← Chapters

မိတ်ဆုံဧည့်ခံပွဲ

Vol. 154 Ch. 2195

မိတ်ဆုံဧည့်ခံပွဲ

Vol. 154 Ch. 2195

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ နေရာပြည့်လုနီးပါးပင် ဖြစ်သည်။ ထိုနေရာ၌ ကျင့်ကြံသူအပြည့် ရှိနေသည်။

အစွမ်းထက်သော ခေါင်းဆောင်ပုဂ္ဂိုလ်များစွာက တစ်ချိန်တည်းတွင် ကျောင်းတော်သို့ ရောက်လာကြပေသည်။

သောမျိုးနွယ်စု၏ ခေါင်းဆောင်၊ ရှောင်ကလန်၏ မဟာအကြီးအကဲ၊ ရှောင်တိန့်ထျန်းနှင့် ယွမ်ယန်ကလန်၏ ကလန်ခေါင်းဆောင်နှင့် ဝရိန်ခုနစ်ပါးကလန်ခေါင်းဆောင်တို့ အားလုံး ရောက်နေကြပေသည်။

ယခု ဘုံကိုးဘုံမှ ကျင့်ကြံသူတိုင်း ရီဖူရှင်း ပြန်လည်ရောက်ရှိလာမှုအပြင် သူ ပြန်ရောက်ရောက်ချင်း နေနတ်ဘုရားကျောင်းခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်အား ကြားခဲ့ကြပေသည်။ အဓိကအင်အားစုများပေါ်မှ ဖိအားတို့က ချက်ချင်းလျော့ကျသွားပြီး သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရီဖူရှင်းနှင့် တွေ့ဆုံရန် လာခဲ့ကြသည်။

ယခင်က ကောင်းကင်အာဏာစက်မဟာမိတ်ကျောင်းတော်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ခြင်းမှာ ရီဖူရှင်း၏ လွှမ်းမိုးမှုကြောင့် ဖြစ်သည်။ ထိုခေါင်းဆောင်ပုဂ္ဂိုလ်များက မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြခြင်းမှာ ရီဖူရှင်း၏ အကန့်အသတ်မဲ့သော အလားအလာကို မြင်တွေ့ခဲ့သောကြောင့် ဖြစ်ပေသည်။ ၎င်းသည် ဘုံကိုးဘုံအတွင်း အားအကောင်းဆုံး မဟာမိတ်ကို တည်ဆောက်နိုင်ခဲ့သလို ဆန့်ကျင်ဘက်တွင် ရပ်တည်သည့် ကြောက်မက်ဖွယ် ရန်သူမဟာမိတ်အဖွဲ့လည်း ဖြစ်တည်လာစေခဲ့သည်။

ဤနှစ်နှစ်ဆယ်အတွင်း ရီဖူရှင်း ပျောက်ကွယ်သွားသော်လည်း သူတို့က မဟာမိတ်များအဖြစ် တည်ရှိပေသည်။ အဆုံးမှာတော့ သူတို့၏ ရန်သူများက အလွန် အားကောင်းကြသည်။ သူတို့က အတူတကွ မပူးပေါင်းလျှင် အဆုံးသတ်ရလဒ်က ပျက်စီးခြင်း ဖြစ်နိုင်ပေသည်။ သူတို့၏ ခိုင်မြဲသော မဟာမိတ်ကြောင့်သာ ယနေ့ထိတိုင် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သူတို့​​က ဖိအားများစွာ ရင်ဆိုင်ရသော်လည်း အုတ်မြစ်ကို ထိခိုက်သွားစေရန် မလုံလောက်ခဲ့ပေ။

ယခု နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက် သူတို့စောင့်ဆိုင်းနေခဲ့သော သေချင်ယောင်ဆောင်ခဲ့သည့် ရီဖူရှင်းက နောက်ဆုံး၌ ပြန်ရောက်လာပြီ ဖြစ်သည်။

