← Chapters

ပုန်ကန်မှု

Vol. 7 Ch. 98

ပုန်ကန်မှု

Vol. 7 Ch. 98

အခန်း(၉၈)  : ပုန်ကန်မှု

နောက်ရက်ပိုင်းလေးအတွင်း ဝမ်ဝေ့တို့အဖွဲ့က စစ်တပ်ပိုင်နက်ကို ပြန်လည်စုစည်းကာ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

ဝမ်ဝေ့က စစ်သူကြီးသုံ့ဝူသည် စစ်တပ် သို့မဟုတ် အာဏာနှင့် ပတ်သက်လာသည့်အခါ အလိုကြီးသူ ဖြစ်မှန်း မြန်မြန် သိရှိ၍ ကံကောင်းသွားလေသည်။

သံမဏိတံတိုင်းမြို့အတွင်း စစ်သူကြီးက တပ်စုဟု ယူဆ၍ရသည့် အဖွဲ့မှန်သမျှကို ထိန်းချုပ်ထားလေသည်။

နေ့စဉ် ကင်းလှည့်တပ်မှ မြို့တံတိုင်းပေါ်ရှိ အစောင့်အထိ၊ မြို့ထဲမှ သိုင်းပညာခန်းမမှ ဥပဒေမဲ့ လမ်းသရဲဂိုဏ်း အဖွဲ့အားလုံး ပါဝင်လေသည်။ သူက အရာအားလုံးကို ချုပ်ကိုင်ထား၏။ ကုန်သည်များ သူတို့ပစ္စည်းများ ကာကွယ်ဖို့ အသုံးပြုနေသည့် အစောင့်အကြပ်များလည်း စစ်သူကြီးသုံ့ဝူလက်ထဲမှ မကင်းပေ။

ထို့ကြောင့် သူက ဆွေကြီးမျိုးကြီးအားလုံးကို အင်အားမဲ့သလို ဖြစ်စေသည်။ သံမဏိတံတိုင်းမြို့ရှိ ဆွေကြီးမျိုးကြီးများတွင် ရှိသည့် တစ်ခုတည်းသော အင်အားစုမှာ သူတို့လျို့ဝှက်လေ့ကျင့်ပေးထားသည့် အစောင့်များ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ဆွေကြီးမျိုးကြီးများက စစ်သူကြီး သတိမမူမိစေရန် အရေအတွက်ကို ကန့်သတ်ထားရသေးသည်။

သို့သော်လည်း ညှိနှိုင်းချက်အနေနှင့် စစ်သူကြီးသုံ့ဝူက သူတို့ စစ်တပ်ထဲ ဝင်မပတ်သက်သရွေ့ ဒီမြို့၏ တိုင်းပြည်ရေးရာနှင့် စီးပွားရေးရာကိစ္စများအား ဆွေကြီးမျိုးကြီးများလက်ထဲသာ အပ်ထားလေသည်။

စစ်သူကြီးအိမ်တော်အတွင်း ဝမ်ဝေ့က မြို့အခြေအနေအကြောင်း တင်ပြထားသည့် အချက်အလက်များကို ဖတ်ရှုနေစဉ် လူသုံးယောက်က အခန်းထဲ ဝင်ရောက်လာသည်။  သူက ခေါင်းပင် မော့မကြည့်ဘဲ မေးလိုက်၏။

“ ဝမ်ကျူ … ငါ ပေးထားတဲ့ အလုပ်ပြီးသွားပြီလား ”

“ ဟုတ်ကဲ့ သခင်လေး။ စစ်သူကြီး သုံ့ဝူကို စိတ်ညို့ပြီးတော့ အမိန့်မှာတမ်း ထုတ်ခိုင်းပြီးပါပြီ။ စစ်သူကြီး(၁)က ခံတပ်ဆီ ထွက်သွားပါပြီ။ ဒါပေမဲ့ ဘယ်လောက်နှိပ်စက်နှိပ်စက် စစ်သူကြီးက အခုအထိ ပူးပေါင်းဖို့ ငြင်းဆိုနေပါသေးတယ် ”

“သူတင် မကဘဲနဲ့ တပ်ထဲက သူ့အပေါ် သစ္စာခံထားတဲ့ လူတော်တော်များများကလည်း ကျွန်တော်တို့ အမိန့်ကို နာခံဖို့ ငြင်းဆန်နေကြတယ်” လီကျွင်းက ထပ်ပြောလိုက်သည်။

