← Chapters

အရာအားလုံး အဆင်ပြေသွားပြီ

Vol. 7 Ch. 96

အရာအားလုံး အဆင်ပြေသွားပြီ

Vol. 7 Ch. 96

အခန်း(၉၆)  :  အရာအားလုံး အဆင်ပြေသွားပြီ

တစ်ပတ်ကြာပြီးနောက် မင်းသမီး သုံ့လီဖန်းနှင့် ယူစစ်ယွီတို့က ဝမ်ဝေ့တို့ အဖွဲ့အား စားသောက်ဆိုင်ရှိ သီးသန့်အခန်းတွင် လာရောက်တွေ့ဆုံလေသည်။

မင်းသမီးက ထပ်ကာ အံ့ဩသွားမိပြန်သည်။ သူမက ထိုလူများ၏ ကျင့်ကြံဆင့်ကို မပြောနိုင်သော်လည်း သူမဆရာက ထိုလူငယ်များအား လေးလေးစားစား ဆက်ဆံနေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့သည်လည်း သခင်လေးဝမ်ဝေ့နှင့် ကျင့်ကြံဆင့်တူလိမ့်မည်မှန်း မှန်းဆမိလိုက်သည်။

အရင် သူမ၏ မယုံကြည်မှုများလည်း ဒီတွေ့ဆုံမှုအပြီးတွင် ပျောက်ကွယ်သွားလေပြီ။ အထူးသဖြင့် သူမက ဝမ်ကျူနှင့် ယန်းလီလင်းတို့ မည်မျှလှပကြောင်း မြင်သည့်အခါတွင် ဖြစ်၏။ သူမက သခင်လေးဝမ်ဝေ့သည် သူမ အလှတရားကို တပ်မက်နေသည် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်မှာ အလိမ်အညာ မဟုတ်ကြောင်း သိလိုက်သည်။

အားလုံးက စားရင်း အဖန်ရည် သောက်နေကြသည်။ သုံ့လီဖန်းက အဖန်ရည်တစ်ငုံ သောက်ပြီးနောက် သူမ အမူအရာ ပျက်ယွင်းသွားလေသည်။ သူမက လုံရွယ် အဖန်ရည်ကို အရသာခံပြီးကတည်းက တခြားသောက်သမျှ အဖန်ရည်တိုင်းက စိတ်ကုန်ဖွယ်အတိ ဖြစ်နေသည်။

“မင်းသမီး ဆုံးဖြတ်ချက်ချပြီးသွားပြီလား” ဝမ်ဝေ့က မေးလိုက်သည်။

သုံ့လီဖန်းက ခေါင်းညိတ်ကာ “ဟုတ်ကဲ့ သခင်လေး။ သေချာစဉ်းစားလိုက်ပြီးတော့ သခင်လေးနဲ့ အတူတူတွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”

“ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ” ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က လက်ဝေ့လိုက်သည့်အခါ ဝမ်ကျူက စားပွဲပေါ် စာအုပ်တစ်အုပ်၊ ဆေးပုလင်း နှစ်ပုလင်းနှင့် ပိုးသေတ္တာတစ်ခုကို လာတင်ပေးသည်။

ပိုးသေတ္တာကို ဖွင့်ကြည့်လိုက်သည့်အခါ သိုလှောင်လက်စွပ် နှစ်ကွင်း ရှိနေ၏။

ထို့နောက် သူက ပြောလိုက်သည်။

“ ဒီလက်စွပ်နှစ်ကွင်းက သိုလှောင်လက်စွပ်တွေပါ။ ဒီပစ္စည်းက ဒီကမ္ဘာမှာ အတော်လေးအဖိုးတန်တယ်ဆိုတာ သတိထားမိလို့ အလုပ်တွဲလုပ်ရမဲ့ သဘောထားကို ပြတဲ့အနေနဲ့ လက်ဆောင်ပေးတာ။ ဒီဆေးနှစ်ပုလင်းထဲမှာ တစ်ခုက သွေးအားဖြည့် ဆေးလုံးပါပြီးတော့ သွေးချီကို အနည်းဆုံး သုံးဆ ပေါများလာစေနိုင်တယ်။

ဒုတိယပုလင်းထဲမှာ ခိုင်မာအခြေတည်ဆေးလုံးလို့ ခေါ်တဲ့ အဖိုးတန်ဆေးလုံး ပါတယ်။ နာမည်အတိုင်း လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကို ပိုအားကောင်းလာစေလိမ့်မယ်။ ဒီဆေးလုံးက မင်းဆရာအတွက် သီးသန့်ပြင်ပေးထားတာ။ သူမ သောက်ပြီးရင် သူမရဲ့ သာမန်အခြေခံအုတ်မြစ်က ကျင့်ကြံဆင့် ဖျက်ဆီးပစ်စရာလည်း မလို၊း အစကနေ ပြန်စတင်စရာ မလိုဘဲ မြင့်မြတ်အုတ်မြစ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်”