သူ၏ ပြန်ရောက်လာမှုက မဟာမိတ်အင်အားကို ပိုမိုတောင့်တင်းလာစေပေလိမ့်မည်။ ရီဖူရှင်း ပြသခဲ့သော ပါရမီနှင့် အလားအလာက အနာဂတ်အတွက် သူတို့၏ ယုံကြည်ချက်ကို ပိုတိုးလာစေ၏။

သူတို့က ရီဖူရှင်းနှင့် လက်တွဲထားနိုင်သရွေ့ မဟာလမ်းစဥ်ဘုံသုံးထောင်၌ အထွတ်အထိပ်တွင် ရပ်တည်နိုင်ပြီး မဟာလမ်းစဥ်ဘုံသုံးထောင်၏ ဘုရင်အသစ်ဟု ယူဆနိုင်သည့် လူတစ်ယောက်ကို ထောက်ပံ့ပေးသူများ ဖြစ်လာပေလိမ့်မည်။

စားသောက်ပွဲတွင် ရီဖူရှင်းက ခွက်ကို မြှောက်ကာ လူတိုင်းကို ပြောလိုက်၏။ “ဒီနှစ်တွေမှာ ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာတို့နဲ့ အကြီးအကဲတို့။ အဲဒီတုန်းက ကျုပ် ကောင်းကင်ဒေသကို ထွက်သွားခဲ့ရပြီး အရာအားလုံးကို ခင်ဗျားတို့ဆီ အပ်ထားခဲ့ရတယ်။ ကျုပ် ရှက်မိပါတယ်။”

သူက ပြောလိုက်ပြီး ခွက်ကို မော့သောက်လိုက်ကာ အခြားကျင့်ကြံသူများကလည်း ခွက်မြှောက်လိုက်ကြသည်။ ရှောင်တိန့်ထျန်းက ပြောလိုက်၏။ “ဘုံကိုးဘုံရဲ့ အပြောင်းအလဲက လောကကြီးကို သက်ရောက်စေလိမ့်မယ်။ ဒါက ပြောင်းလဲလို့မရဘူး။ အမှန်တော့ အရင်တုန်းက မဟာမိတ်ဖွဲ့ခဲ့တာကြောင့်သာလျှင် ကျုပ်တို့ အခုထိ အန္တရာယ်ကင်းကင်း နေနိုင်ခဲ့တာ။ အချို့အင်အားစုတွေက ဖျက်ဆီးခံလိုက်ရပြီ။ သူတို့တွေထဲမှာ လျှို့ဝှက်နယ်မြေဘုံက အင်အားစုတွေ အများကြီး ပါသွားခဲ့တယ်။”

အခြားခေါင်းညိတ်လိုက်သည်။ ရှောင်တိန့်ထျန်း ပြောသည်မှာ မှန်ကန်ပေသည်။ ဘုံကိုးဘုံ၏ အပြောင်းအလဲများက ရပ်တန့်၍ မရနိုင်သော လောကအလှည့်အပြောင်းများပင် ဖြစ်သည်။

လောကကြီးက ပြောင်းလဲချင်နေလျှင် မည်သူကမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့အားလုံး လုပ်နိုင်သမျှမှာ အပြောင်းအလဲများကြား လိုက်လျောညီထွေ ရှင်သန်နိုင်ရန် ဖြစ်ပြီး ဤအစွမ်းထက် မဟာမိတ်များက သူတို့ကို ခွန်အားဖြစ်စေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူတို့က သီးသန့်အင်အားစုတစ်ခုအဖြစ် ကျန်ရှိလျှင် ထိုအဓိက အပြောင်းအလဲနှင့် ပြဿနာများအား ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