ဝမ်ဝေ့က စက္ကန့်ပိုင်းလောက် တွေးပြီးနောက် အမိန့်မနာခံသည့် စစ်သားများအားလုံးကို သုတ်သင်ပစ်ဖို့ အမိန့်ပေးလိုက်သည်။ သို့သော် သုံ့ဝူကိုတော့ အသက်ရှင်လျက် ထားလိုက်သည်။ သူက တိုင်းပြည်၏ တော်ဝင်မျိုးနွယ်နှင့် မျိုးရိုးတူနေသောကြောင့် နောင်အခါ အသုံးဝင်လာနိုင်သည်။

ထို့နောက် ဝမ်ဝေ့က ယန်းလီလင်းကို ဘာတင်ပြစရာရှိလဲဟု မေးလိုက်သည့်အခါ သူမက ဖြေလာသည်  “အစ်ကိုကြီးဝမ်ဝေ့ ကျွန်မတို့ ပိုက်ဆံ၊ အစားအစာနဲ့ ဝိညာဉ်အသုံးအဆောင်တွေ ပြတ်လပ်သွားပြီ။ အရင်ခြောက်လအတွင်း လုပ်ခဲ့တဲ့ လှူဒါန်းမှုတွေက ကျွန်မတို့ ပစ္စည်း ကုန်သလောက် ဖြစ်သွားပြီ။ ပြီးတော့ အရပ်သားပိုင်နက်ထဲ လူတွေ ကျွေးမွေးတဲ့ အစားအစာထဲ အားဖြည့်ဆေးလုံးတွေ ချေမွထည့်ဖို့ ပြောထားတာဆိုတော့ ဝိညာဉ်ပစ္စည်းတော်တော်များများလည်း သုံးလိုက်ရတယ်။

ပြီးတော့ စစ်သူကြီးငါးယောက်ကိုလည်း စစ်သားတွေဆီ လာဘ်ထိုးဖို့ ဆေးလုံးတွေ ပေးထားရသေးတယ်ဆိုတော့ မြို့တော်ကနေ လာတုန်း လမ်းတစ်လျှောက်မှာ ရလာတဲ့ ရွှေ၊ ငွေနဲ့ အစားအစာအများစုက ကုန်သလောက် ဖြစ်နေပြီ”

“ အရပ်သားပိုင်နက်ထဲ ဝေပေးတဲ့ အစားအစာတွေထဲ ဘာလို့ အားဖြည့်ဆေးလုံး ထည့်ပေးတာလဲ ” လီကျွင်းက မေးလိုက်သည်။

“ အားကောင်းတဲ့ စစ်တပ်ကို တတ်နိုင်သမျှ မြန်မြန်‌ လေ့ကျင့်ပေးဖို့ လိုတယ်။ ဒီအရပ်သားပိုင်နက်ထဲက လူအများစုက ပိန်ပါးပြီးတော့ အာဟာရပြတ်လပ်နေကြတာ ကြာလှပြီ။ ဒါပေမဲ့ သူတို့ကို နောင်အခါ တပ်ဖွဲ့ထဲ ခေါ်သုံးရင် ပိုအဆင်ပြေလိမ့်မယ်။

အားဖြည့်ဆေးလုံးနဲ့ဆိုတော့ လပိုင်းလောက်နဲ့ အားကောင်းတဲ့လူတွေက ရုပ်ပိုင်းဆိုင်ရာ ခွန်အား ပြန်ပြည့်ဝလာကြပြီးတော့ လူငယ်တွေလည်း အခြေခိုင်နေကြပြီ။ အဲဒါကြောင့် ဒီမှာ တပ်ဖွဲ့ခေါ်တဲ့အခါ လူတွေကို အလွယ်လေး လက်ခံလိုက်ရုံတင်မကဘူး။ အားကောင်းပြီး အသုံးဝင်တဲ့ တပ်ဖွဲ့အဖြစ်လည်း  လေ့ကျင့်ပေးဖို့ ပိုမြန်လိမ့်မယ်”

အားလုံးက ဝမ်ဝေ့၏ အစီအစဉ်ကို သိပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ထို့ကြောင့် လီကျွင်းက ထပ်ပြောလိုက်သည်  “ဂိုဏ်းမှာတုန်းက ကျွန်တော် ကျင့်ကြံသူတပ်ဖွဲ့ကို လေ့ကျင့်ပေးဖူးပေမဲ့ သေမျိုးတပ်ကိုတော့ တစ်ခါမှ မလေ့ကျင့်ပေးဖူးဘူး။ ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံ ဖြစ်မှာပဲ။ ကျန်းမာနေတဲ့ ဒီလူတွေနဲ့ဆိုရင် စစ်တပ်ထဲ သိုင်းပညာနဲ့ လေ့ကျင့်ပေးဖို့ ပိုလွယ်သွားပြီ ”