ယူစစ်ယွီက ထိုအကြောင်းကို ကြားသည့်အခါ အံ့ဩသွားလေသည်။ အခြေခံအုတ်မြစ်အမျိုးမျိုး၏ လျို့ဝှက်ချက်ကို သိရှိပြီးနောက် သူမက သခင်လေးသည် သူမတပည့်အား အခြေခံကောင်းရှိအောင် လုပ်ပေးမည့် နည်းလမ်းရှိလိမ့်မည်ဟု မှန်းဆထားလေသည်။

သို့သော်လည်း သူမဘာသာ စိတ်ပူမိ၏။ သူမက အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်ထဲ ရောက်နေပြီ ဖြစ်၍ အခြေခံအုတ်မြစ်က အသားကျနေလေပြီ။ သူမတပည့်က သူမ၏ ကျင့်ကြံဆင့်ကို ဖျက်ဆီးကာ အစကနေ ပြန်စတင်ဖို့ ပြောသော်လည်း သူမက ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမက နှစ် ၂၅၀ ကျော် ကျင့်ကြံလာရသည်ဖြစ်ရာ အရာအားလုံးကို ပစ်ပယ်ပစ်လိုက်ဖို့ မလွယ်လှပေ။

ယခု သူမက ဆုံးဖြတ်ချက် ချစရာ မလိုအပ်တော့ပေ။ ဤဆေးလုံးဖြင့် သူမက အခြေခံအုတ်မြစ်ကောင်းကောင်း ရရှိပြီး ပိုမို မြင့်မားသည့် အဆင့်ဆီ တက်လှမ်းနိုင်လိမ့်မည်။

“သခင်လေး ဒီပစ္စည်းနှစ်မျိုးလုံးက အရမ်းအဖိုးတန်ပါတယ်။ အဲကြောင့် ကျေးဇူးတင်ချင်ပါတယ် … ကျွန်မက သိုလှောင်လက်စွပ်တစ်ကွင်း ကိုယ်ပိုင်လိုချင်ပေမဲ့ ခမည်းတော်ဆီမှာပဲ တစ်ကွင်းရှိတာ။ သူက ကျွန်မကို မပေးဘူးလေ … ဒါနဲ့ စာအုပ်ကရော ” မင်းသမီးက တောက်ပနေသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

“  ဒီစာအုပ်က မင်းကို အထွတ်အထိပ် အုတ်မြစ်ရှိအောင် လုပ်ပေးလိမ့်မယ် ”

“ တာအိုအုတ်မြစ်ကရော ”

“ နင်က ရည်မှန်းချက် ကြီးလွန်းနေပြီ ” ယန်းလီလင်းက ရုတ်ချည်း ဝင်ပြောလိုက်သည်  “ ဒီစာအုပ်က ငါတို့ကမ္ဘာမှာတောင် ဘယ်လောက်အဖိုးတန်လဲ သိလို့လား။ လူတွေက ဒါကိုရဖို့ ဘယ်လောက်တောင် သတ်ဖြတ်နေကြလဲ သိလား။ ဒီကျင့်စဉ်ရဲ့ သတင်းသာ ပေါက်ကြားသွားခဲ့ရင် ဒီကမ္ဘာငယ်လေးကို ဖျက်ဆီးပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်တဲ့ လူတွေအများကြီးရှိတယ်”

ယန်းလီလင်း၏ စကားများက မင်းသမီးအား လောဘစိတ်မှ ပြန်အသိဝင်လာစေသည်။ သူမက တောင်းပန်လိုက်ပြီးနောက် ကျင့်စဉ်ကို စတင်ဖတ်ကြည့်လိုက်သည်။ သို့သော်လည်း သူမ မျက်ဝန်းထဲ လိုအင်ဆန္ဒနှင့် ဆုံးဖြတ်ချက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေသည်.