“ပြီးတော့ ဒါက လူငယ်မျိုးဆက်တွေအတွက် အခွင့်အရေးလည်း ဖြစ်နိုင်တယ်။ သောကျောက်နဲ့ တခြားလူတွေ အားလုံးက သူတို့ရဲ့ လမ်းစဥ်ကို သက်သေပြပြီး ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ရရှိခဲ့တယ်။ ပြီးတော့ သူတို့က ကောင်းကင်ဒေသမှာ ကျင့်ကြံဖို့ မင်းသမီးဒွန်ဟောင်နောက်ကို လိုက်သွားခဲ့ကြတယ်။ ဒါတွေ အားလုံးကအခွင့်အရေးတွေချည်းပဲ။” သောမျိုးနွယ်စုခေါင်းဆောင်က အားပါးတရ ပြောလိုက်သည်။

“ဟုတ်တယ်။ အခု ကျုပ်တို့က သူတို့ ပြန်လာတာကို စောင့်နေတာ။” ရှောင်တိန့်ထျန်းကလည်း ပြောလိုက်သည်။ ယခင်က ရှောင်မုယွီသည် သူမ၏ လမ်းစဥ်ကို သက်သေပြခဲ့ပြီး ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ရရှိခဲ့ကာ ရှောင်ကလန်၏ နတ်မိမယ် ဖြစ်လာခဲ့သည်။ အရာအားလုံးက ရီဖူရှင်းကြောင့်ဟု မှတ်ယူနိုင်ပေသည်။ ယခင်နေ့ရက်များတွင် မူလဘုံ၌ ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူက ရှားပါးလှသည်။ သို့သော် ရီဖူရှင်းက ထိုသို့သော လူတစ်စုကို ဖန်တီးနိုင်စွမ်း ရှိပေသည်။

ထိုသည်မှာ ဆန်းကြယ်လှသည်ဟု ဆိုနိုင်ပေသည်။ သို့သော် သူက လုပ်ဆောင်နိုင်ခဲ့ပေသည်။ သူ၏ ပါရမီက ပြိုင်ဘက်ကင်းရုံမျှမက သူသည် အခြားလူများ၏ အောင်မြင်မှုကိုလည်း ကြီးစွာ အကူအညီပေးနိုင်ပေသည်။ ထို့ကြောင့်ပင် လူတိုင်းက ရီဖူရှင်းကို ယုံကြည်ပြီး သူ့နောက်သို့ လိုက်ရန် ဆန္ဒရှိကြခြင်း ဖြစ်သည်။

“မူလဘုံရဲ့ အပြောင်းအလဲတွေက ပြင်ပဘုံတွေရဲ့ အားအကောင်းဆုံး အင်အားစုတွေကြောင့် ဖြစ်လာတာ။ ရောက်လာတဲ့ ကျင့်ကြံသူတွေ အားလုံးကလည်း လွှမ်းမိုးနိုင်စွမ်း ရှိကြပြီး ထူးချွန်ထက်မြက်သူတွေ ဖြစ်တယ်။ သူတို့မှာ ဒီအခွင့်အရေး မရှိခဲ့ရင် သူတို့က ကောင်းကင်ဒေသရဲ့ အဲဒီမကောင်းဆိုးဝါးဆန်ဆန် ပါရမီရှင်တွေကို မျှော်ကြည့်နေရုံပဲ တတ်နိုင်လိမ့်မယ်။” ယွမ်ယန်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။

သူတို့က အမှန်တရားတစ်ခုကို ရှင်းလင်းပေသည်။ မူလဘုံက အမှန်တကယ် ကန့်သတ်နယ်မြေတစ်ခု ဖြစ်ပြီး ကောင်းကင်ဒေသနှင့် မယှဥ်နိုင်ပေ။ နောက်မျိုးဆက်များက ထိုအခွင့်အရေးများကို မရခဲ့လျှင် သူတို့နှင့် ကောင်းကင်ဒေသ၏ ပါရမီရှင်များကြား ကွာဟချက်က တိုင်းတာ၍မရအောင် ဖြစ်ပေလိမ့်မည်။