ဝမ်ဝေ့က လီကျွင်းစကားကို သဘောတူလေသည်။ ဤကမ္ဘာ၏ သိုင်းပညာက စစ်တပ်ကို ကောင်းကောင်းလေ့ကျင့်ပေးဖို့ လွယ်ကူစေသည်။ အထူးသဖြင့် အရင်းအမြစ် ကြွယ်ဝနေသည့်အခါ ဖြစ်သည်။ ကျင့်ကြံရေးတပ်ကို လေ့ကျင့်ပေးခြင်းက အချိန်များစွာနှင့် အရင်းအမြစ်များစွာ လိုအပ်ပေသည်။

ထို့ကြောင့်  စစ်သူကြီး သုံ့ဝူလက်အောက်ရှိ သွေးဝံပုလွေတပ်ဖွဲ့သာ ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဝမ်ဝေ့က ခဏကြာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ ပိုက်ဆံနဲ့ ပစ္စည်းအကြောင်း ပူစရာမလိုဘူး။ နောက်အစီအစဉ်က ငါတို့ပြဿနာကို ဖြေရှင်းပေးလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ဝမ်ဝေ့က ဝမ်ကျူအား နောက်အစီအစဉ်ကို ဆက်လုပ်ခိုင်းလိုက်သည်။

ရက်ပိုင်းကြာမြင့်ပြီးနောက် စစ်သူကြီး(၂)နှင့် စစ်သူကြီး(၃)က လက်ရွေးစင် စစ်သားတစ်ဖွဲ့ကို ခေါ်ကာ ကုန်သည်ပိုင်နက်ဆီ ရောက်လာသည်။ သူတို့ရှေ့တွင် ကုန်သည်များစွာ စောင့်ဆိုင်းနေကြ၏။

ထို့နောက် စစ်သူကြီး(၃)က စစ်သူကြီး သုံ့ဝူ၏ အမိန့်မှာတမ်းကို ကျယ်ကျယ်လောင်လောင် အော်ဖတ်ပြလိုက်သည်။ သူ့စကားအဆုံးတွင် ကုန်သည်များအတွင်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေ၏။

“ ဘာ ငါတို့ရဲ ကုန်ပစ္စည်း ၉၀ ရာခိုင်နှုန်းကျော်ကို စစ်တပ်ဆီ ပေးရမှာတဲ့လား။ နောက်ဆုံးတစ်ခေါက် ပို့ထားတာတောင် တစ်နှစ်မရှိသေးဘူး။ မင်းတို့က ထပ်တောင်းနေတာလား”

“နောက်ဆုံးတစ်ခါကတောင် ၆၀ ရာခိုင်နှုန်းပဲ ပေးရတာကို အခုတစ်ခေါက် ဘာလို့ ၉၀ ရာခိုင်နှုန်း ဖြစ်နေရတာလဲ။ ပြီးတော့ မင်းတို့က ငါတို့ရွှေကို တောင်းနေသေးတာ။ ဒီမြို့ထဲ ဘယ်လိုအရောင်းအဝယ် လုပ်ကြရမှာလဲ ”

လူများစွာက စစ်သူကြီး(၂)နှင့် စစ်သူကြီး(၃)အား ရက်စက်သည်ဟု ပြောဆိုကာ စကားများနေကြသည်။ ကုန်သည်အားလုံးက မပျော်ကြပေ။

“အဲဆိုတော့ မင်းတို့က ကုန်ပစ္စည်းနဲ့ ရွှေကို မပေးချင်ကြဘူးပေါ့။ စစ်သူကြီးသုံ့ဝူရဲ့ အမိန့်ကို မနာခံတဲ့ အပြုအမူလို့ သတ်မှတ်လို့ရတယ်မလား” စစ်သူကြီး(၂)က သတ်ဖြတ်ငွေ့အပြည့်ဖြင့် ပြောလိုက်သည်။

ထို့နောက် သူ့နောက်ရှိ စစ်သားများကလည်း သတ်ဖြတ်ငွေ့များ ထုတ်လွှင့်လိုက်ကြသည်။ လက်ရွေးစင် စစ်သားများက သတ်ဖြတ်မှုများစွာ ကြုံတွေ့ဖူးသူ ဖြစ်ရာ သူတို့သတ်ဖြတ်ငွေ့က  ခပ်ဝဝသူဌေးကုန်သည်များ တောင့်ခံနိုင်သည့်အရာ မဟုတ်ချေ။

