုပ်ယူတဲ့အခါ ဘာဖြစ်သွားမလဲ မင်းလည်း သိမှာပါ”

“သူတို့တွေ တိုင်းပြည် ကံကောင်းမှုရဲ့ တန်ပြန်သက်ရောက်မှု ခံရပြီး ကံကြမ္မာဝဋ်ကြွေးကို ခံစားရတယ် ”

ဝမ်ဝေ့က သူမ အဖြေကို ကြားပြီး ခေါင်းညိတ်လိုက်သည်။

“ အမှန်တော့ စစ်ဆေးမှု လာလုပ်တဲ့ ငါတို့အားလုံးက ကံကောင်းမှုအမြောက်အများရှိကြတဲ့ တိုင်းပြည်တွေ၊ ဂိုဏ်းတွေကနေ ရောက်လာကြတာ။ အဲလိုဆိုရင် ကိုယ့်အင်အားစုရဲ့ ကံကောင်းမှုကို စုပ်ယူတာ ပိုမလွယ်နေဘူးလား။

အဖြေကတော့ မဟုတ်ဘူး။ အကြောင်းအရင်းက အားကောင်းတဲ့ ကံကောင်းမှုကို စုပ်ယူတဲ့အခါ အကျိုးဆက်ကို သိထားပြီးသားပဲ။ အဲဒါကြောင့် ငါတို့က ကံကြမ္မာဝဋ်စည်းမျဉ်း အားနည်းတဲ့ ဒီလိုမျိုး ကမ္ဘာငယ်လေးဆီ ရောက်လာတာ။

ငါတို့သာ ဒီကမ္ဘာမှာ စည်ပင်ပေါကြွယ်ဝတဲ့ တိုင်းပြည်ကို ထူထောင်နိုင်သရွေ့ ကံကြမ္မာဝဋ် သက်ရောက်ခြင်းမခံရဘဲ ကံကောင်းမှုအနည်းငယ် စုပ်ယူနိုင်တယ်။ တိုင်းပြည်က ပေါကြွယ်ဝလေလေ ငါတို့အတွက် ကံကောင်းမှု ပိုရလေလေပဲ။ ငါတို့ထွက်သွားပြီးတဲ့နောက် ကံကြမ္မာဝဋ်ကြွေးကိုတော့ ဖြေရှင်းရမယ်။ ငါတို့က ဒီကမ္ဘာရဲ့ ကံကောင်းမှုနည်းနည်းကို ခိုးယူခဲ့ပေမဲ့ အားကောင်းတောင့်တင်းပြီး ကြွယ်ဝတဲ့ တိုင်းပြည်ကို ပြန်ပေးခဲ့မှာဆိုတော့ သက်ရောက်မှုနဲ့ အကြောင်းတရားက ကျေအေးသွားလိမ့်မယ်”

ထိုအရာကို ကြားပြီး ယူစစ်ယွီနှင့် သုံ့လီဖန်းတို့ နှစ်ယောက်လုံး အံ့ဩသွားကြသည်။ သူတို့က ရိုးရှင်းသည့် စစ်ဆေးမှုတစ်ခုသည် ကံကြမ္မာဝဋ် တာအိုလိုမျိုး နက်နဲသည့် အဓိပ္ပါယ်များ ပါဝင်နေလိမ့်မည်ဟု မထင်ထားကြပေ။

ယူစစ်ယွီက ယနေ့အတွင်း တတိယအကြိမ် သက်ပြင်းချလိုက်မိသည်။ သူမက အလွာမြင့်ရှိ လူငယ်မျိုးဆက်သည် တာအိုအပေါ် မည်မျှ နက်နက်နဲနဲ နားလည်နေကြောင်း မြင်ကာ သက်ပြင်းချလိုက်သည်။

သူတို့ကမ္ဘာက ကျင့်ကြံသူတွေနဲ့ ယှဉ်လိုက်ရင်တော့ …

သူမ လိုအပ်သည့် သတင်းအချက်အလက်များ ရရှိပြီးနောက် သုံ့လီဖန်းက တည့်တိုးမေးလိုက်သည်။

“ သခင်လေးဝမ်ဝေ့အတွက် ဘယ်လိုကူညီပေးရမှာလဲ”