အမှန်တွင် ရီဖူရှင်းက သူတို့အား ထိုသို့ အခွင့်အရေး ရစေခဲ့ခြင်း ဖြစ်သည်။

“သောကျောက် အဲဒီ ကောင်စုတ်လေးက ကောင်းကင်ဒေသကို သွား​တာ နှစ်နှစ်ဆယ်တောင် ကြာသွားပြီ။ သူ ပြန်လာတဲ့အခါ သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့် ရောက်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ။” သောမျိုးနွယ်စု၏ ကလန်ခေါင်းဆောင်က ရယ်မောရင်း ပြောလိုက်သည်။ သူတို့အားလုံးသည် နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ကောင်းကင်ဒေသသို့ ထွက်သွားခဲ့သူများကို မျှော်နေကြခြင်း ဖြစ်သည်။

မူလဘုံ၏ အပြောင်းအလဲများက တော်ဝင်နန်းတော်မှ အမိန့်ထုတ်ပြန်ကာ နယ်မြေဆယ့်ရှစ်ခု၏ နယ်မြေသခင်အိမ်တော်များမှ ကျင့်ကြံသူများကို မူလဘုံသို့ ဝင်ရောက်ရန် ခွင့်ပြုခဲ့သည်။ ရှင်းလင်းစွာပင် တော်ဝင်နန်းတော်သည် ဤနေရာရှိ အခြေအနေများကို ဂရုစိုက်ပေသည်။ သို့ဆိုလျှင် မင်းသမီးဒွန်ဟောင်က သူတို့အား မကြာခင် ပြန်ခေါ်လာသင့်သည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ “ကျုပ် ထင်တာတော့ သိပ်မကြာတော့ပါဘူး။”

“အင်း” လူတိုင်းက ရီဖူရှင်း၏ ခန့်မှန်းချက်အား ခေါင်းညိတ်သဘောတူလိုက်ကြသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ကောင်းကင်ဒေသမှာ မင်းရဲ့ အတွေ့အကြုံတွေ ဘာလို့ ပြန်မပြောပြတာလဲ။ ကျုပ်တို့ အတော်လေး သိချင်မိတယ်။” တစ်စုံတစ်ယောက်က ရယ်မောရင်း မေးလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ဤနှစ်များတလျှောက် သူ ကောင်းကင်ဒေသ၌ တွေ့ကြုံခဲ့ရသည်များကို အကျဥ်းချုံ့ပြောပြလိုက်သည်။ သူ့အကြောင်းကို နားထောင်နေသူများက ဂရုဏာနှင့် သက်ပြင်းချလိုက်ကြသည်။

ရီဖူရှင်းက ကောင်းကင်ဒေသသို့ ရောက်ရောက်ချင်း ထိုမျှ ဝမ်းနည်းကြေကွဲဖွယ်အဖြစ်မျိုးနှင့် ရင်ဆိုင်တွေ့ရလိမ့်မည်ဟု မည်သူက သိပါမည်နည်း။ သူက အသတ်ခံရလုနီးပါးပင် ဖြစ်ခဲ့ရသည်။ ရှားရှင်းယွန်က သူနှင့်အတူ လိုက်သွားနိုင်ပြီး ရီဖူရှင်းအား ကယ်တင်နိုင်ခဲ့သည်မှာ ကောင်းသောအရာ ဖြစ်သည်။

ကောင်းကင်ဒေသ၌ ကြုံတွေ့ခဲ့ရသော ရီဖူရှင်း၏ အတွေ့အကြုံများနှင့် မူလဘုံမှ အပြောင်းအလဲများကို စကားစမြည်ပြောဆိုနေရခြင်းက သူတို့အတွက် ရှားပါးသော အခိုက်အတန့်ပင် ဖြစ်သည်။ နှစ်နှစ်ဆယ်ကြာပြီးနောက် ကိစ္စများစွာက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်းက စားသောက်နေကြရင်း ကောင်းကင်၌ ထူးဆန်းသော တစ်စုံတစ်ရာ ပေါ်ပေါက်လာပေသည်။ သူတို့သည် အကြည့်များကို လျင်မြန်စွာ ရွှေ့လိုက်ကြပြီး ထိုနေရာသို့ နတ်အာရုံများ ပို့လွှတ်လိုက်ကြသည်။ လူတိုင်းက အံ့သြမှင်တက်သွားပြီးနောက် အူလှိုက်သည်းလှိုက် ရယ်မောသံများ ထွက်ပေါ်လာပေသည်။