အများစုက ခေါင်းငုံ့ထားပြီး သူတို့ကုန်ပစ္စည်း၊ ရွှေနှင့် ဝိညာဉ်ပစ္စည်းများ ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း လူတချို့က ငြင်းဆန်နေကြဆဲ ဖြစ်၏။ သူတို့အတွက် ပိုက်ဆံက အသက်ထက် ပိုအရေးကြီးလေသည်။

စစ်သူကြီး(၂)က တုံ့ဆိုင်းခြင်းမရှိ ခုခံနေသည့် လူအားလုံးကို သတ်ကာ သူတို့ချမ်းသာကြွယ်ဝမှုအကုန် သိမ်းယူလိုက်သည်။ သူတို့ကုန်သည်အပေါင်းအပါများ အသတ်ခံနေရသည်ကို မြင်သည့်အခါ ကျန်လူများက နာခံလာကြပြီး ဘာမှမဝှက်ထားရဲကြတော့ပေ။

တချို့က သူတို့ဘာသာ ဉာဏ်ကောင်းသည်ဟု ထင်ကာ ချမ်းသာမှု ပမာဏအား ဖုံးကွယ်ထားဖို့ ဆုံးဖြတ်ထားကြသည်။ သို့သော် သိပ်မကြာခင် စစ်သူကြီး(၂)နှင့် (၃) စစ်ဆေးမှုအောက် အကုန်ပေါ်ထွက်လာသည်။ ထိုလူများလည်း မနာခံသူများနှင့် ကံကြမ္မာအတူတူသာ ဖြစ်သွားသည်။

ထိုအရာများက ဝမ်ဝေ့ အမိန့်အတိုင်း ဖြစ်ပေသည်။ သူက အရပ်သားများအပေါ် ဂုတ်သွေးစုပ်နေသည့် ကုန်သည်များအပေါ် စာနာစိတ် မရှိပေ။ အကယ်၍ သူ့အတွက် စည်ပင်ကြွယ်ဝသည့် တိုင်းပြည် ထူထောင်ရမည့် အချက်ကြောင့်သာ မဟုတ်လျှင် ၁၀ ရာခိုင်နှုန်း ချန်ပေးထားမည့်အစား သူတို့ချမ်းသာသမျှ အကုန်သိမ်းယူလိုက်မည် ဖြစ်၏။

သို့သော်လည်း ဒီမြို့ရှိ ဆွေကြီးမျိုးကြီးများအတွက်တော့ ဒီလိုအတူတူ မဖြစ်နိုင်ပေ။ ကုန်သည်များက နာတာရှည်ရောဂါဆိုလျှင် ဆွေကြီးမျိုးကြီးများက အန္တရာယ်ပေးနိုင်သည့် အကျိတ် ဖြစ်ပေသည်။ သူတို့အားလုံးကို ဖယ်ရှားပစ်ဖို့ လိုအပ်၏။

ဝမ်ဝေ့က ကြံစည်ထားသည့်အတိုင်း ဖြစ်အောင် လုပ်ခဲ့သည်။ သူ့အဖွဲ့၏ ထောက်ပံ့ရေးကို လုပ်ဆောင်ပြီးနောက် အဖွဲ့အားလုံးကို ဆွေကြီးမျိုးကြီး ပိုင်နက်ဆီ ပို့ကာ အားလုံးကို ဖမ်းဆီးခိုင်းခဲ့သည်။

ထို့နောက် အရပ်သားပိုင်နက်ရှိ လူအားလုံးရှေ့မှောက်တွင် ထိုဆွေကြီးမျိုးကြီးများ ကျူးလွန်ထားသည့် ပြစ်မှုအားလုံးကို ထုတ်ပြခဲ့သည်။ သူ့ကမ္ဘာမှ မှတ်တမ်းတင် သလင်းကျောက်ဖြင့် ဝမ်ကျူနှင့် သူ့သူလျိုအဖွဲ့က ယုတ်မာရက်စက်သည့် ပြစ်မှုအမျိုးမျိုးကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

မုဒိမ်းမှုမှအစ လူသတ်ခြင်း၊ ကလေးများကို ရောင်းစားခြင်းနှင့် အရပ်သားများအား ဆေးစွဲအောင် လုပ်ကာ မမြင့်တက်လာစေဖို့ ကာဆီးရင်း ဆေးဖြန့်ဖြူးခြင်း …