ကျင့်စဉ်ကို အကြမ်းဖျင်း ဖတ်ရှုပြီးနောက် သူမက ဝမ်ဝေ့အား ကြည့်ကာ မေးလိုက်သည်  “ ဒီကျင့်စဉ်က မပြည့်စုံဘူးလား ”

“ ဒါပေါ့ … ငါနဲ့ မင်းက မဟာမိတ်ဖွဲ့ထားပေမဲ့ မင်းက ငါတို့အတွက် ဘာမှလုပ်မပေးရသေးဘူးလေ။ ငါက မင်းကို ဒီလိုအားကောင်းတဲ့ ကျင့်စဉ်မျိုး ဘယ်လိုလုပ် လက်လွဲပေးနိုင်မှာလဲ”

သုံ့လီဖန်းက ခေါင်းညိတ်လိုက်သော်လည်း သိပ်မပျော်ပေ။ သူမ၏ စိတ်အခြေအနေကို သတိထားမိကာ ဝမ်ဝေ့က ရှင်းပြလိုက်သည်  “ မင်း စိုးရိမ်နေဖို့ မလိုဘူး။ မင်းကို ပေးထားတဲ့ အလုပ်ပြီးသရွေ့ ကျန်တဲ့ ကျင့်စဉ်က မင်းဆီ ရောက်လာမှာပဲ … ပြီးတော့ မင်းရဲ့ အိပ်မက်သဏ္ဍာန် ဝိညာဉ်နဲ့ လိုက်ဖက်မဲ့ ကျင့်စဉ်မျိုးကို သေချာစီစဉ်ပေးထားတာ။

ဒီကျင့်စဉ်က ငါတို့ကမ္ဘာမှာ ထာဝရအိပ်မက်ဂိုဏ်းလို့‌ ခေါ်တဲ့ အားကြီးဂိုဏ်းတစ်ခုရဲ့ ကျင့်စဉ်ပဲ။ သူတို့က အိပ်မက်တာအိုကို ကျင့်ကြံတဲ့ မဟာဧကရာဇ်တစ်ယောက်မက လေ့ကျင့်ပေးဖူးတယ်။ ဒီကျင့်စဉ်က သူတို့ဆီမှာ အကောင်းဆုံး မဟုတ်ပေမဲ့ ထိပ်တန်း ၂၀ ထဲတော့ ပါတယ်”

ဝမ်ဝေ့က ထိုကျင့်စဉ်အကြောင်း သိလာသည့် အကြောင်းအရင်းမှာ ထာဝရအိပ်မက်ဂိုဏ်းသည် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်ဖြစ်၍ ဂိုဏ်းအချင်းချင်း ကျမ်းများကို အလဲအလှယ်အနေနှင့် ပေးထားဖူးကြသည်။

သူတို့က ဧကရာဇ်ကျမ်းများ မလဲလှယ်ကြသော်လည်း အထွတ်အထိပ်အဆင့် ကျင့်စဉ်များတော့ ပါဝင်လေသည်။ ဝမ်ဝေ့က သူတို့ထဲက တချို့အား စာကြည့်တိုက်ထဲမှာ ဖတ်ဖူး၍ မှတ်မိလေသည်။

“သခင်လေးအတွက် ကျွန်မ ဘာလုပ်ပေးရမလဲ” မင်းသမီးက စိတ်လှုပ်ရှားမှုနှင့် စိတ်ပျက်မှုတို့မှ ငြိမ်ကျပြီးနောက် မေးလိုက်သည်။

သူမစကားကို ကြားကာ ဝမ်ဝေ့က သိုလှောင်လက်စွပ်ထဲမှ အဆောင်စာရွက်တချို့ကို ထုတ်ကာ ခွဲပေးလိုက်သည်။

“ဒီအဆောင်ကို ဆက်သွယ်ရေးအဆောင်လို့ ခေါ်ပြီးတော့ အကွာအဝေးဘယ်လောက်ဖြစ်ဖြစ် ဆက်သွယ်ဖို့အတွက် အသုံးပြုနိုင်တယ်”

“အိုး ဒါက ဆဋ္ဌမခိုပျံလိုမျိုးပေါ့ ”

“ ဆဋ္ဌမခိုပျံလား ”

ဝမ်ဝေ့မျက်နှာအထက် စိတ်ရှုပ်ထွေးနေမှုကို မြင်ကာ မင်းသမီးက ဆဋ္ဌမခိုပျံ အကြောင်း ရှင်းပြလိုက်သည်။ ဆဋ္ဌမခိုပျံဆိုသည်မှာ ဒီကမ္ဘာအတွင်း ကျင့်ကြံသူများ ဆက်သွယ်ဖို့ အသုံးပြုကြသည့်အရာ ဖြစ်၏။

ရှင်းပြချက်အပြီးတွင် ဝမ်ဝေ့က ဆဋ္ဌမခိုပျံက ဒီကမ္ဘာရှိ နောက်ထပ်ဆက်သွယ်ရေးအဆောင်၏ အခေါ်အဝေါ်တစ်ခု ဖြစ်ကြောင်း နားလည်သွားလေ၏။ ထိုအရာက အသံအစား ရေးထားသည့် စာများကို ပို့ဆောင်ပေးလေသည်။