“ကလေးတွေ နောက်ဆုံးပြန်လာပြီပဲ။” သောမျိုးနွယ်စုခေါင်းဆောင်က နှစ်နှစ်ကာကာ ရယ်မောလိုက်သည်။

ရီဖူရှင်းသည်လည်း စိတ်လှုပ်ရှားစွာနှင့် ထရပ်လိုက်သည်။ သူက ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်၏။ ထို့နောက် တောက်ပသော အလင်းများက ထွက်ပေါ်လာပြီး ခရီးထွက်သွားသော လူတစ်စုက နောက်ဆုံး၌ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကောင်းကင်ထက် ထွက်ပေါ်လာပေသည်။

ထိုလူများကို ကြည့်ရင်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက အလွန် စိတ်လှုပ်ရှားနေကြသည်။ ယခင်နေ့ရက်များတွင် ရီဖူရှင်းနောက်သို့ လိုက်ကာ ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ရရှိခဲ့ပြီး နာမည်ကျော်ကြားအောင် လုပ်ဆောင်နိုင်ခဲ့သည့် သူများက ယခု ကောင်းကင်ဒေသမှ ပြန်ရောက်လာပြီ ဖြစ်သည်။ ထို့အပြင် သူတို့၏ အရှိန်အဝါများက အများကြီး ပို၍ ထူးခြားထက်မြက်လာပေသည်။ သူတို့က ယခင်ကထက် အများကြီး တိုးတက်လာပုံရလေသည်။

ယခု သူတို့သည် ပို၍ သန်မာအားကောင်းလာကြသည်။

အဆုံးမှာတော့ သူတို့က မင်းသမီးဒွန်ဟောင်နှင့် ထွက်ခွာသွားကြခြင်း ဖြစ်ပေသည်။

ကောင်းကင်၌ ရပ်နေသော လူစုက အောက်သို့ ငုံ့ကြည့်လိုက်လျှင် အလွန် ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်။ ဆံပင်အဖြူနှင့် လူငယ်ကို မြင်သည့်အခါ လူတိုင်းက ခေတ္တမျှ မှင်တက်သွားကြပေသည်။ ထို့နောက် သူတို့၏ မျက်နှာများထက်၌ တောက်ပသော အပြုံးတို့ ဖြစ်ပေါ်လာသည်။

“အဲဒီတော့ မင်းလည်း ပြန်ရောက်လာပြီပေါ့။” သောကျောက်က ရီဖူရှင်းကို အတော်လေး စိတ်လှုပ်ရှားနေဟန်နှင့် ကြည့်လိုက်သည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ် ပြန်လာပြီ။”

“မင်း ကောင်စုတ်လေး။ မင်းက ငါ့ကို လျစ်လျူရှုတာလား။” သောမျိုးနွယ်စုခေါင်းဆောင်က အော်လိုက်သည်။

“အမ်...” သောကျောက်က အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူက သောမျိုးနွယ်စုကလန်ခေါင်းဆောင်ကို ကြည့်လိုက်၏။ “အဘိုးကြီး အရမ်း မတွက်ကပ်နဲ့လေဗျာ။”

“မင်းရဲ့ အရိုးက နှစ်နှစ်ဆယ်ကြာပြီးတော့ ပိုမာလာတဲ့ပုံပဲ။” သောမျိုးနွယ်စုကလန်ခေါင်းဆောင်က ပြောလိုက်သည်။ ထို့နောက် သူက လက်ဆစ်များကို တဖျောက်ဖျောက် ချိုးလိုက်လေရာ သောကျောက်က အလန့်တကြားနောက်ဆုတ်သွားခဲ့လေသည်။ ၎င်းကို ကြည့်ရင်း လူတိုင်းက ရယ်လိုက်ကြ၏။

ထိုအချိန်တွင် ကောင်းကင်မှ ပုံရိပ်များက တဖြေးဖြေး ဆင်းလာခဲ့သည်။ ရီဖူရှင်း၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားပျော်ရွှင်မှုတို့က ရုတ်တရက် အရောင်ဖျော့သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။

“ဂျူနီယာညီလေး။”

“ဂျူနီယာညီလေး...”