တချို့လူများက ကလေးနှင့် လူသား စားသည့် အကျင့်ဆိုးပင် ရှိနေကြသေးသည်။

ထိုပြစ်မှုအားလုံး လူထုဆီ ထုတ်ပြလိုက်သည်။ သက်သေများစွာနှင့်အတူ ဝမ်ဝေ့၏ ပညာရှိဝိဇ္ဇာဆိုသော ဂုဏ်ပုဒ်ကြောင့် လူများစွာက တော်ဝင်မျိုးနွယ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်ခံလိုက်ရသည်။

ထိုစိတ်လှုပ်ရှားစရာ အချိန်သမယကို အခွင့်ကောင်းယူကာ ဝမ်ဝေ့က စစ်တပ်ထဲ အားကောင်းပြီး ကျန်းမာသည့် အမျိုးသားများအား ရွေးချယ်ခဲ့သည်။ ထို့နောက် သူက စစ်တပ်ကို တစ်နှစ်ခွဲကြာ လေ့ကျင့်ပေးခဲ့သည်။

စစ်သူကြီး(၁)၏ ခံတပ်ကို ထိန်းချုပ်မှုနှင့် ဝမ်ဝေ့က သံမဏိလက်သီးတိုင်းပြည်နှင့် တိုက်ပွဲကို အသုံးချကာ သူ့စစ်တပ်အသစ်၏ တိုက်ခိုက်စွမ်းရည်ကို မြန်မြန် သွေးပေးခဲ့သည်။

တိုက်ပွဲများတစ်လျှောက်  တစ်နှစ်ခွဲအတွင်း စစ်သားသစ်များက လီကျွင်း၏ စောင့်ကြပ်ပေးမှုအောက်တွင် လက်ရွေးစင် ဖြစ်လာကြလေပြီ။

ထို့နောက် ဝမ်ဝေ့က တော်လှန်ရေးအကြောင်း တရားဝင်ကြေညာလိုက်သည်။

သုံးနှစ်အတွင်း သူက အရှေ့ဘက်မိုးတိုင်းပြည်၏ ပြည်နယ် ၇၁ ခုအနက် ၁၂ ကို သိမ်းယူနိုင်ခဲ့သည်။

ဝမ်ဝေ့က မင်းသမီး သုံ့လီဖန်းသည် တော်ဝင်မိသားစုအား သတင်းအမှောင်ချထားဖို့ များစွာအားထုတ်ခဲ့ရကြောင်း ဝန်ခံရပေမည်။ သူမက သူ့အတွက် အချိန်ငါးနှစ်ကျော် အချိန်ဆွဲပေးထားခဲ့သည်။

သို့သော် သိပ်မကြာခင် သတင်းက ပေါက်ကြားသွားကာ တော်ဝင်မိသားစုက အပြင်းအထန် တုံ့ပြန်လာခဲ့လေသည်။

တစ်ရက်ကျ ဝမ်ဝေ့က စစ်တပ်အတွင်း သတင်းများနှင့် စစ်ပွဲအကြောင်း အချက်အလက်များ ဖတ်ရှုနေစဉ် အားကောင်းသည့် အရှိန်အဝါတစ်ခု သူ့ဆီ ဦးတည်လာနေကြောင်း ခံစားလိုက်ရသည်။

သူက အခန်းအတွင်းမှ ထွက်လာကာ အရှိန်အဝါလာရာဘက် ကြည့်လိုက်သည်။ ထိုနေရာတွင် လူအိုကြီးတစ်ယောက် အလျှင်အမြန် ချည်းကပ်လာနေသည်ကို မြင်လိုက်ရသည်။ ထိုလူက အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း ပြောနိုင်လေ၏။

“ကောင်းပြီလေ … တုံ့ပြန်ချက်က အတော်လေး ပြင်းထန်သား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ထိုလူက တော်ဝင်မိသားစုမှ အားကောင်းသည့် အခြိမ်းအခြောက်အနေနှင့် အသုံးပြုသည့်သူ ဖြစ်လိမ့်မည်မှန်း မှန်းဆမိလိုက်သည်။

သူတို့က သူ့ကိုပင် နိုးထစေသည့် အချက်ကို ကြည့်ခြင်းအားဖြင့် တော်ဝင်မိသားစုက ဒီတော်လှန်ရေးကို မည်မျှအလေးအနက်ထားနေကြောင်း သိနိုင်လေသည်။ ထို့ကြောင့် သူတို့ဘက်က တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ပစ်ဖို့ လုပ်ဆောင်နေခြင်း ဖြစ်၏။

All Chapters