“ အဲကြောင့် ဒီမှာ မင်းနဲ့ အပေးအယူ လာလုပ်တာ ”

“ ကောင်းပါပြီ။ ဘယ်လိုအပေးအယူမျိုးလဲ ”

“အချိန်ကျလာတဲ့အခါ မင်းသမီးက ငါ့ဧကရီ ဖြစ်လာပြီးတော့ ငါနဲ့အတူ တိုင်းပြည်ကို အုပ်ချုပ်ပေးရမယ်”

ထိုအရာကို ကြားကာ ယူစစ်ယွီနှင့် သုံ့လီဖန်းတို့က အံ့အားသင့်သွားကြသည်။ ထို့နောက် မင်းသမီးက ပြောလိုက်သည် “သခင်လေးဝမ်ဝေ့က ဒီတိုင်းပြည်ရဲ့ တခြားသခင်လေးတွေလိုမျိုး ကျွန်မအလှတရားကို တပ်မက်နေလိမ့်မယ်လို့ မထင်ထားမိဘူး ”

ဝမ်ဝေ့က သူမကို ကြည့်လိုက်ပြီး စက္ကန့်ပိုင်းလောက် အော်ရယ်မိလိုက်သည်။

“ ကျွန်မ တစ်ခုခု မှားပြောမိလို့လား။ ဒီစကားတွေက သခင်လေးအနေနဲ့ ကျွန်မကို အသုံးချပြီး လူတွေရဲ့ စိတ်နှလုံးကို လိုချင်လို့ မဟုတ်ဘူးလား ”

ဝမ်ဝေ့က အားပါးတရ ရယ်မောပြီးနောက် အဖန်ရည် တစ်ငုံ သောက်လိုက်သည်။

“ ငါ့ကို အဲလိုဆန်ကုန်မြေလေးတွေနဲ့ နှိုင်းလိုက်တာက ငါ့ဘဝမှာ ရဖူးတဲ့ အကြီးမားဆုံး စော်ကားမှုမျိုးပဲ … ငါက မင်းအလှကို တပ်မက်နေတယ်ဆိုတာကို… ထားလိုက်ပါတော့။ ငါ့ဘဝမှာ ငါနဲ့အတူ စမ်းသပ်ချက်တွေ၊ စစ်ဆေးမှုတွေ အတူဖြတ်ကျော်ပေးနိုင်မဲ့ တာအိုလက်တွဲဖော် တစ်ယောက်တည်းပဲ ထားမှာ။ မင်းသမီးက လက်တွဲဖော်ဖြစ်ဖို့ ငါ့လိုအပ်ချက်နဲ့ နည်းနည်းလေးမှ မနီးစပ်ဘူး  ”

ထို့နောက် ဝမ်ဝေ့က ခဏတာ ရပ်လိုက်ပြီးနောက် အဖန်ရည်ကို ပြန်အပူပေးနေစဉ် မင်းသမီးက အမူအရာ ပျက်ယွင်းနေသည်။ အဖန်ရည်ကို နွေးပြီးနောက် ဝမ်ဝေ့က မင်းသမီးအား စိုက်ကြည့်လိုက်ကာ  “ မင်းသမီးက တစ်ခုခု အထင်မှားနေပုံပဲ။ ဒီတိုင်းပြည်ကို သိမ်းဖို့ မင်းအကူအညီကို မလိုဘူး။ ဘယ်လိုဖြစ်ဖြစ် ဒီတိုင်းပြည်က ငါ့လက်ထဲ တစ်နည်းနည်းနဲ့ ရောက်လာမှာပဲ။ မင်းရဲ့ အကူအညီကို တောင်းတဲ့အကြောင်းအရင်းက မလိုလားအပ်တဲ့ ကိစ္စတွေကို လျော့ချနိုင်ပြီး လုပ်ငန်းစဉ်ကို မြန်လာအောင်လို့ပဲ …”

သုံ့လီဖန်းက ထိုအမျိုးသား ပြောသည်က မှန်ကြောင်း အတွေးပေါက်သွားသည်။ သခင်လေး၏ အင်အားတစ်ခုတည်းဖြင့် တိုင်းပြည်ကို အလွယ်လေး အုပ်စိုးနိုင်လေသည်။ သူ့တွင် ကူညီမည့် အခြားလူများလည်း ပါလာသေးပုံပေါ်၏။