ထို့နောက် ဓားသခင်နှင့် ဂူတုံးလျှိုတို့က တစ်ချိန်တည်းတွင် ရီဖူရှင်းရှေ့သို့ ရောက်ရှိလာသည်။ ရီဖူရှင်းက သူ၏ စီနီယာအစ်ကိုများကို ကြည့်ကာ ပျော်ရွှင်သွားလေသည်။ သူတို့အချင်းချင်း မတွေ့ရသည်မှာ နှစ်နှစ်ဆယ်ကျော် ကြာသွားပြီ ဖြစ်သည်။

“အစ်ကိုကြီး၊ တတိယအစ်ကို။” ရီဖူရှင်းက အော်လိုက်သည်။ ထို့နောက် သူက သူတို့နောက်ကို ကြည့်ကာ မေးလိုက်၏။ “ဂျီယူရော”

ဟွာဂျီယူက ထိုနေရာ၌ ရှိမနေပေ။

သူမက ထိုအဖွဲ့နှင့် ပြန်လာခဲ့ခြင်း မရှိချေ။

ဟွာဖန်းလူ၊ နန်ဒူဝမ်ရင်းနှင့် ဟွာနန်းယွီတို့ကလည်း လျှောက်လာကာ သူတို့ကို ကြည့်လိုက်သည်။ သူတို့က စိုးရိမ်ပူပန်နေသည်မှာ သိသာလှသည်။ ယခင်က ယူချင်းသည်လည်း မေ့ထန်နှင့်အတူ ထွက်ခွာသွားခဲ့ပြီး ဂျီယူက ယခု အဖွဲ့နှင့်အတူတူ ထွက်ခွာသွားခဲ့သည်။ သို့သော် ယခုတွင် သူတို့က ဂျီယူ ပြန်ရောက်လာသည်အား မမြင်ပါချေ။

“ဂျူနီယာညီလေး မင်း စိတ်ပူဖို့မလိုဘူး။ ဂျီယူက အဆင်ပြေပါတယ်။” ဂူတုံးလျှိုက ပြန်ဖြေလိုက်သည်။ “အရင်က မင်း ထွက်သွားပြီးတော့ ဂျီယူက အသွင်ပြောင်းနိုးထခြင်းနဲ့ တွေ့ကြုံခဲ့ရတယ်။ အဲဒီနောက်ပိုင်း သူမက တိတ်ဆိတ်သွားတယ်။ သူမမှာ ဘာဖြစ်နေတာလဲ ငါတို့ မသိခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့ ဒုတိယအစ်မက သူမနဲ့ စကားပြောကြည့်ခဲ့တယ်။ ဂျီယူက သူမရဲ့ မှတ်ဉာဏ်တွေက ပြန်ရနေခဲ့ပြီ။ ကျုပ်တို့ ကောင်းကင်ဒေသကို ရောက်တော့ ဂျီယူရဲ့ ကျင့်ကြံနှုန်းက အရမ်းမြန်ဆန်လွန်းတယ်။ မင်းသမီးဒွန်ဟောင် ပြောတာတော့ ဂျီယူ ကျင့်ကြံတဲ့ နည်းစနစ်က ရှေးခေတ်အချိန်ကတည်းက ပျောက်ဆုံးသွားတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုတဲ့။ သူမမှာ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ဧကရီနဲ့ ကျိုထျန်းနတ်မိမယ်အပါအဝင် ပုံရိပ်ယောင်ခန္ဓာ အများကြီး ရှိတယ်။ ကောင်းကင်ဒေသကို ရောက်ပြီးတော့ ကျင့်ကြံတာအပြင် ဂျီယူက တစ်ယောက်ပဲ လှုပ်ရှားတတ်ပြီး နောက်တော့ သူမက ကိုယ့်ဘာသာ ထွက်သွားခဲ့တယ်။ မင်းသမီးကလည်း သူမကို မတားခဲ့ဘူး။ ဒါပေမယ့် သူမရဲ့ ကြောက်စရာကောင်းလှတဲ့ တိုးတက်မှုအမြန်နှုန်းနဲ့ဆို မကြာခင်မှာ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ ဧကရီ အဆင့်ကို ရောက်ရှိလိမ့်မယ်။ ပြီးတော့လည်း သူမက ခန္ဓာကိုယ်လမ်းစဥ်ကို ပြန်လည်ဖွဲ့စည်းပြီးခဲ့ပြီ။ သူမက သေချာပေါက် ငါတို့ထက် အားကောင်းတယ်။” ဂူတုံးလျှိုက ရီဖူရှင်းကို ရှင်းပြလိုက်သည်။