ထူးထူးဆန်းဆန်း နာမည်ရှိနေသည့် အကြောင်းအရင်းကိုတော့ မင်းသမီး ပြောစကားအရ သေမျိုးများက ခိုများဖြင့် စာပို့ဆောင်ကြသောကြောင့် ဒီအဆောင် ဖန်တီးသူက နာမည်တူ သုံးခဲ့ခြင်း ဖြစ်ပေသည်။

ဝမ်ဝေ့က ထိုအကြောင်းကို ကြားပြီး ဆွံ့အသွားမိသည်။ သူနှင့်သူ့အဖွဲ့က ဒီကမ္ဘာရှိ သတင်းအချက်အလက်များစွာ ရထားသော်လည်း သူတို့အတွက် ယဉ်ကျေးမှုနှင့် အသားကျဖို့ အချိန်ယူရပေဦးမည်။

ဝမ်ဝေ့က ထိုအတွေးများ ဖယ်ထုတ်ဖို့ အချိန်ခဏယူလိုက်ရသည်။ ထို့နောက် သူက တခြားအဆောင်လက်ဖွဲ့များအကြောင်း ရှင်းပြလိုက်၏။

“ဒီအဆောင်တွေကို မြို့တော်ရဲ့ နေရာအနှံ့မှာ ထားထားဖို့ လိုတယ်။ သူတို့က အဆောင် ဒါမှမဟုတ် အစီအရင်အဆက်အသွယ်မျိုးကို တားဆီးပေးထားနိုင်တယ်။ ပြောချင်တာက မြို့တော်ကို သီးသန့်ခွဲထုတ်ထားလိုက်တဲ့ပုံမျိုးပေါ့ …

ပြီးတော့ နေရာအနှံ့က ရောက်လာတဲ့ သတင်းပို့သမားတွေကို ကိုယ့်လူတွေနဲ့ တားရမယ်။ တကယ်လို့ ငါတို့အပြုအမူအကြောင်း သတင်းရောက်လာခဲ့ရင် တော်ဝင်မိသားစုနားထဲ မရောက်အောင် တားဆီးပေးရမယ်။ တကယ်လို့ သတင်းကို မတားနိုင်ခဲ့ရင် ငါတို့အပြုအမူတွေက ဒီတိုင်းပြည် တော်ဝင်မျိုးနွယ်အတွက် ခြိမ်းခြောက်မှု မဟုတ်လောက်တဲ့အဆင့်အထိ လျော့ချပြီး ပြောရမယ်”

ထိုအထိ ပြောပြီးနောက် ဝမ်ကျူက သုံ့လီဖန်းအား အဆောင်များ ထားဖို့ လိုအပ်သည့် နေရာများ မှတ်သားထားသည့် မြေပုံတစ်ခု ထုတ်ပေးလာသည်။ သိပ်မကြာခင် မင်းသမီးနှင့် သူမဆရာတို့က စားသောက်ဆိုင်ထဲမှ တိတ်တဆိတ် ထွက်သွားကြ၏။

သူတို့ထွက်သွားပြီးနောက် ယန်းလီလင်းက မေးလာသည်  “အစ်ကိုကြီးဝမ်ဝေ့ သူမကို ဒီလိုယုံပစ်လိုက်တာလား။ သူမ အကျိုးမြတ်အားလုံး ရပြီးတော့ သစ္စာဖောက်သွားရင် ဘယ်လိုလုပ်မလဲ ”

“ အဲဒီကိစ္စကို စိတ်ပူစရာမလိုဘူး ” ဝမ်ဝေ့က ပြောလိုက်သည်  “ဝမ်ကျူက သူမကို တစ်ချိန်လုံး စောင့်ကြည့်ပေးထားလိမ့်မယ်။ တကယ်လို့ သူမ သစ္စာဖောက်ရင် သတ်ပစ်လိုက်ရုံပေါ့။ သူမက ငါတို့အတွက် မရှိမဖြစ် လိုအပ်နေတာမှ မဟုတ်တာ ”

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူ့အတွက် မင်းသမီးသည် တိုင်းပြည်ရရှိဖို့ လုပ်ငန်းစဉ်ကို မြန်ဆန်သွားစေမည့် နည်းလမ်းတစ်ခု ဖြစ်ရုံမှအပ မပိုပေ။ အကယ်၍ သူမ ပူးပေါင်းလျှင် သူမကို ဆိုးဆိုးရွားရွား ဆက်ဆံမည် မဟုတ်ပေ။