အကယ်၍ ဒီလိုသာဆိုလျှင် သူမ တားနိုင်မည့်အရာ မရှိပေ။ ထိုအရာကို တွေးမိကာ သူမနောက်ကျောမှ ချွေးအေးများ စီးကျလာသည်။

ယူစစ်ယွီက ရုတ်ချည်း ထပြောလိုက်သည်  “သခင်လေးက အပေးအယူ ကမ်းလှမ်းဖို့ ရောက်လာတယ်လို့ ပြောတော့ သခင်လေးကို ကူညီပေးရင် ဖန်းအာအတွက် တခြားအကျိုးကျေးဇူးတွေ ရှိနေသေးတာပေါ့ ”

“ဒါပေါ့ ” ဝမ်ဝေ့က ချင်းတက် အဟောင်းသည် အသစ်ထက် ပိုစပ်သည် ဟူသော အဓိပ္ပါယ်ကို တွေးမိသွားသည်။

“ကူညီပေးတဲ့ ဆုလာဘ်အနေနဲ့ သူမကို ဗဟုသုတ၊ ဆေးလုံးနဲ့ ငါ့ကမ္ဘာက အဆင့်မြင့် ကျင့်စဉ်ကို ပေးမယ်။ ပြီးတော့ တိုင်းပြည်ကို သေချာကိုင်တွယ်စီမံပေးနိုင်ရင် သူမ ဆန္ဒရှိရင် ငါ့ကမ္ဘာကို ခေါ်သွားပေးနိုင်တယ်။ သူမဆရာအနေနဲ့ ခင်ဗျားလည်း လိုက်လာလို့ ရတယ် ”

ထိုအရာကို ကြားပြီး ယူစစ်ယွီက ချက်ချင်း သဘောတူပစ်လိုက်ချင်မိသည်။ ဤသည်က ဘဝမှာ တစ်ခါသာ ရောက်လာမည့် အခွင့်အရေး ဖြစ်၏။ သို့သော်လည်း သူမအနေနှင့် ဤသည်မှာ သူမတပည့်အတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်ဖြစ်၍ ဘာမှဝင်မပြောတော့ပေ။

သူမတပည့်အား စိုက်ကြည့်လိုက်ပြီးနောက် ဝမ်ဝေ့အား ပြောလိုက်သည်  “သခင်လေး ကျွန်မတို့ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါ့လား”

ထိုအရာကို ကြားပြီး ဝမ်ဝေ့က ခေါင်းညိတ်ကာ ဖြေလိုက်သည်  “ကောင်းပြီလေ။ မင်းတို့ကို တစ်ပတ်အချိန်ပေးမယ်”

ထိုအရာကို ပြောပြီး သူက ထရပ်ကာ မင်းသမီးအား ကြည့်လိုက်သည်။

“တကယ်တော့ ငါတို့ကြားက လက်ထပ်ပွဲလို့ ခေါ်တဲ့ အရာကြီးကို စိုးရိမ်နေစရာ မလိုဘူး။ မင်း မလုပ်ချင်ရင် ဘာကိုမှ မလုပ်စေရဘူးလို့ တာအိုကျမ်းသစ္စာ ကျိန်ဆိုပေးနိုင်တယ်။ မင်းသာ တိုင်းပြည်ဧကရီတစ်ပါးအနေနဲ့ တာဝန်တွေ လုပ်ပေးနိုင်သရွေ့ အရာအားလုံး အဆင်ပြေတယ် ”

ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က အခန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ယခင် အခန်းပတ်လည် သူ ထားခဲ့သည့် သီးခြားအစီအရင်ကိုလည်း ပြန်ဖယ်ပေးဖို့ မေ့မသွားခဲ့ပေ။

ထိုစဉ် မင်းသမီး သုံ့လီဖန်းက အရှေ့ဘက် မိုးတိုင်းပြည်တစ်ခုလုံး … ပြောရလျှင် ကမ္ဘာတစ်ခုလုံး၏ ကံတရားကို ဆုံးဖြတ်ပေးနိုင်သည့် သူမဘဝ၏ အကြီးမားဆုံး ဆုံးဖြတ်ချက်ကို တွေးတောနေသည်။

All Chapters