ရီဖူရှင်းက ဂူတုံးလျှို စကားများကို ဂရုတစိုက် နားထောင်လိုက်၏။ သူသည် သူထွက်သွားပြီးနောက် ဂျီယူထံ၌ ထိုသို့သော အပြောင်းအလဲများ ဖြစ်သွားခဲ့လိမ့်မည်ဟု မည်သည့်အခါကမှ တွေးမထားခဲ့ဖူးပေ။ သို့သော် အရာအားလုံးက ကောင်းသည့်အရာများသာ ဖြစ်သည်။

သူထွက်သွားပြီးသောအခါ သူ စိတ်အပူပန်ဆုံးက ဂျီယူ့အကြောင်းပင် ဖြစ်သည်။ ထိုစဥ်က အရှင်ထိုက်ရွှမ်နှင့် အခြားလူများသည် ဂျီယူက ဂျီယူ မဟုတ်ကြောင်း သူ့ကို သတိပေးခဲ့ကြသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ဧကရီ၏ ကျင့်ကြံခြင်းက ထူးခြားပေသည်။ ဂျီယူက သူမ၏ လမ်းစဥ်ခန္ဓာကိုယ် ဖြစ်နိုင်ပေသည်။ ဂျီယူ၏ ကျင့်ကြံခြင်းသည် ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မကို ကူညီခြင်း ဖြစ်သည်။

သို့သော် သူက ဂျီယူကို ဂရုစိုက်နေဆဲ ဖြစ်သည်။ ဂျီယူက ယခင်ကကဲ့သို့ မဟုတ်တော့သော်လည်း သူမက သူ့ဇနီးဖြစ်နေဆဲပင်။

ယခု ဒုတိယအစ်ကိုက ဂျီယူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာသည်ဟု ပြောသောအခါ သူ ပျော်ရွှင်မိသည်။ သို့သော်လည်း ယခု သူမ မည်သည်တို့ လုပ်နေကြောင်း သူ မသိပါချေ။

မည်သို့ပင်ဖြစ်စေ ထိုသည်က စိတ်သက်သာရာရစေသည်။

သူက တွေးလိုက်ပြီးနောက် အခြားလူများကို ကြည့်ကာ ပြုံးပြလိုက်သည်။ ဝူချင်း၊ ရာရာ၊ ရှောင်မုယွီ... ရင်းနှီးနေသော မျက်နှာများ တစ်ယောက်ပြီး တစ်ယောက် ကြည့်လိုက်၏။ သူတို့အားလုံးက သူနှင့် အလွန် ရင်းနှီးသူများ ဖြစ်ပေသည်။

“မင်း ပြန်လာပြီပဲ။” သူက ဝူချင်း၏ လက်မောင်းအား ပုတ်လိုက်သည်။ ရီဝူချင်း၏ အရှိန်အဝါက ကြီးစွာ ပြောင်းလဲသွားပေသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ငါ ပြန်လာပြီ။”