သူမအတွက် အထွတ်အထိပ်ကျင့်စဉ်ကို ပေးခြင်းအားဖြင့် သိသာလေသည်။ သို့သော် သူမက သူ့ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်လိုက်ပါက သူမကို သတ်ပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ထို့နောက် အခက်ထန်ဆုံးနည်းလမ်းဖြင့် တိုင်းပြည်ကို သိမ်းပိုက်ပစ်လိုက်မည်။

“ အဲဆို အစ်ကိုကြီး ကျွန်တော်တို့ ဘယ်နေရာ အရင်ဆုံးတိုက်ခိုက်ကြမလဲ” လီကျွင်းက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

ဝမ်ဝေ့က ထိုကောင်လေးသည် တိုက်ပွဲရူး ဧကရာဇ်နှင့် ပိုပိုတူလာကြောင်း သိလိုက်၏။

“ နယ်စပ်က ငါတို့ ပထမဆုံး ပစ်မှတ်ပဲ။ ငါ အခြားလူတွေကြောင့် တိုင်းပြည်ပျက်စီးမှာ မလိုချင်ဘူး။ ငါတို့ ဖြည်းဖြည်းချင်း အင်အားစုဆောင်းရမယ်။ ငါတို့တွေ နယ်စပ်ဘက်က မြို့တွေ၊ နယ်မြေတွေ အရင်ထိန်းချုပ်ရမယ် ”

ထို့နောက် ဝမ်ဝေ့က ဝမ်ကျူအား ကြည့်ကာ မေးလိုက်သည်  “ တောင်းထားတဲ့ သတင်းအချက်အလက် အကုန်ရခဲ့လား ”

“အချိန်အကန့်အသတ်ရှိတော့ သက်သေအနည်းငယ်ပဲ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ နယ်စပ်ဘက် ရောက်တဲ့အခါ အားလုံးက အဆင့်သင့်ဖြစ်နေပါပြီ”

“ကောင်းတယ်။ ငါတို့တွေရဲ့ ယှဉ်ပြိုင်သူတွေက အချိန်စောနေတာဆိုတော့ ငါတို့တွေ မြန်မြန်လုပ်ရမယ် ”

ထို့နောက် ဝမ်ဝေ့နှင့် အခြားသုံးယောက်က လဝက်ကြာ ခရီးသွားလာပြီးနောက် နယ်စပ်ဆီ ရောက်ရှိလာသည်။

အဖွဲ့က သံမဏိတံတိုင်းမြို့ဟု ခေါ်သည့် နယ်စပ် မြို့ကို ရောက်လာကြသည်။ ဤသည်က သံမဏိလက်သီးတိုင်းပြည်၏ ကျူးကျော်မှုကို ကာကွယ်ရန်အတွက် တည်ဆောက်ထားခြင်း ဖြစ်၏။

သံမဏိလက်သီးတိုင်းပြည်သည် အရှေ့ပိုင်းနယ်မြေထဲ ရူးမိုက်မိုက် အုပ်ချုပ်သူရှိ၍ နာမည်ကျော်ကြားလေသည်။ အုပ်ချုပ်သူအနေနှင့် လူသားမျိုးနွယ် တည်ရှိမှုကို တက်ကြွလှုံ့ဆော်ပေးနိုင်သည့်အရာမှာ စစ်ပွဲမရှိလျှင် လူသားမရှိဟု ယုံကြည်ထားခြင်း ဖြစ်ပေသည်။ စစ်ပွဲမရှိလျှင် ယောက်ျားသားတို့က အသက်ရှင်သန်နေသည်ဟု မမှတ်ယူနိုင်ပေ။

ထို့ကြောင့် သံမဏိလက်သီးတိုင်းပြည်သည် အမြဲတမ်း အိမ်နီးချင်းတိုင်းပြည်များနှင့် တိုက်ခိုက်နေလေ့ရှိသည်။ ပို၍ဆိုးရွားသည်က ထိုတိုင်းပြည်မှ လူများသည်လည်း ဘုရင်ရူးအတိုင်း လိုက်ယုံကာ သဘောတူကြသည်။

ဝမ်ဝေ့၏ ပထမဆုံး အပြုအမူက သံမဏိတံတိုင်းမြို့ကို ထိန်းချုပ်ပြီး အရှေ့ဘက်မိုးတိုင်းပြည်ကို မလွှမ်းမိုးနိုင်ခင် အခြေခံအုတ်မြစ် တည်ဆောက်ရန် ဖြစ်သည်။

All Chapters