သူ အဆင်ပြေသည်ကို မြင်သည့်အခါ ရီဖူရှင်းက ပျော်ရွှင်မိပေသည်။ ထိုစဥ်က သူတို့သုံးယောက်သည် သေးငယ်သော နေရာမှ ထွက်ခွာလာပြီး ယနေ့ ရောက်ရှိနေသော နေရာသို့ ရောက်ရန် မလွယ်ကူခဲ့ပေ။ ရီဖူရှင်းသည် ယခု ယူချင်း မည်သို့ရှိနေကြောင်း သိချင်မိပေသည်။

“ရာရာ…” ရီဖူရှင်းက အကျင့်အရ ရာရာ၏ ခေါင်းကို ပုတ်လိုက်သည်။ ရာရာသည်လည်း သူ့ကို ပြန်စိုက်ကြည့်နေခဲ့၏။ နှစ်နှစ်ဆယ်ကြာပြီးနောက်၌ပင် သူတို့၏ အကျင့်များက မပြောင်းလဲပေ။

တစ်ဖက်တွင် လီဟန်ဓားသမားက ထိုနှစ်ယောက်၏ အပြုအမူများကို ကြည့်ကာ မနေနိုင်ဘဲ ရယ်လိုက်တော့သည်။ ရီဖူရှင်းသည်သာလျှင် ဤကောင်းကင်ဓားအင်ပါယာကို အပြည့်အဝ နာခံစေနိုင်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သူမ၏ ဒေါသက ရယ်စရာမဟုတ်ဘဲ သူမ ခေါင်းကို ထိရဲသူ မည်သူမှ မရှိပေ။ ထိုသို့လုပ်သူများသည် သူတို့၏ မျက်နှာနှင့် သူမ ဓားက မိတ်ဆက် သွားရပေလိမ့်မည်။

“ဆရာ” ရှောင်မုယွီက ရီဖူရှင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူမ၏ ဆရာက သူမကို မလိမ်ခဲ့ပေ။ သူက  အမှန်တကယ် အဆင်ပြေနေပေသည်။

“အင်း”

“မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လိုလဲ။”

ယခု ရှောင်မုယွီက ယခင်ရှောင်မုယွီနှင့် ကွာခြားသွားပြီ ဖြစ်သည်။ သူမ၏ ရန်ဟောင်အရှိန်အဝါက အလွန် ထူးချွန်ပြောင်မြောက်လှသည်။

“ကျွန်မက အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါး ဖြစ်နေပြီ။” ရှောင်မုယွီက ပြုံးကာ ဖြေလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က သူမသည် အဆင့်လေးရန်ဟောင် တစ်ပါး ​ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက အဆင့်ငါးရောက်ရန် သိပ်မဝေးတော့ပေ။

“ပြီးတော့ ကျွန်မရဲ့ နတ်ဝင်ရိုးက ချို့ယွင်းချက်ကင်းနေတုန်းပဲ။” ရှောင်မုယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။

“မဆိုးဘူး။ မင်းက ဆရာ့ခြေရာနင်းနိုင်သားပဲ။” ရီဖူရှင်းက ရယ်မောကာ ပြောလိုက်သည်။ ချက်ချင်းပင် သူတို့အနီးမှ လူတိုင်းက ရယ်မောလိုက်ကြသည်။ ထိုဆရာတပည့်ကြားမှ ဆက်ဆံရေးက အတော်လေး ရယ်ရွှင်ဖွယ် ကောင်းလှသည်။ သို့သော် ရီဖူရှင်းအပေါ် ရှောင်မုယွီ၏ လေးစားမှုက သူမ နှလုံးသားထဲမှ လာခြင်း ဖြစ်သည်။

ရင်းနှီးနေသူများအား တစ်ယောက်ပြီးတစ်ယောက် ကြည့်ရင်း ရီဖူရှင်းက ပျော်မြူးနေသည်။ ယူချင်းနှင့် ဂျီယူသာရှိနေလျှင် မည်မျှ ပြီးပြည့်စုံသွားလိမ့်မည်နည်း။

***

All Chapters